HIGER [COMPLETED]

By Harry-Kim

262K 47.4K 3.9K

He is a mess but He is a masterpiece. More

[ 0 ]
[ 1 ]
[ 2 ]
[ 3 ]
[ 4 ]
[ 5 ]
[ 6 ]
[ 7 ]
[ 8 ]
[ 9 ]
[ 10 ]
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15 ]
[ 16 ]
[ 17 ]
[ 18 ]
[ 19 ]
[ 20 ]
[ 21 ]
[ 22 ]
[ 23 ]
[ 24 ]
24/1
24/2
24/3
24/4
24/5
24/6
24/7
[ 25 ]
[ 26 ]
[ 27 ]
[ 29 ]
[ 30 ]
FINALE
Harry's Note

[ 28 ]

5.5K 1K 203
By Harry-Kim

(U)

'' တောက် ! ကြယ်သီးကလည်း ပြုတ်သွားပြန်ပြီ ''

ဂျယ်ဂျူကိုသွားဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကုတင်ပေါ်မှာ ထိုင်စစ်နေရင်း Baekhyun အသံကြောင့် Chanyeol လှမ်းကြည့်လိုက်သည်။

ကိုယ့်ပုံစံကို ကိုယ်စိတ်တိုင်းမကျသည့်ဟန် Baekhyun က မျက်မှောင်တွေကို တွန့်ကြုတ်ထားပြီး မှန်ထဲမှာမြင်နေရတဲ့သူ့ပုံရိပ်ကိုသူ လက်ညှိုးတထိုးထိုးနဲ့ ရန်တွေ့နေသည်။

မျက်နှာကိုငေးကြည့်နေရာကနေ အကြည့်ကိုတစ်ထစ်လျှော့ကာ ကြည့်လိုက်တော့ ကိုယ်ပေါ်မှာဆင်မြန်းထားသည့် ရှပ်အဖြူရောင်က တွန့်ကြေနေသည်။

ရင်ညွန့်နားက ကြယ်သီးနှစ်လုံးလောက် ပြုတ်နေတာကြောင့် ရင်ဘတ်ဖြူဖြူလေးကို အတိုင်းသားမြင်နေရသည်။ရှပ်အကျႌလက်ကိုလည်း တံတောင်ဆစ်နေရာနားထိ မသေမသပ် ခေါက်တင်ထားသေးသည်။

Chanyeol ကုတင်ပေါ်ကနေ ချက်ချင်းထလိုက်ပြီး အဝတ်ဗီဒိုကိုဖွင့်ကာ သူနဲ့အသေးဆုံးဖြစ်လောက်မည့် ရှပ်အကျႌကို ရှာဖွေလိုက်သည်။

နောက်ဆုံးတော့ သူအထက်တန်းနောက်ဆုံးနှစ်က ကျောင်းဆုပေးပွဲမှာ တစ်ကြိမ်ပဲထုတ်ဝတ်ရသေးသည့်အကျႌလေးကို ကံကောင်းထောက်မစွာတွေ့တာကြောင့် ဆွဲထုတ်လိုက်သည်။

'' ရော့ ''

'' ခင်ဗျားအကျႌကို ကျွန်တော်ကဘာလုပ်ပေးရမှာလဲ ? ''

Chanyeol လက်ထဲက ရှပ်အကျႌအဖြူရောင်ကိုကြည့်ပြီး Baekhyun အထွန့်တက်ကာမေးလိုက်သည်။

'' လုပ်ချင်တာလုပ်လေ...
ခြေထောက်မှာ စွပ်ချင်ရင်လည်း စွပ်ပေါ့ ''

ခပ်တည်တည်ဖြင့်နောက်လိုက်တော့ Baekhyun ရဲ့
ချစ်စရာကောင်းတဲ့ မျက်စောင်းက ဒိုင်းခနဲရောက်လာသည်။
ထို့နောက် ရေချိုးခန်းတံခါးကို ဝုန်းခနဲပိတ်ကာ အဝတ်သွားလဲလေသည်၊

'' ဒီတိုင်းလဲလည်း ဖြစ်ရဲ့သားနဲ့ ''

အကျႌလေးလဲတာတောင် မျက်စိကွယ်ရာ၊နားကွယ်ရာဖြစ်တဲ့ ရေချိုးခန်းထဲမှာ သွားလဲတဲ့ Baekhyun ကြောင့် Chanyeol မှာရယ်ရအခက်၊ ငိုရအခက်။

ဒီတိုင်းလေးလဲလည်း ဘာဖြစ်မှာမို့လို့လဲ?

အလိုက်တသိပင် ကျောခိုင်းပေးဦးမှာကို။

ထွေးပွေ့ချင်တဲ့ စိတ်မထိန်းရင်တောင် အလွန်ဆုံး
ဆွဲဖက်မိရုံလေးပဲကို။

ရေချိုးခန်းတံခါးဖွင့်သံကြားတော့ Chanyeol လှည့်ကြည့်လိုက်သည်၊ သူ့ရဲ့ရှပ်အကျႌလေးက Baekhyun ရဲ့ကိုယ်ပေါ်မှာ ကွက်တိကျစွာ လိုက်ဖက်နေ၏။

'' ဘာတွေကို အဲ့လောက်ကြည့်နေမှန်းကို မသိဘူး ''

ရပ်ကြည့်နေတဲ့ Chanyeol ကို တမင်ဝင်တိုက်ပြီး စာရေးခုံပေါ်မှာ တင်ထားတဲ့စာအုပ်တွေကို လွယ်အိတ်ထဲသို့ ပြောင်းထည့်လိုက်သည်။

'' necktie မစည်းဘူးလား Kyoong ? ''

Chanyeol သတိထားမိတာ နည်းနည်းတော့ကြာပြီဖြစ်သည်။ Baekhyunသည် တခြားကျောင်းသားတွေလိုမဟုတ် necktie စည်းလေ့စည်းထမရှိ၊၊ တစ်ခါတလေဆို ကြယ်သီးနှစ်လုံးလောက် ဖြုတ်ထားတတ်သေးသည်။

'' မစည်းတတ်ဘူး ''

ခပ်ပေါ့ပေါ့အဖြေပေးကာ လွယ်အိတ်လွယ်ပြီး အခန်းထဲကနေ ထွက်သွားရန်ပြင်နေသော Baekhyun ရဲ့လက်ကို Chanyeol လှမ်းဆွဲလိုက်သည်။

'' ကိုယ်လုပ်ပေးမယ် "

တစ်စက္ကန့်တောင် မဆိုင်းဘဲ သူ့အကျႌက necktie ကိုဖြုတ်လိုက်ပြီး Baekhyun ကိုငုံ့ကြည့်လိုက်သည်။

