Unicode
ယန်မိန့်ချီက ခဏခဏဖုန်းတွေ ဆက်နေခဲ့သည်။ အစပိုင်းမှာတော့ သူမက အမှန်တကယ်ပဲ ဝေ့ဒါနှင့် ပြန်လည်သင့်မြတ်ချင်နေတာဖြစ်မယ်လို့ထင်ခဲ့ပြီး ဝေ့ဒါကိုပင် ဖျောင်းဖျခဲ့ပေမယ့်လည်း သူမက ဖုန်းဆက်တာကို လုံးဝမရပ်ခဲ့ပေ။ နောက်ပိုင်းတွင်တော့ ညသန်းခေါင်ယံမှာတောင် ဖုန်းတွေဆက်လာသလို ဖုန်းခေါ်ဆိုမှုတွေကလည်း အနှောင့်အယှက်တွေသာ ဖြစ်လာခဲ့သည်။
သူမသားကိုသာ အမှန်တကယ် ဂရုစိုက်သည့် မိခင်တစ်ယောက်အနေဖြင့် ဒီလိုမျိုးတွေ လုပ်မနေသင့်ဘူးလေ။
ဝေ့ဒါကတော့ သည်းမခံနိုင်တဲ့အဆုံးမှာ သူ့ဖုန်းနံပါတ်ကို ပြောင်းပစ်လိုက်သည်။
နောက်ဆုံးမှာတော့ လွီနင်လည်း ဒီကမောက်ကမအခြေအနေကနေ လက်ရှိအဖြစ်မှန်တွေကို နားလည်လာခဲ့သည်။ လအနည်းငယ်ကုန်ဆုံးသွားချိန်တွင်တော့ သူတို့မှာ အချိန်တွေအများကြီးမကျန်တော့သလို ငွေကြေးလည်း အများကြီးမရှိတော့ပေ။
ဆေးရုံက သူ့ကိုနစ်နာကြေးနည်းနည်းပေးခဲ့ပေမယ့်လည်း မလုံလောက်ချေ။ သူတို့အသက်ရှင်နေထိုင်ဖို့ရန်က ဆေးကုသစရိတ်တစ်ခုတည်း လိုအပ်တာမှမဟုတ်တာ။
လွီနင်မှာလည်း ကြီးမားသော အကြပ်အတည်းတစ်ခုရှိနေသည်။ ဆေးရုံကနေ အမြန်ဆုံး နစ်နာကြေးပေးဖို့ရန် မျှော်လင့်နေပေမယ့်လည်း အဆက်အသွယ်ပြတ်တာ ကြာနေတာကြောင့် သူ့အရင်လုပ်ဖော်ကိုင်ဖက်တွေနှင့်လည်း ပြန်မတွေ့ချင်တော့။
ဝေ့ဒါအလုပ်က ဒီနေ့လည်း မပြီးသေးတာကြောင့်
နစ်နာကြေးတောင်းရမည့်ကိစ္စကို ယခင်နေ့တွေလိုပဲ ဆိုင်းငံ့လိုက်ရပြန်သည်။
" ကိုကို ကျွန်တော့်မှတ်ပုံတင်ကဒ်ကို မမြင်ဖူးဘူးမဟုတ်လား။ "
ဝေ့ဒါက ရုတ်တရက် ညစာစားရင်း မေးလာ၏။
" အရင်တစ်ခေါက်က ပြဖူးတယ်မလား။ "
" ကိုကို သေချာမကြည့်ရသေးဘူးလေ။ "
ဝေ့ဒါက အံဆွဲထဲက မှတ်ပုံတင်ကိုထုတ်ပြီး လွီနင့်လက်ထဲ ထည့်ပေးလိုက်သည်။
လွီနင် ယောင်တောင်တောင်နှင့် ဝေ့ဒါမှတ်ပုံတင်ကိုယူကြည့်လိုက်သည်။ ဓာတ်ပုံက အနည်းငယ်ဝါးနေပေမယ့်လည်း ချောမောသည့် ကောင်လေးတစ်ယောက်ဆိုတာတော့ သိသာနေသည်။ လွီနင် အောက်ကိုနှိမ့်လိုက်ပြီး ဝေ့ဒါ၏ မှတ်ပုံတင်က မွေးသဣရာဇ်ကို ကြည့်နေတာကိုမြင်တော့ ဝေ့ဒါက မျက်လုံးတွေမှေးကျဥ်းသွားသည်အထိ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလာသည်။
" မွေးနေ့လက်ဆောင် ဘာလိုချင်လို့လဲ။ "
လွီနင်သည် ဝေ့ဒါ၏ ကလေးဆန်သည့်အပြုံးလေးကို မြင်လိုက်ရတော့ သဘောတကျရယ်လိုက်မိသည်။ အတူနေတာ အချိန်တွေကြာလာတာနှင့်အမျှ ယခင်က အေးစက်စက်နှင့် လူတွေအဝေးမှာ နေတတ်သည့် သူ့ညီကို လွီနင်ပုံဖော်မရတော့။
သူတို့နှစ်ယောက်၏ ဆက်ဆံရေးက ပိုမိုအဆင်ပြေလာခဲ့သည်။ စတွေ့ချိန်က ဝေ့ဒါကိုယ်က အေးစက်စက်နှင့် မျှော်လင့်ချက်မဲ့စရာ လေထုကလည်း ပျောက်ကွယ်သွားလေပြီ။ လူတွေကို မသက်မသာခံစားရစေသည့် အကြည့်စူးစူးတွေလည်း မရှိတော့။ ဒါက ကောင်းမွန်သော ပြောင်းလဲမှုတွေပင်။
" ဘာမှမလိုချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် မွေးနေ့ပွဲလည်းလုပ်မှာမှမဟုတ်တာကို။ ကိုကို့ကိုသာ ကျွန်တော်က မကြာခင် လူကြီးဖြစ်တော့မယ်ဆိုတာ သိစေချင်လို့။ "
ဝေ့ဒါက ဂရုမစိုက်ဟန်ဖြင့် ပြောလာ၏။
" မင်းက လူကြီးဖြစ်လာပြီဆိုတော့ သေချာပေါက် မွေးနေ့လုပ်ရမှာပေါ့။ ဒီနေ့အပြင်သွားရဦးမှာလား။ "
" အင်း "
လွီနင် မျက်မှောင်ကြုတ်သွားရ၏။
