(U)
'' မနက်ဖြန်မနက်ကျရင် ဂျယ်ဂျူကို အလုပ်ကိစ္စကြောင့် သွားရမယ်၊ ခါတိုင်းက ငါသွားနေကျဆိုပေမဲ့ ဒီနှစ်တော့ ဂျယ်ဂျူက လုပ်ငန်းရှင်တွေက MD Park ဆိုပြီး မင်းမှမင်း ဖြစ်နေကြတယ်၊ အင်းလေ.. Mr. Blake ရဲ့ရင်းနှီးမြှုပ်နှံမှုကို ရအောင် ယူနိုင်တဲ့လူဆိုတော့ မင်းရဲ့ impact က နည်းနည်းနောနောမှ မဟုတ်ဘဲ .. Mr. Blake အတုအစစ်တောင်
ခွဲခြားတတ်တယ်ဆိုတော့ ''
Chanyeol က သိပ်မထူးဆန်းသည့်ဟန် ပခုံးတစ်ချက်တွန့်ပြလိုက်သည်။
'' Alex ရဲ့တစ်ဦးတည်းသော အဘိုးက Alex နာမည်ကို တစ်ခါလေးတောင် ထုတ်မပြောတည်းက ရိပ်မိလိုက်တာ၊
တကယ့် Mr. Blake အစစ်ဆိုရင် ကိုယ့်သမီးနဲ့လက်ထပ်ထားတဲ့ Park Group က CEO ကိုတောင်မသိဘူးဆိုတာ ဖြစ်နိုင်လို့လား? ''
CEO Park ကသားဖြစ်သူရဲ့ထက်မြက်မှုကို သဘောကျသည့်ဟန်ဖြင့် ဂုဏ်ယူဝင့်ကြွားစွာပြုံးမိလိုက်သေးသည်။
'' ငါတို့သားအဖနှစ်ယောက် ဒီလို ကော်ဖီအတူတူမသောက်ရတာတောင် ကြာပြီပဲ ''
CEO Park ကကော်ဖီခွက်ကိုလက်ထဲမှာ ကိုင်ထားရင်း Chanyeol ရဲ့မျက်နှာကို လှမ်းကြည့်လိုက်သည်။
အနည်းငယ်မျှ ကော့ညွတ်သွားခြင်းမရှိသော နှုတ်ခမ်းဖူးတစ်စုံသည် ဖြောင့်စင်းနေသောမျက်ခုံးတွေနဲ့ပေါင်းစပ်လိုက်သည့်အခါ တည်တံ့သောမျက်နှာအမူအရာကို ဖော်ညွှန်းပြ၏။
ကော်ဖီခွက်ထဲက တစ်ငုံစာမျှသာကျန်သော ကော်ဖီလက်ကျန်ကို တစ်ခါတည်းမော့သောက်လိုက်ပြီး ပန်းကန်ပြားပေါ်မှာ သေချာပြန်တင်လိုက်သည်။
ထို့နောက် လက်ချောင်းတွေကိုသွယ်ယှက်ကာ အဖေဖြစ်သူကို စိုက်ကြည့်ပြီး တိုက်ရိုက်မေးလိုက်သည်။
'' ဘာပြောစရာရှိလို့လဲ ? ''
'' ညက ဘာကိစ္စတွေဖြစ်ခဲ့သေးလဲ ? ''
ဝေ့ဝိုက်မနေဘဲ ပွင့်ပွင့်လင်းလင်းပဲ ထုတ်မေးလာသည့်
အဖေဖြစ်သူကြောင့် Chanyeol မျက်ခုံးပင့်မိလိုက်သည်။
'' Alex ကဘာမှမပြောဘူးလား ? ''
'' ဟင့်အင်း .. ဘာမှမပြောဘူး ''
ခေါင်းခါပြလိုက်သည့် CEO Park က Chanyeol ၏အဖြေကို စောင့်ဆိုင်းနေဟန်။
'' mission fail တယ်လေ ''
Chanyeol အဖေကလည်း ခေသူတော့မဟုတ်။
ရယ်စရာကောင်းတဲ့ ပြက်လုံးတစ်ခုကို ကြားလိုက်ရသလို
ဗြုန်းစားကြီး အားရပါးရရယ်မောပြီး လက်ခုပ်တီးနေသည်။
'' အင်း၊ ငါ့သားက ဘယ်လောက်သောက်သောက် မမူးတဲ့သူဆိုတာကို ငါမေ့သွားတယ် ဟားဟား .. ''
ထင်မှတ်ထားသည့်အတိုင်းပင် နောက်ဆုံးအခွင့်အရေးကိုတောင် Alex သည်ဖြစ်မြောက်အောင် အရမယူနိုင်ခဲ့။
Chanyeol ရှေ့မှာ အသည်းအသန်ရယ်နေပေမဲ့ ရင်ထဲမှာတော့ ရှက်စိတ်ကြောင့် နေမထိထိုင်မသာဖြစ်နေသည်ကို ကိုယ်တိုင်ပဲသိသည်။ဒီထက်ပိုပြီး Chanyeol ရဲ့အချစ်ရေးကို ဝင်စွက်ဖက်လို့ မရနိုင်တော့။