ရှပ်အကျႌရဲ့ ကော်လံအောက်မှာ necktie အစိမ်းရင့်ရောင်လေးက သေသပ်စွာစည်းနှောင်လိုက်ပြီး Baekhyun
မွန်းကြပ်မှုမရှိရအောင် အသက်ရှူချောင်စေရန် အနည်းငယ်မျှ လျော့ရဲရဲစည်းပေးလိုက်သည်။

Baekhyun ကခေါင်းငုံ့ကာ necktie စည်းပေးတာကို ကြည့်နေရာက မော့ကြည့်လိုက်တော့ Chanyeol ၏မျက်လုံး ဝိုင်းဝိုင်းလေးတွေနဲ့ တည့်တည့်တိုးသည်။

'' ကိုယ်အပြင်က စောင့်နေမယ် ''

စာရွက်စာတမ်းတွေနဲ့ ကုတ်အကျႌအနက်ရောင်ကိုယူပြီး Chanyeol က အခန်းထဲကနေ ဦးစွာထွက်သွားသည်။

Chanyeol ထွက်သွားတော့မှ Baekhyun လည်းမှန်ရှေ့မှာရပ်ကာ ကိုယ့်ပုံစံကိုကြည့်လိုက်သည်။

ဘဝမှာ ပထမဦးဆုံးအကြိမ် necktie စည်းခြင်းဖြစ်ပြီး စည်းပေးတဲ့သူကလည်း Park Chanyeol ပင်ဖြစ်သည်။

...

ဇာတ်ကြိုတိုက်ထားသည်မဟုတ်ပါဘဲ စာသင်ခန်းထဲသို့
ဝင်လာတဲ့ Baekhyun နဲ့ မရွှင်မလန်းမျက်နှာဖြင့်အတန်းထဲကနေထွက်လာတဲ့ Alex နဲ့ တိုက်ဆိုင်စွာ တွေ့လိုက်ရသည်။

'' တစ်အိမ်တည်းနေတာ ဟုတ်ရဲ့လားလို့တောင် ငါ့ကိုယ်ငါပြန်မေးမိတယ်၊ ပျောက်ချက်သားကောင်းတယ်နော် ယောက်ဖလေး .. ဘာလို့ညဘက်တွေဆိုအိမ်မှာ ပြန်မအိပ်တော့တာလဲ ? ''

Alex ကမကြားချင်ယောင်ဆောင်ကာ လှည့်ထွက်ရန်ပြင်လိုက်တော့ Baekhyun ရှေ့ကနေ ပိတ်ရပ်လိုက်သည်။

'' ဖယ်စမ်းပါ ''

'' ငါ..မကြာခင် လက်ထပ်တော့မှာ ''

ကြိုသိပြီးသားအရာတစ်ခုလို အံ့သြပုံမပြ။

Alex မျက်ဝန်းတွေက ရေသေလို ပကတိတည်ငြိမ်နေသည်။

'' ဘယ်သူနဲ့လဲလို့တောင် မမေးတော့ပါလား? ''

'' မင်းတခြားသူနဲ့လက်ထပ်သွားတာကို Chan က ဒီတိုင်းလက်ပိုက်ကြည့်နေမယ်လို့ထင်နေတာလား? ''

Alex ရဲ့မှင်သေသေမျက်နှာကိုကြည့်ပြီး အနိုင်ရရှိသူတစ်ယောက်လို Baekhyun ဝံ့ကြွားစွာပြုံးလိုက်သည်။

'' မင်းနဲ့ငါသာ ကိတ်မုန့်ပြဿနာသာမရှိခဲ့ရင် သူငယ်ချင်းတွေ ဖြစ်ကောင်းဖြစ်လာနိုင်မှာ ''

Baekhyun ကတွေးတွေးစစပြောတော့ Alex က ခပ်ထေ့ထေ့ရယ်သည်၊

'' ဘာလဲ မင်းအနိုင်ရသွားပြီဆိုပြီး အခုမှ သူငယ်ချင်းဇာတ်တွေခင်းချင်တာလား ? အိုဗာတွေပါကွာ သွားနားလိုက်စမ်းပါ ''

'' ငါကလည်း မင်းလိုအရိုင်းအစိုင်းလေးနဲ့ ပိုတောင်သူငယ်ချင်း မဖြစ်ချင်သေး ''

'' အစောတည်းက မင်းနဲ့ငါက သူငယ်ချင်း ဖြစ်ကိုမဖြစ်နိုင်ပါဘူး၊ ကိတ်မုန့်ပြဿနာမရှိခဲ့လည်း မင်းနဲ့ငါက တစ်နေ့မဟုတ်တစ်နေ့ Chan ကြောင့်ရန်ဖက်တွေ ဖြစ်လာဦးမှာပဲ ''

Baekhyun က ဟက်ဟက်ပက်ပက်ရယ်တော့ Alex က ရူးနေတာလားဟူသော မျက်လုံးကြီးဖြင့်ကြည့်လာသည်၊

'' အဲ့ကိတ်မုန့်ကလည်း Park Chanyeol မွေးနေ့အတွက် surprise လုပ်ဖို့ မင်းကိုယ်တိုင်ပြင်ထားတာမလား? ''

Alex ကဘာမှမပြောတော့၊

ခပ်လှမ်းလှမ်းကကျောင်းဆောင်တွေထံသို့ အကြည့်တွေက ဦးတည်ရာမရှိ ရွက်လွှင့်နေသည်။

'' ရော့.. စိတ်ဖိစီးမှုတွေများပြီး မျောက်ခေါင်းရုပ်ပေါက်နေလို့ ပေးတာ ''

Alex ကလက်ဖဝါးထဲကိုရောက်လာသည့် အချိုရည်ဘူးကို
ငုံ့ကြည့်ကာ Baekhyun ကိုပြန်ကြည့်လိုက်သည်။

'' ငါပေးတုန်းမှာယူ ကျွေးတုန်းမှာစား .. Byun Baekhyun တို့က စေတနာခေါင်ပါးတဲ့သူမဟုတ်ဘူးနော်၊
မိုးရွာတုန်းရေခံထား...မိုးခေါင်တော့မှ မိုးရေလည်းမရဘူး
ဆိုပြီး ကွန်ပလိန်းတွေလာမတက်နဲ့ ''

ပြောချင်တာတွေအကုန် ပြောပြီးသွားသည့်ဟန်ဖြင့် စိတ်ပေါ့ပါးသွားတဲ့ Baekhyun မျက်နှာကိုကြည့်ပြီး Alex အသိချင်ဆုံး မေးခွန်းတစ်ခုကိုထုတ်မေးလိုက်သည်။

'' Chan ငါ့အကြောင်းတွေ ဘာပြောသေးလဲ? ''

'' ဘာပြောရမှာလဲ? သူက မင်းနာမည်ကိုတောင် မဟဘူး ''

Alex လက်ထဲက အချိုရည်ဘူးကိုဖွင့်ပြီး အကုန်မော့ချပစ်လိုက်သည်။ energy drink ဖြစ်သည့်အတွက် အရသာက ချဉ်ပြုံးပြုံး၊

သူထင်တဲ့အတိုင်းပင် Chanyeol က ဟိုတစ်နေ့ညကကိစ္စကို Baekhyun အား လုံးဝပေးမသိ။

'' Chan လို ချစ်သူမျိုးရတာ မင်းသိပ်ကံကောင်းလွန်းတယ် ''

Baekhyun ပေးသည့်အချိုရည်ဘူးကုန်သွားတဲ့အခါ Alex နှုတ်ကနေ ထွက်ကျလာသည့် စကားတစ်ခွန်းပင်ဖြစ်သည်။

...