" ဒီရက်ပိုင်း အပြင်ခဏခဏထွက်နေရတယ်။ ညလည်း code ရေးရဦးမှာမလား။ မင်းမပင်ပန်းဘူးလား။ "
" အဆင်ပြေပါတယ်။ "
" ဒါဆို ... မွေးနေ့လက်ဆောင် ဘာလိုချင်လဲ။ "
" ကျွန်တော်ဘာလိုချင်လည်းဆိုတာ ... ကိုကိုသိပါတယ်။ "
ဝေ့ဒါက မျက်လုံးတွေကို မှေးကျဥ်းကာ လွီနင်ကို စိုက်ကြည့်လာသည်။
လွီနင် ကြောင်အသွားပြီး သူ့မျက်နှာက ပူလာတော့သည်။
" ငါက ဘယ်လိုလုပ် သိမှာလဲ။ "
ဝေ့ဒါအသံက ပျော်ရွှင်မှုတွေနှင့် မြူးထူးနေသည်။
" ကျွန်တော်ကနောက်တာပါ။ ပုံမှန်ရက်တွေလိုပဲ ဘာမှထွေထွေထူးထူးပြင်ဆင်မနေပါနဲ့။ "
ဝေ့ဒါက ဘာမှမပြင်ဆင်ဖို့ပြောပေမယ့်လည်း လွီနင်ကတော့ မွေးနေ့ကို လျစ်လှူမရှုနိုင်တာကြောင့် သူ့စိတ်ထဲမှာပဲ တေးမှတ်ထားလိုက်သည်။
လွီနင်အသက် ဆယ့်ရှစ်နှစ်မှာ သူ့အဖေဆုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ သူ့မွေးနေ့ကို ထပ်မလုပ်ဖြစ်တော့။ သို့သော်လည်း ဝေ့ဒါနှင့်မတူတာက လွီနင်ကလေးတုန်းက သူ့အဖေက သူ့မွေးနေ့ပွဲကို နှစ်တိုင်းကျင်းပပေးခဲ့သည်။
လွီနင်က သူ့မွေးနေ့ပွဲတောင် သူဘယ်လိုကျင်းပရမလဲမသိသောသူဖြစ်တာကြောင့် မွေးနေ့ကိတ်တစ်ခုသာ စဥ်းစားမိသည်။
ထိုနေ့တွင် မွေးနေ့ကိတ်ကို ကြိုတင်မှာယူပြီးနောက် သူ့လက်ထဲတွင် ဒေါ်လာအနည်းငယ်သာကျန်ပေလိမ့်သည်။ ပိုက်ဆံမလောက်မှာ စိုးရိမ်မိတာကြောင့် ပိုက်ဆံထုတ်ဖို့ရန် သူ့လစာကဒ်ကို ယူခဲ့လိုက်သည်။
ကဒ်ထဲတွင် ကျန်ရှိနေသေးသော ငွေသားတွေကိုကြည့်ပြီး လွီနင်အံ့အားသင့်သွားရ၏။ ကဒ်ထဲက ငွေတွေက နောက်ဆုံးအခေါက်သူစစ်ကြည့်ချိန်ကထက်ပင် ပိုများနေသေးသည်။ ထိုငွေတွေက အရင်လက သူ့လစာတွေလားလို့ သူတွေးမိသွားသည်။
သူအလုပ်မသွားတာတောင် ဆေးရုံက လစာပေးနေတုန်းပဲလား။
ATM စက်ပေါ်က နံပါတ်တွေကိုကြည့်ရင်း လွီနင်ခေါင်းရှုပ်သွားရသည်။
ဘာလို့လဲ ?
သူရောဂါကြောင့် ဆေးရုံက သူ့ကို အလုပ်ထုတ်လိုက်ပြီမဟုတ်ဘူးလား။
ဒီလိုလစာဆက်ပေးနေသေးတာက သူ့ကိုလစာခွင့်ပေးထားပြီး ဘယ်အချိန်မဆို အလုပ်ပြန်တက်လို့ရတယ်လို့ ဆိုလိုတာလေ။
ဝေ့ဒါ စိတ်လှုပ်ရှားသွားရသည်။
ဆေးရုံက သူ့ကို အလုပ်မထုတ်တော့ဘူးလား။
ဒါဖြစ်နိုင်တယ်။ သူသာ ဆရာဝန်တစ်ယောက်မဟုတ်တော့ဘူးဆိုရင် ရောဂါကူးစက်မှုကိုတားဆီးဖို့ အန္တရယ်မရှိတဲ့ အလုပ်တွေအများကြီးမှာ ဝင်လို့ရသေးတာပဲ။ ဖြစ်နိုင်တာက ဆေးရုံက သူ့ကို တခြားဌာနကို ပြောင်းစေချင်ရုံလေးပဲထင်သည်။
ဒါပေမယ့် ဘာလို့စီနီယာက သူအလုပ်ကိုလာစရာမလိုတော့ဘူးလို့ ဝေ့ဒါကို ပြောခဲ့ရတာလဲ။
ထို့နောက် ဘဏ်ကဒ်က အလိုအလျှောက်ထွက်ကျလာသည်။ သူ့အနောက်က ငွေထုတ်ဖို့စောင့်နေတဲ့လူက စိတ်မရှည်မှုကြောင့် ချောင်းဟန့်လိုက်တာကိုကြားတော့ လွီနင်ဘဏ်ကဒ်ကို မြန်မြန်ဆွဲနှုတ်ပြီး ထွက်ခဲ့လိုက်သည်။
ဘာလို့လဲ …
လွီနင့်အတွေးတွေက ရှုပ်ထွေးနေပြီး ဘာကိုမှလည်း နားမလည်နိုင်တော့တာကြောင့် ထပ်မတွေးတော့ဖို့သာ ဆုံးဖြတ်လိုက်သည်။
ကိတ်မုန့်ဆိုင်က ဘယ်မှာရှိသလဲဆိုတာ လွီနင်မသ်ိပေ။ သူတို့ရပ်ကွက်နားမှာ စည်ကားသည့် စူပါမားကတ်ကြီးတစ်ခုရှိတယ်လို့ ဝေ့ဒါကတော့ တစ်ခါပြောဖူးသည်။ လွီနင် လမ်းမေးရင်း နောက်ဆုံးမှာတော့ ကိတ်မုန့်ဆိုင်ကို တွေ့လိုက်ရသည်။
မနက်ခင်းဖြစ်၍ ဆိုင်ထဲမှာ လူတွေအများကြီးမရှိတာကြောင့် ကိတ်မုန့်နမူနာပုံတွေကို လွီနင်အေးအေးဆေးဆေးပဲ လှန်လှောကြည့်နေလေသည်။
