Unicode
လွီနင် လှေကားရင်းမှာ တစ်ညလုံးထိုင်နေခဲ့သည်။
ကောင်းကင်မှာ နေထွက်လာချိန် အပေါ်ထပ်က တံခါးဖွင့်သံကြားလိုက်ရသည်။ နောက် လူတစ်ယောက် အော်သံထွက်ပေါ်လာသည်။
" ဒီကမိတ်ဆွေလေး ပိုက်ဆံအိတ်ပျောက်သေးလား... ကိုယ်တို့တံခါးနားက ဟင်းရွက်အိုးနားလောက်မှာ မတွေ့ဘူးလား။ "
" ကျွန်တော် မနေ့ကတော့ မတွေ့မိဘူး။ "
" မင်း သေချာမကြည့်လို့ဖြစ်မယ်။ တံခါးပေါက်နားမှာလေ..."
တံခါးပိတ်လိုက်တဲ့အသံကြောင့် စကားစပြတ်သွားသည်။ လွီနင် သူ့ဘောင်းဘီကို ဆွဲမကာ ထရပ်လိုက်သည်။
တစ်ညလုံး ဒေါသထွက်ပြီးနောက်တော့ သူစိတ်တည်ငြိမ်သွားပြီ။
လွီနင် မနေ့ညတုန်းက ဝေ့ဒါကို ပြောခဲ့တာတွေအတွက် နောင်တရမိသည်။ သူ ဝေ့ဒါလုပ်ရပ်တွေကို နားမလည်ပေမယ့် သူ့ကိုယ်သူပဲ အပြစ်တင်ကာ စိတ်လျှော့လိုက်သည်။
သူအစကတည်းက မှားနေခဲ့တာ ဖြစ်မယ်။ ဝေ့ဒါကို လမ်းကြောင်းမှန်အောင် ပြုပြင်ပေးချင်ပေမယ့် ဝေ့ဒါ၏ ကိုယ်ပိုင်အတွေးတွေကိုတော့ ဘယ်တုန်းကမှ မမေးခဲ့မိဘူး။
အခုတော့ သူ့ညီအကြောင်း ဘာတစ်ခုမှ သူမသိတာကို နားလည်လိုက်ပြီ။
ဝေ့ဒါပြန်လာရင် လွီနင် သူနဲ့ သေချာစကားပြောရမယ်။ ဒါပေမယ့် ဝေ့ဒါကတော့ ပြန်မလာခဲ့....
ညနေပိုင်းရောက်လာတာတောင် ဝေ့ဒါပေါ်မလာခဲ့ပေ။ လွီနင် နောက်ဆုံးတော့ စိတ်ပူလာရပြီ။ လွီနင် တံခါးပေါ်မှာ စာတိုလေးကပ်ပြီး ဂျာကင်အင်္ကျီကိုယူကာ အပြင်ထွက်ခဲ့လိုက်သည်။
အခုမှပဲ မြို့တော်က သူထင်ထားတာထက် ပိုကျယ်မှန်း သိရတော့သည်။ စီးပွားရေးနယ်မြေ၊ စက်မှုဇုန်၊ လူနေရပ်ကွက် အကြီးအသေးတွေနဲ့ ပြည့်နေသည်။
ဒီလိုနေရာအကျယ်ကြီးမှာ တစ်စုံတစ်ယောက်ကိုရှာရတာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုပဲ။
*************************
" ထွက်သွားတယ်.... ဘာဖြစ်လို့လဲ...."
လျိုကျင်းက ဖုန်းထဲကနေ အံသြတကြီး မေးလာသည်။
"အင်း …ငါသူ့ကို ဆူလိုက်လို့..."
လွီနင် မပီမသပြန်ဖြေလိုက်သည်။
" နင်က လူတစ်ယောက်ကို ဘယ်လိုဆူရမလဲဆိုတာ သိတယ်ပေါ့။ ဘာတွေဖြစ်သွားလို့လဲ။ "
" ထားလိုက်တော့... ငါ သူဘယ်သွားလဲပဲ သိချင်တာ။ "
လျိုကျင်း သက်ပြင်းချလိုက်မိသည်။
" နင် ကားဂိတ်တို့ ရထားဘူတာတို့ သွားကြည့်ပြီးပြီလား။ ခါးပိုက်နှိုက်တွေ.... အဟမ်း....သူတို့က အဲ့လိုနေရာတွေမှာ လူစုတတ်ကြတယ်မလား.... "
ခရီးသွားရာသီမဟုတ်ပေမယ့် တနင်္ဂနွေနေ့မှာတောင် ဘူတာရုံက လူတွေအများကြီးပြည့်နေသည်။ လွီနင် ဘူတာရုံကို အကြိမ်အနည်းငယ် ပတ်ရှာရင်း ဟိုတယ်နှင့် လမ်းညွှန်မြေပုံရောင်းသူတွေ ရှုပ်တာလည်း ခံရသေးသည်။
သူတို့ကို အကြိမ်များစွာ အငြင်းခံရတာတောင် တူညီတဲ့ မေးခွန်းတွေ လိုက်မေးနေကြတုန်းပဲ။
"မလိုဘူး..."
