Unicode
မိသားစုဆိုတဲ့ စကားလုံးက မင်းပိုင်ဆိုင်တယ်ဆိုလျှင် ထူးခြားမှုမရှိပေမယ့် မင်းဆုံးရှုံးသွားတာနဲ့ ဒီစကားလုံးရဲ့ လှပမှုကို နားလည်လာလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် လွီနင်ကတော့ ဒီလိုပဲယူဆသည်။
ငါးနှစ်တာလုံး ရာသီဥတုအေးတဲ့အခါ အင်္ကျီအပိုယူသွားဖို့ ဘယ်သူမှ မပြောသလို နှစ်သစ်ကူးညစာနဲ့ နှစ်သစ်အကြိုအတွက် ဖက်ထုပ်ပြုတ်ပေးမယ့် သူလည်း မရှိခဲ့။
အရင်က သူ့မှာ မိသားစုရှိခဲ့တာကြောင့် သူတို့မိသားစုလေးက ဘယ်လိုပုံစံလေးဆိုတာ ပြန်တွေးကြည့်ဖို့ပဲ တတ်နိုင်ခဲ့သည်။ ဒီအထီးကျန်ဆန်မှုကမဖော်ပြနိုင်အောင် ဆိုးရွားလွန်းသည်။
ထို့ကြောင့် ဝေ့ဒါကို ရှာတွေ့တော့ လွီနင် အရမ်းကို ပျော်ရွှင်ခဲ့ရသည်။ ဝေ့ဒါကို သူ့အမေက စွန့်ပစ်သွားတာကို သိရတော့ ချက်ချင်းပဲ ဒီကလေးက ကမ္ဘာပေါ်မှာ သူ့ရဲ့တစ်ဦးထဲသော မိသားစုဝင်ပဲလို့ လွီနင်မှတ်ယူခဲ့သည်။ ဒါက လွီနင်၏ အတွေးသက်သက်သာ ဖြစ်မယ်ထင်သည်။
သူတို့နှစ်ယောက်က သွေးသားတော်စပ်မှုမရှိပေမယ့် သံလိုက်၏ အစွန်းနှစ်ဖက်လို ဆန်းပြားတဲ့ ဆက်နွယ်မှုတော့ ရှိနေဆဲပဲ။ သူတို့ကြားမှာ မမြင်နိုင်ပေမယ့် နုညံတဲ့ ဆက်ဆံရေး ရှိခဲ့တာပဲလေ။
ဝေ့ဒါအပေါ် ဘယ်လိုခံစားချက်မျိုးရှိလဲဆိုတာတော့ လွီနင်မသိပေ။ အနိုင်ကျင့်ခံရတဲ့ လူတစ်ယောက်အပေါ် သနားကရုဏာသက်မိတာလား.... မိသားစုဝင်တစ်လောက်မလို့လား....
ဘယ်လိုခံစားချက်မျိုးပဲဖြစ်ဖြစ် ဝေ့ဒါကို သာမန်လူတွေရဲ့ လမ်းကြောင်းကနေ အဝေးကို သွေဖယ်သွားတာမျိုးကို သူလုံးဝ ခွင့်မပြုနိုင်ဘူး။
ဘူတာရုံ၏ ဒုတိယထက်ရှိ ဘိလိယက်အခန်းလေးထဲက ခန်းဆီးစတွေကို မြှောက်တင်ထားသည်။
" မင်း အစ်ကို ထပ်ရောက်နေပြန်ပြီ။ "
ဆံပင်အတိုနှင့်ကောင်လေးက ပြတင်းပေါက်ကိုမှီကာ အပြင်ကို လှမ်းကြည့်လိုက်သည်။
" တစ်ပတ်လောက် ရှိနေပြီနော်..."
" အင်း.."
ဝေ့ဒါက အိပ်ရာပေါ်မှာ လှဲနေရင်းကနေ ပြန်ဖြေလိုက်သည်။
" သူက စိတ်ဓာတ်အတော်ပြင်းတာပဲ "
ဆံပင်အတိုနဲ့ ကောင်လေးက စီးကရက်ကို မီးညှိလိုက်သည်။
" အရင်နေ့တွေတုန်းက နေ့တိုင်းတံခါးလာခေါက်လို့ မင်းအစ်ကို အငေါက်ခံလိုက်ရသေးတယ်။ ဒီအတိုင်းသာဆို အကိုဝမ် အနှေးနဲ့အမြန် စိတ်တိုလာလိမ့်မယ်။ မင်း သူနဲ့ ပြန်မလိုက်တော့ဘူးလား။ "
" မလိုက်တော့ဘူး... "
ဝေ့ဒါက သူ့လက်တွေကို ခေါင်းအနောက်မှာ ဖိကာလှဲရင်း အပြင်ဘက်က တံခါးဘဲလ်အသံကို နားထောင်နေသည်။
" မင်း မသေချာပါဘူးမလား..."
" ငါမင်းအတွက် ဒီလိုတွေ လုပ်နေတာမဟုတ်ဘူး "
ဆံပင်အတိုနှင့် ကောင်လေးက သူ့လက်တွေကို မြှောက်ကာ စိတ်ရင်းနှင့် ပြောလာသည်။
" မင်း သူ့ကို ထပ်ပြီးအလျှော့ပေးလိုက်မှာ ငါစိုးရိမ်တယ် "
" ငါထွက်သွားတော့မယ်ဆိုတာ အကိုဝမ်ကို မင်းပြောလိုက်တာလား ။ "
" ဟုတ်တယ်... ငါဘာမှမလုပ်ခဲ့ဘူး... အမှန်တရားကိုပဲ ပြောပြလိုက်တာ... "
" အမှန်တရား.... ငါ အလုပ်လျှောက်တဲ့ဆီကို ပြေးသွားပြီး ကျွန်တော်က သူခိုးတစ်ယောက်ပါလို့ သွားပြောလိမ့်မယ်။ ဒါလည်း အမှန်တရားကို ပြောတာပဲ "
" မဟုတ်ဘူး ... အဲ့လိုပုံမှန်အလုပ်တွေလုပ်လို့ ပိုက်ဆံဘယ်လောက်ရမှာမလို့လဲ... တစ်လကို လေးဒေါ်လာ ငါးဒေါ်လာနဲ့ နေလို့ထိုင်လို့ရမလား။ ငါတို့ တစ်နေ့နှိုက်တဲ့ အိတ်တစ်အိတ်စာလောက်တောင် မရှိဘူး "
ဆံပင်အတိုနှင့်ကောင်လေးက မျက်လုံးတွေ မှေးကြည့်ကာ စီးကရက်ကို ဆွဲထုတ်လိုက်သည်။
" ဘာဆိုင်ငွေကိုင်လဲ.... မင်းတစ်နေကုန် ပန်းကန်တွေဆေးနေရမှာလေ... ဟမ်... မင်းကိုယ်မင်း လူကောင်းတစ်ယောက်လို့ ထင်နေတာလား... ဒီလိုတွေလုပ်နေလို့ ပိုက်ဆံမရဘူးကွ.... "
ပိုက်ဆံ....ဝေ့ဒါ ဒီစကားကိုကြားတော့ အသံမထွက်ဘဲ လှောင်ရယ်လိုက်သည်။
" ပြီးတော့ လူတွေက ငါတို့လိုလူမျိုးတွေကို ရွံကြတယ်။ တစ်ရက် နှစ်ရက်လောက် စက်ရုံမှာ အလုပ်လုပ်ခဲ့တယ်လို့ မင်းပြောတယ်နော်။ ဘယ်နှစ်နှစ်လောက်ကြာအောင် လုပ်နိုင်မှာမလို့လဲ။ တစ်ခြားသူတွေက မင်းကိုယ်ရေးရာဇဝင်ကို မြင်ရင် မေးကြလိမ့်မယ်။ အလယ်တန်းမအောင်ဘူးလား။ အထက်တန်းမပြီးခဲ့ဘူးလားနဲ့။ သူခိုးတစ်ယောက်ဖြစ်တာနဲ့ လူ့အသိုင်းအဝိုင်းက ဖယ်ရှားခံရမှာပဲ...."
ဆံပင်အတိုနှင့် ကောင်လေးက သူ့စကားတွေကိုသူ ပြန်သဘောကျပြီး ရယ်လိုက်သည်။
" လွန်ခဲ့တဲ့ နှစ်တွေမှာ မင်းဘဝ ဘယ်လောက် အမဲစက်အကြီးကြီးတွေ စွန်းထင်နေပြီလဲဆိုတာ ပြောနိုင်လား။ မင်း ဒါတွေကို ပြောင်းလဲနိုင်ပါတယ်လို့တော့ မပြောနဲ့... မင်းလုပ်နိုင်တယ်ဆိုရင်တောင်မှာ တခြားသူတွေက ယုံကြည်ကြမှာတဲ့လား။ "
" အဲ့ဒီတော့ ငါ့ဘဝတစ်လျှောက်လုံး သူခိုးပဲ ဖြစ်ရမှာပေါ့ "
" အဲ့ဒီလိုတော့ မဟုတ်ဘူးလေ.... အကိုဝမ်က မင်းကို အကောင်းမြင်တယ်မလား။ ငါတို့ထဲက လူနည်းနည်းက ထူးချွန်ပြီး မျက်စိကြည်စရာလေးတွေလေ။ မင်းလောက်တော့ မဟုတ်ပေမယ့်ပေါ့... အကိုဝမ်က နောက်နှစ်လောက် အင်တာနက် ကဖေးဘားတစ်ခု ဖွင့်ဖို့ အစီအစဥ်ဆွဲနေတယ်မလား... အဲ့ဒီအချိန်ဆို ငါတို့သာမန်လို နေလို့ရပြီ... ငါတို့ မနိမ့်ကျတော့ပါဘူး..."
