Unicode
" ကိုကိုဖြစ်စေချင်တာ အားလုံးကို ကျွန်တော်လုပ်မှာပဲ။ ဟုတ်တယ်... ဘာလို့ဆို ကိုကိုကြောင့်ပဲ။ "
ဝေ့ဒါက ပြောပြီးတာနှင့် လွီနင်ပုခုံးကိုပုတ်ကာ အနောက်ကိုပြန်လှည့်ပြီး ရုပ်ရှင်ရုံထဲကို ပြန်ဝင်သွားသည်။
လွီနင်ကိုယ်အတွင်းက သွေးတွေအေးခဲသွားပြီး သူ့ကိုယ်သူ ကြာကြာရပ်တည်နေနိုင်အောင်ပင် မစွမ်းနိုင်တော့။ ထို့ကြောင့် သူနောက်ဆုတ်ကာ နံရံကိုမှီလိုက်ရသည်။
ပေါက်ပေါက်ရောင်းတဲ့သူက စပ်စပ်စုစု လှမ်းကြည့်လာသည်။
ဝေ့ဒါက ဟာသပဲ ... သူနောက်နေတာလို့သာ လွီနင် တွေးနေမိသည်။
သူ့ရဲ့ ဒီအကြောင်းပြချက်က အပေါ်ယံမှာ သူ့ကိုယ်သူ စိတ်သက်သာရစေပေမယ့် သူ့စိတ်ထဲမှာတော့ ဘာတွေဖြစ်ပျက်သွားလဲဆိုတာ နားမလည်နိုင်တော့။
လွီနင် ရုပ်တုတစ်ခုလို အေးစက်နေသည့် နံရံကိုသာ မှီရပ်နေပြီး ရုံထဲက ဆူညံနေသည့် ရယ်မောသံတွေကိုသာ နားထောင်နေမိသည်။ သူ့နှုတ်ခမ်းထောင့်တွေကို ကွေးကာ ရယ်မောလိုက်ချင်ပေမယ့် သူမရယ်နိုင်တော့။
ဘာကြောင့် ဒီလိုမျိုး ဖြစ်သွားခဲ့ရတာလဲ။
သူ ဝေ့ဒါကို စောင့်ရှောက်တယ်... ကူညီပေးတယ်... ဂရုစိုက်ပေးတယ်... ဘာကြောင့်လဲဆို သူ့ညီဖြစ်နေလို့လေ။
လွီနင်က သူ့ရဲ့ ဆွေမျိုးလေ။ သူ ဝေ့ဒါက်ို နေရောင်အောက်မှာ အသက်ရှင်သန် နေထိုင်နိုင်တဲ့ သာမန်လူတစ်ယောက်ဖြစ်ဖို့ မျှော်လင့်ခဲ့သည်။
[ ဝေ့ဒါက မကောင်းဆိုးဝါးလို့ ဆိုလိုချင်...]
သာမန်လူတစ်ယောက်သာဆို သူနိုးထလာချိန်မှာ သူ့အစ်ကိုကို သဘောကျမိမှာမဟုတ်ပေ။
သူက ယောကျာ်းတစ်ယောက်လေ...
ပြီးတော့ ငါက သူ့အစ်ကိုလေ...
ဒါက ပုံမှန်မဟုတ်ဘူး...
လွီနင် သူ့မျက်နှာကို အုပ်ကာ မြေကြီးပေါ် ထိုင်ချလိုက်သည်။
အရာရာတိုင်းက ကောင်းမွန်တဲ့ တိုးတက်မှုတွေဖြစ်ပေါ်နေပြီး သူမှာလည်း အနာဂတ်အတွက် မျှော်လင့်ချက်တွေ အများကြီးနှင့် ပြည့်နေခဲ့သည်။
သူ့ညီလေးကို ပုံမှန်လောကထဲကို ပြန်ဆွဲခေါ်ဖို့ စဥ်းစားလိုက်မိပေမယ့် ဝေ့ဒါကရော ဘယ်လိုသဘောထားမလဲဆိုတာ သူမသိတော့။
ဘာကြောင့် ဒီလိုတွေ ဖြစ်သွားရတာလဲ...
ဒါက သမရိုးကျ မဟုတ်ဘူးလေ ...
သူက မိသားစုတစ်ခုအနေနဲ့သာ ချစ်ခြင်းမေတ္တာကို လဲလှယ်ချင်ခဲ့ရုံလေးပါ။
သူဘာအမှားတွေ လုပ်ခဲ့မိတာလဲ...
ဘာမှားခဲ့တာလဲ...
