Nowhere to Go (Myanmar Transl...

By PoneyPeach

196K 25.9K 494

Original Author - Fangua Steamed Bun English Translator - FL AI Robot (38 Chapters) This is my first work. Fu... More

DESCRIPTION
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32.1
Chapter 32.2
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38 << Final >>
แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€แ€„แ€บแ€œแ€ฝแ€พแ€ฌ
for update ๐Ÿ˜Œ

Chapter 21

3.4K 582 9
By PoneyPeach

Unicode

Positive... Positive တဲ့...

လွီနင် စိတ်ထဲ ဗလာကျင်းသွားရသည်။ ဒါက " နောက်လှည့်မရ ​ရှေ့တိုးမရ" အခြေနေမျိုးပင်။ ဒီအချိန်တိုလေးမှာပဲ အသိတရားတွေအားလုံး ပျောက်ဆုံးသွားပြီး ဘာကိုမှ သူမသိတော့။

ဒါက ကူးစက်ရောဂါဆိုးကြီးလေ။

ဝေ့ဒါက သူ့ကိုဖက်ပြီး နှစ်သိမ့်လာ၏။

" ကိုကို ဘာမှကြောက်စရာမလိုဘူး။ ကိုကို့မှာ ကျွန်တော်တစ်ယောက်လုံးရှိသေးတယ်။  "

သူ့အသံကို ကြားလိုက်ရချိန် လွီနင်ရုတ်တရက် မှင်သက်မိသွားသည်။ လွီနင် ဝေ့ဒါ၏ အင်္ကျီလက်ကိုဆွဲကာ အထိတ်တလန့် မေးလိုက်သည်။

" ဒါ... ဒါဆ်ို... မနေ့က မင်း... ရောဂါကူးသွားပြီပေါ့။ "

လွီနင် အိပ်ရာနိုးချိန်က နောင်တရသလို ဖြစ်နေခဲ့ပေမယ့် စိတ်ထဲမှာတော့ သူကံကောင်းဖို့ရန် မျှော်လင့်နေဆဲပင်။ သို့သော်လည်း သူကူးစက်ခံလိုက်ရပြီဆိုတာကို သိလိုက်ရတော့ သူအရမ်းကို ခါးခါးသီးသီး ဖြစ်မိသွားသည်။

ဝေ့ဒါသာ ကူးစက်မခံရလျှင် ဘာပဲဖြစ်ဖြစ် သူ့အတွက် ကံကောင်းခြင်းပဲ။

ဝေ့ဒါ လွီနင်၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်လျှက်ပြောလိုက်သည်။

" ဘာမှ မဖြစ်ပါဘူး။ "

" ​ဖြစ်နိုင်​လောက်လား ... ရောဂါမကူးတာမျိုးလေ...ယောကျာ်းကနေ မိန်းမကို ကူးတာမျိုးလေ။ "

" ဒါက ဖြစ်နိုင်ချေရှိတဲ့ ပြဿနာတစ်ခုပဲ​လေ။ ငါတို့က ရောဂါကူးစက်နိုင်တဲ့အထိ အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ကြတာလဲမဟုတ်တော့... ဖြစ်နိုင်တာက... "

လွီနင် အိပ်ရာပေါ်က သွေးစတွေကို မြင်လိုက်တော့ သူ့မျက်နှာက ဖြူဖျော့သွားရသည်။

လွီနင်က အထိတ်တလန့် စကားပြောလာလေ ပိုပြီး ကြောက်ရွံ့လာလေဖြစ်နေတယ်လို့ ဝေ့ဒါ ခံစားလိုက်ရ၏။

" ဘာ​ရောဂါမှ မဖြစ်နေဘူးလို့ ကျွန်တော်ပြောနေတယ်လေ !"

လွီနင် စကားပြောတာရပ်သွားပြီး ဝေ့ဒါကို ကြောင်အလျှက် ကြည့်လာ၏။ 

ဝေ့ဒါ လွီနင်၏ အကြည့်ကြောင့် ထိတ်လန့်သွားသည်။ အမှန်တရားကို ထုတ်ပြောမိမလိုဖြစ်သွားပေမယ့် သူပြန်မျ်ိုသိပ်လိုက်၏။

" ကိုကို …"
ဝေ့ဒါ နုညံ့စွာ ခေါ်လိုက်၏။

" ကျွန်တော်ကပဲ ကိုကိုကို အရာအားလုံးကိုလုပ်ဖို့ တွန်းအားပေးခဲ့တာ။ အနာဂတ်မှာ ဘယ်လိုဆိုးဆိုးရွားရွား က်ိစ္စတွေပဲဖြစ်လာပါစေ ဘာမှမဖြစ်ဘူး။ ဒါ ကျွန်တော်ကိုယ်တိုင် လုပ်ခဲ့တာပဲ... ဒါ့အတွက် ကျွန်တော် လုံးဝနောင်တမရဘူး။ "

ဒီစကားတွေက လွီနင်ကို မနှစ်သိမ့်ပေးနိုင်ပေ။ သူက တစ်ခုခုပြောဖို့ရန် ပါးစပ်ကိုဟလိုက်သည်။ ဝေ့ဒါက ပြုံးပြီး ဟန့်တားလိုက်၏။

" ကိစ္စတွေအားလုံးက ဖြစ်ပြီးနေ​ပြီ။ နှစ်​ယောက်အတူအတူ ဖျာနားကြပြီး တစ်ယောက်အခက်အခဲကို တစ်ယောက်က ကူညီရင်း နေသွားကြရအောင်။ ကျွန်တော်ကတော့ ဒီအတိုင်းပဲ မျှော်လင့်တယ်။  "

" ဘယ်လိုနည်းနည်းပဲဖြစ်ဖြစ် မင်းကတော့ အဆင်ပြေမှဖြစ်မှာ။ မင်းဘဝ အဆင်ပြေမှဖြစ်မှာ။ "

လွီနင် ဝေ့ဒါအင်္ကျီကိုဆွဲကာ ထပ်ခါတလဲလဲ ဆိုနေမိသည်။

ဝေ့ဒါ ဒီအကြောင်းကို ဆက်မပြောချင်တော့တာကြောင့် သူထရပ်ပြီး ပြောလိုက်၏။ 

" ကိုကို တစ်ရက်လုံး ဘာမှမစားရသေးဘူးမလား။ ကျွန်တော် ခေါက်ဆွဲလေးသွားလုပ်လိုက်မယ်။ "

ဝေ့ဒါ မီးဖိုခန်းဖက်သို့ လျှောက်လာရင်း တစ်ခုခုကို နင်းမိသွားတာကြောင့် ငုံ့ကြည့်လိုက်တော့ မနေ့ကတည်းက ကြမ်းပေါ်မှာ ကျနေခဲ့သော လွီနင်၏ ဖုန်းဖြစ်နေသည်။

လွီနင် သူ့ကိုကြည့်နေတာကိုမြင်တော့ ဝေ့ဒါဖုန်းကိုကောက်ပြီး အားသွင်းဖို့လုပ်လိုက်သည်။

ထိုအချိန်မှာပဲ ဖုန်းဝင်လာ၏။

" စီနီယာတဲ့။ ကျွန်တော်ပြောလိုက်မယ်။ "
ဝေ့ဒါ စိတ်ထဲလေးသွားပြီး လွီနင်ကို လှမ်းပြောလိုက်၏။

လွီနင်က ပြန်မဖြေချေ။

" ဟယ်လို "
ဝေ့ဒါ နှုတ်ခမ်းကို ကိုက်လိုက်မိကာ ဖုန်းကိုယူပြီး တံခါးကို သေချာပိတ်လိုက်သည်။