စားပွဲထိုးကောင်လေးက ယဥ်ကျေးစွာဖြင့် မေးလာ၏။
" ကျွန်တော်တို့ဆ်ိုင်မှာ နို့ကိတ်၊ ချောကလက်ကိတ်၊ သစ်သီးကိတ်၊ သစ်သီးကိတ်နဲ့ mosi အရသာတွေရှ်ိပါတယ်ဗျ။ လူကြီးမင်း ဘယ်ဟာလိုချင်ပါသလဲ။ "
" အချိုမများတဲ့ဟာလေး။ "
" သစ်သီးကိတ်ဆိုရင်ရော အရသာက လတ်ဆတ်ပါတယ်။ "
စားပွဲထိုးလေးက ကိတ်ပုံကိုပြပြီး ပြောလိုက်သည်။
" ဟုတ်ပြီ... ဒါလေးပဲယူလိုက်မယ်။ "
" ဘယ်နှလက်မယူမှာလဲခင်ဗျ။ "
လွီနင် တွေဝေနေတာကိုမြင်တော့ စားပွဲထိုးလေးက မှန်ကောင်တာအနောက်က နမူနာကိတ်တွေကို လက်ညှိုးထိုးပြီး ပြလာသည်။
" လူနည်းရင် ဒီလောက်။ လူများရင်တော့ ၁၀ လက်မယူမှ ကောင်းမယ်။ "
လွီနင်က ပြုံးပြီး
" အစ်ကိုတို့က နှစ်ယောက်ထဲ "
" နှစ်ယောက်လား ... ဒါဆို ခြောက်လက်မယူရင်ရော "
" အင်း... ယူလိုက်မယ်။ "
စားပွဲထိုးလေးက ပြုံးပြီး မေးလာ၏။
" အကို့မွေးနေ့ကို ကောင်မလေးနဲ့ ဖြတ်သန်းမလို့လား။ "
လွီနင် ပျာပျာသလဲ ခေါင်းကိုခါယမ်းလိုက်၏။
" မဟုတ်ပါဘူး... အကို့ညီလေးမွေးနေ့ပါ။ "
သူပိုက်ဆံရှင်းချိန်ရောက်မှ သူငွေသားမယူခဲ့မိတာကို သတိရသွားသည်။
" ကဒ်နဲ့ရှင်းလို့ရလား။ "
" ရပါတယ်ဗျ "
သူကဒ်ကိုလှမ်းပေးလိုက်ပြီး စားပွဲထိုးလေး ကဒ်ဖြတ်နေတာကို ရပ်ကြည့်နေလေသည်။ လွီနင်စိတ်ထဲ တစ်ခုခုမှားနေတာကို ခံစားမိနေသည်။
ကိတ်က အကြာကြီးမစောင့်လိုက်ရပေ။ လွီနင် စူပါမားကတ်ထဲဝင်ကာ လှည့်ပတ်ကြည့်ပြီး လျှော့စျေးချထားသည့် သစ်သီးအချို့လည်း ဝယ်လိုက်သည်။
လွီနင် ပိုက်ဆံရှင်းနေရင်း ရုတ်တရက် ဘာမှားနေလဲဆ်ိုတာ နားလည်သွားသည်။
ပိုက်ဆံတွေက အလဟဿဖြစ်နေတာပဲ။ သူတို့ဒီမြို့ကိုရောက်တာ တစ်လကျော်နေပြီး အသုံးစရိတ်၊ အိမ်ငှားခ၊ ရေခွန်၊ မီတာခတွေအများကြီး ကုန်ကျခဲ့သည်။ သို့သော်လည်း လွီနင့်ကဒ်ထဲ ငွေကတော့ တစ်ရာခိုင်နှုန်းတောင် လျော့မသွားခဲ့ချေ။
သူတို့စျေးကြီးသည့် အသုံးအဆောင်တွေ မဝယ်ကြပေမယ့်လည်း အနည်းနှင့်အများတော့ သုံးသည့်ငွေပမာဏက သေးသေးလေးမဟုတ်။
အရင်လတွေတုန်းက ဝေ့ဒါ ပရိုဂရမ်တွေရေးပြီး ပိုက်ဆံရှာခဲ့သည်။ ဒါက အသုံးစရိတ်ကို ကူပေးနိုင်တယ်ဆိုပေမယ့်လည်း လွီနင်ပိုက်ဆံတွေသာ မသုံးခဲ့ရင် အတော်လေးကို ကျပ်တည်းခဲ့ပေလိမ့်မည်။
ဝေ့ဒါဘာလို့ ဒီလောက်ခေါင်းမာနေရသလဲဆ်ိုတာ သူမသ်ိပေမယ့် ကြည့်ရတာ ကလေးဆန်ဆန်အတွေးတွေကြောင့်ပဲ ဖြစ်လိမ့်မည်။ အိမ်ပြန်ရောက်ရင် သူနဲ့စကားပြောဖို့ရန် သေချာပေါက် လိုနေပြီ။
လွီနင် ဒုတိယအထပ်ကနေ ဆင်းလာတော့ စျေးထဲမှာ ဝင်ပေါက်ထွက်ပေါက်တွေအများကြီးရှိတာကြောင့် သူဘယ်ကနေဝင်လာမိလဲဆိုတာ မမှတ်မိတော့။ သူအရှေ့က တွေ့ရာတံခါးပေါက်ကိုသာ ဝင်လိုက်တော့သည်။
သူအပြင်ထွက်သွားပြီးမကြာခင် လမ်းမှားနေပြီမှန်း သိလိုက်ရ၏။ ထိုနေရာတွင် ကုန်တင်ကားတစ်စီးထိုးရပ်ထားပြီး အပြာရောင်ဝတ်စုံနှင့်လူတွေအများကြီးက ကုန်တွေကို သယ်နေကြသည်။
လွီနင် ပြန်လှည့်ထွက်လာပြီး လမ်းတစ်ဝက်ရှိသေး လူတစ်ယောက်၏ အော်သံကို ကြားလိုက်ရ၏။
" ဝေ့ဒါရေ... ဒီမှာ သေတ္တာတစ်လုံးကျန်သေးတယ်။ "
" တစ်လုံးကျန်သေးတာလား။ "
ပစ္စည်းတွေသယ်ပြီးသွားသည့် ဝေ့ဒါက ကားဆီပြန်လာပြီး အတွင်းထဲကို ကြည့်လိုက်သည်။
" ဒီမှာပဲ ခုနတုန်းက ကျွန်တော်မမြင်လိုက်မိဘူး။ "
" ချလိုက် ချလိုက် ! "
" ဟုတ်ကဲ့ "
