Butterfly...Jeon🦋 (Completed)
By ThetHmue3
764K 81.6K 11.9K
Jeonက လိပ်ပြာလေးလိုပဲ... အတောင်ပံလှလှလေးတွေနဲ့ ဖမ်းမိဖို့ရာခက်လိုက်တာ....🦋 More
Intro.....🦋
🦋1🦋
🦋2🦋
🦋3
🦋4🦋
🦋5🦋
🦋6🦋
🦋7🦋
🦋8🦋
🦋9🦋
🦋10🦋
🦋11🦋
🦋12🦋
🦋13🦋
🦋14🦋
🦋15🦋
🌼16🌼
🌼17🌼
🌼18🌼
🌼19🌼
🌼20🌼
🍃21🍃
🍃22🍃
🍃23🍃
🎨24🎨
🎨25🎨
🦋26🦋
🦋27🦋
🦋28🦋
🦋29🦋
🦋30🦋
🦋Ending🦋(Part1)
🦋Ending🌼(Part2)
ZawGyi 1
🦋1🦋
2🦋
🦋3
4🦋
🦋5
🦋6
🦋7
🦋8
🦋9
10🦋
11🦋
🦋12
🦋13
🦋14
15🦋
16🦋
🦋17
🦋18
🦋19
🦋20
🦋21
🦋22
🦋23
🦋24
🦋25
🦋26
🦋27
🦋28
🦋29
🦋30
Endingp2🦋
Extra...☁️
Extra🦋
🦋
🦋Extra🦋(2)
Ending P1 🦋
5.4K 392 9
By ThetHmue3
ငါးလကြာပီးတဲ့နောက်.......။
"ပဲ့ကြွေသွားမှာစိုးနေတုန်းပဲလား Seok...."
"အေးကွာ ငါလည်းတကယ်စိတ်မရှည်တော့ဘူး...."
"ထားလိုက်တော့ငါဆိုးလ်ကိုလာပြီး
ခေါ်လိုက်တော့မယ် ငါအစထဲကမစမ်းသပ်ခဲ့သင့်တာ
သူကအတင်းအကျပ်လုပ်တာပဲအဆင်ပြေတယ်
Romatic ဆန်လ်ု့မရဘူး...."
လိပ်ပြာငယ်၏မျက်ခုံးတန်းတို့သည်
တွန့်ခ်ျုးသွားခဲ့သည်....။
ငါးလ.....အချိန်သည်ငါးလ
ရက်ပေါင်း ၁၅၀ကျော်.....။
လွမ်းရ မျှော်ရ တမ်းတလွန်းလို့လည်း
နှလုံးသားက အသံပေါင်းစုံပေးနေလှပြီ.......။
လန်ဒန်မြို့ကြီး၏ လှပသောခြံဝန်းလေးထဲရှိ
ဒန်းပေါ်တွင်ထိုင်ကာ လိပ်ပြာငယ်သည်
ဖုန်းကိုပစ်ချပြီးနောက်
အိမ်ထဲသို့ဆောင့်ဆောင့်အောင့်အောင့်
ဝင်သွားတော့သည်။
ဆိုးဝါးတဲ့အဖြစ်အပျက်တွေတပြိုင်နက်ဖြစ်တဲ့ညက
ဆေးရုံပေါ်သို့ တယောက်ကဓားနဲ့ထိုးခံရပြီး
တယောက်ကပြင်းထန်သောကားAccident
ကြောင့်ဆေးရုံပေါ်အတူတူရောက်ခဲ့ကြသည်....။
နှစ်ယောက်စလုံးသတိမလည်ခဲ့ကြကာ
အရေးပေါ်ခန်းထဲတွင် ချက်ချင်းဆိုသလိုရှုပ်ယှက်ခတ်
ခဲ့ကြသည်။
LeeHanna သည်ပွဲချင်းပီးသေဆုံးပြီး
တခဏအတွင်းပြောင်းလဲသွားသောအခြေအနေ
များသည်Cameraတဖျက်ဖျက်နှင့်သတင်း
တွေထဲပလူပျံစွာ ဖြေရှင်းဖို့ပင်မနိုင်ခဲ့တော့...။
Jungkook သည်ပုခုံးတဖက်ထိခိုက်သွားကာ
ရောဂါအခံတွေကြောင့်ရှော့ရပီးသတိလစ်နေခဲ့သည်။
မင်္ဂလာပွဲသည်ရုပ်ဆိုးစွာပျက်ဆီးခဲ့ပြီး...
LeeHanna ၏အလောင်းသည်လည်း
မြင်ရက်စရာမရှိခဲ့...။
သွေးစက်လက်ဖြင့်ဆေးရုံသို့ရောက်လာခဲ့သော
သားဖြစ်သူအားထပ်တွေ့လိုက်ရသော်အခါ
Jiminအဖေနှင့်အမေသည်....
ဟန်မဆောင်နိုင်ပေါက်ကွဲကြတော့သည်။
Jungkook ၏ဆေးကုရာအခန်းထဲကို
ဝင်လာကာပြင်းထန်သောစကားများကို
သတိရတိုင်းအားမနာတမ်းလာပြောဆိုခဲ့ကြသည်....။
အရာအားလုံး၏တရားခံသည်Jungkook
ဖြစ်နေတာကြောင့် တစိမ့်စိမ့်ပြန်တွေးမိကြတိုင်း
ထပ်ခါထပ်ခါလာပြောခဲ့ကြသည်..။
"ငါ့သားဘဝကိုဖျက်ဆီးတာ....
သေသွားရမှာ....နင်
ငါ့သားတခုခုဖြစ်လို့ကတော့နင်လည်းသေရမယ်..."
Parkကတော်သည်စိတ်လွတ်သလိုခဏခဏ
အခန်းထဲဝုန်းဒိုင်းကြဲဝင်ကာလာလာအော်ဟစ်
သောင်းကျန်းတတ်သည်...။
တဆေးရုံလုံးကဝင်ဆွဲကာ နေ့တိုင်းလိုလို
အော်ဟစ်သံများ ကြိမ်းမောင်းသံများကို
Park Jimin သတိမရမချင်းလာလုပ်နေမည့်
သဘောတွင်ရှိသည်.....။
စိတ်ပျက်စရာနေ့တွေသည်မိုးလင်းကမိုးချုပ်..။
သိပ်ကိုဆိုးဝါးလွန်းတဲ့ကျိန်စာတွေအားတိုက်ကာ
SeokJinသည်လုံးဝသည်းမခံနိုင်ခဲ့တော့ပါ...။
ထို့ကြောင့်ဆေးရုံရောက်ပြီးသုံးရက်မြောက်
နေသောနေ့တွင်MinYoongi နှင့်တိုင်ပင်
ကာ ကိစ္စတွေအားလုံးပြီးလျှင်နေထိုင်ဖို့
Jungkook ကိုယ်တိုင်စီစဉ်ထားသော
လန်ဒန်သို့ပြောင်းကာကုသရန်ဆုံးဖြတ်ခဲ့ပြီးနောက်...
သတိမလည်သောJungkook အားခက်ခဲစွာ
ခေါ်ထုတ်သွားခဲ့သည်....။
"ခင်ဗျားတို့ ပိုင်ဆိုင်ရာဆေးရုံမှာထပ်မထားနိုင်လို့
အပီးတခြားနိုင်ငံတခုကိုခေါ်ထုတ်သွားပါ့မယ်....
တခုပါပဲ...ခင်ဗျားတို့သားနဲ့ Jungkook ကို
နောက်ထပ်မတွေ့ရစေအောင်ရအောင်ထိန်းပေးပါ...."
SeokJin သည် Park Family တခုလုံးကို
သုံးရက်သာတွေ့ဆုံရသေးသည်
သေမတတ်မုန်းတီးလှတာကြောင့်
ParkJimin မခွဲနိုင်ရင် သတိရရင်လိုက်ခဲ့လိမ့်မယ်
ဟုတွေးကာ အနိုင်ပိုင်းပြီးလိပ်ပြာငယ်အား
မကောင်းဆိုးဝါးပတ်ဝန်းကျင်မှပြောင်းရွေ့လိုက်သည်။
လန်ဒန်မြို့ကဆေးရုံတွင်ဆေးဆက်ကုရင်း
JungKookသတိရလာတဲ့အခါ...