" ဟေ့... လွီနင်... ငါ့ကောင်လေး... နင့်ကို ဆက်သွယ်ဖို့ ဘာကြောင့်ခက်နေရတာလဲ။ လျိုကျင်းက ငါ့ကို နင့်အခြေအနေတွေအကုန်လုံး ပြောပြထားပြီးသား။ အထက်လူကြီးတွေကိုလည်း ငါပြောပြလိုက်တော့ နင့်ကို checking မလုပ်ခင် နှစ်လလောက်အနားယူခွင့် ယူလို့ရတယ်တဲ့။ နင်နေကောင်းတာ သေချာသွားရင် အလုပ်ကိုတော့ ပြန်လာရမှာနော်။ တကယ်ပါပဲ... ငါတို့အားလုံး နင်ဘာမှမဖြစ်တာကို သိပေမယ့် ဆေးရုံအသိုင်းအဝိုင်းဆိုတာ နည်းနည်းမှ အမှားခံလို့မရဘူးလေ။ ဒါပေမယ့် ဆေးရုံအုပ်ကြီးကတော့ ဒါနင်အမှားမဟုတ်ဘူးလို့ပြောတယ်။ သူတို့နင့်ကို နောက်ပိုင်းကျရင် ပိုဂရုစိုက်ကြတော့မှာ။ အခုတော့ ငါ နင့်ကို ဒါပဲပြောနိုင်ဦးမယ်။ ဟဲ့... ဘာလို့ ဘာမှပြန်မပြောတာလဲ။ "

" ဟုတ်ကဲ့... ကျွန်တော် အစ်ကိုကို့ပြန်ပြောပြလိုက်ပါ့မယ်။ "

ဝေ့ဒါ အသံကိုကြားတော့ စီနီယာအမက တဟားဟားနှင့် ရယ်လေသည်။

" လွီနင့် ညီလေးလား။ ဟီး ဟီး နင့်အစ်ကိုကို စောင့်ရှောက်လိုက်ဦးနော်။ အမတို့ တစ်ရက်ရက်မှ လာလည်ဦးမယ်။ "

" ဟုတ်ကဲ့ "

ဖုန်းကျသွားတာနှင့် ဝေ့ဒါဖုန်းကိုပိတ်ပြီး ခေါက်ဆွဲထုပ်ယူရန် မီးဖိုခန်းထဲသို့ ဝင်လာခဲ့သည်။ တစ်ဝက်ကို စွပ်ပြုတ်ရည်ထဲ ထည့်ပြုတ်လိုက်ပြီး ဖုန်းကိုယူကာ SIM ကဒ်ကို ဖြုတ်ပစ်လိုက်သည်။

အိုးထဲက ခေါက်ဆွဲတွေကို ကြည့်ရင်း ဝေ့ဒါ သူကိုယ်သူ အရမ်းကလေးဆန်နေမိသလားလို့ ရုတ်တရက် တွေးမိသွားလေ၏။ သူ ဒီအကြောင်းကို ဖုံးကွယ်ထားနိုင်ပါ့မလား။ ဒီမြို့မှာ လွီနင်သိတဲ့လူတွေအများကြီးရှိသည်။ လျိုကျင်း၊ စီနီယာအမနှင့် ဆေးရုံက လုပ်ဖော်ကိုင်ဖက်တွေ။ စာရွက်က မီးက်ိုမဖုံးနိုင်သလို အနှေးနှင့် အမြန် သိသွားမှာပဲ။

ခေါက်ဆွဲပန်းကန်ကိုယူပြီး အခန်းထဲကို ဝင်လိုက်သောအခါ လွီနင်က အိပ်ရာပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်နေတာကို ​တွေ့လိုက်ရလေသည်။

" ကိုကိုတို့ ဆေးရုံက အမလောင်လို့ ခေါ်တဲ့တစ်ယောက် ဆက်တာ။ "

သူ့ညီစကားကို ကြားလိုက်ရတော့ တဖြည်းဖြည်း  လွီနင်ခေါင်းမော့လာပြီး ဝေ့ဒါဆက်ပြောမှာကို စောင့်နေလေသည်။

" ကိုကို ဆေးရုံကို လာစရာမလိုတော့ဘူးလို့ ပြောတယ် ..."

လွီနင် ခဏလောက် ငြိမ်သက်သွားပြီးမှ မပီမသပြန်ဖြေလာ၏။

" အင်း... သိပြီ "

" ကိုကို …"
ဝေ့ဒါ ပန်းကန်ကို စားပွဲပေါ် တင်လိုက်၏။

" ကျွန်တော်တို့ တစ်နေရာရာကို သွားကြရအောင်။ "

"…"

" ကျွန်တော် အလုပ်တစ်ခုလျှောက်ထားတယ်။ လူလည်းနည်းတယ်။ လျို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ ကုမ္ပဏီကို coding ရေးပေးတဲ့နေရာလေးပဲ။  "

ဝေ့ဒါ အနီးအနားက မြို့နာမည်ကို ပြောပြလိုက်၏။

" အရင်ကတည်းက ကျွန်တော်အိမ်တစ်လုံးငှားဖို့ စီစဥ်ထားပြီးပြီ။ ကိုကို ကျွန်တော်နဲ့ လိုက်မလား။ "

လွီနင်ဆီက ပြန်ဖြေသံမထွက်လာခဲ့။ လက်ရှိလွီနင်အခြေအနေက ဝိညာဉ်အချုပ်ခံထားရသည့် ရုပ်သေးရုပ်သာသာပဲ ရှိတော့သည်။

ဝေ့ဒါ လွီနင်နားကို ကပ်သွားပြီး လက်ကိုကိုင်လိုက်၏။
" အတူတူ သွားကြရအောင် နော်... ကိုကို "

လွီနင်၏ ကြေကွဲဝမ်းနည်း​နေ​သော အမူအရာကို မြင်လိုက်ရချိန် ဝေ့ဒါ ကြောက်ရွံမှုကို ခံစားလိုက်ရသည်။ သူ့အတွက်  နာကျင်စရာဆိုလို့ လွီနင် သူ့ကိုထားသွားခဲ့တာပဲရှ်ိတော့သည်။ သူ့အစ်ကိုကို ဒီလိုပုံစံမြင်နေရတော့ ဝေ့ဒါ နှလုံသားက မမျှော်လင့်ဘဲ ဆို့နင့်လာသည်။

သူလက်လျှော့ပြီး အမှန်အတိုင်းသာ ပြောပြလိုက်ချင်တော့သည်။

အကယ်၍ လွီနင်သာ သူ့နှင့်အတူမရှိချင်ဘူးဆိုလျှင် သူ့ကို လက်လွှတ်လိုက်တော့မယ်။

လွီနင့် မျက်ဝန်း​တွေက ​ဝေ့ဒါ မျက်မှာထက်ကို ခဏတာမျှ အကြည့်ရောက်လာသည်။ ဝေ့ဒါထပ်ပြောလိုက်သည်။

" တူတူသွားရအောင် နော်... "

လွီနင် ခေါင်းညိမ့်လျှက် ပြောလိုက်သည်။
" အင်း "

လွီနင်ကို ဆုပ်ကိုင်ထားသည့်လက်က ပိုတင်းကျပ်သွားလေ၏။

ဒီရက်ပိုင်း လွီနင်စိတ်တွေ ရှုပ်ထွေးနေသည်။ ဝေ့ဒါက သူ့ကိုအစာစားဖို့ပြောရင် နည်းနည်းလောက်စားလိုက်သည်။ ဝေ့ဒါက သူ့ကိုအိပ်ချိန်ရောက်ပြီလို့ပြောရင် အိပ်လိုက်သည်။

တစ်ရက်တော့ ဝေ့ဒါခေါ်လာသော ရထားဘူးတာရုံသို့ လွီနင် ဇဝေဇဝါဖြင့် လိုက်လာခဲ့ရသည်။

ဝေ့ဒါကို ဘူတာရုံမှာ မြင်လိုက်ရတော့ ဝေ့ဒါ ဒီနေရာကို အလွန်အမင်း ရင်းနှီးကျွမ်းကျင်နေမှန်း သိလိုက်ရ၏။ ထိုအချိန်တွေတုန်းက လွီနင် ဝေ့ဒါကို အိမ်ပြန်ခေါ်ဖို့ ဒီနေရာကို နေ့တိုင်းလာခဲ့ဖူးသည်။

" ကိုကို... အရင်ဆုံး လုံခြုံရေး စစ်ဆေးခံရမှာလေ။ "