Chanyeol အသက် ၁၈ နှစ် လူပျိုပေါက်အရွယ်လေးမှာ နောက်မိန်းမနဲ့ကလေးကို အိမ်ခေါ်လာတုန်းက ကလန်ကဆန်မလုပ်ဘဲ လူကြီးလေးတစ်ယောက်လို နားလည်ပေးခဲ့သည်။
မိထွေးရယ်လို့၊ မယားပါသားရယ်လို့ မောက်မာစွာဆက်ဆံခြင်းမရှိ၊ လိုက်လျောညီထွေစွာ အလိုက်တသိနေပေးခဲ့တဲ့ Chanyeol၊
ဘာမဟုတ်တဲ့လောဘတစ်ခုက Chanyeol ရဲ့စိတ်ကို
မမြင်နိုင်အောင် တံတိုင်းခြားထားသလိုမျိုး ကိုယ်ဖြစ်ချင်တာကိုပဲ ကိုယ်သိပြီး သားဖြစ်သူ၏စိတ်သဘောထားကို လျစ်လျူရှုခဲ့မိသည်။
'' တောင်းပန်ပါတယ် ''
Chanyeol မျက်လုံးလှန်ကာ ကြည့်လိုက်တော့
CEO Park က ကြင်ကြင်နာနာပြုံးပြလိုက်သည်။
'' ကိုယ်တိုင်ကျတော့ နေချင်သလိုနေ၊ မင်းကိုတောင် ငဲ့မကြည့်ဘဲ ကိုယ့်အိမ်ထောင်ရေးကို ကိုယ်ကြိုက်သလိုဆုံးဖြတ်ပြီးမှ မင်းရဲ့နှလုံးသားရေးရာကိစ္စမှာ ဝင်နှောင့်ယှက်မိလို့ တကယ်တောင်းပန်တယ် ''
အဖေဖြစ်သူက သားလုပ်သူကို တောင်းပန်နေတာ အနည်းငယ် ကိုးလိုးကန့်လန့်နိုင်ပေမဲ့ Chanyeol မတားမိသေး။
'' ဆောရီး မင်းရဲ့ personal ကိုဝင်စွက်ဖက်မိတဲ့အထိကို
အဖေ စည်းကျော်သွားတယ်၊ အခု.. မင်းသဘောကျတဲ့သူကိုသာ တွဲတော့ ''
တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းက စကားတစ်ခွန်းမှမဟပေမဲ့ စူးစိုက်ကြည့်နေသည့် Chanyeol ရဲ့မျက်ဝန်းတွေမှာတော့ မေးခွန်းပေါင်းများစွာရှိနေသည်။
'' မနက်ဖြန်မနက် ဂျယ်ဂျူကိုသွားရမယ့်ခရီးက နေ့ချင်းပြန်၊
ဟိုကောင်လေးကို ခေါ်သွားချင်ရင်ခေါ်သွား ''
Chanyeol မျက်နှာပြုံးစစဖြစ်သွားတော့ CEO Park က ချောင်းဟန့်ကာ စကားကိုပြန်ဖြည့်စွက်လိုက်သည်။
'' မြင်ရတာ မျက်စိတွေနောက်လွန်းလို့ ''
'' မခေါ်သွားတော့ဘူး၊ သူ့ ကျောင်းစာတွေနောက်ကျကုန်မှာစိုးလို့ .. ''
'' အဲဒါတွေထိတောင် လိုက်တွေးပေးနေတာပဲ ..
အလုပ်တွေရှိသေးတယ်မလား ပြန်ရင်ပြန်တော့လေ ''
Chanyeol က ထိုင်နေရာက ချက်ချင်းထလိုက်ပြီး
အဖေဖြစ်သူကို ဦးညွှတ်ပြီး အရိုအသေပေးလိုက်သည်။
'' ဘာပြောစရာရှိသေးလဲ.. မရှိရင်သွားတော့လေ ''
'' Kyoong ကို ကောင်းကောင်းဆက်ဆံပေးပါ ''
Chanyeol က ထိုတစ်ခွန်းသာပြောပြီး ရုံးခန်းထဲကနေ
ထွက်လာခဲ့လိုက်သည်။
ကျန်ရစ်သူ CEO Park မှာတော့ Baekhyun ရဲ့မျက်နှာကို မြင်ယောင်ကာ ကြက်သီးတွေပင်ထလာတော့သည်။
ယောက္ခမလောင်းရယ်လို့ မဖြစ်လာခင်တည်းက သူ့ကိုဆေးရုံအရောက်ပို့နိုင်တဲ့ ကောင်လေး။
...