အခြေအနေတွေသည်သူရေခြားမြေခြားကို
ရောက်နေခဲ့ပြီ....။
"Jimin ...ပါခေါ်လာလေ ကျတော့်ကိုခေါ်ထုတ်လာ
မယ်ဆိုလည်း.....!!!!!"
နိုးလာလာချင်းJimin နဲ့မိုင်ပေါင်းထောင်ချီဝေး
နေပြီဆိုတာသိသော်အခါ သူ့ကိုသောင်းကျန်းတော့
သည်...။
"မခေါ်ချင်ဘူး သူ့မိဘတွေမင်းကိုဘယ်လိုစကား
တွေပြောလဲမင်းသိလား..မင်းသတိလစ်နေလို့
မကြားပေမယ့် ငါကကြားခဲ့ရတယ်
Park Jimin အဲ့မိသားစုထဲက ထွက်မလာမချင်း
စော်ကားခံနေရအုန်းမှာ....
သူမနေနိုင်ရင် သူမင်းကိုချစ်ရင်
အကုန်ထားခဲ့ပြီးလိုက်လာလိမ့်မယ်
မင်းကတော့ ဒုက္ခခံပြီး အပြောခံပြီး
ထပ်ပတ်သတ်ဖို့မလိုဘူး...
မင်းဆိုးလ်မှာထပ်နေလို့လည်းအဆင်မပြေဘူး
သတင်းထောက်တွေက မကောင်းဆိုးဝါးတွေလိုပဲ
Jimin မှာကိုယ်ပိုင်ဆေးရုံနဲ့ သူ့အဖေကဆေးရုံအုပ်
သူ့သူငယ်ချင်းကဆရာဝန် အားလုံးက
အထိအခိုက်မရှိအောင် ကာကွယ်ပေးကြမှာ
မင်းမှာ ငါပဲ ရှိတာ ငါစီစဉ်တာကိုအထွန့်မတတ်နဲ့
ဆိုးချင်သလောက်ဆိုးခဲ့ပြီးပြီKookie
သတ်ချင်တဲ့သူတွေကိုလည်းသေစေပီးပီ
ငါတို့ရုန်းထွက်လာမှဖြစ်မယ်.....
မင်းရောငါရောပင်ပန်းနေပြီ...."
JinHyungကိုအားလုံးကသူ့လုပ်ရပ်တွေနဲ့ပတ်သတ်ပြီး
ဝိုင်းပြောကြမဲ့ပုံရိပ်တွေအားမြင်ယောင်မိတော့
ပြန်ခံမပြောမိတော့...။
ဟုတ်ပါသည်လေ....သူဆိုးလ်မှာထပ်နေလျှင်
ဒီအိမ် ဒီမြို့ ဒီအငွေ့အသက် ရန်ငြိုးရန်စ
မီးပွါးတွေအားသတိရမိနေအုန်းမည်...။
အစထဲကလည်းအရာအားလုံးပီးလျှင်
သူဒီကိုအပြီးထွက်လာနေဖို့ အားလုံးစီစဉ်ထားခဲ့ပီးသား။
Jimin ကိုလည်းအပါခေါ်ခဲ့ရင်းပေါ့...။
ခုတော့ JinHyungက ကလေးဆန်စွာ
အခက်တွေ့အောင်လုပ်ချေပြီ....။
Hyung အပြစ်လို့လည်းသွားပြော၍မရ
Hyung ကသူ့ကိုထိလျှင်အမေအရင်းတောင်
ခွင့်လွှတ်ခဲ့သောသူမဟုတ်ခဲ့...။
သူ့ကိုနှလုံးသားကမွေးဖွားလာခဲ့သောသူမို့
အဖေဆိုလည်းဟုတ်ခဲ့သည်...။
အစ်ကိုဆိုလည်းဟုတ်ခဲ့ပါသည်...။
သူတကယ်ချစ်ရင်လိုက်လာမှာပဲ.......။
ဟုတ်တာပေါ့....Jimin ဒဏ်ရာလေးသက်သာ
တဲ့အခါ သူ့ကိုလွမ်းဆွတ်၍ချက်ချင်းပြေးလာမည်
ဆိုတာယုံပီးသား....။
နတ်ဘုရားလေးက လန်ဒန်မြို့ကြီးဆီ
ပြေးလာတဲ့အခါ သူကလည်းခမ်းနားသော
မေတ္တာတရားတွေနဲ့ကြိုဆိုရန် ပြင်ဆင်မည်....။
Jungkook သည်အမြဲတမ်းတဇွတ်ထိုးမရမက
ဆုံးဖြတ်ကာလုပ်တတ်ပေမယ့်တိုက်ဆိုင်စွာ
" ဒီတကယ်ချစ်ရင်အပြေးလိုက်လာမှာပဲ" ဆိုတဲ့
စမ်းသပ်မှုလေးကိုတော့ လက်တည့်စမ်းမိခဲ့သည်...
ဆရာဝန်လေးသတိရတဲ့နေ့ သူမရှိတော့တာသိတဲ့အခါ
ငိုတယ်တဲ့......။
ငိုတယ်ဆိုထဲက ပြေးသွားချင်ပေမယ့်
သည်းခံကာငြိမ်ခဲ့သည်။
Seokကဖုန်းဆက်ကာပြောပြတော့
လန်ဒန်မှာရှိနေကြောင်းသိပ်မထိခိုက်ကြောင်း
အေးအေးဆေးဆေးရှိနေကြောင်း
သတင်းပါးခိုင်းရသေးသည်....။
သူ့မိဘတွေရဲ့ရုပ်ဆိုးတဲ့
လုပ်ရပ်တွေကိုပြန်ကြားပြီး
အားနာ၍ဖုန်းတောင်ဆက်ဖို့
အင်အားမရှိဘူးတဲ့လေ...။
ထိုဆရာဝန်သည်ဖုန်းလည်းမခေါ်ခဲ့သလို
ဖုန်းဆက်၍လည်းမရအောင်ပိတ်ထားခဲ့သည်...။
ခဏတာ ဝမ်းနည်းသွားတာပဲဖြစ်မှာပါဟု
တွေးကာငြိမ်နေခဲ့ပြန်သည်...။
ကျိုးသွားသောခြေထောက်နှင့်အတူ
သူဆေးရုံကဆင်းရသော်အခါ
ဆရာဝန်ကြီးလည်းဆေးရုံကဆင်းရ
ပြီတဲ့.....။
လမ်းသိပ်မလျှောက်နိုင်ရုံကလွဲပြီး
ကျန်တာအားလုံးအဆင်ပြေကြောင်း
Seok က ဖုန်းဆက်ပြောပြန်သည်။
သူ့ကိုဖုန်းဆက်လာစေချင်ပြီ..
တခုခုဆက်သွယ်လာစေချင်ပီ။
ဆရာဝန်ကြီး၏ပိတ်ထားသောဖုန်းကိုလည်း
ဖွင့်စေချင်ပြီ...။
ဆရာဝန်ကြီးသည်သတိရတာကို
တောင်မစောင့်ဘဲထွက်သွားခဲ့မိလို့
စိတ်ဆိုးသွားပြီလားဟု နေမထိထိုင်မသာ
Seokအားမေးခိုင်းသော်အခါ
စိတ်ဆိုးနေတဲ့ပုံမပေါ်ဘဲ
ကျန်းမာရေးအရှင်းမကောင်းသေး၍
ငြိမ်တဲ့ပုံပေါ်ကြောင်းပြောတော့
အီလည်လည်နှင့်စောင့်ခဲ့ရပြန်သည်...။
အနာမသက်သာ၍လာဖို့အဆင်မပြေ
လို့ပဲနေမှာဟုတွေးရင်း အိမ်နှင့်မနီးမဝေးတွင်
ဆရာဝန်ကြီးရောက်လာလျှင်
အသုံးပြုရန် အခမဲ့ဆေးခန်းလေးတခုကို
စတည်ဆောက်ခဲ့သည်......။
ချစ်ခြင်းတရားတွေနှင့်ပြည့်ပြည့်သိပ်သိပ်
တည်ဆောက်ခဲ့သောဆေးကုခန်းလေး
မပီးတပီးအထိ ဆရာဝန်ကြီးသည် ဆွေးနေတုန်းပဲ....။
တနေ့တော့စကားတခွန်းကြားခဲ့ရသည်....။
သူထိမိလိုက်ရင်အတောင်ပံလေးတွေ
ထပ်ပီးများပဲ့ကြွေသွားမှာစိုးရိမ်နေလို့တဲ့လေ.....။
SucideCaseတွေ Car Accident ကိစ္စများ
တခြားအသေးအမွှားကိစ္စများကို
ပြန်ပြန်တွေးပြီး ပန်းကလေးက
သူနဲ့ဆုံလိုက်ရင်...ကိုယ်တော့ဒုက္ခရောက်အုန်း
မှာပဲဆိုပြီး အတွေးတွေလွန်နေသတဲ့....။
ပညာတတ်ကြီးက မရောင်ရာတွေသိပ်ဆီလူးနေသည်။
နေ့တိုင်းသူက အခန်းပိတ်ကာကိုယ့်ဆီပြေးလာသင့်
မလာသင့်ချီတုံချတုံဖြစ်နေချိန်...
