Nowhere to Go (Myanmar Transl...

By PoneyPeach

196K 25.9K 494

Original Author - Fangua Steamed Bun English Translator - FL AI Robot (38 Chapters) This is my first work. Fu... More

DESCRIPTION
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32.1
Chapter 32.2
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38 << Final >>
ကျေးဇူးတင်လွှာ
for update 😌

Chapter 13

3.5K 632 3
By PoneyPeach

Unicode

ထို့နောက် လွီနင်က ဖက်ထုပ်နည်းနည်းစားပြီး ပြန်အိပ်ပျော်သွားသည်။ နှစ်ယောက်လုံး ဘယ်သူမှ အစောက အဖြစ်အပျက်ကို ထပ်မပြောကြချေ။ တစ်ညလုံး ပြတင်းပေါက်အပြင်ဘက်က ဗြောက်အိုးသံတွေက လွီနင်ကို လန့်နိုးလာစေသည်။ မျက်လုံးတွေကို မှိတ်ထားပေမယ့် သူအိပ်မရတော့။

အိပ်မရတာကြောင့် လွီနင် သူ့ဘေးက ဝေ့ဒါလည်း သူလိုပဲ တစ်ညလုံး လုံးဝအိပ်မပျော်ဘူးဆိုတာ သိနေခဲ့သည်။

နှစ်သစ်ကူး၏ ပထမဆုံးနေ့မှာ လွီနင် ဆေးရုံမိသားစု နှစ်သစ်ကူးပွဲကို တက်ရောက်ဖို့ရန် အလုပ်ကို ထွက်ခဲ့သည်။

သူထွက်လာချိန် ဝေ့ဒါ အိပ်ရာထဲ လှဲနေတုန်းရှိသေးသည်။ သူနိုးပြီလား အိပ်ပျော်နေတုန်းလားဆိုတာတော့ မသိပေ။

ဆူညံသော နှစ်သစ်ဆုတောင်းစကားတွေနှင့်ပဲ တစ်ရက်က ကုန်သွားခဲ့ပြန်သည်။

လူတွေအများကြီးကြားမှာတော့ လွီနင်တစ်ယောက် နည်းနည်းတော့ အ​တွေးများနေမိသည်။ မနေ့ညက အဖြစ်အပျက်က တကယ်တော့ ထင်ယောင်ထင်မှားဖြစ်တာပဲနေမည်။

သူ့နှုတ်ခမ်းပေါ်မှာ စွဲကျန်နေခဲ့သည့် အထိအတွေ့က ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည့် အမှန်တရားကို ပြောပြ​နေသလိုပင်။

ဝေ့ဒါက ဘာလို့ သူ့ကို နမ်းရတာလဲ...

အနမ်းက ဘယ်သူမှ ခုခံနိုင်စွမ်းမရှိလောက်အောင်ကို ပြင်းထန်နက်ရှိုင်းလွန်းသည်။

ဒါပေမယ့် … ဘာကြောင့်လဲ …

အိမ်ပြန်လမ်းတွင် လျိုကျင်းက မနေ့က ဖုန်းခေါ်ဆိုမှု အကြောင်းကို စကားစလာသည်။ 

" တကယ်ကြီး ထူးဆန်းနေသလားလို့။ နင် နင့်ညီကို ကောင်မလေးနဲ့ ချိတ်ပေးဖို့ ငါ့ကို အကူအညီတောင်းတယ်ပေါ့။ "

" အင်း... ငါက သူလည်း ရည်းစား​လေးတစ်ယောက်လောက်ရှိသင့်တယ်ထင်လို့။ "

" ငါကတော့ သူအလုပ်အကိုင်အတည်တကျဖြစ်ပြီး အရွယ်ရောက်တဲ့အထိ စောင့်သင့်တယ် ထင်တာပဲ။ "

" အခုလက်တလောလေး... တစ်ယောက်လောက်ရှာပေး။ နင့်သူငယ်ချင်းတွေထဲက တစ်ယောက်နဲ့ ပြောပေးကြည့်ပါလား။ "