" ဒီမှာကြည့်ပါ... ကျွန်တော်တ်ို့ ဟိုတယ်က စျေးအသက်သာဆုံးပါ။ "
" တော်ပါပြီ... ကျွန်တော်က ဒေသခံပါ"
" အသိတစ်ယောက်ယောက်ကို လာကြိုတာလား။ သူငယ်ချင်း မြို့ထဲမှာ လည်ဖို့ လမ်းညွှန်ဝယ်လိုက်သွားလိုက်လေ။ "
" မလိုပါဘူး... ကျေးဇူး "
လွီနင် အသတ်လတ်ပ်ိုင်းအရွယ် အင်္ကျီဖရိုဖရဲနဲ့ မိန်းမကြီးကို ဖြတ်ပြောလိုက်သည်။
" ဟေ့... ဟိုကောင်လေး သူ့ကိုမထိနဲ့ သူကငါ့အပိုင်..."
ရုတ်တရက် တစ်ယောက်ယောက်အော်သံကို ကြားလိုက်ရသည်။
လွီနင် နောက်လှည့်ကြည့်လိုက်တော့ ကောင်လေးတစ်ယောက် သူ့နောက်မှာ ရပ်နေတာကို တွေ့လိုက်ရသည်။ ကောင်လေးလက်တွေက လွီနင်အိတ်ကပ်ထဲကိုတောင် ရောက်နေပြီ။
ကောင်လေးက လွီနင်ကို စူးစူးဝါးဝါး စိုက်ကြည့်ပြီး ပြေးထွက်သွားသည်။ မိန်းမကြီးကလည်း သူမဆွဲထားတဲ့ လွီနင့်လက်က်ို လွှတ်ပြီး အဝေးကို မြန်မြန်လျှောက်သွားတော့သည်။
လွီနင် အိတ်ကပ်ထဲက ပိုက်ဆံအိတ်ကို ကိုင်ကြည့်လိုက်ပြီး အစောက အော်သတ်ိပေးလိုက်တဲ့ တစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
ဝေ့ဒါက လှေကားပေါ်မှာထိုင်ပြီး သူ့ကိုကြည့်နေသည်။ သူ့ဘေးမှာ ဆံပင်အတိုနဲ့ကောင်လေးက လှေကားထစ်ကျဥ်းကျဥ်းလေးကြားမှာ ထိုင်ပြီး ဆေးလိပ်သောက်နေသည်။
" ခင်ဗျား အရူးပဲ"
ဝေ့ဒါက အေးတိအေးစက်ပြောလာသည်။
မီးတိုင်ရဲ့အနောက်မှာ ခေတ်နောက်ကျတဲ့ အပြင်အဆင်နဲ့ နှစ်ထပ်အဆောက်အဦးတစ်လုံးရှိသည်။ လှေကားတွေက ကျဥ်းပြီး ညစ်ပတ်နေသည်။ ဒီလိုဏ်ခေါင်းက သေချာမကြည့်ရင် တွေ့ဖို့ခက်ခဲတာကြောင့် လွီနင် အကြိမ်ကြိမ် ကျော်သွားမိတာပင်။
ဒါပေမယ့် ဒီနေရာမှာ ထိုင်နေတဲ့ ဝေ့ဒါကတော့ သူ့ကိုရှာနေတဲ့ လွီနင်ကို မြင်မှာ အသေအချာပဲ။
" ငါတော့ ခင်ဗျားလိုအရူးမျိုး တစ်ခါ်မှ မတွေ့ဖူးဘူး။ ဒီလိုလူမျိုးကို ဝေ့ဒါ မင်းမသိချင်ယောင်ဆောင်လိုက်ရမှာ "
ဆံပင်အတိုနဲ့ကောင်လေးက ဆေးလိပ်ပြာတွေကို လက်နဲ့ချေပြီး လွီနင်ကို မျက်လုံးစွေကာ ကြည့်လာသည်။
" ခင်ဗျားရော ဘာပြောစရာရှိသေးလို့လဲ။ "
လွီနင် ဒီကောင်လေးကို မှတ်မိပြီ။ အဲ့ဒီနေ့က ဝေ့ဒါဆီလာပြီး သူ့ဖုန်းကိုပြန်ပေးသွားတဲ့ ကောင်လေးပဲ။
ဝေ့ဒါကို ပြန်တွေ့တော့ လွီနင်စိတ်ပျက်မှုကြောင့် သူ့ရင်ဘတ်ကာ တင်းကျပ်လာသည်။
" အစ်ကို ဘာလို့ ဘူတာရုံရောက်နေတာလဲ။ "
ဝေ့ဒါက မေးသည်။
လွီနင် မမျှော်လင့်ဘဲ နည်းနည်းတော့ စိတ်ရှုပ်သွားရသည်။
" မင်းကိုရှာဖို့..."