လွီနင် အတွေးလွန်နေသည်ကို မြင်တော့ ဝေ့ဒါ သူ့ဆီလှမ်းလာပြီး လွီနင့်လက်ကို ဆွဲလိုက်သည်။

သူ့ကို ဆွဲသွားသည့်လက်တွေကိုကြည့်ရင်း လွီနင် မထင်မှတ်ဘဲ စိတ်သက်သာရာရသွားသလို သူ့ခံစားချက်တွေလည်း ရှင်းလင်းသွားခဲ့သည်။ သူစိတ်သောကရောက်စရာတွေက်ိုပဲ အပြန်ပြန်အလှန်တွေးပြီး စိတ်ဆင်းရဲနေချိန်တစ်လျှောက်လုံး ဝေ့ဒါက သူ့ကို ဂရုစိုက်ပေးခဲ့လေသည်။ ရုတ်တရက် သူခံစားသွားရသည်။

အနည်းဆုံးတော့ သူ့ညီက သူကိုမထားခဲ့သလို သူ့ကိုလည်း သဘောမကျဘူး။

ဝေ့ဒါက လွီနင်ရေနစ်ကာ သေခါနီးဆဲဆဲမှာတွေ့ရတဲ့ သစ်တုံးတစ်တုံးလိုပဲ။

သူ့ညီအကြောင်းကို တွေးမိလေ အဲ့ဒီနေ့က အဖြစ်အပျက်တွေကို ပြန်မြင်ယောင်လာမိလေပဲ။
[ အဲ့ဒီနေ့ - first time 🌝  ]

အကယ်၍ ဝေ့ဒါလည်း HIV ပိုးအကူးစက်ခံနေရရင် ဘယ်လိုလုပ်မလဲ။

……

လုံခြုံရေးစစ်ဆေးမှုပြီးသွားသူတွေက တဖြေးဖြေးကုန်သွား၏။ လွီနင် စိတ်မသက်မသာဖြစ်နေမှုတွေကို ထိန်းချုပ်ကာ အသက်ကို ဖြေးဖြေးရှူသွင်းလိုက်ကာ သူ့အရှေ့က ဝေ့ဒါကိုမေးလိုက်သည်။

" သင်တန်းကို ဘယ်လိုလုပ်မှာလဲ။ "

" သင်ကြားရေးစာအုပ်တွေအားလုံးကို ကျွန်တော့်ဖာသာ လေ့လာပြီးသွားပြီ။ ကိစ္စမရှိဘူး။ "

" စာမေးပွဲကရော "

" အဲ့ဒီနေ့ရောက်ရင် သွားဖြေလိုက်ရုံပဲ။ "

" ဘယ်လောက်ကြာရင် ငါတို့ပြန်လာမှာလဲ။ "

ဝေ့ဒါ သူ့ကို လှည့်ကြည့်လာသည်။

" ရက်နည်းနည်းလောက်ကြာရင် မင်းသွေးစစ်ကြည့်သင့်တယ် …"

"…"

လွီနင်စကားကို ဝေ့ဒါက ဘာမှပြန်ပြောမလာတာကြောင့် မော့ကြည့်လိုက်ရာ အံ့သြနေသည့် အမူအရာဖြင့် တစ်နေရာကို လှမ်းကြည့်နေသည့် ဝေ့ဒါကို တွေ့လိုက်ရ၏။ လွီနင်လည်း ဝေ့ဒါကြည့်ရာဘက်သို့ လိုက်ကြည့်လိုက်၏။

ထိုနေရာတွင် မိန်းမတစ်ယောက်ကို မြင်လိုက်ရ၏။ ရှပ်အင်္ကျီအနီကို ဝတ်ဆင်ထားသော အသက်သုံးဆယ်အရွယ် ပိန်ပါးသည့် မိန်းမတစ်ယောက်ပင်။  သူမက အရိုးခြောက်ကဲ့သို့  ပ်ိန်ခြောက်နေ၏။ မေးရိုးနှစ်ဖက်က အတွင်းကို ချိုင့်ဝင်နေကာ ပါးလွှာပြီး ချွန်ထက်နေသော မေးစေ့တွေကလည်း ထူးဆန်းသည့် စိတ်ခံစားချက်ကို ဖြစ်ပေါ်စေသည်။

ဝေ့ဒါ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိ၏။

သူမက ပိန်လွန်းနေပေမယ့်လည်း အသားအရေက ဝါကြင့်ကြင့်နှင့် မျက်လုံးများက မှုန်မှိုင်းနေ၏။ သူမ၏ တင့်တယ်သော အသွင်အ​ပြင်အရ သူမက မိန်းမလှလေးတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာ အတပ်ပြောနိုင်သည်။ သူမ၏ လှပသော အသွင်အပြင်က ဝေ့ဒါနှင့်ပင် ဆင်တူနေသေးသည်။

ထိုမိန်းမ၏ နာမည်က လွီနင်စိတ်ထဲမှာ အလျှင်အမြန်ပဲ ပေါ်လာလေသည်။

ယန်မိန့်ချီ...

" ဒါကို အရင်ယူထားလိုက်။ ခဏ​နေရင် ပြန်လာခဲ့မယ်။ "

ဝေ့ဒါက ရထားလက်မှတ်ကိုထုတ်ကာ သူ့အိတ်ကိုရော လွီနင်လက်ထဲ ထည့်လိုက်၏။ သူကတော့ လူအုပ်ကြီးကိုတိုးဝှေ့ကာ ပြေးထွက်သွားလေသည်။

လွီနင် စွံ့အကာ မတ်တပ်ရပ်ကျန်ခဲ့သည်။ အနောက်က လူတွေက သူကိုတွန်းထိုးပြီး အလျှင်အမြန်ပဲ ကျော်တက်သွားကြသည်။

ယန်မိန့်ချီ ... ဝေ့ဒါအမေ ... သူ့မိထွေး....

ငါးနှစ်လောက်ပျောက်နေခဲ့တဲ့ မိန်းမက ဘာလို့ရုတ်တရက်ကြီး ပြန်ပေါ်လာတာလဲ။

သူမ ဘာလို့ပြန်လာတာလဲ။
ဝေ့ဒါက်ို ပြန်ခေါ်သွားချင်လို့လား။

လွီနင် ခရီးဆောင်အိတ်ကို လုံခြုံရေးကောင်တာမှာအပ်ကာ အစစ်ခံပြီးနောက် အိတ်ကိုပြန်သယ်ပြီး စစ်ဆေးရေးဂိတ်ကို ဖြတ်ကာ စောင့်ဆိုင်းရေးအခန်းထဲကို လျှောက်ဝင်ခဲ့လိုက်၏။

သူတို့နှစ်ယောက်လုံး အဆင်ပြေပြေ နေထိုင်နေခဲ့တာကြောင့် ဝေ့ဒါက သူနှင့်မတူဘူးဆိုတာကို မေ့သွားခဲ့သည်။ ဒီလောကမှာ ဝေ့ဒါအတွက် မိသားစုဝင်တစ်ယောက် ရှိနေသေးသည်လေ။

ထိုမိန်းမက ဝေ့ဒါကို ပြန်ခေါ်သွားခဲ့လျှင် ဘာမှ အပြစ်တင်စရာ အကြောင်းမရှိပေ။ သူမက ဝေ့ဒါကို စွန့်ပစ်ခဲ့ပေမယ့်လည်း သူ့အမေဖြစ်နေဆဲပဲ။ သွေးက ရေထက်​တောင်ပျစ်တယ်တဲ့။ သူ့လို သွေးသားတော်စပ်မှုမရှိသည့် အစ်ကိုတစ်ယောက်က ဘယ်လိုများ ယှဥ်နိုင်မှာတဲ့လဲ။

ရထားထွက်ချိန်မကျသေးတာကြောင့် လူနှစ်ယောက်ထိုင်ရန် ထိုင်ခုံအလွတ်နှစ်ခုကို လွီနင်ရလိုက်၏။ တစ်ခုံမှာ ဝင်ထိုင်လိုက်ကာ ကျန်ခုံပေါ်ကို ခရီးဆောင်အိတ်တင်ထားလိုက်သည်။

