Zawgyi
{ ၅လ - ၁ }
ရီက်န္းသည္ သူမေရ႔ွမွ အမ်ိဳးသမီးတို႔ ထပ္ခါထပ္ခါေျပာေနေသာစကားတို႔ေၾကာင့္ ေခါင္းကိုက္လာခဲ့ေလသည္။
ရီက်န္းဟာ သူမႏွင့္ သိပ္မရင္းႏွီးတဲ့ေဆြမ်ိဳးေတြနဲ႔ စကားသိပ္မေျပာတာေၾကာင့္ ေခါင္းေလးညိမ့္ျပလိုက္၊ " Aww၊ Omm " စတဲ့ မတိုးသာမဆုတ္သာ စကားတို႔သာ ျပန္ေျပာေနခဲ့ေပ၏။ ကံေကာင္းစြာနဲ႔ သူမကို အေဖရီက လာေခၚခဲ့ေလတယ္။ အေဖရီသည္ သူမႏွင့္လုေပရႊမ္းတို႔ကို ေမြးေန့ကိတ္ကြဲေစခ်င္တာေၾကာင့္ လာေခၚခဲ့ျခင္းျဖစ္သည္။
~~~~~~~
စားေသာက္ၾကခ်ိန္တုန္းတြင္ အေဖရီဟာ လုေပရႊမ္းအား " က်ဳပ္သမက္ေလး၊ က်ဳပ္သမက္ေလး "လို႔ ဆက္တိုက္ေခၚေနခဲ့ေပ၏။ လုေပရႊမ္းကို ထိုသို႔ေခၚရျခင္းအား အေတာ္ေလး သေဘာေတြ့ေနပံုပင္။
~~~~~~~
အေမရီသည္ သူမသမီးႀကီးရဲ့လက္ကို ကိုင္လိုက္ရင္း တစ္ခုခုကို တိုးတိုးတိတ္တိတ္ေမးလိုက္၏။ " ရီက်န္းကို ေတာင္းပန္တာ အဆင္ေျပခဲ့လား သမီး "
အေမရီသည္ ရီခ်င္းကို ရီက်န္းအား ေတာင္းပန္ဖို႔ ရက္ေပါင္းမ်ားစြာ ေဖ်ာင္းဖ်ခဲ့ရေပသည္။ သူမသမီးႀကီးရဲ့ေခါင္းမာလြန္းတဲ့အက်င့္ေၾကာင့္ ရက္ေတာ္ေတာ္ၾကာၾကာ ေတာင္းေတာင္းပန္ပန္ျဖင့္ ေဖ်ာင္းဖ်ခဲ့ရေလတယ္။ အေမရီသည္ ရီခ်င္းက သူ႔ကိုယ္သူ အျပစ္တင္ေနမွာထက္ ရီက်န္းက သူမ(အေမရီ)ရဲ့ရန္သူျဖစ္သြားတာကမွ ပိုေကာင္းသည္ဟု ေတြးခဲ့ဖူးသူပင္။
" အေမ စိတ္မပူပါနဲ႔။ သမီး...သမီး ေတာင္းပန္ခဲ့ပါတယ္ "
အေမရီဟာ သူမသမီးႀကီးရဲ့စိတ္အားငယ္ေနတဲ့ပံုစံကို ၾကည့္ရင္း " သမီးအတြက္ လာခက္ခဲခဲ့မွာပဲ "
ထိုအခါ ရီခ်င္းက မ်က္ရည္တို႔ဝဲေနေသည္လည္း အနည္းငယ္ၿပံဳးစလိုက္ၿပီး " သမီး အဆင္ေျပပါတယ္။ ရီက်န္းသာ သမီးတို႔မိသားစုနဲ႔ ျပန္သင့္ျမတ္လာႏိုင္မယ္ဆို ဘာမွလုပ္ရလုပ္ရ သမီးအတြက္ အဆင္ေျပပါတယ္ "
ရီခ်င္းသည္ မတရားမႈကို မ်ိဳသိပ္ကာ ႀကိတ္ခံေနေသာပံုစံမ်ိဳးျဖစ္ေနေလသည္။ သူမရဲ့သနားစရာပံုစံကို ျမင္ေနရေသာအေမရီဟာ ရီခ်င္းရဲ့လက္ကို တင္းတင္းဆုပ္ကိုင္ထားၿပီး ႏွစ္သိမ့္ေပးေနေလ၏။