ဝေ့ဒါက ဘာတစ်ခွန်းမှ ပြန်မပြောဘဲ သူ့ကို တိတ်တိတ်လေးစိုက်ကြည့်နေသည်။
"ငါထင်တာ …"
လွီနင် ခဏနားပြီး ဆက်ပြောလိုက်သည်။
" ငါတို့ သေချာစကားပြောကြည့်သင့်တယ်။ "
ဝေ့ဒါနောက်က ကောင်လေးက အကျယ်ကြီး ထရယ်လေ၏။
" မင်း ဘယ်လိုဘဝမျိုး လိုချင်တယ်ဆိုတာ ငါမသိဘူး …"
လွီနင် ထပ်မပြောခင် အချိန်ခဏလောက် စဥ်းစားပြီး ပြောလိုက်သည်။
"မင်း ငါ့ကိုပြောပြလေ… ငါတို့ ညှိကြည့်လို့ရမှာပါ…"
" တော်လောက်ပြီ... "
ဝေ့ဒါထရပ်ပြီး လွီနင်ဆီကို လျှောက်လှမ်းလာသည်။
" အစ်ကို အရူးလား။ "
"ဟမ်..."
" လူကောင်းတွေမှာလည်း သူ့ကန့်သတ်ချက်နဲ့ သူရှိတယ်။ ကျွန်တော့်အမေက အစ်ကို့အိမ်ကိုရောင်းပြီး အစ်ကိုတို့မိသားစုပိုင်တဲ့ ပိုက်ဆံတွေနဲ့ ထွက်ပြေးသွားပြီ။ ဒါတောင် ကျွန်တော့်ကို ထောက်ပံ့ပေးချင်နေတာလား။ အစ်ကို့ဦးနှောက်ပျက်သွားပြီလား ဟမ်...."
" သူကသူ... မင်းက မင်းပဲ ..... "
" ကျွန်တော်က သူခိုးတစ်ယောက်နော်။ "
" ဒါကို ပြောင်းလဲလို့ရတယ်!"
" နောက်နေတာ တော်လောက်ပြီ...အစ်ကိုက ဘာလို့ပြောင်းလဲချင်နေရတာလဲ။ "
" ဒီလမ်းကကြမ်းတယ်။ ငါမင်းကို ဆက်မလျှောက်စေချင်ဘူး။ "
" အစ်ကိုကိုယ် အစ်ကို ဘယ်သူထင်နေတာလဲ။ ဘာလို့ ကျွန်တော့်ကို လာဂရုစ်ိုက်နေရတာလဲ..
."
လွီနင် ဝေ့ဒါနဲ့ တစ်ခါမှ ပြင်းပြင်းထန်ထန် စကားမများခဲ့ဖူးပေ။ သူဘာမှမစဥ်းစားတတ်တော့ဘဲ ကျယ်လောင်စွာ ပြန်ခံအော်လိုက်သည်။
" ငါက မင်းအစ်ကိုကွ...."
ဝေ့ဒါ တစ်ချက်ပြုံးလိုက်ပြီး လွီနင်နားကပ်ပြီး အသံနှိမ့်ကာ ပြောလိုက်သည်။
"အရမ်းတွေ ကြင်နာပြမနေပါနဲ့... ခင်ဗျားက ကျွန်တော့်အစ်ကိုပေါ့... ကျွန်တော်တို့မှာ သွေးသားတော်စပ်မှု သေးသေးလေးတောင် ရှိလို့လား...."
ဝေ့ဒါနဲ့ အရမ်းနီးကပ်လွန်းနေလို့ သူ့မျက်လုံးထဲမှာ ဖုံးကွယ်ထားတဲ့ ဒေါသအငွေ့အသက်တွေတောင် လွီနင်မြင်န်ိုင်သည်။ ပုန်းကွယ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက လွီနင်ကို နှလုံးခုန်မြန်လာစေသည်။
" ငါ မင်းကို ကူညီချင်ရုံလေးပါ…"
ဝေ့ဒါအသံက တည်ငြိမ်နေတုန်းပဲ ဆိုပေမယ့် သူ့စကားတွေကတော့ လွီနင်ကိုယ်ကို အပ်တွေလိုပဲ ထိုးစိုက်နေသည်။
" ခင်ဗျား ဘာလို့ မိန်းမယုတ်ရဲ့သားကို ပျိုးထောင်ချင်နေရတာလဲ။ ခင်ဗျား သူ့ကို မမုန်းဘူးလား။ လွန်ခဲ့တဲ့ ငါးနှစ် ခင်ဗျားထွက်သွားတဲ့အချိန်ကလည်း ကျွန်တော့်ကို မမုန်းခဲ့လို့လား။ ခုကျမှ ဘာလို့ပုံမှန်လူတစ်ယောက်ဖြစ်ချင်နေရတာလဲ။ "
" ဘာ... "
လွီနင် ဒီလိုမေးခွန်းမျိုးကို တစ်ခါမှ မတွေးခဲ့မိတာကြောင့် ချက်ချင်း ဘာပြန်ဖြေရမှန်း မသိတော့။
" ခင်ဗျား ကျွန်တော့်ကို တကယ်ကယ်ချင်တာရော ဟုတ်ရဲ့လား။ လူကောင်းတစ်ယောက်ပါဆိုတဲ့ ဂုဏ်ကို လိုချင်နေတာ မဟုတ်ဘူးလား။ "
"အစ်ကို..."