" ဒါတွေအားလုံးက ညစ်ပတ်တယ် "
"ဘာ "
" အဲ့ဒီအချိန်ရောက်ရင် ..."
"အင်း...."
" မင်း အားလုံးအဆင်ပြေမယ်လို့ ထင်လား။ "
"…"
ခဏလောက် ကြောင်အသွားပြီးနောက် ဆံပင်အတိုနှင့် ကောင်လေးက ရယ်လိုက်သည်။
" ငါတို့က ဘာဖြစ်နိုင်ဦးမှာလဲ.... ဒီလိုဘဝဆိုးကြီးကနေ ကျွတ်လွတ်ရုံပဲရှိတော့တယ်လေ..."
ကောင်လေးက ခန်းဆီးကို ဆွဲပြီး အပြင်မှာ ရပ်နေတဲ့ လွီနင်ကို တစ်ချက်လှမ်းကြည့်လိုက်ကာ မနာလိုတဲ့ အသံနဲ့ ပြောလိုက်သည်။
" ဒါပေမယ့် မင်းမှာတော့ မင်းကို ဂရုစိုက်တဲ့ အစ်ကိုတစ်ယောက်တော့ ရှိသေးတယ်လေ.. တကယ်ကို ကံကောင်းတာပဲ..."
ဝေ့ဒါ ဘာမှမပြောတော့ဘဲ ကျောပေးကာ နံရံဘက်ကို မျက်နှာမူပြီး သူ့မျက်လုံးတွေကို မှိတ်ထားလိုက်တော့သည်။
" သူ့ကို ထပ်လာမရှာနဲ့တော့လို့ မင်းကို မပြောဘူးလား !"
လွီနင် တံခါးကို ထပ်ခေါက်နေတုန်း တံခါးကိုစောင့်နေတဲ့လူက နောက်ဆုံးတော့ ထွက်လာပြီး တိုက်ခိုက်လာသည်။
ဒါက လွီနင်ဘဝမှာ ပထမဆုံး အရိုက်ခံရခြင်းပဲ......
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
လွီနင် မနက်ခင်း အလုပ်ရောက်တော့ စီနီယာအမက သူ့ကို တစ္ဆေတစ်ကောင်လို ကြည့်လာသည်။
" လွီနင် နင်တစ်ယောက်ယောက်နဲ့ ရန်ဖြစ်လာတာလား။ !"
လွီနင် သူ့ပါးစပ်ထောင့်က ပွန်းပဲ့ရာတွေကို ထိလိုက်ပြီး ကိုးရိုးကားရား ပြုံးပြလိုက်သည်။
" ကျွန်တော် ချော်လဲလာတာ..."
သူတို့က ဆရာဝန်တွေဖြစ်တာကြောင့် အရိုက်ခံရတာနဲ့ ခိုင်းမိတာကို သေချာ မခွဲခြားတတ်ကြပေ။
လျိုကျင်းက သူ့ကို ဆေးလိမ်းပေးနေရင်း ပြောလာသည်။ သူမအသံက ပူဆွေးနေသလိုပင်။
" နင့်ညီအတွက် တအားကြီး စိုးရိမ်မနေပါနဲ့..."
..............
လွီနင် အလုပ်ဆင်းတိုင်း ဘူတာရုံကို အပြေးအလွှားသွားနေတာ ဘယ်လောက်ကြာပြီလဲ မသိတော့။ ဒီစိတ်ပျက်စရာနေ့တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသောအခါ " ဝေ့ဒါကို ဒီထက်ပို ဂရုမစိုက်တော့ဘူး" ဆိုတဲ့အတွေးတွေ ရံဖန်ရံခါ တွေးမိလာသည်။
ဒီလိုမကျေနပ်စရာအတွေမျိုးတွေ ဝင်လာပေမယ့် ဝေ့ဒါသာ ဒီနေ့ သူနဲ့အတူ ပြန်လိုက်မယ်ဆို အကောင်းပြန်မြင်မိဦးမှာပဲ။
သူနည်းနည်းရူးသွားပြီးထင်သည်။ အရိုက်ခံရမှာ ကြောက်ပေမယ့် သူဒီနေရာကို လာမိနေတုန်းပဲ။
တကယ်တော့ အရိုက်ခံရတယ်ဆိုတာ ကိစ္စသေးသေးလေးသာ။ တကယ်လို့ သူသာ ဝေ့ဒါက်ို ပြန်ခေါ်နိုင်ခဲ့လျှင် သူ့ညီဘဝတစ်ခုလုံး လုံးဝပြောင်းလဲသွားနိုင်သည်။
သူ့ဘဝမှာ အမြဲတမ်းတစ်ခုခုအတွက် လက်မလျှော့တတ်သလို အခုလည်း လွီနင် သူ့ညီကို အဖြစ်သည်းနေလေပြီ။
မျှော်လင့်ချက်နည်းနည်းလေးရှိတာတောင် လွီနင် နေ့တိုင်း အလုပ်ဆင်းလျှင် ဘူတာရုံကို မသွားဘဲမနေနိုင်တော့။
လွန်ခဲ့တဲ့ရက်နည်းနည်းလောက်ကတည်းက ရာသီဥတုက ရုတ်တရက်ကြီး အအေးပိုလာသည်။ ကောင်းကင်က မီးခိုရောင်မြူတွေဆိုင်းနေပြီး မြေကြီးပေါ်မှာတော့ နှင်းအထူကြီးတွေ ဖုံးလွှမ်းနေသည်။
နိုဝင်ဘာလပဲရှိသေးပေမယ့် အခုကတည်းက နှင်းတွေကျနေပြီ...
လေအေးတွေက တိုက်ခတ်နေကာ လွီနင် နှာရည်တွေရော မျက်ရည်တွေပါ စီးကျလာသည်။ လွန်ခဲ့တဲ့ရက်က လေအေးတွေကြောင့် သူအအေးမိချင်သလို ဖြစ်နေ၍ ဆေးရှာပြီး သောက်ခဲ့ရသေးသည်။
လွီနင် သူ့ရှေ့က ဘယ်သူ့ဟာမှန်းမသိတဲ့ ပိုက်ဆံအိတ်တစ်လုံးကို တွေ့တာကြောင့် ကောက်ဖွင့်ကြည့်လိုက်တုန်း ဆံပင်အတိုနှင့်ကောင်လေးက သူ့ကို မြင်သွားပြီး လှောင်သလို ပြောလာသည်။
" ဟေ့.... ခင်ဗျား လာပြန်ပြီလား။ အရိုက်ခံရပြီး သေသွားမှာ မကြောက်ဘူးထင်တယ်။ "
လွီနင် ကောင်လေးလက်ထဲ ပိုက်ဆံအိတ်ကို ပစ်ပေးလိုက်သည်။
ကောင်လေးက ပိုက်ဆံအိတ်အလွတ်ဖမ်းပြီး အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်သည်။
" ခင်ဗျား ရဲခေါ်လိုက်ရင်တောင် အသုံးဝင်မှာမဟုတ်ဘူး... အကုန် ရထားပေါ်ရောက်နေကြမှာ "
" ဒါတွေက လူတစ်ယောက်ရဲ့ အသက်ကိုကယ်ဖို့ ငွေတွေ ဖြစ်နေရင်ရော... "
" ဒါဆိုလည်း အသက်ကယ်ဖို့ ငွေတွေ အကုန်ပြောင်သွားတာပေါ့..."
ကောင်လေးက သူ့လက်ထဲက အနီရောင်လက်မှတ်နှစ်စောင်ကိုပြပြီး
" ဒါက ပိုက်ဆံအိတ်ထဲက ဒေါ်လာနှစ်ရာလေ"
" နှစ်ရာလည်း တစ်ချို့လူတွေအတွက် တန်ဖိုးရှိတယ်..."
" ဟက်... ဒါဆိုလည်း ကျွန်တော့်ကိုဖမ်းဖို့ ရဲခေါ်လိုက်လေ။ ခင်ဗျားက သူခိုးတွေဆိုရင် ဒီလိုပဲ ဖမ်းချင်နေတာမလား။ ခင်ဗျားညီကလွဲရင် ဘယ်သူဖြစ်ဖြစ် ရဲလက်အပ်နိုင်တယ်လေ။ "
လွီနင် ကောင်လေးစကားတွေကြောင့် ကြောင်အသွားသည်။
" မင်း ဝေ့ဒါကို ငါနဲ့ပြန်လိုက်လာအောင် ပြောပေးနိုင်မလား။ "
" ခင်ဗျား ဘာလို့စောစော မလာခဲ့တာလဲ။ "
ကောင်လေးက လှေကားထစ်တွေအပေါ်ကို တက်သွားသည်။
" လွန်ခဲ့တဲ့ ငါးနှစ်က ဝေ့ဒါခင်ဗျားကိုရှာဖို့ ထွက်ပြေးလာတုန်းကကျတော့ ဘာလို့သူကို ဂရုမစိုက်ခဲ့ရတာလဲ။ "
လွန်ခဲ့တဲ့ ငါးနှစ်....
