ထိုမှစခဲ့သော အချစ်များစွာသည်

Por Fiendyy

638K 69.1K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... Más

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210

17

6.7K 817 1
Por Fiendyy

Unicode

အခန်း ၁၇ ) လုချီကိုအခွင့်အရေးယူတာနင့်အတွက်ကောင်းပါ့မလား

လုမန် ဟိုတယ်မှထွက်၍ တက္ကစီလှမ်းခေါ်လိုက်သည်။

အနောက်ခန်းကို ရောက်ပြီဆိုတာနှင့် ဖုန်းတန်းခေါ်လိုက်ကာ၊

“ ထန်းကျိ ငါပါ ”
ထန်းကျိသည် သတင်းထောက်ဖြစ်သည်။
မတိုင်ခင်ကတည်းက လုချီသတင်းတွေလိုက်နေသူဖြစ်ကာ လုချီ ဘော်ဒီဂတ်နှင့်ပင် ပြဿနာတက်သွားခဲ့ဖူးသည်။

ထိုအချိန်က ဘော်ဒီဂတ်သည် ပိန်ပါးလှသော ထန်းကျိကို အလွယ်သိပ်နိုင်ခဲ့ကာ ထန်းကျိကင်မရာလည်း မုန့်မုန့်ညက်ညက် ကြေခါနီးပင် ဖြစ်သွားခဲ့၏။

အခုမှ အလုပ်စဝင်ကာစ ထန်းကျိကို ထိုအချိန်က စီနီယာတွေကလည်း အခွင့်အရေးယူခဲ့သည်။

သူ့ခမျာ သူများတွေလျစ်လျူရှုတာကို ခံလိုက်ရ၊ စီနီယာတွေအနိုင်ကျင့်တာကိုခံလိုက်ရနှင့်မို့ မြင်နေရသည့် လုမန်က စာနာစိတ်ဝင်ပြီး ဖေးဖကူညီဖြစ်ခဲ့သည်။

ဒီလိုအဖြစ်အပျက်လေးကြောင့် သူမတို့နှစ်ယောက်ကြားမှာ သူငယ်ချင်းဆက်ဆံရေးတစ်ခု တိုးပွားလာမည် မထင်ခဲ့သော်လည်း သူမဟာ ထန်ကျိနှင့် သူငယ်ချင်းကောင်းတွေ ဖြစ်လာခဲ့သည်။

“ ဟေ့ ရှောင်မန် ”
ထန်းကျိဘက်က ပွက်လောရိုက်နေသည်။ စကားပြောသံတွေလည်း လုမန် ကြားရ၏။ 
“ လုပ်ပါ မြန်မြန်ရွှေ့စမ်း ”

“ ဘာတွေဖြစ်နေတာလဲ. . နင် ဘယ်မှာလဲ ”

“ ဟမ် နင် မသိဘူးလား ”
ထန်းကျိက မယုံသင်္ကာစွာ မေးလာလို့ 
“ ငါက နင့်ကို ​မေးတော့မလို့ ငါသိရသလောက်တော့ ဒါရိုက်တာလုဟန်လိဒဏ်ရာရပြီး ဆေးရုံတင်လိုက်ရတယ်တဲ့။ ဒီဖြစ်ရပ်မှာ နာမည်ကြီးမင်းသမီးတချို့ပါနေတယ်လို့လည်းကြားတယ်။ ဒါပေမယ့် ဘယ်သူမှန်းတော့ မသိရသေးဘူး။ ငါ့သူငယ်ချင်းဆီက ကြားတာတော့ လုချီက အခု ရဲစခန်းမှာ စစ်ဆေးခံနေရတယ်တဲ့လေ။ ငါလည်း အံ့သြလို့ပါ အဲဒါ ဒီကိစ္စက လုချီနဲ့ ပတ်သက်နေနိုင်လား နင်သိရင် ပြောပြစမ်းပါ ”