ဝေ့ဒါ လွီနင့် နားနားလေးကိုကပ်ကာ တိုးတိုးလေးခေါ်လိုက်သည်။ သူ့အသံတိမ်တိမ်လေးက အိမ်မက်လှလှလေးလိုပဲ။
" ခင်ဗျားက ကြောင်သူတော် ကြွက်သူခိုးပဲ..."
ဝေ့ဒါစကားတွေက လွီနင့်ရဲ့ နက်ရှိုင်းဆုံး မကျေနပ်ချက်၊ နာကြည်းချက်တွေကို ဓားတစ်ချောင်းနဲ့ တစ်ချက်ပြီးတစ်ချက် ထိုးစွနေသလိုပဲ။
" မဟုတ်ဘူး…"
ဝေ့ဒါက လှောင်ပြုံးပြုံးလိုက်သည်။
" ဒါကို လူတိုင်း သဘောကျကြတာပဲလေ။ ခင်ဗျားကို ထိခိုက်မှာကြောက်ရင် ကယ်တင်မယ်၊ ကယ်တင်မယ်ဆိုတဲ့စကားကို ထပ်ထပ်ခါခါပြောမနေနဲ့။ အရင်တုန်းကရော ခင်ဗျားဘယ်တွေရောက်နေခဲ့တာလဲ။ "
"မဟုတ်ဘူး... ငါ.…"
"ကျွန်တော်တို့က ကမ္ဘာနှစ်ခုက လူတွေ..."
ဝေ့ဒါက သူ့ခြေလှမ်းတွေကို နောက်ဆုတ်လိုက်သည်။
" မြန်မြန်ပြန်လိုက်တော့ အစ်ကိုကြီး..."
ဆံပင်အတိုနဲ့ကောင်လေးက မတ်တပ်ထရပ်ပြီး စီးကရက်တိုကို လွှင့်ပစ်လိုက်သည်။ ကောင်လေးက သူ့ကုတ်အင်္ကျီကို မလိုက်တော့ လက်ကောက်ဝတ်က ဓားတစ်ချောင်း ပေါ်သွားသည်။
"ကျွန်တော်တို့က သူစိမ်းတွေပဲမဟုတ်လား။ လှည့်ပြန်ပြီး အစ်ကိုကြီးရဲ့ ပုံမှန်နေ့လေးတွေမှာပဲ ပျော်မွေ့နေလိုက်ပါ.... နော်..."
ဒီလိုရိုးသားလွန်းတဲ့လူမျိုးတွေကို သူကြောက်လန့်လွန်းလို့ အရှုံးပေးလိုက်ပြီ။
"မင်း ငါ့ကို အစ်ကိုတစ်ယောက်လို့ သဘောမထားပေမယ့် မင်းကတော့ ငါ့ညီလေးပဲ...."
ဝေ့ဒါ ခြေလှမ်းတွေ ရပ်တန့်သွားသည်။
" ငါမှာ မင်းတစ်ယောက်ပဲရှိတာ။ ဘာပဲဖြစ်ဖြစ် မင်းက ငါ့ညီပဲ...."
ဝေ့ဒါက ပြန်တောင်လှည့်မကြည့်ဘဲ အပေါ်ထပ်ကို တက်သွားသည်။
ဆံပင်အတိုနဲ့ ကောင်လေးက လွီနင်ကို တစ်ချက်ကြည့်ပြီး ဝေ့ဒါနောက်ကို လိုက်သွားတော့သည်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
Zawgyi
လြီနင္ ေလွကားရင္းမွာ တစ္ညလုံးထိုင္ေနခဲ့သည္။
ေကာင္းကင္မွာ ေနထြက္လာခ်ိန္ အေပၚထပ္က တံခါးဖြင့္သံၾကားလိုက္ရသည္။ ေနာက္ လူတစ္ေယာက္ ေအာ္သံထြက္ေပၚလာသည္။
" ဒီကမိတ္ေဆြေလး ပိုက္ဆံအိတ္ေပ်ာက္ေသးလား... ကိုယ္တို႔တံခါးနားက ဟင္း႐ြက္အိုးနားေလာက္မွာ မေတြ႕ဘူးလား။ "
" ကြၽန္ေတာ္ မေန႕ကေတာ့ မေတြ႕မိဘူး။ "
" မင္း ေသခ်ာမၾကည့္လို႔ျဖစ္မယ္။ တံခါးေပါက္နားမွာေလ..."
