Nowhere to Go (Myanmar Transl...

By PoneyPeach

196K 25.9K 494

Original Author - Fangua Steamed Bun English Translator - FL AI Robot (38 Chapters) This is my first work. Fu... More

DESCRIPTION
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32.1
Chapter 32.2
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38 << Final >>
ကျေးဇူးတင်လွှာ
for update 😌

Chapter 22

3.1K 557 4
By PoneyPeach

Unicode

ယခု​ရောက်​နေသော မြို့က လွီနင်၏ ဇာတိမြို့ကနေ နှစ်နာရီသာသွားရ၏။ ဒီအကွာအဝေးက အဆင်ပြေတယ်လို့ လွီနင်ထင်သည်။ နေရာကသာ အရမ်းဝေးလွန်းနေပါက ဘူတာရုံမှကတည်းက သူနောင်တရမိနေလိမ့်မည်။

လက်ရှိနေနေသော​နေရာကလည်း ဝေ့ဒါရှာတွေ့ထားသည့် အသစ်ဆောက်လုပ်ပြီးခါစ အဆောက်အဦးတစ်ခုဖြစ်သည်။  အခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခုပါရှိပြီး ပရိဘောဂတွေလည်းဆင်ထားကာ တောင်ဘက်လှည့်လည်းဖြစ်၏။ အစွန်အဖျားကျပြီး ခေါင်မိုးထပ်လည်းဖြစ်တာကြောင့် ငှားရမ်းခကလည်း သက်သာသည်။

မတိုင်မီက လွီနင် နေရာထိုင်ခင်းအဆင်မပြေမှာကို စိုးရိမ်မိခဲ့သေးသည်။ ပွဲစားလည်း မပါတာ​​ကြောင့် ပြန်အပ်လို့လည်းမရ​ပေ။ အခုတော့ အမှန်တကယ် အိမ်ကိုမြင်လိုက်ရချိန် သူတကယ်သဘောကျသွားရသည်။ သူတို့မှာ AIDS ​ရောဂါရှိနေတယ်ဆိုတာ ဘယ်သူမှမသိပေမယ့်လည်း သူတို့ပတ်ဝန်းကျင်က ပိုအထီးကျန်စရာကောင်းသွားတယ်လို့ ခံစားမိနေဆဲပဲ။ ပေါင်းသင်းဆက်ဆံရသည့်သူနည်းလေ ပိုပြီးလုံခြုံမှုရှိလေပဲ။

အရာအားလုံးက အဆင်ပြေချောမွေ့နေသည်။ Delivery ကလည်း နေ့လည်ခင်းကျ ရောက်လာခဲ့၏။ လွီနင် ဘဏ်ကဒ်ထဲတွင် စု​ဆောင်းထားသည့် ငွေနည်းနည်းရှိ​နေသေးကာ ဝေ့ဒါကို လျို့ဝှက်နံပါတ်တွေအားလုံး ပေးထားလိုက်လေသည်။

" ဒီနေရာနဲ့ မင်းအလုပ်က နီးလား။ "

ကွန်ပျူတာ တပ်ဆင်နေတာကို ဝေ့ဒါ ခဏရပ်ထားလ်ိုက်ကာ လွီနင်ကို မော့ကြည့်လာသည်။

" ဘတ်စ်ကားစီးပြီးသွားရင် မကြာပါဘူး။ "

" အလုပ်က နေ့တိုင်းသွားရမှာလား။ "

" မသွားရပါဘူး။ "

ဝေ့ဒါ ပြန်ဖြေလိုက်ပေမယ့် လွီနင် သူ့စကားကို မယုံသင်္ကာဖြစ်မှာစိုးတာကြောင့် ထပ်ပြောလိုက်သည်။

" ဒါပေမယ့် အရမ်းအလုပ်များတဲ့အခါတော့ ရက်ပိုင်းလောက် ဆက်တိုက်သွားရလိမ့်မယ်။ "

" အင်း "

ဝေ့ဒါ နေ့တ်ိုင်းအလုပ်တက်စရာ မလိုဘူးဆိုတာကို ကြားလိုက်ရချိန် ထူးထူးဆန်းဆန်း စိတ်အေးသွားသလို စိတ်မသက်မသာလည်း ဖြစ်သွားရသည်။ အခုသူမှာ ဆန့်ကျင်ဘက် စိတ်အခြေအနေတွေ ပေါင်းစပ်နေသလိုပဲ။ သူ့ညီက်ို သူ့ဘေးမှ ရှိနေစေချင်သလို မျက်နှာချင်းဆိုင်ဖို့ရန်လည်း စိုးရွံ့နေမိပြန်သည်။