" လွီနင်... ဘာဖြစ်လို့လဲ။ "
လွီနင် သေချာမော့ကြည့်လိုက်တော့ ထောင့်နားမှာ သူ့ကိုကြည့်နေသည့် လျိုကျင်းကို တွေ့လိုက်ရသည်။
" ဇာတ်ကားတောင်ပြီးတော့မယ်။ ဝေ့ဒါက ပြန်လာပြီး နင်က အပြင်မှာကျန်ခဲ့တယ်ဆိုလို့ထွက်လာတာ။ နေမကောင်းလို့လား။ "
လွီနင် အိမ်မက်ထဲမှာ လမ်းလျှောက်နေတဲ့လူလို ဗလာကျင်းနေသည့် အကြည့်တွေနှင့် ပြန်ကြည့်လိုက်မိသည်။ လျိုကျင်းက ရယ်လိုက်သည်။
" ဘာဖြစ်တာတုန်း။ အဲ့ဒီပုံစံက... လာ... ငါကြည့်ပေးမယ်။ "
ရေနစ်နေသူတစ်ယောက်က ကောက်ရိုးတစ်မျှင်ကိုဆွဲသလို လွီနင် လျိုကျင်းလက်ကိုဆွဲပြီးထလိုက်ကာ လျိုကျင်းကို ဖက်လိုက်သည်။
" အမ်…"
လွီနင် တစ်ခါမှ ဒီလိုအပြုအမူမျိုးမလုပ်ဖူးသည့်အတွက် လျိုကျင်းအံ့သြသွားပေမယ့် သဘောတကျ ပြုံးလိုက်သည်။
ရုပ်ရှင်ပြီးသွားပြီဖြစ်၍ ပရိသတ်တွေက နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ ထွက်လာကြသည်။ တစ်ယောက်နှင့်တစ်ယောက် ဖက်ထားကြသည့် စုံတွဲကို သိပ်ပြီး အာရုံမထားကြပေ။
ဒါကမှ တကယ့်လူ့လောကပဲ။
လျိုကျင်းကို ဖက်ထားရင်း ရုပ်ရှင်ပြီးလို့ ထွက်လာကြသည့် လက်တွဲထားကြသော မိသားစုသုံးယောက်ကို ကြည့်လိုက်သည်။
ဒါကမှ ပုံမှန်မိသားစုပင်။
သူ အရမ်းကြီးမရူးနှမ်းသေးဘူး။ သူလမ်းမှန်ကို ပြန်ပြောင်းလို့ ရနိုင်သေးသည်။
ပြင်းထန်နေသည့် နှလုံးခုန်သံက ပြန်ပြီးတည်ငြိမ်သွားပြီ။ လွီနင်မျက်ဝန်းတွေက ဖန်မင်မင်နှင့် ဘေးချင်းယှဥ်လျက် လျှောက်လာသည့် ဝေ့ဒါဆီသို့ အကြည့်ရောက်သွားသည်။
ဝေ့ဒါက လျိုကျင်းအနောက်မှာ ရပ်နေတာကြောင့် သူ့အမူအရာတွေကို လျိုကျင်းကမမြင်နိုင်ပေမယ့် လွီနင်ကတော့ မြင်နိုင်သည်။
ဝေ့ဒါမျက်လုံးနက်နက်တွေက သူနှင့် အကြည့်ချင်းဆုံမိချိန် ခဏလောက်စိုက်ကြည့်ပြီး အကြည့်လွှဲကာ နှုတ်ခမ်းကို မဲ့လိုက်သည်။
လွီနင် ဝေ့ဒါအမူအရာကို သိသည်။
လွီနင် သူငယ်ငယ်တုန်းက ယောကျာ်းလေးဆိုတာ ရည်မှန်းချက်ရှိရမယ်လို့ ပြောခဲ့ဖူးသည်။ ထိုအချိန်မှစပြီး ဝေ့ဒါဝမ်းနည်းတိုင်း သူမျက်ရည်မကျအောင် အသနားမခံဘဲ သူနှုတ်ခမ်းကိုသာ မဲ့ထားတတ်သည်။
ကြာလာတော့ မသိမသာ အကျင့်တစ်ခုဖြစ်လာသည်။
ဒါက လူနှစ်ယောက်ရဲ့ လုပ်ရပ်အတွက်တော့ သရေသာသာပဲလေ။
စာရွက်တစ်ရွက်ကို ဆုတ်ဖြဲလိုက်သလိုအဖြစ်မျိုးဖြစ်နေလျှင်တောင် သူတို့နှစ်ယောက်က ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီး ညီအစ်ကိုတွေလို ချစ်ခင်လေးစားနေကြဦးမှာပဲ။
အလုပ်နှင့် ဘဝက အတူတူသာ။