ဂျယ်ဂျူကိုနေ့ခင်းပိုင်းလောက်ရောက်သွားပြီး လုပ်ငန်းရှင်တွေနဲ့ စကားတပြောပြောလုပ်နေတာနှင့်ပင် တစ်နေ့လယ်ခင်းလုံး ကုန်သွားတော့သည်။

Australia က Mr. Blake ရဲ့ရင်းနှီးမြှုပ်နှံမှုလက်မှတ်ကို ရအောင်ယူနိုင်ခဲ့တဲ့ Park Group က MD Park. အမွေဆက်ခံသူ MD Park ဆိုပြီး Chanyeol ရဲ့ဂုဏ်သတင်းက မွှေးလှသည်၊

လုပ်ငန်းရှင်တွေ၊ ဂျယ်ဂျူက ရှယ်ယာရှင်တွေနဲ့ ထပ်တိုး
ရင်းနှီးမြှုပ်နှံချင်သူတို့ကလည်း များတာကြောင့် စကားကြောကမပြတ်။

ဒီလိုပုံစံနဲ့ဆို ဂျယ်ဂျူမှာ တစ်ညအိပ်ရတော့မည်ဟု Chanyeol တွေးမိလိုက်သည်။

'' လုပ်ငန်းအကြောင်းတွေချည်းပဲ ပြောနေရတာ MD Park ပင်ပန်းနေပြီလား ? ဂျယ်ဂျူက နာမည်ကြီးမိန်းမချောလေးတွေကို ခေါ်ပေးရမလား? ''

Chanyeol ကလက်ခါယမ်းပြကာ ယဉ်ယဉ်ကျေးကျေးပင် ငြင်းဆိုလိုက်သည်။

'' မလိုဘူးဗျ ... ကျွန်တော်ကမကြာခင် လက်ထပ်တော့မှာ''

'' ဟား..တို့တွေရဲ့ MD Park ကြီးက စီးပွားရေးမှာတင် ဆရာတစ်ဆူမဟုတ်သေး...အချစ်ရေးအချစ်ရာမှာလည်း တယ်သစ္စာရှိတဲ့ လူကြီးပါလား ? MD Park ရဲ့ချစ်သူကတော့ တကယ်ကံကောင်းတာပဲ ''

ရယ်မောသံများနဲ့အတူ ဖန်ခွက်ချင်းတိုက်သည့်အသံက စည်းချက်ညီစွာ ပေါ်ထွက်လာ၏၊ Chanyeol ကတော့ ဖုန်းကိုင်သူမရှိတဲ့ Contacts နှစ်ခုကိုကြည့်ပြီး သက်ပြင်းသာချမိသည်။

မနက်ဖြန်မှ ပြန်ရောက်မယ်ဆိုတဲ့အကြောင်းကို အသိပေးချင်လို့ ညနေတည်းက ဖုန်းတွေတောက်လျှောက်ခေါ်နေသော်လည်း Kyoong ရော အဖေရော ဖုန်းမကိုင်။

'' MD Park ရာ ~ ငိုင်မနေပါနဲ့ တွေ့တုန်းကြုံတုန်းလေးမှာ သောက်ပါဦးဗျ ''

ဂျယ်ဂျူသူဌေး Kim က တစ်ခွက်ထပ်ငှဲ့ပေးနေတာကြောင့် Chanyeol ဖုန်းကို အိပ်ကပ်ထဲသို့  ပြန်ထည့်သိမ်းလိုက်ထားလိုက်တော့သည်၊၊

...

ဘယ်လိုအမြန်နှုန်းတွေဖြင့် မိုင်ပေါင်းများစွာကိုဖြတ်သန်းကာ Chanyeol မောင်းနှင်လာခဲ့မိလဲ မသိတော့၊ အိမ်ရှေ့ကိုရောက်တော့ ရဲတွေ၊စုံထောက်တွေဖြင့် လူတွေရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်၊

လူတွေရုတ်စုရုတ်စု ဖြစ်နေတဲ့အကြောင်းအရာကိုလည်း Chanyeol ဒီမနက်လေးတင် သိပြီးပြီဖြစ်သည်။

မနေ့ကတောင် အကောင်းကြီးရှိနေသေးသည့်အဖေက လှေကားပေါ်ကနေ တွန်းချခံရလို့ဆုံးပါးသွားသည်တဲ့။

မနက်အစောကြီး TV မှာတောင် Breaking News အဖြစ် ကြေညာသွားပြီး social media တွေမှာလည်း ဒီသတင်းက Hot News ဖြစ်နေသည်။

ထိုသတင်းကိုကြားကြားချင်း Chanyeol ဦးနှောက်ထဲမှာ အတွေးပေါင်းများစွာက ဝင်ရောက်လာတော့သည်။

ဘယ်သူကများ သူ့အဖေကိုတွန်းချလေသလဲ?

Chanyeol အိမ်ထဲကိုပြေးဝင်သွားတော့ Alex က ငူငူငိုင်ငိုင်ကြီးထိုင်နေပြီး Baekhyun ကိုတော့ စုံထောက်တွေက စစ်မေးနေကြသည်။

'' ဘယ်လိုဖြစ်တာလဲ ''

Chanyeol က Alex ကိုမေးလိုက်တာဆိုပေမဲ့ Baekhyun ကိုစစ်ဆေးမေးမြန်းနေသည့် စုံထောက်တစ်ယောက်က Chanyeol ရဲ့မေးခွန်းကို ဖြေပေးလာသည်။

'' CEO Park က လှေကားပေါ်ကနေ တွန်းချခံရတာပါ၊ အခင်းဖြစ်ပွားတဲ့အချိန်က ညဆယ့်နှစ်နာရီကျော်လောက်လို့ ခန့်မှန်းရပါတယ် ''

'' အဲဒါဘာလို့ သူ့ကိုတရားခံစစ်သလို စစ်နေကြတာလဲ? ''

Baekhyun ကိုရည်ရွယ်ပြီးပြောမှန်း သိလိုက်တဲ့စုံထောက်က Chanyeol ကိုချက်ချင်း ဖြေရှင်းချက်ပေးသည်။

