ထိုမှစခဲ့သော အချစ်များစွာသည်
By Fiendyy
675K 70.6K 1K
Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More
INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210
211
29
6.4K 790 1
By Fiendyy
Unicode
အခန်း ၂၉ ) အရေးကြီးသော သဲလွန်စတစ်ခု 
“ မင်းသမီးပေါက်စ ”
အသံထွက်မိမှာ​စိုးလို့ တံခါးနားကပ်ကာ လုမန် ငြိမ်နေမိသည်။
ရှချင်းဝေ၏ ငြိမ်းချမ်းစွာ အိပ်စက်နေသော မျက်နှာလေးကိုမြင်လိုက်ရရင် နောက်ထပ် စိတ်ဒဏ်ရာတွေ မခံစားမိစေတော့ဖို့ ကျိန်ဆိုမိလိုက်ပါ၏။
အတော်လေးကြာအောင် ငြိမ်ကြည့်ပြီးမှ လုမန် အိမ်ပြန်ခဲ့သည်။
ဒီအိမ်ဟာ ရှချင်းဝေရဲ့ရှေးရှေးတုန်းကအိမ်..
သူမမေမေ လုချီယွမ်နှင့်ကွာရှင်းပြီးတဲ့နောက်မှာ ရှချင်းယန်က လုချီယွမ် ရှချင်းဝေကို ဥစ္စာပစ္စည်းတွေပေးပစ်မှာကို မလိုလားပေ။
လုချီယွမ်ကို သူမ တစ်ခုခုပြောခဲ့လိုက်သလား ဘယ်သူသိမလဲ
ထို့ကြောင့်ပဲ ကွာရှင်းပြတ်စဲခြင်းမှာ ရှချင်းဝေက ရှေးရှေးတုန်းက သူတို့နေထိုင်ခဲ့သည့် တိုက်ခန်းဟောင်းလေးကိုပဲ ရရှိခဲ့သည်။
သို့သော်လည်း သူမအား သတိရစေမည့် လုချီယွမ်နှင့်ပတ်သက်သော ဘယ်အရာကိုမှ ရှချင်းဝေက မမြင်ချင်ပေ။ 
သို့ဖြစ်ပါ၍ ထိုအိမ်ကိုရောင်းဖို့ဆုံးဖြတ်ခဲ့ကာ ထိုအချိန်က ရှချင်းဝေ နှလုံးရောဂါ ခံစားနေရသည့် အချိန်ဖြစ်ခဲ့သည်။ ထိုကနေမှ လက်ရှိနေထိုင်ရာ အိမ်သည် ပိုကျဥ်းသွားခဲ့၏။
ထိုအချိန်က အိမ်ခြံခြေစျေးနှုန်းတွေသည် ခုနှင့် မတူ။ ဟောင်းနွမ်းသော အဆောက်အအုံတွေမှာ အလွှာ ၆ လွှာ ပါရှိပြီး ဓာတ်လှေကား မပါရှိကာ ၆ လွှာသည် စျေးအပေါဆုံးဖြစ်ခဲ့၏။
ငွေပိုစုနိုင်ဖို့ ရှချင်းဝေက ၆လွှာမှာ တိုက်ခန်းတစ်ခန်းဝယ်ချင်ခဲ့သည်။
ဒါပေမယ့် သူမ၏ ကျန်းမာရေးကြောင့် လုမန်က မြေညီထပ်မှာ နေဖို့မရမကတောင်းဆိုခဲ့ကာ..