လျိုကျင်းနှင့် လွီနင်တို့ ဆက်ဆံရေးက ပိုပြီးအဆင်ပြေလာခဲ့သည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် မကြာခင် ပျောက်ကွယ်သွားတော့မလို အားလပ်ရက်တွေမှာ ချိန်းတွေ့ရင်း အလုပ်များနေကြတော့သည်။
ဝေ့ဒါကတော့ အရူးတစ်ယောက်လို ပရိုပရမ်ရေးနည်းတွေကို သင်ယူနေပြီး သူ့ဆရာ၏ မိတ်ဆက်ပေးမှုတွေကြောင့် ငွေတောင် ရှာနိုင်နေပြီ။
" မင်းနဲ့ ဖန်မင်မင် အခြေအနေဘယ်လိုလဲ။ "
လွီနင် ထမင်းစားရင်း မေးလိုက်သည်။
ဝေ့ဒါက သူ့ကို တစ်ချက်လှမ်းကြည့်လာသည်။
" ဒီလိုပါပဲ "
" မင်းတို့ ဘယ်အချိန် နောက်ဆုံးအဆင့်တက်မှာလဲ။ "
" ရိုးရိုး သူငယ်ချင်းတွေပဲ။ "
" သူက မိန်းမကောင်းလေးပါ။ အိမ်ရှင်မကောင်းလေးဖြစ်လာလိမ့်မယ်။ "
" အင်း... သူမနဲ့ လက်ထပ်ခွင့်ရတဲ့သူက ကောင်းချီးပေးခံရတာပဲ။ "
လူသားတွေက တကယ်ကို ထူးဆန်းလွန်းသည့် သတ္တဝါတွေပဲ။ သူတို့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိသလိုပြောနေကြပေမယ့်လည်း သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ဟန်ဆောင်နေကြတုန်းပဲ။
သူတို့တစ်ယောက်စီက ကိုယ်ပိုင်အယူအဆတွေနှင့် အခြေခံစည်းမျဥ်းတွေကို လက်ကိုင်ထားကြပြီး ဘယ်သူမှလည်း စည်းမကျော်ရဲကြပေ။
တစ်ဦးက စည်းကျော်လိုက်တာနှင့် ကျန်တစ်ဦးကို ဖျက်စီးမိလိမ့်မည်။ နှစ်ဦးလုံး ပျက်စီးခြင်းကို ရောက်ကြမှာသာ။
" လျိုကျင်းက နောက်ထပ်တစ်ခါလောက် သူ့အိမ်ထမင်းစားလာဖို့ ဖိတ်နေတယ်။ "
" ကျွန်တော်မှာ လုံးလုံး အပြီးမသတ်ရသေးတဲ့ လုပ်လက်စလုပ်ငန်းတွေ အများကြီးရှိသေးတယ်။ ကျွန်တော် မအားလောက်ဘူးထင်တာပဲ။ ကိုကိုပဲ သွားလိုက်လေ။ "
" အင်း... ဒါဆို မင်းအလုပ်မရှုပ်တဲ့အချိန်မှ အတူသွားကြတာပေါ့။ "
လွီနင် ခဏလောက် အသံတိတ်သွားပြီး ဆက်ပြောလိုက်သည်။
" လျိုကျင်းက မိသားစုဝင်များတော့ ပျော်ဖို့ကောင်းတယ်။ "
" ဟုတ်လား။ "
စူးစမ်းသလို ဖျောင့်ဖျသည့်စကားတွေနှင့် ပြည့်နေပေမယ့် ရိုးရိုးသားသား သာမန်စကားပြောသလို လွီနင် ဟန်ဆောင်ကာ တမင်သက်သက် ပြောနေလိုက်သည်။
" လျိုကျင်းတို့မိသားစုက ပုံမှန်မိသားစုလေးဆိုတော့ သူတို့နဲ့ ဆက်ဆံရတာ ပိုအဆင်ပြေတယ်လေ။ နောက်တစ်ခါ အတူတူသွားကြရအောင်။ "
ပုံမှန်… စားပွဲခုံပေါ်က ဝေ့ဒါလက်တွေက မသိမသာ တင်းသွားသည်။
ဟုတ်တာပေါ့... သူက ပုံမှန်လူတစ်ယောက်မဟုတ်ဘူးလေ။
သူ့နှလုံးသားထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတစ်ကောင်ရှိသည်။ ထိုသားရဲက သူ့ရှေ့က လူသားကို ခံစားမိတော့ အော်ဟစ်နေလေသည်။
သူကို ဖျက်စီးပစ်လိုက် ! သူကို ဖျက်စီးပစ်လိုက်!