ဝေ့ဒါ ချွေးသုတ်နေရင်း ရုတ်တရက် သူ့ကိုတစ်ယောက်ယောက်က ကြည့်နေတယ်လို့ ခံစားမိတာကြောင့် ရှာကြည့်လိုက်ပေမယ့် ဘယ်သူ့ကိုမှ မတွေ့ပေ။
ကောင်မလေးတစ်ယောက်က စာရင်းဇယားတွေကို ထပ်စစ်လာသည်။
" ဟုတ်ပြီ... ဒါက ပြည့်သွားပြီ။ "
" ဒီတစ်လုံးသွင်းပြီးရင် နားလိုက်တော့။ "
" ဟုတ်ကဲ့ "
ဝေ့ဒါ ထောင့်တစ်နေရာကိုသွားပြီး ထိုင်ကာ နားနေလိုက်တော့သည်။
သူနှင့်အတူ အလုပ်လုပ်သည့် ဦးလေးကြီးက သူ့ပုခုံးကိုပုတ်ကာ ပြုံးပြီး ပြောလာသည်။
" မင်းကမဆ်ိုးဘူးပဲ။ မင်းလိုပုံစံ လူအများစုက ရက်လေးနည်းနည်းလောက်လုပ်ပြီးရင် မလုပ်နိုင်ကြတော့ဘူး။ "
" ဟုတ်လား ကျွန်တော်က ဘယ်လိုပုံစံမလို့လဲ။ "
" မင်းက သန့်သန့်ပြန့်ပြန့် ဝတ်စားထားတော့ တစ်ချက်ကြည့်တာနဲ့ မင်းနောက်ခံမိသားစုက ကောင်းတယ်ဆိုတာ ပြောနိုင်တယ်။ "
လူကြီးက ရယ်မောပြီး ဆက်ပြောလာသည်။
" မင်းအရမ်းကြီး ဒုက္ခမရောက်နေဖို့ မျှော်လင့်မိပါတယ်။ မင်းရုပ်ရည်ကလည်း ကြည့်ကောင်းပြီး ယဥ်ကျေးမှုလည်းရှိတော့ မင်းကျောင်းတက်နေတုန်းမလား။ "
ဝေ့ဒါ မသိမသာပြုံးလိုက်မိသည်။
" မင်းဘာတက်နေတာလဲ။ "
" ရိုက်ကူးရေး "
" ဝိုး... မိုက်လိုက်တာ ! အနာဂတ်မှာ မင်းတော့ စီးပွားရေးသမားကြီးဖြစ်လာတော့မှာပေါ့။ ဒါဆိုရင်တော့ မမှားပါစေနဲ့ကွာ။ ဒီလိုဘဝမျိုးက လူတစ်ယောက်ရဲ့ သေခြင်းရှင်ခြင်းကိုတောင် ဆုံးဖြတ်ပေးနိုင်တယ်။ ဒီလောက်ကောင်းတဲ့ အခြေအနေနဲ့ မင်းပိုကောင်းတဲ့အလုပ်ကိုရှာသင့်တာပေါ့။ ဘာလို့ ဒီမှာလာလုပ်နေတာလဲ။ "
"…"
ပိုကောင်းတဲ့အလုပ်ရှာရမှာလား။
ဝေ့ဒါသူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။
" ကျွန်တော် ငွေလိုနေလို့ "
ထိုလူက စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချလိုက်သည်။
" အရမ်းတော်တာပဲ။ မင်းလုပ်ရပ်ကမှန်တယ်။ အပြင်ဘက်က တခြားကလေးတွေကိုကြည့်လိုက် အသက်ငယ်ငယ်နဲ့ ဘာမှကြိုးကြိုးစားစားမလုပ်ကြဘဲ သူများပစ္စည်းပဲ လိုက်ခိုးနေကြတယ်။ "
ဝေ့ဒါ နှုတ်ခမ်းကို မဲ့လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။
" အလုပ်သွားလုပ်လိုက်ဦးမယ်။"
ဝေ့ဒါထွက်လာခဲ့ပြီး သေတ္တာကို တွန်းလှည်းပေါ်တင်လိုက်သည်။
သူက လူကောင်းတစ်ယောက်မဟုတ်ဘူးဆိုတာ ဝေ့ဒါ သူ့ကိုယ်သူ သေချာသိတာပေါ့။ ဒီကမ္ဘာပေါ်တွင် သူ့အပေါ်အကောင်းဆုံးလူကိုတောင် နိမ့်ကျရွံရှာဖွယ်နည်းလမ်းပေါင်းစုံသုံးပြီး သူ့ဘေးမှာ အကျဥ်းချထားသည့်လူလေ။ သူလိမ်ညာမပြောဘဲ မနေနိုင်တော့။ ထိုလူနာကျင်နေတာကိုမြင်ရလေ သူပြိုလဲနေတာကို မြင်ရလေ သူပိုပျော်ရွှင်ရလေသာ။
ဒါပေမယ့် နောက်ဆုံးမှာ လွီနင်က သူ့ကို တဖြည်းဖြည်း လက်ခံလာခဲ့သည်။
ဒီလိုဆိုးရွားလှသည့် အခြေအနေအတွင်းမှာ သူကသာ လွီနင်၏ တစ်ခုတည်းမှီခိုအားထားရာ ဖြစ်လာသလို သူ့ခံစားချက်တွေ ပြောင်းလဲလာသည့် တစ်ခုတည်းသော အကြောင်းအရင်းလည်း ဖြစ်လာခဲ့ပြီ။
လွီနင်က သူ့ကို အပြည့်အဝလက်ခံလာဖို့ရန်လည်း နည်းနည်းလေးသာ လိုတော့သည်။
ဝေ့ဒါ ပင့်သက်တစ်ချက်ရှုလိုက်ပြီး သူ့မျက်နှာပေါ်က ချွေးတွေကိုသုတ်လိုက်ပြီးနောက် မြေကြီးပေါ်က သေတ္တာကို မလိုက်သည်။
ကိုကိုက သူ့ကို လမ်းမှန်ရောက်လာအောင် လုပ်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူပဲ။
ကျွန်တော် လက်မလွှတ်နိုင်ဘူး....
လုံးဝ လက်လျှော့မပေးနိုင်ဘူး...