ဒီလိုနှင့်ပဲ ရက်အနည်းဟာ အေးအေးချမ်းချမ်းဖြင့် ကုန်ဆုံးသွားခဲ့သည်။

ဆေးစစ်ချက်ရပြီးကတည်းက သူ့ကိုဘယ်သူမှလည်း မရှောင်ဖယ်ကြသလို အတင်းအဖျင်းပြောကြတာတွေလည်းမကြားရပေမယ့် အထီးကျန်သလိုသလို ခံစားနေရဆဲပဲ။

ဝေ့ဒါကို မြင်လိုက်တိုင်း ထိုနေ့ညက အဖြစ်အပျက်ကို ပြန်မြင်ယောင်လာမိနေဆဲပင်။ သေခါနီး နာတာရှည်လူတစ်ယောက်အတွက်တော့ ထိုနေ့ညက ညီအစ်ကိုနှစ်​ယောက်ကြား အရှက်ရဖွယ်ဖြစ်ရပ်အတွက်ရော သူ့ညီကို AIDS ရောဂါကူးစက်စေမှုအတွက်ပါ သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားနေရသည်။

ထိုအပြစ်ကို နောက်ထပ် ဘယ်သောအခါမှ ပြန်ပေးဆပ်လို့ရတော့မည်မဟုတ်။

ထိုညက ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ အရေးမကြီးတော့သလို ထိုအမှားကိုလည်း ပြန်လည် ပြင်ဆင်၍မရနိုင်တော့။ ထိုအကြောင်းတွေကို တွေးမိတိုင်း လွီနင် နာကျင်ရသည်။ အဲ့ဒီညသာ ရှိမနေခဲ့ပါလျှင် လွီနင် သူ့ညီကိုထားခဲ့ပြီး တစ်​ယောက်ထဲသာ နေထိုင်သွားမိလိမ့်မည်။ ဒါပေမယ့် အခုလိုအခြေအနေတွေ ဖြစ်သွားတော့ ဝေ့ဒါ၏ သွေးစစ်ချက်အဖြေလည်း မသ်ိရသေးတာကြောင့် ဘာပဲဖြစ်ဖြစ် သူ့ညီကို မထားရစ်ခဲ့နိုင်တော့ပေ။

" အားလုံး ကိုကိုအပြစ်တွေပဲ ! "

လွီနင် အိမ်မက်ကြောင့် အိပ်နေရာကနေ ရုတ်တရက်လန့်နိုးလာပြီး သူ့တစ်ကိုယ်လုံး ချွေးအေးတွေ စိုရွှဲနေလေသည်။ ဝေ့ဒါ၏ မကျေမနပ်ဖြစ်နေသော အမူအရာက သူ့စိတ်ထဲမှာ စွဲထင်နေဆဲပဲ။ လွီနင် ဖြေး​ဖြေးချင်းထထိုင်လိုက်ကာ နဖူးက ချွေးတွေကို သုတ်ပစ်လိုက်ပြီး ခေါင်းအုံးကြားထဲကျနေသော ဖုန်းကို လှမ်းကောက်လိုက်၏။

၁ နာရီ ၃၆ မိနစ်၊ စာပို့ထားတာလည်းမရှိသလို ဖုန်းခေါ်ထားတာလည်း မရှိ။

နောက်ဆုံးအခေါက် သူ့ဖုန်းပြုတ်ကျသွားချိန်က ပါဝါခလုတ်က ကြောင်သွားသည်။ ဝေ့ဒါပြန်ပြင်လိုက်ပေမယ့် ဖုန်းနံပါတ်တွေအားလုံး ပျက်သွားခဲ့သည်။

တစ်ပတ်ကျော်လောက်ကြာသွားပေမယ့် တစ်ယောက်မှ ဖုန်းဆက်မလာခဲ့ချေ။

သူ့ကို ဖုန်းဆက်ချင်တဲ့သူမရှိဘူးဆိုလျှင်တောင် လျိုကျင်းကတော့ သူ့သူငယ်ချင်းဖြစ်နေဆဲပဲလေ။ ဘယ်သူပဲဖြစ်ဖြစ် သူ့ကိုဖုန်းဆက်ပြီး နေကောင်းလား သက်သာရဲ့လားလို့ နှုတ်ဆက်ပေးလာလျှင် သူအရှုံးသမားတစ်ယောက်လို ခံစားနေရတာကနေ ပိုသက်သာလာပေမည်။