ဖျက်စီးလိုက် ! ဖျက်စီးလိုက် !
သူ့မှာရှိသမျှကို ဖျက်စီးပစ်လိုက် !
သူ့ကမ္ဘာကို ဖျက်စီးပစ်လိုက် !
သူ့မျက်လုံးထဲမှာ သူ့ကိုယ်သူပဲ မြင်နေတာ !
သူတစ်ယောက်တည်းကျန်တဲ့အထိ ဖျက်ဆီးပစ်လိုက် !
ဘယ်ကိုမှ ထွက်မသွားနိုင်အောင် အရေခွံခွာပြီး အရိုးတွေကို ချိုးပစ်လိုက် !
" ဝေ့ဒါ "
လွီနင် သူ့ညီကို အသံတိုးတိုးနှင့် ခေါ်လိုက်သည်။ သူ့မျက်လုံးတွေထဲမှာတော့ စိုးရိမ်ပူပန်တွေ သတိထားမှုတွေနှင့် ပြည့်နေသည်။
ဝေ့ဒါ သူ့ကိုကြည့်လာတော့ သူ့အရိုးတွေက ပြန်ပြေလျော့သွားသည်။
" ကိုကိုသွားခိုင်းရင် ကျွန်တော် သွားလိုက်ပါ့မယ်။ "
ထိုစကားကိုကြားတော့ လွီနင် သူ့နှလုံးသား အပေါက်ဖောက်ခံလိုက်ရသလို ဖြစ်သွားသည်။
"... မင်းသွားချင် ... မင်းမလိုက်ချင်လည်း ရပါတယ်။ "
ဝေ့ဒါ ဝမ်းနည်းသွားတာ သေချာတယ်။
ဝေ့ဒါ သူတမင်တကာပြောလိုက်တဲ့ စကားက တစ်ဖက်သားကိုရော သူကိုယ်တိုင်ကိုပါ စိတ်ထိခိုက်စေသည်။
သူက ဒီလိုမျိုး လူယုတ်မာပဲ။ ပြီးတော့ သူ့ကို ကြင်နာစွာ ကယ်တင်ပေးထားတဲ့ အစ်ကိုပေါ်မှာ ညစ်ညမ်းတဲ့ အတွေးဆိုးတွေရှိနေပြီး သူ့အစ်ကိုနာကျင်နေတာကို မြင်နေရရင် သူပျော်ရွှင်ရတယ်။
အနည်းဆုံးတော့ သူ့အစ်ကိုရဲ့ဒီခံစားချက်တွေကို သူဖန်တီးလိုက်တာဖြစ်သလို သူတစ်ယောက်ထဲနဲ့ပဲ သက်ဆိုင်တယ်လေ။
သူ့ရင်ဘတ်ထဲမှာ ဖုံးကွယ်ထားရတဲ့ ဆန္ဒတွေက အပ်တွေအဖြစ်ပြောင်းလဲသွားပြီး ခန္ဓာကိုယ်နေရာအနှံကို ထိုးစိုက်နေကာ အရမ်းကြီး ပြင်းထန်လွန်းတာမျိုးမဟုတ်ပေမယ့် စူးအောင့်နေတဲ့ နာကျင်မှုဖျော့ဖျော့ကို ခံစားရသည်။ ခံစားရသည့် အချိန်ကြာလာတော့ နည်းနည်းလေး ထုံထိုင်းသွားပေမယ့် သူ့နှလုံးသားကတော့ တစစ်စစ်ကိုက်ခဲနေတုန်းပင်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
Zawgyi
" ကိုကိုျဖစ္ေစခ်င္တာ အားလုံးကို ကြၽန္ေတာ္လုပ္မွာပဲ။ ဟုတ္တယ္... ဘာလို႔ဆို ကိုကိုေၾကာင့္ပဲ။ "
ေဝ့ဒါက ေျပာၿပီးတာႏွင့္ လြီနင္ပုခုံးကိုပုတ္ကာ အေနာက္ကိုျပန္လွည့္ၿပီး ႐ုပ္ရွင္႐ုံထဲကို ျပန္ဝင္သြားသည္။