တံခါးပိတ္လိုက္တဲ့အသံေၾကာင့္ စကားစျပတ္သြားသည္။ လြီနင္ သူ႕ေဘာင္းဘီကို ဆြဲမကာ ထရပ္လိုက္သည္။
တစ္ညလုံး ေဒါသထြက္ၿပီးေနာက္ေတာ့ သူစိတ္တည္ၿငိမ္သြားၿပီ။
လြီနင္ မေန႕ညတုန္းက ေဝ့ဒါကို ေျပာခဲ့တာေတြအတြက္ ေနာင္တရမိသည္။ သူ ေဝ့ဒါလုပ္ရပ္ေတြကို နားမလည္ေပမယ့္ သူ႕ကိုယ္သူပဲ အျပစ္တင္ကာ စိတ္ေလွ်ာ့လိုက္သည္။
သူအစကတည္းက မွားေနခဲ့တာ ျဖစ္မယ္။ ေဝ့ဒါကို လမ္းေၾကာင္းမွန္ေအာင္ ျပဳျပင္ေပးခ်င္ေပမယ့္ ေဝ့ဒါ၏ ကိုယ္ပိုင္အေတြးေတြကိုေတာ့ ဘယ္တုန္းကမွ မေမးခဲ့မိဘူး။
အခုေတာ့ သူ႕ညီအေၾကာင္း ဘာတစ္ခုမွ သူမသိတာကို နားလည္လိုက္ၿပီ။
ေဝ့ဒါျပန္လာရင္ လြီနင္ သူနဲ႕ ေသခ်ာစကားေျပာရမယ္။ ဒါေပမယ့္ ေဝ့ဒါကေတာ့ ျပန္မလာခဲ့....
ညေနပိုင္းေရာက္လာတာေတာင္ ေဝ့ဒါေပၚမလာခဲ့ေပ။ လြီနင္ ေနာက္ဆုံးေတာ့ စိတ္ပူလာရၿပီ။ လြီနင္ တံခါးေပၚမွာ စာတိုေလးကပ္ၿပီး ဂ်ာကင္အကၤ်ီကိုယူကာ အျပင္ထြက္ခဲ့လိုက္သည္။
အခုမွပဲ ၿမိဳ႕ေတာ္က သူထင္ထားတာထက္ ပိုက်ယ္မွန္း သိရေတာ့သည္။ စီးပြားေရးနယ္ေျမ၊ စက္မႈဇုန္၊ လူေနရပ္ကြက္ အႀကီးအေသးေတြနဲ႕ ျပည့္ေနသည္။
ဒီလိုေနရာအက်ယ္ႀကီးမွာ တစ္စုံတစ္ေယာက္ကိုရွာရတာ ေကာက္ရိုးပုံထဲ အပ္ေပ်ာက္ရွာရသလိုပဲ။
*************************
" ထြက္သြားတယ္.... ဘာျဖစ္လို႔လဲ...."
လ်ိဳက်င္းက ဖုန္းထဲကေန အံၾသတႀကီး ေမးလာသည္။
"အင္း …ငါသူ႕ကို ဆူလိုက္လို႔..."
လြီနင္ မပီမသျပန္ေျဖလိုက္သည္။
" နင္က လူတစ္ေယာက္ကို ဘယ္လိုဆူရမလဲဆိုတာ သိတယ္ေပါ့။ ဘာေတြျဖစ္သြားလို႔လဲ။ "
" ထားလိုက္ေတာ့... ငါ သူဘယ္သြားလဲပဲ သိခ်င္တာ။ "
လ်ိဳက်င္း သက္ျပင္းခ်လိဳက္မိသည္။
" နင္ ကားဂိတ္တို႔ ရထားဘူတာတို႔ သြားၾကည့္ၿပီးၿပီလား။ ခါးပိုက္ႏွိုက္ေတြ.... အဟမ္း....သူတို႔က အဲ့လိုေနရာေတြမွာ လူစုတတ္ၾကတယ္မလား.... "
ခရီးသြားရာသီမဟုတ္ေပမယ့္ တနဂၤေႏြေန႕မွာေတာင္ ဘူတာ႐ုံက လူေတြအမ်ားႀကီးျပည့္ေနသည္။ လြီနင္ ဘူတာ႐ုံကို အႀကိမ္အနည္းငယ္ ပတ္ရွာရင္း ဟိုတယ္ႏွင့္ လမ္းၫႊန္ေျမပုံေရာင္းသူေတြ ရႈပ္တာလည္း ခံရေသးသည္။
သူတို႔ကို အႀကိမ္မ်ားစြာ အျငင္းခံရတာေတာင္ တူညီတဲ့ ေမးခြန္းေတြ လိုက္ေမးေနၾကတုန္းပဲ။
"မလိုဘူး..."