'' ဟင် ''
အာလူးကြော်ဘူးတစ်ဘူးတည်းပေါ်မှာ ထပ်တူကျသွားတဲ့ လက်တစ်စုံကြောင့် Baekhyun စောင်းကြည့်လိုက်တော့ နှစ်ယောက်မရှိတဲ့ ယောက္ခမကြီး တစ်နည်းအားဖြင့် Park Chanyeol ၏မာတာမိခင်ပင် ဖြစ်သည်။
'' မင်း ! ''
'' ကျွန်တော်အရင်ယူတာ ! ''
ကုန်တိုက်မှာ ကိုယ့်အာရုံနဲ့ကိုယ် ဈေးဝယ်နေရင်း မထင်မှတ် ထားတဲ့အချိန်မှာ Baekhyun ကိုအမှတ်မထင်တွေ့လိုက် ရတာကြောင့် Chanyeol အမေက ကြောင်ကြည့်နေလေသည်။
ထို အချိန်အခိုက်အတန့်လေးမှာပဲ Baekhyun က အရင်လက်ဦးမှုရယူပြီး အာလူးကြော်ဘူးကို သူ့ရဲ့ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။
'' ဪဘယ်သူများလဲလို့..ဘေးအိမ်ကကောင်လေးပါလား? အခုတော့ ဘေးအိမ်ကကောင်လေး မဟုတ်တော့ဘူးပဲ...... ဘာလို့လဲဆိုတော့ ဘေးအိမ်မှာ တခြားလူသစ်တွေရောက်လာပြီလေ ''
Baekhyun က မမှုသလိုပင် ဂရုမစိုက်သည့်ပုံစံပြကာ Chanyeol အမေ လက်လှမ်းကာယူမည့်ပစ္စည်းတွေကိုသာ လိုက်ယူရန်ကြံရွယ်နေသည်။
'' နေစရာအိမ်ရောရှိရဲ့လား? သူငယ်ချင်းအိမ်မှာ ကပ်နေနေတာလား ? ''
'' ကိုကို့အိမ်မှာ နေနေတယ်လေ ''
'' ငါ့သား Chanyeol တို့အိမ်ကို ပြောနေတာလား? ''
Baekhyun ကဖြည်းဖြည်းချင်း ခေါင်းငြိမ့်ပြလိုက်တော့
ယောက္ခမကြီးက မယုံသင်္ကာဖြင့် ကျစ်ခနဲစုတ်သပ်သည်။
'' တခြားသူကိုသာ သွားလိမ်စမ်းပါ ''
Chanyeol အမေက Baekhyun ကိုပြောနေရင်း ကော်ဖီထုပ်တွေကို လက်လှမ်းနေတာကြောင့် Baekhyun ဆတ်ခနဲဆွဲယူကာ သူ့ခြင်းတောင်းထဲပစ်ထည့်လိုက်သည်။
Chanyeol အမေက အနည်းငယ်ကြောင်အမ်းအမ်းဖြစ်သွားသော်လည်း တိုက်ဆိုင်သည်ဟုပဲ သဘောထားကာ
ဈေးဝယ်တွန်းလှည်းကို ရှေ့နားသို့ဆက်တိုးသွားလိုက်သည်။
Baekhyun ကလည်း အားကျမခံ သူ့ရဲ့ခြင်းတောင်းကို Chanyeol အမေရဲ့တွန်းလှည်းခြင်းဘေးမှာ ဘေးချင်းကပ်ပြိုင်ရပ်လိုက်သည်။
Chanyeol အမေ ဖန်ခွက်တွေယူမည်ဟုရွယ်လိုက်ရင် ဦးအောင်လိုက်ယူပြီး ကြွေပန်းကန်ပြားတွေ၊ဇွန်းတွေယူမည်ဟု ကြံကာ လက်ပြင်ရုံရှိသေး Baekhyun ကပဲ သူ့ခြင်းထဲသို့ ထည့်ပြီးနေပြီဖြစ်သည်။
နောက်ဆုံး တစ်ဘူးတည်းသာကျန်တော့သည့် သွားကြားထိုးတံဘူးကို တစ်ပြိုက်နက်တည်းကိုင်ပြီး ဘယ်သူကအရင် ကိုင်တာဆိုပြီးလုနေကြလေသည်။
'' ကျွန်တော် ယူမှာ ''
'' မင်း ငါယူလို့တမင်ယူတာမလား?
မင်းအတွက် အသုံးမဝင်ဘူးလေ..ပေးစမ်းငါ့ကို.. ငါယူမှာ ''
'' ကျွန်တော့်ဟာနော် ! ''
နောက်ဆုံးအားမမျှတာကြောင့် သွားကြားထိုးတံဘူးကို Baekhyun ကသာ ရသွားတော့လေသည်။
ရသွားတဲ့သွားကြားထိုးတံဘူးကို ချက်ချင်းဖောက်ကာ
သွားကြားထိုးတံတစ်ချောင်းထုတ်ပြီး Chanyeol အမေရဲ့ ရှေ့မှာတင်ပဲ ပယ်ပယ်နယ်နယ်သွားကြားထိုးပြလိုက်သည်။
''ရေတွေအများကြီးသောက်မိလို့ သွားကြားညပ်နေတာလေ ''
မတွေ့ရတာကြာပြီဖြစ်တဲ့ ပန်းပင်တွေဆို အူတုန်သဲတုန်သဲသဲလှုပ်တဲ့ ယောက္ခမကြီးကို အနိုင်ပိုင်းကာကျော့ကျော့မော့မော့နဲ့ လှည့်ထွက်လာခဲ့လိုက်သည်။
...