လျိုကျင်းက ရယ်လိုက်သည်။

" ငါ့အဖေ နင့်ကိုသဘောကျတာ မအံ့သြတော့ပါဘူး။  ပဲစေ့နှစ်ခြမ်းလိုပဲ နင့်အတွေးတွေကလည်း ငါ့အဖေနဲ့ တူနေတာကို... "

လျိုကျင်း ခဏလောက် စဥ်းစား​ကြည့်ပြီးမှ ပြန်ဖြေလာသည်။

" တကယ်တော့ ငါ့မှာ သင့်တော်တဲ့တစ်ယောက်တော့ ရှိတယ်။ ဒါပေမယ့် သူက နင့်ညီထက် နှစ်နှစ်လောက်ကြီးတယ်နော်။ သူက မိန်းမကောင်းလေးပေမယ့် နင့်ညီက ကြိုက်ပါ့မလား မသိဘူး။ "

" မသိဘူးလေ "

လွီနင်အတွက် အခုအချိန်ခဏ​လေးက အရမ်းခက်ခဲနေသလိုပဲ သူနောက်ပြန်လှည့်ဖို့ မဖြစ်နိုင်တော့။ 

" အမ်... ဒါဆို ငါသူ့ကို ဖုန်းဆက်ကြည့်လိုက်မယ်။ "

လျိုကျင်းဆီက တုံ့ပြန်ချက်ရပြီးနောက် လွီနင်စိတ်သက်သာရာရသွားပြီး လမ်းတစ်ဖက်က နှစ်သစ်ကူးပရိုမိုးရှင်းတွေပေးနေသည့် ကုန်ပစ္စည်းတွေကို ကြည့်ရအောင် လမ်းကူးလိုက်သည်။

" နင်အားလား။ အားရင် စျေးတန်းဘက် စျေးဝယ်ဖို့ ငါနဲ့ အဖော်လိုက်ခဲ့ပေး။ "

***********************

ဝေ့ဒါ ပရိုဂရမ်တစ်ပုဒ် ပြန်ပြင်နေတုန်း တစ်ယောက်ယောက် တံခါးဖွင့်သံကို ကြားလိုက်ရသည်။ ထိုလူက တံခါးဖွင့်ပြီး ခဏရပ်နေတာကြောင့် ကြည့်ရတာ  ပစ္စည်းတွေ အများကြီး သယ်လာပုံပေါ်သည်။

ဝေ့ဒါ နောက်ကို တစ်ချက်တောင်လှည့်မကြည့်ပေ။ ပရိုဂရမ်မှာ ကွင်းနှင့်ပတ်သတ်ပြီး ပြဿနာတက်နေတာကြောင့် မှားယွင်းနေသည့် သတိပေးချက်တက်လာသည်။

ခြေလှမ်းတွေက တဖြည်းဖြည်း နီးကပ်လာသည်။

ဝေ့ဒါ ကွန်ပျူတာပေါ်က စာတွေကိုသာ စိုက်ကြည့်နေသည်။

ဒါပေမယ့်  ...

ဒါပေမယ့်လို့ … နောက်ထပ် …

" ပျော်ရွှင်စရာ နှစ်သစ်ကူးဖြစ်ပါစေ "
ဟူသည့် လွီနင်အသံကို ကြားလိုက်ရသည်။

ဒါက မနေ့ညက သူတို့ပထမဆုံး ပြော​​ပေး​ရမည့် ဆုတောင်းစကားဆိုပေမယ့် နှစ်ယောက်လုံး မေ့သွားခဲ့ကြသည်။

ဝေ့ဒါ ကီးဘုတ်ပေါ်မှာ စာရိုက်ကာ အမှားပြင်လိုက်တော့ prompt box ကျလာလေသည်။ ထိုနောက် နောက်လှည့်ကြည့်ကာ ပြန်ပြောလိုက်သည်။

" ပျော်ရွှင်စရာ နှစ်သစ်ပါ။ "