" ဒီမွာၾကည့္ပါ... ကြၽန္ေတာ္တို႔ ဟိုတယ္က ေဈးအသက္သာဆုံးပါ။ "
" ေတာ္ပါၿပီ... ကြၽန္ေတာ္က ေဒသခံပါ"
" အသိတစ္ေယာက္ေယာက္ကို လာႀကိဳတာလား။ သူငယ္ခ်င္း ၿမိဳ႕ထဲမွာ လည္ဖို႔ လမ္းၫႊန္ဝယ္လိုက္သြားလိုက္ေလ။ "
" မလိုပါဘူး... ေက်းဇူး "
လြီနင္ အသတ္လတ္ပိုင္းအ႐ြယ္ အကၤ်ီဖရိုဖရဲနဲ႕ မိန္းမႀကီးကို ျဖတ္ေျပာလိုက္သည္။
" ေဟ့... ဟိုေကာင္ေလး သူ႕ကိုမထိနဲ႕ သူကငါ့အပိုင္..."
႐ုတ္တရက္ တစ္ေယာက္ေယာက္ေအာ္သံကို ၾကားလိုက္ရသည္။
လြီနင္ ေနာက္လွည့္ၾကည့္လိုက္ေတာ့ ေကာင္ေလးတစ္ေယာက္ သူ႕ေနာက္မွာ ရပ္ေနတာကို ေတြ႕လိုက္ရသည္။ ေကာင္ေလးလက္ေတြက လြီနင္အိတ္ကပ္ထဲကိုေတာင္ ေရာက္ေနၿပီ။
ေကာင္ေလးက လြီနင္ကို စူးစူးဝါးဝါး စိုက္ၾကည့္ၿပီး ေျပးထြက္သြားသည္။ မိန္းမႀကီးကလည္း သူမဆြဲထားတဲ့ လြီနင့္လက္ကို လႊတ္ၿပီး အေဝးကို ျမန္ျမန္ေလွ်ာက္သြားေတာ့သည္။
လြီနင္ အိတ္ကပ္ထဲက ပိုက္ဆံအိတ္ကို ကိုင္ၾကည့္လိုက္ၿပီး အေစာက ေအာ္သတိေပးလိုက္တဲ့ တစ္ေယာက္ကို လွမ္းၾကည့္လိုက္သည္။
ေဝ့ဒါက ေလွကားေပၚမွာထိုင္ၿပီး သူ႕ကိုၾကည့္ေနသည္။ သူ႕ေဘးမွာ ဆံပင္အတိုနဲ႕ေကာင္ေလးက ေလွကားထစ္က်ဥ္းက်ဥ္းေလးၾကားမွာ ထိုင္ၿပီး ေဆးလိပ္ေသာက္ေနသည္။
" ခင္ဗ်ား အ႐ူးပဲ"
ေဝ့ဒါက ေအးတိေအးစက္ေျပာလာသည္။
မီးတိုင္ရဲ႕အေနာက္မွာ ေခတ္ေနာက္က်တဲ့ အျပင္အဆင္နဲ႕ ႏွစ္ထပ္အေဆာက္အဦးတစ္လုံးရွိသည္။ ေလွကားေတြက က်ဥ္းၿပီး ညစ္ပတ္ေနသည္။ ဒီလိုဏ္ေခါင္းက ေသခ်ာမၾကည့္ရင္ ေတြ႕ဖို႔ခက္ခဲတာေၾကာင့္ လြီနင္ အႀကိမ္ႀကိမ္ ေက်ာ္သြားမိတာပင္။
ဒါေပမယ့္ ဒီေနရာမွာ ထိုင္ေနတဲ့ ေဝ့ဒါကေတာ့ သူ႕ကိုရွာေနတဲ့ လြီနင္ကို ျမင္မွာ အေသအခ်ာပဲ။
" ငါေတာ့ ခင္ဗ်ားလိုအ႐ူးမ်ိဳး တစ္ခၚမွ မေတြ႕ဖူးဘူး။ ဒီလိုလူမ်ိဳးကို ေဝ့ဒါ မင္းမသိခ်င္ေယာင္ေဆာင္လိုက္ရမွာ "
ဆံပင္အတိုနဲ႕ေကာင္ေလးက ေဆးလိပ္ျပာေတြကို လက္နဲ႕ေခ်ၿပီး လြီနင္ကို မ်က္လုံးေစြကာ ၾကည့္လာသည္။
" ခင္ဗ်ားေရာ ဘာေျပာစရာရွိေသးလို႔လဲ။ "
လြီနင္ ဒီေကာင္ေလးကို မွတ္မိၿပီ။ အဲ့ဒီေန႕က ေဝ့ဒါဆီလာၿပီး သူ႕ဖုန္းကိုျပန္ေပးသြားတဲ့ ေကာင္ေလးပဲ။
ေဝ့ဒါကို ျပန္ေတြ႕ေတာ့ လြီနင္စိတ္ပ်က္မႈေၾကာင့္ သူ႕ရင္ဘတ္ကာ တင္းက်ပ္လာသည္။
" အစ္ကို ဘာလို႔ ဘူတာ႐ုံေရာက္ေနတာလဲ။ "
ေဝ့ဒါက ေမးသည္။
လြီနင္ မေမွ်ာ္လင့္ဘဲ နည္းနည္းေတာ့ စိတ္ရႈပ္သြားရသည္။
" မင္းကိုရွာဖို႔..."