'' ဘယ်မှာလဲ Kyoong ? ''
အထုပ်တွေကိုင်ပြီး ကုန်တိုက်ရှေ့မှာရပ်နေတုန်း အချိန်ကိုက်ပင် Chanyeol ဆီက ဖုန်းဝင်လာတာကြောင့် သူ
ကိုင်လိုက်သည်။
'' အင်း..အချစ်စစ်ကလွဲရင် လိုတဲ့ပစ္စည်းမှန်သမျှအကုန်
ရနိုင်တဲ့ နေရာ ''
Chanyeol ဆီက ရယ်သံယဲ့ယဲ့ကိုကြားရတာကြောင့် Baekhyun ပါလိုက်ပြုံးမိသွားသည်။
'' အင်း...ဘယ်ကုန်တိုက်မှာလဲ ''
'' Nova ကုန်တိုက်ရှေ့မှာ ''
'' တစ်မိနစ်ပဲစောင့် ''
Baekhyun ဖုန်းချလိုက်ပြီး အထုပ်အပိုးတွေကိုဆွဲကာ
ရပ်စောင့်နေလိုက်သည်။ နှုတ်ကနေလည်း ခြောက်ဆယ် ငါးဆယ့်ကိုး ငါးဆယ့်ရှစ် စသဖြင့် စက္ကန့်တွေကို နောက်ပြန်ရေတွက်နေလေသည်၊၊
ဆယ့်ငါးစက္ကန့်တိတိမှာပဲ Chanyeol ရဲ့ကားက Baekhyun မတ်တပ်ရပ်နေတဲ့နေရာနားမှာ ရပ်လိုက်သည်။
အထုတ်တွေကိုကားနောက်ခန်းထဲသို့ထည့်လိုက်ပြီး Chanyeol ရဲ့ဘေးမှာဝင်ထိုင်လိုက်သည်။
'' ဘာတွေလဲ ''
'' ပန်းကန်ပြားတွေ၊ ဇွန်းတွေ၊ ကော်ဖီထုပ်တွေ၊
အာလူးကြော်ဘူးတွေ၊ ပြီးတော့ ဆပ်ပြာမှုန့်တွေလည်း ပါသေးတယ် ''
'' ဘာလုပ်ဖို့လဲ Kyoong? ''
'' ခင်ဗျားတို့အိမ်မှာ သုံးဖို့ပေါ့ ''
Baekhyun က စိတ်မရှည်စွာဖြေလိုက်ရင်း အရှေ့တည့်တည့်ကိုသာ ကြည့်နေသည်။
'' ကိုယ်မနက်ဖြန်မနက် ဂျယ်ဂျူကိုသွားရမယ် ''
'' ဘယ်နှရက်တောင်မှလဲ ? ''
ချက်ချင်း Chanyeol ဘက်ကိုလှည့်ကာ စိတ်ဝင်တစား
မေးတဲ့ Baekhyun ရဲ့ခေါင်းလုံးလုံးလေးကို ချစ်စနိုးဖြင့် မထိတထိ ပုတ်လိုက်သည်။
'' နေ့ချင်းပြန်ခရီးပါ .. ကိုယ်ပြန်လာရင်
လက်ထပ်ကြရအောင် ''
'' ရူးနေလို့ ကျွန်တော်ကလက်ထပ်ရမှာလား?
ကျွန်တော်က ငယ်ငယ်ချောချောလေးပဲ ရှိသေးတယ်
လက်ထပ်တာက ကျွန်တော့်အတွက် ဘာများထူးဆန်းသွားမှာမို့လို့လဲ? ''
'' အတိုချုံးပြောရရင် me ကနေ we ဆိုပြီး ပြောင်းလဲသွားတာမျိုးပေါ့၊ အရင်လို မင်းတစ်ယောက်တည်း မဟုတ်တော့ဘဲ ကိုယ်တို့နှစ်ယောက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မင်းနဲ့အတူ ကောင်းခြင်း၊ ဆိုးခြင်းတွေကို မျှဝေပေးမယ့်သူပေါ့ ''
အတတ်နိုင်ဆုံး မပြုံးမိစေရန် အောက်နှုတ်ခမ်းကို အသာဖိကိုက်လိုက်ပြီး တခြားဘက်ကို Baekhyun မျက်နှာလွှဲထားလိုက်သည်။
ပြုံးယောင်သမ်းနေသောမျက်နှာတစ်စွန်းတစ်စကို ငေးကြည့်ပြီး အပြုံးကြီးပြုံးမိသူမှာ Chanyeol ပင်ဖြစ်တော့သည်။
...
မင်း တဖွဖွမေးလည်း ကိုယ်ဖြေပါမယ်။
လူတွေ လမ်းကြုံဝင်မေးလည်း ကိုယ်ဖြေပါမယ်။
ဘယ်သူမှ မမေးလည်း ကိုယ်ဖြေပါမယ်။
ကိုယ်မင်းကို... သိပ်ချစ်ပါတယ်။
...