" ထင်တဲ့အတိုင်းပဲ နှစ်သစ်ကူးဆိုတော့ အပြင်မှာ လူတွေအများကြီးပဲ။  "
လွီနင် စကားပြောရင်း အပေါ်ကုတ်အင်္ကျီကို ချွတ်လိုက်သည်။
" အိမ်ထဲပဲ အောင်းမနေနဲ့။ တစ်ခါတစ်လေလေး အပြင်ထွက် လမ်းလေးလျှောက်ဦး။ "

" အပြင်က အေးတယ်။ နောက်က အိတ်ကြီး အိတ်ငယ်နဲ့ ဘာတွေ ဝယ်လာတာလဲ။ "

သူတို့နှစ်ယောက်၏ မျက်နှာထားနှင့် အမူအရာတွေက  ပုံမှန်အတိုင်းပဲ။ သဘာဝကျလွန်းလို့ တစ်ဖက်သားကို မနေ့ညက ဖြစ်ရပ်က အိမ်မက်တစ်ခုလို့တောင် ခံစားမိစေတဲ့အထိပင်။

လွီနင် ကြမ်းပေါ်က ပလတ်စတစ်အိတ် အနည်းငယ်ကို ကောက်ယူကာ ဝေ့ဒါလက်ထဲထည့်လိုက်သည်။

" ဒါ မင်းအတွက်... "

" နှစ်သစ်ကူးလက်ဆောင်လား "

အိတ်ပေါ်က တံဆိပ်ကို မြင်လိုက်တော့ ဝေ့ဒါအပြုံးတွေ အေးခဲသွားရသည်။

" ငါအရင်ရက်တွေတုန်းက မင်းအတွက် အိပ်ရာခင်းအသစ် ဝယ်ပေးမယ်လို့ မပြောခဲ့ဘူးလား။ "

လွီနင် သူ့အဝတ်တွေကို မတ်တပ်ရပ်ဗီရိုထဲ ထည့်နေတာကြောင့် ဝေ့ဒါမျက်နှာအပြောင်းအလဲကို မမြင်လိုက်ရ။ သူက အေးအေးဆေးဆေး စကားကိုဆက်လိုက်သည်။

" ငါ့မှာ ဘယ်ဟာရွေးရမှန်း မသိဖြစ်နေတာနဲ့ လျိုကျင်းက မင်းအတွက်ဆိုပြီး ရွေးပေးလိုက်တာ။ နောက်ကျရင် မင်းက အခန်းထဲမှာ တစ်ယောက်ထဲ အိပ်ရတော့မှာလေ။  ဘာပဲဖြစ်ဖြစ် အဆင်ပြေသွားတာပေါ့ ။ "

ဝေ့ဒါ အိတ်တွေကို ခံစားချက်မဲ့နေသော မျက်ဝန်းတွေနှင့် စိုက်ကြည့်လျှက် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

" ကျေးဇူး "

" ဘာတွေ​တွေးနေတာလဲ။ ငါက မင်းမနေ့က ပေးတဲ့ ပိုက်ဆံနဲ့ ဝယ်လာတာ။ "

အင်္ကျီချိတ်တာက လွယ်ကူသည့် အလုပ်လေးတစ်ခုဖြစ်ပေမယ့် လွီနင်ကတော့  ဗီရိုကိုသာ မျက်နှာမူကာ အချိန်အကြာကြီး မတ်တပ်ရပ်နေသည်။ ခဏ​လေး​​တောင် အနောက်တစ်ချက်လှည့်​ကြည့်မလာခဲ့။

ဝေ့ဒါ ခဏလောက် ကြောင်အသွားပြီး စားပွဲဆီကို လှည့်ကြည့်လိုက်သည်။ ဖန်ပန်ကန်းပြားလေးအောက်က ပိုက်ဆံတွေ မရှိတော့။

ဝေ့ဒါ ဟက်ခနဲ ​​​လှောင်ရယ်လိုက်သည်။

" ပိုက်ဆံလေးနည်းနည်းနဲ့ ဒီလောက်ပစ္စည်းတွေ အများကြီး ဘယ်လိုလုပ် ဝယ်လို့ရလာတာလဲ။ ကိုကို အများကြီး ထပ်စိုက်လိုက်ရတယ်မလား။ "