အခမဲ့ဆေးကုခန်းလေးသည်ပီးစီးသွားပြီး...။
အချိန်သည်နှစ်လ အထိကုန်သွားခဲ့ပြီ....။
ဆေးခန်းလည်းပီးပီဖြစ်တာကြောင့်
သူသွားလိုက်ခေါ်တော့ရန်ပြင်ဆင်ခဲ့သော်လည်း
JinHyungကထပ်ပီးစောင့်ကြည့်ရန်အကြံပေးခဲ့သည်။
"Jungkook ကိုဖုန်းပြောကြည့်ပါလား ဒေါက်တာ..."
ဖုန်းပြောချင်လွန်း၍Seokကိုထပ်မံလမ်းကြောင်း
ခိုင်းသော်လည်း စိတ်နဲ့လူနဲ့မကပ်သောသူသည်
"မကြာခင်သူလိုက်သွားတော့မှာဖြစ်တာမလို့
မပြောချင်ဘူး ဟု ငြင်းသည်.....။
လိုက်လာတော့မည်ဟုကြားရ၍ဝမ်းသာသော်လည်း
ဖုန်းမပြောချင်ဘူးဟုငြင်းခြင်းသည်
JinHyungကြောင့်ဟု အော်ဟစ်ရန်ဆောင်ရသည်အထိ
လိပ်ပြာငယ်ကိုဒေါသထွက်စေသည်....။
ဆရာဝန်ကြီးသည်ဆေးရုံကလည်းအလုပ်ထွက်ကာ
အတူတူနေခဲ့သောခေါင်းမိုးထပ်ကို
နေရာပြောင်းကာထပ်ဆွေးနေပြန်သတဲ့.....။
ဆွေးတယ်...လွမ်းတယ်ဆိုရအောင်
သူ့ကိုထားခဲ့တာလည်းမဟုတ်....
ဒီအသိုင်းအဝိုင်းဒီပတ်ဝန်းကျင်က
ဘယ်သူ့ဖိအားဆွဲအားမှမပါဘဲ
JeonJungkook ကို ချစ်လို့ ထွက်လာသည်ဆိုတာ
ကိုလိုချင်ခဲ့တာ.....။
JeonJungkook ကိုချစ်လို့မရမကဆက်သွယ်ပြီး
အပြေးအလွှားလိုက်လာတာမျိုးကိုမျှော်လင့်ခဲ့တာ...။
"သူငါ့ကြောင့် သေသွားနိုင်တဲ့အထိ ဖြစ်ရပ်တွေ
ခဏခဏဖြစ်ခဲ့တာ...ငါစိတ်ထဲမှာပြန်တွေး
မိတိုင်း နာကျင်နေတုန်းပဲ.....
သေများသွားခဲ့ရင်လို့တွေးမိရင်...
ငါထိဖို့ကိုမရဲတော့ဘူး ငါပြောတာကိုမင်း
သဘောပေါက်လား...."
ပြသနာတွေကအကုန်ပီးနေပီဖြစ်ကြောင်း
နောက်ထပ်သေခါနီးအထိအန္တရာယ်တွေလည်း
ထပ်မရှိတော့ကြောင်း စိတ်ချလက်ချဖြင့်JungKook ဆီ
လိုက်သာသွားတော့ပါဟု ပြောရန်Seokကို
သင်ပေးခဲ့ရပြန်သည်...။
သူဒုတိယအကြိမ်ထပ်သွားခေါ်ဖို့ကြိုးစားခဲ့
ပေမယ့် Seokကလိုက်လာတော့မှာဟု
အားတက်စရာစကားပြောခဲ့တာကြောင့်
ခဏတော့စောင့်နေခဲ့ရပြန်သည်။
လိုက်လာခဲ့လို့ရရက်နဲ့
အဆက်အသွယ်လုံးဝမလုပ်ဘဲ
ကိုယ့်ဒုက္ခကိုယ်ရှာ လွမ်းခြင်း ကို
သက်သက်မဲ့ အချိန်ပေးခံစားနေသောဟု
ယူဆကာ အသဲယားခဲ့ရသည်။
ဆရာဝန်ကြီးအားစိတ်ရှည်စွာစောင့်နေစဉ်
နောက်ထပ်လက်ဆောင်တခုကိုထပ်ပြင်ဆင်ခဲ့
သည်။
ပန်းချီပြခန်းသေးသေးလေးတခု....
Jimin နဲ့စတွေ့စဉ်ကနေနောက်ဆုံးဆွဲခဲ့သော
ပန်းချီကားအထိ ပြသထားကာ နာမည်တော့
မပေးရသေး....။သူရောက်လာမှပဲပေးခိုင်းမည်ဟု
တွေးကာ ပန်းချီကားတွေအားပြသထားခဲ့သည်..။
Jimin လက်ချောင်းတွေ....Jimin မျက်လုံးလေးတွေ
နူတ်ခမ်းလေးတွေအထိ အစိတ်အပိုင်းတခုချင်း
စောင့်ဆိုင်းနေသောအချိန်များတွင်အတိအကျဆွဲကာ
ခမ်းခမ်းနားနားပြသထားခဲ့သည်....။
Seokတင်မက Kiity ကပါ လိုက်သွားတော့ရန်
အကြံတွေပေးပေးနေသော်လည်း
အတွေးလွန်ရုံမက အတွေးတွေပါခေါင်သွားပြီ
ဖြစ်သော Jimin သည် အင်း အင်းသာပြောပြီး
ဒီနေ့အထိ လန်ဒန်မြို့ဆီရောက်မလာပါ...။
ပြခန်းကြီးတခုလုံးပီးသွားကာအချိန်သည်
ငါးလကျော်လာပြီးတဲ့အခါ
JungKook သည် ငိုချင်လာပြီ......။
မချစ်များမချစ်တော့လို့ ခုထိခွဲနေနိုင်တာ
လားဆိုသော ဝမ်းနည်းမှုသည် လှိုက်တက်လာကာ
မျက်နှာမကောင်းလာတော့....။
လွမ်းရလွန်းလို့...လူးလိမ့်ကာ
မနက်မိုးလင်းတိုင်းပြတင်းပေါက်တံခါးဖွင့်ကာ
ရောက်လာမဲ့သူကိုမျှော်နေတတ်သည်...။
"စောင့်ကြည့်ပါ တကယ်ချစ်တာမှန်ရင်
မင်းဆီရောက်လာမှာပါ ဆိုတဲ့...JinHyungကို
လည်းစကားပင်မပြောချင်တော့...။
ခံနိုင်ရည်သည်ဆိတ်သုန်းလာတော့သည်...။
"မင်းကိုသူချစ်လွန်းလို့ဖြစ်နေတာ JKရ...
မင်းကြုံဖူးတယ်မလား...ချစ်ပေမယ့်
ကိုယ့်ကြောင့်ပင်ပန်းခဲ့ရတာတွေများလို့
မချစ်ရက်တော့တာမျိုးလေ...."
"အဲ့တာငါဖြစ်ရမှာ......!!!!" ဟုအော်ကာ
ရက်တွေကြာလာလေလေ သူပြန်ရူးချင်လာလာလေလေ
ဘဝကိုရောက်တော့သည်...။
Butterfly...သီချင်းသံတွေတိုးတိုး
သက်သာစီးမျောနေတဲ့ညတိုင်း
ကိုယ် အိပ်မရခဲ့ဘူး...လိပ်ပြာငယ်..
