ထိုမှစခဲ့သော အချစ်များစွာသည်

De Fiendyy

638K 69.1K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... Mais

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210

21

6.4K 798 15
De Fiendyy

Unicode


အခန်း ၂၁ ) ကျုပ်က တရားခံမှမဟုတ်တာ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ရဲလက်အပ်ရမှာလဲ

အတိတ်ကာလမှာ လုချီယွမ်ဟာ သူမအပေါ်မှာ လုံးဝ မကောင်းခဲ့တာတော့ မဟုတ်ပါ။

သူမငယ်ငယ်က မိသားစုမှာ အခက်အခဲတွေအများကြီးရှိနေသည့်အချိန် လုချင်းယန် ရောက်မလာသေးပေ။

ရှချင်းဝေကိုပါ သူနဲ့အတူ ဝေဒနာတွေခံစားခိုင်းရသည့်အတွက် စိတ်မကောင်းဖြစ်မိသေးသည်။ အိမ်ပြန်လာတိုင်း သူမကို ပေါင်ပေါ်တင်ချီသည်။ အလိမ္မာဆုံး အတော်ဆုံး သမီးလေးလို့လည်း ခေါ်ခဲ့ကာ သူမသည် ဒီမိသားစုရဲ့ မင်းသမီးလေး ဖြစ်ခဲ့ပါ၏။

သို့သော်လည်း ခု လုချီယွမ်ကို ကြည့်လိုက်ရင်တော့ ထိုအချိန် သူမအပေါ်ကောင်းခဲ့စဥ်က အပြုံးကို မတွေ့ရတော့ပေ။

" ဟုတ်ပြီ ဒါဖြင့်ရင် ခင်ဗျားကလည်း ကျုပ်ကို သမီးတစ်ယောက်အဖြစ် ဆက်ဆံသင့်တယ် မဟုတ်လား။ မေမေနဲ့ ကွာပြီး နောက်အိမ်ထောင်ပြုလိုက်ကတည်းက လုချီကိုပဲ ခင်ဗျား မြင်တတ်တယ်။ ခင်ဗျားရဲ့ဒီသမီးကိုတော့ ခင်ဗျား အကြာကြီး မေ့ထားခဲ့တယ်လေ။ ဒါနဲ့များ ကျုပ်ကို ဘယ်လိုဆက်ဆံစေချင်တာလဲ "
လုမန်က လက်ကိုအောက်ချပြီး နီရဲရောင်ကိုင်းသွားသည့် မျက်နှာတစ်ခြမ်းကို ဖော်လိုက်သည်။

စောစောက ဒီသမီးကို သူ ဘယ်လိုရိုက်ပစ်ခဲ့သလဲ လုချီယွမ်ကို မှတ်မိစေချင်သည်။

လူကိုရိုက်ပစ်ပြီးမှ အလေးဂရုပြုမှုကိုမျှော်လင့်နေသေးသလား...

ပေါ့ပြက်ပြက်နိုင်လိုက်ပါပေ့!

သို့ပါလျက် သူမဘာလုပ်လုပ် လုချီယွမ်က ဓမ္မဓိဋ္ဌာန်ကျကျ ဘက်မလိုက်ဘဲ ပြုမူမည် မဟုတ်သဖြင့် အားရကျေနပ်အောင် အတ္တတွေလျှော့ပေးလည်း အလကားပင်။

ထို့ကြောင့် ဖြစ်သင့်သည့်အတိုင်း ပြုမူလိုက်လျှင် အနည်းဆုံးတော့ သူမ အားရကျေနပ်ရတာပေါ့။

သို့သော် လုမန်မျက်နှာပေါ်က ဖောင်းပွဒဏ်ရာကိုမြင်ရပြီးနောက် လုချီယွမ် မျက်လုံးထဲက အနေခက်မှုသည် လျှက်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပေသည်။ သူ့ရင်မှာ ပြည့်သွားသော အပြစ်ရှိစိတ်က စက္ကန့်ပိုင်းမျှသာ ခံသည်။ သူမမျက်နှာပေါ်က လက်ဝါးရာသည် သူ့ကို စိတ်အာရုံထွေပြားစေသည်။