" ပိုက်ဆံလေးနည်းနည်း စိုက်လိုက်ရတာ ဘာမှမဖြစ်ပါဘူး။ ငါက မင်း အစ်ကိုပဲလေ။ ဟုတ််တယ်မလား။ "

လွီနင် နောက်လှည့်ကာ ပြုံးပြလိုက်သည်။

ဒါက မနေ့ကတည်းက တစ်ယောက်နှင့်တစ်ယောက် ပထမဆုံး မျက်နှာချင်းဆိုင်ကြတာပင်။ ဝေ့ဒါ၏ မျက်နှာထားက အမြဲတမ်းလိုပဲ မတွေးတောတတ်လောက်အောင် နားလည်ရခက်လွန်းသည်။ စိတ်လှုပ်ရှားမှုနှင့် ဒေါသတို့ ရောနှောနေသည့် မျက်လုံးတွေက လွီနင်၏ ထိတ်လန့်နေသော အမူအရာအောက်မှာ တဖြည်းဖြည်း အရောင်မှိန်သွားခဲ့သည်။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸

Zawgyi

ထို႔ေနာက္ လြီနင္က ဖက္ထုပ္နည္းနည္းစားၿပီး ျပန္အိပ္ေပ်ာ္သြားသည္။ ႏွစ္ေယာက္လုံး ဘယ္သူမွ အေစာက အျဖစ္အပ်က္ကို ထပ္မေျပာၾကေခ်။ တစ္ညလုံး ျပတင္းေပါက္အျပင္ဘက္က ေျဗာက္အိုးသံေတြက လြီနင္ကို လန့္နိုးလာေစသည္။ မ်က္လုံးေတြကို မွိတ္ထားေပမယ့္ သူအိပ္မရေတာ့။

အိပ္မရတာေၾကာင့္ လြီနင္ သူ႕ေဘးက ေဝ့ဒါလည္း သူလိုပဲ တစ္ညလုံး လုံးဝအိပ္မေပ်ာ္ဘူးဆိုတာ သိေနခဲ့သည္။

ႏွစ္သစ္ကူး၏ ပထမဆုံးေန႕မွာ လြီနင္ ေဆး႐ုံမိသားစု ႏွစ္သစ္ကူးပြဲကို တက္ေရာက္ဖို႔ရန္ အလုပ္ကို ထြက္ခဲ့သည္။

သူထြက္လာခ်ိန္ ေဝ့ဒါ အိပ္ရာထဲ လွဲေနတုန္းရွိေသးသည္။ သူနိုးၿပီလား အိပ္ေပ်ာ္ေနတုန္းလားဆိုတာေတာ့ မသိေပ။

ဆူညံေသာ ႏွစ္သစ္ဆုေတာင္းစကားေတြႏွင့္ပဲ တစ္ရက္က ကုန္သြားခဲ့ျပန္သည္။

လူေတြအမ်ားႀကီးၾကားမွာေတာ့ လြီနင္တစ္ေယာက္ နည္းနည္းေတာ့ အ​ေတြးမ်ားေနမိသည္။ မေန႕ညက အျဖစ္အပ်က္က တကယ္ေတာ့ ထင္ေယာင္ထင္မွားျဖစ္တာပဲေနမည္။

သူ႕ႏႈတ္ခမ္းေပၚမွာ စြဲက်န္ေနခဲ့သည့္ အထိအေတြ႕က ဘာေတြျဖစ္ပ်က္ခဲ့သလဲဆိုသည့္ အမွန္တရားကို ေျပာျပ​ေနသလိုပင္။

ေဝ့ဒါက ဘာလို႔ သူ႕ကို နမ္းရတာလဲ...