ကိုယ့်ရင်ခွင်လာနားလှည့်ဖို့
ကိုယ့်နူတ်ခမ်းတွေကိုမင်းစားသုံးဖို့
ကိုယ်လေ...အတောင်ပံတဖြတ်ဖြတ်ခတ်နေတဲ့
မင်းကိုသိပ်လိုအပ်တယ် ...လိပ်ပြာငယ်....
နှလုံးသားထဲမင်းစိတ်ဝိညာဉ်တွေကို
သိမ်းပိုက်အိပ်စက်ချင်လိုက်တာ
လိပ်ပြာငယ်ရယ်...
ကိုယ့်မှာအရူးလိုပါပဲ......
မင်းဘယ်သောင်ကမ်းစပ်ဆီများ
ပျံဝဲသွားရသလဲ....
ဆွေးမြေ့တာထက်....
ကိုယ့်ဟာကိုယ်တိုင်ပျောက်ဆုံးလာတာမို့
"Jiminက...ထူးဆန်းတော့...
Jungkook က..အဖြေမထွက်ဖြစ်နေတယ်...."
ဆိုတဲ့....မင်းနူတ်ခမ်းပါးလေးတွေကို
ကိုယ် အရှက်တရားမဲ့စွာလိုချင်နေပြီ
Euphoria..ငယ်ရယ်....။
Seokသည်..Jiminအိမ်နံရံမှကပ်ထားသော
ကဗျာလေးအားဓာတ်ပုံရိုက်ကာခိုးပို့ပေးသည်။
တနေ့ကိုအခါရာချီဖတ်ရင်း....
"လွမ်းတယ်ဆိုလည်းလာတော့ပေါ့...."ဟု
ညဘက်တွေအော်ငိုကာပြောလေ့ရှိခဲ့သည်..။
ကဗျာသာအလွတ်ရသွားခဲ့တယ်....
Jimin ဟာလွမ်းကောင်းနေတုန်း...။
ဒီလူကလွမ်းရတာကိုဝါသနာပါတာလား..။
အဆက်အသွယ်ဖြတ်ဆွေးနေရတာကို
တော်တော်လေးအရသာတွေ့နေတဲ့ပုံ...။
Seokသာကြားထဲကမရှိနေလျှင်
သေချာပေါက်Jimin သူ့ကိုလက်လွှတ်လိုက်ပြီဟု
ပဲတွေးမိတော့မှာ....။
မချစ်တော့၍နေနိုင်နေတာလည်းမဟုတ်...
တနေတမျိုးမရိုးနိုင်အောင်လွမ်းပြပြီး
ဘာကြောင့်ခြေတလှမ်းမှမရွေ့လာရသလဲ...။
နားမလည်လွန်းလို့...နေမထိထိုင်မသာ
ဖြစ်ရလွန်းကာ နောက်ဆုံးတွင်
ဆိုးလ် သို့လေယာဉ်လက်မှတ်ဖြတ်ခဲ့ရတော့သည်...။
"ဆက်နေရင် ဆက်စောင့်နေရင်ရူးသေတော့မယ်
ကျတော်သူ Drama ချိုးတဲ့ဒဏ်ကို
နောက်ထပ်တစ်နာရီတောင်ထပ်မခံနိုင်တော့ဘူး
သွားခေါ်တော့မယ် မရတော့ဘူး
သူ့အဲ့ပတ်ဝန်းကျင်က ထွက်မလာချင်လို့ဆိုလည်း
ချူပ်ခေါ်လာခဲ့တော့မယ်..."
"စိတ်ရှည်စမ်းပါ....Kookie ရာ...."
"Hyungရည်းစားရမှ ငါးလလောက်ခွဲနေကြည့်လေ
ကျတော်တို့က ရည်းစားအဆင့်လည်း
မကခဲ့ကြဘူး မရတော့ဘူး...လာမတားနဲ့တော့..."
"မင်းအဲ့လိုသွားခေါ်ရင် မင်းရှုံးပီနော်
မင်းကိုဝိုင်းအာကြအုန်းမယ် အဲ့မိသားစုက..."
"Jimin ကိုရရင်ပီးရော...
ဘာဖြစ်ဖြစ်ဂရုမစိုက်နိုင်တော့ဘူး...
အာချင်သလောက်အာ...
အစထဲကHyungပြောတာကိုနားမထောင်ခဲ့ရမှာ...."
လန်ဒန်ရောက်ထဲက ဆရာဝန်မရောက်သေးသော
ဆေးခန်းလေးပိုင်ရှင်...
ပန်းချီပြခန်းသေးသေးလေးပိုင်ရှင်သည်
ရင့်ကျက်သောအရိပ်အယောင်တွေရအောင်
ဆံပင်တွေအားလုံးကိုအနက်ရောင်ပြန်ဆိုးကာ
စနစ်တကျပုံချထားသည်။ရှုပ်ယှက်ခတ်နေသော
အကျီတွေဘောင်းဘီတွေအားမဝတ်တော့ဘဲ
အနောက်နိုင်ငံသားလေးလို အရောင်မှိုင်းမှိုင်းလေး
တွေသာရွေးချယ်ဝတ်တတ်သည်....။
ကိုရီးယားကခပ်ဆိုးဆိုးပေပေလူငယ်လေးပြယုတ်မှ
လန်ဒန်မြို့ရှိအေးချမ်းသောရက်ကွက်ငယ်လေးမှ
ပြခန်းပိုင်ရှင်လူလတ်ပိုင်းအရွယ်တခု၏
ပြယုတ်ကိုသူမသိမသာပင်ပြောင်းလဲလာခဲ့တာ
ခုချိန်မှာတော့ရာခိုင်းနူန်းအပြည့်ပေါ့.....။
"မင်းဟာလေ......."
"ကျတော်လွမ်းနေပြီ....Hyung....
နေ့တိုင်း လန်ဒန်တံတားပေါ်ကခုန်ချပစ်ချင်တဲ့
စိတိကိုထိန်းထိန်းထားရတယ်....
သိပ်မချစ်လို့ လိုက်မလာချင်ဘဲ
ပိုချစ်ရတဲ့ ကျတော်က လာခေါ်တာကိုစောင့်နေတာ
လည်းဖြစ်နိုင်တယ်လေ....."
"ငါက မင်းကို ParkJimin ကပဲ
ပိုချစ်တာကို လိုချင်တာ..အဲ့လိုမျိုးဖြစ်တာကို
ငါလက်မခံနိုင်တာ.....ငါသူ့မိဘတွေကို
စိန်ခေါ်ခဲ့တာကွ..."
"ကျတော်တို့ရှုံးပီလို့သာမှတ်လိုက်တော့
ကျတော့်ကိုဖုန်းတချက်တောင်မဆက်ခဲ့ဘူး
လွမ်းနေတာ ဆွေးနေတာ ငိုနေတာ
အခန်းပိတ်နေနေတာ နဲ့ပဲ ငါးလရှိနေပြီ...
သူမဟုတ်တာတွေတွေးပြီးဘာတွေဖြစ်လို့
ဖြစ်မှန်းမသိနေတာကိုဆက်သည်းမခံနိုင်တော့ဘူး"
အိမ်အပြင်သို့ထွက်သွားပြန်သည်။
Jungkook သည်မနက်ဖြန်မှParkJimin ကိုမတွေ့ရ
လျှင်မဖြစ်တော့ကြောင်းတော်တော်ကိုသေချာနေပြီ။
ဆရာဝန်ကိုဒေါသထွက်သည်.......
အကြာကြီးပစ်ထားကာဖုန်းလေးတချက်တောင်
မဆက်ဘဲနေနိုင်ခဲ့လို့။
JinHyungကိုဒေါသထွက်သည်.....
မဟုတ်ကဟုတ်ကအကြံတွေကိုပေးခဲ့လို့
JungHoseokကိုဒေါသထွက်သည်
နောက်ကဘယ်လောက်ပဲသင်ပေးသင်ပေး
သူ့ရှေ့ရောက်လာအောင်ဆရာဝန်ကိုမပို့နိုင်ခဲ့လို့...။
ကိုယ့်ကိုကိုယ်လည်းဒေါသထွက်သည်...
တလောကလုံးကိုစိတ်အလိုမကျ....