'' မနေ့က ဒီတစ်အိမ်လုံးမှာ Byun Baekhyun နဲ့ ခင်ဗျားရဲ့အဖေ CEO Park ပဲရှိတာပါ၊

အခင်းဖြစ်တဲ့အချိန်မှာ MD Park  က ဂျယ်ဂျူကိုရောက်နေပြီး ဟောဒီက Alexander Park က ဟိုတယ်တစ်ခုမှာရောက်နေကြောင်းကိုလည်း ကျွန်တော်တို့ စစ်ဆေးအတည်ပြုပြီးပါပြီ၊ CEO Park ရဲ့ဇနီး Rina ဆိုတဲ့အမျိုးသမီးကလည်း လွန်ခဲ့တဲ့တစ်ပတ်တည်းက Sentosa island ကိုသွားလည်နေတာကိုလည်း သိပြီးပါပြီ၊ ဒါကြောင့် ကျွန်တော်တို့က Byun Baekhyun ကို သံသယရှိတဲ့သူအဖြစ် စစ်ဆေးနေရတာပါ ''

Chanyeol စိတ်တွေ ရှုပ်ထွေးလာတာကြောင့် မျက်လုံးတွေကိုမှိတ်ကာ ဆံပင်တွေကိုသပ်တင်လိုက်သည်။

'' Park Chan Yeol  ကျွန်တော်လုပ်တာမဟုတ်ပါဘူး..ယုံပေးပါ.. ကျွန်တော် တကယ်မလုပ်ပါဘူး ''

'' ထွက်သွားပေး Baekhyun ! ကိုယ့်ရှေ့ကနေ အခုချက်ချင်း ထွက်သွားပေး ''

အိမ်အပြင်ဘက်ကို လက်ညှိုးထိုးပြသည့် Chanyeol
ကြောင့် Baekhyun မှာ ဘာမှမပြောနိုင်တော့အောင် ဆွံ့အသွားရသည်။

'' ကိုကို ~ ''

'' ထွက်သွား Byun Baekhyun ! ဒီနေရာနဲ့ အဝေးဆုံးကို ထွက်သွား !  ''

တစ်ခါမှ နာမည်ရင်းတောင်မခေါ်ဘဲ Kyoong ဟုသာ ကြင်ကြင်နာနာခေါ်တတ်သည့် Chanyeol သည် အခုတော့ နာမည်ရင်းကိုပင် မာကြောသည့်လေသံဖြင့်ခေါ်ကာ နှင်ထုတ်နေလေပြီ။

အိမ်ကိုလိုက်နေဖို့ခေါ်တာလည်းသူ၊ နှင်ထုတ်တာလည်း သူ။

ဘယ်သူကိုမှ လှည့်ကြည့်မနေတော့ဘဲ ထိုအိမ်ထဲကနေ Baekhyun ပြေးထွက်လာခဲ့လိုက်သည်။

လက်ထပ်ခွင့်တောင်းရန် ရည်ရွယ်ထားတဲ့ လက်စွပ်လေးနှစ်ကွင်းထည့်ထားသည့် လက်စွပ်ဘူးလေးကတော့ Chanyeol ကားပေါ်မှာ ပိုင်ရှင်မဲ့စွာတည်ရှိနေသည်။

...

ကံကြမ္မာက အရက်စက်ဆုံး မျက်လှည့်ဆရာဆိုရင်
အချစ်က အလှပဆုံးပြကွက် တစ်ခုပဲ။

...

TBC


အာညော် ~ Are you OK ?

______________________________________

(Z)

'' ေတာက္ ! ၾကယ္သီးကလည္း ျပဳတ္သြားျပန္ၿပီ ''

ဂ်ယ္ဂ်ဴကိုသြားဖို႔အတြက္ လိုအပ္တဲ့စာရြက္စာတမ္းေတြကို ကုတင္ေပၚမွာ ထိုင္စစ္ေနရင္း Baekhyun အသံေၾကာင့္ Chanyeol လွမ္းၾကည့္လိုက္သည္။

ကိုယ့္ပံုစံကို ကိုယ္စိတ္တိုင္းမက်သည့္ဟန္ Baekhyun က မ်က္ေမွာင္ေတြကို တြန္႔ၾကဳတ္ထားၿပီး မွန္ထဲမွာျမင္ေနရတဲ့သူ႔ပံုရိပ္ကိုသူ လက္ညႇိဳးတထိုးထိုးနဲ႔ ရန္ေတြ႔ေနသည္။

မ်က္ႏွာကိုေငးၾကည့္ေနရာကေန အၾကည့္ကိုတစ္ထစ္ေလ်ွာ့ကာ ၾကည့္လိုက္ေတာ့ ကိုယ္ေပၚမွာဆင္ျမန္းထားသည့္
႐ွပ္အျဖဴေရာင္က တြန္႔ေၾကေနသည္။

ရင္ညြန္႔နားက ၾကယ္သီးႏွစ္လံုးေလာက္ ျပဳတ္ေနတာေၾကာင့္ ရင္ဘတ္ျဖဴျဖဴေလးကို အတိုင္းသားျမင္ေနရသည္။႐ွပ္အက်ႌလက္ကိုလည္း တံေတာင္ဆစ္ေနရာနားထိ မေသမသပ္ ေခါက္တင္ထားေသးသည္။

Chanyeol ကုတင္ေပၚကေန ခ်က္ခ်င္းထလိုက္ၿပီး အဝတ္ဗီဒိုကိုဖြင့္ကာ သူနဲ႔အေသးဆံုးျဖစ္ေလာက္မည့္ ႐ွပ္အက်ႌကို ႐ွာလိုက္သည္။

ေနာက္ဆံုးေတာ့ သူအထက္တန္းေနာက္ဆံုးႏွစ္က ေက်ာင္းဆုေပးပဲြမွာ တစ္ႀကိမ္ပဲထုတ္ဝတ္ရေသးသည့္အက်ႌေလးကို ကံေကာင္းေထာက္မစြာေတြ႔တာေၾကာင့္ ဆဲြထုတ္လိုက္သည္။

'' ေရာ့ ''

'' ခင္ဗ်ားအက်ႌကို ကြၽန္ေတာ္ကဘာလုပ္ေပးရမွာလဲ ? ''

Chanyeol လက္ထဲက ႐ွပ္အက်ႌအျဖဴေရာင္ကိုၾကည့္ၿပီး Baekhyun အထြန္႔တက္ကာေမးလိုက္သည္။

'' လုပ္ခ်င္တာလုပ္ေလ...
ေျခေထာက္မွာ စြပ္ခ်င္ရင္လည္း စြပ္ေပါ့ ''

ခပ္တည္တည္ျဖင့္ေနာက္လိုက္ေတာ့ Baekhyun ရဲ႕
ခ်စ္စရာေကာင္းတဲ့ မ်က္ေစာင္းက ဒိုင္းခနဲေရာက္လာသည္။
ထို႔ေနာက္ ေရခ်ိဳးခန္းတံခါးကို ဝုန္းခနဲပိတ္ကာ အဝတ္သြားလဲေလသည္၊

'' ဒီတိုင္းလဲလည္း ျဖစ္ရဲ႕သားနဲ႔ ''

အက်ႌေလးလဲတာေတာင္ မ်က္စိကြယ္ရာ၊နားကြယ္ရာျဖစ္တဲ့ ေရခ်ိဳးခန္းထဲမွာ သြားလဲတဲ့ Baekhyun ေၾကာင့္ Chanyeol မွာရယ္ရအခက္၊ ငိုရအခက္။

ဒီတိုင္းေလးလဲလည္း ဘာျဖစ္မွာမို႔လို႔လဲ?