TBC
______________________________________
(Z)
'' မနက္ျဖန္မနက္က်ရင္ ဂ်ယ္ဂ်ဴကို အလုပ္ကိစၥေၾကာင့္ သြားရမယ္၊ ခါတိုင္းက ငါသြားေနက်ဆိုေပမဲ့ ဒီႏွစ္ေတာ့ ဂ်ယ္ဂ်ဴက လုပ္ငန္း႐ွင္ေတြက MD Park ဆိုၿပီး မင္းမွမင္း ျဖစ္ေနၾကတယ္၊ အင္းေလ.. Mr. Blake ရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈကို ရေအာင္ ယူႏိုင္တဲ့လူဆိုေတာ့ မင္းရဲ႕ impact က နည္းနည္းေနာေနာမွ မဟုတ္ဘဲ .. Mr. Blake အတုအစစ္ေတာင္
ခဲြျခားတတ္တယ္ဆိုေတာ့ ''
Chanyeol က သိပ္မထူးဆန္းသည့္ဟန္ ပခံုးတစ္ခ်က္တြန္႔ျပလိုက္သည္။
'' Alex ရဲ႕တစ္ဦးတည္းေသာ အဘိုးက Alex နာမည္ကို တစ္ခါေလးေတာင္ ထုတ္မေျပာတည္းက ရိပ္မိလိုက္တာ၊
တကယ့္ Mr. Blake အစစ္ဆိုရင္ ကိုယ့္သမီးနဲ႔လက္ထပ္ထားတဲ့ Park Group က CEO ကိုေတာင္မသိဘူးဆိုတာ ျဖစ္ႏိုင္လို႔လား? ''
CEO Park ကသားျဖစ္သူရဲ႕ထက္ျမက္မႈကို သေဘာက်သည့္ဟန္ျဖင့္ ဂုဏ္ယူဝင့္ႂကြားစြာျပံဳးမိလိုက္ေသးသည္။
'' ငါတို႔သားအဖႏွစ္ေယာက္ ဒီလို ေကာ္ဖီအတူတူမေသာက္ရတာေတာင္ ၾကာၿပီပဲ ''
CEO Park ကေကာ္ဖီခြက္ကိုလက္ထဲမွာ ကုိင္ထားရင္း Chanyeol ရဲ႕မ်က္ႏွာကို လွမ္းၾကည့္လိုက္သည္။
အနည္းငယ္မ်ွ ေကာ့ၫြတ္သြားျခင္းမ႐ွိေသာ ႏႈတ္ခမ္းဖူးတစ္စံုသည္ ေျဖာင့္စင္းေနေသာမ်က္ခံုးေတြနဲ႔ေပါင္းစပ္လိုက္သည့္အခါ တည္တံ့ေသာမ်က္ႏွာအမူအရာကို ေဖာ္ၫႊန္းျပ၏။
ေကာ္ဖီခြက္ထဲက တစ္ငံုစာမ်ွသာက်န္ေသာ ေကာ္ဖီလက္က်န္ကို တစ္ခါတည္းေမာ့ေသာက္လိုက္ၿပီး ပန္းကန္ျပားေပၚမွာ ေသခ်ာျပန္တင္လိုက္သည္။
ထို႔ေနာက္ လက္ေခ်ာင္းေတြကိုသြယ္ယွက္ကာ အေဖျဖစ္သူကို စိုက္ၾကည့္ၿပီး တိုက္႐ုိက္ေမးလိုက္သည္။
'' ဘာေျပာစရာ႐ွိလို႔လဲ ? ''
'' ညက ဘာကိစၥေတြျဖစ္ခဲ့ေသးလဲ ? ''
ေဝ့ဝိုက္မေနဘဲ ပြင့္ပြင့္လင္းလင္းပဲ ထုတ္ေမးလာသည့္
အေဖျဖစ္သူေၾကာင့္ Chanyeol မ်က္ခံုးပင့္မိလိုက္သည္။
'' Alex ကဘာမွမေျပာဘူးလား ? ''
'' ဟင့္အင္း .. ဘာမွမေျပာဘူး ''
ေခါင္းခါျပလိုက္သည့္ CEO Park က Chanyeol ၏အေျဖကို ေစာင့္ဆိုင္းေနဟန္။
'' mission fail တယ္ေလ ''
Chanyeol အေဖကလည္း ေခသူေတာ့မဟုတ္။
ရယ္စရာေကာင္းတဲ့ ျပက္လံုးတစ္ခုကို ၾကားလိုက္ရသလို
ျဗဳန္းစားႀကီး အားရပါးရရယ္ေမာၿပီး လက္ခုပ္တီးေနသည္။
'' အင္း၊ ငါ့သားက ဘယ္ေလာက္ေသာက္ေသာက္ မမူးတဲ့သူဆိုတာကို ငါေမ့သြားတယ္ ဟားဟား .. ''
ထင္မွတ္ထားသည့္အတိုင္းပင္ ေနာက္ဆံုးအခြင့္အေရးကိုေတာင္ Alex သည္ျဖစ္ေျမာက္ေအာင္ အရမယူႏိုင္ခဲ့။