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
Zawgyi
ယန္မိန့္ခ်ီက ခဏခဏဖုန္းေတြ ဆက္ေနခဲ့သည္။ အစပိုင္းမွာေတာ့ သူမက အမွန္တကယ္ပဲ ေဝ့ဒါႏွင့္ ျပန္လည္သင့္ျမတ္ခ်င္ေနတာျဖစ္မယ္လို႔ထင္ခဲ့ၿပီး ေဝ့ဒါကိုပင္ ေဖ်ာင္းဖ်ခဲ့ေပမယ့္လည္း သူမက ဖုန္းဆက္တာကို လုံးဝမရပ္ခဲ့ေပ။ ေနာက္ပိုင္းတြင္ေတာ့ ညသန္းေခါင္ယံမွာေတာင္ ဖုန္းေတြဆက္လာသလို ဖုန္းေခၚဆိုမႈေတြကလည္း အေႏွာင့္အယွက္ေတြသာ ျဖစ္လာခဲ့သည္။
သူမသားကိုသာ အမွန္တကယ္ ဂ႐ုစိုက္သည့္ မိခင္တစ္ေယာက္အေနျဖင့္ ဒီလိုမ်ိဳးေတြ လုပ္မေနသင့္ဘူးေလ။
ေဝ့ဒါကေတာ့ သည္းမခံနိုင္တဲ့အဆုံးမွာ သူ႕ဖုန္းနံပါတ္ကို ေျပာင္းပစ္လိုက္သည္။
ေနာက္ဆုံးမွာေတာ့ လြီနင္လည္း ဒီကေမာက္ကမအေျခအေနကေန လက္ရွိအျဖစ္မွန္ေတြကို နားလည္လာခဲ့သည္။ လအနည္းငယ္ကုန္ဆုံးသြားခ်ိန္တြင္ေတာ့ သူတို႔မွာ အခ်ိန္ေတြအမ်ားႀကီးမက်န္ေတာ့သလို ေငြေၾကးလည္း အမ်ားႀကီးမရွိေတာ့ေပ။
ေဆး႐ုံက သူ႕ကိုနစ္နာေၾကးနည္းနည္းေပးခဲ့ေပမယ့္လည္း မလုံေလာက္ေခ်။ သူတို႔အသက္ရွင္ေနထိုင္ဖို႔ရန္က ေဆးကုသစရိတ္တစ္ခုတည္း လိုအပ္တာမွမဟုတ္တာ။
လြီနင္မွာလည္း ႀကီးမားေသာ အၾကပ္အတည္းတစ္ခုရွိေနသည္။ ေဆး႐ုံကေန အျမန္ဆုံး နစ္နာေၾကးေပးဖို႔ရန္ ေမွ်ာ္လင့္ေနေပမယ့္လည္း အဆက္အသြယ္ျပတ္တာ ၾကာေနတာေၾကာင့္ သူ႕အရင္လုပ္ေဖာ္ကိုင္ဖက္ေတြႏွင့္လည္း ျပန္မေတြ႕ခ်င္ေတာ့။
ေဝ့ဒါအလုပ္က ဒီေန႕လည္း မၿပီးေသးတာေၾကာင့္
နစ္နာေၾကးေတာင္းရမည့္ကိစၥကို ယခင္ေန႕ေတြလိုပဲ ဆိုင္းငံ့လိုက္ရျပန္သည္။
" ကိုကို ကြၽန္ေတာ့္မွတ္ပုံတင္ကဒ္ကို မျမင္ဖူးဘူးမဟုတ္လား။ "
ေဝ့ဒါက ႐ုတ္တရက္ ညစာစားရင္း ေမးလာ၏။
" အရင္တစ္ေခါက္က ျပဖူးတယ္မလား။ "
" ကိုကို ေသခ်ာမၾကည့္ရေသးဘူးေလ။ "
ေဝ့ဒါက အံဆြဲထဲက မွတ္ပုံတင္ကိုထုတ္ၿပီး လြီနင့္လက္ထဲ ထည့္ေပးလိုက္သည္။
လြီနင္ ေယာင္ေတာင္ေတာင္ႏွင့္ ေဝ့ဒါမွတ္ပုံတင္ကိုယူၾကည့္လိုက္သည္။ ဓာတ္ပုံက အနည္းငယ္ဝါးေနေပမယ့္လည္း ေခ်ာေမာသည့္ ေကာင္ေလးတစ္ေယာက္ဆိုတာေတာ့ သိသာေနသည္။ လြီနင္ ေအာက္ကိုႏွိမ့္လိုက္ၿပီး ေဝ့ဒါ၏ မွတ္ပုံတင္က ေမြးသဣရာဇ္ကို ၾကည့္ေနတာကိုျမင္ေတာ့ ေဝ့ဒါက မ်က္လုံးေတြေမွးက်ဥ္းသြားသည္အထိ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးျပလာသည္။
" ေမြးေန႕လက္ေဆာင္ ဘာလိုခ်င္လို႔လဲ။ "
လြီနင္သည္ ေဝ့ဒါ၏ ကေလးဆန္သည့္အၿပဳံးေလးကို ျမင္လိုက္ရေတာ့ သေဘာတက်ရယ္လိုက္မိသည္။ အတူေနတာ အခ်ိန္ေတြၾကာလာတာႏွင့္အမွ် ယခင္က ေအးစက္စက္ႏွင့္ လူေတြအေဝးမွာ ေနတတ္သည့္ သူ႕ညီကို လြီနင္ပုံေဖာ္မရေတာ့။
သူတို႔ႏွစ္ေယာက္၏ ဆက္ဆံေရးက ပိုမိုအဆင္ေျပလာခဲ့သည္။ စေတြ႕ခ်ိန္က ေဝ့ဒါကိုယ္က ေအးစက္စက္ႏွင့္ ေမွ်ာ္လင့္ခ်က္မဲ့စရာ ေလထုကလည္း ေပ်ာက္ကြယ္သြားေလၿပီ။ လူေတြကို မသက္မသာခံစားရေစသည့္ အၾကည့္စူးစူးေတြလည္း မရွိေတာ့။ ဒါက ေကာင္းမြန္ေသာ ေျပာင္းလဲမႈေတြပင္။
" ဘာမွမလိုခ်င္ပါဘူး။ ဘာပဲျဖစ္ျဖစ္ ေမြးေန႕ပြဲလည္းလုပ္မွာမွမဟုတ္တာကို။ ကိုကို႔ကိုသာ ကြၽန္ေတာ္က မၾကာခင္ လူႀကီးျဖစ္ေတာ့မယ္ဆိုတာ သိေစခ်င္လို႔။ "
ေဝ့ဒါက ဂ႐ုမစိုက္ဟန္ျဖင့္ ေျပာလာ၏။
" မင္းက လူႀကီးျဖစ္လာၿပီဆိုေတာ့ ေသခ်ာေပါက္ ေမြးေန႕လုပ္ရမွာေပါ့။ ဒီေန႕အျပင္သြားရဦးမွာလား။ "
" အင္း "