လွီနင် အတွေးများပြီး ပြန်အိပ်လို့မရတော့။ အနောက်ဘက်အခန်းက မီးလင်းနေတာကိုမြင်တော့ လွီနင် တံခါးကိုဖွင့်ကာ သွား၍ ကြည့်လိုက်၏။

Keyboard ကို နှိပ်နေသော လက်ချောင်းတွေကို ရပ်တန့်ပြီး ဝေ့ဒါ သူ့ကို လှည့်ကြည့်လာသည်။

သူနှင့်ဆန့်ကျက်ဘက်ပဲ ဝေ့ဒါကတော့ လက်ရှိသူ့ဘဝကို ကျေနပ်နေပုံပေါ်သည်။

လွီနင် မေးလိုက်၏။
" မင်း မအိပ်သေးဘူးလား။ "

" ကျွန်တော်က ညဇီးကွက်လေ။ ဒီနောက်ပိုင်း ကျွန်တော် အားပိုရှိလာလို့။ "
ဝေ့ဒါက ရယ်မောက ပြောလာ၏။
" လုပ်စရာတစ်ခုကျန်နေသေးလို့။ ဒါပြီးရင် အိပ်တော့မှာ။ ကိုကိုကရော ဘာလို့ထလာတာလဲ။ "

" ငါ အိပ်လို့မရတာနဲ့ မင်းကိုလာကြည့်တာ။ "
လွီနင် ခွက်ထဲကို ရေနွေးလောင်းထည့်လိုက်၏။

ဝေ့ဒါက ခေါင်းငုံ့လျှက် ရေနွေးခွက်ကို လှမ်းယူလိုက်သည်။ ခွက်ကို လက်ထဲမှာ ကိုင်ထားလျှက် မသောက်ဘဲ လွီနင်ကို ငေးကြည့်နေလေသည်။

အစပိုင်းက သူ့စိတ်ထဲမွန်းကျပ်နေတာကြောင့် ဝေ့ဒါကို ရင်ဖွင့်ချင်ခဲ့သည်။ သို့သော်လည်း ဝေ့ဒါပျော်နေတာကို မြင်ရတော့ သူပြောချင်သည့် စကားတွေက ထွက်မလာနိုင်တော့ပေ။ သူမတွေးတတ်တော့ဘဲ စိတ်ကိုလျှော့ချလိုက်ရ၏။

" စောစောအိပ် "

" ဟုတ်ကဲ့ "

ဝေ့ဒါနောက်ပြန်လှည့်လိုက်ချိန် ရုတ်တရက် ဝေ့ဒါ၏ အသံချိုချ်ိုလေးကို ကြားလိုက်ရ၏။

" ကိုကို...  ချစ်တယ်။ "

လွီနင်ကိုယ်က တောင့်တင်းသွားပြီး သူ့နှလုံးသားက မွန်းကျပ်သွားသည်။ လွီနင် သူ့ခေါင်းကိုလှည့်ကာ ပြုံးလိုက်လေ၏။

" ဟုတ်တာပေါ့။ မင်းက ငါ့ညီလေး။ ငါတို့က ညီအစ်ကို​တွေပဲလေ။ "

ဝေ့ဒါမျက်လုံးတွေ မှုန်မှိုင်းသွားကာ သူ့နှုတ်ခမ်းကို သပ်လိုက်၏။

" တနင်္ဂနွေနေ့ အပြင်ထွက်လည်ပြီး date လုပ်ရအောင်။ "

" မင်းအစ်က်ိုနဲ့ လျှောက်လည်ပြီး date ဖို့စဥ်းစားနေတာလား။  အနာဂတ်မှပဲ ကောင်မလေးတစ်ယောက်ရှာပြီး တကယ့် date အစစ်ကို လုပ်သင့်တယ်။ ဒါကို မင်းစိတ်ထဲမှာ မှတ်ထားဦး ။ " 

" အဲ့လိုလူမျိုးရှိလာမှာ မဟုတ်ဘူး။ ကိုကိုကလွဲပြီး ဘယ်သူမှမရှိဘူး။ "