Chanyeol ေ႐ွ႕မွာ အသည္းအသန္ရယ္ေနေပမဲ့ ရင္ထဲမွာေတာ့ ႐ွက္စိတ္ေၾကာင့္ ေနမထိထိုင္မသာျဖစ္ေနသည္ကို ကိုယ္တိုင္ပဲသိသည္။ဒီထက္ပိုၿပီး Chanyeol ရဲ႕အခ်စ္ေရးကို ဝင္စြက္ဖက္လို႔ မရႏိုင္ေတာ့။
Chanyeol အသက္ ၁၈ ႏွစ္ လူပ်ိဳေပါက္အရြယ္ေလးမွာ ေနာက္မိန္းမနဲ႔ကေလးကို အိမ္ေခၚလာတုန္းက ကလန္ကဆန္မလုပ္ဘဲ လူႀကီးေလးတစ္ေယာက္လို နားလည္ေပးခဲ့သည္။
မိေထြးရယ္လို႔၊ မယားပါသားရယ္လို႔ ေမာက္မာစြာဆက္ဆံျခင္းမ႐ွိ၊ လိုက္ေလ်ာညီေထြစြာ အလိုက္တသိေနေပးခဲ့တဲ့ Chanyeol၊
ဘာမဟုတ္တဲ့ေလာဘတစ္ခုက Chanyeol ရဲ႕စိတ္ကို
မျမင္ႏိုင္ေအာင္ တံတိုင္းျခားထားသလိုမ်ိဳး ကိုယ္ျဖစ္ခ်င္တာကိုပဲ ကိုယ္သိၿပီး သားျဖစ္သူ၏စိတ္သေဘာထားကို လ်စ္လ်ဴရႈခဲ့မိသည္။
'' ေတာင္းပန္ပါတယ္ ''
Chanyeol မ်က္လံုးလွန္ကာ ၾကည့္လိုက္ေတာ့
CEO Park က ၾကင္ၾကင္နာနာျပံဳးျပလိုက္သည္။
'' ကိုယ္တိုင္က်ေတာ့ ေနခ်င္သလိုေန၊ မင္းကိုေတာင္ ငဲ့မၾကည့္ဘဲ ကိုယ့္အိမ္ေထာင္ေရးကို ကိုယ္ႀကိဳက္သလိုဆံုးျဖတ္ၿပီးမွ မင္းရဲ႕ႏွလံုးသားေရးရာကိစၥမွာ ဝင္ေႏွာင့္ယွက္မိလို႔ တကယ္ေတာင္းပန္တယ္ ''
အေဖျဖစ္သူက သားလုပ္သူကို ေတာင္းပန္ေနတာ အနည္းငယ္ ကိုးလိုးကန္႔လန္႔ႏိုင္ေပမဲ့ Chanyeol မတားမိေသး။
'' ေဆာရီး မင္းရဲ႕ personal ကိုဝင္စြက္ဖက္မိတဲ့အထိကို
အေဖ စည္းေက်ာ္သြားတယ္၊ အခု.. မင္းသေဘာက်တဲ့သူကိုသာ တဲြေတာ့ ''
တင္းတင္းေစ့ထားတဲ့ႏႈတ္ခမ္းက စကားတစ္ခြန္းမွမဟေပမဲ့ စူးစိုက္ၾကည့္ေနသည့္ Chanyeol ရဲ႕မ်က္ဝန္းေတြမွာေတာ့ ေမးခြန္းေပါင္းမ်ားစြာ႐ွိေနသည္။
'' မနက္ျဖန္မနက္ ဂ်ယ္ဂ်ဴကိုသြားရမယ့္ခရီးက ေန႔ခ်င္းျပန္၊
ဟိုေကာင္ေလးကို ေခၚသြားခ်င္ရင္ေခၚသြား ''
Chanyeol မ်က္ႏွာျပံဳးစစျဖစ္သြားေတာ့ CEO Park က ေခ်ာင္းဟန္႔ကာ စကားကိုျပန္ျဖည့္စြက္လိုက္သည္။
'' ျမင္ရတာ မ်က္စိေတြေနာက္လြန္းလို႔ ''
'' မေခၚသြားေတာ့ဘူး၊ သူ႔ ေက်ာင္းစာေတြေနာက္က်ကုန္မွာစိုးလို႔ .. ''
'' အဲဒါေတြထိေတာင္ လိုက္ေတြးေပးေနတာပဲ ..
အလုပ္ေတြ႐ွိေသးတယ္မလား ျပန္ရင္ျပန္ေတာ့ေလ ''
Chanyeol က ထိုင္ေနရာက ခ်က္ခ်င္းထလိုက္ၿပီး
အေဖျဖစ္သူကို ဦးၫႊတ္ၿပီး အ႐ုိအေသေပးလိုက္သည္။
'' ဘာေျပာစရာ႐ွိေသးလဲ.. မ႐ွိရင္သြားေတာ့ေလ ''
'' Kyoong ကို ေကာင္းေကာင္းဆက္ဆံေပးပါ ''
Chanyeol က ထိုတစ္ခြန္းသာေျပာၿပီး ႐ုံးခန္းထဲကေန
ထြက္လာခဲ့လိုက္သည္။
က်န္ရစ္သူ CEO Park မွာေတာ့ Baekhyun ရဲ႕မ်က္ႏွာကို ျမင္ေယာင္ကာ ၾကက္သီးေတြပင္ထလာေတာ့သည္။
ေယာကၡမေလာင္းရယ္လို႔ မျဖစ္လာခင္တည္းက သူ႔ကိုေဆး႐ုံအေရာက္ပို႔ႏိုင္တဲ့ ေကာင္ေလး။
...