တလောကလုံးကိုဒေါသထွက်လှပါသည်...။
ဆိုးလ်ကိုသွားလိုက်ခေါ်၍တွေ့ခဲ့လျှင်
ကောင်းကောင်းကြီးပညာပေးရမည်....။
လမ်းလျှောက်ရင်းငိုချင်လာပြန်သည်....။
JeonJungkook တို့ မာကျောသွားပြီဟု
ဘယ်သူကများသတ်မှတ်ခဲ့သလဲ.....။
အိမ်နီးနားချင်းတွေက အဆင်ပြေရဲ့လားဟု
လမ်းတွင်ဆုံ၍မေးကြသော်အခါ
မပြေဘူးဟု ငိုသံတဝက်ဖြင့်ဖြေရင်း
ကလေးတယောက်လိုချင်တာမရရ၍
အော်ငိုပစ်သလို တကယ်ငိုပစ်
လိုက်ချင်ပါသည်.....။
...........................။
May.....30...။
"Kookie....Kookie....!!!!
အခန်းထဲပြေးဝင်လာသောHyungသည်
တစုံတခုအရေးကြီးလာသောပုံ.....။
သူသည်ကိုရီးယားပြန်ရန်ဝတ်စုံပြည့်ဖြင့်
လိုအပ်သောပစ္စည်းတွေကိုစစ်ဆေးနေသည့်အချိန်..။
အနောက်တိုင်းဝတ်စုံလေးဝတ်ထားကာ
သပ်သပ်ရပ်ရပ်လေးရှိနေခဲ့သည်...။
"ဘာဖြစ်လာတာလဲ အလောတကြီး....."
"Jimin...Jimin ရောက်လာပီ...."
သီချင်းနားထောင်ရန်စမ်းနေသောAirPodလေး
တဖက်ပင်ပြုတ်ကျကာသူHyung ကိုမယုံနိုင်
စွာပြူးကြည့်နေတော့ Hyung ကလက်ကိုဆွဲကာ
ပြတင်းပေါက်ဖွင့်ပြသည်...။
နက်ပြာရောင်LongCoatလေးဖြင့်
အိတ်တအိတ်ဆွဲကာရက်ကွက်လေး၏
လမ်းအတိုင်းဖြေးဖြေးချင်းလျှောက်လာနေတဲ့သူ....
မျက်ရည်တွေပါဝဲကာပြတင်းပေါက်ကပင်
ခုန်ဆင်းပြီးပြေးဖက်ထားလိုက်ချင်ပါသည်။
ဖြေးဖြေးလျှောက်လာနေတာ တကယ်ကိုဖြေးဖြေးလေး
မရင်းနှီးသောပတ်ဝန်းကျင်မို့လည်းဖြစ်ပါလိမ့်မည်။
ဝမ်းသာမှုနဲ့အတူစိတ်ကောက်နေသော
ဒေါသထွက်နေသော အဆိုးကောင်လေး၏
အငုံစိတ်ကလည်းရှိနေသေးသည်....။
တရွေ့ရွေ့လျှောက်လာရင်း....
အိမ်နားသို့နီးလာသော်အခါ....
အိတ်လေးတအိတ်ဆွဲကာ
မနက်စောစောအလုပ်သွားမည့်လူတယောက်လို
Moodအပြည့်သွင်းရင်းလှုပ်ရှားနေသော
စိတ်တို့ကို ခေတ္တခေါက်သိမ်းကာ
တံခါးဖွင့်လျှက် လမ်းမပေါ်သို့တက်လာခဲ့သည်။
မမြင်ချင်ယောင်ဆောင်ရပါသည်...။
ကိုယ့်အလုပ်ကိုယ်သွားနေသော
ပုံမှန်ဘဝတခုမှာ နေသားကျနေသော
လူတစ်ယောက်လို .....။
ခြေလှမ်းငါးလှမ်းလောက် လှမ်းအပီးတွင်....
"ကောင်လေး....."
ကောင်လေးဆိုသောအခေါ်အဝေါ်လေးအောက်တွင်
အရာခပ်သိမ်းအရှုံးပေးချင်ခဲ့သော
ငြိတွယ်မှုတွေရှိခဲ့ပါသည်...။နူတ်ခမ်းတို့သည်
ညွှတ်ကိုင်းသွားပြီးနောက်စက္ကန့်ပိုင်းအတွင်း
ပြန်တည်လိုက်ကာ အေးစက်နေသော
မျက်နှာသေတခုအားမရရအောင်ကြိုးစား
ဖန်တီးလျှက်လှည့်ကြည့်လိုက်သည်။
ပိန်သွားလိုက်တာ.....ငါးလလုံးထမင်းတောင်
စားရဲ့လားမသိ....။ဝမ်းနည်းငိုကြွေးချင်နေသော
အရိပ်အယောင်တွေနဲ့ ဝမ်းသာသလိုဖန်တီး
ယူနေသောမျက်နှာဟာ ဘယ်လိုမျိုးများ
နားလည်ပေးရမလဲမသိ....။
လွမ်းနေတာ ဒီမျက်နှာလှလှလေးကို.....။
"ကျတော့်ကိုသိလို့လား......?"
မဲ့ကျသွားလေသောမျက်နှာငယ်.......။
တွေ့ခဲ့ရင်တော့ ငါးလလုံးသစ်စိမ်းချိုးချိုးခဲ့ပါသော
ထိုဆရာဝန်ကိုပညာပေးရန် အမျိုးမျိုးကို
စဉ်းစားခဲ့သည်....။
တကယ်ပါ...Park Jimin ၏တချို့ခံစားမှုနဲ့
အတွေးတွေကိုသူတခါတလေ လိုက်မမှီ.....။
ခုတော့လည်းငိုမဲ့မဲ့မျက်နှာလေးမြင်ရုံဖြင့်
ရင်ကနာနေပြီ....။
ကိုယ် Jimin လေ လို့ပြောလိုက်ပါ.....
ကျတော်ပြေးဖက်ပြီး
ကျတော် လွမ်းရသမျှတွေ အတွက်
ပြေးပြီးနမ်းချလိုက်ချင်ပီ
Park Jimin Shi.....။
"Sorry ကိုယ်လူမှားသွားတယ်ထင်တယ်......"
ဒီလူကတော့......။
လူသည်ကိုယ့်ရှေ့ရောက်နေပြီး
စိတ်သည်ကိုရီးယားမှကျန်နေသလားမသိ..။
မျက်နှာလှလှလေးအားစိုက်ကြည့်လိုက်ကာ
ခေါင်းညိတ်ပြပြီး ကျောခိုင်းပစ်လိုက်သည်....။
မသိတော့ဘူးပြောလည်း...ယုံတာပဲ....။
ဒီဘဝတွင်မကဘူး သေလွန်ပြီးနောက်ဘဝ
အထိ မမေ့နိုင်စွာ စွဲလန်းသယ်ပိုးသွားမဲ့
အဖိုးတန်ဝဋ်ကြွေးလေးဖြစ်ကြောင်း
ParkJimin ကဘယ်တော့များမှနားလည်မလဲ။
ကျောခိုင်းကာခြေလှမ်းတချို့လှမ်းခဲ့
ပြီးတဲ့နောက် သူ့နောက်လိုက်မလာ၍
သူနောက်ကိုပြန်ကြည့်လိုက်တော့
တုန်ရီနေသောကျောပြင်လေးသည်
သေးငယ်စွာ ဆန့်ကျင်ဘက်အရပ်ကို
တရွေ့ရွေ့ပြန်သွားနေတော့သည်.....။
ခင်ဗျားရယ်..........။
သူအိတ်အားပစ်ချလိုက်ကာနက်ပြာရောင်
LongCoatလေးဆီသို့ပြေးသွားပြီး
တုန်ရီနေသောကိုယ်လုံးပိန်ပိန်လေးအား
နောက်မှသိမ်းဖက်ထားလိုက်တော့သည်.....။
နွေးထွေးနေသောကိုယ်ငွေ့လေးကို
ဘယ်လောက်တောင်လွမ်းနေခဲ့ရသလဲ။
ဘယ်လောက်တောင်ဖက်ထားချင်လို့
ရူးချင်နေခဲ့ရလဲ...။
ဘယ်လောက်တောင်းတနေရသလဲသူအသိဆုံး။
မသိတာက ဒီ ဒုက္ခအိုးလေးပင်...။
ဘာမှမပြောဘဲအသက်ရှုတွေကျပ်လာအောင်အထိ
တင်းတင်းကျပ်ကျပ်ဖက်ထားခဲ့တာ...။
တိခနဲရပ်သွားသောငိုကြွေးမှုနှင့်
ရပ်တန့်သွားသောခြေလှမ်းလေးတွေက
ချစ်စရာအတိ...။
အသက်ရှုသံပြင်းပြင်းလေးကိုကြားနေရသည်...။
ခဏလေးကြာပီးတဲ့နောက်....