လွီနင် ကောင်လေးရဲ့ အင်္ကျီလက်ကို ဆောင့်ဆွဲလိုက်သည်။
" အို... ဒါဆို မင်းကရော ဘာလုပ်နေခဲ့တာလဲ... "
" ခင်ဗျား ဘာပြောတာလဲ။ "
" ဝေ့ဒါသာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ငါကိုရှာနေတာဆို မင်းကရော ဘာလို့ သူ့ဘေးမှာရှိမနေခဲ့တာလဲ။ "
"ဒါက …"
ရုတ်တရက်လွီနင် ဝေ့ဒါကို ဘာလို့သူ့ကို လာမရှာခဲ့တာလဲလို့ မေးခဲ့တဲ့နေ့ကို သတိရသွားသည်။
ဝေ့ဒါက သူ့မှာပိုက်ဆံမရှိလို့ သူ့ကိုလာမရှာနိုင်ခဲ့ဘူးလို့ ပြောခဲ့သည်။
"အသုံးမကျတဲ့လူ !"
ကောင်လေးက လွီနင့်လက်မောင်းကို ပြန်ဆွဲလိုက်သည်။
" ပေကျင်းမြို့က အကျယ်ကြီး... ခင်ဗျားဘယ်ကျောင်းမှာတက်နေလဲဆိုတာတောင် သူ့ကိုမပြောခဲ့ဘဲနဲ့ ခင်ဗျားကို လာရှာဖို့ မျှော်လင့်နေတာလား။ "
" ဝေ့ဒါက သူအမေဆီက ယွမ်သုံးရာခိုးပြီး တစ်လလုံး ပေကျင်းမြို့မှာ ခင်ဗျားကို ရှာနေခဲ့တာ။
သူပြန်လာတော့ သူ့အမေက သူ့ကို ပြစ်ပြေးသွားပြီ။ သူဒီလိုမျိုးဖြစ်သွားတာ ဘာကြောင့်ဆိုတာရော ခင်ဗျား တွေးကြည့်ဖူးရဲ့လား။ လွန်ခဲ့တဲ့ ငါးနှစ်လုံး သူခံစားခဲ့ရတာတွေကို ခင်ဗျားနားလည်ပေးနိုင်မှာတောင်မဟုတ်ဘူး။ "
လွီနင် ပါးစပ်ကနေ တစ်ခုခုကို ပြောချင်ပေမယ့် ကောင်လေးက ပြောစရာစကားမရှိတော့တဲ့ပုံပင်။ သူက အပေါ်ထပ်ကို တက်သွားလေပြီ။
" ခင်ဗျား အခုပြန်လိုက်တော့... ဝေ့ဒါကြောင့် ခင်ဗျားကို မရိုက်တော့ဘူး... သူတို့က မနေ့ကတည်းက ခင်ဗျားကို ဒေါသထွက်နေတာ... ခင်ဗျားဒီနေ့လည်း ထပ်လာမှန်းသာ သူတို့သိရင် ဘာတွေဖြစ်မလဲဆိုတာ ကျွန်တော်လည်း မပြောနိုင်ဘူး။ "
လွီနင် ဆံပင်အတိုနှင့်ကောင်လေးက အပေါ်ထပ်တက်သွားတာကို စောင့်ပြီး ဒုတိယထပ်က ပြတင်းပေါက်ကို မော့ကြည့်လိုက်သည်။ ပြတင်းပေါက်က အပေါစား အပြာရောင်လိုက်ကာနဲ့ ကာထားပေမယ့် အထဲကို မမြင်ရပေ။ လွီနင် အချိန်ခဏလောက် စူးစိုက်ကြည့်နေပေမယ့် ကျဆင်းလာတဲ့ နှင်းမှုန်တွေကြောင့် သူ့မြင်ကွင်းက ပိုပိုဝေဝါးလာသည်။
" လနည်းနည်းလေးရှိသေးတယ် အခုကတည်းက နှင်းတွေကျနေပြီ။ ရာသီဥတုကတော့ ဆိုးဆိုးရွားရွားပဲ။ "
ဘိလိယက်ခုံကို ဆော့လိုက်ရင်း ဆံပင်အတိုနှင့် ကောင်လေး အခန်းထဲကို ဝင်လာသည်။ ဝေ့ဒါက အိပ်ရာပေါ်မှာထိုင်ပြီး ပုံမှန်အတိုင်းပဲ သူ့ဖုန်းနဲ့ ကစားနေသည်။
" မင်းအစ်ကို ရောက်နေပြန်ပြီ။ "
" အင်း..."
" သူ မနေ့တုန်းက အရိုက်ခံလိုက်ရတယ်။ "
" မင်း မနေ့တုန်းက ပြောပြီးပြီလေ။ "
"…"
"…"
" တကယ်တော့... မင်းအစ်ကိုက မင်းကို တကယ် ဂရုစိုက်တယ်လို့ ငါထင်တယ်။ "
"…"
သူ့အရှေ့က လူရဲ့မျက်နှာက ဘာခံစားချက်မှ မရှိတာကို မြင်တော့ ဆံပင်အတိုနှင့်ကောင်လေးက ခန်းဆီးစကို မြှောက်ပြီး အပြင်ကို ပြလိုက်သည်။
" အပြင်မှာ အရမ်းအေးနေတယ်။ မင်းအစ်ကိုကို ကြည့်ဦး။ ဘောလုံးလေးလို ငုတ်တုတ်လေးထိုင်နေတယ်။ "
ဝေ့ဒါက သူ့ကိုလျစ်လျူရှိပြီး ဖုန်းဆက်ဆော့နေသည်။
အခန်းထဲက အသံတွေ တိတ်ဆိတ်သွားသည်။ ဆံပင်အတိုနှင့် ကောင်လေးက ထိုင်ခုံကို ရွှေ့လိုက်ကာ ခန်းဆီးကို ကြည့်ပြီး ရယ်လိုက်သည်။
နံရံကနေတစ်ဆင့် အပြင်ဘက်က ဆူညံသံတွေ ကြားလိုက်ရသည်။
ကောင်လေးက ခန်းဆီးကို ဖွင့်ပြီး အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
" ဟေ့... အကိုဝမ် ပြန်လာပြီ … ဝေ့ဒါ... မင်းအစ်ကို တစ်ခုခု ဖြစ်နေပြီထင်တယ်။ "
နောက်ဆုံးတော့ ဝေ့ဒါ ခေါင်းထောင်လာပြီ။
" ငါ တကယ်ပြောနေတာ... ဒီနားလာကြည့်လှည့်... "
လွီနင်ကို သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်က ဆွဲမြှောက်ထားပြီး သူ့ခြေလက်တွေက တောင့်တင်းနေပြီး ခေါင်းက ဘေးကို စောင်းကျနေသည်။ သတိလစ်သွားတဲ့ပုံပင်။
" ဟေ့ကောင်... မင်းအစ်ကို သေသွားပြီ..."
ကောင်လေးက သူ့ခေါင်းကိုနောက်လှည့်ပြီး ပြောလိုက်ပေမယ့် ဝေ့ဒါက အခန်းထဲမှာမရှိတော့။ သူလည်း ဝေ့ဒါနောက်ကနေ အောက်ထပ်ကို မြန်မြန်ပြေးဆင်းလိုက်ခဲ့သည်။
" လွှတ်လိုက်...!"
အောက်ထပ်က လေထုက တင်းမာနေသည်။ သက်လတ်ပိုင်းအရွယ်လူက ဝေ့ဒါကို ခက်ထန်နေတဲ့ မျက်နှာနှင့် ကြည့်လာသည်။
" ဝေ့ဒါ မင်းလေသံက ဘာဖြစ်နေတာလဲ။ "
" ခင်ဗျားကို လွှတ်လိုက်လို့ ပြောနေတယ်။ "
ဝေ့ဒါအသံက တည်ငြိမ်နေပေမယ့် သူ့ရဲ့ ဒီလို ခက်ထန်ကြမ်းကြုတ်နေတဲ့ အသွင်အပြင်မျိုးကို အရင်က ဘယ်သူမှ မမြင်ဖူးပေ။
" မင်း ဘယ်သူ့ကို ပြန်ပြောနေတာလဲဆိုတာ သ်ိရဲ့လား!"
" သူ့ကို လွှတ်လိုက်!"
ဝေ့ဒါက လူကြီးကို စပြီး လက်သီးနဲ့ ထိုးလိုက်သည်။
" မင်း …"
လူကြီးက ဝေ့ဒါလက်သီးကို လှမ်းဆုပ်လိုက်ပြီး ကြောက်စရာကောင်းစွာ ကြည့်လာသည်။
" မင်းက ဆက်ပြီး အသက်မရှင်ချင်တော့ဘူးပေါ့... ဟုတ်လား။ "
"ဟေ့... !"
ဆံပင်အတိုနှင့် ကောင်လေးက ဝေ့ဒါခါးကို လှမ်းဆွဲလိုက်ပြီး လူကြီးကို ပြံးပြလိုက်သည်။
" အကိုဝမ် စိတ်မဆိုးပါနဲ့... သူက ဝေ့ဒါအစ်ကိုမလို့ပါ... "
အကိုဝမ်လို့ခေါ်တဲ့လူက ဝေ့ဒါကို တစ်ချက်လှမ်းကြည့်ပြီး လွှတ်ပေးလိုက်သည်။
" အရူးလိုတွေ မလုပ်စမ်းနဲ့..."
ဆံပင်အတိုနှင့်ကောင်လေးက တိုးတိုးလေးကပ်ပြောကာ ဝေ့ဒါခါးကို လွှတ်ပေးလိုက်သည်။
ဝေ့ဒါ လွီနင်ကို ပွေ့ပြီး ဒဏ်ရာတွေကို စစ်ဆေးလိုက်သည်။ သူ့ရဲ့ ချုပ်တည်းထားတဲ့ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
" ဘာလို့ သူ့ကို ရိုက်တာလဲ။ "
" ဘာ..."
