Unicode
ဝေ့ဒါက ဆံပင်အတိုနဲ့ကောင်လေး ဘယ်သူဘယ်ဝါဆိုတာကို မပြောပြသလို လွီနင်ကလည်း မမေးပေ။
သူရော ဝေ့ဒါရော နှစ်ယောက်လုံး ပြန်အဆင်ပြေနေကြပြီ။ သူတို့ဆက်မေးလိုက်လျှင် ဒီအခြေအနေကို လက်လွှတ်သလို ဖြစ်သွားမည်။
လွီနင် ယန်မိန့်ချီကိုမုန်းပေမယ့် သူ့သားကိုတော့ မမုန်းပေ။ အထူးသဖြင့် သူ့သားရဲ့ လက်ရှိအခြေအနေကို တွေ့ပြီးနောက်ပေါ့။
ကလေးတစ်ယောက် မွေးဖွားလာတာက ဘုရားသခင်ရဲ့ ပြစ်ဒဏ်တော့ မဟုတ်ပေ။ ဝေ့ဒါကတော့ ဓားစာခံဖြစ်သွားရုံသာ။
"ဒါကို မယူနဲ့"
လီနင်က သူ့လက်ထဲက ခရမ်းသီးကို မြှောက်ပြပြီး ပြောလာသည်။
" ဒါက အရောင်ရင့်ပေမယ့် အခွံက နွမ်းနေပြီး အလေးချိန်ကလည်း ပေါ့ပေါ့လေး..."
"Oh,"
ဝေ့ဒါက ခရမ်းသီးတစ်လုံးယူက ပလပ်စတစ်အိတ်ထဲ ကောက်ထည့်လိုက်သည်။
ဆိုင်ပိုင်ရှင်က သူတို့ကို ပြုံးပြပြီး
"မင်းတို့က ညီအစ်ကိုတွေလား"
"အင်း"
လွီနင်က ခရမ်းသီးနည်းနည်း ကောက်ထည့်လိုက်ပြီး ပိုင်ရှင်ကိုပေးလိုက်သည်။
"သူဌေး ဒါတွေ ချိန်ပေးပါဦး "
"ဟုတ်ပြီ"
ဆိုင်ပိုင်ရှင်က အစားအသောက်တွေကို အီလက်ထရောနစ် ကတ္တားပေါ်မှာချိန်လျှက် မေးလာသည်။
" ငါ့ညီတို့က အစားသောက်အတူထွက်ဝယ်ကြတာဆိုတော့ နှစ်ယောက်သား အရမ်းရင်းနှီးကြတာပဲနော်။"
"ဟုတ်တယ်"
ဆိုတော့... တခြားသူတွေအမြင်မှာလည်း သူတ်ို့ဆက်ဆံရေးက အဆင်ပြေနေတဲ့ပုံပေါ့....
လွီနင် ဒီအချက်ကို နားလည်ပြီး ပျော်ရွှင်သွားတယ်....