အနမ္းက ဘယ္သူမွ ခုခံနိုင္စြမ္းမရွိေလာက္ေအာင္ကို ျပင္းထန္နက္ရွိုင္းလြန္းသည္။

ဒါေပမယ့္ … ဘာေၾကာင့္လဲ …

အိမ္ျပန္လမ္းတြင္ လ်ိဳက်င္းက မေန႕က ဖုန္းေခၚဆိုမႈ အေၾကာင္းကို စကားစလာသည္။ 

" တကယ္ႀကီး ထူးဆန္းေနသလားလို႔။ နင္ နင့္ညီကို ေကာင္မေလးနဲ႕ ခ်ိတ္ေပးဖို႔ ငါ့ကို အကူအညီေတာင္းတယ္ေပါ့။ "

" အင္း... ငါက သူလည္း ရည္းစား​ေလးတစ္ေယာက္ေလာက္ရွိသင့္တယ္ထင္လို႔။ "

" ငါကေတာ့ သူအလုပ္အကိုင္အတည္တက်ျဖစ္ၿပီး အ႐ြယ္ေရာက္တဲ့အထိ ေစာင့္သင့္တယ္ ထင္တာပဲ။ "

" အခုလက္တေလာေလး... တစ္ေယာက္ေလာက္ရွာေပး။ နင့္သူငယ္ခ်င္းေတြထဲက တစ္ေယာက္နဲ႕ ေျပာေပးၾကည့္ပါလား။ "

လ်ိဳက်င္းက ရယ္လိုက္သည္။

" ငါ့အေဖ နင့္ကိုသေဘာက်တာ မအံ့ၾသေတာ့ပါဘူး။  ပဲေစ့ႏွစ္ျခမ္းလိုပဲ နင့္အေတြးေတြကလည္း ငါ့အေဖနဲ႕ တူေနတာကို... "

လ်ိဳက်င္း ခဏေလာက္ စဥ္းစား​ၾကည့္ၿပီးမွ ျပန္ေျဖလာသည္။

" တကယ္ေတာ့ ငါ့မွာ သင့္ေတာ္တဲ့တစ္ေယာက္ေတာ့ ရွိတယ္။ ဒါေပမယ့္ သူက နင့္ညီထက္ ႏွစ္ႏွစ္ေလာက္ႀကီးတယ္ေနာ္။ သူက မိန္းမေကာင္းေလးေပမယ့္ နင့္ညီက ႀကိဳက္ပါ့မလား မသိဘူး။ "

" မသိဘူးေလ "

လြီနင္အတြက္ အခုအခ်ိန္ခဏ​ေလးက အရမ္းခက္ခဲေနသလိုပဲ သူေနာက္ျပန္လွည့္ဖို႔ မျဖစ္နိုင္ေတာ့။ 

" အမ္... ဒါဆို ငါသူ႕ကို ဖုန္းဆက္ၾကည့္လိုက္မယ္။ "

လ်ိဳက်င္းဆီက တုံ႕ျပန္ခ်က္ရၿပီးေနာက္ လြီနင္စိတ္သက္သာရာရသြားၿပီး လမ္းတစ္ဖက္က ႏွစ္သစ္ကူးပရိုမိုးရွင္းေတြေပးေနသည့္ ကုန္ပစၥည္းေတြကို ၾကည့္ရေအာင္ လမ္းကူးလိုက္သည္။

" နင္အားလား။ အားရင္ ေစ်းတန္းဘက္ ေစ်းဝယ္ဖို႔ ငါနဲ႕ အေဖာ္လိုက္ခဲ့ေပး။ "

***********************

ေဝ့ဒါ ပရိုဂရမ္တစ္ပုဒ္ ျပန္ျပင္ေနတုန္း တစ္ေယာက္ေယာက္ တံခါးဖြင့္သံကို ၾကားလိုက္ရသည္။ ထိုလူက တံခါးဖြင့္ၿပီး ခဏရပ္ေနတာေၾကာင့္ ၾကည့္ရတာ  ပစၥည္းေတြ အမ်ားႀကီး သယ္လာပုံေပၚသည္။

ေဝ့ဒါ ေနာက္ကို တစ္ခ်က္ေတာင္လွည့္မၾကည့္ေပ။ ပရိုဂရမ္မွာ ကြင္းႏွင့္ပတ္သတ္ၿပီး ျပႆနာတက္ေနတာေၾကာင့္ မွားယြင္းေနသည့္ သတိေပးခ်က္တက္လာသည္။

ေျခလွမ္းေတြက တျဖည္းျဖည္း နီးကပ္လာသည္။

ေဝ့ဒါ ကြန္ပ်ဴတာေပၚက စာေတြကိုသာ စိုက္ၾကည့္ေနသည္။

ဒါေပမယ့္  ...

