သခင်လေးရဲ့ကချေသည် Myanmar Ver...

By MinKhant22

105K 3.8K 130

နေမခ ကောင်လေးက ကျွန်တော့်နားမှာ ကျွန်တော်စေလိုရာကမဲ့အရုပ်ကလေးပဲ အမြဲဖြစ်နေရမယ် 💗💗💗💗💗 မိုးထက်သာ ကျွန်... More

Intro
EP1
EP2
EP3
EP4
EP5
EP6
EP7
EP8
EP9
EP10
EP11
EP12
EP13
EP14
EP15
EP16
EP17
EP18
EP19
EP20
EP21
EP22
EP23
Ep24
EP25
EP26
EP27
EP28
EP29
EP30
EP31
EP32
EP33
EP34
EP35
EP36
EP37
EP38
EP40 Final

EP39

2K 69 1
By MinKhant22

သခင်လေးရဲ့ကချေသည်

အပိုင်း ၃၉

"သခင်လေး သတိရလာပြီလား "

သခင်လေးမျက်စီပွင့်လာတော့ မိုးထက်မေးလိုက်ပေမဲ့ သခင်လေး မျက်စီပြန်မှိတ်သွားသည်

"သခင်လေး..သခင်လေးတစ်ခုခုစားပါ့လား ဘာစားချင်လဲ "

" မင်းဘယ်လိုချမ်းသာလာတာလဲ "

" ကျွန်တော့်အဖိုးက ရှေ့နေဆီအမွေအပ်ခဲ့လို့ပါ "

" မင်းကံကောင်းခဲ့တာပဲ ဘာလို့ငါ့ကိုလာမရှာခဲ့တာလဲ "

" ကျွန်တော့်သခင်လေးကို စောင့်နေခဲ့ပါတယ် "

"လူလိမ်! "

" မလိမ်ပါဘူး သခင်လေး "

" ထွက်သွား!..ထွက်သွား "

သခင်လေး စိတ်လှုပ်ရှားစွာအော်နေတာကြောင့်

"ထွက်သွားပါမယ်သခင်လေး ကျွန်တော့်ကြောင့် ထပ်ပြီးစိတ်မလှုပ်ရှားပါနဲ့ "

မိုးထက်သာအခန်းထဲကထွက်လာခဲ့လိုက်သည်

" Sunny! "

နေမခသားလေးကိုလွမ်းရင်း
အတိတ်ကိုပြန်စဉ်းနေမိသည်

နောက်ကြောင်းပြန်ခြင်း

နေမခ မိုးထက်သာဆီကအလုခံရပြီးမေ့သွားသည် သတိရလာတော့ ကားပေါ်မှာပဲ အဲ့ဒါဆို မိုးထက်နဲ့ဝေးပြီပေါ့  ဟင့်အင်း အဲ့လိုမဖြစ်ရဘူး မိုးထက်ကိုမထားခဲ့နိုင်ဘူး

"အဖေ ကျွန်တော့်ကို ပြန်ပို့ပေးပါ  "

"သားငယ် သတိရလာပြီ  အဖေက ကျိုင်းတုံဆေးရုံကိုဝင်မလို့  "

"  ကားပြန်လှည့်ပါ ကျွန်တော့်ကို ပြန်ပို့ပေးပါ အဖေအဲ့လိုခေါ်လာလို့မရဘူးလေ
ကျွန်တော့်နဲ့ မိုးထက် အတူနေလာတာ
ကြာပြီ ကျွန်တော့်တို့လက်ထပ်ထားပြီးပြီ "

" သားက မြင့်မြတ်တဲ့သခင်လေးပါ လူတွေအားလုံးရဲ့အမြင်မှာ Gay အခြောက်အဖြစ် နှိမ့်ကျပြောဆိုတာကို လက်ခံမလို့လား "

