ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

635K 68.9K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206

27

6.5K 847 21
By Fiendyy

Unicode

အခန်း ၂၇ ) သူမ နုံအခဲ့တာပဲ

“ ဟာ! ”
ဒီလိုသတင်းဦးကြီးကို ကိုင်ထားရ၍ ထန်းကျိ ခေါင်းမူးလာသည်။

ထန်းကျိတစ်ယောက် သတင်းထုတ်လွှင့်ဖို့ စောင့်မနေချင်အောင် ဖြစ်နေတာကိုကြည့်ပြီး ခပ်မိုက်မိုက်ခေါင်းစဥ်တစ်ခုနှင့်အတူ စာကူးခြင်းကဲ့သို့ တရားဝင်စာတမ်းတွေနှင့် ပတ်သက်၍ စဥ်းစားတည်းဖြတ်ဖို့သာ မလိုအပ်လျှင် ထန်းကျိသည်  ဒီသတင်းဦးကို လိုင်းပေါ်ချက်ချင်းတင်လိုက်မည် ဖြစ်သည်။

လုမန် အကြံပေးလိုက်၏။
“ ဒါတွေယူပြီး ရွေးထုတ်ထားလိုက် အလျင်စလို မထုတ်ဝေနဲ့ဦး ”

“ ဘာဖြစ်လို့လဲ ”
ထန်းကျိက နားမလည်ပေ။
“ ဒါတွေအပြင်ရောက်သွားပြီဆိုတာနဲ့ လုချီဇာတ်သိမ်းသွားမယ်လေ ”

“ ငါသိပါတယ် ဒါပေမဲ့ အကုန်လုံးကိုပြိုင်တူထုတ်ဝေလိုက်ရင် ရလဒ်က ကောင်းမှာ မဟုတ်ဘူး။ အတင်းအဖျင်းတွေဆိုတာအချိန်အကန့်အသတ်ရှိတယ်။ ခဏကြာတာနဲ့ လူတွေက ဒါကို မေ့သွားကြလိမ့်မယ်။ ပြီးတော့ သူ့ကြောင့် ထိခိုက်စေမှုလည်း နည်းသွားလိမ့်မယ်။ နင်က အခုချိန်မှာ နာမည်ကြီးသတင်းထောက်ဖြစ်နေပေမယ့် ဒါမျိုး လုံးဝ မတွေးမိသေးဘူးမလား ”
လုမန်က ရှင်းပြလိုက်သည်။

“ သတင်းဆိုတာနည်းနည်းချင်းစီလွှင့်ရတယ် . . အခု အရမ်းကြီးမလောနဲ့ဦး ဥပမာပေးရရင်ကွာ လုဟန်လိဆေးရုံတက်ရတဲ့သတင်းကို မကြာခင် ထုတ်ပြန်တော့မှာမဟုတ်လား ”

“ ဟုတ်တယ် ဘာအနှောင့်အယှက်မှမရှိရင်တော့ ဒီညမှာပဲ လိုင်းပေါ်တင်လိမ့်မယ် ”
ထန်းကျိက ခေါင်းညိတ်သည်။

“ ဒါဖြင့်ရင် နင် လတ်လျားလတ်လျားလုပ်နေလို့မဖြစ်တော့ဘူး။ သူ့အကြောင်းကို အင်တာနက်မှာ အမြန်တင်လိုက်တော့ . . လုဟန်လိရဲ့ဒဏ်ရာတွေက သိပ်ပြင်းတာမို့ ချက်ချင်း သတိရလာဦးမှာ မဟုတ်ပါဘူးလို့ ”
အရင်ဘဝက မှတ်မိတဲ့အတိုင်း လုမန် သူ့ကို ပြောပြလိုက်သည်။ လုဟန်လိက အချိန်တွေအတော်ကြာမှ သတိရလာခဲ့တာဖြစ်သည်။