ယောကျာ်တစ်ယောက်အနေနှင့် လွီနင်က သူ့ခံစားချက်တွေကို ဖော်ပြရမှာ မပေါ်လွင်တတ်ပေ။ လွီနင်က လူတစ်ယောက်ကို စေတနာနဲ့ ဆက်ဆံလျှင်တောင် ထိုလူက သူ့စေတနာကို နားလည်လားဆိုတာ သူမသိပေ။
လွီနင် သူနဲ့ ဝေ့ဒါ ဆက်ဆံရေးကောင်းလားဆိုတာလည်း သူမသိဘူး။ လွီနင်မှာ မွေးချင်းအမတွေရှိပေမယ့်လည်း အကုန်လုံးက အမြဲတမ်းရန်ဖြစ်စကားများနေတတ်ကြသည်။ တစ်ချက်ကြည့်ရုံနဲ့တင် သူတို့က မိသားစုနဲ့တူပေမယ့် ဝေ့ဒါလိုတော့ မရင်းနှီးကြပေ။
လွီနင်က တစ်ခါတစ်ရံ ဝေ့ဒါသူ့ကို ပရော်ပရည်လုပ်တာတွေ စိတ်တိုထွက်တာတွေ ရှိလိမ့်မယ်လို့ ထင်ပေမယ့် အခုတော့ ဒီလိုလုပ်ရပ်တွေ လုပ်မယ့်ပုံ မပေါ်တော့ပေ။
ဝေ့ဒါက သူ့လက်ထဲက အစားအသောက်အိတ်ကို ကူသယ်ပေးလိုက်သည်။
"တော်လိုက်တဲ့ညီလေး "
ဆိုင်ရှင်က ရယ်မောလိုက်သည်။
" မင်းက အခုမှကျောင်းတက်နေတုန်းလေ။ နောက်တစ်ခါ မင်းမရီးကို မင်းအက်ိုနဲ့အတူတူ စျေးဝယ်လွှတ်လိုက်။ မင်းကတော့ စာကြိုးစားရမယ်။"
"ကျွန်တော်က အခုထိ လက်ထပ်မရသေးဘူး "
လွီနင် ဝေ့ဒါကို တစ်ချက်ငဲ့ကြည့်ပြီး ပါးစပ်က လွှတ်ခနဲ ထွက်သွားသည်။
ဘေးနားမှာရပ်နေတဲ့ ဝေ့ဒါက အပြုံးဖျော့ဖျော့လေးနဲ့ သူ့ကိုကြည့်လာသည်။
သူက စိတ်ထဲမထားတဲ့ပုံပင်။
လွီနင် ဝေ့ဒါကို ဖိအားအများကြီးမပေးချင်ပေ။ သဘာဝကျကျပဲ ပုံမှန်လူ့အဖွဲ့အစည်းထဲမှာ ဖြည်းဖြည်းချင်း ဝင်ဆံ့နိုင်ရန်ပဲ မျှော်လင့်မိသည်။
ဒါပေမယ့် ဖိအားဆိုတာ အခုလို အခြေအနေမျိုးပင်။ အပြင်လူတွေက ဘယ်လောက်ပဲ နားလည်အောင် ကြိုးစားကြိုးစား လူတစ်ယောက်ရဲ့ အတွေးကိုတော့ ဘယ်လိုမှ နားမလည်နိုင်ကြပေ။
*************************************
မနက်ပိုင်း နောက်ဆုံးလူနာကို ကြည့်ပြီးတော့ မွန်းတည့်လုနီးပါးဖြစ်နေပြီ။ စီနီယာ အမတစ်ယောက်က ဂျူတီကုတ်ကို ချွတ်ပြီး မေးလာသည်။
" လွီနင် ဒီနေ့ရော ဘာဟင်းထည့်လာလဲ။"
"အမ်.. "
လွီနင် လက်ဆေးပြီး နေ့လည်စာဘူးထည့်ထားတဲ့အိတ်ကို ယူခဲ့လိုက်သည်။
" မင်း လျိုကျင်းနဲ့ မကြာမကြာ နေ့လည်စာမစားတော့ဘူးနော်။ အလုပ်နားရက်ဆိုလည်း မင်းတို့နှစ်ယောက် အတူတူ လျှောက်မလည်ဖြစ်ကြတော့ဘူး ထင်တယ်။"
" ကျွန်တော် တစ်ခါတစ်လေတော့ စျေးဝယ်ထွက်ဖြစ်ပါတယ်။ သိပ်လည်း မဆ်ိုးပါဘူး။"
လွီနင်က ထမင်းဘူးအိတ်ဖွင့်ရင်း ပြန်ဖြေလိုက်သည်။
"တနင်္ဂနွေလည်း လမ်းလျှောက်မထွက်တော့ဘူးလား။ "
"ကျွန်တော် ဒီရက်ပိုင်း အလုပ်များနေလို့ "
" မင်းကိုယ်ကိုကိုယ် ပိုပြီးအကောင်းမြင်ဖို့ လိုတယ်လို့ ငါမပြောဘူးလား။ လျိုကျင်းက အရမ်းတော်တယ်။ တစ်ယောက်ယောက်က သူ့ကို လုသွားရင်ရော....."