လြီနင္ မ်က္ေမွာင္ၾကဳတ္သြားရ၏။
" ဒီရက္ပိုင္း အျပင္ခဏခဏထြက္ေနရတယ္။ ညလည္း code ေရးရဦးမွာမလား။ မင္းမပင္ပန္းဘူးလား။ "
" အဆင္ေျပပါတယ္။ "
" ဒါဆို ... ေမြးေန႕လက္ေဆာင္ ဘာလိုခ်င္လဲ။ "
" ကြၽန္ေတာ္ဘာလိုခ်င္လည္းဆိုတာ ... ကိုကိုသိပါတယ္။ "
ေဝ့ဒါက မ်က္လုံးေတြကို ေမွးက်ဥ္းကာ လြီနင္ကို စိုက္ၾကည့္လာသည္။
လြီနင္ ေၾကာင္အသြားၿပီး သူ႕မ်က္ႏွာက ပူလာေတာ့သည္။
" ငါက ဘယ္လိုလုပ္ သိမွာလဲ။ "
ေဝ့ဒါအသံက ေပ်ာ္႐ႊင္မႈေတြႏွင့္ ျမဴးထူးေနသည္။
" ကြၽန္ေတာ္ကေနာက္တာပါ။ ပုံမွန္ရက္ေတြလိုပဲ ဘာမွေထြေထြထူးထူးျပင္ဆင္မေနပါနဲ႕။ "
ေဝ့ဒါက ဘာမွမျပင္ဆင္ဖို႔ေျပာေပမယ့္လည္း လြီနင္ကေတာ့ ေမြးေန႕ကို လ်စ္လႉမရႈနိုင္တာေၾကာင့္ သူ႕စိတ္ထဲမွာပဲ ေတးမွတ္ထားလိုက္သည္။
လြီနင္အသက္ ဆယ့္ရွစ္ႏွစ္မွာ သူ႕အေဖဆုံးသြားခဲ့သည္။ ထိုအခ်ိန္မွစ၍ သူ႕ေမြးေန႕ကို ထပ္မလုပ္ျဖစ္ေတာ့။ သို႔ေသာ္လည္း ေဝ့ဒါႏွင့္မတူတာက လြီနင္ကေလးတုန္းက သူ႕အေဖက သူ႕ေမြးေန႕ပြဲကို ႏွစ္တိုင္းက်င္းပေပးခဲ့သည္။
လြီနင္က သူ႕ေမြးေန႕ပြဲေတာင္ သူဘယ္လိုက်င္းပရမလဲမသိေသာသူျဖစ္တာေၾကာင့္ ေမြးေန႕ကိတ္တစ္ခုသာ စဥ္းစားမိသည္။
ထိုေန႕တြင္ ေမြးေန႕ကိတ္ကို ႀကိဳတင္မွာယူၿပီးေနာက္ သူ႕လက္ထဲတြင္ ေဒၚလာအနည္းငယ္သာက်န္ေပလိမ့္သည္။ ပိုက္ဆံမေလာက္မွာ စိုးရိမ္မိတာေၾကာင့္ ပိုက္ဆံထုတ္ဖို႔ရန္ သူ႕လစာကဒ္ကို ယူခဲ့လိုက္သည္။
ကဒ္ထဲတြင္ က်န္ရွိေနေသးေသာ ေငြသားေတြကိုၾကည့္ၿပီး လြီနင္အံ့အားသင့္သြားရ၏။ ကဒ္ထဲက ေငြေတြက ေနာက္ဆုံးအေခါက္သူစစ္ၾကည့္ခ်ိန္ကထက္ပင္ ပိုမ်ားေနေသးသည္။ ထိုေငြေတြက အရင္လက သူ႕လစာေတြလားလို႔ သူေတြးမိသြားသည္။
သူအလုပ္မသြားတာေတာင္ ေဆး႐ုံက လစာေပးေနတုန္းပဲလား။
ATM စက္ေပၚက နံပါတ္ေတြကိုၾကည့္ရင္း လြီနင္ေခါင္းရႈပ္သြားရသည္။
ဘာလို႔လဲ ?
သူေရာဂါေၾကာင့္ ေဆး႐ုံက သူ႕ကို အလုပ္ထုတ္လိုက္ၿပီမဟုတ္ဘူးလား။
ဒီလိုလစာဆက္ေပးေနေသးတာက သူ႕ကိုလစာခြင့္ေပးထားၿပီး ဘယ္အခ်ိန္မဆို အလုပ္ျပန္တက္လို႔ရတယ္လို႔ ဆိုလိုတာေလ။
ေဝ့ဒါ စိတ္လႈပ္ရွားသြားရသည္။
ေဆး႐ုံက သူ႕ကို အလုပ္မထုတ္ေတာ့ဘူးလား။
ဒါျဖစ္နိုင္တယ္။ သူသာ ဆရာဝန္တစ္ေယာက္မဟုတ္ေတာ့ဘူးဆိုရင္ ေရာဂါကူးစက္မႈကိုတားဆီးဖို႔ အႏၲရယ္မရွိတဲ့ အလုပ္ေတြအမ်ားႀကီးမွာ ဝင္လို႔ရေသးတာပဲ။ ျဖစ္နိုင္တာက ေဆး႐ုံက သူ႕ကို တျခားဌာနကို ေျပာင္းေစခ်င္႐ုံေလးပဲထင္သည္။
ဒါေပမယ့္ ဘာလို႔စီနီယာက သူအလုပ္ကိုလာစရာမလိုေတာ့ဘူးလို႔ ေဝ့ဒါကို ေျပာခဲ့ရတာလဲ။
ထို႔ေနာက္ ဘဏ္ကဒ္က အလိုအေလွ်ာက္ထြက္က်လာသည္။ သူ႕အေနာက္က ေငြထုတ္ဖို႔ေစာင့္ေနတဲ့လူက စိတ္မရွည္မႈေၾကာင့္ ေခ်ာင္းဟန့္လိုက္တာကိုၾကားေတာ့ လြီနင္ဘဏ္ကဒ္ကို ျမန္ျမန္ဆြဲႏႈတ္ၿပီး ထြက္ခဲ့လိုက္သည္။
ဘာလို႔လဲ …
လြီနင့္အေတြးေတြက ရႈပ္ေထြးေနၿပီး ဘာကိုမွလည္း နားမလည္နိုင္ေတာ့တာေၾကာင့္ ထပ္မေတြးေတာ့ဖို႔သာ ဆုံးျဖတ္လိုက္သည္။
ကိတ္မုန့္ဆိုင္က ဘယ္မွာရွိသလဲဆိုတာ လြီနင္မသ္ိေပ။ သူတို႔ရပ္ကြက္နားမွာ စည္ကားသည့္ စူပါမားကတ္ႀကီးတစ္ခုရွိတယ္လို႔ ေဝ့ဒါကေတာ့ တစ္ခါေျပာဖူးသည္။ လြီနင္ လမ္းေမးရင္း ေနာက္ဆုံးမွာေတာ့ ကိတ္မုန့္ဆိုင္ကို ေတြ႕လိုက္ရသည္။
မနက္ခင္းျဖစ္၍ ဆိုင္ထဲမွာ လူေတြအမ်ားႀကီးမရွိတာေၾကာင့္ ကိတ္မုန့္နမူနာပုံေတြကို လြီနင္ေအးေအးေဆးေဆးပဲ လွန္ေလွာၾကည့္ေနေလသည္။