" သားပျော်တယ် အရမ်းပျော်တယ်  သားရမိုင်းဖြတ်မှာပျော်တယ် ဘာသခင်လေးမှမဖြစ်စေချင်ဘူး ကားပြန်လှည့်ပါ
ကားပြန်လှည့်ပါ  "

" ညီငယ် အဖေစကားကိုနားထောင်ပါ  "

နေမခနောက်ခန်းကနေ ရှေ့ခန်းက ကားသမားနားသွားပြီး စတီယာတိုင် ကိုလှည့်လိုက်သည်

". သခင်လေး..မလုပ်ပါနဲ့ "

နေလင်း ညီလေးခန္ဓာကိုယ့်ကိုဆွဲလိုက်သည် ရုန်းရင်းဆန်ခတ် ဖြစ်ရင်း ကားသမား သတိလွတ်သွားကာ ရှေ့ကို မမြင်နိုင်ပဲ ကားကိုလှည့်လိုက်တာ  ဘေးစင်ပြီး နှစ်ပတ်လောက်လှည့်ကာ ကားမှောက်သွားသည်

"အား!! "

🏢

"မိုးထက်! "

"သတိရလာပြီလား မြေးငယ်  "

"သားလေး သတိရလာပြီ "

အဖိုးနဲ့မမေသူ့ကိုစိုးရိမ်စွာ
ကြည့်နေကျသည်

နေမခရုတ်တရက် ထလိုက်တဲ့အချိန်မှာ အောက်ပိုင်းက မရွေ့ပဲ

" ကျွန်တော်အောက်ပိုင်း. . . ကျွန်တော်အောက်ပိုင်းဘာဖြစ်တာလဲ"

" သားအောက်ပိုင်းလှုပ်လို့မရသေးဘူး ဒါပေမဲ့ မပူပါနဲ့  ဆရာဝန်က မျှော်လင့်ချက် ရှီတယ်တဲ့ "

" ဟင့်အင်း မဖြစ်ရဘူး မဖြစ်ရဘူး ဖိုးဖိုး သား ဒုက္ခိတ မဖြစ်ချင်ဘူး သေသွားတာမှကောင်းမယ် သေသွားတာပိုကောင်းတယ် "

" စိတ်လျှော့ပါ မြေးငယ် ဖိုးဖိုး တောင်းပန်ပါတယ် မြေးငယ်နေပြန်ကောင်းလာမှာပါ စိတ်လျှော့ပါ မြေးငယ်အားတင်းထားမှဖြစ်မယ် မြေးငယ် ဗိုက်ထဲမှာ ကလေးလေးရှီနေပြီး မြေးငယ်က ထူးဆန်းစွာပဲ ကိုယ့်ဝန်ရှီနေပြီ ပြီးတော့ဒီကလေးက ထူးဆန်းတယ်  ကားမှောက်တာတောင် ကိုယ်ဝန်မပျက်ကျဘူး ကံကောင်းတဲ့ကလေးပဲ "

" ကလေးရှီတယ် ကလေးရှီနေတာ မိုးထက် သိရင်ပျော်မှာ မိုးထက်ကိုပြောရမယ်ဖိုးဖိုး  "

" လာပြန်ပြီလား ဒီမိုးထက် သားငယ် မင်းဘာလို့ မင်းအဖေနဲ့ အစ်ကိုကျတော့ ဘာဖြစ်သွားလဲ မမေးတာလဲ မင်း အဖေက မင်းကြောင့် မင်းရဲမိုက်ရူးရဲဆန်တဲ့ အတွက်ကြောင့် "

" မပြောပါနဲ့ သမီး "

" ပြောရမယ် အဖေပြောကိုပြောရမယ်
အဖေ့မြေးငယ်က အစခံကောင်လေးကြောင့် မိဘညီအစ်ကိုတောင် မသိပဲ အမှောင်ဖုန်းနေတာ "

"အဖေ ဘာဖြစ်သွားလဲအမေ အစ်ကိုရော ဘာဖြစ်သွားသေးလဲ  ကျွန်တော်သွားကြည့်မယ် "