လြီနင္ကိုယ္အတြင္းက ေသြးေတြေအးခဲသြားၿပီး သူ႕ကိုယ္သူ ၾကာၾကာရပ္တည္ေနနိုင္ေအာင္ပင္ မစြမ္းနိုင္ေတာ့။ ထို႔ေၾကာင့္ သူေနာက္ဆုတ္ကာ နံရံကိုမွီလိုက္ရသည္။
ေပါက္ေပါက္ေရာင္းတဲ့သူက စပ္စပ္စုစု လွမ္းၾကည့္လာသည္။
ေဝ့ဒါက ဟာသပဲ ... သူေနာက္ေနတာလို႔သာ လြီနင္ ေတြးေနမိသည္။
သူ႕ရဲ႕ ဒီအေၾကာင္းျပခ်က္က အေပၚယံမွာ သူ႕ကိုယ္သူ စိတ္သက္သာရေစေပမယ့္ သူ႕စိတ္ထဲမွာေတာ့ ဘာေတြျဖစ္ပ်က္သြားလဲဆိုတာ နားမလည္နိုင္ေတာ့။
လြီနင္ ႐ုပ္တုတစ္ခုလို ေအးစက္ေနသည့္ နံရံကိုသာ မွီရပ္ေနၿပီး ႐ုံထဲက ဆူညံေနသည့္ ရယ္ေမာသံေတြကိုသာ နားေထာင္ေနမိသည္။ သူ႕ႏႈတ္ခမ္းေထာင့္ေတြကို ေကြးကာ ရယ္ေမာလိုက္ခ်င္ေပမယ့္ သူမရယ္နိုင္ေတာ့။
ဘာေၾကာင့္ ဒီလိုမ်ိဳး ျဖစ္သြားခဲ့ရတာလဲ။
သူ ေဝ့ဒါကို ေစာင့္ေရွာက္တယ္... ကူညီေပးတယ္... ဂ႐ုစိုက္ေပးတယ္... ဘာေၾကာင့္လဲဆို သူ႕ညီျဖစ္ေနလို႔ေလ။
လြီနင္က သူ႕ရဲ႕ ေဆြမ်ိဳးေလ။ သူ ေဝ့ဒါကို ေနေရာင္ေအာက္မွာ အသက္ရွင္သန္ ေနထိုင္နိုင္တဲ့ သာမန္လူတစ္ေယာက္ျဖစ္ဖို႔ ေမွ်ာ္လင့္ခဲ့သည္။
[ ေဝ့ဒါက မေကာင္းဆိုးဝါးလို႔ ဆိုလိုခ်င္...]
သာမန္လူတစ္ေယာက္သာဆို သူနိုးထလာခ်ိန္မွာ သူ႕အစ္ကိုကို သေဘာက်မိမွာမဟုတ္ေပ။
သူက ေယာက်ာ္းတစ္ေယာက္ေလ...
ၿပီးေတာ့ ငါက သူ႕အစ္ကိုေလ...
ဒါက ပုံမွန္မဟုတ္ဘူး...
လြီနင္ သူ႕မ်က္ႏွာကို အုပ္ကာ ေျမႀကီးေပၚ ထိုင္ခ်လိဳက္သည္။
အရာရာတိုင္းက ေကာင္းမြန္တဲ့ တိုးတက္မႈေတြျဖစ္ေပၚေနၿပီး သူမွာလည္း အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္ေတြ အမ်ားႀကီးႏွင့္ ျပည့္ေနခဲ့သည္။
သူ႕ညီေလးကို ပုံမွန္ေလာကထဲကို ျပန္ဆြဲေခၚဖို႔ စဥ္းစားလိုက္မိေပမယ့္ ေဝ့ဒါကေရာ ဘယ္လိုသေဘာထားမလဲဆိုတာ သူမသိေတာ့။
ဘာေၾကာင့္ ဒီလိုေတြ ျဖစ္သြားရတာလဲ...
ဒါက သမရိုးက် မဟုတ္ဘူးေလ ...
သူက မိသားစုတစ္ခုအေနနဲ႕သာ ခ်စ္ျခင္းေမတၱာကို လဲလွယ္ခ်င္ခဲ့႐ုံေလးပါ။
သူဘာအမွားေတြ လုပ္ခဲ့မိတာလဲ...
ဘာမွားခဲ့တာလဲ...