အိမ္ျပန္လမ္းတြင္ လုေပရႊမ္းဟာ ရီက်န္းအား သူနဲ႔ရွန္ေဝ့ရင္းၾကားတြင္ ျဖစ္ခဲ့သမ်ွ ကိစၥႀကီးငယ္ အားလံုးကို ျပန္ေျပာျပေလတယ္။ သူတို႔ႏွစ္ၪီးၾကားတြင္ ထူးထူးျခားျခားကိစၥ ဘာမွမရိွခဲ့ေခ်။ သူတို႔ႏွစ္ၪီးရဲ့အဖိုးေတြက သူငယ္ခ်င္းျဖစ္ေနတာေၾကာင့္ တစ္ခါတစ္ရံ ေတြ့ျဖစ္ခဲ့ရံုမ်ွသာ။ လုေပရႊမ္းဟာ ရွန္ေဝ့ရင္းေပၚတြင္ စိတ္ဝင္စားမႈ ပုစိေသးေသးေလးပင္ မရိွခဲ့ေပ။
ရီက်န္းဟာ ဒီအေၾကာင္းတို႔ကို သိခဲ့ၿပီးသားျဖစ္သည္။ ဝတၴုထဲမွ လုေပရႊမ္းသည္ မိန္းကေလးအားလံုးကို လ်စ္လ်ွူရႈထားေသာဘုန္းေတာ္ႀကီးပင္။ လုေပရႊမ္းဟာ ဝတၴုထဲတြင္ ရီခ်င္းမွလြဲ၍ ဘယ္သူ႔ကိုမွ စိတ္မဝင္စားခဲ့သူလည္းျဖစ္၏။
" ဥကၠဌလု၊ ရွင္က အရမ္းၿပီးျပည့္စံုလြန္းတဲ့သူဆိုေတာ့ အခုလို လာပိုးပန္းတဲ့သူရိွတာက မဆန္းပါဘူး။ ၿပီးေတာ့ ကြၽန္မက သေဘာထားႀကီးတဲ့သူမို႔လို႔ အဲ့လိုကိစၥေတြကို လိုက္ၿပီးသဝန္မတိုတတ္ပါဘူးေနာ္ " ရီက်န္းဟာ လုေပရႊမ္းကို တိတ္တခိုး ၾကည့္ၿပီး ထိုသို႔ဆိုလိုက္ၿပီးေနာက္ " ကြၽန္မသိခ်င္တာက ရွင္ ရီခ်င္းကို ဘယ္လိုျမင္လဲဆိုတာကိုပါ "
လုေပရႊမ္းသည္ ရီခ်င္းရဲ့နာမည္ကို ၾကားတဲ့အခါ အနည္းငယ္ စိတ္ရႈပ္သြားရသည္။ ရီက်န္းက ဘာလို ရီခ်င္းအေၾကာင္းကို ေျပာမွန္း သူတကယ္နားမလည္ေပ။
သူ ကိုမာမွ ျပန္သတိရလာၿပီးေနာက္ပိုင္းတြင္ ရီခ်င္းကို ပတ္ပတ္သက္သက္ မေနခဲ့ေပ။ ဒါ့ေၾကာင့္ ရီခ်င္းကို ဘာစိတ္မွန္း မရိွဘူးဆိုတာ သိသာၿပီးသားပင္။
ရီက်န္းရဲ့အမူအရာေတြကလည္း သူ႔အတြက္ ထူးဆန္းေန၏။ ရွန္ေဝ့ရင္းအေၾကာင္းကို ေျပာတုန္းက ဂရုစိုက္မႈမရိွခဲ့ေသာသူမဟာ ရီခ်င္နာမည္ကို ထုတ္ေျပာလာၿပီး ရန္သူတစ္ေယာက္ကို ရင္ဆိုင္ေတာ့မည့္မ်က္ႏွာမ်ိဳးျဖစ္သြားခဲ့သည္ေလ။
လုေပရႊမ္းသည္ ရီက်န္းရဲ့အေမကို ပံုမွန္အသံျဖင့္သာ ေပါ့ေပါ့ပါးပါးျပန္ေျဖလိုက္ေတာ့တယ္။ " သူမက ေရတိုကိုပဲ ၾကည့္တတ္တဲ့သူမ်ိဳးပဲ။ ကိုယ္သူနဲ႔ပတ္သက္ၿပီး ေတြးမိတာ အဲ့ဒါပဲရိွတယ္ "
ရီက်န္းဟာ လုေပရႊမ္းရဲ့စကားကို စိတ္ထဲ၌ ေထာက္ခံမိလိုက္၏။