"မင်းအဖေ့က အခု လူသေနဲ့မခြား ကိုမာဝင်နေပြီ မင်းကြောင့် မင်းကြောင့်ပဲ  "

" မဟုတ်ဘူး မဖြစ်ရဘူး ဖြစ်ချင်ဖြစ် ကျွန်တော်လိုသားမိုက်ကပဲဖြစ်ရမှာပေါ့  "

ကျွန်တော်ကို လှည့်မကြည့်အခန်းထဲက ထွက်သွားတဲ့ အမေကြောင့် ကျွန်တော် ခြေထောက်လှုပ်လို့မရတာကိုမေ့ပြီး ကုတင်ပေါ်က ဆင်းလိုက်တာကြောင့် အောက်ပြုတ်ကျသွားသည်

"အဟင့်..ဟင့် "

"မြေးငယ် ဘာကြောင့် ဆင်းတာလဲ ကလေးရှီတယ်လေ "

"အဖေကို သွားတွေ့မယ် ကျွန်တော်ကြောင့် ကျွန်တော်ကြောင့်ပါ တကယ်သေသင့်တာက ကျွန်တော်ပါ "

"မြေးငယ်ငိုကြွေးနေပြီး စိတ်ဆင်းရဲမယ် ဆိုတာ အဖိုးသိပါတယ်မြေးလေး ငိုပါ ငိုလိုက်ပါ ကြိုက်သလောက်အဖိုး ရင်ခွင်ထဲမှာ ငိုချလိုက်ပါ ရှေ့ဆက်ရမယ့် ခက်ခဲတဲ့ကြမ်းတမ်းမှုအတွက် နောက်ဆုံး တစ်ခါပဲ အားရပါးရ ငိုချလိုက်ပါ မြေးလေးရယ် "

ကျွန်တော်က ရူးနေတဲ့ အမှိုက်လိုကောင်ပါ အခုထိ အခုထိမိုးထက်ကို ချစ်နေသေးတယ် မျှော်လင့်နေသေးတယ် အဖေလူသေလို့ဖြစ်သွားတာတောင်မှ ရူးသွပ်နေတုန်း ဆက်မချစ်သင့်တော့မှန်း သိတာတောင်မှ ရူးသွပ်နေတုန်း ရူးသွပ်စွာတွေ့ချင်နေတုန်း မိုးထက် ငါမှာ မင်းကလေးလေး ရှီနေပြီ မင်း ကလေးလေးရှီနေပြီ ငါ့မင်းကိုအရမ်းလွမ်းတယ်

🏤🏤🏤

သူရိန်ကလည်း မိုးထက် နဲ့မပတ်သတ်စေချင်တော့ဘူး အဲ့ဒါကြောင့် မောင်လှကို စုံစမ်းခိုင်းလိုက်တယ် မိုးထက်ကိုတွေ့ရင် စာပေးခိုင်းလိုက်သည် မျက်နှာမကောင်းစွာပြန်လာတဲ့ မိုးထက်က

" သခင်လေး မိုးထက်ကဒီနိုင်ငံမှာမရှီတော့ပါဘူး ထွက်သွားပြီ "

" မဖြစ်နိုင်ဘူး မဖြစ်နိုင်တာ သူငါကိုထားပြီးဘယ်မှ မသွားလောက်ပါဘူး ငါကိုတွေ့ဖို့ဆို အိမ်က ဘယ်လိုလူဖြစ်ဖြစ် သူကြောက်မှာမဟုတ်ပါဘူး "

" သတင်းအတိအကျပါသခင်လေး အဲ့ဒီက ဥက္ကဋ္ဌကိုယ်တိုင်ပြောလိုက်တာပါ "

" ဒီနိုင်ငံကထွက်သွားတယ်ပေါ့ ငါကတော့ သူကို ချစ်လွန်းလို့ အဖေကို ကိုမာရောက်တဲ့ထိလုပ်ခဲ့တယ် အမေ့ကလည်း ငါကိုမုန်းနေတယ် ဘာကြောင့် လဲ ဘာကြောင့်ထွက်သွားရတာလဲ... အားးး . . "