ဒီအရာထင်အောင် သူလုပ်ခဲ့မှန်း သတိရလိုက်တော့ အမှန်ကို ပိုလို့ပင် မရင်ဆိုင်ချင်ကာ လုမန်မျက်နှာကို မုန်းတီးသထက် မုန်းတီးလာခဲ့သည်။

ထို့ပြင် သူနဲ့ ရှချင်းယန် အကြောင်း လုမန် ပြောထွက်လာတာတွေကို ကြားပြီး ရှချင်းဝေအတွက်လည်း စိတ်မကောင်းပိုဖြစ်မိသည်။

အမှားကိုသိပေမယ့် အမှန်ကိုမရင်ဆိုင်ချင်၊ ရှချင်းဝေကို စိတ်ပျက်စေခဲ့ပြီ ဟု ဝန်ခံရမှာလည်း တွန့်ဆုတ်နေခဲ့လျက်။

ထို့ကြောင့် သူ့ကိုယ်သူရော တခြားသူတွေကိုပါ အမှန်မသိအောင် ဖုံးလို့ ဒီအကြောင်း မတွေးမိအောင်နေသရွေ့ ဒီကိစ္စဟာဘယ်တုန်းကမှမဖြစ်ခဲ့ဖူးသလို ဖြစ်သွားလိမ့်မည်။

သို့ပေမယ့် ခု လုမန်က အမှန်တွေပြောပစ်လိုက်တော့ အသားစိမ်းကိုဆွဲနွှာပစ်သလို အတွင်းက အမြင်ဆိုးဆိုး အသားစတွေသာ ပေါ်ထွက်လာရုံရှိ၏။

လုချီယွမ်က လုမန်နှာခေါင်းကို လက်ညှိုးထိုးပစ်လိုက်ကာ
" ရဲစခန်းမှာ သွားအဖမ်းခံချေ့ "

လုမန် လုချီယွမ်ကို တည့်တည့်စိုက်ကြည့်မိ၏။

အရင်ဘဝမှာလည်း သူမ ငြင်းဆန်လို့မရခဲ့သောသက်သေအထောက်အထားတွေရှိခဲ့သည်ပင်။ လုချီယွမ်မပါရင်တောင်မှ ဟဲကျိန့်ပိုင် နှင့် လုချီ ချောက်ချစွပ်စွဲတာကို ခံရတဲ့ သူမဟာ ဖြူစင်မှုကို သက်သေမပြနိုင်အောင် ဘဝဆုံးပြီးသားပါ။ လုချီယွမ် ဘာပြောပြော သူမကတော့ ထောင်သွင်းအကျဥ်းချခံရမည်သာ။

သို့သော် လုချီယွမ်လုပ်ခဲ့သမျှဟာ ဘယ်လိုတွေထိခိုက်နာကျင်စေခဲ့တယ်ပြောရင်း နာကြည်းခါးသီးစွာနဲ့ ပြစ်တင်ကြိမ်းမောင်းခြင်းသာဖြစ်၏။

သူမရဲ့ဝမ်းနည်းကြေကွဲမှုဟာလည်း လုချီယွမ်ရဲ့မယုံကြည်မှုကနေ အရင်းခံလာတာဖြစ်သည်။

ဒါပေမယ့် အခု သူမဖြူစင်တာကို သိလျက်နဲ့တောင် လုချီယွမ်ဟာ သူမကို သွားအဖမ်းခံစေချင်သည်လေ။

လုမန်မှာ ရုတ်တရက် အဟားခံလိုက်ရသလို။
လုချီယွမ်ကို ရယ်သွေးသွမ်းစွာ ကြည့်ရင်း
" ကျုပ်က တရားခံမှမဟုတ်တာ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ရဲလက်အပ်ရမှာလဲ "

" နင် မဟုတ်ရင် နင့်ညီမရော ဖြစ်နိုင်ပါ့မလား။ ဘယ်လိုမှမဖြစ်နိုင်ဘူးနော်။ အေး တကယ်လို့ သူ မဟုတ်ရင်တော့ နင်ပဲရှိတယ် "
လုချီယွမ်၏ သဘောက ရှင်းသည်။