"ငါ့ကို....ငါ့ကို...သိရက်သားနဲ့.....!!!"
တလုံးချင်းအက်အက်ကွဲကွဲစကားသည်ဆုံး
သွားသောအခါ လမ်းပေါ်သို့ဒူးတွေခွေယိုင်
ကျသွားခဲ့တဲ့သူ.....။
အံကြိတ်ထားကာမငိုဘဲတင်းခံထားပုံက
ငါးလလုံးအဆက်အသွယ်လုပ်လို့မရ
အဆက်အသွယ်လည်းစမလုပ်ခဲ့လို့
စိတ်ကောက်မည့်သူ၏ရည်ရွယ်ချက်တွေကို
ပျက်ဆီးသွားစေကာ ပြိုလဲနေသော
ကိုယ်လုံးလေးကိုခပ်ဖွဖွလေးထပ်ဖက်ထားခဲ့ရသည်။
"ကျတော့်ကိုသိလားလို့မေးတာလေ...
ငါ မင်း ယောက်ျားလို့ ဖြေလိုက်ရင်ပွဲသိမ်းနေပီကိုဗျာ.."
လက်မောင်းတွေကိုဆုပ်ကိုင်ကာနှဖူးနှင့်
တိုက်လျက်ငိုချခဲ့သောသူ....။
ထို့နောက်ရင်ခွင်ထဲတိုးဝင်ကာ
မျက်နှာအပ်ထားလျက် လမ်းမပေါ်က
ဒီRomatic.Sence လေးသည်...
ရေခြားမြေခြားကချစ်သူလိုက်လာ၍
အလွမ်းသယ်နေသည်ဟုထင်မြင်နိုင်ပါသော်လည်း
ထိုထက်အများကြီးလေးနက်ခဲ့တယ်ဆိုတာ
သူတို့နှစ်ယောက်အပြင်ဘယ်သူမှပိုမသိခဲ့....။
"အိမ်ထဲဝင်ရအောင်...."
လက်ကလေးဆုပ်ကိုင်ကာသူနဲ့လက်ထပ်ပြီး
အဖိုးအဖွားအရွယ်ရောက်တဲ့အထိအတူတူနေဖို့
ကြိုတင်ဝယ်ယူထားသောအိမ်ကလေးဆီသို့
ခေါ်ဆောင်လာခဲ့သည်.....။
ဆိုဖာပေါ်တွင်ထိုင်ချလိုက်သောJimin ပုံစံ
သည် သိပ်ကိုခြေကုန်လက်ပန်းကျနေကာ
အားမရှိနေသလို....။
"ငါတောင်းပန်ပါတယ်....."
တိုးရှရှထွက်လာခဲ့သောစကား.....။
"ဘာအတွက်လဲ....?"
"ငါမြန်မြန်လိုက်မလာခဲ့မိတဲ့အတွက်...."
"ခုကျတော်နဲ့လက်ထပ်ပီးအတူတူနေဖို့
ရောက်လာတာမလား...."
"ဟုတ်တယ်....မင်းနဲ့လက်ထပ်ဖို့....."
"ဒါဆိုတောင်းပန်စရာမလိုဘူးလေ....
ဘာတွေလုပ်ခဲ့လုပ်ခဲ့ ခွင့်လွှတ်ပါတယ်...
ငါးလလောက်စောင့်ရတာဘာမှအပန်းကြီး
တာလည်းမဟုတ်ဘူး...."
"ချောလာလိုက်တာ....ငါမင်းရဲ့ဒီပုံစံ
ကိုသိပ်သဘောကျတာပဲ...."
ဆံပင်တွေအားသပ်ပေးကာတကယ်သဘောကျ
နေတာသိသာနေသောမျက်လုံးလှလှလေး
တွေဖြင့်ပြောသည်....။
"နောက်ဆုံးတော့...ကိုယ်မင်းကိုပဲ
ခြွင်းချက်မရှိရွေးချယ်ခဲ့တာပါပဲ ကလေးပေါက်ရယ်...."
Jimin မျက်လုံးထဲတွင် စွန့်လွှတ်ထားခဲ့သော
အရိပ်အယောင်တွေ...ဝမ်းနည်းနေသော
အငွေ့အသက်တွေ....တပြိုင်နက်ထဲမှာ
ဝမ်းသာနေသောခံစားမှုတွေရော.....။
သူမသိခဲ့သောJiminSideမှာရောဘာတွေများ
ရှိနေခဲ့မလဲ....။
"ဘာတွေဖြစ်ခဲ့လို့လဲ...."
"ဘာမှမဖြစ်ပါဘူး...လာပါအုန်း
ကိုယ့်ရင်ခွင်ထဲကို...လိပ်ပြာလေးကို
နေ့တိုင်းနေ့တိုင်းလွမ်းနေခဲ့တာ...."
မြန်ဆန်စွာLongCoatနက်ပြာလေးထဲ
ခေါင်းတိုးဝင်လိုက်သည်....။
ကားချင်းယှဉ်တိုက်ကာတောင်ပေါ်ကတွန်းချသတ်ခဲ့
သောလူဆိုးကောင်ဆိုသောငြား
ဒီရင်ခွင်ထဲဝင်ရလျှင် ပုရွက်ဆိတ်တောင်
မသတ်ရဲတော့သည့်ကောင်ငယ်လေးအဖြစ်
အရည်ခွံလဲတတ်ပါသည်။
"လွမ်းရင်လည်း...အဆက်အသွယ်လေး
တော့လုပ်ခဲ့ရောပေါ့....
လွမ်းတယ်သာအော်နေပြီး...
Jimin က နေနိုင်ခဲ့တယ်....
ကျတော် ဘယ်လောက်ငိုခဲ့ရသလဲသိလား...
တကယ်တော့ ဒီနေ့မနေနိုင်တော့လို့
လိုက်ခေါ်တော့မလို့...."
"ထပ်တောင်းပန်ပါတယ်..."
"ကျတော့်ဆီရောက်လာပြီးရင်...
ဘယ်ကိုမှပြန်လို့မရတော့ဘူးနော်...."
"ကိုယ့်မှာမင်းဆီကလွဲပြီး
နေစရာလည်းမရှိတော့ပါဘူး...."
ရင်ခွင်ထဲကယုန်ကလေး၏
အသဲယားစရာမျက်နှာလေးအားဆွဲမော့ကာ
ပြောတော့ မူပိုင်မျက်လုံးဝိုင်းကြီးတွေဖြင့်
ပြူးပြူးလေးကြည့်နေပြန်သည်....။
အခန်းထဲက ညဝတ်အကျီပွပွလေးတွေနဲ့
စိတ်တွေမူမမှန်ခဲ့သောကောင်လေး....
စိတ်ကျန်းမာရေးကောင်းလာသော်အခါ
အပေါင်းအသင်းအဆန်းတွေဖြင့်
ဇက်ဇက်ကျဲဆိုးပေခဲ့သော မိုက်တိမိုက်ကန်း
ကောင်လေး.....
နိုင်ငံရပ်ခြားမှာ လအနည်းငယ်အခြေကျပီး
အနောက်တိုင်းသားလေးလို
Classicဆန်ဆန် တည်ငြိမ်ပြနေသော
ကောင်လေး....
Jeon JungKook၏ကျရာဇာတ်ရုပ်တိုင်းကို
အကြောင်းပြချက်မဲ့စွာ ချစ်မိနေတုန်း.....
ခုလည်း လန်ဒန်မြို့သားလေးကို
အဆမတန်ချစ်မိလာပြန်၍နူတ်ခမ်းတွေကို
ခပ်ကြာကြာသိမ်းပိုက်ခဲ့တော့ ငြိမ်ငြိမ်လေးနေပေးသည်..။
Jimin Side...
"မရှိတော့ဘူး..JinHyungတနေရာရာကို
ခေါ်ထုတ်သွားပြီ...."
သတိရလာချင်း JungKook အားအပြေးအလွှား
မေးခဲ့သော်လည်းရင်ထဲအောင့်တက်သွားသောစကား။
ကောင်လေးကအဝေးကြီးကိုရောက်သွားပြီတဲ့။
"ဘာကိစ္စခေါ်သွားရတာလဲ...ဒီမှာကုနေတာကို
မင်းကမတားဘူးလား Yoongi....."