တကယ်တော့ လုမန်ကလည်း ဒီအကြောင်းတွေ ပြောပြဖို့ သူ့ကို ဖုန်းဆက်လိုက်တာဖြစ်သည်။ မေးခွန်းကိုကြားတော့ ပြုံးမိလိုက်၏။
“ ဟုတ်တယ်လေ လုချီနဲ့ဆိုင်တယ် ”

“ ကျွတ်! ဒါ တကယ့်သတင်းကြီးပဲ!!
ရှောင်မန် နင်က အံ့ဖွယ်သူငယ်ချင်းကြီးပါလား! ”
ထန်ကျိက အပျော်လွန်ပြီး ထတောင်ခုန်သည်။ သူ့စိတ်ထဲမှာတော့ အကျင့်ပျက်ခြစားသော အဖြစ်အပျက်တွေနှင့် လျှို့ဝှက်ချက်တွေကို ဇာတ်လမ်းတစ်ပုဒ်ရေးဖို့ အကြံတွေပြည့်နေ၏။

လုမန် ရယ်မောပစ်လိုက်ကာ . . .
“ အေး . . ဆေးရုံမှာ ထောက်လှမ်းမနေတော့နဲ့။ လုဟန်လိက ဒဏ်ရာနည်းနည်းပြင်းလို့ သတိပါလစ်သွားတာ။ ချက်ချင်းကြီး သတိရဦးမှာ မဟုတ်ဘူး။ ငါ့အိမ်မှာသာ လာစောင့်နေလိုက် ခဏနေရင် ပွဲကြီးပွဲကောင်းရှိလိမ့်မယ် ”

“ ရဲစခန်းကို သွားမစောင့်ရတော့ဘူးလား . .
လုချီကိုတောင် တွေ့ချင်တွေ့နေမှာ ”

“ နင်က သောက်ပိန်းလား . . လုချီရဲစခန်းကိုသွားတာအစစ်ဆေးခံဖို့ဟဲ့ အရေးယူမခံရဘူးဆိုရင် အိမ်ကို ပြန်လာမှာပဲ ဟုတ်ပြီလား . . နင်တို့တွေလုဟန်လိနဲ့လည်း တွေ့လို့မရဘူး ရဲစခန်းမှာလုချီရောက်နေတယ်သိလို့လည်း အကုန် ရဲစခန်းကိုပြေးကုန်ကြပြီမလား . . အဲ့တော့ နင်က ငါ့အိမ်ကို စောစောလာပြီး ပွဲမစခင် ဖျာခင်းထားလိုက် ”

“ ပေါက်ပြီ! ပေါက်ပြီ! ပေါက်ပြီ! ”
သူ့ရှေ့ကလူအုပ်ကိုကြည့်ပြီး ထန်းကျိက တိတ်တိတ်လေး အနောက်ဆုတ်ကာ ပြေးထွက်လာလိုက်သည်။

လမ်းလျှောက်ရင်းနှင့်မှ
“ ဒါပေမဲ့ လုချီကို အခွင့်အရေးယူတာ နင့်အတွက်ကောင်းပါ့မလား ”

“ ဘာကို ‘ အခွင့်အရေးယူတယ် ’ ဖြစ်ရမှာလဲ. . နင်စကားကိုကြည့်ပြောနော် . . ငါက နင့်အကျိုးအတွက် လုပ်ပေးနေတာ ”
လုမန် သူမမျက်လုံးတွေကို မှေးကျဥ်းပစ်လိုက်သည်။

“ အေးပါ အေးပါ အေးပါ ”
ထန်းကျိက သူ့ပါးစပ်သူ ဖတ်ခနဲ ရိုက်ပစ်သည်။
“ လွှတ်ခနဲပြောမိသွားတာပါကွာ ”

လုမန် နှင့် လုချီ ကြားက အက်ကြောင်းထင်နေသည့် ဆက်ဆံရေးကို ထန်းကျိက နည်းနည်းလေးပဲသိတာဖြစ်သည်။