လုချီဟာ တရားခံဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ထောင်ထဲသွားရမည့်သူကတော့ လုမန်သာဖြစ်သည်။

" သူလုပ်ခဲ့တာ " လုမန် အော်လိုက်သည်။
" အမှန်တရားကိုရဲတွေရှာပါလိမ့်မယ်။ တကယ်လုပ်ခဲ့တဲ့ တရားခံကပဲ ထောင်ထဲသွားရမယ်။ ဒါမှ တရားမျှတမှုရှိမယ် "

ဟဲကျိန့်ပိုင်က မျက်မှောင်ကုတ်သည်။
"လုမန် မင်းတော်တော် စဥ်းစဥ်းစားစားမရှိတာပဲ၊ ရဲတွေစုံစမ်းနေစဥ်အတွင်းမှာ ချီချီဘယ်လောက်တောင် ဝေဖန်ခံရမယ်ဆိုတာကိုသိလား။ ဒါက သူ့အလုပ်ကို အကြီးအကျယ် ထိခိုက်စေလိမ့်မယ်။ အခုချိန်မှာ ချီချီက ထိပ်တန်းအဆင့်ဝင် မင်းသမီးဖြစ်ဖို့ ရည်ရွယ်ထားတဲ့သူကွ၊ ဒီလိုကျော်မကောင်းကြားမကောင်းတွေကို ခံနိုင်ရည်ရှိတာမဟုတ်ဘူး "

အပြောင်အပြက်တွေ ကြားလိုက်ရသည့်ပမာ မရည်ရွယ်ပါဘဲ လုမန် အော်ရယ်မိသည်။
" ဟဲကျိန့်ပိုင်ရယ် နင်တော်တော်ရယ်ရပါလား။ သူ့အလုပ်အတွက် ငါ့တစ်ဘဝလုံးကို ရင်းပေးရမယ်ပေါ့ ဟုတ်လား။ ဘာအမှားမှမလုပ်ဘဲ ထောင်ထဲသွားချင်တာဆိုရင် ငါရူးနေလို့ပဲဖြစ်မယ်။ ငါတို့တွဲတုန်းက ငါ့ကွယ်ရာမှာ နင် နဲ့ လုချီ တွဲခုတ်နေတာတွေကိုလည်း ငါ ဂရုမစိုက်ဘူး။ အဲ့တုန်းက ငါ့ရဲ့ဖီလင်က သေးပေါက်ချင်တာကို အကြာကြီး ချုပ်ထားရသလိုပဲ။ ခုမှ ပေါက်ချပစ်လိုက်လို့ နေသာထိုင်သာရှိသွားတယ်ပေါ့ "

ဟဲ့ကျိန့်ပိုင် မျက်နှာကြီး ဒေါသထွက်လို့ သကြားမုန်လာလိုနီတွတ်သွားသည်။
" မိုက်ရိုင်းလှချည်လား မင်း!! "

သူ့ကို သေးနဲ့တောင် နှိုင်းပစ်လိုက်သေးတာ~

===================================

Zawgyi

အခန္း ၂၁ ) က်ဳပ္က တရားခံမွမဟုတ္တာ ဘာလို႔ ကိုယ့္ကိုယ္ကိုယ္ ရဲလက္အပ္ရမွာလဲ

အတိတ္ကာလမွာ လုခ်ီယြမ္ဟာ သူမအေပၚမွာ လံုးဝ မေကာင္းခဲ့တာေတာ့ မဟုတ္ပါ။

သူမငယ္ငယ္က မိသားစုမွာ အခက္အခဲေတြအမ်ားႀကီးရိွေနသည့္အခ်ိန္ လုခ်င္းယန္ ေရာက္မလာေသးေပ။