သူ့အဖေသေဆုံးသွားပြီးကတည်းက သူနှင့်ဝေ့ဒါကြားက တော်စပ်မှုကလည်း ပျက်စီးသွားခဲ့ပြီ။ ဝေ့ဒါထွက်သွားသောအခါမှာလည်း မိသားစုလိုချင်တဲ့ သူ့ဆန္ဒတွေအရ သူ့ညီခွင့်ပြုချက်မရှိဘဲ ဝေ့ဒါနာမည်ကို သုံးနေမိဆဲပဲ။
[ T\N: ဝေ့ဒါနဲ့သူက သွေးသားမတော်စပ်ဘဲ လွီနင်က သူ့မှာ​ဝေ့ဒါဆ်ိုတဲ့ ညီတစ်ယောက်ရှိတယ်ဆိုပြီး လူတိုင်းကို ပြောနေခဲ့တာပါ။ ]

ရထားထွက်ချိန်နီးလာလေ စောင့်ဆိုင်းရေးခန်းထဲမှာ လူတွေပိုများလာလေပဲ။ လူတစ်ယောက်က လွီနင်အိတ်ကို လက်ညှိုးထိုးပြီး မေးလာ၏။

" ဒီနေရာမှာ လူရှိတာလား။ "

" ဟုတ်ကဲ့ "

လွီနင်ခေါင်းညိမ့်ပြလိုက်တော့ ထိုလူက နောက်ထပ်ထိုင်ခုံတစ်ခုံ ထပ်ရှာဖို့ ထွက်သွားလေသည်။

ဘူတာရုံကနေ လွီနင်စီးရမည့် ရထားထွက်တော့မယ့်အကြောင်း ကြေညာသည့်တိုင် သူ့ဘေးကထိုင်ခုံပေါ်ကို အိတ်တင်ထားဆဲသာ။

လွီနင် အနည်းငယ် စိတ်မသက်မသာခံစားလာရပြီး လည်ပင်းကိုဆန့်ကာ စောင့်ဆိုင်းရေးဝင်ပေါက်ဘက်သို့ ကြည့်နေမိ၏။

သို့သော်လည်း သူ့မြင်ကွင်းက ရထားလက်မှတ်စစ်ဖို့ တန်းစီးနေသည့် လူတွေ၏ ပိတ်ဆို့မှုကြောင့် ဘာက်ိုမှ မမြင်ရတော့။

လွီနင် ဘာကိုဝမ်းနည်းနေမှန်းမသိပေ။ ထို့ကြောင့် သူ့ကိုယ်သူ အားတင်းကာ ပြုံးထားလိုက်မိသည်။

အကယ်၍ ဝေ့ဒါသာ သူ့အမေနှင့်အတူ ကျန်နေမယ်ဆိုလျှင် သူ့အတွက် ပူပန်စရာမရှိတော့တာပေါ့။

တစ်ခုပြီးရင် အားလုံးပြီးဆုံးသွားလိမ့်မည်။
" ကိုကို !"
ရုတ်တရက် လူတစ်ယောက်က သူ့ဘေးကအိတ်ကို ကောက်ယူလိုက်သည်။
" ကျွန်တော်တို့ လက်မှတ်တွေကို စစ်ပြီးသွားပြီ။ သွားစို့။ "

လွီနင် ဝေ့ဒါကို အံ့သြတကြီး ကြည့်နေမိ၏။ "မင်း…"

" ဘာဖြစ်လို့လဲ။ "
ဝေ့ဒါက အပြေးလာခဲ့ရတာကြောင့် ဟောဟဲလိုက်နေသည်။

လွီနင် စိတ်ကိုလျှော့ကာ မေးလိုက်သည်။
" ခုနက မင်းအမေမလား။ "

ဝေ့ဒါက မဖြေချင်ဖြေချင်ဖြင့်
" အမြင်မှားသွားတာ။ "

လွီနင် ဖျစ်ညှစ်ပြုံးလိုက်ရ၏။
" အရမ်းကြာနေတော့ ငါက မင်းပြန်မလာတော့ဘူးလို့တောင် ထင်နေတာ။ "

ဝေ့ဒါ ခဏလောက်စွံ့အသွားပြီးနောက် ခါးသီးစွာ ပြုံးလိုက်၏။

" မဟုတ်ဘူး ... ကိုကို ... ကိုကိုကသာ ကျွန်တော့်ကို စွန့်ပစ်သွားခဲ့တာ။ ကျွန်တော်ဘက်စ​ပြီးကတော့ ကိုကိုကိုဘယ်တော့မှ ထားသွားမှာမဟုတ်ဘူး။ "

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

Zawgyi

Positive... Positive တဲ့...

လြီနင္ စိတ္ထဲ ဗလာက်င္းသြားရသည္။ ဒါက " ေနာက္လွည့္မရ ​ေရွ႕တိုးမရ" အေျခေနမ်ိဳးပင္။ ဒီအခ်ိန္တိုေလးမွာပဲ အသိတရားေတြအားလုံး ေပ်ာက္ဆုံးသြားၿပီး ဘာကိုမွ သူမသိေတာ့။

ဒါက ကူးစက္ေရာဂါဆိုးႀကီးေလ။

ေဝ့ဒါက သူ႕ကိုဖက္ၿပီး ႏွစ္သိမ့္လာ၏။

" ကိုကို ဘာမွေၾကာက္စရာမလိုဘူး။ ကိုကို႔မွာ ကြၽန္ေတာ္တစ္ေယာက္လုံးရွိေသးတယ္။  "

သူ႕အသံကို ၾကားလိုက္ရခ်ိန္ လြီနင္႐ုတ္တရက္ မွင္သက္မိသြားသည္။ လြီနင္ ေဝ့ဒါ၏ အကၤ်ီလက္ကိုဆြဲကာ အထိတ္တလန့္ ေမးလိုက္သည္။

" ဒါ... ဒါဆ္ို... မေန႕က မင္း... ေရာဂါကူးသြားၿပီေပါ့။ "

လြီနင္ အိပ္ရာနိုးခ်ိန္က ေနာင္တရသလို ျဖစ္ေနခဲ့ေပမယ့္ စိတ္ထဲမွာေတာ့ သူကံေကာင္းဖို႔ရန္ ေမွ်ာ္လင့္ေနဆဲပင္။ သို႔ေသာ္လည္း သူကူးစက္ခံလိုက္ရၿပီဆိုတာကို သိလိုက္ရေတာ့ သူအရမ္းကို ခါးခါးသီးသီး ျဖစ္မိသြားသည္။

ေဝ့ဒါသာ ကူးစက္မခံရလွ်င္ ဘာပဲျဖစ္ျဖစ္ သူ႕အတြက္ ကံေကာင္းျခင္းပဲ။

ေဝ့ဒါ လြီနင္၏ ျဖဴေဖ်ာ့ေနေသာ မ်က္ႏွာကို ၾကည့္လွ်က္ေျပာလိုက္သည္။

" ဘာမွ မျဖစ္ပါဘူး။ "

" ​ျဖစ္နိုင္​ေလာက္လား ... ေရာဂါမကူးတာမ်ိဳးေလ...ေယာက်ာ္းကေန မိန္းမကို ကူးတာမ်ိဳးေလ။ "

" ဒါက ျဖစ္နိုင္ေခ်ရွိတဲ့ ျပႆနာတစ္ခုပဲ​ေလ။ ငါတို႔က ေရာဂါကူးစက္နိုင္တဲ့အထိ အႀကိမ္ေပါင္းမ်ားစြာ ျဖစ္ခဲ့ၾကတာလဲမဟုတ္ေတာ့... ျဖစ္နိုင္တာက... "

လြီနင္ အိပ္ရာေပၚက ေသြးစေတြကို ျမင္လိုက္ေတာ့ သူ႕မ်က္ႏွာက ျဖဴေဖ်ာ့သြားရသည္။

လြီနင္က အထိတ္တလန့္ စကားေျပာလာေလ ပိုၿပီး ေၾကာက္႐ြံ႕လာေလျဖစ္ေနတယ္လို႔ ေဝ့ဒါ ခံစားလိုက္ရ၏။

" ဘာ​ေရာဂါမွ မျဖစ္ေနဘူးလို႔ ကြၽန္ေတာ္ေျပာေနတယ္ေလ !"