"ဟုတ်ကဲ့... ကျွန်တော်သိပါတယ်။ ခဏလောက်နေမှ လျိုကျင်းအဆင်ပြေရင် ကျွန်တော်သွားမေးကြည့်လိုက်ပါ့မယ်။"
"ဘာဖြစ်လို့လဲ။"
"ကျွန်တော့် နေ့လည်စာဘူး ကျန်ခဲ့ပြီ။"
စီနီယာအမက လွီနင်ပေါင်ကို တစ်ချက်ရိုက်ပြီး တံခါးအပြင်ကို ပြေးသွားကာ ဌာနခွဲဖက်ကို လှမ်းအော်လိုက်သည်။
" လျိုကျင်းရေ.... လျိုကျင်း.... လွီနင်က နေ့လည်စာသွားစားမလားလို့ မေးနေတယ်။"
မိနစ်အနည်းငယ်ကြာတော့ မျက်နှာလေးရဲနေတဲ့ လျိုကျင်းက စီနီယာအမနဲ့အတူ ဝင်လာသည်။
"အတူစားကြမလား။ "
လျိုကျင်းက မေးလာသည်။
လွီနင်က ခေါင်းညိမ့်ပြလိုက်သည်။
"အင်း... နင်အားပြီလား။ "
လျိုကျင်းက ပျော်ရွှင်စွာ ပြန်ဖြေသည်။
"ငါ့ကို ခဏလောက်စောင့်ဦး။ လက်သွားဆေးလိုက်ဦးမယ်။ "
"Okay."
"လွီနင်ရယ်.... စကားကောင်းကောင်း မပြောတတ်ဘူးလား။"
လျိုကျင်းထွက်သွားတော့ အမက အသံတိုးတိုးလေးဖြင့် မကျေမနပ်ပြောသည်။
လွီနင် သူ့မြင်းအိုကြီးရဲ့ ကြိုးစားမှုကို ကျေနပ်မိသည်။
[T\N : Lv Ning was both amused and touched by his old horse's efforts.
ဘာကိုပြောချင်တာလဲ နားမလည်တော့ အဆင်ပြေသလို ပြန်လိုက်တယ်။😌]
စီနီယာအမနဲ့ အတူအပြင်ထွက်စားဖို့ ဆရာဝန်တွေက တံခါးအပြင်မှာ အစောကတည်းက ရပ်စောင့်နေကြသည်။
" အမရေ... ပစ္စည်းတွေသိမ်းပြီးရင် သွားကြမယ်။ ဟေ့... အမမှာ လူနာရှိနေသေးတာလား။ "
"မဟုတ်ဘူးဗျ... ကျွန်တော်ဒီကို လူလာရှာတာ..."
အသံတွေကြားတော့ ပစ္စည်းတွေသိမ်းနေတဲ့ လွီနင်က တံခါးကို လှည့်ကြည့်လိုက်သည်။
ဝေ့ဒါက အိတ်တစ်လုံးပိုက်ပြီး တံခါးပေါက်မှာ မတ်တပ်လေးရပ်နေသည်။
"အကို နေ့လည်စာဘူး မေ့ခဲ့တယ်။ "
"မင်းက တကူးတကကြီး လာပို့တာလား။ "
လွီနင် သူ့ဆီ နေ့လည်စာလာပို့တဲ့ ကောင်လေးကိုတွေ့တော့ သူ့စိတ်နှလုံးထဲမှာ နွေးထွေးမှုက်ို ခံစားလိုက်ရသည်။
"ဟုတ်တယ်... ကျွန်တော်က အကိုမယူသွားဘူး ထင်လို့...."
လွီနင် ဝေ့ဒါကို ချက်ချင်းပဲ ကြည့်လိုက်ပြီး
" Oh... ဒါကျွန်တော်ညီပါ...."
