သခင်လေးရဲ့ကချေသည် Myanmar Ver...

By MinKhant22

106K 3.8K 131

နေမခ ကောင်လေးက ကျွန်တော့်နားမှာ ကျွန်တော်စေလိုရာကမဲ့အရုပ်ကလေးပဲ အမြဲဖြစ်နေရမယ် 💗💗💗💗💗 မိုးထက်သာ ကျွန်... More

Intro
EP1
EP2
EP3
EP4
EP5
EP6
EP7
EP8
EP9
EP10
EP11
EP12
EP13
EP14
EP15
EP16
EP17
EP18
EP19
EP20
EP21
EP22
Ep24
EP25
EP26
EP27
EP28
EP29
EP30
EP31
EP32
EP33
EP34
EP35
EP36
EP37
EP38
EP39
EP40 Final

EP23

1.7K 72 0
By MinKhant22

သခင်လေးရဲ့ကချေသည်

အပိုင်း ၂၃

"သခင်လေး ကျွန်တော့်တကယ် အလုပ်သွားလို့ရပါ့မလား "

"အင်း..ငါတော်တော်သက်သာနေပါပြီ "

" သခင်လေးကိုစိတ်မချဘူး "

"မိုးထက် မင်းငါ့ကိုဖုန်းဝယ်ပေးထားတာ ပိုက်ဆံတွေကုန်သွားပြီ နောက်ငါလိုချင်တာ ဝယ်ပေးနိုင်အောင် မင်းအလုပ်ကြိုးစားမှဖြစ်မှာပေါ့ "

"ဟုတ်ကဲ့ပါ သခင်လေး အခန်းထဲကတောင်မထွက်နဲ့ စောင်ပုံထဲမှာနေနေ ကျွန်တော့်နေခင်း စောစောပြန်လာမယ် "

"အင်း "

မိုးထက်သာထွက်သွားတာနဲ့  နေမခလည်း အနွေးထည်ပါးပဲဝတ်ကာ အလုပ်ကို ထွက်လာလိုက်သည်

" စိုင်းလုံ "

" မင်္ဂလာပါ အစ်ကို မနေ့ကဘာလို့မလာတာလဲ "

"အစ်ကိုနေမကောင်းလို့ပါ "

" အစ်ကိုမျက်နှာကြည့်ရတာဖြူဖတ်ဖြူရော်နဲ့ အခုရော နေကောင်းရဲ့လား "

"အင်း "

စိုင်းလုံအိမ်မက်ထဲကအတိုင်း သူ့နဖူးကိုစမ်းနေသည် သူရှောင်လိုက်ပြီး

"အလုပ်လုပ်မယ် "

" ဖျားနေတာကိုး အင်္ကျီအပါးလေးနဲ့  "

" အနွေးထည်ထူလွန်းရင် အလုပ်လုပ်ရတာ မပေါ့ပါးလို့ပါ  "

နေမခ ခါတိုင်းအရည်အတွက်ထက်များအောင် ဘလောက်အုတ်ရိုက်နေလိုက်သည် ပြီးတော့ ၁၂မထိုးခင် အိမ်ကိုမြန်မြန်ပြေးလာလိုက်သည်

"ဟူး...တော်ပါသေးရဲ့ မိုးထက်သာမရောက်သေးလို့ "

မိုးထက်သာရောက်လာတော့လည်း သူတို့နှစ်ဦး ထမင်းစားပြီး နေ့ခင်းပိုင်းမိုးထက်သာ အလုပ်ဆင်းတာနဲ့ သူလည်းစိုင်းလုံဆီပြေးရသည် ဒီလို့နဲ့ပဲ နေ့ရက်တွေအချိန်တွေကုန်လွန်ခဲ့သည်

🏡🏡🏡

"သခင်လေး ကျွန်တော့်ကို စိတ်ဆိုးနေတာလား "

သခင်လေးအခုတလော ကျွန်တော့်ကိုအမြင်မကြည့်သလိုပဲ အကြောင်းမှာ ဥက္ကဋ္ဌသမီး မနန်းလဲကြောင့်ဖြစ်သည် ဥက္ကဋ္ဌကအလှူဖိတ်လို့ သွားစားမိရာမှ မနန်းလဲ့နဲ့ ကျွန်တော့်တို့ခင်လာကျသည် မနန်းလဲ့က ကျွန်တော့်တို့အိမ် ခဏခဏလာသည် ဟင်းတွေအမြဲတမ်းလာပို့သည် အခုလည်း

" မင်းဒီနေ့ညစာချက်စရာမလိုဘူး ဥက္ကဋ္ဌအိမ်က ညစာဖိတ်ထားတယ် "