လြီနင္ စကားေျပာတာရပ္သြားၿပီး ေဝ့ဒါကို ေၾကာင္အလွ်က္ ၾကည့္လာ၏။ 

ေဝ့ဒါ လြီနင္၏ အၾကည့္ေၾကာင့္ ထိတ္လန့္သြားသည္။ အမွန္တရားကို ထုတ္ေျပာမိမလိုျဖစ္သြားေပမယ့္ သူျပန္မ်္ိုသိပ္လိုက္၏။

" ကိုကို …"
ေဝ့ဒါ ႏုညံ့စြာ ေခၚလိုက္၏။

" ကြၽန္ေတာ္ကပဲ ကိုကိုကို အရာအားလုံးကိုလုပ္ဖို႔ တြန္းအားေပးခဲ့တာ။ အနာဂတ္မွာ ဘယ္လိုဆိုးဆိုး႐ြား႐ြား က္ိစၥေတြပဲျဖစ္လာပါေစ ဘာမွမျဖစ္ဘူး။ ဒါ ကြၽန္ေတာ္ကိုယ္တိုင္ လုပ္ခဲ့တာပဲ... ဒါ့အတြက္ ကြၽန္ေတာ္ လုံးဝေနာင္တမရဘူး။ "

ဒီစကားေတြက လြီနင္ကို မႏွစ္သိမ့္ေပးနိုင္ေပ။ သူက တစ္ခုခုေျပာဖို႔ရန္ ပါးစပ္ကိုဟလိုက္သည္။ ေဝ့ဒါက ၿပဳံးၿပီး ဟန့္တားလိုက္၏။

" ကိစၥေတြအားလုံးက ျဖစ္ၿပီးေန​ၿပီ။ ႏွစ္​ေယာက္အတူအတူ ဖ်ာနားၾကၿပီး တစ္ေယာက္အခက္အခဲကို တစ္ေယာက္က ကူညီရင္း ေနသြားၾကရေအာင္။ ကြၽန္ေတာ္ကေတာ့ ဒီအတိုင္းပဲ ေမွ်ာ္လင့္တယ္။  "

" ဘယ္လိုနည္းနည္းပဲျဖစ္ျဖစ္ မင္းကေတာ့ အဆင္ေျပမွျဖစ္မွာ။ မင္းဘဝ အဆင္ေျပမွျဖစ္မွာ။ "

လြီနင္ ေဝ့ဒါအကၤ်ီကိုဆြဲကာ ထပ္ခါတလဲလဲ ဆိုေနမိသည္။

ေဝ့ဒါ ဒီအေၾကာင္းကို ဆက္မေျပာခ်င္ေတာ့တာေၾကာင့္ သူထရပ္ၿပီး ေျပာလိုက္၏။ 

" ကိုကို တစ္ရက္လုံး ဘာမွမစားရေသးဘူးမလား။ ကြၽန္ေတာ္ ေခါက္ဆြဲေလးသြားလုပ္လိုက္မယ္။ "

ေဝ့ဒါ မီးဖိုခန္းဖက္သို႔ ေလွ်ာက္လာရင္း တစ္ခုခုကို နင္းမိသြားတာေၾကာင့္ ငုံ႕ၾကည့္လိုက္ေတာ့ မေန႕ကတည္းက ၾကမ္းေပၚမွာ က်ေနခဲ့ေသာ လြီနင္၏ ဖုန္းျဖစ္ေနသည္။

လြီနင္ သူ႕ကိုၾကည့္ေနတာကိုျမင္ေတာ့ ေဝ့ဒါဖုန္းကိုေကာက္ၿပီး အားသြင္းဖို႔လုပ္လိုက္သည္။

ထိုအခ်ိန္မွာပဲ ဖုန္းဝင္လာ၏။

" စီနီယာတဲ့။ ကြၽန္ေတာ္ေျပာလိုက္မယ္။ "
ေဝ့ဒါ စိတ္ထဲေလးသြားၿပီး လြီနင္ကို လွမ္းေျပာလိုက္၏။

လြီနင္က ျပန္မေျဖေခ်။

" ဟယ္လို "
ေဝ့ဒါ ႏႈတ္ခမ္းကို ကိုက္လိုက္မိကာ ဖုန္းကိုယူၿပီး တံခါးကို ေသခ်ာပိတ္လိုက္သည္။

" ေဟ့... လြီနင္... ငါ့ေကာင္ေလး... နင့္ကို ဆက္သြယ္ဖို႔ ဘာေၾကာင့္ခက္ေနရတာလဲ။ လ်ိဳက်င္းက ငါ့ကို နင့္အေျခအေနေတြအကုန္လုံး ေျပာျပထားၿပီးသား။ အထက္လူႀကီးေတြကိုလည္း ငါေျပာျပလိုက္ေတာ့ နင့္ကို checking မလုပ္ခင္ ႏွစ္လေလာက္အနားယူခြင့္ ယူလို႔ရတယ္တဲ့။ နင္ေနေကာင္းတာ ေသခ်ာသြားရင္ အလုပ္ကိုေတာ့ ျပန္လာရမွာေနာ္။ တကယ္ပါပဲ... ငါတို႔အားလုံး နင္ဘာမွမျဖစ္တာကို သိေပမယ့္ ေဆး႐ုံအသိုင္းအဝိုင္းဆိုတာ နည္းနည္းမွ အမွားခံလို႔မရဘူးေလ။ ဒါေပမယ့္ ေဆး႐ုံအုပ္ႀကီးကေတာ့ ဒါနင္အမွားမဟုတ္ဘူးလို႔ေျပာတယ္။ သူတို႔နင့္ကို ေနာက္ပိုင္းက်ရင္ ပိုဂ႐ုစိုက္ၾကေတာ့မွာ။ အခုေတာ့ ငါ နင့္ကို ဒါပဲေျပာနိုင္ဦးမယ္။ ဟဲ့... ဘာလို႔ ဘာမွျပန္မေျပာတာလဲ။ "

" ဟုတ္ကဲ့... ကြၽန္ေတာ္ အစ္ကိုကို႔ျပန္ေျပာျပလိုက္ပါ့မယ္။ "

ေဝ့ဒါ အသံကိုၾကားေတာ့ စီနီယာအမက တဟားဟားႏွင့္ ရယ္ေလသည္။

" လြီနင့္ ညီေလးလား။ ဟီး ဟီး နင့္အစ္ကိုကို ေစာင့္ေရွာက္လိုက္ဦးေနာ္။ အမတို႔ တစ္ရက္ရက္မွ လာလည္ဦးမယ္။ "

" ဟုတ္ကဲ့ "

ဖုန္းက်သြားတာႏွင့္ ေဝ့ဒါဖုန္းကိုပိတ္ၿပီး ေခါက္ဆြဲထုပ္ယူရန္ မီးဖိုခန္းထဲသို႔ ဝင္လာခဲ့သည္။ တစ္ဝက္ကို စြပ္ျပဳတ္ရည္ထဲ ထည့္ျပဳတ္လိုက္ၿပီး ဖုန္းကိုယူကာ SIM ကဒ္ကို ျဖဳတ္ပစ္လိုက္သည္။

အိုးထဲက ေခါက္ဆြဲေတြကို ၾကည့္ရင္း ေဝ့ဒါ သူကိုယ္သူ အရမ္းကေလးဆန္ေနမိသလားလို႔ ႐ုတ္တရက္ ေတြးမိသြားေလ၏။ သူ ဒီအေၾကာင္းကို ဖုံးကြယ္ထားနိုင္ပါ့မလား။ ဒီၿမိဳ႕မွာ လြီနင္သိတဲ့လူေတြအမ်ားႀကီးရွိသည္။ လ်ိဳက်င္း၊ စီနီယာအမႏွင့္ ေဆး႐ုံက လုပ္ေဖာ္ကိုင္ဖက္ေတြ။ စာ႐ြက္က မီးက္ိုမဖုံးနိုင္သလို အေႏွးႏွင့္ အျမန္ သိသြားမွာပဲ။

ေခါက္ဆြဲပန္းကန္ကိုယူၿပီး အခန္းထဲကို ဝင္လိုက္ေသာအခါ လြီနင္က အိပ္ရာေပၚတြင္ စိတ္ပ်က္လက္ပ်က္ ထိုင္ေနတာကို ​ေတြ႕လိုက္ရေလသည္။

" ကိုကိုတို႔ ေဆး႐ုံက အမေလာင္လို႔ ေခၚတဲ့တစ္ေယာက္ ဆက္တာ။ "

သူ႕ညီစကားကို ၾကားလိုက္ရေတာ့ တျဖည္းျဖည္း  လြီနင္ေခါင္းေမာ့လာၿပီး ေဝ့ဒါဆက္ေျပာမွာကို ေစာင့္ေနေလသည္။

" ကိုကို ေဆး႐ုံကို လာစရာမလိုေတာ့ဘူးလို႔ ေျပာတယ္ ..."