" လြီနင္... ဘာျဖစ္လို႔လဲ။ "
လြီနင္ ေသခ်ာေမာ့ၾကည့္လိုက္ေတာ့ ေထာင့္နားမွာ သူ႕ကိုၾကည့္ေနသည့္ လ်ိဳက်င္းကို ေတြ႕လိုက္ရသည္။
" ဇာတ္ကားေတာင္ၿပီးေတာ့မယ္။ ေဝ့ဒါက ျပန္လာၿပီး နင္က အျပင္မွာက်န္ခဲ့တယ္ဆိုလို႔ထြက္လာတာ။ ေနမေကာင္းလို႔လား။ "
လြီနင္ အိမ္မက္ထဲမွာ လမ္းေလွ်ာက္ေနတဲ့လူလို ဗလာက်င္းေနသည့္ အၾကည့္ေတြႏွင့္ ျပန္ၾကည့္လိုက္မိသည္။ လ်ိဳက်င္းက ရယ္လိုက္သည္။
" ဘာျဖစ္တာတုန္း။ အဲ့ဒီပုံစံက... လာ... ငါၾကည့္ေပးမယ္။ "
ေရနစ္ေနသူတစ္ေယာက္က ေကာက္ရိုးတစ္မွ်င္ကိုဆြဲသလို လြီနင္ လ်ိဳက်င္းလက္ကိုဆြဲၿပီးထလိုက္ကာ လ်ိဳက်င္းကို ဖက္လိုက္သည္။
" အမ္…"
လြီနင္ တစ္ခါမွ ဒီလိုအျပဳအမူမ်ိဳးမလုပ္ဖူးသည့္အတြက္ လ်ိဳက်င္းအံ့ၾသသြားေပမယ့္ သေဘာတက် ၿပဳံးလိုက္သည္။
႐ုပ္ရွင္ၿပီးသြားၿပီျဖစ္၍ ပရိသတ္ေတြက ႏွစ္ေယာက္တစ္တြဲ သုံးေယာက္တစ္တြဲ ထြက္လာၾကသည္။ တစ္ေယာက္ႏွင့္တစ္ေယာက္ ဖက္ထားၾကသည့္ စုံတြဲကို သိပ္ၿပီး အာ႐ုံမထားၾကေပ။
ဒါကမွ တကယ့္လူ႕ေလာကပဲ။
လ်ိဳက်င္းကို ဖက္ထားရင္း ႐ုပ္ရွင္ၿပီးလို႔ ထြက္လာၾကသည့္ လက္တြဲထားၾကေသာ မိသားစုသုံးေယာက္ကို ၾကည့္လိုက္သည္။
ဒါကမွ ပုံမွန္မိသားစုပင္။
သူ အရမ္းႀကီးမ႐ူးႏွမ္းေသးဘူး။ သူလမ္းမွန္ကို ျပန္ေျပာင္းလို႔ ရနိုင္ေသးသည္။
ျပင္းထန္ေနသည့္ ႏွလုံးခုန္သံက ျပန္ၿပီးတည္ၿငိမ္သြားၿပီ။ လြီနင္မ်က္ဝန္းေတြက ဖန္မင္မင္ႏွင့္ ေဘးခ်င္းယွဥ္လ်က္ ေလွ်ာက္လာသည့္ ေဝ့ဒါဆီသို႔ အၾကည့္ေရာက္သြားသည္။
ေဝ့ဒါက လ်ိဳက်င္းအေနာက္မွာ ရပ္ေနတာေၾကာင့္ သူ႕အမူအရာေတြကို လ်ိဳက်င္းကမျမင္နိုင္ေပမယ့္ လြီနင္ကေတာ့ ျမင္နိုင္သည္။
ေဝ့ဒါမ်က္လုံးနက္နက္ေတြက သူႏွင့္ အၾကည့္ခ်င္းဆုံမိခ်ိန္ ခဏေလာက္စိုက္ၾကည့္ၿပီး အၾကည့္လႊဲကာ ႏႈတ္ခမ္းကို မဲ့လိုက္သည္။
လြီနင္ ေဝ့ဒါအမူအရာကို သိသည္။
လြီနင္ သူငယ္ငယ္တုန္းက ေယာက်ာ္းေလးဆိုတာ ရည္မွန္းခ်က္ရွိရမယ္လို႔ ေျပာခဲ့ဖူးသည္။ ထိုအခ်ိန္မွစၿပီး ေဝ့ဒါဝမ္းနည္းတိုင္း သူမ်က္ရည္မက်ေအာင္ အသနားမခံဘဲ သူႏႈတ္ခမ္းကိုသာ မဲ့ထားတတ္သည္။
ၾကာလာေတာ့ မသိမသာ အက်င့္တစ္ခုျဖစ္လာသည္။
ဒါက လူႏွစ္ေယာက္ရဲ႕ လုပ္ရပ္အတြက္ေတာ့ သေရသာသာပဲေလ။
စာ႐ြက္တစ္႐ြက္ကို ဆုတ္ၿဖဲလိုက္သလိုအျဖစ္မ်ိဳးျဖစ္ေနလွ်င္ေတာင္ သူတို႔ႏွစ္ေယာက္က ဘာမွမျဖစ္ခဲ့သလို ဟန္ေဆာင္ၿပီး ညီအစ္ကိုေတြလို ခ်စ္ခင္ေလးစားေနၾကဦးမွာပဲ။
အလုပ္ႏွင့္ ဘဝက အတူတူသာ။