" သခင်လေး  သခင်လေး  စိတ်ထိန်းပါ  "

ကျွန်တော်အော်သံကြောင့် သူရိန်ပါပြေးလာပြီး ဆရာဝန်ကို ဖုန်းဆက်ခေါ်ပြီး အိပ်ဆေးထိုးပြီး နားစေခဲ့တယ် ကျွန်တော်နိုးလာတော့ ကျွန်တော့်ဘေးနားမှာ ရောက်နေတဲ့ ဖြူကိုတွေ့ရသည်

" နိုးပြီလား ကိုကို "

"  ဘယ်သူမှ မတွေ့ချင်ဘူး "

"ကိုကို..ဖြူကို အားမနာဘူးလား ဖြူကိုမချစ်ပဲနဲ့ ဟိန်းစည်သူကိုရှုံးမှာကြောက်လို့အလောင်းအစားလုပ်ခဲ့ပြီး ရအောင်ယူခဲ့တယ်
ပြီးတော့ဖြူကို စေ့စပ်မယ်ဆိုပြီး စေ့စပ်ပွဲမှာ ကိုကိုထွက်ပြေးသွားပြီး
ဖြူကိုအရှက်ခွဲတယ် ဒါတောင် တွေ့တွေ့ချင်းပြောတဲ့စကားက တောင်းပန်တာမဟုတ်ပဲ မတွေ့ချင်ဘူးတဲ့လား "

" ဟုတ်သားပဲဖြူ မင်းအပေါ်လှည့်စားခဲ့တယ် လိမ်ညာခဲ့တယ် အဲ့ဒီလုပ်ရပ်ကို မေ့နေခဲ့တယ် အစ်ကိုအခုသိပြီ အချစ်ကို လှည့်စားခဲ့လို့ ဝဋ်လည်တာများလား အခု မင်းကိုမရွေးခဲ့လို ခံရတယ်ဆိုပြီး လာကြည့်တာလား လှောင်ပြောင်တာလား "

"  အဲ့လိုဖြစ်ရင်ကောင်းတာပေါ့ လှောင်ချင်တယ် ရယ်ချင်တယ် ဒါပေမဲ့ .. . ဒါပေမဲ့ . .အခု ကိုကိုနာကျင်သလို ကျွန်မရင်ထဲမှာလည်း နာကျင်နေတယ်ကျွန်မကို မချစ်ပဲ လှည့်စား လိမ်ညာရက်ပြီး အစေခံကောင်လေးကို ချစ်လို့ မုန်းချင်တယ် မုန်းတီးနာကြည်းပစ်ချင်တယ် "

" နာကြည်းလိုက်ပါ ဖြူ "

"ကိုကို့မှာကိုယ့်ဝန်ရှီနေတယ် ပြီးတော့ အစေခံကောင်လေးကလည်း ဒီနိုင်ငံမှာမရှီတော့ဘူး ဖြူသိချင်တာ ကိုကိုကလေးမွေးမှာလား  အခုဆို သခင်ကြီးကလည်း ကိုမာဝင်တဲ့အပြင် ဒီစံအိမ်တော်ကြီးမှာ ကိုကို ကလေးမွေးလိုက်ရင် နှိမ့်ချဆက်ဆံခံရတဲ့အပြင် ဒီစံအိမ်တော်ကြီး ပြိုလဲပျက်စီးမှာ "

" မွေးချင်တယ်ဖြူ
လိုချင်တယ်ဒီကလေးကို အရမ်းလိုချင်တယ် ကိုကိုက မိန်းမတစ်ယောက်မဟုတ်ပါဘူး ယောက်ကျားတစ်ယောက်ပါ စိတ်ဓာတ် မပျော့ညံ့ချင်ဘူး  "