ဆေးရုံတင်ပြီးတဲ့နောက်မှာ လုဟန်လိရဲ့အသက်ကို ကယ်ဆယ်လိုက်နိုင်သော်လည်း ဒဏ်ရာတွေက ပြင်းထန်၍ တစ်လကြာအောင် သတိလစ်မေ့မြောနေခဲ့သည်။

ထို့ကြောင့် ထိုတစ်လအတွင်းမှာ လုမန်က တရားရုံးတော်မှ စီရင်ချက်အတွက် စောင့်ဆိုင်းခဲ့ရသည်။

လုဟန်လိသတိရလာသည်တွင်တောင် လုမန်တွင်အပြစ်မရှိမှန်း သူက သိသော်ငြား ဘာတစ်ခုမှမပြောဘဲ လုမန်ကို ထောင်သွင်းအကျဥ်းကျစေခဲ့သည်။ 

ဒီနေ့ လုချီယွမ်ရဲ့စိတ်ရင်းကိုသိလိုက်ရမှ ဘာလို့ဆိုတဲ့ အကြောင်းပြချက်ကို လုမန် အကြမ်းဖျင်း သိလိုက်ရသည်။

လုဟန်လိသတိရလာပြီးသည့်နောက်တွင် လုချီယွမ်က လုချီကိုကာကွယ်ရန် လုမန်အား ထောင်သွင်းအကျဥ်းချဖို့ သူနှင့်အပေးအယူလုပ်ခဲ့တာဖြစ်ရပေမည်။

လုမန် အပြစ်ကင်းတာကို လုချီယွမ် မသိတာလည်း မဟုတ် . .  သူ သေချာပေါက်သိသည်။ သို့ပေမယ့် လုချီကိုကာကွယ်ဖို့ အရင်အိမ်ထောင်နဲ့ရတဲ့သမီးကို ဖျက်ဆီးပစ်လိုက်၏။  

ယခင်ဘဝတွင်ဖြစ်စေ ယခုဘဝတွင်ဖြစ်စေ . . လုချီယွမ်ရဲ့ရွေးချယ်မှုသည် လုချီကို ကာကွယ်ရေးအတွက် သူမကို စတေးပစ်ခြင်းသာဖြစ်ခဲ့သည်။

အစကတော့ အရင်ဘဝမှာ သူမက တရားခံ ဟု လုချီယွမ်ထင်ရခြင်းကို သူတို့ဖွင့်ချထားသည့် သက်သေကြောင့်ဟု ထင်ခဲ့မိသည်။

ဒါပေမဲ့ သူမ နုံအခဲ့တာပဲ. . .

“ ရှောင်မန် ရှောင်မန် ”
ထန်းကျိက သူမကို အော်ခေါ်သည်။

လုမန်သတိပြန်ဝင်လာလျှင် ထန်းကျိက မေးလိုက်၏။
“ ဘာတွေတွေးနေတာလဲ. . စကားပြောနေရင်း ရုတ်တရက်ကြီး ငူငိုင်သွားလိုက်တာ. . ဘာဖြစ်လို့လဲ ”

သူမမျက်ဝန်းထဲမှာ သရော်ပြုံးလည်းရှိနေ၏။

“ ဘာမှမဖြစ်ပါဘူး ဒီတိုင်း ဟိုအရင်ကကိစ္စလေးတွေကို ပြန်တွေးမိသွားတာပါ . . ဘာပဲဖြစ်ဖြစ် လုဟန်လိထိခိုက်ဒဏ်ရာရသွားတယ်ဆိုတာကိုတော့ လူထုကို အရင်ဆုံးအသိပေးရမယ်။ ပြီးမှ ဘယ်သူလုပ်တယ်ဆိုတာကို နင်သိတယ်လို့ ပြောပေါ့။ အင်တာနက်မှာ သီအိုရီတွေအများကြီးထွက်လာလိမ့်မယ်။ ဒါဆိုရင် နင်က လုချီနဲ့ပတ်သက်တဲ့ အရိပ်အမြွက်လေးတွေကို ထောက်ပြလိုက်။ အပြီးသတ်ကျမှ သူ့သရုပ်မှန်ကို ဖော်လိုက်ကွာ ”