ရွခ်င္းေဝကိုပါ သူနဲ႔အတူ ေဝဒနာေတြခံစားခိုင္းရသည့္အတြက္ စိတ္မေကာင္းျဖစ္မိေသးသည္။ အိမ္ျပန္လာတိုင္း သူမကို ေပါင္ေပၚတင္ခ်ီသည္။ အလိမၼာဆံုး အေတာ္ဆံုး သမီးေလးလို႔လည္း ေခၚခဲ့ကာ သူမသည္ ဒီမိသားစုရဲ့ မင္းသမီးေလး ျဖစ္ခဲ့ပါ၏။

သို႔ေသာ္လည္း ခု လုခ်ီယြမ္ကို ၾကည့္လိုက္ရင္ေတာ့ ထိုအခ်ိန္ သူမအေပၚေကာင္းခဲ့စဥ္က အၿပံဳးကို မေတြ့ရေတာ့ေပ။

" ဟုတ္ၿပီ ဒါျဖင့္ရင္ ခင္ဗ်ားကလည္း က်ဳပ္ကို သမီးတစ္ေယာက္အျဖစ္ ဆက္ဆံသင့္တယ္ မဟုတ္လား။ ေမေမနဲ႔ ကြာၿပီး ေနာက္အိမ္ေထာင္ျပဳလိုက္ကတည္းက လုခ်ီကိုပဲ ခင္ဗ်ား ျမင္တတ္တယ္။ ခင္ဗ်ားရဲ့ဒီသမီးကိုေတာ့ ခင္ဗ်ား အၾကာႀကီး ေမ့ထားခဲ့တယ္ေလ။ ဒါနဲ႔မ်ား က်ဳပ္ကို ဘယ္လိုဆက္ဆံေစခ်င္တာလဲ "
လုမန္က လက္ကိုေအာက္ခ်ၿပီး နီရဲေရာင္ကိုင္းသြားသည့္ မ်က္ႏွာတစ္ျခမ္းကို ေဖာ္လိုက္သည္။

ေစာေစာက ဒီသမီးကို သူ ဘယ္လိုရိုက္ပစ္ခဲ့သလဲ လုခ်ီယြမ္ကို မွတ္မိေစခ်င္သည္။

လူကိုရိုက္ပစ္ၿပီးမွ အေလးဂရုျပဳမႈကိုေမ်ွာ္လင့္ေနေသးသလား...

ေပါ့ျပက္ျပက္ႏိုင္လိုက္ပါေပ့!

သို႔ပါလ်က္ သူမဘာလုပ္လုပ္ လုခ်ီယြမ္က ဓမၼဓိ႒ာန္က်က် ဘက္မလိုက္ဘဲ ျပဳမူမည္ မဟုတ္သျဖင့္ အားရေက်နပ္ေအာင္ အတၲေတြေလ်ွာ့ေပးလည္း အလကားပင္။

ထို႔ေၾကာင့္ ျဖစ္သင့္သည့္အတိုင္း ျပဳမူလိုက္လ်ွင္ အနည္းဆံုးေတာ့ သူမ အားရေက်နပ္ရတာေပါ့။

သို႔ေသာ္ လုမန္မ်က္ႏွာေပၚက ေဖာင္းပြဒဏ္ရာကိုျမင္ရၿပီးေနာက္ လုခ်ီယြမ္ မ်က္လံုးထဲက အေနခက္မႈသည္ လ်ွက္တစ္ျပက္အတြင္း ေပ်ာက္ကြယ္သြားေပသည္။ သူ႔ရင္မွာ ျပည့္သြားေသာ အျပစ္ရိွစိတ္က စကၠန္႔ပိုင္းမ်ွသာ ခံသည္။ သူမမ်က္ႏွာေပၚက လက္ဝါးရာသည္ သူ႔ကို စိတ္အာရံုေထျြပားေစသည္။

ဒီအရာထင္ေအာင္ သူလုပ္ခဲ့မွန္း သတိရလိုက္ေတာ့ အမွန္ကို ပိုလို႔ပင္ မရင္ဆိုင္ခ်င္ကာ လုမန္မ်က္ႏွာကို မုန္းတီးသထက္ မုန္းတီးလာခဲ့သည္။