'' ဟင္ ''
အာလူးေၾကာ္ဘူးတစ္ဘူးတည္းေပၚမွာ ထပ္တူက်သြားတဲ့ လက္တစ္စံုေၾကာင့္ Baekhyun ေစာင္းၾကည့္လိုက္ေတာ့ ႏွစ္ေယာက္မ႐ွိတဲ့ ေယာကၡမႀကီး တစ္နည္းအားျဖင့္ Park Chanyeol ၏မာတာမိခင္ပင္ ျဖစ္သည္။
'' မင္း ! ''
'' ကြၽန္ေတာ္အရင္ယူတာ ! ''
ကုန္တိုက္မွာ ကိုယ့္အာ႐ုံနဲ႔ကိုယ္ ေစ်းဝယ္ေနရင္း မထင္မွတ္ ထားတဲ့အခ်ိန္မွာ Baekhyun ကိုအမွတ္မထင္ေတြ႔လိုက္ ရတာေၾကာင့္ Chanyeol အေမက ေၾကာင္ၾကည့္ေနေလသည္။
ထို အခ်ိန္အခိုက္အတန္႔ေလးမွာပဲ Baekhyun က အရင္လက္ဦးမႈရယူၿပီး အာလူးေၾကာ္ဘူးကို သူ႔ရဲ႕ျခင္းေတာင္းထဲသို႔ ထည့္လိုက္သည္။
'' ဪဘယ္သူမ်ားလဲလို႔..ေဘးအိမ္ကေကာင္ေလးပါလား? အခုေတာ့ ေဘးအိမ္ကေကာင္ေလး မဟုတ္ေတာ့ဘူးပဲ...... ဘာလို႔လဲဆိုေတာ့ ေဘးအိမ္မွာ တျခားလူသစ္ေတြေရာက္လာၿပီေလ ''
Baekhyun က မမႈသလိုပင္ ဂ႐ုမစိုက္သည့္ပံုစံျပကာ Chanyeol အေမ လက္လွမ္းကာယူမည့္ပစၥည္းေတြကိုသာ လိုက္ယူရန္ၾကံရြယ္ေနသည္။
'' ေနစရာအိမ္ေရာ႐ွိရဲ႕လား? သူငယ္ခ်င္းအိမ္မွာ ကပ္ေနေနတာလား ? ''
'' ကိုကို႔အိမ္မွာ ေနေနတယ္ေလ ''
'' ငါ့သား Chanyeol တို႔အိမ္ကို ေျပာေနတာလား? ''
Baekhyun ကျဖည္းျဖည္းခ်င္း ေခါင္းၿငိမ့္ျပလိုက္ေတာ့
ေယာကၡမႀကီးက မယံုသကၤာျဖင့္ က်စ္ခနဲစုတ္သပ္သည္။
'' တျခားသူကိုသာ သြားလိမ္စမ္းပါ ''
Chanyeol အေမက Baekhyun ကိုေျပာေနရင္း ေကာ္ဖီထုပ္ေတြကို လက္လွမ္းေနတာေၾကာင့္ Baekhyun ဆတ္ခနဲဆဲြယူကာ သူ႔ျခင္းေတာင္းထဲပစ္ထည့္လိုက္သည္။
Chanyeol အေမက အနည္းငယ္ေၾကာင္အမ္းအမ္းျဖစ္သြားေသာ္လည္း တိုက္ဆိုင္သည္ဟုပဲ သေဘာထားကာ
ေစ်းဝယ္တြန္းလွည္းကို ေ႐ွ႕နားသို႔ဆက္တိုးသြားလိုက္သည္။
Baekhyun ကလည္း အားက်မခံ သူ႔ရဲ႕ျခင္းေတာင္းကို Chanyeol အေမရဲ႕တြန္းလွည္းျခင္းေဘးမွာ ေဘးခ်င္းကပ္ၿပိဳင္ရပ္လိုက္သည္။
Chanyeol အေမ ဖန္ခြက္ေတြယူမည္ဟုရြယ္လိုက္ရင္ ဦးေအာင္လိုက္ယူၿပီး ေႂကြပန္းကန္ျပားေတြ၊ဇြန္းေတြယူမည္ဟု ၾကံကာ လက္ျပင္႐ုံ႐ွိေသး Baekhyun ကပဲ သူ႔ျခင္းထဲသို႔ ထည့္ၿပီးေနၿပီျဖစ္သည္။
ေနာက္ဆံုး တစ္ဘူးတည္းသာက်န္ေတာ႔သည့္ သြားၾကားထိုးတံဘူးကို တစ္ၿပိဳက္နက္တည္းကိုင္ၿပီး ဘယ္သူကအရင္ ကိုင္တာဆိုၿပီးလုေနၾကေလသည္။
'' ကြၽန္ေတာ္ ယူမွာ ''
'' မင္း ငါယူလို႔တမင္ယူတာမလား?
မင္းအတြက္ အသံုးမဝင္ဘူးေလ..ေပးစမ္းငါ့ကို.. ငါယူမွာ ''
'' ကြၽန္ေတာ့္ဟာေနာ္ ! ''
ေနာက္ဆံုးအားမမ်ွတာေၾကာင့္ သြားၾကားထိုးတံဘူးကို Baekhyun ကသာ ရသြားေတာ့ေလသည္။
ရသြားတဲ့သြားၾကားထိုးတံဘူးကို ခ်က္ခ်င္းေဖာက္ကာ
သြားၾကားထိုးတံတစ္ေခ်ာင္းထုတ္ၿပီး Chanyeol အေမရဲ႕ ေ႐ွ႕မွာတင္ပဲ ပယ္ပယ္နယ္နယ္သြားၾကားထိုးျပလိုက္သည္။
''ေရေတြအမ်ားႀကီးေသာက္မိလို႔ သြားၾကားညပ္ေနတာေလ ''
မေတြ႔ရတာၾကာၿပီျဖစ္တဲ့ ပန္းပင္ေတြဆို အူတုန္သဲတုန္သဲသဲလႈပ္တဲ့ ေယာကၡမႀကီးကို အႏိုင္ပိုင္းကာေက်ာ့ေက်ာ့ေမာ့ေမာ့နဲ႔ လွည့္ထြက္လာခဲ့လိုက္သည္။
...