"အဲ့ဒါဆိုဖြူ နဲ့လက်ထပ်ပါ ကိုကို ဒီကိုယ့်ဝန်ကို ဖြူဆောင်တာပဲ ဖြူက ကိုယ့်ဝန်ရှီတဲ့မိန်းကလေးပဲ ပြီးတော့ ကိုကိုဖြူကို မချစ်လည်း ကိစ္စမရှီဘူး မောင်နှမလိုနေမယ် စောက်ရှောက်မယ် "

"မင်းအခုပြောနေတာတွေက မင်းဘဝ တစ်ခုလုံး မပျော်ရွှင်ပဲ ပျက်စီးရမဲ့လမ်းနော် "

"အစ်ကိုဟိန်းစည်သူကဖြူနားကို ခဏခဏကပ်ပြီး လက်ထပ်ဖို့ပြောတယ် ဒါပေမဲ့
ဖြူ ကိုကို့ကိုတစ်ရက်မှ မမေ့ခဲ့ဘူး ကိုကိုအဆင်ပြေရင် ဖြူပျော်ရွှင်ပေးမှာပါ  ဒါပေမဲ့ ကိုကိုဒုက္ခ ရောက်နေတော့ ဖြူမပျော်ရွှင်နိုင်ဘူး အဲ့ဒါကြောင့် ဖြူဒီလိုဆုံးဖြတ်လိုက်တာပါ ဖြူကျေနပ်လို့ပါ  ကိုကိုအားမနာပါနဲ့
ကိုကိုလိုသလိုအသုံးချခံပေးမှာပါ ကိုကို့ကိုချစ်တဲ့အချစ်ကြောင့် ဘယ်လောက် ပေးဆပ်ရပေးဆပ်ရပါ "

" ကျေးဇူးတင်ပါတယ် ဖြူကလေးကိုမွေးချင်ပေမဲ့ အိမ်ရဲ့ ဂုဏ်သိက္ခာ အဖိုးရဲ့ ဂုဏ်သိက္ခာကို ကိုကိုကြောင့် ညိုးနွမ်းမှာကိုး ကိုကိုကြောက်ခဲ့တာ အခုကိုကိုဒုက္ခိတဘဝရောက်မှမင်းကို နှိပ်စက်နေသလိုပဲ အားတော့နာမိတယ် "

" ဆရာဝန်ကြီးကိုမေးပြီးပြီ ကိုကိုရဲ့ ခြေထောက်ကသေချာကုရင်ပျောက်မှာ ကိုကို့ကို ဖြူစောက်ရှောက်မှာပါ "

" ကျေးဇူးတင်ပါတယ်ဖြူ ပြီးတော့ တောင်းပန်ပါတယ် "

⛪⛪

ကျွန်တော်ကိုယ့်ဝန်လရင့်လာလေလေ ဇွဲထက်နိုင်နဲ့သူ အမေရဲ့တိုက်ခိုက်မှု နှောက်ယှက်မှုကို အပြောအဆို ကြမ်းတမ်းမှုကို ခံခဲ့ရသည် ကျွန်တော်ကို ထိချင်တဲ့
ဇွဲထက်ရဲ့လုပ်ရက်ကလည်း ရွံစရာကောင်းပါတယ် အဖိုးကိုကြောက်လို့သာ ငြိမ်နေခြင်းဖြစ်သည် ဖြူရဲ့ ဂရုစိုက်မှုကြောင့်လမ်းပြန်လျှောက်နိုင်ခဲ့သည် ဒီနေ့တော့ အဖိုးက အရေးကြီးအစည်းအဝေးကို
မန္တလေးမှာသွားလုပ်ရမယ်ပြောလို့ အစ်ကိုနေလင်းနဲ့ထွက်သွားသည်  ကျွန်တော်အပေါ်ထပ်မှာလမ်းလျှောက်နေတုန်း