လြီနင္ ခဏေလာက္ ၿငိမ္သက္သြားၿပီးမွ မပီမသျပန္ေျဖလာ၏။

" အင္း... သိၿပီ "

" ကိုကို …"
ေဝ့ဒါ ပန္းကန္ကို စားပြဲေပၚ တင္လိုက္၏။

" ကြၽန္ေတာ္တို႔ တစ္ေနရာရာကို သြားၾကရေအာင္။ "

"…"

" ကြၽန္ေတာ္ အလုပ္တစ္ခုေလွ်ာက္ထားတယ္။ လူလည္းနည္းတယ္။ လ်ိဳ႕ဝွက္ခ်က္ကို ထိန္းသိမ္းဖို႔ ကုမၸဏီကို coding ေရးေပးတဲ့ေနရာေလးပဲ။  "

ေဝ့ဒါ အနီးအနားက ၿမိဳ႕နာမည္ကို ေျပာျပလိုက္၏။

" အရင္ကတည္းက ကြၽန္ေတာ္အိမ္တစ္လုံးငွားဖို႔ စီစဥ္ထားၿပီးၿပီ။ ကိုကို ကြၽန္ေတာ္နဲ႕ လိုက္မလား။ "

လြီနင္ဆီက ျပန္ေျဖသံမထြက္လာခဲ့။ လက္ရွိလြီနင္အေျခအေနက ဝိညာဥ္အခ်ဳပ္ခံထားရသည့္ ႐ုပ္ေသး႐ုပ္သာသာပဲ ရွိေတာ့သည္။

ေဝ့ဒါ လြီနင္နားကို ကပ္သြားၿပီး လက္ကိုကိုင္လိုက္၏။
" အတူတူ သြားၾကရေအာင္ ေနာ္... ကိုကို "

လြီနင္၏ ေၾကကြဲဝမ္းနည္း​ေန​ေသာ အမူအရာကို ျမင္လိုက္ရခ်ိန္ ေဝ့ဒါ ေၾကာက္႐ြံမႈကို ခံစားလိုက္ရသည္။ သူ႕အတြက္  နာက်င္စရာဆိုလို႔ လြီနင္ သူ႕ကိုထားသြားခဲ့တာပဲရွ္ိေတာ့သည္။ သူ႕အစ္ကိုကို ဒီလိုပုံစံျမင္ေနရေတာ့ ေဝ့ဒါ ႏွလုံသားက မေမွ်ာ္လင့္ဘဲ ဆို႔နင့္လာသည္။

သူလက္ေလွ်ာ့ၿပီး အမွန္အတိုင္းသာ ေျပာျပလိုက္ခ်င္ေတာ့သည္။

အကယ္၍ လြီနင္သာ သူ႕ႏွင့္အတူမရွိခ်င္ဘူးဆိုလွ်င္ သူ႕ကို လက္လႊတ္လိုက္ေတာ့မယ္။

လြီနင့္ မ်က္ဝန္း​ေတြက ​ေဝ့ဒါ မ်က္မွာထက္ကို ခဏတာမွ် အၾကည့္ေရာက္လာသည္။ ေဝ့ဒါထပ္ေျပာလိုက္သည္။

" တူတူသြားရေအာင္ ေနာ္... "

လြီနင္ ေခါင္းညိမ့္လွ်က္ ေျပာလိုက္သည္။
" အင္း "

လြီနင္ကို ဆုပ္ကိုင္ထားသည့္လက္က ပိုတင္းက်ပ္သြားေလ၏။

ဒီရက္ပိုင္း လြီနင္စိတ္ေတြ ရႈပ္ေထြးေနသည္။ ေဝ့ဒါက သူ႕ကိုအစာစားဖို႔ေျပာရင္ နည္းနည္းေလာက္စားလိုက္သည္။ ေဝ့ဒါက သူ႕ကိုအိပ္ခ်ိန္ေရာက္ၿပီလို႔ေျပာရင္ အိပ္လိုက္သည္။

တစ္ရက္ေတာ့ ေဝ့ဒါေခၚလာေသာ ရထားဘူးတာ႐ုံသို႔ လြီနင္ ဇေဝဇဝါျဖင့္ လိုက္လာခဲ့ရသည္။

ေဝ့ဒါကို ဘူတာ႐ုံမွာ ျမင္လိုက္ရေတာ့ ေဝ့ဒါ ဒီေနရာကို အလြန္အမင္း ရင္းႏွီးကြၽမ္းက်င္ေနမွန္း သိလိုက္ရ၏။ ထိုအခ်ိန္ေတြတုန္းက လြီနင္ ေဝ့ဒါကို အိမ္ျပန္ေခၚဖို႔ ဒီေနရာကို ေန႕တိုင္းလာခဲ့ဖူးသည္။

" ကိုကို... အရင္ဆုံး လုံၿခဳံေရး စစ္ေဆးခံရမွာေလ။ "

လြီနင္ အေတြးလြန္ေနသည္ကို ျမင္ေတာ့ ေဝ့ဒါ သူ႕ဆီလွမ္းလာၿပီး လြီနင့္လက္ကို ဆြဲလိုက္သည္။

သူ႕ကို ဆြဲသြားသည့္လက္ေတြကိုၾကည့္ရင္း လြီနင္ မထင္မွတ္ဘဲ စိတ္သက္သာရာရသြားသလို သူ႕ခံစားခ်က္ေတြလည္း ရွင္းလင္းသြားခဲ့သည္။ သူစိတ္ေသာကေရာက္စရာေတြက္ိုပဲ အျပန္ျပန္အလွန္ေတြးၿပီး စိတ္ဆင္းရဲေနခ်ိန္တစ္ေလွ်ာက္လုံး ေဝ့ဒါက သူ႕ကို ဂ႐ုစိုက္ေပးခဲ့ေလသည္။ ႐ုတ္တရက္ သူခံစားသြားရသည္။

အနည္းဆုံးေတာ့ သူ႕ညီက သူကိုမထားခဲ့သလို သူ႕ကိုလည္း သေဘာမက်ဘဴး။

ေဝ့ဒါက လြီနင္ေရနစ္ကာ ေသခါနီးဆဲဆဲမွာေတြ႕ရတဲ့ သစ္တုံးတစ္တုံးလိုပဲ။

သူ႕ညီအေၾကာင္းကို ေတြးမိေလ အဲ့ဒီေန႕က အျဖစ္အပ်က္ေတြကို ျပန္ျမင္ေယာင္လာမိေလပဲ။
[ အဲ့ဒီေန႕ - first time 🌝  ]

အကယ္၍ ေဝ့ဒါလည္း HIV ပိုးအကူးစက္ခံေနရရင္ ဘယ္လိုလုပ္မလဲ။

……

လုံၿခဳံေရးစစ္ေဆးမႈၿပီးသြားသူေတြက တေျဖးေျဖးကုန္သြား၏။ လြီနင္ စိတ္မသက္မသာျဖစ္ေနမႈေတြကို ထိန္းခ်ဳပ္ကာ အသက္ကို ေျဖးေျဖးရႉသြင္းလိုက္ကာ သူ႕အေရွ႕က ေဝ့ဒါကိုေမးလိုက္သည္။

" သင္တန္းကို ဘယ္လိုလုပ္မွာလဲ။ "