ထန်းကျိနဲ့လုမန် ပိုပိုခင်လာသည်နှင့်အမျှ လုမန်ထုတ်မပြောဘဲနှင့် သူမတို့နှစ်ယောက်ကြားမှာ တစ်ခုခုဖြစ်ထားမှန်း ထန်းကျိ သိသည်။

သူတို့နှစ်ယောက်အချင်းချင်းယုံကြည်မှုရပြီဆိုမှ လုမန်က သူ့ကို အတွင်းရေးတွေ နည်းနည်းတိုးပြောပြတာဖြစ်သည်။ 

“ ပြီး , သူက ငါ့ကို ချောက်ချဖို့တောင် ကြံလိုက်သေးတယ်။ ငါသာ အပြေးမတော်ရင် သူ့အစား ခံနေရလောက်ပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ငါက သူ့ကို တမင်ထိခိုက်အောင်လုပ်တာမှမဟုတ်တာ အမှန်တရားကိုချပြဖို့ ကြိုးစားရုံလေးပဲ။ အဲဒါကြောင့် ငါ့အိမ်မှာ လာစောင့်နေစမ်းပါ . . ခဏနေရင် သတင်းကြီးတစ်ခုရလိမ့်မယ် ”

“ သတင်းကြီးတာ မကြီးတာက ကိစ္စမရှိပါဘူး . . နည်းနည်းလောက်​ ပြေးလိုက်လွှားလိုက်ရရင်ပဲ ငါ့အတွက် သတင်းတွေရနေပါပြီ . . ဒါပေမဲ့ နင်ပဲ နင့်အဖေက လုချီဘက်ကချည်းရပ်တည်တာ. . နင် နည်းနည်းလောက်တော့ သတိရှိသင့်တယ် ”
ထန်းကျိက သူမအတွက် စိတ်ပူလို့ အကြံပေးလာသည်။

“ အေးပါ ငါ နားလည်ပါတယ် ”

ဖုန်းချပြီးတာနှင့် သူမ သက်ပြင်းအရှည်ကြီး ချပစ်လိုက်သည်။

အရင်ဘဝမှာလည်း ထောင်ထဲရောက်နေတဲ့အကြောင်း သူမမေမေကို မပြောပြဝံ့လို့ ထန်းကျိကို အမေ့ဆီမကြာမကြာသွားလည်ပေးဖို့ တောင်းဆိုခဲ့ဖူးသည်။ 

ထိုနှစ်တွေမှာ ထန်းကျိက သူမကို အများကြီး အကူအညီပေးခဲ့သည်။

ထောင်ထဲရောက်နေတဲ့ သူမက ဘယ်လိုများ ဝင်ငွေရှိနိုင်မှာတဲ့လဲ . . .

ထန်းကျိကပဲ သူမမေမေရဲ့ဆေးဖိုးဝါးခတွေအားလုံးကို တာဝန်ယူဖြေရှင်းပေးခဲ့ကာ အိမ်ကိုလည်း ထောက်ပံ့ပေးခဲ့သည်။

==================================

Zawgyi


အခန္း ၁၇ ) လုခ်ီကိုအခြင့္အေရးယူတာနင့္အတြက္ေကာင္းပါ့မလား

လုမန္ ဟိုတယ္မွထြက္၍ တကၠစီလွမ္းေခၚလိုက္သည္။

အေနာက္ခန္းကို ေရာက္ၿပီဆိုတာႏွင့္ ဖုန္းတန္းေခၚလိုက္ကာ၊

“ ထန္းက်ိ ငါပါ ”
ထန္းက်ိသည္ သတင္းေထာက္ျဖစ္သည္။
မတိုင္ခင္ကတည္းက လုခ်ီသတင္းေတြလိုက္ေနသူျဖစ္ကာ လုခ်ီ ေဘာ္ဒီဂတ္ႏွင့္ပင္ ျပႆနာတက္သြားခဲ့ဖူးသည္။