"လွီနင့် ညီလေးလား။"
ဆရာဝန်တွေအများကြီးက ဝေ့ဒါဘေးကို ဝိုင်းသွားတော့သည်။
"သူက တော်တော်လေးကို ကြည့်ကောင်းတာပဲ။ သူ့အသက်ဘယ်လောက်ရှိပြီလဲ။ "
"၁၇..."
"သူက လွီနင်နဲ့ မတူဘူးနော်...."
"လူတိုင်း ဒီလိုပဲ ပြောကြတယ်ဗျ..."
" ၁၇ နှစ်... ဒါဆို ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေရတော့မှာပေါ့... ဘယ်လိုတက္ကသိုလ်မျိုး တက်ချင်တာလဲ။ "
လွီနင် တုံလှုပ်သွားပြီး ဝေ့ဒါဆီကို ကမန်းကတန်းလျှောက်သွားလိုက်သည်။ ဝေ့ဒါက စကားလုံးလေးနှစ်လုံးက်ို ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်မယ်လို့ ဘယ်သူထင်မှာလဲ။
"Commune University."
ဆရာဝန်တွေ အံ့သြသွားကြသည်။
"CEO လား?"
ဝေ့ဒါက မြန်လည်းမမြန် နှေးလည်းမနှေးဘဲ ပြန်ရှင်းပြလိုက်သည်။
" လူမှုရေးတက္ကသိုလ်တစ်ခုပါ.... "
ဝေ့ဒါက လွီနင်ကို တိတ်တိတ်လေး လှည့်ပြောလာသည်။
" အကိုတို့က တအားရင်းနှီးကြတာပဲနော်။"
လူတစ်စုရဲ့ မျက်လုံးထဲမှာ ဘယ်တက္ကသိုလ်လဲဆိုပြီး question mark တွေနဲ့ ပြည့်သွားပေမယ့် ဝေ့ဒါရဲ့ ရိုးသားတဲ့ သွင်ပြင်လေးကြောင့် အလှည့်စားခံလိုက်ရသည်။
လွီနင် အခုမှ သက်ပြင််းချနိုင်ပြီး စိတ်သက်သာရသွားတုန်းရှိသေး ရုတ်တရက် "ဘန်း" ဆိုတဲ့ အသံကိုကြားလိုက်ရသည်။ သူခေါင်းကိုလှည့်ကြည့်လိုက်တော့ မနီးမဝေးမှာ ရပ်ပြီး သူ့ကိုစိုက်ကြည့်နေတဲ့ လျိုကျင်းကို တွေ့လိုက်ရသည်။
" လျိုကျင်း ဒီမှာ နင့်မောင်လေးကို လာကြည့်လှည့်ဦး။"
စီနီယာအမကြီးက အော်ပြောလိုက်သည်။
အမကြီးရဲ့ စနောက်သံကိုကြားတော့ ဘေးကလူအုပ်ကြီးက ရယ်မောကြတော့သည်။ တစ်ယောက်က ဝေ့ဒါကို အတင်းပြောသလို ကပ်ပြောလာသည်။
"အဲ့ဒါ မင်းမရီးလေ။"
" သူကလည်း ဆေးကျောင်းနဲ့ပဲ ဘွဲ့ရတာလေ။ မျက်လုံး၊ ခန္ဓာကိုယ်အားလုံးက အမျိုးသားနဲ့ အမျိုးသမီးကြားမှာ အလိုက်ဖက်ဆုံးအတွဲပဲ။ ဟုတ်တယ်မလား။"
ဝေ့ဒါ ဘာတစ်ခွန်းမှ ပြန်မပြောဘဲ လျ်ိုကျင်းကိုသာ ပြုံးပြီးကြည့်နေလိုက်သည်။
လွီနင့်နှလုံးသားကတော့ တုန်လှုပ်ချောက်ချားသွားသည်။