"  သစ္စာဖောက်ခဲ့တဲ့သူရဲ့ ရင်သွေးကို ကိုယ့်ဝန်ဆောင်ပြီး ခြံထဲတောင်လမ်းဆင်းမလျှောက်နိုင်ပဲ အိမ်ပေါ်မှာလမ်းလျှောက်နေပါ့လား  "

ကျွန်တော်စကားမပြောချင်လို့လှည့့်ထွက်မဲ့အလုပ်  သူကျွန်တော်လက်ကိုဆွဲပြီး

" မှတ်မိလား မင်းပြောခဲ့တဲ့စကား  ပြင်ဦးလွင်
ဟိုတယ်မှာ "ယောက်ကျားချင်း ချစ်တာကျွန်တော်အရမ်းရွံသလို ကျွန်တော်အစ်ကိုဖြစ်ပြီး ကျွန်တော်ကိုဒီလိုမျိုးကြံတာအရမ်းလွန်တယ်ဆိုပြီး မင်းပြောခဲ့တယ်လေ "

" ကျွန်တော့်ကိုမနှောက်ယှက်နဲ့ အစ်ကိုဇွဲထက် "

"ငါလည်းယောက်ကျားပဲလေ အခုမင်းနဲ့ပျော်ချင်တယ် မင်းဖြူ နဲ့အတူမအိပ်တာ ငါသိတယ် ဘာလို့လဲဆိုတော့ မင်းက အောက်ကခံဖို့ပဲ လိုချင်နေတဲ့သူလေ "

" ခင်ဗျား ! ယုတ်မာလှချည်လား "

ကျွန်တော်ဒေါသထွက်လို့ထိုးပစ်လိုက်သည် သူကျွန်တော့်ခန္ဓာကိုယ့်ကိုဆွဲလာရမ်းလာလုပ်နေစဉ် အမေ ထွက်လာပြီး

"ငါ့သားကိုလွတ်လိုက် "

ဇွဲထက်နိုင်ကျွန်တော်အမေ့ကိုတွေ့ပြီးကျွန်တော်ကိုတွန်းလိုက်ကာအရှိန်မထိန်းနိုင်ပဲ လှေကားအောက်ပြုတ်ကျတော့မယ့် ကျွန်တော်ခန္ဓာကိုယ့်ကို အမေ က ဆွဲဖမ်းကာ ကျွန်တော်အောက်ကနေကာကွယ်ပေးပြီး နှစ်ယောက်သား လှေကားအောက်ကိုပြုတ်ကျသွားသည် ကျွန်တော်ကတော့ အမေခန္ဓာကိုယ်ကခံထးပေးသည် အပေါ်မှာရောက်နေတဲ့ ကျွန်တော့်ထက် အမေ ခေါင်းမှာ သွေးတွေလွန်စွာထွက်နေသည်  ဒီမြင်ကွင်းကို မြင်ရတဲ့ ကျွန်တော်

" မဟုတ်ဘူး  မဟုတ် . ."

ပြောချင်တဲ့စကားထွက်မလာတော့ပေ
အသံတွေကြောင့် အစေခံတွေရော ဖြူတို့ပါရောက်လာသည်

"သားငယ်. .ကို ...အ...ရမ်း...ချစ်တယ် "