"မတားချင်ဘူး....ငါဒီဆေးရုံကထွက်တယ်.."
နူတ်ထွက်စာတင်သွားသောMinYoongi....။
"စီနီယာ့မိဘတွေက JungKook
အခန်းထဲကိုအမြဲဝင်ပြီးအော်ဟစ်ကျိန်းမောင်း
တယ်...LeeHannaဆုံးတဲ့ကိစ္စတွေရော
မင်္ဂလာပွဲကိစ္စတွေပါ ရောစုပြီး အရမ်းကြောက်
စရာကောင်းတဲ့စကားတွေပြောတယ်
တညတော့ KimSoekjin နဲ့ရန်အကြီးအကျယ်
ဖြစ်ပီး သူလည်းသည်းမခံနိုင်တော့တဲ့ပုံပဲ
ဆေးရုံပြောင်းသွားတာ.....
လူကြီးတွေကအရမ်းလွန်လွန်းတယ်...."
ယူရီသည်ဒေါသဖြစ်ခဲသော်လည်း
သူ့မိဘတွေဘယ်လောက်ဆိုးခဲ့လည်းမသိ။
မကြာပါယူရီလည်းအလုပ်ထွက်သွားခဲ့သည်...။
သူမသိနိုင်သောအချိန်တွင်ဘယ်လောက်တောင်
အခြေအနေဆိုးဝါးခဲ့တာလဲ....။
သူဖုန်းဆက်ဖို့ဖုန်းနံပါတ်တွေကိုနှိပ်ခဲ့သော်
လည်းပြောဖို့ရန်အင်အားမရှိခဲ့ပါ။
JinHyungရော ကောင်လေးပါဘယ်လောက်
နာကျင်ခဲ့ကြလို့ချက်ချင်းထွက်သွားကြတဲ့
အထိဆုံးဖြတ်ခဲ့ကြတာလဲ......။
ဆေးရုံကဆင်းသည်နှင့် Jungkook ရှိတဲ့နေရာ
ကိုလာပြောခဲ့သောJungHoseok...။
စိတ်ဓာတ်ကျခြင်းသည်...အဲ့ဒီအချိန်ထဲက
စတင်ခဲ့သည်။
လက်ထပ်ပွဲမတိုင်ခင်ထဲကအမြစ်တွယ်မှန်းမသိ
တွယ်ကပ်နေသောစိတ်ဖိစီးမှုများသည်
JungKook ဘယ်နေရာမှာနေတယ်ဆိုတာ
အတိအကျသိခဲ့တာတောင် ဘာလုပ်ရမှန်းမသိ
အောင်ခေါင်းထဲဗလာဖြစ်ကာ
တယောက်ထဲငြိမ်ငြိမ်လေးနေချင်သောစိတ်တခု
ထဲသာရှိခဲ့ပါသည်..... ။
Jungkook ကအေးအေးဆေးဆေးပါပဲ
ဘယ်လိုအဆင်ပြေနေကြောင်း
ဘယ်လိုကျန်းမာရေးကောင်းနေကြောင်း
လာပြောလေလေ...
LeeHanna သေဆုံးခဲ့သောအမှုကိစ္စတွေ
JeonJungMi ရဲ့ထောင်ထဲကစိတ်မကောင်း
စရာသတင်းတွေ ပြသနာတွေကြားရုန်းမထွက်
ရသေးသူသူ့အဖို့ သူများလိုက်သွားလိုက်လျှင်
အေးဆေးပါတော့မလားဟု တညလုံးမအိပ်နိုင်
စွာတွေးခဲ့မိပြန်သည်....။
ဒါတွေဟာအတွေးတွေလွန်နေမှန်းသူ့ကိုယ်သူ
မသိခဲ့... ။
သတိရလာတဲ့အခါJungKook မရှိတော့ခြင်း
တရားခံသည် သူ့မိသားစုကြောင့်ဒါတွေဟာ
ဘဝတွင်အထပ်ထပ်ပဲ ကံဆိုးတော့မည်ဟု
တွေးမိပီးလိပ်ပြာလေးကိုလည်းထပ်ထိလိုက်ဖို့
ချီတုန်ချတုန်....။
စိတ်အတက်အကျမြန်လွန်းကာ
စိတ်အတက်တွင်
လိုက်သွားတော့မည်ဟုဆုံးဖြတ်လိုက်သော်အခါတွင်
လည်းအဖေဖြစ်သူ၏ သေခန်းပြတ်ရာဇသံ
အမွေပြတ်ရာဇသံ...အမေဖြစ်သူ၏မျက်နှာကို
တောင်မကြည့်နိုင်တော့သည်အထိစိတ်နာ
ခြင်းကို အလူးအလဲခံရသည်....။
တဖက်ကိုရွေးချယ်လိုက်ရင်...
တဖက်က မိသားစု...ကိုအပြီးစွန့်လွှတ်ရမည်....
အလျှော်အစားသည်ကြီးလှတာကြောင့်
သူဝေဝါးခဲ့ပြန်သည်...။
JungHoseokက ဖုန်းပြောကြည့်ရန်
အဆက်အသွယ်တခုခုလုပ်ကြည့်ရန်
အကြံလာပေးသော်လည်း
တိခနဲဆုံးဖြတ်ချက်မချနိုင်သေးသောအခြေအနေမှာ
ကောင်လေးအသံကိုလည်းမကြားချင်ခဲ့...။
ဘာကြောင့်မှန်းမသိ အသံတခုကလည်း
ပြသနာတရပ်ဖြစ်သွားန်ုင်သည်ဟု
ရူးရူးနှမ်းနှမ်းကိုတွေးပစ်ခဲ့တာ... ။
စိတ်ဓာတ်တွေအဆုံးအထိကျသွားခဲ့သည်။
တကယ်ပါ...သူခေါင်းထဲမှာအဲ့ဒီအချိန်ကဗလာ
ကြီးဖြစ်နေခဲ့တာ.....။
အဆင်မပြေခြင်းတွေ လွဲချော်ခြင်းတွေသည်
ဖြစ်ကိုဖြစ်နိုင်လွန်းသည်ဟု မကျေနပ်တွေးရင်း
ငိုပဲငိုချင်သလိုလို ထွက်ပဲပြေးချင်သလိုလို
နေ့တိုင်းနေ့တိုင်း လူးလိမ့်နေအောင်ခံရသည်။
အဖေက ထွက်မပြေးနိုငိအောင်
အခန်းထဲထည့်ပိတ်ထားကာ
ရနိုင်သမျှသူ့ကိုထိန်းသိမ်းပြန်သည်....။
အခန်းထဲအခန်းပြင်ထွက်၍မရသော်အခါ
လွတ်မြောက်ချင်လာပြန်သည်။
ကယ်တင်ရှင်သည်ကောင်လေးတယောက်ပဲ
ရှိလိမ့်မည်ဟုတွေးမိလျှက်ခေါင်းမိုးထပ်သို့
ပြေးပြန်သည်။
အချိန်တွေအများကြီးကုန်ခဲ့သည်...။
"မင်းစိတ်ကျရောဂါဖြစ်ချင်နေတာလား
ParkJimin...ဒီလက္ခဏာတွေဟာ
မင်းရောငါရော စာအုပ်ထဲမှာသေမတတ်
ကျက်ခဲ့တဲ့အချက်တွေ...ထိန်းစမ်းကိုယ့်ကိုကိုယ်
လိုက်သွားချင်ရင်လိုက်သွားလိုက်...
မင်းစိတ်ကြီးက ထိုးကျနေတာနဲ့
မဟုတ်တာတွေတွေးမနေနဲ့....."
ကြုံခဲ့ရတဲ့ပြသနာတွေကလည်းသေးတဲ့ပြသနာ
တခုမှမှမရှိခဲ့တာ ဒီကောင်ဘယ်တောင့်ခံနိုင်ပါ့မလဲ
တခုပီးတခုထပ်ထပ်လာတဲ့အခါ....
ဘယ်လောက်တင်းခံထားပါစေ
Depression သည်ပျော်ပျော်ပါးပါး
ရောက်လာလေပြီ...။
အဆိုးဝါးဆုံးအိပ်ဆေးတွေပါသောက်အိပ်ရတဲ့
အထိဝေဒနာကိုခံစားပြီးတဲ့အခါ....