“ လုချီရဲ့ကုမ္ပဏီကတော့ ဒီလိုကောလာဟလတွေကို ငြင်းလွှတ်လိမ့်မယ်။ ဒါပေမဲ့ သူ ဘယ်လိုငြင်းငြင်း ကိစ္စမရှိဘူး နင်က လိုက်လျောညီထွေဖြစ်တဲ့ သက်သေသာတင်လိုက်။ ဖန်တွေက မေးခွန်းထုတ်လာရင် နင်က အဖြေပေးရမယ်။ ဒါပေမဲ့ ဖန်တွေလိုချင်တဲ့အချိန်မှာ နည်းနည်းချင်းစီပဲ ထုတ်ပေးရမှာနော်”

သူတို့က အကြောင်းပြချက်လိုချင်ရင် အကြောင်းပြချက်ရစေရမည်။

ထန်းကျိက ဒီနယ်ပယ်မှာ နှစ်တွေကြာအောင် ကျင်လည်နေခဲ့သူဖြစ်၍ သူမပြောတာကို ချက်ချင်း နားလည်လိုက်သည်။ 
“  သိပြီ သိပြီ . . ငါက သက်သေကို နည်းနည်းနည်းနည်းနဲ့ ချပြလိုက်ရင် လူတွေက ဒီကိစ္စကို အချိန်အကြာကြီးထိ စိတ်ဝင်စားလာလိမ့်မယ်။ ထိရောက်မှုကလည်း သက်သေအားလုံးကို တစ်ပြိုင်တည်းချပြလိုက်လို့ ခဏအတွင်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာထက်စာရင် အများကြီးပိုကောင်းလာမယ် ”

ဒီခေတ်မှာ လိုက်စရာအတင်းအဖျင်းတွေများပြီး အင်တာနက်အသုံးပြုသူတွေရဲ့မှတ်ဉာဏ်ဟာ သိပ်မကောင်းပေ။

အနုပညာရှင်တစ်ယောက် ဝေဖန်ခံရလျှင် အချိန်အတိုင်းအတာတစ်ခုအထိ ငြိမ်နေလိုက်သရွေ့ အားလုံးပြီးသွားသည့်နောက်မှာ ထိုသူက အနုပညာနယ်ပယ်တွင် ကောင်းစွာ လုပ်ကိုင်နိုင်ဦးမည် ဖြစ်သည်။ 

ထို့ကြောင့် သူမပြောသလိုပဲ သတင်းတွေကို ခဏခဏ နဲ့ နည်းနည်းချင်းစီ ချပြရင်း အခြေအနေကိုထိန်းကာ၊ လုချီနဲ့ပတ်သက်တာတွေကို အွန်လိုင်းမှာ ဆက်တိုက်သတိပေးနေမှ လုချီက ခဏလောက်ငြိမ်ရှောင်ချင်ရင်တောင် ဖန်တွေက မေ့သွားမှာမဟုတ်လို့ အလုပ်ဖြစ်မည် မဟုတ်ပေ။

====================================

Zawgyi


အခန္း ၂၇ ) သူမ ႏံုအခဲ့တာပဲ

“ ဟာ! ”
ဒီလိုသတင္းဦးႀကီးကို ကိုင္ထားရ၍ ထန္းက်ိ ေခါင္းမူးလာသည္။

ထန္းက်ိတစ္ေယာက္ သတင္းထုတ္လႊင့္ဖို႔ ေစာင့္မေနခ်င္ေအာင္ ျဖစ္ေနတာကိုၾကည့္ၿပီး ခပ္မိုက္မိုက္ေခါင္းစဥ္တစ္ခုႏွင့္အတူ စာကူးျခင္းကဲ့သို႔ တရားဝင္စာတမ္းေတြႏွင့္ ပတ္သက္၍ စဥ္းစားတည္းျဖတ္ဖို႔သာ မလိုအပ္လ်ွင္ ထန္းက်ိသည္  ဒီသတင္းဦးကို လိုင္းေပၚခ်က္ခ်င္းတင္လိုက္မည္ ျဖစ္သည္။