လ်ိဳက်င္းႏွင့္ လြီနင္တို႔ ဆက္ဆံေရးက ပိုၿပီးအဆင္ေျပလာခဲ့သည္။ သူတို႔က တစ္ေယာက္ႏွင့္တစ္ေယာက္ မၾကာခင္ ေပ်ာက္ကြယ္သြားေတာ့မလို အားလပ္ရက္ေတြမွာ ခ်ိန္းေတြ႕ရင္း အလုပ္မ်ားေနၾကေတာ့သည္။
ေဝ့ဒါကေတာ့ အ႐ူးတစ္ေယာက္လို ပရိုပရမ္ေရးနည္းေတြကို သင္ယူေနၿပီး သူ႕ဆရာ၏ မိတ္ဆက္ေပးမႈေတြေၾကာင့္ ေငြေတာင္ ရွာနိုင္ေနၿပီ။
" မင္းနဲ႕ ဖန္မင္မင္ အေျခအေနဘယ္လိုလဲ။ "
လြီနင္ ထမင္းစားရင္း ေမးလိုက္သည္။
ေဝ့ဒါက သူ႕ကို တစ္ခ်က္လွမ္းၾကည့္လာသည္။
" ဒီလိုပါပဲ "
" မင္းတို႔ ဘယ္အခ်ိန္ ေနာက္ဆုံးအဆင့္တက္မွာလဲ။ "
" ရိုးရိုး သူငယ္ခ်င္းေတြပဲ။ "
" သူက မိန္းမေကာင္းေလးပါ။ အိမ္ရွင္မေကာင္းေလးျဖစ္လာလိမ့္မယ္။ "
" အင္း... သူမနဲ႕ လက္ထပ္ခြင့္ရတဲ့သူက ေကာင္းခ်ီးေပးခံရတာပဲ။ "
လူသားေတြက တကယ္ကို ထူးဆန္းလြန္းသည့္ သတၱဝါေတြပဲ။ သူတို႔ အရာအားလုံးကို ရွင္းရွင္းလင္းလင္း သိသလိုေျပာေနၾကေပမယ့္လည္း သူတို႔ကိုယ္သူတို႔ ကာကြယ္ဖို႔ ဟန္ေဆာင္ေနၾကတုန္းပဲ။
သူတို႔တစ္ေယာက္စီက ကိုယ္ပိုင္အယူအဆေတြႏွင့္ အေျခခံစည္းမ်ဥ္းေတြကို လက္ကိုင္ထားၾကၿပီး ဘယ္သူမွလည္း စည္းမေက်ာ္ရဲၾကေပ။
တစ္ဦးက စည္းေက်ာ္လိုက္တာႏွင့္ က်န္တစ္ဦးကို ဖ်က္စီးမိလိမ့္မည္။ ႏွစ္ဦးလုံး ပ်က္စီးျခင္းကို ေရာက္ၾကမွာသာ။
" လ်ိဳက်င္းက ေနာက္ထပ္တစ္ခါေလာက္ သူ႕အိမ္ထမင္းစားလာဖို႔ ဖိတ္ေနတယ္။ "
" ကြၽန္ေတာ္မွာ လုံးလုံး အၿပီးမသတ္ရေသးတဲ့ လုပ္လက္စလုပ္ငန္းေတြ အမ်ားႀကီးရွိေသးတယ္။ ကြၽန္ေတာ္ မအားေလာက္ဘူးထင္တာပဲ။ ကိုကိုပဲ သြားလိုက္ေလ။ "
" အင္း... ဒါဆို မင္းအလုပ္မရႈပ္တဲ့အခ်ိန္မွ အတူသြားၾကတာေပါ့။ "
လြီနင္ ခဏေလာက္ အသံတိတ္သြားၿပီး ဆက္ေျပာလိုက္သည္။
" လ်ိဳက်င္းက မိသားစုဝင္မ်ားေတာ့ ေပ်ာ္ဖို႔ေကာင္းတယ္။ "
" ဟုတ္လား။ "
စူးစမ္းသလို ေဖ်ာင့္ဖ်သည့္စကားေတြႏွင့္ ျပည့္ေနေပမယ့္ ရိုးရိုးသားသား သာမန္စကားေျပာသလို လြီနင္ ဟန္ေဆာင္ကာ တမင္သက္သက္ ေျပာေနလိုက္သည္။
" လ်ိဳက်င္းတို႔မိသားစုက ပုံမွန္မိသားစုေလးဆိုေတာ့ သူတို႔နဲ႕ ဆက္ဆံရတာ ပိုအဆင္ေျပတယ္ေလ။ ေနာက္တစ္ခါ အတူတူသြားၾကရေအာင္။ "
ပုံမွန္… စားပြဲခုံေပၚက ေဝ့ဒါလက္ေတြက မသိမသာ တင္းသြားသည္။
ဟုတ္တာေပါ့... သူက ပုံမွန္လူတစ္ေယာက္မဟုတ္ဘူးေလ။
သူ႕ႏွလုံးသားထဲမွာ ရက္စက္ၾကမ္းၾကဳတ္တဲ့ သားရဲတစ္ေကာင္ရွိသည္။ ထိုသားရဲက သူ႕ေရွ႕က လူသားကို ခံစားမိေတာ့ ေအာ္ဟစ္ေနေလသည္။
သူကို ဖ်က္စီးပစ္လိုက္ ! သူကို ဖ်က္စီးပစ္လိုက္!