ဒါေပမယ့္လို႔ … ေနာက္ထပ္ …

" ေပ်ာ္႐ႊင္စရာ ႏွစ္သစ္ကူးျဖစ္ပါေစ "
ဟူသည့္ လြီနင္အသံကို ၾကားလိုက္ရသည္။

ဒါက မေန႕ညက သူတို႔ပထမဆုံး ေျပာ​​ေပး​ရမည့္ ဆုေတာင္းစကားဆိုေပမယ့္ ႏွစ္ေယာက္လုံး ေမ့သြားခဲ့ၾကသည္။

ေဝ့ဒါ ကီးဘုတ္ေပၚမွာ စာရိုက္ကာ အမွားျပင္လိုက္ေတာ့ prompt box က်လာေလသည္။ ထိုေနာက္ ေနာက္လွည့္ၾကည့္ကာ ျပန္ေျပာလိုက္သည္။

" ေပ်ာ္႐ႊင္စရာ ႏွစ္သစ္ပါ။ "

" ထင္တဲ့အတိုင္းပဲ ႏွစ္သစ္ကူးဆိုေတာ့ အျပင္မွာ လူေတြအမ်ားႀကီးပဲ။  "
လြီနင္ စကားေျပာရင္း အေပၚကုတ္အကၤ်ီကို ခြၽတ္လိုက္သည္။
" အိမ္ထဲပဲ ေအာင္းမေနနဲ႕။ တစ္ခါတစ္ေလေလး အျပင္ထြက္ လမ္းေလးေလွ်ာက္ဦး။ "

" အျပင္က ေအးတယ္။ ေနာက္က အိတ္ႀကီး အိတ္ငယ္နဲ႕ ဘာေတြ ဝယ္လာတာလဲ။ "

သူတို႔ႏွစ္ေယာက္၏ မ်က္ႏွာထားႏွင့္ အမူအရာေတြက  ပုံမွန္အတိုင္းပဲ။ သဘာဝက်လြန္းလို႔ တစ္ဖက္သားကို မေန႕ညက ျဖစ္ရပ္က အိမ္မက္တစ္ခုလို႔ေတာင္ ခံစားမိေစတဲ့အထိပင္။

လြီနင္ ၾကမ္းေပၚက ပလတ္စတစ္အိတ္ အနည္းငယ္ကို ေကာက္ယူကာ ေဝ့ဒါလက္ထဲထည့္လိုက္သည္။

" ဒါ မင္းအတြက္... "

" ႏွစ္သစ္ကူးလက္ေဆာင္လား "

အိတ္ေပၚက တံဆိပ္ကို ျမင္လိုက္ေတာ့ ေဝ့ဒါအၿပဳံးေတြ ေအးခဲသြားရသည္။

" ငါအရင္ရက္ေတြတုန္းက မင္းအတြက္ အိပ္ရာခင္းအသစ္ ဝယ္ေပးမယ္လို႔ မေျပာခဲ့ဘူးလား။ "

လြီနင္ သူ႕အဝတ္ေတြကို မတ္တပ္ရပ္ဗီရိုထဲ ထည့္ေနတာေၾကာင့္ ေဝ့ဒါမ်က္ႏွာအေျပာင္းအလဲကို မျမင္လိုက္ရ။ သူက ေအးေအးေဆးေဆး စကားကိုဆက္လိုက္သည္။