သူမက ရီက်န္းရဲ့ခႏၶာကိုယ္ထဲသို႔ ကူးေျပာင္းလာၿပီးေနာက္တြင္ ရီခ်င္းသည္ ဝတၴုထဲကလို ထက္ျမက္ၿပီး အရည္အခ်င္းရိွတဲ့ပံုစံမ်ိဳး မရိွေတာ့ေခ်။ ရီခ်င္းသည္ လုေပရႊမ္းေျပာသလို ေရတိုကိုပဲ ၾကည့္တတ္တဲ့ငတံုးငအ ျဖစ္လာခဲ့ေလတယ္။
ရီက်န္းသည္ ဝတၴုထဲက ရီခ်င္းရဲ့အေၾကာင္းကို နက္နက္နဲနဲ ေတြးလိုက္မိေပ၏။
ဝတၴုထဲတြင္ ရီခ်င္းဟာ လွပကာ ပါးနပ္ၿပီး ၾကင္နာတတ္တဲ့အျပင္ သေဘာထားႀကီးသူတစ္ၪီးပင္။ ဒါ့အျပင္ အလြန္အကြၽံမာနေထာက္လႊားျခင္းမ်ိဳးလည္းမရိွေခ်။ ဒါတင္မကေသး ဝတၴုထဲက ရီခ်င္းရဲ့ပံုစံဟာ လုေပရႊမ္းရဲ့အႀကိဳက္ႏွင့္ လံုးဝကြက္တိျဖစ္ေနခဲ့သည္။
အခုကေတာ့~~~
" ဥကၠဌလု၊ ရွင္ႀကိဳက္တဲ့မိန္းကေလးပံုစံက ဘယ္လိုမ်ိဳးလဲ "
ထိုအခါ လုေပရႊမ္းသည္ သူမမ်က္ႏွာနားသို႔ တိုးကပ္လိုက္ၿပီး " လူဆိုးမေလး မဟုတ္ဘဲ ၾကင္နာၿပီးသေဘာထားႀကီးတဲ့ပံုစံမ်ိဳးကို ကိုယ္ႀကိဳက္တယ္ "
🖤🖤🖤🖤🖤🖤🖤
Unicode
{ ၅လ - ၁ }
ရီကျန်းသည် သူမရှေ့မှ အမျိုးသမီးတို့ ထပ်ခါထပ်ခါပြောနေသောစကားတို့ကြောင့် ခေါင်းကိုက်လာခဲ့လေသည်။
ရီကျန်းဟာ သူမနှင့် သိပ်မရင်းနှီးတဲ့ဆွေမျိုးတွေနဲ့ စကားသိပ်မပြောတာကြောင့် ခေါင်းလေးညိမ့်ပြလိုက်၊ " Aww၊ Omm " စတဲ့ မတိုးသာမဆုတ်သာ စကားတို့သာ ပြန်ပြောနေခဲ့ပေ၏။ ကံကောင်းစွာနဲ့ သူမကို အဖေရီက လာခေါ်ခဲ့လေတယ်။ အဖေရီသည် သူမနှင့်လုပေရွှမ်းတို့ကို မွေးနေ့ကိတ်ကွဲစေချင်တာကြောင့် လာခေါ်ခဲ့ခြင်းဖြစ်သည်။
~~~~~~~
စားသောက်ကြချိန်တုန်းတွင် အဖေရီဟာ လုပေရွှမ်းအား " ကျုပ်သမက်လေး၊ ကျုပ်သမက်လေး "လို့ ဆက်တိုက်ခေါ်နေခဲ့ပေ၏။ လုပေရွှမ်းကို ထိုသို့ခေါ်ရခြင်းအား အတော်လေး သဘောတွေ့နေပုံပင်။
~~~~~~~
အမေရီသည် သူမသမီးကြီးရဲ့လက်ကို ကိုင်လိုက်ရင်း တစ်ခုခုကို တိုးတိုးတိတ်တိတ်မေးလိုက်၏။ " ရီကျန်းကို တောင်းပန်တာ အဆင်ပြေခဲ့လား သမီး "