" ဘာလို့ သူ့ကိုရိုက်တာလဲလို့ မေးနေတယ်လေ!"
အကိုဝမ်ကို လူတွေက လေးစားကြပေမယ့် ဝေ့ဒါကြောင့် သူတုန်လှုပ်သွားရသည်။
" ဒီလူက မင်းကို ငါတို့အလုပ်တွေကို လုပ်ခွင့်မပြုနိုင်ဘူးလို့ပြောတယ်။ မင်းက ငါတို့နဲ့ နှစ်တွေအကြာကြီး နေလာခဲ့ပေမယ့် သူခွင့်မပြုရင် မလုပ်နိုင်ဘူးတဲ့။ "
လွီနင်က ကြီးကြီးမားမား ထိခိုက်မှုမရှိပေမယ့် သူ့နှဖူးကတော့ ဖူးယောင်နေသည်။ ဝေ့ဒါရဲ့ လက်အေးအေးနှင့် ထိမိသွားတော့ လွီနင်မျက်ခုံးတွေ ကြုံ့သွားသည်။
သူမှာ အဖျားရှိနေတာပဲ...
သူ့အပူချိန်က သာမန်ထက်မြင့်နေပြီး ဝေ့ဒါလက်ဖဝါးတောင် ပူလောင်လာသည်။
အရမ်းပူနေတာပဲ...
သွေးသားတော်စပ်မှုကဘာလဲ... ညီအစ်ကိုတော်စပ်မှုက ဘယ်လိုလဲဆိုတာကို ဝေ့ဒါနားမလည်ဘူး။ သူသိတာ သူနဲ့ ဒီလူသားကို မရေတွက်နိုင်တဲ့ နှောင်ကြိုးတွေက ရစ်ပတ်ထားတယ်ဆိုတာပဲ။
လွီနင်လို့ ခေါ်တဲ့ ဒီလူသားက သွေးသားတော်စပ်မှုဆိုတဲ့ ပိုက်ကွန်ကို ဖန်တီးထားတဲ့လူပဲ။ တစ်ယောက်ကိုတစ်ယောက် ထွေးပိုက်ထားတာကြောင့် လွတ်မြောက်ဖို့လည်းမစွမ်းနိုင်သလို ရုန်းထွက်ခွင့်လည်း မရှိတော့ဘူး။
ကျွန်တော်တော့ ခင်ဗျားပိုက်ကွန်ထဲက မလွတ်မြောက်နိုင်တော့ဘူး.... ခင်ဗျားရော ကျွန်တော်ဆီက လွတ်မြောက်နိုင်ရဲ့လား....
" အကိုဝမ် ဘာဖြစ်လို့လဲ။ "
" အကိုဝမ်... "
အပေါ်ထပ်မှာ ဘိလိယက်ကစားနေတဲ့ ကောင်လေးတွေက အောက်ထက်ကို နှစ်ယောက်တစ်တွဲဆင်းလာပြီး အကိုဝမ်ဘေးမှာရပ်လိုက်ကြသည်။ ဒါကြောင့် သူက ပြန်ပြီးယုံကြည်မှုရှိလာတာ မေးလိုက်သည်။
" ဝေ့ဒါ.... မင်း ဘာဖြစ်ချင်တာလဲ။ "
"ပျင်းစရာကောင်းတယ်..."
ဝေ့ဒါက အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်သည်။
" အကိုဝမ် အရင်နှစ်တွေမှာ ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီထက်ပိုပြီး အကိုအတွက် အလုပ်လုပ်မပေးနိုင်တော့ဘူး။ "
……
……
တစ်ခုခုက သူ့မျက်နှာပေါ် ကျလာပြီး ချက်ချင်းပဲ အရည်ပျော်သွားသည်။ ဒါက အရမ်း အရမ်းအေးပြီး အရမ်းလည်း သက်တောင့်သက်သာရှိသည်။
လွီနင် သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်တော့ ကမ္ဘာကြီးက ဖြူဖွေးနေပြီး သူ့ဘေးက သစ်ပင်တွေရော လမ်းတွေပေါ်မှာပါ နှင်းလွှာထူထူတွေနဲ့ ဖုံးလွှမ်းနေသည်။
" ဝေ့...ဒါ..."
လွီနင် ဇဝေဇဝါနဲ့ သူ့ကိုသယ်ထားတဲ့သူရဲ့ နာမည်ကို ခေါ်လိုက်သည်။
" ကိုကို ... ခဏလောက်စောင့်ဦးနော်... ကျွန်တော်တို့ မကြာခင် အိမ်ပြန်ရောက်တော့မှာ... "
" ဘာလို့ ကားမငှားတာလဲ...."
" သူတို့က ပိုက်ဆံအိတ်ကို ယူသွားကြတယ်။ "
" အင်း…"
သူဦးနှောက်က အဖျားကြောင့် ဘာတွေဖြစ်ပျက်နေလဲဆိုတာကို မသိပေမယ့် သူဘာကို မေးသင့်လဲဆိုတာတော့ မှတ်မိနေတုန်းပဲ။
" ဒါဆို... အိမ်ပြန်လာတော့မှာလား။"
" အင်း ... ကိုကိုနဲ့ ပြန်လိုက်ခဲ့ပြီလေ "
ဝေ့ဒါက နူးညံ့စွာ ပြန်ဖြေလာသည်။
" ဒါပေမယ့် တစ်နေ့နေ့ကျရင် ကျွန်တော်က ကိုကိုကို ထိခိုက်စေလိမ့်မယ်။ "
" ဘာမှမဖြစ်ဘူး... မင်းက ငါ့ညီလေးပဲ။ "
နှင်းတွေက လွီနင်မျက်လုံးတွေကို မှုန်ဝါးစေဖို့ လုံလောက်တာထက်ပိုနေပြီ။ ထို့ကြောင့် လွီနင် သူ့ညီမျက်နှာပေါ်က ဒဏ်ရာတွေကို မမြင်ရဘဲ ပျော်ရွှင်နေလေသည်။
" ဝေ့ဒါ...."
" ဟမ်..."
" အတိတ်မှာ ဘယ်လောက်မှားခဲ့လဲဆိုတာတွေက အရေးမကြီးပါဘူး။ ဒါက မကောင်းမှုတွေထပ်လုပ်ဖြစ်ဖို့ ဆင်ခြေသက်သက်ပဲ။ "
လွီနင် သူ့ညီရဲ့ ပုခုံးပေါ်ကို မှီလိုက်ပြီး တိုးတိုးလေးကပ်ပြောလိုက်သည်။
" ငါတို့ရဲ့ သာမန်ဘဝလေးကို အတူတူ ပြန်စကြစို့..."
" ကျွန်တော် သိပါပြီ…"
ဝေ့ဒါကလည်း တိုးတိုးလေး ပြန်ဖြေလိုက်သည်။
လွီနင် သူပြုံးလိုက်မိလားမသိပေမယ့် ကလေးငယ်လေးက သူ့ကိုကျောပေါ်တင်ပြီး လမ်းလျှောက်နိုင်တဲ့အထိ ကောင်းကောင်းကြီးပြင်းလာတာကို သိရတော့ သူမှာဘာမျှော်လင့်ချက်တစ်ခုမှ မရှ်ိတော့... ဒီအခိုက်အတန့်လေးကိုသာ မြတ်နိုးမိလေသည်။
💛💛💛💛💛💛💛💛💛💛💛
Zawgyi
မိသားစုဆိုတဲ့ စကားလုံးက မင္းပိုင္ဆိုင္တယ္ဆိုလွ်င္ ထူးျခားမႈမရွိေပမယ့္ မင္းဆုံးရႈံးသြားတာနဲ႕ ဒီစကားလုံးရဲ႕ လွပမႈကို နားလည္လာလိမ့္မယ္။
ဘာပဲျဖစ္ျဖစ္ လြီနင္ကေတာ့ ဒီလိုပဲယူဆသည္။
ငါးႏွစ္တာလုံး ရာသီဥတုေအးတဲ့အခါ အကၤ်ီအပိုယူသြားဖို႔ ဘယ္သူမွ မေျပာသလို ႏွစ္သစ္ကူးညစာနဲ႕ ႏွစ္သစ္အႀကိဳအတြက္ ဖက္ထုပ္ျပဳတ္ေပးမယ့္ သူလည္း မရွိခဲ့။
အရင္က သူ႕မွာ မိသားစုရွိခဲ့တာေၾကာင့္ သူတို႔မိသားစုေလးက ဘယ္လိုပုံစံေလးဆိုတာ ျပန္ေတြးၾကည့္ဖို႔ပဲ တတ္နိုင္ခဲ့သည္။ ဒီအထီးက်န္ဆန္မႈကမေဖာ္ျပနိုင္ေအာင္ ဆိုး႐ြားလြန္းသည္။
ထို႔ေၾကာင့္ ေဝ့ဒါကို ရွာေတြ႕ေတာ့ လြီနင္ အရမ္းကို ေပ်ာ္႐ႊင္ခဲ့ရသည္။ ေဝ့ဒါကို သူ႕အေမက စြန့္ပစ္သြားတာကို သိရေတာ့ ခ်က္ခ်င္းပဲ ဒီကေလးက ကမာၻေပၚမွာ သူ႕ရဲ႕တစ္ဦးထဲေသာ မိသားစုဝင္ပဲလို႔ လြီနင္မွတ္ယူခဲ့သည္။ ဒါက လြီနင္၏ အေတြးသက္သက္သာ ျဖစ္မယ္ထင္သည္။
သူတို႔ႏွစ္ေယာက္က ေသြးသားေတာ္စပ္မႈမရွိေပမယ့္ သံလိုက္၏ အစြန္းႏွစ္ဖက္လို ဆန္းျပားတဲ့ ဆက္ႏြယ္မႈေတာ့ ရွိေနဆဲပဲ။ သူတို႔ၾကားမွာ မျမင္နိုင္ေပမယ့္ ႏုညံတဲ့ ဆက္ဆံေရး ရွိခဲ့တာပဲေလ။
ေဝ့ဒါအေပၚ ဘယ္လိုခံစားခ်က္မ်ိဳးရွိလဲဆိုတာေတာ့ လြီနင္မသိေပ။ အနိုင္က်င့္ခံရတဲ့ လူတစ္ေယာက္အေပၚ သနားက႐ုဏာသက္မိတာလား.... မိသားစုဝင္တစ္ေလာက္မလို႔လား....