'' ဘယ္မွာလဲ Kyoong ? ''
အထုပ္ေတြကိုင္ၿပီး ကုန္တိုက္ေ႐ွ႕မွာရပ္ေနတုန္း အခ်ိန္ကိုက္ပင္ Chanyeol ဆီက ဖုန္းဝင္လာတာေၾကာင့္ သူ
ကိုင္လိုက္သည္။
'' အင္း..အခ်စ္စစ္ကလဲြရင္ လိုတဲ့ပစၥည္းမွန္သမ်ွအကုန္
ရႏိုင္တဲ့ ေနရာ ''
Chanyeol ဆီက ရယ္သံယဲ့ယဲ့ကိုၾကားရတာေၾကာင့္ Baekhyun ပါလိုက္ျပံဳးမိသြားသည္။
'' အင္း...ဘယ္ကုန္တိုက္မွာလဲ ''
'' Nova ကုန္တိုက္ေ႐ွ႕မွာ ''
'' တစ္မိနစ္ပဲေစာင့္ ''
Baekhyun ဖုန္းခ်လိုက္ၿပီး အထုပ္အပိုးေတြကိုဆဲြကာ
ရပ္ေစာင့္ေနလိုက္သည္။ ႏႈတ္ကေနလည္း ေျခာက္ဆယ္ ငါးဆယ့္ကိုး ငါးဆယ့္႐ွစ္ စသျဖင့္ စကၠန္႔ေတြကို ေနာက္ျပန္ေရတြက္ေနေလသည္၊၊
ဆယ့္ငါးစကၠန္႔တိတိမွာပဲ Chanyeol ရဲ႕ကားက Baekhyun မတ္တပ္ရပ္ေနတဲ့ေနရာနားမွာ ရပ္လိုက္သည္။
အထုတ္ေတြကိုကားေနာက္ခန္းထဲသို႔ထည့္လိုက္ၿပီး Chanyeol ရဲ႕ေဘးမွာဝင္ထိုင္လိုက္သည္။
'' ဘာေတြလဲ ''
'' ပန္းကန္ျပားေတြ၊ ဇြန္းေတြ၊ ေကာ္ဖီထုပ္ေတြ၊
အာလူးေၾကာ္ဘူးေတြ၊ ၿပီးေတာ့ ဆပ္ျပာမႈန္႔ေတြလည္း ပါေသးတယ္ ''
'' ဘာလုပ္ဖို႔လဲ Kyoong? ''
'' ခင္ဗ်ားတို႔အိမ္မွာ သံုးဖို႔ေပါ့ ''
Baekhyun က စိတ္မ႐ွည္စြာေျဖလိုက္ရင္း အေ႐ွ႕တည့္တည့္ကိုသာ ၾကည့္ေနသည္။
'' ကိုယ္မနက္ျဖန္မနက္ ဂ်ယ္ဂ်ဴကိုသြားရမယ္ ''
'' ဘယ္ႏွရက္ေတာင္မွလဲ ? ''
ခ်က္ခ်င္း Chanyeol ဘက္ကိုလွည့္ကာ စိတ္ဝင္တစား
ေမးတဲ့ Baekhyun ရဲ႕ေခါင္းလံုးလံုးေလးကို ခ်စ္စႏိုးျဖင့္ မထိတထိ ပုတ္လိုက္သည္။
'' ေန႔ခ်င္းျပန္ခရီးပါ .. ကိုယ္ျပန္လာရင္
လက္ထပ္ၾကရေအာင္ ''
'' ႐ူးေနလို႔ ကြၽန္ေတာ္ကလက္ထပ္ရမွာလား?
ကြၽန္ေတာ္က ငယ္ငယ္ေခ်ာေခ်ာေလးပဲ ႐ွိေသးတယ္
လက္ထပ္တာက ကြၽန္ေတာ့္အတြက္ ဘာမ်ားထူးဆန္းသြားမွာမို႔လို႔လဲ? ''
'' အတိုခ်ံဳးေျပာရရင္ me ကေန we ဆိုၿပီး ေျပာင္းလဲသြားတာမ်ိဳးေပါ့၊ အရင္လို မင္းတစ္ေယာက္တည္း မဟုတ္ေတာ့ဘဲ ကိုယ္တို႔ႏွစ္ေယာက္ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ မင္းနဲ႔အတူ ေကာင္းျခင္း၊ ဆိုးျခင္းေတြကို မ်ွေဝေပးမယ့္သူေပါ့ ''
အတတ္ႏိုင္ဆံုး မျပံဳးမိေစရန္ ေအာက္ႏႈတ္ခမ္းကို အသာဖိကိုက္လိုက္ၿပီး တျခားဘက္ကို Baekhyun မ်က္ႏွာလႊဲထားလိုက္သည္။
ျပံဳးေယာင္သမ္းေနေသာမ်က္ႏွာတစ္စြန္းတစ္စကို ေငးၾကည့္ၿပီး အျပံဳးႀကီးျပံဳးမိသူမွာ Chanyeol ပင္ျဖစ္ေတာ့သည္။
...
မင္း တဖြဖြေမးလည္း ကိုယ္ေျဖပါမယ္။
လူေတြ လမ္းၾကံဳဝင္ေမးလည္း ကိုယ္ေျဖပါမယ္။
ဘယ္သူမွ မေမးလည္း ကိုယ္ေျဖပါမယ္။
ကိုယ္မင္းကို... သိပ္ခ်စ္ပါတယ္။
...
TBC
______________________________________