လုမန္ အႀကံေပးလိုက္၏။
“ ဒါေတြယူၿပီး ေရြးထုတ္ထားလိုက္ အလ်င္စလို မထုတ္ေဝနဲ႔ဦး ”

“ ဘာျဖစ္လို႔လဲ ”
ထန္းက်ိက နားမလည္ေပ။
“ ဒါေတြအျပင္ေရာက္သြားၿပီဆိုတာနဲ႔ လုခ်ီဇာတ္သိမ္းသြားမယ္ေလ ”

“ ငါသိပါတယ္ ဒါေပမဲ့ အကုန္လံုးကိုၿပိဳင္တူထုတ္ေဝလိုက္ရင္ ရလဒ္က ေကာင္းမွာ မဟုတ္ဘူး။ အတင္းအဖ်င္းေတြဆိုတာအခ်ိန္အကန္႔အသတ္ရိွတယ္။ ခဏၾကာတာနဲ႔ လူေတြက ဒါကို ေမ့သြားၾကလိမ့္မယ္။ ၿပီးေတာ့ သူ႔ေၾကာင့္ ထိခိုက္ေစမႈလည္း နည္းသြားလိမ့္မယ္။ နင္က အခုခ်ိန္မွာ နာမည္ႀကီးသတင္းေထာက္ျဖစ္ေနေပမယ့္ ဒါမ်ိဳး လံုးဝ မေတြးမိေသးဘူးမလား ”
လုမန္က ရွင္းျပလိုက္သည္။

“ သတင္းဆိုတာနည္းနည္းခ်င္းစီလႊင့္ရတယ္ . . အခု အရမ္းႀကီးမေလာနဲ႔ဦး ဥပမာေပးရရင္ကြာ လုဟန္လိေဆးရံုတက္ရတဲ့သတင္းကို မၾကာခင္ ထုတ္ျပန္ေတာ့မွာမဟုတ္လား ”

“ ဟုတ္တယ္ ဘာအေနွာင့္အယွက္မွမရိွရင္ေတာ့ ဒီညမွာပဲ လိုင္းေပၚတင္လိမ့္မယ္ ”
ထန္းက်ိက ေခါင္းညိတ္သည္။

“ ဒါျဖင့္ရင္ နင္ လတ္လ်ားလတ္လ်ားလုပ္ေနလို႔မျဖစ္ေတာ့ဘူး။ သူ႔အေၾကာင္းကို အင္တာနက္မွာ အျမန္တင္လိုက္ေတာ့ . . လုဟန္လိရဲ့ဒဏ္ရာေတြက သိပ္ျပင္းတာမို႔ ခ်က္ခ်င္း သတိရလာဦးမွာ မဟုတ္ပါဘူးလို႔ ”
အရင္ဘဝက မွတ္မိတဲ့အတိုင္း လုမန္ သူ႔ကို ေျပာျပလိုက္သည္။ လုဟန္လိက အခ်ိန္ေတြအေတာ္ၾကာမွ သတိရလာခဲ့တာျဖစ္သည္။

ေဆးရံုတင္ၿပီးတဲ့ေနာက္မွာ လုဟန္လိရဲ့အသက္ကို ကယ္ဆယ္လိုက္ႏိုင္ေသာ္လည္း ဒဏ္ရာေတြက ျပင္းထန္၍ တစ္လၾကာေအာင္ သတိလစ္ေမ့ေျမာေနခဲ့သည္။