အမေရီသည် ရီချင်းကို ရီကျန်းအား တောင်းပန်ဖို့ ရက်ပေါင်းများစွာ ဖျောင်းဖျခဲ့ရပေသည်။ သူမသမီးကြီးရဲ့ခေါင်းမာလွန်းတဲ့အကျင့်ကြောင့် ရက်တော်တော်ကြာကြာ တောင်းတောင်းပန်ပန်ဖြင့် ဖျောင်းဖျခဲ့ရလေတယ်။ အမေရီသည် ရီချင်းက သူ့ကိုယ်သူ အပြစ်တင်နေမှာထက် ရီကျန်းက သူမ(အမေရီ)ရဲ့ရန်သူဖြစ်သွားတာကမှ ပိုကောင်းသည်ဟု တွေးခဲ့ဖူးသူပင်။
" အမေ စိတ်မပူပါနဲ့။ သမီး...သမီး တောင်းပန်ခဲ့ပါတယ် "
အမေရီဟာ သူမသမီးကြီးရဲ့စိတ်အားငယ်နေတဲ့ပုံစံကို ကြည့်ရင်း " သမီးအတွက် လာခက်ခဲခဲ့မှာပဲ "
ထိုအခါ ရီချင်းက မျက်ရည်တို့ဝဲနေသေည်လည်း အနည်းငယ်ပြုံးစလိုက်ပြီး " သမီး အဆင်ပြေပါတယ်။ ရီကျန်းသာ သမီးတို့မိသားစုနဲ့ ပြန်သင့်မြတ်လာနိုင်မယ်ဆို ဘာမှလုပ်ရလုပ်ရ သမီးအတွက် အဆင်ပြေပါတယ် "
ရီချင်းသည် မတရားမှုကို မျိုသိပ်ကာ ကြိတ်ခံနေသောပုံစံမျိုးဖြစ်နေလေသည်။ သူမရဲ့သနားစရာပုံစံကို မြင်နေရသောအမေရီဟာ ရီချင်းရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး နှစ်သိမ့်ပေးနေလေ၏။
အိမ်ပြန်လမ်းတွင် လုပေရွှမ်းဟာ ရီကျန်းအား သူနဲ့ရှန်ဝေ့ရင်းကြားတွင် ဖြစ်ခဲ့သမျှ ကိစ္စကြီးငယ် အားလုံးကို ပြန်ပြောပြလေတယ်။ သူတို့နှစ်ဦးကြားတွင် ထူးထူးခြားခြားကိစ္စ ဘာမှမရှိခဲ့ချေ။ သူတို့နှစ်ဦးရဲ့အဖိုးတွေက သူငယ်ချင်းဖြစ်နေတာကြောင့် တစ်ခါတစ်ရံ တွေ့ဖြစ်ခဲ့ရုံမျှသာ။ လုပေရွှမ်းဟာ ရှန်ဝေ့ရင်းပေါ်တွင် စိတ်ဝင်စားမှု ပုစိသေးသေးလေးပင် မရှိခဲ့ပေ။
ရီကျန်းဟာ ဒီအကြောင်းတို့ကို သိခဲ့ပြီးသားဖြစ်သည်။ ဝတ္ထုထဲမှ လုပေရွှမ်းသည် မိန်းကလေးအားလုံးကို လျစ်လျှူရှုထားသောဘုန်းတော်ကြီးပင်။ လုပေရွှမ်းဟာ ဝတ္ထုထဲတွင် ရီချင်းမှလွဲ၍ ဘယ်သူ့ကိုမှ စိတ်မဝင်စားခဲ့သူလည်းဖြစ်၏။
" ဥက္ကဌလု၊ ရှင်က အရမ်းပြီးပြည့်စုံလွန်းတဲ့သူဆိုတော့ အခုလို လာပိုးပန်းတဲ့သူရှိတာက မဆန်းပါဘူး။ ပြီးတော့ ကျွန်မက သဘောထားကြီးတဲ့သူမို့လို့ အဲ့လိုကိစ္စတွေကို လိုက်ပြီးသဝန်မတိုတတ်ပါဘူးနော် " ရီကျန်းဟာ လုပေရွှမ်းကို တိတ်တခိုး ကြည့်ပြီး ထိုသို့ဆိုလိုက်ပြီးနောက် " ကျွန်မသိချင်တာက ရှင် ရီချင်းကို ဘယ်လိုမြင်လဲဆိုတာကိုပါ "