ဘယ္လိုခံစားခ်က္မ်ိဳးပဲျဖစ္ျဖစ္ ေဝ့ဒါကို သာမန္လူေတြရဲ႕ လမ္းေၾကာင္းကေန အေဝးကို ေသြဖယ္သြားတာမ်ိဳးကို သူလုံးဝ ခြင့္မျပဳနိုင္ဘူး။
ဘူတာ႐ုံ၏ ဒုတိယထက္ရွိ ဘိလိယက္အခန္းေလးထဲက ခန္းဆီးစေတြကို ျမႇောက္တင္ထားသည္။
" မင္း အစ္ကို ထပ္ေရာက္ေနျပန္ၿပီ။ "
ဆံပင္အတိုႏွင့္ေကာင္ေလးက ျပတင္းေပါက္ကိုမွီကာ အျပင္ကို လွမ္းၾကည့္လိုက္သည္။
" တစ္ပတ္ေလာက္ ရွိေနၿပီေနာ္..."
" အင္း.."
ေဝ့ဒါက အိပ္ရာေပၚမွာ လွဲေနရင္းကေန ျပန္ေျဖလိုက္သည္။
" သူက စိတ္ဓာတ္အေတာ္ျပင္းတာပဲ "
ဆံပင္အတိုနဲ႕ ေကာင္ေလးက စီးကရက္ကို မီးညွိလိုက္သည္။
" အရင္ေန႕ေတြတုန္းက ေန႕တိုင္းတံခါးလာေခါက္လို႔ မင္းအစ္ကို အေငါက္ခံလိုက္ရေသးတယ္။ ဒီအတိုင္းသာဆို အကိုဝမ္ အေႏွးနဲ႕အျမန္ စိတ္တိုလာလိမ့္မယ္။ မင္း သူနဲ႕ ျပန္မလိုက္ေတာ့ဘူးလား။ "
" မလိုက္ေတာ့ဘူး... "
ေဝ့ဒါက သူ႕လက္ေတြကို ေခါင္းအေနာက္မွာ ဖိကာလွဲရင္း အျပင္ဘက္က တံခါးဘဲလ္အသံကို နားေထာင္ေနသည္။
" မင္း မေသခ်ာပါဘူးမလား..."
" ငါမင္းအတြက္ ဒီလိုေတြ လုပ္ေနတာမဟုတ္ဘူး "
ဆံပင္အတိုႏွင့္ ေကာင္ေလးက သူ႕လက္ေတြကို ျမႇောက္ကာ စိတ္ရင္းႏွင့္ ေျပာလာသည္။
" မင္း သူ႕ကို ထပ္ၿပီးအေလွ်ာ့ေပးလိုက္မွာ ငါစိုးရိမ္တယ္ "
" ငါထြက္သြားေတာ့မယ္ဆိုတာ အကိုဝမ္ကို မင္းေျပာလိုက္တာလား ။ "
" ဟုတ္တယ္... ငါဘာမွမလုပ္ခဲ့ဘူး... အမွန္တရားကိုပဲ ေျပာျပလိုက္တာ... "
" အမွန္တရား.... ငါ အလုပ္ေလွ်ာက္တဲ့ဆီကို ေျပးသြားၿပီး ကြၽန္ေတာ္က သူခိုးတစ္ေယာက္ပါလို႔ သြားေျပာလိမ့္မယ္။ ဒါလည္း အမွန္တရားကို ေျပာတာပဲ "
" မဟုတ္ဘူး ... အဲ့လိုပုံမွန္အလုပ္ေတြလုပ္လို႔ ပိုက္ဆံဘယ္ေလာက္ရမွာမလို႔လဲ... တစ္လကို ေလးေဒၚလာ ငါးေဒၚလာနဲ႕ ေနလို႔ထိုင္လို႔ရမလား။ ငါတို႔ တစ္ေန႕ႏွိုက္တဲ့ အိတ္တစ္အိတ္စာေလာက္ေတာင္ မရွိဘူး "
ဆံပင္အတိုႏွင့္ေကာင္ေလးက မ်က္လုံးေတြ ေမွးၾကည့္ကာ စီးကရက္ကို ဆြဲထုတ္လိုက္သည္။
" ဘာဆိုင္ေငြကိုင္လဲ.... မင္းတစ္ေနကုန္ ပန္းကန္ေတြေဆးေနရမွာေလ... ဟမ္... မင္းကိုယ္မင္း လူေကာင္းတစ္ေယာက္လို႔ ထင္ေနတာလား... ဒီလိုေတြလုပ္ေနလို႔ ပိုက္ဆံမရဘူးကြ.... "
ပိုက္ဆံ....ေဝ့ဒါ ဒီစကားကိုၾကားေတာ့ အသံမထြက္ဘဲ ေလွာင္ရယ္လိုက္သည္။
" ၿပီးေတာ့ လူေတြက ငါတို႔လိုလူမ်ိဳးေတြကို ႐ြံၾကတယ္။ တစ္ရက္ ႏွစ္ရက္ေလာက္ စက္႐ုံမွာ အလုပ္လုပ္ခဲ့တယ္လို႔ မင္းေျပာတယ္ေနာ္။ ဘယ္ႏွစ္ႏွစ္ေလာက္ၾကာေအာင္ လုပ္နိုင္မွာမလို႔လဲ။ တစ္ျခားသူေတြက မင္းကိုယ္ေရးရာဇဝင္ကို ျမင္ရင္ ေမးၾကလိမ့္မယ္။ အလယ္တန္းမေအာင္ဘူးလား။ အထက္တန္းမၿပီးခဲ့ဘူးလားနဲ႕။ သူခိုးတစ္ေယာက္ျဖစ္တာနဲ႕ လူ႕အသိုင္းအဝိုင္းက ဖယ္ရွားခံရမွာပဲ...."
ဆံပင္အတိုႏွင့္ ေကာင္ေလးက သူ႕စကားေတြကိုသူ ျပန္သေဘာက်ၿပီး ရယ္လိုက္သည္။
" လြန္ခဲ့တဲ့ ႏွစ္ေတြမွာ မင္းဘဝ ဘယ္ေလာက္ အမဲစက္အႀကီးႀကီးေတြ စြန္းထင္ေနၿပီလဲဆိုတာ ေျပာနိုင္လား။ မင္း ဒါေတြကို ေျပာင္းလဲနိုင္ပါတယ္လို႔ေတာ့ မေျပာနဲ႕... မင္းလုပ္နိုင္တယ္ဆိုရင္ေတာင္မွာ တျခားသူေတြက ယုံၾကည္ၾကမွာတဲ့လား။ "
" အဲ့ဒီေတာ့ ငါ့ဘဝတစ္ေလွ်ာက္လုံး သူခိုးပဲ ျဖစ္ရမွာေပါ့ "
" အဲ့ဒီလိုေတာ့ မဟုတ္ဘူးေလ.... အကိုဝမ္က မင္းကို အေကာင္းျမင္တယ္မလား။ ငါတို႔ထဲက လူနည္းနည္းက ထူးခြၽန္ၿပီး မ်က္စိၾကည္စရာေလးေတြေလ။ မင္းေလာက္ေတာ့ မဟုတ္ေပမယ့္ေပါ့... အကိုဝမ္က ေနာက္ႏွစ္ေလာက္ အင္တာနက္ ကေဖးဘားတစ္ခု ဖြင့္ဖို႔ အစီအစဥ္ဆြဲေနတယ္မလား... အဲ့ဒီအခ်ိန္ဆို ငါတို႔သာမန္လို ေနလို႔ရၿပီ... ငါတို႔ မနိမ့္က်ေတာ့ပါဘူး..."
" ဒါေတြအားလုံးက ညစ္ပတ္တယ္ "
"ဘာ "
" အဲ့ဒီအခ်ိန္ေရာက္ရင္ ..."
"အင္း...."
" မင္း အားလုံးအဆင္ေျပမယ္လို႔ ထင္လား။ "
"…"
ခဏေလာက္ ေၾကာင္အသြားၿပီးေနာက္ ဆံပင္အတိုႏွင့္ ေကာင္ေလးက ရယ္လိုက္သည္။
" ငါတို႔က ဘာျဖစ္နိုင္ဦးမွာလဲ.... ဒီလိုဘဝဆိုးႀကီးကေန ကြၽတ္လြတ္႐ုံပဲရွိေတာ့တယ္ေလ..."