ထို႔ေၾကာင့္ ထိုတစ္လအတြင္းမွာ လုမန္က တရားရံုးေတာ္မွ စီရင္ခ်က္အတြက္ ေစာင့္ဆိုင္းခဲ့ရသည္။

လုဟန္လိသတိရလာသည္တြင္ေတာင္ လုမန္တြင္အျပစ္မရိွမွန္း သူက သိေသာ္ျငား ဘာတစ္ခုမွမေျပာဘဲ လုမန္ကို ေထာင္သြင္းအက်ဥ္းက်ေစခဲ့သည္။ 

ဒီေန့ လုခ်ီယြမ္ရဲ့စိတ္ရင္းကိုသိလိုက္ရမွ ဘာလို႔ဆိုတဲ့ အေၾကာင္းျပခ်က္ကို လုမန္ အၾကမ္းဖ်င္း သိလိုက္ရသည္။

လုဟန္လိသတိရလာၿပီးသည့္ေနာက္တြင္ လုခ်ီယြမ္က လုခ်ီကိုကာကြယ္ရန္ လုမန္အား ေထာင္သြင္းအက်ဥ္းခ်ဖို႔ သူႏွင့္အေပးအယူလုပ္ခဲ့တာျဖစ္ရေပမည္။

လုမန္ အျပစ္ကင္းတာကို လုခ်ီယြမ္ မသိတာလည္း မဟုတ္ . .  သူ ေသခ်ာေပါက္သိသည္။ သို႔ေပမယ့္ လုခ်ီကိုကာကြယ္ဖို႔ အရင္အိမ္ေထာင္နဲ႔ရတဲ့သမီးကို ဖ်က္ဆီးပစ္လိုက္၏။  

ယခင္ဘဝတြင္ျဖစ္ေစ ယခုဘဝတြင္ျဖစ္ေစ . . လုခ်ီယြမ္ရဲ့ေရြးခ်ယ္မႈသည္ လုခ်ီကို ကာကြယ္ေရးအတြက္ သူမကို စေတးပစ္ျခင္းသာျဖစ္ခဲ့သည္။

အစကေတာ့ အရင္ဘဝမွာ သူမက တရားခံ ဟု လုခ်ီယြမ္ထင္ရျခင္းကို သူတို႔ဖြင့္ခ်ထားသည့္ သက္ေသေၾကာင့္ဟု ထင္ခဲ့မိသည္။

ဒါေပမဲ့ သူမ ႏံုအခဲ့တာပဲ. . .

“ ေရွာင္မန္ ေရွာင္မန္ ”
ထန္းက်ိက သူမကို ေအာ္ေခၚသည္။

လုမန္သတိျပန္ဝင္လာလ်ွင္ ထန္းက်ိက ေမးလိုက္၏။
“ ဘာေတြေတြးေနတာလဲ. . စကားေျပာေနရင္း ရုတ္တရက္ႀကီး ငူငိုင္သြားလိုက္တာ. . ဘာျဖစ္လို႔လဲ ”

သူမမ်က္ဝန္းထဲမွာ သေရာ္ၿပံဳးလည္းရိွေန၏။

“ ဘာမွမျဖစ္ပါဘူး ဒီတိုင္း ဟိုအရင္ကကိစၥေလးေတြကို ျပန္ေတြးမိသြားတာပါ . . ဘာပဲျဖစ္ျဖစ္ လုဟန္လိထိခိုက္ဒဏ္ရာရသြားတယ္ဆိုတာကိုေတာ့ လူထုကို အရင္ဆံုးအသိေပးရမယ္။ ၿပီးမွ ဘယ္သူလုပ္တယ္ဆိုတာကို နင္သိတယ္လို႔ ေျပာေပါ့။ အင္တာနက္မွာ သီအိုရီေတြအမ်ားႀကီးထြက္လာလိမ့္မယ္။ ဒါဆိုရင္ နင္က လုခ်ီနဲ႔ပတ္သက္တဲ့ အရိပ္အႁမြက္ေလးေတြကို ေထာက္ျပလိုက္။ အၿပီးသတ္က်မွ သူ႔သရုပ္မွန္ကို ေဖာ္လိုက္ကြာ ”