လုပေရွှမ်းသည် ရီချင်းရဲ့နာမည်ကို ကြားတဲ့အခါ အနည်းငယ် စိတ်ရှုပ်သွားရသည်။ ရီကျန်းက ဘာလို ရီချင်းအကြောင်းကို ပြောမှန်း သူတကယ်နားမလည်ပေ။
သူ ကိုမာမှ ပြန်သတိရလာပြီးနောက်ပိုင်းတွင် ရီချင်းကို ပတ်ပတ်သက်သက် မနေခဲ့ပေ။ ဒါ့ကြောင့် ရီချင်းကို ဘာစိတ်မှန်း မရှိဘူးဆိုတာ သိသာပြီးသားပင်။
ရီကျန်းရဲ့အမူအရာတွေကလည်း သူ့အတွက် ထူးဆန်းနေ၏။ ရှန်ဝေ့ရင်းအကြောင်းကို ပြောတုန်းက ဂရုစိုက်မှုမရှိခဲ့သောသူမဟာ ရီချင်နာမည်ကို ထုတ်ပြောလာပြီး ရန်သူတစ်ယောက်ကို ရင်ဆိုင်တော့မည့်မျက်နှာမျိုးဖြစ်သွားခဲ့သည်လေ။
လုပေရွှမ်းသည် ရီကျန်းရဲ့အမေကို ပုံမှန်အသံဖြင့်သာ ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်တော့တယ်။ " သူမက ရေတိုကိုပဲ ကြည့်တတ်တဲ့သူမျိုးပဲ။ ကိုယ်သူနဲ့ပတ်သက်ပြီး တွေးမိတာ အဲ့ဒါပဲရှိတယ် "
ရီကျန်းဟာ လုပေရွှမ်းရဲ့စကားကို စိတ်ထဲ၌ ထောက်ခံမိလိုက်၏။
သူမက ရီကျန်းရဲ့ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းလာပြီးနောက်တွင် ရီချင်းသည် ဝတ္ထုထဲကလို ထက်မြက်ပြီး အရည်အချင်းရှိတဲ့ပုံစံမျိုး မရှိတော့ချေ။ ရီချင်းသည် လုပေရွှမ်းပြောသလို ရေတိုကိုပဲ ကြည့်တတ်တဲ့ငတုံးငအ ဖြစ်လာခဲ့လေတယ်။
ရီကျန်းသည် ဝတ္ထုထဲက ရီချင်းရဲ့အကြောင်းကို နက်နက်နဲနဲ တွေးလိုက်မိပေ၏။
ဝတ္ထုထဲတွင် ရီချင်းဟာ လှပကာ ပါးနပ်ပြီး ကြင်နာတတ်တဲ့အပြင် သဘောထားကြီးသူတစ်ဦးပင်။ ဒါ့အပြင် အလွန်အကျွံမာနထောက်လွှားခြင်းမျိုးလည်းမရှိချေ။ ဒါတင်မကသေး ဝတ္ထုထဲက ရီချင်းရဲ့ပုံစံဟာ လုပေရွှမ်းရဲ့အကြိုက်နှင့် လုံးဝကွက်တိဖြစ်နေခဲ့သည်။
အခုကတော့~~~
" ဥက္ကဌလု၊ ရှင်ကြိုက်တဲ့မိန်းကလေးပုံစံက ဘယ်လိုမျိုးလဲ "
ထိုအခါ လုပေရွှမ်းသည် သူမမျက်နှာနားသို့ တိုးကပ်လိုက်ပြီး " လူဆိုးမလေး မဟုတ်ဘဲ ကြင်နာပြီးသဘောထားကြီးတဲ့ပုံစံမျိုးကို ကိုယ်ကြိုက်တယ် "
🖤🖤🖤🖤🖤🖤🖤