စားပြဲထိုးေကာင္ေလးက ယဥ္ေက်းစြာျဖင့္ ေမးလာ၏။
" ကြၽန္ေတာ္တို႔ဆ္ိုင္မွာ နို႔ကိတ္၊ ေခ်ာကလက္ကိတ္၊ သစ္သီးကိတ္၊ သစ္သီးကိတ္နဲ႕ mosi အရသာေတြရွ္ိပါတယ္ဗ်။ လူႀကီးမင္း ဘယ္ဟာလိုခ်င္ပါသလဲ။ "
" အခ်ိဳမမ်ားတဲ့ဟာေလး။ "
" သစ္သီးကိတ္ဆိုရင္ေရာ အရသာက လတ္ဆတ္ပါတယ္။ "
စားပြဲထိုးေလးက ကိတ္ပုံကိုျပၿပီး ေျပာလိုက္သည္။
" ဟုတ္ၿပီ... ဒါေလးပဲယူလိုက္မယ္။ "
" ဘယ္ႏွလက္မယူမွာလဲခင္ဗ်။ "
လြီနင္ ေတြေဝေနတာကိုျမင္ေတာ့ စားပြဲထိုးေလးက မွန္ေကာင္တာအေနာက္က နမူနာကိတ္ေတြကို လက္ညွိုးထိုးၿပီး ျပလာသည္။
" လူနည္းရင္ ဒီေလာက္။ လူမ်ားရင္ေတာ့ ၁၀ လက္မယူမွ ေကာင္းမယ္။ "
လြီနင္က ၿပဳံးၿပီး
" အစ္ကိုတို႔က ႏွစ္ေယာက္ထဲ "
" ႏွစ္ေယာက္လား ... ဒါဆို ေျခာက္လက္မယူရင္ေရာ "
" အင္း... ယူလိုက္မယ္။ "
စားပြဲထိုးေလးက ၿပဳံးၿပီး ေမးလာ၏။
" အကို႔ေမြးေန႕ကို ေကာင္မေလးနဲ႕ ျဖတ္သန္းမလို႔လား။ "
လြီနင္ ပ်ာပ်ာသလဲ ေခါင္းကိုခါယမ္းလိုက္၏။
" မဟုတ္ပါဘူး... အကို႔ညီေလးေမြးေန႕ပါ။ "
သူပိုက္ဆံရွင္းခ်ိန္ေရာက္မွ သူေငြသားမယူခဲ့မိတာကို သတိရသြားသည္။
" ကဒ္နဲ႕ရွင္းလို႔ရလား။ "
" ရပါတယ္ဗ် "
သူကဒ္ကိုလွမ္းေပးလိုက္ၿပီး စားပြဲထိုးေလး ကဒ္ျဖတ္ေနတာကို ရပ္ၾကည့္ေနေလသည္။ လြီနင္စိတ္ထဲ တစ္ခုခုမွားေနတာကို ခံစားမိေနသည္။
ကိတ္က အၾကာႀကီးမေစာင့္လိုက္ရေပ။ လြီနင္ စူပါမားကတ္ထဲဝင္ကာ လွည့္ပတ္ၾကည့္ၿပီး ေလွ်ာ့ေစ်းခ်ထားသည့္ သစ္သီးအခ်ိဳ႕လည္း ဝယ္လိုက္သည္။
လြီနင္ ပိုက္ဆံရွင္းေနရင္း ႐ုတ္တရက္ ဘာမွားေနလဲဆ္ိုတာ နားလည္သြားသည္။
ပိုက္ဆံေတြက အလဟႆျဖစ္ေနတာပဲ။ သူတို႔ဒီၿမိဳ႕ကိုေရာက္တာ တစ္လေက်ာ္ေနၿပီး အသုံးစရိတ္၊ အိမ္ငွားခ၊ ေရခြန္၊ မီတာခေတြအမ်ားႀကီး ကုန္က်ခဲ့သည္။ သို႔ေသာ္လည္း လြီနင့္ကဒ္ထဲ ေငြကေတာ့ တစ္ရာခိုင္ႏႈန္းေတာင္ ေလ်ာ့မသြားခဲ့ေခ်။
သူတို႔ေစ်းႀကီးသည့္ အသုံးအေဆာင္ေတြ မဝယ္ၾကေပမယ့္လည္း အနည္းႏွင့္အမ်ားေတာ့ သုံးသည့္ေငြပမာဏက ေသးေသးေလးမဟုတ္။
အရင္လေတြတုန္းက ေဝ့ဒါ ပရိုဂရမ္ေတြေရးၿပီး ပိုက္ဆံရွာခဲ့သည္။ ဒါက အသုံးစရိတ္ကို ကူေပးနိုင္တယ္ဆိုေပမယ့္လည္း လြီနင္ပိုက္ဆံေတြသာ မသုံးခဲ့ရင္ အေတာ္ေလးကို က်ပ္တည္းခဲ့ေပလိမ့္မည္။
ေဝ့ဒါဘာလို႔ ဒီေလာက္ေခါင္းမာေနရသလဲဆ္ိုတာ သူမသ္ိေပမယ့္ ၾကည့္ရတာ ကေလးဆန္ဆန္အေတြးေတြေၾကာင့္ပဲ ျဖစ္လိမ့္မည္။ အိမ္ျပန္ေရာက္ရင္ သူနဲ႕စကားေျပာဖို႔ရန္ ေသခ်ာေပါက္ လိုေနၿပီ။
လြီနင္ ဒုတိယအထပ္ကေန ဆင္းလာေတာ့ ေစ်းထဲမွာ ဝင္ေပါက္ထြက္ေပါက္ေတြအမ်ားႀကီးရွိတာေၾကာင့္ သူဘယ္ကေနဝင္လာမိလဲဆိုတာ မမွတ္မိေတာ့။ သူအေရွ႕က ေတြ႕ရာတံခါးေပါက္ကိုသာ ဝင္လိုက္ေတာ့သည္။
သူအျပင္ထြက္သြားၿပီးမၾကာခင္ လမ္းမွားေနၿပီမွန္း သိလိုက္ရ၏။ ထိုေနရာတြင္ ကုန္တင္ကားတစ္စီးထိုးရပ္ထားၿပီး အျပာေရာင္ဝတ္စုံႏွင့္လူေတြအမ်ားႀကီးက ကုန္ေတြကို သယ္ေနၾကသည္။
လြီနင္ ျပန္လွည့္ထြက္လာၿပီး လမ္းတစ္ဝက္ရွိေသး လူတစ္ေယာက္၏ ေအာ္သံကို ၾကားလိုက္ရ၏။
" ေဝ့ဒါေရ... ဒီမွာ ေသတၱာတစ္လုံးက်န္ေသးတယ္။ "
" တစ္လုံးက်န္ေသးတာလား။ "
ပစၥည္းေတြသယ္ၿပီးသြားသည့္ ေဝ့ဒါက ကားဆီျပန္လာၿပီး အတြင္းထဲကို ၾကည့္လိုက္သည္။