အလိုက္တသိပင္ ေက်ာခိုင္းေပးဦးမွာကို။

​ေထြးေပြ႔ခ်င္တဲ့ စိတ္မထိန္းရင္ေတာင္ အလြန္ဆံုး
ဆဲြဖက္မိ႐ုံေလးပဲကို။

ေရခ်ိဳးခန္းတံခါးဖြင့္သံၾကားေတာ့ Chanyeol လွည့္ၾကည့္လိုက္သည္၊ သူ႔ရဲ႕႐ွပ္အက်ႌေလးက Baekhyun ရဲ႕ကိုယ္ေပၚမွာ ကြက္တိက်စြာ လိုက္ဖက္ေန၏။

'' ဘာေတြကို အဲ့ေလာက္ၾကည့္ေနမွန္းကို မသိဘူး ''

ရပ္ၾကည့္ေနတဲ့ Chanyeol ကို တမင္ဝင္တိုက္ၿပီး စာေရးခံုေပၚမွာ တင္ထားတဲ့စာအုပ္ေတြကို လြယ္အိတ္ထဲသို႔ ​ေျပာင္းထည့္လိုက္သည္။

'' necktie မစည္းဘူးလား Kyoong ? ''

Chanyeol သတိထားမိတာ နည္းနည္းေတာ့ၾကာၿပီျဖစ္သည္။ Baekhyunသည္ တျခားေက်ာင္းသားေတြလိုမဟုတ္ necktie စည္းေလ့စည္းထမ႐ွိ၊၊ တစ္ခါတေလဆို ၾကယ္သီးႏွစ္လံုးေလာက္ ျဖဳတ္ထားတတ္ေသးသည္။

'' မစည္းတတ္ဘူး ''

ခပ္ေပါ့ေပါ့အေျဖေပးကာ လြယ္အိတ္လြယ္ၿပီး အခန္းထဲကေန ထြက္သြားရန္ျပင္ေနေသာ Baekhyun ရဲ႕လက္ကို Chanyeol လွမ္းဆဲြလိုက္သည္။

'' ကိုယ္လုပ္ေပးမယ္ "

တစ္စကၠန္႔ေတာင္ မဆိုင္းဘဲ သူ႔အက်ႌက necktie ကိုျဖဳတ္လိုက္ၿပီး Baekhyun ကိုငံု႔ၾကည့္လိုက္သည္။

႐ွပ္အက်ႌရဲ႕ ေကာ္လံေအာက္မွာ necktie အစိမ္းရင့္ေရာင္ေလးက ေသသပ္စြာစည္းေႏွာင္လိုက္ၿပီး Baekhyun
မြန္းၾကပ္မႈမ႐ွိရေအာင္ အသက္႐ွဴေခ်ာင္ေစရန္ အနည္းငယ္မ်ွ ေလ်ာ့ရဲရဲစည္းေပးလိုက္သည္။

Baekhyun ကေခါင္းငံု႔ကာ necktie စည္းေပးတာကို ၾကည့္ေနရာက ေမာ့ၾကည့္လိုက္ေတာ့ Chanyeol ၏မ်က္လံုး ဝိုင္းဝိုင္းေလးေတြနဲ႔ တည့္တည့္တိုးသည္။

'' ကိုယ္အျပင္က ေစာင့္ေနမယ္ ''

စာရြက္စာတမ္းေတြနဲ႔ ကုတ္အက်ႌအနက္ေရာင္ကိုယူၿပီး Chanyeol က အခန္းထဲကေန ဦးစြာထြက္သြားသည္။

Chanyeol ထြက္သြားေတာ့မွ Baekhyun လည္းမွန္ေ႐ွ႕မွာရပ္ကာ ကိုယ့္ပံုစံကိုၾကည့္လိုက္သည္။

ဘဝမွာ ပထမဦးဆံုးအႀကိမ္ necktie စည္းျခင္းျဖစ္ၿပီး စည္းေပးတဲ့သူကလည္း Park Chanyeol ပင္ျဖစ္သည္။

...

ဇာတ္ႀကိဳတိုက္ထားသည္မဟုတ္ပါဘဲ စာသင္ခန္းထဲသို႔
ဝင္လာတဲ့ Baekhyun နဲ႔ မရႊင္မလန္းမ်က္ႏွာျဖင့္အတန္းထဲကေနထြက္လာတဲ့ Alex နဲ႔ တိုက္ဆိုင္စြာ ေတြ႔လိုက္ရသည္။

'' တစ္အိမ္တည္းေနတာ ဟုတ္ရဲ႕လားလို႔ေတာင္ ငါ့ကိုယ္ငါျပန္ေမးမိတယ္၊ ေပ်ာက္ခ်က္သားေကာင္းတယ္ေနာ္ ေယာက္ဖေလး .. ဘာလို႔ညဘက္ေတြဆိုအိမ္မွာ ျပန္မအိပ္ေတာ့တာလဲ ? ''

Alex ကမၾကားခ်င္ေယာင္ေဆာင္ကာ လွည့္ထြက္ရန္ျပင္လိုက္ေတာ့ Baekhyun ေ႐ွ႕ကေန ပိတ္ရပ္လိုက္သည္။

'' ဖယ္စမ္းပါ ''

'' ငါ..မၾကာခင္ လက္ထပ္ေတာ့မွာ ''

ႀကိဳသိၿပီးသားအရာတစ္ခုလို အ့ံျသပံုမျပ။

Alex မ်က္ဝန္းေတြက ေရေသလို ပကတိတည္ၿငိမ္ေနသည္။

'' ဘယ္သူနဲ႔လဲလို႔ေတာင္ မေမးေတာ့ပါလား? ''

'' မင္းတျခားသူနဲ႔လက္ထပ္သြားတာကို Chan က ဒီတိုင္းလက္ပိုက္ၾကည့္ေနမယ္လို႔ထင္ေနတာလား? ''