ကျန်ရှိနေခဲ့သော အရင်တိုက်ခန်းရောင်းရငွေကို ရှချင်းဝေ၏ နာမကျန်းစရိတ်အတွက် အားလုံးသုံးခဲ့ရ၏။
ခု ၈ နှစ်အကြာကို ပြန်ရောက်လာတော့ တံခါးကိုဖြတ်ကျော်ပြီးတာနှင့် လုမန် ငိုကြွေးခဲ့သည်။
အရင်တစ်ခေါက် သူမ ဒီကိုရောက်လာတုန်းက  မေမေဆုံးပြီ ဆိုသည့် သတင်းဆိုးနှင့်အတူ အိမ်သည် ဖုန်တက်ကာ လူသူကင်းမဲ့နေခဲ့သည်။
ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ မေမေ သက်ရှိထင်ရှားရှိနေသေးကာ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။
ရှချင်းဝေရှိနေသမျှကာလပတ်လုံး သူမမှာ ပိုင်ဆိုင်မှု ရှိသည် ဟူသော အသိစိိတ်လေးတစ်ခု အမြဲ ရှိနေခဲ့၏။
အရင်ဘဝကတော့ အိမ်သော့ကို သူမအိတ်ထဲမှာ အမြဲ ထားဖြစ်၏။ 
တစ်ဘဝ အကြာတွင်လည်း လုမန် အကျင့်ပါ၍ အိတ်ထဲမှာ သော့ရှာကြည့်လိုက်သည်။
သူမ ထင်တဲ့အတိုင်း အိမ်သော့ကို တွေ့သည်။
ထိုသော့ဖြင့် အိမ်တံခါးကို ဖွင့်ဝင်ခဲ့၏။
အိမ်သန့်ရှင်းရေးအရင်လုပ်လိုက်သည်။ ပြီးတော့ ကြက်ဥတစ်လုံးပြုတ်ကာ မျက်လုံး နဲ့ မျက်နှာမှာ ပွတ်အုပ်ရင်း ရောင်ရမ်းတာတွေကျစေလိုက်၏။
နောက်ဆုံး အိပ်ရာပေါ်မှာ လှဲချလိုက်ပြီးမှ လုမန် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်မိသည်။
စိတ်ချမ်းသာလိုက်တာ.. ဒီဘဝကျမှ သူမအိမ်မှာ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ခဲ့ပြီ..
အရင်ဘဝကတော့ စုံစမ်းမေးမြန်းခြင်းတွေ ဆက်တိုက် ကြုံခဲ့ရ၏။ ရှချင်းဝေ စိတ်ပူရမှာစိုးလို့ လုမိသားစုအိမ်မှာ သူမ အမြဲ နေထိုင်ခဲ့သည်။
ရှချင်းယန်နှင့် လုချီကလည်း သူမထွက်ပြေးမည်စိုး၍ မောင်းထုတ်ခြင်း မပြုခဲ့ကာ..
လုမန်က ရိုးသားဖြောင့်မတ်သောပုဂ္ဂိုလ်ဆိုတာ သူတို့မသိ။ မတရားသဖြင့်စွပ်စွဲခံရသည့်တိုင် ရဲတွေလာရှာချိန်မှာ သူမက ထွက်ပြေးဖို့မစဥ်းစားခဲ့ဘဲ သူမရဲ့ဖြူစင်မှုကို သူတို့သက်သေခံနိုင်မည်ဟု ယုံ၍ ရဲတပ်ဖွဲ့နှင့်ပူပေါင်းဆောင်ရွက်ဖို့အတွေးသာရှိခဲ့သည်။ 
ပြီးတော့ သူမ ထွက်ပြေးရင် မေမေ ဘာဖြစ်သွားမလဲ..?
ဒါပေမယ့်လည်း အမှုမှန်ပေါ်ထွက်ခြင်း မရှိခဲ့ကာ မွေးဖခင်ကိုယ်တိုင်က ရှချင်းယန်တို့သားအမိနှင့်လက်တွဲကာ သူမကို စွပ်စွဲချောက်ချခဲ့ကြသည်။
ဘဝမှာ မြတ်နိုးရသည့် ယောက်ျားနှစ်ယောက်သာရှိခဲ့သော်လည်း နှစ်ယောက်လုံးက သူမကို သစ္စာဖောက်ခဲ့ကြသည်။
လုမန် မျက်တောင်တွေ တဖျပ်ဖျပ် လှုပ်ခါကာ သူမမျက်လုံးမှိတ်ထားဖြစ်လိုက်သည်။ မျက်လုံးမှာ မျက်ရည်ရှိပေမယ့် ပိုးပိုးပေါက်ပေါက် ကျဆင်းခြင်းတော့ မရှိ။
သူမမျက်ရည်နဲ့ မထိုက်တန်တဲ့သူတွေအတွက် သူမက ငိုကြွေးပေးမည် မဟုတ်..