" ငါ့မွာ ဘယ္ဟာေ႐ြးရမွန္း မသိျဖစ္ေနတာနဲ႕ လ်ိဳက်င္းက မင္းအတြက္ဆိုၿပီး ေ႐ြးေပးလိုက္တာ။ ေနာက္က်ရင္ မင္းက အခန္းထဲမွာ တစ္ေယာက္ထဲ အိပ္ရေတာ့မွာေလ။  ဘာပဲျဖစ္ျဖစ္ အဆင္ေျပသြားတာေပါ့ ။ "

ေဝ့ဒါ အိတ္ေတြကို ခံစားခ်က္မဲ့ေနေသာ မ်က္ဝန္းေတြႏွင့္ စိုက္ၾကည့္လွ်က္ အသံတိုးတိုးေလးျဖင့္ ေျပာလိုက္သည္။

" ေက်းဇူး "

" ဘာေတြ​ေတြးေနတာလဲ။ ငါက မင္းမေန႕က ေပးတဲ့ ပိုက္ဆံနဲ႕ ဝယ္လာတာ။ "

အကၤ်ီခ်ိတ္တာက လြယ္ကူသည့္ အလုပ္ေလးတစ္ခုျဖစ္ေပမယ့္ လြီနင္ကေတာ့  ဗီရိုကိုသာ မ်က္ႏွာမူကာ အခ်ိန္အၾကာႀကီး မတ္တပ္ရပ္ေနသည္။ ခဏ​ေလး​​ေတာင္ အေနာက္တစ္ခ်က္လွည့္​ၾကည့္မလာခဲ့။

ေဝ့ဒါ ခဏေလာက္ ေၾကာင္အသြားၿပီး စားပြဲဆီကို လွည့္ၾကည့္လိုက္သည္။ ဖန္ပန္ကန္းျပားေလးေအာက္က ပိုက္ဆံေတြ မရွိေတာ့။

ေဝ့ဒါ ဟက္ခနဲ ​​​ေလွာင္ရယ္လိုက္သည္။

" ပိုက္ဆံေလးနည္းနည္းနဲ႕ ဒီေလာက္ပစၥည္းေတြ အမ်ားႀကီး ဘယ္လိုလုပ္ ဝယ္လို႔ရလာတာလဲ။ ကိုကို အမ်ားႀကီး ထပ္စိုက္လိုက္ရတယ္မလား။ "

" ပိုက္ဆံေလးနည္းနည္း စိုက္လိုက္ရတာ ဘာမွမျဖစ္ပါဘူး။ ငါက မင္း အစ္ကိုပဲေလ။ ဟုတ္္တယ္မလား။ "

လြီနင္ ေနာက္လွည့္ကာ ၿပဳံးျပလိုက္သည္။

ဒါက မေန႕ကတည္းက တစ္ေယာက္ႏွင့္တစ္ေယာက္ ပထမဆုံး မ်က္ႏွာခ်င္းဆိုင္ၾကတာပင္။ ေဝ့ဒါ၏ မ်က္ႏွာထားက အၿမဲတမ္းလိုပဲ မေတြးေတာတတ္ေလာက္ေအာင္ နားလည္ရခက္လြန္းသည္။ စိတ္လႈပ္ရွားမႈႏွင့္ ေဒါသတို႔ ေရာေႏွာေနသည့္ မ်က္လုံးေတြက လြီနင္၏ ထိတ္လန့္ေနေသာ အမူအရာေအာက္မွာ တျဖည္းျဖည္း အေရာင္မွိန္သြားခဲ့သည္။

Continue Reading

You'll Also Like

300K 15.1K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
448K 39K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
61.8K 5.9K 108
လူသားေတြ ေနထိုင္တဲ့ ဒီၿဂိဳဟ္ကို ကမ႓ာ‌ေျမလို႔ သမုတ္တယ္ဆိုရင္ ကြၽန္ေတာ့္သီးသန႔္ေနႏိုင္ရာ ကိုယ္ပိုင္ၿဂိဳဟ္ငယ္ဟာ "ခ်စ္လြန္းလ်ွံ " လို႔ အမည္ရပါတယ္... လ...
65.6K 9.7K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...