ထိုအခ်ိန္က ေဘာ္ဒီဂတ္သည္ ပိန္ပါးလွေသာ ထန္းက်ိကို အလြယ္သိပ္ႏိုင္ခဲ့ကာ ထန္းက်ိကင္မရာလည္း မုန္႔မုန္႔ညက္ညက္ ေၾကခါနီးပင္ ျဖစ္သြားခဲ့၏။

အခုမွ အလုပ္စဝင္ကာစ ထန္းက်ိကို ထိုအခ်ိန္က စီနီယာေတြကလည္း အခြင့္အေရးယူခဲ့သည္။

သူ႔ခမ်ာ သူမ်ားေတြလ်စ္လ်ူရႈတာကို ခံလိုက္ရ၊ စီနီယာေတြအႏိုင္က်င့္တာကိုခံလိုက္ရႏွင့္မို႔ ျမင္ေနရသည့္ လုမန္က စာနာစိတ္ဝင္ၿပီး ေဖးဖကူညီျဖစ္ခဲ့သည္။

ဒီလိုအျဖစ္အပ်က္ေလးေၾကာင့္ သူမတို႔ႏွစ္ေယာက္ၾကားမွာ သူငယ္ခ်င္းဆက္ဆံေရးတစ္ခု တိုးပြားလာမည္ မထင္ခဲ့ေသာ္လည္း သူမဟာ ထန္က်ိႏွင့္ သူငယ္ခ်င္းေကာင္းေတြ ျဖစ္လာခဲ့သည္။

“ ေဟ့ ေရွာင္မန္ ”
ထန္းက်ိဘက္က ပြက္ေလာရိုက္ေနသည္။ စကားေျပာသံေတြလည္း လုမန္ ၾကားရ၏။ 
“ လုပ္ပါ ျမန္ျမန္ေရႊ့စမ္း ”

“ ဘာေတျြဖစ္ေနတာလဲ. . နင္ ဘယ္မွာလဲ ”

“ ဟမ္ နင္ မသိဘူးလား ”
ထန္းက်ိက မယံုသကၤာစြာ ေမးလာလို႔ 
“ ငါက နင့္ကို ​ေမးေတာ့မလို႔ ငါသိရသေလာက္ေတာ့ ဒါရိုက္တာလုဟန္လိဒဏ္ရာရၿပီး ေဆးရံုတင္လိုက္ရတယ္တဲ့။ ဒီျဖစ္ရပ္မွာ နာမည္ႀကီးမင္းသမီးတခ်ိဳ႕ပါေနတယ္လို႔လည္းၾကားတယ္။ ဒါေပမယ့္ ဘယ္သူမွန္းေတာ့ မသိရေသးဘူး။ ငါ့သူငယ္ခ်င္းဆီက ၾကားတာေတာ့ လုခ်ီက အခု ရဲစခန္းမွာ စစ္ေဆးခံေနရတယ္တဲ့ေလ။ ငါလည္း အံ့ၾသလို႔ပါ အဲဒါ ဒီကိစၥက လုခ်ီနဲ႔ ပတ္သက္ေနႏိုင္လား နင္သိရင္ ေျပာျပစမ္းပါ ”

တကယ္ေတာ့ လုမန္ကလည္း ဒီအေၾကာင္းေတြ ေျပာျပဖို႔ သူ႔ကို ဖုန္းဆက္လိုက္တာျဖစ္သည္။ ေမးခြန္းကိုၾကားေတာ့ ၿပံဳးမိလိုက္၏။
“ ဟုတ္တယ္ေလ လုခ်ီနဲ႔ဆိုင္တယ္ ”