သူJungkook နောက်လိုက်သွားရင်
ပြသနာမရှိနိုင်လောက်ပါဘူးနော်။ ဟု
လာတိုင်ပင်တဲ့အခါ..Yoongi ကတွန်းပို့ခဲ့သည်...။
JungHoseokတို့ကတော့ Jimin
ဘာတွေဖြစ်နေသလဲ သိပ်အများကြီး
နားမလည်ခဲ့တော့ စိတ်မရှည်နိုင်တော့သည်အထိ...။
အဖေက သားအဖြစ်ကစွန့်လွှတ်ခဲ့သည်...
ယောက်ျားတယောက်ကိုလက်ထပ်မယ်ဆိုတာ
လုံးဝမပြောင်းလဲပေးန်ုင်သောကြောင့်
အိမ်ကနှင်ထုတ်ခဲ့သည်....။
မိဘ ချမ်းသာမှု တစ်ဦးတည်းသောသားမို့
ရမဲ့အမွေအနှစ်တွေ...ဆရာဝန်တယောက်၏
ဂုဏ်သိက္ခာ အကုန်လုံးအလုံးစုံ
နှင့် JeonJungkook ကို ရွေးစမ်းဟု
ပြောတဲ့အခါ....Jimin သည်
နာကျင်စွာပင်သားဆိုးသားမိုက်ဘွဲ့ခံယူခဲ့သည်။
Jungkook အတွက်ငါးလဟာလွမ်းနေရုံအပြင်
မျှော်နေရုံအပြင်...ပြင်ဆင်စရာလေးတွေ
ပျော်ပျော်ပါးပါးပြင်ဆင်ရုံအပြင်...
တခါတလေ အဆက်အသွယ်မလုပ်ဘဲနေနိုင်လွန်း
၍ငိုခဲ့တာမျိုးအပြင် ဘာမှမရှိခဲ့ပေမယ့်...
Jiminအတွက်ငါးလကတော့တရက်ကလေးမှ
မအေးချမ်းခဲ့.....။
ခုနောက်ဆုံးတော့...အရာအားလုံးကိုပစ်ချထားခဲ့ကာ
ဒီအတောင်ပံလေးတွေထဲခိုနားဖို့ရောက်လာရတာပဲ...။
မင်းကြောင့်ငါလိုကောင်ကစိတ်ရောဂါ
တောင်ရခဲ့တယ်ဆို.....မျက်လုံးလေးပြူး
ကြည့်အုန်းမလား... Jeon Jungkook...။
လိပ်ပြာလေး၏နူတ်ခမ်းတွေအား
ပြန်ဆုံတွေ့မှုအထိမ်းအမှတ်အဖြစ်
မိနစ်ပိုင်းတွေအထိကြာအောင်
နမ်းပြီးတဲ့နောက် ရပ်လိုက်တော့
ဖျက်ခနဲခါးအားဆွဲသိမ်းကာဖက်ထားခဲ့ပြန်သည်။
"Jungkook....."
"အင်း....."
"ငါ့ကိုချစ်သေးတယ်မလား...."
"ပေါက်ကရတွေမမေးစမ်းပါနဲ့ဗျာ...
ကျတော်သိပ်အများကြီးကျေနပ်သေးတာ
မဟုတ်ဘူး...."
"အဲ့တာကြောင့်အတိတ်မေ့လိုက်တာလား
မင်းသိလားငါတကယ်ယုံသွားတာ
အဲ့လောက်အထိငါ့ရဲ့ပိုင်းခြားနိုင်စွမ်းတွေ
ပျက်ဆီးကုန်ပြီ...."
"............"
"ကျတော့်ဆီကိုလိုက်လာခဲ့ပေးတာ....
ကျေးဇူးတင်ပါတယ်....ကျတော်က
Jimin ကျတော့်ကိုမချစ်ချင်တော့ဘူးထင်နေတာ
ဒီလိုနေ့မျိုးကို စောင့်နေတာကြာပီ
ကျတော်က တွေ့ရင် ရုပ်ရှင်တွေကထဲကလို
တယောက်နာမည်တယောက်အကျယ်ကြီး
တွေခေါ်ပြီး ပြေးဖက်မယ်လို့စဉ်းစားခဲ့တာ
Jimin ကိုတကိုယ်လုံးမြှောက်ချီပြီး
အကြာကြီးနမ်းပစ်မယ်လို့တွေးထားခဲ့တာ......."
"ငါနည်းနည်းလေးသေးသေးလေး
ခက်ခဲခဲ့လို့ပါ....ထူးဆန်းလိုက်တာ
မင်းကိုနမ်းလိုက်တာလွတ်မြောက်သွားပီ...."
"အလေအလွင့်စကားတွေပြောပြန်ပြီ....."
"ခြေထောက်ထိခဲ့တာဆို......ပြပါအုန်း...."
"ပြမယ်.....ပြမယ်..."
ငါးလကြာမှပြန်တွေ့ရသောအခြေအနေသည်
တယောက်နှင့်တယောက်ခွဲပင်မထိုင်နိုင်တဲ့အထိ
ပြန်ဆုံတွေ့မှုအနမ်းတွေလည်းပေးလို့မပီးနိုင်..။
ပြန်ဆုံတွေ့မှု ပွေ့ဖက်ခြင်းတွေလည်းဖက်လို့
မဆုံးနိုင်....။
နောက်ဆုံးတော့ ပန်းကလေးဟာ
ရက်ပေါင်း၁၅၀ကျော်လောက်စောင့်ပီးတဲ့နောက်
လွမ်း၍ဆွေး၍ဝခဲ့လို့လားမသိ...
ရောက်ခဲ့ပြီလေ...။
JinHyungတော့အနိုင်ရခဲ့ပြီ.....။
ပေါင်းဖက်ဖို့သာကျန်ပါတော့သည်....
ကျတော့်အသဲအညှာလေးသည်နောက်ဆုံးတော့
ချစ်၍လိုက်လာခဲ့ပြီလေ....။
မိုးကုတ်စက်ဝိုင်းရဲ့တဖက်တချက်ဆီက
လူနှစ်ယောက်.......
ဘဝတွေ အစအဆုံးမတူညီကာ
အတားအဆီးတွေ.....
ရင်ကွဲစရာအဖြစ်အပျက်တွေ....
ရန်ဖြစ်သတ်ပုတ်ခဲ့ရသောအချိန်တွေ....
မျက်လုံးတွေကျွတ်ကျမတတ်အော်ငိုခဲ့ရသော
အခြေအနေတွေ....
အစထဲက ဟိုးအစထဲက မဖြစ်နိုင်လွန်းလှသော
ဆူးအပြည့်နဲ့လမ်းကို နှစ်ယောက်စလုံး
သွေးချင်းချင်းရဲအောင်လျှောက်ခဲ့ကြပီး
နာလို့နာမှန်းလည်းမသိအောင်ထုံထိုင်းယစ်မှူး
ခဲ့ကြတာ....
ပြောခဲ့ဖူးကြတဲ့....
အကန့်အသတ်မဲ့တယ်.....ဆိုတာ
စကားသပ်သပ်တော့မဟုတ်ခဲ့ပါ....။
ဘာမှမပိုင်ဆိုင်ခဲ့ရဖူး၍
ပန်းကလေးကသာ ပထမဆုံးလိုအင်ဆန္ဒ
ဖြစ်လာတဲ့အတွက်မြင်သမျှတွေ့သမျှအတားအစီး
အခက်အခဲအားလုံးကိုဂရုမစိုက်စွာ
အတင်းတိုးဝင် လုယူခဲ့တဲ့လိပ်ပြာလေးနဲ့
ပိုင်ဆိုင်မှုတွေများလွန်းကာပြီးပြည့်စုံ
လွန်းခဲ့ပေမယ့် လိပ်ပြာငယ်အတွက်
အားလုံးလွှတ်ချခဲ့သော ပန်းကလေးတို့ဟာ
ပြောင်းပြန်အချိုးကျခဲ့ကြသည်.....။
.................
Continue Reading
You'll Also Like
1M 53.2K 46
69.2K 13.5K 24
ကင်မ် (သို့) သူ၏မိုင်ရာမီ။
841K 9K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
169K 23.9K 28
Amor {proper noun} god of love, son of Venus, Cupid. (Unicode +Zawgyi) Unicode; ငါရှိရမယ့် နေရာအမှန်က...