နောက်ဆုံးအသက်ထွက်ခံနီးပြောတဲ့စကားက ကျွန်တော်ကို ချစ်တယ်တဲ့ ငိုနေပေမဲ့အသံမထွက်တော့ဘူး  နောက်ဆုံးသိလိုက်ရတာက  ဖြူလက်ထဲမှာပဲ
အမှောင်အတိကျသွားတယ် ဘာမှမမြင်ရတော့ဘူး သတိရလာတော့ အမေ နာရေးပြီးသွားပြီ ဇွဲထက်နိုင် ကိုအဖိုးကထောင်ချခဲ့သည် ဇွဲထက်ရဲ့မိဘတွေကို နှင်ထုတ်ခဲ့သည်  ခွဲစိတ်ပြီးမွေးတဲ့ကလေးက သားလေးတဲ့ လှေကားပေါ်က ပြုတ်ကျတဲ့ ဒဏ်က သားလေးကို ဘာတစ်ခုမှမဖြစ်စေပဲ ကျန်းမာစွာ မွေးခဲ့ပေမဲ့ လှေကားပြုတ်ကျသွားတဲ့ဒဏ်နဲ့ အမေရဲ့ကံဆိုးမှုနောက်ဆုံးကိုမြင်လိုက်ရတဲ့ ကျွန်တော်က စကားလည်းမပြောနိုင်ပေ နှလုံးရောဂါလည်းဖြစ်လာခဲ့သည် သွေးနှသားနှနဲ့
အမေ ရဲ့သေဆုံးမှုကို ပြန်မြင်ပြီး မျက်ရည်ကျတာများလာလို့ မျက်စီကထိခိုက်လာသည်  ကျွန်တော့်မိဘနှစ်ပါးလုံးက ကျွန်တော်အတွက်ကြောင့်ပဲ ကံဆိုးရတာပဲ ကျွန်တော်က အဖေမေ အတွက် ကံဆိုးမှုကို ယူဆောင်ပေးတဲ့ မကောင်းတဲ့ သားမိုက်ပဲ

နောက်ကြောင်းပြန်ခြင်းပြီး

နေမခအတိတ်ကိုပြန်တွေးရင်း မျက်ရည်ကျလာကာ မောပန်းစွာ ပြန်အိပ်ပျော်သွားမိသည်

⛪⛪⛪

သခင်လေးရဲ့ကချေသည်

အပိုင်း ၃၉

"သခင်လေး သတိရလာပြီလား "







"လူလိမ်! "

" မလိမ်ပါဘူး သခင်လေး "

" ထွက်သွား!..ထွက်သွား "




" Sunny! "








ကားပြန်လှည့်ပါ  "



". သခင်လေး..မလုပ်ပါနဲ့ "


"အား!! "

🏢

"မိုးထက်! "

"သတိရလာပြီလား မြေးငယ်  "

"သားလေး သတိရလာပြီ "

ကြည့်နေကျသည်





" စိတ်လျှော့ပါ မြေးငယ် ဖိုးဖိုး တောင်းပန်ပါတယ် မြေးငယ်နေပြန်ကောင်းလာမှာပါ စိတ်လျှော့ပါ မြေးငယ်အားတင်းထားမြှဖစ်မယ် မြေးငယ် ဗိုက်ထဲမှာ ကလေးလေးရှီနေပြီး မြေးငယ်က ထူးဆန်းစွာပဲ ကိုယ့်ဝန်ရှီနေပြီ ပြီးတော့ဒီကလေးက ထူးဆန်းတယ်  ကားမှောက်တာတောင် ကိုယ်ဝန်မပျက်ကျဘူး ကံကောင်းတဲ့ကလေးပဲ "



" မပြောပါနဲ့ သမီး "






"အဟင့်..ဟင့် "





🏤🏤🏤








" နိုးပြီလား ကိုကို "

"  ဘယ်သူမှ မတွေ့ချင်ဘူး "




" နာကြည်းလိုက်ပါ ဖြူ "


" မွေးချင်တယ်ဖြူ







⛪⛪



ကျွန်တော်စကားမပြောချင်လို့လှည့်ထွက်မဲ့အလုပ်  သူကျွန်တော်လက်ကိုဆွဲပြီး






"ငါ့သားကိုလွတ်လိုက် "


" မဟုတ်ဘူး  မဟုတ် . ."






⛪⛪⛪

Continue Reading

You'll Also Like

108K 3.3K 55
"You want me to sketch you that bad?" I caressed her thin necklace, playfully tugging on it. "Yes." The whisper entered my ear, the woman's lips ling...
127K 1.9K 27
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
2.7M 150K 43
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
668K 68.8K 26
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...