လွီနင် ဝေ့ဒါ၏ အနိုင်ယူချင်သလို ဝန်ခံချက်တွေကို ဘယ်လို ရင်ဆိုင်ရမှန်း မသိတော့တာကြောင့် ငြီးငွေ့စဖွယ်အသံဖြင့် ရယ်မောလိုက်၏။

" ရူးကြောင်ကြောင်စကားတွေ မပြောစမ်းပါနဲ့။ "

" ကိုကို …"

ဝေ့ဒါ မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားပြီး စိတ်ထိခိုက်တဲ့ပုံဖြစ်သွားလေသည်။

ထိုအမူအရာကြောင့် လွီနင် သူ့ကိုယ်သူအပြစ်ရှိသလို ခံစားလိုက်ရပြီး စိတ်ဓာတ်ကျသွားရသည်။ သူခဏလောက် စဥ်းစားပြီးနောက် အားတင်း၍ ပြုံးလိုက်သည်။

" မစိုးရိမ်ပါနဲ့။ ငါ မင်းလိုတဲ့အချိန်အထိ မင်းနဲ့အတူ ရှိနေပေးမှာပါ။ "

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

Zawgyi

ယခု​ေရာက္​ေနေသာ ၿမိဳ႕က လြီနင္၏ ဇာတိၿမိဳ႕ကေန ႏွစ္နာရီသာသြားရ၏။ ဒီအကြာအေဝးက အဆင္ေျပတယ္လို႔ လြီနင္ထင္သည္။ ေနရာကသာ အရမ္းေဝးလြန္းေနပါက ဘူတာ႐ုံမွကတည္းက သူေနာင္တရမိေနလိမ့္မည္။

လက္ရွိေနေနေသာ​ေနရာကလည္း ေဝ့ဒါရွာေတြ႕ထားသည့္ အသစ္ေဆာက္လုပ္ၿပီးခါစ အေဆာက္အဦးတစ္ခုျဖစ္သည္။  အခန္းႏွစ္ခန္း၊ ဧည့္ခန္းတစ္ခုပါရွိၿပီး ပရိေဘာဂေတြလည္းဆင္ထားကာ ေတာင္ဘက္လွည့္လည္းျဖစ္၏။ အစြန္အဖ်ားက်ၿပီး ေခါင္မိုးထပ္လည္းျဖစ္တာေၾကာင့္ ငွားရမ္းခကလည္း သက္သာသည္။

မတိုင္မီက လြီနင္ ေနရာထိုင္ခင္းအဆင္မေျပမွာကို စိုးရိမ္မိခဲ့ေသးသည္။ ပြဲစားလည္း မပါတာ​​ေၾကာင့္ ျပန္အပ္လို႔လည္းမရ​ေပ။ အခုေတာ့ အမွန္တကယ္ အိမ္ကိုျမင္လိုက္ရခ်ိန္ သူတကယ္သေဘာက်သြားရသည္။ သူတို႔မွာ AIDS ​ေရာဂါရွိေနတယ္ဆိုတာ ဘယ္သူမွမသိေပမယ့္လည္း သူတို႔ပတ္ဝန္းက်င္က ပိုအထီးက်န္စရာေကာင္းသြားတယ္လို႔ ခံစားမိေနဆဲပဲ။ ေပါင္းသင္းဆက္ဆံရသည့္သူနည္းေလ ပိုၿပီးလုံၿခဳံမႈရွိေလပဲ။

အရာအားလုံးက အဆင္ေျပေခ်ာေမြ႕ေနသည္။ Delivery ကလည္း ေန႕လည္ခင္းက် ေရာက္လာခဲ့၏။ လြီနင္ ဘဏ္ကဒ္ထဲတြင္ စု​ေဆာင္းထားသည့္ ေငြနည္းနည္းရွိ​ေနေသးကာ ေဝ့ဒါကို လ်ိဳ႕ဝွက္နံပါတ္ေတြအားလုံး ေပးထားလိုက္ေလသည္။

" ဒီေနရာနဲ႕ မင္းအလုပ္က နီးလား။ "

ကြန္ပ်ဴတာ တပ္ဆင္ေနတာကို ေဝ့ဒါ ခဏရပ္ထားလ္ိုက္ကာ လြီနင္ကို ေမာ့ၾကည့္လာသည္။

" ဘတ္စ္ကားစီးၿပီးသြားရင္ မၾကာပါဘူး။ "