"သခင်လေး! "

" ငါ့ကိုသခင်လေးလို့မခေါ်နဲ့လို့ပြောထားတယ်လေ "

သခင်လေးအော်လိုက်သည် အခေါ်အဝေါ်ကြောင့်လား

" ကျွန်တော့်ကြိုးစားပြီးပြင်ခေါ်ပါမယ် အခုဗိုက်ဆာနေပြီလား ကျွန်တော်ရေမြန်မြန်ချိုးလိုက်မယ် "

"ဒီလောက်အေးနေတာကို ညစာဖိတ်ကျွေးတော့ ရေကချိုးချင်နေသေး "

" ဗျာ!.. "

" သခင်လေးကျွန်တော့်ကို ဒေါသထွက်နေတာလား "

" ဥက္ကဋ္ဌခေါ်လို့ငြင်းမရလို့ သွားတယ်ဆိုပေမဲ့ သူ့သမီးအပြုအမှုတွေကို ငါ့မကြိုက်ဘူး မင်းလည်းဆင်ခြင်ပါ သတိထားနေပါ သဝန်ကြောင်လို့ပြောနေတာမဟုတ်ဘူး နှမြောလို့ပြောနေတာ "

"ဟုတ်ကဲ့ သခင်လေး "
⛪⛪⛪

ဥက္ကဋ္ဌအိမ်သို့ ညစာစားဖို့အသွား တစ်လမ်းလုံး မိုးထက်ကိုစကားမပြောဖြစ်ခဲ့ ဥက္ကဋ္ဌအိမ်သို့ရောက်တော့ နန်းလဲ့က မိုးထက်သာကိုထမင်းဝိုင်းသို့ဆွဲခေါ်သွားသည်

"ဟင်းတွေကြိုက်ပါ့မလားမသိဘူး သမီးလေးကိုယ်တိုင်  ချက်ထားတာပဲ ''

"ထမင်းစားဖိတ်လို့ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌ ''

"ဒီငါးဟင်းက ကျွန်မကိုယ့်တိုင်ချက်ထားတာထည့်ပေးမယ်နော် ''

နန်းလဲ့ကမိုးထက်သာပန်ကန်းထဲမှာဟင်းတွေတစ်မျိုးပြီးတစ်မျိုး  ထည့်ပေးနေသည် 

"မိုးထက်သာနဲ့ ဟိုသူငယ်လေး ရပ်ကွက်မှာ နေရတာ အဆင်ပြေရဲ့လား "

"ဟုတ်ကဲ့ ဦးစိုင်း အဆင်ပြေပါတယ် "

" သမီးလေးအသက်ကိုကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ် "

ဥက္ကဋ္ဌစကားကြောင့် နေမခအံသြသွားသည်

"ဟုတ်တယ်အစ်ကိုတာ ညီမဆိုင်ကယ်ဘရိတ်မပါတာကို သိပြီးထိန်းမပေးခဲ့ရင် ညီမချောက်ထဲကျနေပြီ "

"အခုတော့ချောက်ထဲမကျပဲ ညီမချက်တဲ့ဟင်းကို အစ်ကိုစားနေရပြီလေ "

"ဟီးဟီ "

နန်းလဲ့က မိုးထက်နားမှာပဲ ကပ်ထိုင်နေပြီး ဟင်းတွေထည့်ပေးနေတဲ့ နန်းလဲ့ကို ကျွန်တော်ကြည့်နေမိသည် နန်းလဲ့ရဲ့ မျက်ဝန်းအကြည့်တွေက မိုးထက်သာကိုသဘောကျတဲ့အကြည့်တွေထက်ကိုပိုပြီး နက်ရှိုင်းနေ
တယ်  ထမင်းဝိုင်းမှာ ကျွန်တော် စားနေရတဲ့ ထမင်းဟာ အရသာမရှီပဲ ဆိုးဝါးတဲ့ အရာကိုစားနေရသလို ရင်ထဲပူလောင်သည် 

'ထည့်စားနော် ဟိုသူငယ်လေး စကားလည်းမပြောပဲတိတ်ဆတ်နေတယ် ''

"ကျွန်တော်ဝပါပြီ "

"အဆင်ပြေရဲ့လား အစ်ကိုစားလို့မကောင်းဘူးလား ''

"မပြေဘူး မိုးထက် ငါခေါင်းကိုက်တယ် ''

"ခေါင်းကိုက်နေတာလား တော်တော်ကိုက်လား အစ်ကို "

"အင်း ''