ေကာင္ေလးက ခန္းဆီးကို ဆြဲၿပီး အျပင္မွာ ရပ္ေနတဲ့ လြီနင္ကို တစ္ခ်က္လွမ္းၾကည့္လိုက္ကာ မနာလိုတဲ့ အသံနဲ႕ ေျပာလိုက္သည္။
" ဒါေပမယ့္ မင္းမွာေတာ့ မင္းကို ဂ႐ုစိုက္တဲ့ အစ္ကိုတစ္ေယာက္ေတာ့ ရွိေသးတယ္ေလ.. တကယ္ကို ကံေကာင္းတာပဲ..."
ေဝ့ဒါ ဘာမွမေျပာေတာ့ဘဲ ေက်ာေပးကာ နံရံဘက္ကို မ်က္ႏွာမူၿပီး သူ႕မ်က္လုံးေတြကို မွိတ္ထားလိုက္ေတာ့သည္။
" သူ႕ကို ထပ္လာမရွာနဲ႕ေတာ့လို႔ မင္းကို မေျပာဘူးလား !"
လြီနင္ တံခါးကို ထပ္ေခါက္ေနတုန္း တံခါးကိုေစာင့္ေနတဲ့လူက ေနာက္ဆုံးေတာ့ ထြက္လာၿပီး တိုက္ခိုက္လာသည္။
ဒါက လြီနင္ဘဝမွာ ပထမဆုံး အရိုက္ခံရျခင္းပဲ......
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
လြီနင္ မနက္ခင္း အလုပ္ေရာက္ေတာ့ စီနီယာအမက သူ႕ကို တေစၦတစ္ေကာင္လို ၾကည့္လာသည္။
" လြီနင္ နင္တစ္ေယာက္ေယာက္နဲ႕ ရန္ျဖစ္လာတာလား။ !"
လြီနင္ သူ႕ပါးစပ္ေထာင့္က ပြန္းပဲ့ရာေတြကို ထိလိုက္ၿပီး ကိုးရိုးကားရား ၿပဳံးျပလိုက္သည္။
" ကြၽန္ေတာ္ ေခ်ာ္လဲလာတာ..."
သူတို႔က ဆရာဝန္ေတြျဖစ္တာေၾကာင့္ အရိုက္ခံရတာနဲ႕ ခိုင္းမိတာကို ေသခ်ာ မခြဲျခားတတ္ၾကေပ။
လ်ိဳက်င္းက သူ႕ကို ေဆးလိမ္းေပးေနရင္း ေျပာလာသည္။ သူမအသံက ပူေဆြးေနသလိုပင္။
" နင့္ညီအတြက္ တအားႀကီး စိုးရိမ္မေနပါနဲ႕..."
..............
လြီနင္ အလုပ္ဆင္းတိုင္း ဘူတာ႐ုံကို အေျပးအလႊားသြားေနတာ ဘယ္ေလာက္ၾကာၿပီလဲ မသိေတာ့။ ဒီစိတ္ပ်က္စရာေန႕ေတြ တစ္ရက္ၿပီးတစ္ရက္ ကုန္ဆုံးသြားေသာအခါ " ေဝ့ဒါကို ဒီထက္ပို ဂ႐ုမစိုက္ေတာ့ဘူး" ဆိုတဲ့အေတြးေတြ ရံဖန္ရံခါ ေတြးမိလာသည္။
ဒီလိုမေက်နပ္စရာအေတြမ်ိဳးေတြ ဝင္လာေပမယ့္ ေဝ့ဒါသာ ဒီေန႕ သူနဲ႕အတူ ျပန္လိုက္မယ္ဆို အေကာင္းျပန္ျမင္မိဦးမွာပဲ။
သူနည္းနည္း႐ူးသြားၿပီးထင္သည္။ အရိုက္ခံရမွာ ေၾကာက္ေပမယ့္ သူဒီေနရာကို လာမိေနတုန္းပဲ။
တကယ္ေတာ့ အရိုက္ခံရတယ္ဆိုတာ ကိစၥေသးေသးေလးသာ။ တကယ္လို႔ သူသာ ေဝ့ဒါက္ို ျပန္ေခၚနိုင္ခဲ့လွ်င္ သူ႕ညီဘဝတစ္ခုလုံး လုံးဝေျပာင္းလဲသြားနိုင္သည္။
သူ႕ဘဝမွာ အၿမဲတမ္းတစ္ခုခုအတြက္ လက္မေလွ်ာ့တတ္သလို အခုလည္း လြီနင္ သူ႕ညီကို အျဖစ္သည္းေနေလၿပီ။
ေမွ်ာ္လင့္ခ်က္နည္းနည္းေလးရွိတာေတာင္ လြီနင္ ေန႕တိုင္း အလုပ္ဆင္းလွ်င္ ဘူတာ႐ုံကို မသြားဘဲမေနနိုင္ေတာ့။
လြန္ခဲ့တဲ့ရက္နည္းနည္းေလာက္ကတည္းက ရာသီဥတုက ႐ုတ္တရက္ႀကီး အေအးပိုလာသည္။ ေကာင္းကင္က မီးခိုေရာင္ျမဴေတြဆိုင္းေနၿပီး ေျမႀကီးေပၚမွာေတာ့ ႏွင္းအထူႀကီးေတြ ဖုံးလႊမ္းေနသည္။
နိုဝင္ဘာလပဲရွိေသးေပမယ့္ အခုကတည္းက ႏွင္းေတြက်ေနၿပီ...
ေလေအးေတြက တိုက္ခတ္ေနကာ လြီနင္ ႏွာရည္ေတြေရာ မ်က္ရည္ေတြပါ စီးက်လာသည္။ လြန္ခဲ့တဲ့ရက္က ေလေအးေတြေၾကာင့္ သူအေအးမိခ်င္သလို ျဖစ္ေန၍ ေဆးရွာၿပီး ေသာက္ခဲ့ရေသးသည္။
လြီနင္ သူ႕ေရွ႕က ဘယ္သူ႕ဟာမွန္းမသိတဲ့ ပိုက္ဆံအိတ္တစ္လုံးကို ေတြ႕တာေၾကာင့္ ေကာက္ဖြင့္ၾကည့္လိုက္တုန္း ဆံပင္အတိုႏွင့္ေကာင္ေလးက သူ႕ကို ျမင္သြားၿပီး ေလွာင္သလို ေျပာလာသည္။
" ေဟ့.... ခင္ဗ်ား လာျပန္ၿပီလား။ အရိုက္ခံရၿပီး ေသသြားမွာ မေၾကာက္ဘူးထင္တယ္။ "
လြီနင္ ေကာင္ေလးလက္ထဲ ပိုက္ဆံအိတ္ကို ပစ္ေပးလိုက္သည္။
ေကာင္ေလးက ပိုက္ဆံအိတ္အလြတ္ဖမ္းၿပီး အမွိုက္ပုံးထဲ လႊင့္ပစ္လိုက္သည္။
" ခင္ဗ်ား ရဲေခၚလိုက္ရင္ေတာင္ အသုံးဝင္မွာမဟုတ္ဘူး... အကုန္ ရထားေပၚေရာက္ေနၾကမွာ "
" ဒါေတြက လူတစ္ေယာက္ရဲ႕ အသက္ကိုကယ္ဖို႔ ေငြေတြ ျဖစ္ေနရင္ေရာ... "
" ဒါဆိုလည္း အသက္ကယ္ဖို႔ ေငြေတြ အကုန္ေျပာင္သြားတာေပါ့..."
ေကာင္ေလးက သူ႕လက္ထဲက အနီေရာင္လက္မွတ္ႏွစ္ေစာင္ကိုျပၿပီး
" ဒါက ပိုက္ဆံအိတ္ထဲက ေဒၚလာႏွစ္ရာေလ"
" ႏွစ္ရာလည္း တစ္ခ်ိဳ႕လူေတြအတြက္ တန္ဖိုးရွိတယ္..."
" ဟက္... ဒါဆိုလည္း ကြၽန္ေတာ့္ကိုဖမ္းဖို႔ ရဲေခၚလိုက္ေလ။ ခင္ဗ်ားက သူခိုးေတြဆိုရင္ ဒီလိုပဲ ဖမ္းခ်င္ေနတာမလား။ ခင္ဗ်ားညီကလြဲရင္ ဘယ္သူျဖစ္ျဖစ္ ရဲလက္အပ္နိုင္တယ္ေလ။ "
လြီနင္ ေကာင္ေလးစကားေတြေၾကာင့္ ေၾကာင္အသြားသည္။
" မင္း ေဝ့ဒါကို ငါနဲ႕ျပန္လိုက္လာေအာင္ ေျပာေပးနိုင္မလား။ "
" ခင္ဗ်ား ဘာလို႔ေစာေစာ မလာခဲ့တာလဲ။ "
ေကာင္ေလးက ေလွကားထစ္ေတြအေပၚကို တက္သြားသည္။
" လြန္ခဲ့တဲ့ ငါးႏွစ္က ေဝ့ဒါခင္ဗ်ားကိုရွာဖို႔ ထြက္ေျပးလာတုန္းကက်ေတာ့ ဘာလို႔သူကို ဂ႐ုမစိုက္ခဲ့ရတာလဲ။ "
လြန္ခဲ့တဲ့ ငါးႏွစ္....