“ ကြၽတ္! ဒါ တကယ့္သတင္းႀကီးပဲ!!
ေရွာင္မန္ နင္က အံ့ဖြယ္သူငယ္ခ်င္းႀကီးပါလား! ”
ထန္က်ိက အေပ်ာ္လြန္ၿပီး ထေတာင္ခုန္သည္။ သူ႔စိတ္ထဲမွာေတာ့ အက်င့္ပ်က္ျခစားေသာ အျဖစ္အပ်က္ေတြႏွင့္ လ်ိႈ႔ဝွက္ခ်က္ေတြကို ဇာတ္လမ္းတစ္ပုဒ္ေရးဖို႔ အႀကံေတျြပည့္ေန၏။

လုမန္ ရယ္ေမာပစ္လိုက္ကာ . . .
“ ေအး . . ေဆးရံုမွာ ေထာက္လွမ္းမေနေတာ့နဲ႔။ လုဟန္လိက ဒဏ္ရာနည္းနည္းျပင္းလို႔ သတိပါလစ္သြားတာ။ ခ်က္ခ်င္းႀကီး သတိရဦးမွာ မဟုတ္ဘူး။ ငါ့အိမ္မွာသာ လာေစာင့္ေနလိုက္ ခဏေနရင္ ပြဲႀကီးပြဲေကာင္းရိွလိမ့္မယ္ ”

“ ရဲစခန္းကို သြားမေစာင့္ရေတာ့ဘူးလား . .
လုခ်ီကိုေတာင္ ေတြ့ခ်င္ေတြ့ေနမွာ ”

“ နင္က ေသာက္ပိန္းလား . . လုခ်ီရဲစခန္းကိုသြားတာအစစ္ေဆးခံဖို႔ဟဲ့ အေရးယူမခံရဘူးဆိုရင္ အိမ္ကို ျပန္လာမွာပဲ ဟုတ္ၿပီလား . . နင္တို႔ေတြလုဟန္လိနဲ႔လည္း ေတြ့လို႔မရဘူး ရဲစခန္းမွာလုခ်ီေရာက္ေနတယ္သိလို႔လည္း အကုန္ ရဲစခန္းကိုေျပးကုန္ၾကၿပီမလား . . အဲ့ေတာ့ နင္က ငါ့အိမ္ကို ေစာေစာလာၿပီး ပြဲမစခင္ ဖ်ာခင္းထားလိုက္ ”

“ ေပါက္ၿပီ! ေပါက္ၿပီ! ေပါက္ၿပီ! ”
သူ႔ေရ႔ွကလူအုပ္ကိုၾကည့္ၿပီး ထန္းက်ိက တိတ္တိတ္ေလး အေနာက္ဆုတ္ကာ ေျပးထြက္လာလိုက္သည္။

လမ္းေလ်ွာက္ရင္းႏွင့္မွ
“ ဒါေပမဲ့ လုခ်ီကို အခြင့္အေရးယူတာ နင့္အတြက္ေကာင္းပါ့မလား ”

“ ဘာကို ‘ အခြင့္အေရးယူတယ္ ’ ျဖစ္ရမွာလဲ. . နင္စကားကိုၾကည့္ေျပာေနာ္ . . ငါက နင့္အက်ိဳးအတြက္ လုပ္ေပးေနတာ ”
လုမန္ သူမမ်က္လံုးေတြကို ေမွးက်ဥ္းပစ္လိုက္သည္။

“ ေအးပါ ေအးပါ ေအးပါ ”
ထန္းက်ိက သူ႔ပါးစပ္သူ ဖတ္ခနဲ ရိုက္ပစ္သည္။
“ လႊတ္ခနဲေျပာမိသြားတာပါကြာ ”

လုမန္ ႏွင့္ လုခ်ီ ၾကားက အက္ေၾကာင္းထင္ေနသည့္ ဆက္ဆံေရးကို ထန္းက်ိက နည္းနည္းေလးပဲသိတာျဖစ္သည္။

ထန္းက်ိနဲ႔လုမန္ ပိုပိုခင္လာသည္ႏွင့္အမ်ွ လုမန္ထုတ္မေျပာဘဲႏွင့္ သူမတို႔ႏွစ္ေယာက္ၾကားမွာ တစ္ခုခုျဖစ္ထားမွန္း ထန္းက်ိ သိသည္။