ေဝ့ဒါက ဘာတစ္ခြန္းမွ ျပန္မေျပာဘဲ သူ႕ကို တိတ္တိတ္ေလးစိုက္ၾကည့္ေနသည္။
"ငါထင္တာ …"
လြီနင္ ခဏနားၿပီး ဆက္ေျပာလိုက္သည္။
" ငါတို႔ ေသခ်ာစကားေျပာၾကည့္သင့္တယ္။ "
ေဝ့ဒါေနာက္က ေကာင္ေလးက အက်ယ္ႀကီး ထရယ္ေလ၏။
" မင္း ဘယ္လိုဘဝမ်ိဳး လိုခ်င္တယ္ဆိုတာ ငါမသိဘူး …"
လြီနင္ ထပ္မေျပာခင္ အခ်ိန္ခဏေလာက္ စဥ္းစားၿပီး ေျပာလိုက္သည္။
"မင္း ငါ့ကိုေျပာျပေလ… ငါတို႔ ညွိၾကည့္လို႔ရမွာပါ…"
" ေတာ္ေလာက္ၿပီ... "
ေဝ့ဒါထရပ္ၿပီး လြီနင္ဆီကို ေလွ်ာက္လွမ္းလာသည္။
" အစ္ကို အ႐ူးလား။ "
"ဟမ္..."
" လူေကာင္းေတြမွာလည္း သူ႕ကန႔္သတ္ခ်က္နဲ႕ သူရွိတယ္။ ကြၽန္ေတာ့္အေမက အစ္ကို႔အိမ္ကိုေရာင္းၿပီး အစ္ကိုတို႔မိသားစုပိုင္တဲ့ ပိုက္ဆံေတြနဲ႕ ထြက္ေျပးသြားၿပီ။ ဒါေတာင္ ကြၽန္ေတာ့္ကို ေထာက္ပံ့ေပးခ်င္ေနတာလား။ အစ္ကို႔ဦးေႏွာက္ပ်က္သြားၿပီလား ဟမ္...."
" သူကသူ... မင္းက မင္းပဲ ..... "
" ကြၽန္ေတာ္က သူခိုးတစ္ေယာက္ေနာ္။ "
" ဒါကို ေျပာင္းလဲလို႔ရတယ္!"
" ေနာက္ေနတာ ေတာ္ေလာက္ၿပီ...အစ္ကိုက ဘာလို႔ေျပာင္းလဲခ်င္ေနရတာလဲ။ "
" ဒီလမ္းကၾကမ္းတယ္။ ငါမင္းကို ဆက္မေလွ်ာက္ေစခ်င္ဘူး။ "
" အစ္ကိုကိုယ္ အစ္ကို ဘယ္သူထင္ေနတာလဲ။ ဘာလို႔ ကြၽန္ေတာ့္ကို လာဂ႐ုစိုက္ေနရတာလဲ..
."
လြီနင္ ေဝ့ဒါနဲ႕ တစ္ခါမွ ျပင္းျပင္းထန္ထန္ စကားမမ်ားခဲ့ဖူးေပ။ သူဘာမွမစဥ္းစားတတ္ေတာ့ဘဲ က်ယ္ေလာင္စြာ ျပန္ခံေအာ္လိုက္သည္။
" ငါက မင္းအစ္ကိုကြ...."
ေဝ့ဒါ တစ္ခ်က္ၿပဳံးလိုက္ၿပီး လြီနင္နားကပ္ၿပီး အသံႏွိမ့္ကာ ေျပာလိုက္သည္။
"အရမ္းေတြ ၾကင္နာျပမေနပါနဲ႕... ခင္ဗ်ားက ကြၽန္ေတာ့္အစ္ကိုေပါ့... ကြၽန္ေတာ္တို႔မွာ ေသြးသားေတာ္စပ္မႈ ေသးေသးေလးေတာင္ ရွိလို႔လား...."