လြီနင္ ေကာင္ေလးရဲ႕ အကၤ်ီလက္ကို ေဆာင့္ဆြဲလိုက္သည္။
" အို... ဒါဆို မင္းကေရာ ဘာလုပ္ေနခဲ့တာလဲ... "
" ခင္ဗ်ား ဘာေျပာတာလဲ။ "
" ေဝ့ဒါသာ လြန္ခဲ့တဲ့ ငါးႏွစ္ကတည္းက ငါကိုရွာေနတာဆို မင္းကေရာ ဘာလို႔ သူ႕ေဘးမွာရွိမေနခဲ့တာလဲ။ "
"ဒါက …"
႐ုတ္တရက္လြီနင္ ေဝ့ဒါကို ဘာလို႔သူ႕ကို လာမရွာခဲ့တာလဲလို႔ ေမးခဲ့တဲ့ေန႕ကို သတိရသြားသည္။
ေဝ့ဒါက သူ႕မွာပိုက္ဆံမရွိလို႔ သူ႕ကိုလာမရွာနိုင္ခဲ့ဘူးလို႔ ေျပာခဲ့သည္။
"အသုံးမက်တဲ့လူ !"
ေကာင္ေလးက လြီနင့္လက္ေမာင္းကို ျပန္ဆြဲလိုက္သည္။
" ေပက်င္းၿမိဳ႕က အက်ယ္ႀကီး... ခင္ဗ်ားဘယ္ေက်ာင္းမွာတက္ေနလဲဆိုတာေတာင္ သူ႕ကိုမေျပာခဲ့ဘဲနဲ႕ ခင္ဗ်ားကို လာရွာဖို႔ ေမွ်ာ္လင့္ေနတာလား။ "
" ေဝ့ဒါက သူအေမဆီက ယြမ္သုံးရာခိုးၿပီး တစ္လလုံး ေပက်င္းၿမိဳ႕မွာ ခင္ဗ်ားကို ရွာေနခဲ့တာ။
သူျပန္လာေတာ့ သူ႕အေမက သူ႕ကို ျပစ္ေျပးသြားၿပီ။ သူဒီလိုမ်ိဳးျဖစ္သြားတာ ဘာေၾကာင့္ဆိုတာေရာ ခင္ဗ်ား ေတြးၾကည့္ဖူးရဲ႕လား။ လြန္ခဲ့တဲ့ ငါးႏွစ္လုံး သူခံစားခဲ့ရတာေတြကို ခင္ဗ်ားနားလည္ေပးနိုင္မွာေတာင္မဟုတ္ဘူး။ "
လြီနင္ ပါးစပ္ကေန တစ္ခုခုကို ေျပာခ်င္ေပမယ့္ ေကာင္ေလးက ေျပာစရာစကားမရွိေတာ့တဲ့ပုံပင္။ သူက အေပၚထပ္ကို တက္သြားေလၿပီ။
" ခင္ဗ်ား အခုျပန္လိုက္ေတာ့... ေဝ့ဒါေၾကာင့္ ခင္ဗ်ားကို မရိုက္ေတာ့ဘူး... သူတို႔က မေန႕ကတည္းက ခင္ဗ်ားကို ေဒါသထြက္ေနတာ... ခင္ဗ်ားဒီေန႕လည္း ထပ္လာမွန္းသာ သူတို႔သိရင္ ဘာေတြျဖစ္မလဲဆိုတာ ကြၽန္ေတာ္လည္း မေျပာနိုင္ဘူး။ "
လြီနင္ ဆံပင္အတိုႏွင့္ေကာင္ေလးက အေပၚထပ္တက္သြားတာကို ေစာင့္ၿပီး ဒုတိယထပ္က ျပတင္းေပါက္ကို ေမာ့ၾကည့္လိုက္သည္။ ျပတင္းေပါက္က အေပါစား အျပာေရာင္လိုက္ကာနဲ႕ ကာထားေပမယ့္ အထဲကို မျမင္ရေပ။ လြီနင္ အခ်ိန္ခဏေလာက္ စူးစိုက္ၾကည့္ေနေပမယ့္ က်ဆင္းလာတဲ့ ႏွင္းမႈန္ေတြေၾကာင့္ သူ႕ျမင္ကြင္းက ပိုပိုေဝဝါးလာသည္။
" လနည္းနည္းေလးရွိေသးတယ္ အခုကတည္းက ႏွင္းေတြက်ေနၿပီ။ ရာသီဥတုကေတာ့ ဆိုးဆိုး႐ြား႐ြားပဲ။ "
ဘိလိယက္ခုံကို ေဆာ့လိုက္ရင္း ဆံပင္အတိုႏွင့္ ေကာင္ေလး အခန္းထဲကို ဝင္လာသည္။ ေဝ့ဒါက အိပ္ရာေပၚမွာထိုင္ၿပီး ပုံမွန္အတိုင္းပဲ သူ႕ဖုန္းနဲ႕ ကစားေနသည္။
" မင္းအစ္ကို ေရာက္ေနျပန္ၿပီ။ "
" အင္း..."
" သူ မေန႕တုန္းက အရိုက္ခံလိုက္ရတယ္။ "
" မင္း မေန႕တုန္းက ေျပာၿပီးၿပီေလ။ "
"…"
"…"
" တကယ္ေတာ့... မင္းအစ္ကိုက မင္းကို တကယ္ ဂ႐ုစိုက္တယ္လို႔ ငါထင္တယ္။ "
"…"
သူ႕အေရွ႕က လူရဲ႕မ်က္ႏွာက ဘာခံစားခ်က္မွ မရွိတာကို ျမင္ေတာ့ ဆံပင္အတိုႏွင့္ေကာင္ေလးက ခန္းဆီးစကို ျမႇောက္ၿပီး အျပင္ကို ျပလိုက္သည္။
" အျပင္မွာ အရမ္းေအးေနတယ္။ မင္းအစ္ကိုကို ၾကည့္ဦး။ ေဘာလုံးေလးလို ငုတ္တုတ္ေလးထိုင္ေနတယ္။ "
ေဝ့ဒါက သူ႕ကိုလ်စ္လ်ဴရွိၿပီး ဖုန္းဆက္ေဆာ့ေနသည္။
အခန္းထဲက အသံေတြ တိတ္ဆိတ္သြားသည္။ ဆံပင္အတိုႏွင့္ ေကာင္ေလးက ထိုင္ခုံကို ေ႐ႊ႕လိုက္ကာ ခန္းဆီးကို ၾကည့္ၿပီး ရယ္လိုက္သည္။
နံရံကေနတစ္ဆင့္ အျပင္ဘက္က ဆူညံသံေတြ ၾကားလိုက္ရသည္။
ေကာင္ေလးက ခန္းဆီးကို ဖြင့္ၿပီး အျပင္ဘက္ကို လွမ္းၾကည့္လိုက္သည္။
" ေဟ့... အကိုဝမ္ ျပန္လာၿပီ … ေဝ့ဒါ... မင္းအစ္ကို တစ္ခုခု ျဖစ္ေနၿပီထင္တယ္။ "
ေနာက္ဆုံးေတာ့ ေဝ့ဒါ ေခါင္းေထာင္လာၿပီ။
" ငါ တကယ္ေျပာေနတာ... ဒီနားလာၾကည့္လွည့္... "
လြီနင္ကို သတ္လတ္ပိုင္းအ႐ြယ္ လူတစ္ေယာက္က ဆြဲျမႇောက္ထားၿပီး သူ႕ေျခလက္ေတြက ေတာင့္တင္းေနၿပီး ေခါင္းက ေဘးကို ေစာင္းက်ေနသည္။ သတိလစ္သြားတဲ့ပုံပင္။
" ေဟ့ေကာင္... မင္းအစ္ကို ေသသြားၿပီ..."
ေကာင္ေလးက သူ႕ေခါင္းကိုေနာက္လွည့္ၿပီး ေျပာလိုက္ေပမယ့္ ေဝ့ဒါက အခန္းထဲမွာမရွိေတာ့။ သူလည္း ေဝ့ဒါေနာက္ကေန ေအာက္ထပ္ကို ျမန္ျမန္ေျပးဆင္းလိုက္ခဲ့သည္။
" လႊတ္လိုက္...!"
ေအာက္ထပ္က ေလထုက တင္းမာေနသည္။ သက္လတ္ပိုင္းအ႐ြယ္လူက ေဝ့ဒါကို ခက္ထန္ေနတဲ့ မ်က္ႏွာႏွင့္ ၾကည့္လာသည္။
" ေဝ့ဒါ မင္းေလသံက ဘာျဖစ္ေနတာလဲ။ "
" ခင္ဗ်ားကို လႊတ္လိုက္လို႔ ေျပာေနတယ္။ "
ေဝ့ဒါအသံက တည္ၿငိမ္ေနေပမယ့္ သူ႕ရဲ႕ ဒီလို ခက္ထန္ၾကမ္းၾကဳတ္ေနတဲ့ အသြင္အျပင္မ်ိဳးကို အရင္က ဘယ္သူမွ မျမင္ဖူးေပ။
" မင္း ဘယ္သူ႕ကို ျပန္ေျပာေနတာလဲဆိုတာ သ္ိရဲ႕လား!"
" သူ႕ကို လႊတ္လိုက္!"
ေဝ့ဒါက လူႀကီးကို စၿပီး လက္သီးနဲ႕ ထိုးလိုက္သည္။
" မင္း …"
လူႀကီးက ေဝ့ဒါလက္သီးကို လွမ္းဆုပ္လိုက္ၿပီး ေၾကာက္စရာေကာင္းစြာ ၾကည့္လာသည္။
" မင္းက ဆက္ၿပီး အသက္မရွင္ခ်င္ေတာ့ဘူးေပါ့... ဟုတ္လား။ "
"ေဟ့... !"