သူတို႔ႏွစ္ေယာက္အခ်င္းခ်င္းယံုၾကည္မႈရၿပီဆိုမွ လုမန္က သူ႔ကို အတြင္းေရးေတြ နည္းနည္းတိုးေျပာျပတာျဖစ္သည္။ 

“ ၿပီး , သူက ငါ့ကို ေခ်ာက္ခ်ဖို႔ေတာင္ ႀကံလိုက္ေသးတယ္။ ငါသာ အေျပးမေတာ္ရင္ သူ႔အစား ခံေနရေလာက္ၿပီ။ ဘယ္လိုပဲျဖစ္ျဖစ္ ငါက သူ႔ကို တမင္ထိခိုက္ေအာင္လုပ္တာမွမဟုတ္တာ အမွန္တရားကိုခ်ျပဖို႔ ႀကိဳးစားရံုေလးပဲ။ အဲဒါေၾကာင့္ ငါ့အိမ္မွာ လာေစာင့္ေနစမ္းပါ . . ခဏေနရင္ သတင္းႀကီးတစ္ခုရလိမ့္မယ္ ”

“ သတင္းႀကီးတာ မႀကီးတာက ကိစၥမရိွပါဘူး . . နည္းနည္းေလာက္​ ေျပးလိုက္လႊားလိုက္ရရင္ပဲ ငါ့အတြက္ သတင္းေတြရေနပါၿပီ . . ဒါေပမဲ့ နင္ပဲ နင့္အေဖက လုခ်ီဘက္ကခ်ည္းရပ္တည္တာ. . နင္ နည္းနည္းေလာက္ေတာ့ သတိရိွသင့္တယ္ ”
ထန္းက်ိက သူမအတြက္ စိတ္ပူလို႔ အႀကံေပးလာသည္။

“ ေအးပါ ငါ နားလည္ပါတယ္ ”

ဖုန္းခ်ၿပီးတာႏွင့္ သူမ သက္ျပင္းအရွည္ႀကီး ခ်ပစ္လိုက္သည္။

အရင္ဘဝမွာလည္း ေထာင္ထဲေရာက္ေနတဲ့အေၾကာင္း သူမေမေမကို မေျပာျပဝံ့လို႔ ထန္းက်ိကို အေမ့ဆီမၾကာမၾကာသြားလည္ေပးဖို႔ ေတာင္းဆိုခဲ့ဖူးသည္။ 

ထိုႏွစ္ေတြမွာ ထန္းက်ိက သူမကို အမ်ားႀကီး အကူအညီေပးခဲ့သည္။

ေထာင္ထဲေရာက္ေနတဲ့ သူမက ဘယ္လိုမ်ား ဝင္ေငြရိွႏိုင္မွာတဲ့လဲ . . .

ထန္းက်ိကပဲ သူမေမေမရဲ့ေဆးဖိုးဝါးခေတြအားလံုးကို တာဝန္ယူေျဖရွင္းေပးခဲ့ကာ အိမ္ကိုလည္း ေထာက္ပံ့ေပးခဲ့သည္။

==================================

Seguir leyendo

También te gustarán

38.1K 2K 17
When Boun Guntachai's parents discovered their son was gay, they vowed to never interfere or sabotage his relationships, but he never imagined in a m...
57.7K 3.1K 17
Kim Taehyung is your gay bestfriend. But he's always there for you He's there to help you fight your trauma. He's there to protect you. What if, one...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
36.8K 2.4K 31
လျန်ကျီရွှမ်း(သူမ)မိသားစုက သူမ(လျန်ကျီရွှမ်း)ကိုအသုံးချတယ်၊ သူမရည်းစားက သူမကို လိမ်လည်ပြီး မိထွေးသမီးနဲ့ ပေါင်းသင်းပြီး နောက်ဆုံးမှာ သူတို့လက်ချက်နဲ့...