ထို႔ျပင္ သူနဲ႔ ရွခ်င္းယန္ အေၾကာင္း လုမန္ ေျပာထြက္လာတာေတြကို ၾကားၿပီး ရွခ်င္းေဝအတြက္လည္း စိတ္မေကာင္းပိုျဖစ္မိသည္။

အမွားကိုသိေပမယ့္ အမွန္ကိုမရင္ဆိုင္ခ်င္၊ ရွခ်င္းေဝကို စိတ္ပ်က္ေစခဲ့ၿပီ ဟု ဝန္ခံရမွာလည္း တြန္႔ဆုတ္ေနခဲ့လ်က္။

ထို႔ေၾကာင့္ သူ႔ကိုယ္သူေရာ တျခားသူေတြကိုပါ အမွန္မသိေအာင္ ဖံုးလို႔ ဒီအေၾကာင္း မေတြးမိေအာင္ေနသေရြ့ ဒီကိစၥဟာဘယ္တုန္းကမွမျဖစ္ခဲ့ဖူးသလို ျဖစ္သြားလိမ့္မည္။

သို႔ေပမယ့္ ခု လုမန္က အမွန္ေတြေျပာပစ္လိုက္ေတာ့ အသားစိမ္းကိုဆြဲႏႊာပစ္သလို အတြင္းက အျမင္ဆိုးဆိုး အသားစေတြသာ ေပၚထြက္လာရံုရိွ၏။

လုခ်ီယြမ္က လုမန္ႏွာေခါင္းကို လက္ၫွိုးထိုးပစ္လိုက္ကာ
" ရဲစခန္းမွာ သြားအဖမ္းခံေခ့် "

လုမန္ လုခ်ီယြမ္ကို တည့္တည့္စိုက္ၾကည့္မိ၏။

အရင္ဘဝမွာလည္း သူမ ျငင္းဆန္လို႔မရခဲ့ေသာသက္ေသအေထာက္အထားေတြရိွခဲ့သည္ပင္။ လုခ်ီယြမ္မပါရင္ေတာင္မွ ဟဲက်ိန္႔ပိုင္ ႏွင့္ လုခ်ီ ေခ်ာက္ခ်စြပ္စြဲတာကို ခံရတဲ့ သူမဟာ ျဖဴစင္မႈကို သက္ေသမျပႏိုင္ေအာင္ ဘဝဆံုးၿပီးသားပါ။ လုခ်ီယြမ္ ဘာေျပာေျပာ သူမကေတာ့ ေထာင္သြင္းအက်ဥ္းခ်ခံရမည္သာ။

သို႔ေသာ္ လုခ်ီယြမ္လုပ္ခဲ့သမ်ွဟာ ဘယ္လိုေတြထိခိုက္နာက်င္ေစခဲ့တယ္ေျပာရင္း နာၾကည္းခါးသီးစြာနဲ႔ ျပစ္တင္ႀကိမ္းေမာင္းျခင္းသာျဖစ္၏။

သူမရဲ့ဝမ္းနည္းေၾကကြဲမႈဟာလည္း လုခ်ီယြမ္ရဲ့မယံုၾကည္မႈကေန အရင္းခံလာတာျဖစ္သည္။

ဒါေပမယ့္ အခု သူမျဖဴစင္တာကို သိလ်က္နဲ႔ေတာင္ လုခ်ီယြမ္ဟာ သူမကို သြားအဖမ္းခံေစခ်င္သည္ေလ။

လုမန္မွာ ရုတ္တရက္ အဟားခံလိုက္ရသလို။
လုခ်ီယြမ္ကို ရယ္ေသြးသြမ္းစြာ ၾကည့္ရင္း
" က်ဳပ္က တရားခံမွမဟုတ္တာ ဘာလို႔ ကိုယ့္ကိုယ္ကိုယ္ ရဲလက္အပ္ရမွာလဲ "

" နင္ မဟုတ္ရင္ နင့္ညီမေရာ ျဖစ္ႏိုင္ပါ့မလား။ ဘယ္လိုမွမျဖစ္ႏိုင္ဘူးေနာ္။ ေအး တကယ္လို႔ သူ မဟုတ္ရင္ေတာ့ နင္ပဲရိွတယ္ "
လုခ်ီယြမ္၏ သေဘာက ရွင္းသည္။