“ လုခ်ီရဲ့ကုမၸဏီကေတာ့ ဒီလိုေကာလာဟလေတြကို ျငင္းလႊတ္လိမ့္မယ္။ ဒါေပမဲ့ သူ ဘယ္လိုျငင္းျငင္း ကိစၥမရိွဘူး နင္က လိုက္ေလ်ာညီေထျြဖစ္တဲ့ သက္ေသသာတင္လိုက္။ ဖန္ေတြက ေမးခြန္းထုတ္လာရင္ နင္က အေျဖေပးရမယ္။ ဒါေပမဲ့ ဖန္ေတြလိုခ်င္တဲ့အခ်ိန္မွာ နည္းနည္းခ်င္းစီပဲ ထုတ္ေပးရမွာေနာ္”

သူတို႔က အေၾကာင္းျပခ်က္လိုခ်င္ရင္ အေၾကာင္းျပခ်က္ရေစရမည္။

ထန္းက်ိက ဒီနယ္ပယ္မွာ ႏွစ္ေတြၾကာေအာင္ က်င္လည္ေနခဲ့သူျဖစ္၍ သူမေျပာတာကို ခ်က္ခ်င္း နားလည္လိုက္သည္။ 
“  သိၿပီ သိၿပီ . . ငါက သက္ေသကို နည္းနည္းနည္းနည္းနဲ႔ ခ်ျပလိုက္ရင္ လူေတြက ဒီကိစၥကို အခ်ိန္အၾကာႀကီးထိ စိတ္ဝင္စားလာလိမ့္မယ္။ ထိေရာက္မႈကလည္း သက္ေသအားလံုးကို တစ္ၿပိဳင္တည္းခ်ျပလိုက္လို႔ ခဏအတြင္း ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားမွာထက္စာရင္ အမ်ားႀကီးပိုေကာင္းလာမယ္ ”

ဒီေခတ္မွာ လိုက္စရာအတင္းအဖ်င္းေတြမ်ားၿပီး အင္တာနက္အသံုးျပဳသူေတြရဲ့မွတ္ဉာဏ္ဟာ သိပ္မေကာင္းေပ။

အႏုပညာရွင္တစ္ေယာက္ ေဝဖန္ခံရလ်ွင္ အခ်ိန္အတိုင္းအတာတစ္ခုအထိ ၿငိမ္ေနလိုက္သေရြ့ အားလံုးၿပီးသြားသည့္ေနာက္မွာ ထိုသူက အႏုပညာနယ္ပယ္တြင္ ေကာင္းစြာ လုပ္ကိုင္ႏိုင္ဦးမည္ ျဖစ္သည္။ 

ထို႔ေၾကာင့္ သူမေျပာသလိုပဲ သတင္းေတြကို ခဏခဏ နဲ႔ နည္းနည္းခ်င္းစီ ခ်ျပရင္း အေျခအေနကိုထိန္းကာ၊ လုခ်ီနဲ႔ပတ္သက္တာေတြကို အြန္လိုင္းမွာ ဆက္တိုက္သတိေပးေနမွ လုခ်ီက ခဏေလာက္ၿငိမ္ေရွာင္ခ်င္ရင္ေတာင္ ဖန္ေတြက ေမ့သြားမွာမဟုတ္လို႔ အလုပ္ျဖစ္မည္ မဟုတ္ေပ။

====================================

Continue Reading

You'll Also Like

5.9K 199 23
Nesaerys, was her name. Truly believing she is the last of her family after her father went mad, had escaped her fate. She ran and survived all the w...
1.2M 65K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
4.9K 246 11
One drunken night in senior year was all it took for Jace to ruin his life. One single night and he lost not only his best friend, but the love of hi...
1.4M 125K 44
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...