ေဝ့ဒါနဲ႕ အရမ္းနီးကပ္လြန္းေနလို႔ သူ႕မ်က္လုံးထဲမွာ ဖုံးကြယ္ထားတဲ့ ေဒါသအေငြ႕အသက္ေတြေတာင္ လြီနင္ျမင္နိုင္သည္။ ပုန္းကြယ္ေနတဲ့ ရက္စက္ၾကမ္းၾကဳတ္မႈေတြက လြီနင္ကို ႏွလုံးခုန္ျမန္လာေစသည္။
" ငါ မင္းကို ကူညီခ်င္႐ုံေလးပါ…"
ေဝ့ဒါအသံက တည္ၿငိမ္ေနတုန္းပဲ ဆိုေပမယ့္ သူ႕စကားေတြကေတာ့ လြီနင္ကိုယ္ကို အပ္ေတြလိုပဲ ထိုးစိုက္ေနသည္။
" ခင္ဗ်ား ဘာလို႔ မိန္းမယုတ္ရဲ႕သားကို ပ်ိဳးေထာင္ခ်င္ေနရတာလဲ။ ခင္ဗ်ား သူ႕ကို မမုန္းဘူးလား။ လြန္ခဲ့တဲ့ ငါးႏွစ္ ခင္ဗ်ားထြက္သြားတဲ့အခ်ိန္ကလည္း ကြၽန္ေတာ့္ကို မမုန္းခဲ့လို႔လား။ ခုက်မွ ဘာလို႔ပုံမွန္လူတစ္ေယာက္ျဖစ္ခ်င္ေနရတာလဲ။ "
" ဘာ... "
လြီနင္ ဒီလိုေမးခြန္းမ်ိဳးကို တစ္ခါမွ မေတြးခဲ့မိတာေၾကာင့္ ခ်က္ခ်င္း ဘာျပန္ေျဖရမွန္း မသိေတာ့။
" ခင္ဗ်ား ကြၽန္ေတာ့္ကို တကယ္ကယ္ခ်င္တာေရာ ဟုတ္ရဲ႕လား။ လူေကာင္းတစ္ေယာက္ပါဆိုတဲ့ ဂုဏ္ကို လိုခ်င္ေနတာ မဟုတ္ဘူးလား။ "
"အစ္ကို..."
ေဝ့ဒါ လြီနင့္ နားနားေလးကိုကပ္ကာ တိုးတိုးေလးေခၚလိုက္သည္။ သူ႕အသံတိမ္တိမ္ေလးက အိမ္မက္လွလွေလးလိုပဲ။
" ခင္ဗ်ားက ေၾကာင္သူေတာ္ ႂကြက္သူခိုးပဲ..."
ေဝ့ဒါစကားေတြက လြီနင့္ရဲ႕ နက္ရွိုင္းဆုံး မေက်နပ္ခ်က္၊ နာၾကည္းခ်က္ေတြကို ဓားတစ္ေခ်ာင္းနဲ႕ တစ္ခ်က္ၿပီးတစ္ခ်က္ ထိုးစြေနသလိုပဲ။
" မဟုတ္ဘူး…"
ေဝ့ဒါက ေလွာင္ၿပဳံးၿပဳံးလိုက္သည္။
" ဒါကို လူတိုင္း သေဘာက်ၾကတာပဲေလ။ ခင္ဗ်ားကို ထိခိုက္မွာေၾကာက္ရင္ ကယ္တင္မယ္၊ ကယ္တင္မယ္ဆိုတဲ့စကားကို ထပ္ထပ္ခါခါေျပာမေနနဲ႕။ အရင္တုန္းကေရာ ခင္ဗ်ားဘယ္ေတြေရာက္ေနခဲ့တာလဲ။ "
"မဟုတ္ဘူး... ငါ.…"
"ကြၽန္ေတာ္တို႔က ကမာၻႏွစ္ခုက လူေတြ..."
ေဝ့ဒါက သူ႕ေျခလွမ္းေတြကို ေနာက္ဆုတ္လိုက္သည္။
" ျမန္ျမန္ျပန္လိုက္ေတာ့ အစ္ကိုႀကီး..."
ဆံပင္အတိုနဲ႕ေကာင္ေလးက မတ္တပ္ထရပ္ၿပီး စီးကရက္တိုကို လႊင့္ပစ္လိုက္သည္။ ေကာင္ေလးက သူ႕ကုတ္အကၤ်ီကို မလိုက္ေတာ့ လက္ေကာက္ဝတ္က ဓားတစ္ေခ်ာင္း ေပၚသြားသည္။
"ကြၽန္ေတာ္တို႔က သူစိမ္းေတြပဲမဟုတ္လား။ လွည့္ျပန္ၿပီး အစ္ကိုႀကီးရဲ႕ ပုံမွန္ေန႕ေလးေတြမွာပဲ ေပ်ာ္ေမြ႕ေနလိုက္ပါ.... ေနာ္..."
ဒီလိုရိုးသားလြန္းတဲ့လူမ်ိဳးေတြကို သူေၾကာက္လန႔္လြန္းလို႔ အရႈံးေပးလိုက္ၿပီ။
"မင္း ငါ့ကို အစ္ကိုတစ္ေယာက္လို႔ သေဘာမထားေပမယ့္ မင္းကေတာ့ ငါ့ညီေလးပဲ...."
ေဝ့ဒါ ေျခလွမ္းေတြ ရပ္တန႔္သြားသည္။
" ငါမွာ မင္းတစ္ေယာက္ပဲရွိတာ။ ဘာပဲျဖစ္ျဖစ္ မင္းက ငါ့ညီပဲ...."
ေဝ့ဒါက ျပန္ေတာင္လွည့္မၾကည့္ဘဲ အေပၚထပ္ကို တက္သြားသည္။
ဆံပင္အတိုနဲ႕ ေကာင္ေလးက လြီနင္ကို တစ္ခ်က္ၾကည့္ၿပီး ေဝ့ဒါေနာက္ကို လိုက္သြားေတာ့သည္။