Alex ရဲ႕မွင္ေသေသမ်က္ႏွာကိုၾကည့္ၿပီး အႏိုင္ရ႐ွိသူတစ္ေယာက္လို Baekhyun ဝ့ံႂကြားစြာျပံဳးလိုက္သည္။

'' မင္းနဲ႔ငါသာ ကိတ္မုန္႔ျပႆနာသာမ႐ွိခဲ့ရင္ သူငယ္ခ်င္းေတြ ျဖစ္ေကာင္းျဖစ္လာႏိုင္မွာ ''

Baekhyun ကေတြးေတြးစစေျပာေတာ့ Alex က ခပ္ေထ့ေထ့ရယ္သည္၊

'' ဘာလဲ မင္းအႏိုင္ရသြားၿပီဆိုၿပီး အခုမွ သူငယ္ခ်င္းဇာတ္ေတြခင္းခ်င္တာလား ? အိုဗာေတြပါကြာ သြားနားလိုက္စမ္းပါ ''

'' ငါကလည္း မင္းလိုအ႐ုိင္းအစိုင္းေလးနဲ႔ ပိုေတာင္သူငယ္ခ်င္း မျဖစ္ခ်င္ေသး ''

'' အေစာတည္းက မင္းနဲ႔ငါက သူငယ္ခ်င္း ျဖစ္ကိုမျဖစ္ႏိုင္ပါဘူး၊ ကိတ္မုန္႔ျပႆနာမ႐ွိခဲ့လည္း မင္းနဲ႔ငါက တစ္ေန႔မဟုတ္တစ္ေန႔ Chan ေၾကာင့္ရန္ဖက္ေတြ ျဖစ္လာဦးမွာပဲ ''

Baekhyun က ဟက္ဟက္ပက္ပက္ရယ္ေတာ့ Alex က ႐ူးေနတာလားဟူေသာ မ်က္လံုးႀကီးျဖင့္ၾကည့္လာသည္၊

'' အဲ့ကိတ္မုန္႔ကလည္း Park Chanyeol ေမြးေန႔အတြက္ surprise လုပ္ဖို႔ မင္းကိုယ္တိုင္ျပင္ထားတာမလား? ''

Alex ကဘာမွမေျပာေတာ့၊

ခပ္လွမ္းလွမ္းက​ေက်ာင္းေဆာင္ေတြထံသို႔ အၾကည့္ေတြက ဦးတည္ရာမ႐ွိ ရြက္လႊင့္ေနသည္။

'' ေရာ့.. စိတ္ဖိစီးမႈေတြမ်ားၿပီး ေမ်ာက္ေခါင္း႐ုပ္ေပါက္ေနလို႔ ေပးတာ ''

Alex ကလက္ဖဝါးထဲကိုေရာက္လာသည့္ အခ်ိဳရည္ဘူးကို
ငံု႔ၾကည့္ကာ Baekhyun ကိုျပန္ၾကည့္လိုက္သည္။

'' ငါေပးတုန္းမွာယူ ေကြၽးတုန္းမွာစား .. Byun Baekhyun တို႔က ေစတနာေခါင္ပါးတဲ့သူမဟုတ္ဘူးေနာ္၊
မိုးရြာတုန္းေရခံထား...မိုးေခါင္ေတာ့မွ မိုးေရလည္းမရဘူး
ဆိုၿပီး ကြန္ပလိန္းေတြလာမတက္နဲ႔ ''

ေျပာခ်င္တာေတြအကုန္ ေျပာၿပီးသြားသည့္ဟန္ျဖင့္ စိတ္ေပါ့ပါးသြားတဲ့ Baekhyun မ်က္ႏွာကိုၾကည့္ၿပီး Alex အသိခ်င္ဆံုး ေမးခြန္းတစ္ခုကိုထုတ္ေမးလိုက္သည္။

'' Chan ငါ့အေၾကာင္းေတြ ဘာေျပာေသးလဲ? ''

'' ဘာ​ေျပာရမွာလဲ? သူက မင္းနာမည္ကိုေတာင္ မဟဘူး ''

Alex လက္ထဲက အခ်ိဳရည္ဘူးကိုဖြင့္ၿပီး အကုန္ေမာ့ခ်ပစ္လိုက္သည္။ energy drink ျဖစ္သည့္အတြက္ အရသာက ခ်ဥ္ျပံဳးျပံဳး၊

သူထင္တဲ့အတိုင္းပင္ Chanyeol က ဟိုတစ္ေန႔ညကကိစၥကို Baekhyun အား လံုးဝေပးမသိ။

'' Chan လို ခ်စ္သူမ်ိဳးရတာ မင္းသိပ္ကံေကာင္းလြန္းတယ္ ''

Baekhyun ေပးသည့္အခ်ိဳရည္ဘူးကုန္သြားတဲ့အခါ Alex ႏႈတ္ကေန ထြက္က်လာသည့္ စကားတစ္ခြန္းပင္ျဖစ္သည္။

...

ဂ်ယ္ဂ်ဴကိုေန႔ခင္းပိုင္းေလာက္ေရာက္သြားျပီး လုပ္ငန္း႐ွင္ေတြနဲ႔ စကားတေျပာေျပာလုပ္ေနတာႏွင့္ပင္ တစ္ေန႔လယ္ခင္းလံုး ကုန္သြားေတာ့သည္။

Australia က Mr. Blake ရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈလက္မွတ္ကို ရေအာင္ယူႏိုင္ခဲ့တဲ့ Park Group က MD Park. အေမြဆက္ခံသူ MD Park ဆိုၿပီး Chanyeol ရဲ႕ဂုဏ္သတင္းက ေမႊးလွသည္၊

လုပ္ငန္း႐ွင္ေတြ၊ ဂ်ယ္ဂ်ဴက ႐ွယ္ယာ႐ွင္ေတြနဲ႔ ထပ္တိုး
ရင္းႏွီးျမႇဳပ္ႏွံခ်င္သူတို႔ကလည္း မ်ားတာေၾကာင့္ စကားေၾကာကမျပတ္။

ဒီလိုပံုစံနဲ႔ဆို ဂ်ယ္ဂ်ဴမွာ တစ္ညအိပ္ရေတာ့မည္ဟု Chanyeol ေတြးမိလိုက္သည္။

'' လုပ္ငန္းအေၾကာင္းေတြခ်ည္းပဲ ေျပာေနရတာ MD Park ပင္ပန္းေနၿပီလား ? ဂ်ယ္ဂ်ဴက နာမည္ႀကီးမိန္းမေခ်ာေလးေတြကို ေခၚေပးရမလား? ''

Chanyeol ကလက္ခါယမ္းျပကာ ယဥ္ယဥ္ေက်းေက်းပင္ ျငင္းဆိုလိုက္သည္။

'' မလိုဘူးဗ် ... ကြၽန္ေတာ္ကမၾကာခင္ လက္ထပ္ေတာ့မွာ''