စိတ်ငြိမ်သွားပြီဆိုတာနှင့် ဖုန်းကိုထုတ်ပြီး အင်တာနက်ပေါ်တွင် ရှာကြည့်လိုက်သည်။ ထန်းကျိ ရေးသားသော သတင်းကို သူမ ဖတ်ချင်သည်။
တကယ် ထန်းကျိက သူမစကား နားထောင်ခဲ့သည်။ လုဟန်လိ ဒဏ်ရာပြင်းပြင်းရပြီး ဆေးရုံတက်လိုက်ရသည် ဆိုတာကိုသာ သူက ဖော်ပြထား၏။
အသက်ကိုကယ်လိုက်နိုင်ပေမယ့် လုဟန်လိက သတိလစ်နေဆဲဖြစ်သည်။
ကံကောင်းထောက်မလို့ အခြားသော သတင်းထောက် ကလည်း ကူညီပေးသွားသည်။ လုချီကို အမိလိုက်နိုင်ဖို့ မျှော်လင့်ရင်း မနေ့က ရဲစခန်းအပြင်မှာ စောင့်နေကြသူများသည် လုချီနှင့်မတွေ့လိုက်ရသဖြင့် ထန်းကျိဘက်မှ သူတို့မှာမရှိသော သတင်းတစ်ခုခုကို ပေါက်ကြားစေခဲ့မည် စိုးကာ လုချီ ရဲစခန်းတွင်ခေါ်စစ်ခံရသည် ဆိုသော သတင်းကို သူတို့က အသော့ထုတ်လွှင့်ခဲ့ကြကုန်၏။
ဒါကို အခွင့်ကောင်းယူပြီး ထန်းကျိက အရေးကြီးသော သဲလွန်စတစ်ခု ပေးခဲ့လိုက်၏။ “ မင်းသမီးပေါက်စ ”
ထိုသတင်းမှာ သူက ဓာတ်ပုံတစ်ပုံပေါင်းထည့်ခဲ့ကာ အင်တာနက်အသုံးပြုသူတွေပွက်လောရိုက်သွားခဲ့၏။ ရဲဌာနမှ ခေါ်စစ်ခြင်းခံရသော လုချီသတင်းနှင့်  “ မင်းသမီးပေါက်စ ” ဟူသော စကားလုံးကိုတွဲကာ လူပေါင်းများစွာက လုချီအကြောင်း စတင်ပြောဆိုလာကြတော့သည်။
အခြားသော အမျိုးသမီးအနုပညာရှင်တွေလည်းအတင်းအဖျင်းသတင်းတွေထွက်လာသည့်တိုင် အင်တာနက်အသုံးပြုသူအများစုကတော့ လုချီအကြောင်း ဆက်လက်ဆွေးနွေးလျက်ရှိခဲ့သည်။
အခြားတစ်ဖက်တွင်မူ သတင်းထွက်လာသော အနုပညာရှင်များရဲ့ဖန်တွေက သူတို့အိုင်ဒေါအတွက် စတင်တိုက်ခိုက်ကာ ကောလာဟလ အားလုံးကိုငြင်း၍ အခြားသောအနုပညာရှင်များထံ အပြစ်လွှဲချဖို့ကြိုးစားလျက်ရှိခဲ့လေသည်။
====================================
Zawgyi
“ မင်းသမီးပေါက်စ ”
ထိုအချိန်က အိမ်ခြံခြေဈေးနှုန်းတွေသည် ခုနှင့် မတူ။ ဟောင်းနွမ်းသော အဆောက်အအုံတွေမှာ အလွှာ ၆ လွှာ ပါရှိပြီး ဓာတ်လှေကား မပါရှိကာ ၆ လွှာသည် ဈေးအပေါဆုံးဖြစ်ခဲ့၏။
ရှချင်းဝေရှိနေသမျှကာလပတ်လုံး သူမမှာ ပိုင်ဆိုင်မှု ရှိသည် ဟူသော အသိစိတ်လေးတစ်ခု အမြဲ ရှိနေခဲ့၏။
====================================
Continue Reading
You'll Also Like
196K 15K 47
[Under editing]* "Charche nashe ke chal rahe the main zikr teri aankhon ka kr aaya, jab baat sukoon ki chidi main baat...
147K 2.6K 130
NOT MY STORY, NOR MY TRANSLATION For Offline Reading Purpose Only Author(s) 鹿迟 Summary Sheng MuMu was transmigrated into a novel. While others transm...
237K 14.2K 64
𝐓𝐨 𝐞𝐯𝐞𝐫𝐲𝐨𝐧𝐞 𝐰𝐡𝐨 𝐭𝐡𝐢𝐧𝐤𝐬 𝐭𝐡𝐞𝐲 𝐚𝐧𝐝 𝐭𝐡𝐞𝐢𝐫 𝐜𝐫𝐮𝐬𝐡 𝐚𝐫𝐞 𝐧𝐨𝐭 𝐦𝐞𝐚𝐧 𝐭𝐨 𝐛𝐞 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫. ...
460K 11.4K 30
In a district where danger lurks around every corner, Isaac North tries to live a normal life, but quickly finds himself entangled in a perilous roma...