ဆံပင္အတိုႏွင့္ ေကာင္ေလးက ေဝ့ဒါခါးကို လွမ္းဆြဲလိုက္ၿပီး လူႀကီးကို ၿပံးျပလိုက္သည္။
" အကိုဝမ္ စိတ္မဆိုးပါနဲ႕... သူက ေဝ့ဒါအစ္ကိုမလို႔ပါ... "
အကိုဝမ္လို႔ေခၚတဲ့လူက ေဝ့ဒါကို တစ္ခ်က္လွမ္းၾကည့္ၿပီး လႊတ္ေပးလိုက္သည္။
" အ႐ူးလိုေတြ မလုပ္စမ္းနဲ႕..."
ဆံပင္အတိုႏွင့္ေကာင္ေလးက တိုးတိုးေလးကပ္ေျပာကာ ေဝ့ဒါခါးကို လႊတ္ေပးလိုက္သည္။
ေဝ့ဒါ လြီနင္ကို ေပြ႕ၿပီး ဒဏ္ရာေတြကို စစ္ေဆးလိုက္သည္။ သူ႕ရဲ႕ ခ်ဳပ္တည္းထားတဲ့ အသံက က်ယ္ေလာင္စြာ ထြက္ေပၚလာသည္။
" ဘာလို႔ သူ႕ကို ရိုက္တာလဲ။ "
" ဘာ..."
" ဘာလို႔ သူ႕ကိုရိုက္တာလဲလို႔ ေမးေနတယ္ေလ!"
အကိုဝမ္ကို လူေတြက ေလးစားၾကေပမယ့္ ေဝ့ဒါေၾကာင့္ သူတုန္လႈပ္သြားရသည္။
" ဒီလူက မင္းကို ငါတို႔အလုပ္ေတြကို လုပ္ခြင့္မျပဳနိုင္ဘူးလို႔ေျပာတယ္။ မင္းက ငါတို႔နဲ႕ ႏွစ္ေတြအၾကာႀကီး ေနလာခဲ့ေပမယ့္ သူခြင့္မျပဳရင္ မလုပ္နိုင္ဘူးတဲ့။ "
လြီနင္က ႀကီးႀကီးမားမား ထိခိုက္မႈမရွိေပမယ့္ သူ႕ႏွဖူးကေတာ့ ဖူးေယာင္ေနသည္။ ေဝ့ဒါရဲ႕ လက္ေအးေအးႏွင့္ ထိမိသြားေတာ့ လြီနင္မ်က္ခုံးေတြ ႀကဳံ႕သြားသည္။
သူမွာ အဖ်ားရွိေနတာပဲ...
သူ႕အပူခ်ိန္က သာမန္ထက္ျမင့္ေနၿပီး ေဝ့ဒါလက္ဖဝါးေတာင္ ပူေလာင္လာသည္။
အရမ္းပူေနတာပဲ...
ေသြးသားေတာ္စပ္မႈကဘာလဲ... ညီအစ္ကိုေတာ္စပ္မႈက ဘယ္လိုလဲဆိုတာကို ေဝ့ဒါနားမလည္ဘူး။ သူသိတာ သူနဲ႕ ဒီလူသားကို မေရတြက္နိုင္တဲ့ ေႏွာင္ႀကိဳးေတြက ရစ္ပတ္ထားတယ္ဆိုတာပဲ။
လြီနင္လို႔ ေခၚတဲ့ ဒီလူသားက ေသြးသားေတာ္စပ္မႈဆိုတဲ့ ပိုက္ကြန္ကို ဖန္တီးထားတဲ့လူပဲ။ တစ္ေယာက္ကိုတစ္ေယာက္ ေထြးပိုက္ထားတာေၾကာင့္ လြတ္ေျမာက္ဖို႔လည္းမစြမ္းနိုင္သလို ႐ုန္းထြက္ခြင့္လည္း မရွိေတာ့ဘူး။
ကြၽန္ေတာ္ေတာ့ ခင္ဗ်ားပိုက္ကြန္ထဲက မလြတ္ေျမာက္နိုင္ေတာ့ဘူး.... ခင္ဗ်ားေရာ ကြၽန္ေတာ္ဆီက လြတ္ေျမာက္နိုင္ရဲ႕လား....
" အကိုဝမ္ ဘာျဖစ္လို႔လဲ။ "
" အကိုဝမ္... "
အေပၚထပ္မွာ ဘိလိယက္ကစားေနတဲ့ ေကာင္ေလးေတြက ေအာက္ထက္ကို ႏွစ္ေယာက္တစ္တြဲဆင္းလာၿပီး အကိုဝမ္ေဘးမွာရပ္လိုက္ၾကသည္။ ဒါေၾကာင့္ သူက ျပန္ၿပီးယုံၾကည္မႈရွိလာတာ ေမးလိုက္သည္။
" ေဝ့ဒါ.... မင္း ဘာျဖစ္ခ်င္တာလဲ။ "
"ပ်င္းစရာေကာင္းတယ္..."
ေဝ့ဒါက ေအးေအးေဆးေဆးပဲ ျပန္ေျဖလိုက္သည္။
" အကိုဝမ္ အရင္ႏွစ္ေတြမွာ ကြၽန္ေတာ့္ကို ေစာင့္ေရွာက္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္ ဒီထက္ပိုၿပီး အကိုအတြက္ အလုပ္လုပ္မေပးနိုင္ေတာ့ဘူး။ "
……
……
တစ္ခုခုက သူ႕မ်က္ႏွာေပၚ က်လာၿပီး ခ်က္ခ်င္းပဲ အရည္ေပ်ာ္သြားသည္။ ဒါက အရမ္း အရမ္းေအးၿပီး အရမ္းလည္း သက္ေတာင့္သက္သာရွိသည္။
လြီနင္ သူ႕မ်က္လုံးေတြကို ျပန္ဖြင့္လိုက္ေတာ့ ကမာၻႀကီးက ျဖဴေဖြးေနၿပီး သူ႕ေဘးက သစ္ပင္ေတြေရာ လမ္းေတြေပၚမွာပါ ႏွင္းလႊာထူထူေတြနဲ႕ ဖုံးလႊမ္းေနသည္။
" ေဝ့...ဒါ..."
လြီနင္ ဇေဝဇဝါနဲ႕ သူ႕ကိုသယ္ထားတဲ့သူရဲ႕ နာမည္ကို ေခၚလိုက္သည္။
" ကိုကို ... ခဏေလာက္ေစာင့္ဦးေနာ္... ကြၽန္ေတာ္တို႔ မၾကာခင္ အိမ္ျပန္ေရာက္ေတာ့မွာ... "
" ဘာလို႔ ကားမငွားတာလဲ...."
" သူတို႔က ပိုက္ဆံအိတ္ကို ယူသြားၾကတယ္။ "
" အင္း…"
သူဦးေႏွာက္က အဖ်ားေၾကာင့္ ဘာေတြျဖစ္ပ်က္ေနလဲဆိုတာကို မသိေပမယ့္ သူဘာကို ေမးသင့္လဲဆိုတာေတာ့ မွတ္မိေနတုန္းပဲ။
" ဒါဆို... အိမ္ျပန္လာေတာ့မွာလား။"
" အင္း ... ကိုကိုနဲ႕ ျပန္လိုက္ခဲ့ၿပီေလ "
ေဝ့ဒါက ႏူးညံ့စြာ ျပန္ေျဖလာသည္။
" ဒါေပမယ့္ တစ္ေန႕ေန႕က်ရင္ ကြၽန္ေတာ္က ကိုကိုကို ထိခိုက္ေစလိမ့္မယ္။ "
" ဘာမွမျဖစ္ဘူး... မင္းက ငါ့ညီေလးပဲ။ "
ႏွင္းေတြက လြီနင္မ်က္လုံးေတြကို မႈန္ဝါးေစဖို႔ လုံေလာက္တာထက္ပိုေနၿပီ။ ထို႔ေၾကာင့္ လြီနင္ သူ႕ညီမ်က္ႏွာေပၚက ဒဏ္ရာေတြကို မျမင္ရဘဲ ေပ်ာ္႐ႊင္ေနေလသည္။
" ေဝ့ဒါ...."
" ဟမ္..."
" အတိတ္မွာ ဘယ္ေလာက္မွားခဲ့လဲဆိုတာေတြက အေရးမႀကီးပါဘူး။ ဒါက မေကာင္းမႈေတြထပ္လုပ္ျဖစ္ဖို႔ ဆင္ေျခသက္သက္ပဲ။ "
လြီနင္ သူ႕ညီရဲ႕ ပုခုံးေပၚကို မွီလိုက္ၿပီး တိုးတိုးေလးကပ္ေျပာလိုက္သည္။
" ငါတို႔ရဲ႕ သာမန္ဘဝေလးကို အတူတူ ျပန္စၾကစို႔..."
" ကြၽန္ေတာ္ သိပါၿပီ…"
ေဝ့ဒါကလည္း တိုးတိုးေလး ျပန္ေျဖလိုက္သည္။
လြီနင္ သူၿပဳံးလိုက္မိလားမသိေပမယ့္ ကေလးငယ္ေလးက သူ႕ကိုေက်ာေပၚတင္ၿပီး လမ္းေလွ်ာက္နိုင္တဲ့အထိ ေကာင္းေကာင္းႀကီးျပင္းလာတာကို သိရေတာ့ သူမွာဘာေမွ်ာ္လင့္ခ်က္တစ္ခုမွ မရွ္ိေတာ့... ဒီအခိုက္အတန့္ေလးကိုသာ ျမတ္နိုးမိေလသည္။