"ထမင်းဖိတ်ကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးစိုင်း ကျွန်တော်တို့ကိုပြန်ခွင့်ပြုပါအုန်း ''

"ကိုကိုလည်း စားလိုဝရဲ့လား ပြီးဆုံးအောင်စားပါအုန်း "

နန်းလဲ့က မိုးထက်သာကို ပိုင်ဆိုးပိုင်နင်း ကိုကိုလို့ ခေါ်လိုက်ပြန်သည်

" ကျွန်တော်ဝပါတယ် ပြန်ခွင့်ပြုပါအုန်း ''

"မနက်ကျရင် ကျွန်မ မုန့်ကောင်းကောင်းလုပ်ထားမယ်နော် ''

ကျွန်တော်ခေါင်းပဲ ညိတ်ပြီး သခင်လေးလက်ကိုဆွဲပြီး ဥက္ကဋ္ဌအိမ်ကထွက်ခဲ့လိုက်သည် လမ်းရောက်တော့ သခင်လေး ဆွဲထားတဲ့လက်ကိုဖြုတ်သည် အပြန်လမ်းမှာ စကားတစ်ခွန်းမှမပြောပဲ  သခင်လေးလမ်းမြန်မြန်လျှောက်လာသည် ကျွန်တော်လည်း သခင်လေးနောက်က လိုက်လာခဲ့သည်  အိမ်ရောက်တော့ Dr ပေးတဲ့ဆေးကို သခင်လေးလက်ထဲထည့်လိုက်တော့ သခင်လေးဆေးကို လွှတ်ပစ်လိုက်သည်

"သခင်လေးဒီမြို့ကရာသီဥတုကြောင့် ရင်ကျက်ရောဂါ ပြန်ထနေတာ ဆေးကိုဘာလို့လွှတ်ပစ်ရတာလဲ ''

"ငါကို သခင်လေးလိုမခေါ်နဲ့လိုပြောထားတဲ့လေ ငါကမင်းလက်ထက်ခဲ့တဲ့သူ မင်းရဲ့ ကိုကို
မင်းရဲ့အလုပ်ရှင်မဟုတ်ဘူး ''

"ကျွန်တော်သိပါတယ် ကျွန်တော်နှုတ်ကျိုးနေလိုတစ်ခါတလေ ခေါ်မိတာပါ   ခါတိုင်းလည်း မေ့ပြီးခေါ်နေကျပဲလေ သခင်လေးအဲ့လောက်ဒေါသမထွက်ပါဘူး '' 

" မင်းလို့မှတ်ညာဏ်ကောင်းတဲ့သူက ငါမကြိုက်တဲ့ အခေါ်အဝေါ်ကိုး မလုပ်သင့်တော့ဘူး ပြီးတော့ . .မင်း . .ငါကိုတကယ်ချစ်တာဟုတ်ရဲ့လား ''

"သခင်လေး ကျွန်တော်အချစ်ကိုသံသယဖြစ်နေတာလား ''

"ဟုတ်တယ် ငါသံသယဖြစ်နေလို့မင်းကိုမေးတာ မင်းတာငါကို ချစ်ရင် ဘာမှမဖုန်းကွယ်သင့်ဘူး ပြီးတော့ သူများပြောမှ ငါသိရတယ် ''

"ဖုန်းကွယ်တာမဟုတ်ပါဘူး သူမက ကျွန်တော်တို့နှစ်ယောက်ကြားမှာအဲ့လောက်အရေးပါလာမယ့်မထင်လိုပါ ''

"  အခုတော့အရေးပါလာပြီလေ သူမ မင်းကိုသဘောကျနေတာ ငါမပြောလည်း မင်းမြင်မှာပါ ''

"ဟုတ်ကဲ့ကျွန်တော် ရိပ်မိပါတယ် သတိထားပြီးနေပါမယ် ''

"နန်းလဲ့အပြုအမှုကို ငါမကြိုက်ဘူး မိုးထက်သာ မင်းကို သတိထားနေစေချင်တယ် ငါဒီလိုပြောတာ အူတိုလို့မဟုတ်ဘူး မင်းကိုနှမြောလိုပါ''

"နှမြောလို ဟုတ်လား ''

"ဟုတ်တယ် မိုးထက်မင်းဟာ သူမရဲ့ ထောင်ခြောက်ထဲမှာမိသွားရင် နှမြောလိုပါ ပြီးတော့ မင်းနန်းလဲ့နဲ့ ပတ်သတ်ခဲ့ရင် ငါမင်းကိုဆွဲထားမှာမဟုတ်ဘူး နှမြောစွာနဲ့ပဲထားခဲ့မှာပါ ''