" အလုပ္က ေန႕တိုင္းသြားရမွာလား။ "

" မသြားရပါဘူး။ "

ေဝ့ဒါ ျပန္ေျဖလိုက္ေပမယ့္ လြီနင္ သူ႕စကားကို မယုံသကၤာျဖစ္မွာစိုးတာေၾကာင့္ ထပ္ေျပာလိုက္သည္။

" ဒါေပမယ့္ အရမ္းအလုပ္မ်ားတဲ့အခါေတာ့ ရက္ပိုင္းေလာက္ ဆက္တိုက္သြားရလိမ့္မယ္။ "

" အင္း "

ေဝ့ဒါ ေန႕တ္ိုင္းအလုပ္တက္စရာ မလိုဘူးဆိုတာကို ၾကားလိုက္ရခ်ိန္ ထူးထူးဆန္းဆန္း စိတ္ေအးသြားသလို စိတ္မသက္မသာလည္း ျဖစ္သြားရသည္။ အခုသူမွာ ဆန့္က်င္ဘက္ စိတ္အေျခအေနေတြ ေပါင္းစပ္ေနသလိုပဲ။ သူ႕ညီက္ို သူ႕ေဘးမွ ရွိေနေစခ်င္သလို မ်က္ႏွာခ်င္းဆိုင္ဖို႔ရန္လည္း စိုး႐ြံ႕ေနမိျပန္သည္။

ဒီလိုႏွင့္ပဲ ရက္အနည္းဟာ ေအးေအးခ်မ္းခ်မ္းျဖင့္ ကုန္ဆုံးသြားခဲ့သည္။

ေဆးစစ္ခ်က္ရၿပီးကတည္းက သူ႕ကိုဘယ္သူမွလည္း မေရွာင္ဖယ္ၾကသလို အတင္းအဖ်င္းေျပာၾကတာေတြလည္းမၾကားရေပမယ့္ အထီးက်န္သလိုသလို ခံစားေနရဆဲပဲ။

ေဝ့ဒါကို ျမင္လိုက္တိုင္း ထိုေန႕ညက အျဖစ္အပ်က္ကို ျပန္ျမင္ေယာင္လာမိေနဆဲပင္။ ေသခါနီး နာတာရွည္လူတစ္ေယာက္အတြက္ေတာ့ ထိုေန႕ညက ညီအစ္ကိုႏွစ္​ေယာက္ၾကား အရွက္ရဖြယ္ျဖစ္ရပ္အတြက္ေရာ သူ႕ညီကို AIDS ေရာဂါကူးစက္ေစမႈအတြက္ပါ သူ႕ကိုယ္သူ အျပစ္ရွိသလို ခံစားေနရသည္။

ထိုအျပစ္ကို ေနာက္ထပ္ ဘယ္ေသာအခါမွ ျပန္ေပးဆပ္လို႔ရေတာ့မည္မဟုတ္။

ထိုညက ဘယ္သူမွန္တယ္ ဘယ္သူမွားတယ္ဆိုတာ အေရးမႀကီးေတာ့သလို ထိုအမွားကိုလည္း ျပန္လည္ ျပင္ဆင္၍မရနိုင္ေတာ့။ ထိုအေၾကာင္းေတြကို ေတြးမိတိုင္း လြီနင္ နာက်င္ရသည္။ အဲ့ဒီညသာ ရွိမေနခဲ့ပါလွ်င္ လြီနင္ သူ႕ညီကိုထားခဲ့ၿပီး တစ္​ေယာက္ထဲသာ ေနထိုင္သြားမိလိမ့္မည္။ ဒါေပမယ့္ အခုလိုအေျခအေနေတြ ျဖစ္သြားေတာ့ ေဝ့ဒါ၏ ေသြးစစ္ခ်က္အေျဖလည္း မသ္ိရေသးတာေၾကာင့္ ဘာပဲျဖစ္ျဖစ္ သူ႕ညီကို မထားရစ္ခဲ့နိုင္ေတာ့ေပ။

" အားလုံး ကိုကိုအျပစ္ေတြပဲ ! "