ဖ်က္စီးလိုက္ ! ဖ်က္စီးလိုက္ !
သူ႕မွာရွိသမွ်ကို ဖ်က္စီးပစ္လိုက္ !
သူ႕ကမာၻကို ဖ်က္စီးပစ္လိုက္ !
သူ႕မ်က္လုံးထဲမွာ သူ႕ကိုယ္သူပဲ ျမင္ေနတာ !
သူတစ္ေယာက္တည္းက်န္တဲ့အထိ ဖ်က္ဆီးပစ္လိုက္ !
ဘယ္ကိုမွ ထြက္မသြားနိုင္ေအာင္ အေရခြံခြာၿပီး အရိုးေတြကို ခ်ိဳးပစ္လိုက္ !
" ေဝ့ဒါ "
လြီနင္ သူ႕ညီကို အသံတိုးတိုးႏွင့္ ေခၚလိုက္သည္။ သူ႕မ်က္လုံးေတြထဲမွာေတာ့ စိုးရိမ္ပူပန္ေတြ သတိထားမႈေတြႏွင့္ ျပည့္ေနသည္။
ေဝ့ဒါ သူ႕ကိုၾကည့္လာေတာ့ သူ႕အရိုးေတြက ျပန္ေျပေလ်ာ့သြားသည္။
" ကိုကိုသြားခိုင္းရင္ ကြၽန္ေတာ္ သြားလိုက္ပါ့မယ္။ "
ထိုစကားကိုၾကားေတာ့ လြီနင္ သူ႕ႏွလုံးသား အေပါက္ေဖာက္ခံလိုက္ရသလို ျဖစ္သြားသည္။
"... မင္းသြားခ်င္ ... မင္းမလိုက္ခ်င္လည္း ရပါတယ္။ "
ေဝ့ဒါ ဝမ္းနည္းသြားတာ ေသခ်ာတယ္။
ေဝ့ဒါ သူတမင္တကာေျပာလိုက္တဲ့ စကားက တစ္ဖက္သားကိုေရာ သူကိုယ္တိုင္ကိုပါ စိတ္ထိခိုက္ေစသည္။
သူက ဒီလိုမ်ိဳး လူယုတ္မာပဲ။ ၿပီးေတာ့ သူ႕ကို ၾကင္နာစြာ ကယ္တင္ေပးထားတဲ့ အစ္ကိုေပၚမွာ ညစ္ညမ္းတဲ့ အေတြးဆိုးေတြရွိေနၿပီး သူ႕အစ္ကိုနာက်င္ေနတာကို ျမင္ေနရရင္ သူေပ်ာ္႐ႊင္ရတယ္။
အနည္းဆုံးေတာ့ သူ႕အစ္ကိုရဲ႕ဒီခံစားခ်က္ေတြကို သူဖန္တီးလိုက္တာျဖစ္သလို သူတစ္ေယာက္ထဲနဲ႕ပဲ သက္ဆိုင္တယ္ေလ။
သူ႕ရင္ဘတ္ထဲမွာ ဖုံးကြယ္ထားရတဲ့ ဆႏၵေတြက အပ္ေတြအျဖစ္ေျပာင္းလဲသြားၿပီး ခႏၶာကိုယ္ေနရာအႏွံကို ထိုးစိုက္ေနကာ အရမ္းႀကီး ျပင္းထန္လြန္းတာမ်ိဳးမဟုတ္ေပမယ့္ စူးေအာင့္ေနတဲ့ နာက်င္မႈေဖ်ာ့ေဖ်ာ့ကို ခံစားရသည္။ ခံစားရသည့္ အခ်ိန္ၾကာလာေတာ့ နည္းနည္းေလး ထုံထိုင္းသြားေပမယ့္ သူ႕ႏွလုံးသားကေတာ့ တစစ္စစ္ကိုက္ခဲေနတုန္းပင္။