" သင္ၾကားေရးစာအုပ္ေတြအားလုံးကို ကြၽန္ေတာ့္ဖာသာ ေလ့လာၿပီးသြားၿပီ။ ကိစၥမရွိဘူး။ "

" စာေမးပြဲကေရာ "

" အဲ့ဒီေန႕ေရာက္ရင္ သြားေျဖလိုက္႐ုံပဲ။ "

" ဘယ္ေလာက္ၾကာရင္ ငါတို႔ျပန္လာမွာလဲ။ "

ေဝ့ဒါ သူ႕ကို လွည့္ၾကည့္လာသည္။

" ရက္နည္းနည္းေလာက္ၾကာရင္ မင္းေသြးစစ္ၾကည့္သင့္တယ္ …"

"…"

လြီနင္စကားကို ေဝ့ဒါက ဘာမွျပန္ေျပာမလာတာေၾကာင့္ ေမာ့ၾကည့္လိုက္ရာ အံ့ၾသေနသည့္ အမူအရာျဖင့္ တစ္ေနရာကို လွမ္းၾကည့္ေနသည့္ ေဝ့ဒါကို ေတြ႕လိုက္ရ၏။ လြီနင္လည္း ေဝ့ဒါၾကည့္ရာဘက္သို႔ လိုက္ၾကည့္လိုက္၏။

ထိုေနရာတြင္ မိန္းမတစ္ေယာက္ကို ျမင္လိုက္ရ၏။ ရွပ္အကၤ်ီအနီကို ဝတ္ဆင္ထားေသာ အသက္သုံးဆယ္အ႐ြယ္ ပိန္ပါးသည့္ မိန္းမတစ္ေယာက္ပင္။  သူမက အရိုးေျခာက္ကဲ့သို႔  ပ္ိန္ေျခာက္ေန၏။ ေမးရိုးႏွစ္ဖက္က အတြင္းကို ခ်ိဳင့္ဝင္ေနကာ ပါးလႊာၿပီး ခြၽန္ထက္ေနေသာ ေမးေစ့ေတြကလည္း ထူးဆန္းသည့္ စိတ္ခံစားခ်က္ကို ျဖစ္ေပၚေစသည္။

ေဝ့ဒါ လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္လိုက္မိ၏။

သူမက ပိန္လြန္းေနေပမယ့္လည္း အသားအေရက ဝါၾကင့္ၾကင့္ႏွင့္ မ်က္လုံးမ်ားက မႈန္မွိုင္းေန၏။ သူမ၏ တင့္တယ္ေသာ အသြင္အ​ျပင္အရ သူမက မိန္းမလွေလးတစ္ေယာက္ျဖစ္ခဲ့တယ္ဆိုတာ အတပ္ေျပာနိုင္သည္။ သူမ၏ လွပေသာ အသြင္အျပင္က ေဝ့ဒါႏွင့္ပင္ ဆင္တူေနေသးသည္။

ထိုမိန္းမ၏ နာမည္က လြီနင္စိတ္ထဲမွာ အလွ်င္အျမန္ပဲ ေပၚလာေလသည္။

ယန္မိန့္ခ်ီ...

" ဒါကို အရင္ယူထားလိုက္။ ခဏ​ေနရင္ ျပန္လာခဲ့မယ္။ "

ေဝ့ဒါက ရထားလက္မွတ္ကိုထုတ္ကာ သူ႕အိတ္ကိုေရာ လြီနင္လက္ထဲ ထည့္လိုက္၏။ သူကေတာ့ လူအုပ္ႀကီးကိုတိုးေဝွ႕ကာ ေျပးထြက္သြားေလသည္။

လြီနင္ စြံ႕အကာ မတ္တပ္ရပ္က်န္ခဲ့သည္။ အေနာက္က လူေတြက သူကိုတြန္းထိုးၿပီး အလွ်င္အျမန္ပဲ ေက်ာ္တက္သြားၾကသည္။

ယန္မိန့္ခ်ီ ... ေဝ့ဒါအေမ ... သူ႕မိေထြး....

ငါးႏွစ္ေလာက္ေပ်ာက္ေနခဲ့တဲ့ မိန္းမက ဘာလို႔႐ုတ္တရက္ႀကီး ျပန္ေပၚလာတာလဲ။

သူမ ဘာလို႔ျပန္လာတာလဲ။
ေဝ့ဒါက္ို ျပန္ေခၚသြားခ်င္လို႔လား။

လြီနင္ ခရီးေဆာင္အိတ္ကို လုံၿခဳံေရးေကာင္တာမွာအပ္ကာ အစစ္ခံၿပီးေနာက္ အိတ္ကိုျပန္သယ္ၿပီး စစ္ေဆးေရးဂိတ္ကို ျဖတ္ကာ ေစာင့္ဆိုင္းေရးအခန္းထဲကို ေလွ်ာက္ဝင္ခဲ့လိုက္၏။

သူတို႔ႏွစ္ေယာက္လုံး အဆင္ေျပေျပ ေနထိုင္ေနခဲ့တာေၾကာင့္ ေဝ့ဒါက သူႏွင့္မတူဘူးဆိုတာကို ေမ့သြားခဲ့သည္။ ဒီေလာကမွာ ေဝ့ဒါအတြက္ မိသားစုဝင္တစ္ေယာက္ ရွိေနေသးသည္ေလ။

ထိုမိန္းမက ေဝ့ဒါကို ျပန္ေခၚသြားခဲ့လွ်င္ ဘာမွ အျပစ္တင္စရာ အေၾကာင္းမရွိေပ။ သူမက ေဝ့ဒါကို စြန့္ပစ္ခဲ့ေပမယ့္လည္း သူ႕အေမျဖစ္ေနဆဲပဲ။ ေသြးက ေရထက္​ေတာင္ပ်စ္တယ္တဲ့။ သူ႕လို ေသြးသားေတာ္စပ္မႈမရွိသည့္ အစ္ကိုတစ္ေယာက္က ဘယ္လိုမ်ား ယွဥ္နိုင္မွာတဲ့လဲ။

ရထားထြက္ခ်ိန္မက်ေသးတာေၾကာင့္ လူႏွစ္ေယာက္ထိုင္ရန္ ထိုင္ခုံအလြတ္ႏွစ္ခုကို လြီနင္ရလိုက္၏။ တစ္ခုံမွာ ဝင္ထိုင္လိုက္ကာ က်န္ခုံေပၚကို ခရီးေဆာင္အိတ္တင္ထားလိုက္သည္။

သူ႕အေဖေသဆုံးသြားၿပီးကတည္းက သူႏွင့္ေဝ့ဒါၾကားက ေတာ္စပ္မႈကလည္း ပ်က္စီးသြားခဲ့ၿပီ။ ေဝ့ဒါထြက္သြားေသာအခါမွာလည္း မိသားစုလိုခ်င္တဲ့ သူ႕ဆႏၵေတြအရ သူ႕ညီခြင့္ျပဳခ်က္မရွိဘဲ ေဝ့ဒါနာမည္ကို သုံးေနမိဆဲပဲ။
[ T\N: ေဝ့ဒါနဲ႕သူက ေသြးသားမေတာ္စပ္ဘဲ လြီနင္က သူ႕မွာ​ေဝ့ဒါဆ္ိုတဲ့ ညီတစ္ေယာက္ရွိတယ္ဆိုၿပီး လူတိုင္းကို ေျပာေနခဲ့တာပါ။ ]

ရထားထြက္ခ်ိန္နီးလာေလ ေစာင့္ဆိုင္းေရးခန္းထဲမွာ လူေတြပိုမ်ားလာေလပဲ။ လူတစ္ေယာက္က လြီနင္အိတ္ကို လက္ညွိုးထိုးၿပီး ေမးလာ၏။

" ဒီေနရာမွာ လူရွိတာလား။ "

" ဟုတ္ကဲ့ "

လြီနင္ေခါင္းညိမ့္ျပလိုက္ေတာ့ ထိုလူက ေနာက္ထပ္ထိုင္ခုံတစ္ခုံ ထပ္ရွာဖို႔ ထြက္သြားေလသည္။