'' ဟား..တို႔ေတြရဲ႕ MD Park ႀကီးက စီးပြားေရးမွာတင္ ဆရာတစ္ဆူမဟုတ္ေသး...အခ်စ္ေရးအခ်စ္ရာမွာလည္း တယ္သစၥာ႐ွိတဲ့ လူႀကီးပါလား ? MD Park ရဲ႕ခ်စ္သူကေတာ့ တကယ္ကံေကာင္းတာပဲ ''

ရယ္ေမာသံမ်ားနဲ႔အတူ ဖန္ခြက္ခ်င္းတိုက္သည့္အသံက စည္းခ်က္ညီစြာ ေပၚထြက္လာ၏၊ Chanyeol ကေတာ့ ဖုန္းကိုင္သူမ႐ွိတဲ့ Contacts ႏွစ္ခုကိုၾကည့္ၿပီး သက္ျပင္းသာခ်မိသည္။

မနက္ျဖန္မွ ျပန္ေရာက္မယ္ဆိုတဲ့အေၾကာင္းကို အသိေပးခ်င္လို႔ ညေနတည္းက ဖုန္းေတြေတာက္ေလ်ွာက္ေခၚေနေသာ္လည္း Kyoong ေရာ အေဖေရာ ဖုန္းမကိုင္။

'' MD Park ရာ ~ ငိုင္မေနပါနဲ႔ ေတြ႔တုန္းၾကံဳတုန္းေလးမွာ ေသာက္ပါဦးဗ် ''

ဂ်ယ္ဂ်ဴသူေဌး Kim က တစ္ခြက္ထပ္ငွဲ႔ေပးေနတာ​ေၾကာင့္ Chanyeol ဖုန္းကို အိပ္ကပ္ထဲသို႔  ျပန္ထည့္သိမ္းလိုက္ထားလိုက္ေတာ့သည္၊၊

...

ဘယ္လိုအျမန္ႏႈန္းေတြျဖင့္ မိုင္ေပါင္းမ်ားစြာကိုျဖတ္သန္းကာ Chanyeol ေမာင္းႏွင္လာခဲ့မိလဲ မသိေတာ့၊ အိမ္ေ႐ွ႕ကိုေရာက္ေတာ့ ရဲေတြ၊စံုေထာက္ေတြျဖင့္ လူေတြ႐ုတ္႐ုတ္သဲသဲ ျဖစ္ေနၾကသည္၊

လူေတြ႐ုတ္စု႐ုတ္စု ျဖစ္ေနတဲ့အေၾကာင္းအရာကိုလည္း Chanyeol ဒီမနက္ေလးတင္ သိၿပီးၿပီျဖစ္သည္။

မေန႔ကေတာင္ အေကာင္းႀကီး႐ွိေနေသးသည့္အေဖက ေလွကားေပၚကေန တြန္းခ်ခံရလို႔ဆံုးပါးသြားသည္တဲ့။

မနက္အေစာႀကီး TV မွာေတာင္ Breaking News အျဖစ္ ေၾကညာသြားၿပီး social media ​ေတြမွာလည္း ဒီသတင္းက Hot News ျဖစ္ေနသည္။

ထိုသတင္းကိုၾကားၾကားခ်င္း Chanyeol ဦးေႏွာက္ထဲမွာ အေတြးေပါင္းမ်ားစြာက ဝင္ေရာက္လာေတာ့သည္။

ဘယ္သူကမ်ား သူ႔အေဖကိုတြန္းခ်ေလသလဲ?

Chanyeol အိမ္ထဲကိုေျပးဝင္သြားေတာ့ Alex က ငူငူငိုင္ငိုင္ႀကီးထိုင္ေနၿပီး Baekhyun ကိုေတာ့ စံုေထာက္ေတြက စစ္ေမးေနၾကသည္။

'' ဘယ္လိုျဖစ္တာလဲ ''

Chanyeol က Alex ကိုေမးလိုက္တာဆိုေပမဲ့ Baekhyun ကိုစစ္ေဆးေမးျမန္းေနသည့္ စံုေထာက္တစ္ေယာက္က Chanyeol ရဲ႕ေမးခြန္းကို ေျဖေပးလာသည္။

'' CEO Park က ေလွကားေပၚကေန တြန္းခ်ခံရတာပါ၊ အခင္းျဖစ္ပြားတဲ့အခ်ိန္က ညဆယ့္ႏွစ္နာရီေက်ာ္ေလာက္လို႔ ခန္႔မွန္းရပါတယ္ ''

'' အဲဒါဘာလို႔ သူ႔ကိုတရားခံစစ္သလို စစ္ေနၾကတာလဲ? ''

Baekhyun ကိုရည္ရြယ္ၿပီးေျပာမွန္း သိလိုက္တဲ့စံုေထာက္က Chanyeol ကိုခ်က္ခ်င္း ေျဖ႐ွင္းခ်က္ေပးသည္။

'' မေန႔က ဒီတစ္အိမ္လံုးမွာ Byun Baekhyun နဲ႔ ခင္ဗ်ားရဲ႕အေဖ CEO Park ပဲ႐ွိတာပါ၊

အခင္းျဖစ္တဲ့အခ်ိန္မွာ MD Park  က ဂ်ယ္ဂ်ဴကိုေရာက္ေနၿပီး ေဟာဒီက Alexander Park က ဟိုတယ္တစ္ခုမွာေရာက္ေနေၾကာင္းကိုလည္း ကြၽန္ေတာ္တို႔ စစ္ေဆးအတည္ျပဳၿပီးပါၿပီ၊ CEO Park ရဲ႕ဇနီး Rina ဆိုတဲ့အမ်ိဳးသမီးကလည္း လြန္ခဲ့တဲ့တစ္ပတ္တည္းက Sentosa island ကိုသြားလည္ေနတာကိုလည္း သိၿပီးပါၿပီ၊ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က Byun Baekhyun ကို သံသယ႐ွိတဲ့သူအျဖစ္ စစ္ေဆးေနရတာပါ ''

Chanyeol စိတ္ေတြ ႐ႈပ္ေထြးလာတာေၾကာင့္ မ်က္လံုးေတြကိုမွိတ္ကာ ဆံပင္ေတြကိုသပ္တင္လိုက္သည္။

'' Park Chan Yeol  ကြၽန္ေတာ္လုပ္တာမဟုတ္ပါဘူး..ယံုေပးပါ.. ကြၽန္ေတာ္ တကယ္မလုပ္ပါဘူး ''

'' ထြက္သြားေပး Baekhyun ! ကိုယ့္ေ႐ွ႕ကေန အခုခ်က္ခ်င္း ထြက္သြားေပး ''

အိမ္အျပင္ဘက္ကို လက္ညႇိဳးထိုးျပသည့္ Chanyeol
ေၾကာင့္ Baekhyun မွာ ဘာမွမေျပာႏိုင္ေတာ့ေအာင္ ဆြံ႕အသြားရသည္။