လြီနင္ အိမ္မက္ေၾကာင့္ အိပ္ေနရာကေန ႐ုတ္တရက္လန့္နိုးလာၿပီး သူ႕တစ္ကိုယ္လုံး ေခြၽးေအးေတြ စို႐ႊဲေနေလသည္။ ေဝ့ဒါ၏ မေက်မနပ္ျဖစ္ေနေသာ အမူအရာက သူ႕စိတ္ထဲမွာ စြဲထင္ေနဆဲပဲ။ လြီနင္ ေျဖး​ေျဖးခ်င္းထထိုင္လိုက္ကာ နဖူးက ေခြၽးေတြကို သုတ္ပစ္လိုက္ၿပီး ေခါင္းအုံးၾကားထဲက်ေနေသာ ဖုန္းကို လွမ္းေကာက္လိုက္၏။

၁ နာရီ ၃၆ မိနစ္၊ စာပို႔ထားတာလည္းမရွိသလို ဖုန္းေခၚထားတာလည္း မရွိ။

ေနာက္ဆုံးအေခါက္ သူ႕ဖုန္းျပဳတ္က်သြားခ်ိန္က ပါဝါခလုတ္က ေၾကာင္သြားသည္။ ေဝ့ဒါျပန္ျပင္လိုက္ေပမယ့္ ဖုန္းနံပါတ္ေတြအားလုံး ပ်က္သြားခဲ့သည္။

တစ္ပတ္ေက်ာ္ေလာက္ၾကာသြားေပမယ့္ တစ္ေယာက္မွ ဖုန္းဆက္မလာခဲ့ေခ်။

သူ႕ကို ဖုန္းဆက္ခ်င္တဲ့သူမရွိဘူးဆိုလွ်င္ေတာင္ လ်ိဳက်င္းကေတာ့ သူ႕သူငယ္ခ်င္းျဖစ္ေနဆဲပဲေလ။ ဘယ္သူပဲျဖစ္ျဖစ္ သူ႕ကိုဖုန္းဆက္ၿပီး ေနေကာင္းလား သက္သာရဲ႕လားလို႔ ႏႈတ္ဆက္ေပးလာလွ်င္ သူအရႈံးသမားတစ္ေယာက္လို ခံစားေနရတာကေန ပိုသက္သာလာေပမည္။

လြီနင္ အေတြးမ်ားၿပီး ျပန္အိပ္လို႔မရေတာ့။ အေနာက္ဘက္အခန္းက မီးလင္းေနတာကိုျမင္ေတာ့ လြီနင္ တံခါးကိုဖြင့္ကာ သြား၍ ၾကည့္လိုက္၏။

Keyboard ကို ႏွိပ္ေနေသာ လက္ေခ်ာင္းေတြကို ရပ္တန့္ၿပီး ေဝ့ဒါ သူ႕ကို လွည့္ၾကည့္လာသည္။

သူႏွင့္ဆန႔္က်က္ဘက္ပဲ ေဝ့ဒါကေတာ့ လက္ရွိသူ႕ဘဝကို ေက်နပ္ေနပုံေပၚသည္။

လြီနင္ ေမးလိုက္၏။
" မင္း မအိပ္ေသးဘူးလား။ "

" ကြၽန္ေတာ္က ညဇီးကြက္ေလ။ ဒီေနာက္ပိုင္း ကြၽန္ေတာ္ အားပိုရွိလာလို႔။ "
ေဝ့ဒါက ရယ္ေမာက ေျပာလာ၏။
" လုပ္စရာတစ္ခုက်န္ေနေသးလို႔။ ဒါၿပီးရင္ အိပ္ေတာ့မွာ။ ကိုကိုကေရာ ဘာလို႔ထလာတာလဲ။ "

" ငါ အိပ္လို႔မရတာနဲ႕ မင္းကိုလာၾကည့္တာ။ "
လြီနင္ ခြက္ထဲကို ေရေႏြးေလာင္းထည့္လိုက္၏။

ေဝ့ဒါက ေခါင္းငုံ႕လွ်က္ ေရေႏြးခြက္ကို လွမ္းယူလိုက္သည္။ ခြက္ကို လက္ထဲမွာ ကိုင္ထားလွ်က္ မေသာက္ဘဲ လြီနင္ကို ေငးၾကည့္ေနေလသည္။

အစပိုင္းက သူ႕စိတ္ထဲမြန္းက်ပ္ေနတာေၾကာင့္ ေဝ့ဒါကို ရင္ဖြင့္ခ်င္ခဲ့သည္။ သို႔ေသာ္လည္း ေဝ့ဒါေပ်ာ္ေနတာကို ျမင္ရေတာ့ သူေျပာခ်င္သည့္ စကားေတြက ထြက္မလာနိုင္ေတာ့ေပ။ သူမေတြးတတ္ေတာ့ဘဲ စိတ္ကိုေလွ်ာ့ခ်လိဳက္ရ၏။