လုခ်ီဟာ တရားခံဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ ေထာင္ထဲသြားရမည့္သူကေတာ့ လုမန္သာျဖစ္သည္။

" သူလုပ္ခဲ့တာ " လုမန္ ေအာ္လိုက္သည္။
" အမွန္တရားကိုရဲေတြရွာပါလိမ့္မယ္။ တကယ္လုပ္ခဲ့တဲ့ တရားခံကပဲ ေထာင္ထဲသြားရမယ္။ ဒါမွ တရားမ်ွတမႈရိွမယ္ "

ဟဲက်ိန္႔ပိုင္က မ်က္ေမွာင္ကုတ္သည္။
"လုမန္ မင္းေတာ္ေတာ္ စဥ္းစဥ္းစားစားမရိွတာပဲ၊ ရဲေတြစံုစမ္းေနစဥ္အတြင္းမွာ ခ်ီခ်ီဘယ္ေလာက္ေတာင္ ေဝဖန္ခံရမယ္ဆိုတာကိုသိလား။ ဒါက သူ႔အလုပ္ကို အႀကီးအက်ယ္ ထိခိုက္ေစလိမ့္မယ္။ အခုခ်ိန္မွာ ခ်ီခ်ီက ထိပ္တန္းအဆင့္ဝင္ မင္းသမီးျဖစ္ဖို႔ ရည္ရြယ္ထားတဲ့သူကြ၊ ဒီလိုေက်ာ္မေကာင္းၾကားမေကာင္းေတြကို ခံႏိုင္ရည္ရိွတာမဟုတ္ဘူး "

အေျပာင္အျပက္ေတြ ၾကားလိုက္ရသည့္ပမာ မရည္ရြယ္ပါဘဲ လုမန္ ေအာ္ရယ္မိသည္။
" ဟဲက်ိန္႔ပိုင္ရယ္ နင္ေတာ္ေတာ္ရယ္ရပါလား။ သူ႔အလုပ္အတြက္ ငါ့တစ္ဘဝလံုးကို ရင္းေပးရမယ္ေပါ့ ဟုတ္လား။ ဘာအမွားမွမလုပ္ဘဲ ေထာင္ထဲသြားခ်င္တာဆိုရင္ ငါရူးေနလို႔ပဲျဖစ္မယ္။ ငါတို႔တြဲတုန္းက ငါ့ကြယ္ရာမွာ နင္ နဲ႔ လုခ်ီ တြဲခုတ္ေနတာေတြကိုလည္း ငါ ဂရုမစိုက္ဘူး။ အဲ့တုန္းက ငါ့ရဲ့ဖီလင္က ေသးေပါက္ခ်င္တာကို အၾကာႀကီး ခ်ဳပ္ထားရသလိုပဲ။ ခုမွ ေပါက္ခ်ပစ္လိုက္လို႔ ေနသာထိုင္သာရိွသြားတယ္ေပါ့ "

ဟဲ့က်ိန္႔ပိုင္ မ်က္ႏွာႀကီး ေဒါသထြက္လို႔ သၾကားမုန္လာလိုနီတြတ္သြားသည္။
" မိုက္ရိုင္းလွခ်ည္လား မင္း!! "

သူ႔ကို ေသးနဲ႔ေတာင္ ႏိႈင္းပစ္လိုက္ေသးတာ~

===================================

Continue lendo

Você também vai gostar

4.2K 87 3
After enduring months of unimaginable loss, Maisie Monroe rebuilds her life alongside her family. As she navigates the challenges of college and grap...
1.7M 126K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
20.6K 1.5K 35
A LOT out of my usual thing here, but what if both Dream AND Nightmare impregnated Blueberry at the same time. Terrified of what his brother and au w...
79.1K 995 35
The war with Gaea is over, but the quests are not, join our favorite heroes on a quest that may save or destroy the demigods' world as they know it...