ဘူတာ႐ုံကေန လြီနင္စီးရမည့္ ရထားထြက္ေတာ့မယ့္အေၾကာင္း ေၾကညာသည့္တိုင္ သူ႕ေဘးကထိုင္ခုံေပၚကို အိတ္တင္ထားဆဲသာ။

လြီနင္ အနည္းငယ္ စိတ္မသက္မသာခံစားလာရၿပီး လည္ပင္းကိုဆန့္ကာ ေစာင့္ဆိုင္းေရးဝင္ေပါက္ဘက္သို႔ ၾကည့္ေနမိ၏။

သို႔ေသာ္လည္း သူ႕ျမင္ကြင္းက ရထားလက္မွတ္စစ္ဖို႔ တန္းစီးေနသည့္ လူေတြ၏ ပိတ္ဆို႔မႈေၾကာင့္ ဘာက္ိုမွ မျမင္ရေတာ့။

လြီနင္ ဘာကိုဝမ္းနည္းေနမွန္းမသိေပ။ ထို႔ေၾကာင့္ သူ႕ကိုယ္သူ အားတင္းကာ ၿပဳံးထားလိုက္မိသည္။

အကယ္၍ ေဝ့ဒါသာ သူ႕အေမႏွင့္အတူ က်န္ေနမယ္ဆိုလွ်င္ သူ႕အတြက္ ပူပန္စရာမရွိေတာ့တာေပါ့။

တစ္ခုၿပီးရင္ အားလုံးၿပီးဆုံးသြားလိမ့္မည္။
" ကိုကို !"
႐ုတ္တရက္ လူတစ္ေယာက္က သူ႕ေဘးကအိတ္ကို ေကာက္ယူလိုက္သည္။
" ကြၽန္ေတာ္တို႔ လက္မွတ္ေတြကို စစ္ၿပီးသြားၿပီ။ သြားစို႔။ "

လြီနင္ ေဝ့ဒါကို အံ့ၾသတႀကီး ၾကည့္ေနမိ၏။ "မင္း…"

" ဘာျဖစ္လို႔လဲ။ "
ေဝ့ဒါက အေျပးလာခဲ့ရတာေၾကာင့္ ေဟာဟဲလိုက္ေနသည္။

လြီနင္ စိတ္ကိုေလွ်ာ့ကာ ေမးလိုက္သည္။
" ခုနက မင္းအေမမလား။ "

ေဝ့ဒါက မေျဖခ်င္ေျဖခ်င္ျဖင့္
" အျမင္မွားသြားတာ။ "

လြီနင္ ဖ်စ္ညွစ္ၿပဳံးလိုက္ရ၏။
" အရမ္းၾကာေနေတာ့ ငါက မင္းျပန္မလာေတာ့ဘူးလို႔ေတာင္ ထင္ေနတာ။ "

ေဝ့ဒါ ခဏေလာက္စြံ႕အသြားၿပီးေနာက္ ခါးသီးစြာ ၿပဳံးလိုက္၏။

" မဟုတ္ဘူး ... ကိုကို ... ကိုကိုကသာ ကြၽန္ေတာ့္ကို စြန့္ပစ္သြားခဲ့တာ။ ကြၽန္ေတာ္ဘက္စ​ၿပီးကေတာ့ ကိုကိုကိုဘယ္ေတာ့မွ ထားသြားမွာမဟုတ္ဘူး။ "

Continue Reading

You'll Also Like

20K 2.4K 11
แ€’แ€ฎแ€กแ€แ€ญแ€ฏแ€„แ€นแ€ธแ€•แ€ฒ แ€–แ€€แ€นแ€‘แ€ฌแ€ธแ€ฑแ€•แ€ธแ€•แ€ซแ‹
299K 15K 84
๐Ÿแ€€แ€ฑแ€ฌแ€„แ€บแ€ธแ€แ€ผแ€„แ€บแ€ธแ€แ€Šแ€บแ€™แ€ผแ€ฒ.. ๐Ÿ แ€”แ€ญแ€ฏแ€„แ€บแ€„แ€ถแ€แ€ผแ€ฌแ€ธแ€•แ€ผแ€”แ€บแ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธแ‹ แ€›แ€ฏแ€•แ€บแ€›แ€Šแ€บแŠ แ€•แ€Šแ€ฌแŠ แ€…แ€Šแ€บแ€ธแ€…แ€ญแ€™แ€บแ€ฅแ€…แ€นแ€…แ€ฌแ€•แ€ผแ€Šแ€บแ€ทแ€…แ€ฏแ€ถแ€€แ€ผแ€ฝแ€šแ€บแ€แ€žแ€ฐแ€™แ€ญแ€ฏแ€ท แ€กแ€แ€ฑแ€ฌแ€บแ€œแ€ฑแ€ธแ€€แ€ผแ€ฎแ€ธแ€€แ€ปแ€šแ€บแ€žแ€Šแ€บแ€ทแ€œแ€ฐแ‹ แ€žแ€ฐแ€ทแ€€แ€ญแ€ฏแ€žแ€ฐแ€œแ€Šแ€บแ€ธ แ€กแ€‘แ€„แ€บแ€€แ€ผแ€ฎแ€ธแ€œแ€ฝแ€”แ€บแ€ธแ€•...
61.8K 5.9K 108
แ€œแ€ฐแ€žแ€ฌแ€ธแ€ฑแ€แ€ผ แ€ฑแ€”แ€‘แ€ญแ€ฏแ€„แ€นแ€แ€ฒแ€ท แ€’แ€ฎแฟแ€‚แ€ญแ€ณแ€Ÿแ€นแ€€แ€ญแ€ฏ แ€€แ€™แ‚“แ€ฌโ€Œแ€ฑแ€ปแ€™แ€œแ€ญแ€ฏแ‚” แ€žแ€™แ€ฏแ€แ€นแ€แ€šแ€นแ€†แ€ญแ€ฏแ€›แ€„แ€น แ€€แ€ผแฝแ€”แ€นแ€ฑแ€แ€ฌแ€นแ€ทแ€žแ€ฎแ€ธแ€žแ€”แ‚”แ€นแ€ฑแ€”แ‚แ€ญแ€ฏแ€„แ€นแ€›แ€ฌ แ€€แ€ญแ€ฏแ€šแ€นแ€•แ€ญแ€ฏแ€„แ€นแฟแ€‚แ€ญแ€ณแ€Ÿแ€นแ€„แ€šแ€นแ€Ÿแ€ฌ "แ€แ€บแ€…แ€นแ€œแ€ผแ€”แ€นแ€ธแ€œแ€บแ€ฝแ€ถ " แ€œแ€ญแ€ฏแ‚” แ€กแ€™แ€Šแ€นแ€›แ€•แ€ซแ€แ€šแ€น... แ€œ...
15.4K 1.5K 28
แ€’แ€ฎBook แ€€ แ€šแ€แ€„แ€นโ€‹"แ€™แ€€แ€นโ€‹แ€™แ€ผแ€”แ€นโ€‹แ€•แ€ผแ€„แ€นโ€‹แ€ทแ€แ€ญแ€ฏแ‚”แ€žแ€€แ€นโ€‹โ€‹แ€ฑแ€žแ€แ€Šแ€นโ€‹แ"แ€›แ€ฒแ‚• Volume 2 แ€ปแ€–แ€…แ€นโ€‹แ€•แ€ซแ€แ€šแ€นโ€‹แ‹ แ€šแ€แ€„แ€นโ€‹fictionแ€™แ€ฝแ€ฌแ€แ€ฏแ€”แ€นโ€‹แ€ธแ€€แ€”แ€ฝแ€…แ€นโ€‹โ€‹แ€ฑแ€šแ€ฌแ€€แ€นโ€‹แ€žแ€ฌแ€ธ แ€ปแ€•แ€”แ€นโ€‹แ€œแ€Šแ€นโ€‹แ€†แ€ถแ€ฏแ€…แ€Šแ€นโ€‹แ€ธแ€แ€ฒแ€ทแพแ€€แฟแ€•แ€ฎแ€ญโ€‹แ€ฑแ€แ€ฌแ€ท แ€’แ€ฎแ€™แ€ฝแ€ฌ...