" ေစာေစာအိပ္ "

" ဟုတ္ကဲ့ "

ေဝ့ဒါေနာက္ျပန္လွည့္လိုက္ခ်ိန္ ႐ုတ္တရက္ ေဝ့ဒါ၏ အသံခ်ိဳခ်္ိုေလးကို ၾကားလိုက္ရ၏။

" ကိုကို...  ခ်စ္တယ္။ "

လြီနင္ကိုယ္က ေတာင့္တင္းသြားၿပီး သူ႕ႏွလုံးသားက မြန္းက်ပ္သြားသည္။ လြီနင္ သူ႕ေခါင္းကိုလွည့္ကာ ၿပဳံးလိုက္ေလ၏။

" ဟုတ္တာေပါ့။ မင္းက ငါ့ညီေလး။ ငါတို႔က ညီအစ္ကို​ေတြပဲေလ။ "

ေဝ့ဒါမ်က္လုံးေတြ မႈန္မွိုင္းသြားကာ သူ႕ႏႈတ္ခမ္းကို သပ္လိုက္၏။

" တနဂၤေႏြေန႕ အျပင္ထြက္လည္ၿပီး date လုပ္ရေအာင္။ "

" မင္းအစ္က္ိုနဲ႕ ေလွ်ာက္လည္ၿပီး date ဖို႔စဥ္းစားေနတာလား။  အနာဂတ္မွပဲ ေကာင္မေလးတစ္ေယာက္ရွာၿပီး တကယ့္ date အစစ္ကို လုပ္သင့္တယ္။ ဒါကို မင္းစိတ္ထဲမွာ မွတ္ထားဦး ။ " 

" အဲ့လိုလူမ်ိဳးရွိလာမွာ မဟုတ္ဘူး။ ကိုကိုကလြဲၿပီး ဘယ္သူမွမရွိဘူး။ "

လြီနင္ ေဝ့ဒါ၏ အနိုင္ယူခ်င္သလို ဝန္ခံခ်က္ေတြကို ဘယ္လို ရင္ဆိုင္ရမွန္း မသိေတာ့တာေၾကာင့္ ၿငီးေငြ႕စဖြယ္အသံျဖင့္ ရယ္ေမာလိုက္၏။

" ႐ူးေၾကာင္ေၾကာင္စကားေတြ မေျပာစမ္းပါနဲ႕။ "

" ကိုကို …"

ေဝ့ဒါ မ်က္ႏွာေပၚက အၿပဳံးက ေပ်ာက္ကြယ္သြားၿပီး စိတ္ထိခိုက္တဲ့ပုံျဖစ္သြားေလသည္။

ထိုအမူအရာေၾကာင့္ လြီနင္ သူ႕ကိုယ္သူအျပစ္ရွိသလို ခံစားလိုက္ရၿပီး စိတ္ဓာတ္က်သြားရသည္။ သူခဏေလာက္ စဥ္းစားၿပီးေနာက္ အားတင္း၍ ၿပဳံးလိုက္သည္။

" မစိုးရိမ္ပါနဲ႕။ ငါ မင္းလိုတဲ့အခ်ိန္အထိ မင္းနဲ႕အတူ ရွိေနေပးမွာပါ။ "


Continue Reading

You'll Also Like

2M 256K 111
လုရွန္းဟာ ကလပ္တစ္ခုမွာ အလုပ္ကိစၥေဆြးေႏြးရာမွ အျပန္ ေကာင္ေလးတစ္ေယာက္ကို လူတစ္စုက ႏွိပ္စက္ေနတာကို ျမင္ခဲ့ၿပီး ကယ္တင္ခဲ့တယ္ ... အဲ့ဒီေကာင္ေလးကို ေမြးစာ...
65.7K 9.7K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
37.7K 3.7K 78
အချစ်ဆိုတာ မထင်မှတ်ထားတဲ့အချိန်မှာ ပုံစံအမျိုးမျိုးနဲ့ ​ရောက်လာတတ်တယ်❤ လေ​ပြေ​လေးတစ်ခုလို ညင်သာစွာ ​ရောက်လာပြီးတီးခတ်လိုက်တဲ့သံစဥ်​လေးကို ကြားရုံနဲ့တ...