'' ကိုကို ~ ''

'' ထြက္သြား Byun Baekhyun ! ဒီေနရာနဲ႔ အေဝးဆံုးကို ထြက္သြား !  ''

တစ္ခါမွ နာမည္ရင္းေတာင္မေခၚဘဲ Kyoong ဟုသာ ၾကင္ၾကင္နာနာေခၚတတ္သည့္ Chanyeol သည္ အခုေတာ့ နာမည္ရင္းကိုပင္ မာေၾကာသည့္ေလသံျဖင့္ေခၚကာ ႏွင္ထုတ္ေနေလၿပီ။

အိမ္ကိုလိုက္ေနဖို႔ေခၚတာလည္းသူ၊ ႏွင္ထုတ္တာလည္း သူ။

ဘယ္သူကိုမွ လွည့္ၾကည့္မေနေတာ့ဘဲ ထိုအိမ္ထဲကေန Baekhyun ေျပးထြက္လာခဲ့လိုက္သည္။

လက္ထပ္ခြင့္ေတာင္းရန္ ရည္ရြယ္ထားတဲ့ လက္စြပ္ေလးႏွစ္ကြင္းထည့္ထားသည့္ လက္စြပ္ဘူးေလးကေတာ့ Chanyeol ကားေပၚမွာ ပိုင္႐ွင္မဲ့စြာတည္႐ွိေနသည္။

...

ကံၾကမၼာက အရက္စက္ဆံုး မ်က္လွည့္ဆရာဆိုရင္
အခ်စ္က အလွပဆံုးျပကြက္ တစ္ခုပဲ။

...

TBC


အာေညာ္ ~ Are you OK ?

______________________________________

Continue Reading

You'll Also Like

90.2K 12K 44
Seokjinแ€€ แ€„แ€ซแ€ทแ€กแ€ญแ€™แ€บแ€€แ€€แ€ปแ€ฝแ€”แ€บแ€œแ€ฑ... แ€กแ€ญแ€•แ€บแ€…แ€›แ€ฌแ€œแ€ฐแ€€แ€ฏแ€”แ€บแ€›แ€„แ€บแ€แ€ฑแ€ฌแ€„แ€บ แ€žแ€ฐแ€”แ€ฒแ€ทแ€แ€ฑแ€ฌแ€ทแ€™แ€กแ€ญแ€•แ€บแ€˜แ€ฐแ€ธแŠ แ€€แ€ปแ€ฝแ€”แ€บแ€…แ€ฑแ€ฌแ€บแ€”แ€ถแ€œแ€ญแ€ฏแ€ท...[ABO/kookjin]
57K 4.1K 21
FOOLING intro แ€œแ€ฐแ€แ€ญแ€ฏแ€„แ€นแ€ธแ€™แ€ฝแ€ฌแ€›แ€ฐแ€ธแ€žแ€ผแ€•แ€นแ€ปแ€แ€„แ€นแ€ธแ€กแ€™แ€บแ€ญแ€ณแ€ธแ€™แ€บแ€ญแ€ณแ€ธแ€›แ€ฝแ€ญแพแ€€แ€žแ€Šแ€นแ‹แ€žแ€ฌแ€ธแ€›แ€ฐแ€ธแŠแ€žแ€™แ€ฎแ€ธแ€›แ€ฐแ€ธแŠแ€•แ€ญแ€ฏแ€€แ€นแ€†แ€ถแ€›แ€ฐแ€ธแŠแ€‚แ€ฏแ€แ€นแ€•แ€€แ€ฌแ€žแ€”แ€กแ€›แ€ฐแ€ธแ€…แ€žแ€Šแ€นแ€ปแ€–แ€„แ€นแ€ทแ€กแ€™แ€บแ€ญแ€ณแ€ธแ€กแ€™แ€บแ€ญแ€ณแ€ธแ€›แ€ฐแ€ธแ€žแ€ผแ€•แ€นแพแ€€แ€žแ€Šแ€นแ‹แ€กแ€ฒแ‚”แ€‘แ€ฒแ€™แ€ฝแ€ฌแ€™แ€ฝchanyeolแ€”...
59.7K 4.6K 62
แž•แŸ‚แž“แžŠแžธแž€แŸ’แžšแžกแžถแž”แŸ‹แž…แžถแž€แŸ‹ แž˜แž“แžปแžŸแŸ’แžŸแžŸแŸ’แžขแžธแžแžถแŸ†แž„แž–แžธแž€แŸ†แž›แŸ„แŸ‡แž˜แž€แžŠแž›แŸ‹แž–แŸ„แŸ‡แž˜แŸ‰แžถแž™แž€แžผแž“แž”แŸ’แžšแžถแŸ†แž แžพแž™ แžšแž€แž”แŸ’แžšแž–แž“แŸ’แž’แž‡แžถแž”แŸ‹แž›แžถแž”แŸ‹แž“แžทแž„แž‚แŸแŸกแž€แŸแž‚แŸ’แž˜แžถแž“ แž˜แžทแž“แž˜แŸ‚แž“แž›แŸ‚แž„แž›แŸ‡แž‘แŸ…แžฏแžŽแžถแž‘แŸ แž‚แžบแž–แžฝแž€แž‚แŸแž“แžทแž„แžŸแŸ’แž›แžถแž”แŸ‹แžŠแŸ„แž™แž‚แŸ’แž˜แžถแž“แž˜แžผแž›แž แŸแžแžปแž“แŸ…แžŠแŸ‚แž›...
36K 3.2K 20
แ€›แ€พแ€ฑแ€ธแ€”แ€พแ€…แ€บ แ€ฑแ€•แ€ซแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธแ€…แ€ฝแ€ฌแ€™แ€พ vampireแ€œแ€ฑแ€ธแ€แ€…แ€บแ€šแ€ฑแ€ฌแ€€แ€บ แ€‘แ€ญแ€ฏแ€„แ€บแ€แ€™แ€บแ€”แ€ญแ€ฏแ€„แ€บแ€„แ€ถแ แ€’แ€ญแ€แ€บแ€’แ€ญแ€แ€บแ€€แ€ผแ€ฒ idolแ€œแ€ฑแ€ธแ€›แ€ฒแ€ท แ€แ€”แ€นแ€“แ€ฌแ€€แ€ญแ€ฏแ€šแ€บแ€‘แ€ฒแ€žแ€ญแ€ฏแ€ท แ€›แ€ฑแ€ฌแ€€แ€บแ€žแ€ฝแ€ฌแ€ธแ€žแ€ฑแ€ฌแ€กแ€แ€ซ......... แ€ฑแ€›แ€ฝแ€ธแ‚แ€ฝแ€…แ€น แ€ฑแ€•แ€ซแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธแ€…แ€ผแ€ฌ...