" ဒီမွာပဲ ခုနတုန္းက ကြၽန္ေတာ္မျမင္လိုက္မိဘူး။ "
" ခ်လိဳက္ ခ်လိဳက္ ! "
" ဟုတ္ကဲ့ "
ေဝ့ဒါ ေခြၽးသုတ္ေနရင္း ႐ုတ္တရက္ သူ႕ကိုတစ္ေယာက္ေယာက္က ၾကည့္ေနတယ္လို႔ ခံစားမိတာေၾကာင့္ ရွာၾကည့္လိုက္ေပမယ့္ ဘယ္သူ႕ကိုမွ မေတြ႕ေပ။
ေကာင္မေလးတစ္ေယာက္က စာရင္းဇယားေတြကို ထပ္စစ္လာသည္။
" ဟုတ္ၿပီ... ဒါက ျပည့္သြားၿပီ။ "
" ဒီတစ္လုံးသြင္းၿပီးရင္ နားလိုက္ေတာ့။ "
" ဟုတ္ကဲ့ "
ေဝ့ဒါ ေထာင့္တစ္ေနရာကိုသြားၿပီး ထိုင္ကာ နားေနလိုက္ေတာ့သည္။
သူႏွင့္အတူ အလုပ္လုပ္သည့္ ဦးေလးႀကီးက သူ႕ပုခုံးကိုပုတ္ကာ ၿပဳံးၿပီး ေျပာလာသည္။
" မင္းကမဆ္ိုးဘူးပဲ။ မင္းလိုပုံစံ လူအမ်ားစုက ရက္ေလးနည္းနည္းေလာက္လုပ္ၿပီးရင္ မလုပ္နိုင္ၾကေတာ့ဘူး။ "
" ဟုတ္လား ကြၽန္ေတာ္က ဘယ္လိုပုံစံမလို႔လဲ။ "
" မင္းက သန့္သန့္ျပန႔္ျပန့္ ဝတ္စားထားေတာ့ တစ္ခ်က္ၾကည့္တာနဲ႕ မင္းေနာက္ခံမိသားစုက ေကာင္းတယ္ဆိုတာ ေျပာနိုင္တယ္။ "
လူႀကီးက ရယ္ေမာၿပီး ဆက္ေျပာလာသည္။
" မင္းအရမ္းႀကီး ဒုကၡမေရာက္ေနဖို႔ ေမွ်ာ္လင့္မိပါတယ္။ မင္း႐ုပ္ရည္ကလည္း ၾကည့္ေကာင္းၿပီး ယဥ္ေက်းမႈလည္းရွိေတာ့ မင္းေက်ာင္းတက္ေနတုန္းမလား။ "
ေဝ့ဒါ မသိမသာၿပဳံးလိုက္မိသည္။
" မင္းဘာတက္ေနတာလဲ။ "
" ရိုက္ကူးေရး "
" ဝိုး... မိုက္လိုက္တာ ! အနာဂတ္မွာ မင္းေတာ့ စီးပြားေရးသမားႀကီးျဖစ္လာေတာ့မွာေပါ့။ ဒါဆိုရင္ေတာ့ မမွားပါေစနဲ႕ကြာ။ ဒီလိုဘဝမ်ိဳးက လူတစ္ေယာက္ရဲ႕ ေသျခင္းရွင္ျခင္းကိုေတာင္ ဆုံးျဖတ္ေပးနိုင္တယ္။ ဒီေလာက္ေကာင္းတဲ့ အေျခအေနနဲ႕ မင္းပိုေကာင္းတဲ့အလုပ္ကိုရွာသင့္တာေပါ့။ ဘာလို႔ ဒီမွာလာလုပ္ေနတာလဲ။ "
"…"
ပိုေကာင္းတဲ့အလုပ္ရွာရမွာလား။
ေဝ့ဒါသူ႕ကိုယ္သူ ေလွာင္ရယ္လိုက္သည္။
" ကြၽန္ေတာ္ ေငြလိုေနလို႔ "
ထိုလူက စိတ္မေကာင္းဟန္ျဖင့္ သက္ျပင္းခ်လိဳက္သည္။
" အရမ္းေတာ္တာပဲ။ မင္းလုပ္ရပ္ကမွန္တယ္။ အျပင္ဘက္က တျခားကေလးေတြကိုၾကည့္လိုက္ အသက္ငယ္ငယ္နဲ႕ ဘာမွႀကိဳးႀကိဳးစားစားမလုပ္ၾကဘဲ သူမ်ားပစၥည္းပဲ လိုက္ခိုးေနၾကတယ္။ "
ေဝ့ဒါ ႏႈတ္ခမ္းကို မဲ့လိုက္ၿပီး မတ္တပ္ထရပ္လိုက္သည္။
" အလုပ္သြားလုပ္လိုက္ဦးမယ္။"
ေဝ့ဒါထြက္လာခဲ့ၿပီး ေသတၱာကို တြန္းလွည္းေပၚတင္လိုက္သည္။
သူက လူေကာင္းတစ္ေယာက္မဟုတ္ဘူးဆိုတာ ေဝ့ဒါ သူ႕ကိုယ္သူ ေသခ်ာသိတာေပါ့။ ဒီကမာၻေပၚတြင္ သူ႕အေပၚအေကာင္းဆုံးလူကိုေတာင္ နိမ့္က်႐ြံရွာဖြယ္နည္းလမ္းေပါင္းစုံသုံးၿပီး သူ႕ေဘးမွာ အက်ဥ္းခ်ထားသည့္လူေလ။ သူလိမ္ညာမေျပာဘဲ မေနနိုင္ေတာ့။ ထိုလူနာက်င္ေနတာကိုျမင္ရေလ သူၿပိဳလဲေနတာကို ျမင္ရေလ သူပိုေပ်ာ္႐ႊင္ရေလသာ။
ဒါေပမယ့္ ေနာက္ဆုံးမွာ လြီနင္က သူ႕ကို တျဖည္းျဖည္း လက္ခံလာခဲ့သည္။
ဒီလိုဆိုး႐ြားလွသည့္ အေျခအေနအတြင္းမွာ သူကသာ လြီနင္၏ တစ္ခုတည္းမွီခိုအားထားရာ ျဖစ္လာသလို သူ႕ခံစားခ်က္ေတြ ေျပာင္းလဲလာသည့္ တစ္ခုတည္းေသာ အေၾကာင္းအရင္းလည္း ျဖစ္လာခဲ့ၿပီ။
လြီနင္က သူ႕ကို အျပည့္အဝလက္ခံလာဖို႔ရန္လည္း နည္းနည္းေလးသာ လိုေတာ့သည္။
ေဝ့ဒါ ပင့္သက္တစ္ခ်က္ရႈလိုက္ၿပီး သူ႕မ်က္ႏွာေပၚက ေခြၽးေတြကိုသုတ္လိုက္ၿပီးေနာက္ ေျမႀကီးေပၚက ေသတၱာကို မလိုက္သည္။
ကိုကိုက သူ႕ကို လမ္းမွန္ေရာက္လာေအာင္ လုပ္ေပးနိုင္တဲ့ တစ္ဦးတည္းေသာသူပဲ။
ကြၽန္ေတာ္ လက္မလႊတ္နိုင္ဘူး....
လုံးဝ လက္ေလွ်ာ့မေပးနိုင္ဘူး...