"ကျွန်တော် ဆင်ခြင်နေပါမယ် သူမနဲ့ မတွေ့အောင် ဝေးဝေးကရှောင်ပါမယ်  ပြီးတော့ သူမက ကျွန်တော့်အတွက် ဘာမဟုတ်တဲ့သူပါ သခင်လေး ဘာလိုစိတ်ပူနေတာလဲ ''

" မင်းမေ့သွားပြိလားမိုးထက်သာ.
ငါကလည်း အခု ဘာမှမဟုတ်တဲ့ ကောင်ပဲလေ  အရည်အချင်းမရှီ  ပစ္စည်းဥစ္စာမရှီ ဘာဆိုဘာမှမရှီတော့တဲ့လူပဲလေ ''

သခင်လေးပြောလိုက်တဲ့ စကားကြောင့်ရင်ထဲစိုနစ်သွားသည်  သခင်လေးရယ် ကိုယ့်ကိုကိုယ့်ဒီရပ်ကွက် ကျဉ်းကျဉ်းလေးမှာနေပြီး ဒီလူတွေနဲ့ တန်းတူညီတူ အဆင့်လိုသတ်မှတ်လိုက်တာလား သခင်လေးကအိမ်စုတ်မှာ ရောက်နေပေမဲ့ ကျွန်တော့်အတွက်တော့
မြင့်မြတ်တဲ့သူပါ ဘာမဟုတ်တဲ့ ကောင်မလေးတစ်ယောက်ကြောင့် သခင်လေး စိတ်ညစ်မခံပါနဲ့ စိတ်ရှုပ်မခံပါနဲ့ ကျွန်တော် သခင်လေးကို အရမ်းချစ်ပြီး မြတ်နိုးတာကိုး သခင်လေးသိအောင် ပြောချင်ပေမဲ့ ပါးစပ်နဲ့ပြောတာထက် တစ်နေ့သခင်လေး ကျွန်တော်အချစ်ကိုနားလည်မှာပါ

"ကျွန်တော် ဆင်ဆင်ခြင်ခြင်နေပါမယ် အစ်ကို စိတ်မဆိုးပါနဲ့တော့ စိတ်ရှုပ်လည်း မခံပါနဲ့တော့ ကျွန်တော်တောင်းပန်ပါတယ် ''

သခင်လေး ဘာမှမပြောတော့ပဲ အိပ်ရာပေါ်လှဲအိပ်လိုက်သည် ဆေးဗူးထဲက ဆေးတစ်လုံးထပ်ယူပြီး ရေပါတစ်ခွက်ခပ်လိုက်ပြီး

"ဆေးသောက်ပြီးမှ အိပ်ပါ အစ်ကို''

မိုးထက်သာယူပေးတဲ့ဆေးကို သောက်လိုက်ပြီး
အိပ်ရာပေါ်လှဲနေပြီး မျက်စီမှိတ်လိုက်သည် မျက်စီမှိတ်ထားပေမဲ့ နန်းလဲ့ကမိုးထက်ကိုကြည့်တဲ့ မျက်ဝန်းကိုပဲမြင်ယောင်နေမိသည် စူးရှလွန်းပြီး တပ်မက်တဲ့အကြည့် ကျွန်တော်သိနေပါတယ် နန်းလဲ့ကမိုးထက်ကို လိုချင်လို မိုးထက်နောက်ကိုပဲ လိုက်နေမှာပါ

🏡🏡🏡🏡

သခင်လေးရဲ့ကချေသည်

အပိုင်း ၂၃




"မိုးထက် မင်းငါ့ကိုဖုန်းဝယ်ပေးထားတာ ပိုက်ဆံတွေကုန်သွားပြီ နောက်ငါလိုချင်တာ ဝယ်ပေးနိုင်အောင် မင်းအလုပ်ကြိုးစားမြှဖစ်မှာပေါ့ "


"အင်း "


" စိုင်းလုံ "




"အင်း "


"အလုပ်လုပ်မယ် "






🏡🏡🏡




"သခင်လေး! "





" ဗျာ!.. "



"ဟုတ်ကဲ့ သခင်လေး "
⛪⛪⛪












"ဟီးဟီ "



"ကျွန်တော်ဝပါပြီ "




"အင်း ''

















"နှမြောလို ဟုတ်လား ''









🏡🏡🏡🏡

Continue Reading

You'll Also Like

1.9M 112K 42
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
654K 60.4K 35
She is shy He is outspoken She is clumsy He is graceful She is innocent He is cunning She is broken He is perfect or is he? . . . . . . . . JI...
491K 26.9K 18
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
3.2M 205K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...