ဒါက နောက်ဆုံးတစ်ခေါက်ပြဿနာဖြစ်ပြီး လျိုကျင်း ဝေ့ဒါကို တွေ့တဲ့ ပထမဆုံးအကြိမ်ပဲ။ ဒါ့အပြင် လျိုကျင်းက ဝေ့ဒါကို သဘောမကျဘူးလေ။
လျိုကျင်းက စိတ်ဓာတ်ကောင်းတယ်။ အဲ့ဒီနေ့က အဖြစ်အပျက်ကို သူက ထုတ်ပြောပါ့မလား။
လျိုကျင်းက အနားကပ်လာပြီး ဝေ့ဒါကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
ဝေ့ဒါက "မရီး....."လို့ ခေါ်လိုက်သည်။
လျိုကျင်းက ဝေ့ဒါအပြုံးကို မြင်တော့ စကားလမ်းကြောင်းပြောင်းကာ စီနီယာအမကို ပြောလိုက်သည်။
" အမမေ့နေပြီလား။ ညီမသူ့ကို အရင်ကမြင်ဖူးပြီး အတော်လေးကြည့်ကောင်းတယ်လို့တောင်ပြောသေးတယ်လေ။"
ဝေ့ဒါလက်ထဲက ထမင်းဘူးကိုမြင်တော့ လွီနင်ဘက်ကိုလှည့်ပြောလာသည်။
" နင့်ညီက နေ့လည်စာလာပို့မှတော့ ငါအမတို့နဲ့ပဲ လိုက်သွားလိုက်တော့မယ်။"
"အင်း..."
လွီနင် ခေါင်းတဆက်ဆက်ညိမ့်ပြလိုက်ပြီး သူတို့အဝေးကို ရောက်သွားတော့မှ သက်ပြင်းချနိုင်တော့သည်။
" အကို စိတ်လှုပ်ရှားနေတာလား။ "
ဝေ့ဒါက အနားရောက်လာကာ လွီနင်ရဲ့ နှဖူးကို စမ်းလိုက်သည်။ သူ့လက်ချောင်းမှာ ကပ်ပါလာတဲ့ ရေတွေကိုကြည့်ပြီး
" အကို ချွေးတွေ ထွက်နေတယ်။ "
"အရမ်းပူနေလို့ပါ အဆင်ပြေပါတယ်။ "
လွီနင်နှဖူးပေါ်က လက်ကို ပြန်ချပြီး ဝေ့ဒါက
" ဒါဆို အကို ထမင်းအရင်စားလိုက်ဦး၊ ပြီးရင် ကျွန်တော်ပြန်တော့မယ်။ "
" ဟုတ်ပါပြီ... မင်းအရင်ပြန်တော့...."
လွီနင်က ဝေ့ဒါမျက်နှာကိုကြည့်ပြီး ဘာထူးခြားမှုမှ မရှိဘူးဆိုတာ အတည်ပြုပြီးနောက် ပြုံးလိုက်သည်။
" ညကျ ပြန်လာခဲ့။ ငါးဝယ်ပြီး စားကြမယ်။"
ဝေ့ဒါ သူရှေ့ဆိုရင် သတိထားနေတတ်တဲ့ လွီနင်ရဲ့မျက်နှာအပေါ် မကျေမနပ် မဖြစ်မိပေ။ သူပြန်ဖြေပြီး ပြန်လာခဲ့လိုက်သည်။
လူတွေကြားမှာ နံရံတစ်ချပ်စီ ကာထားကြတယ်။ ဝေ့ဒါလည်း သူ့ကိုယ်သူ နံရံခြားပြီး ပိတ်ထားပေမယ့် လွီနင်နံရံကတော့ ပိုပြီးခိုင်မာလွန်နေတယ်။ လွီနင်က နံရံပေါ်က အရောင်လှလှကြောင့် စိတ်ကျေနပ်နေပေမယ့် နံရံရဲ့ အနောက်ဖက်က မြက်ရိုင်းတွေပုန်းနေတာကိုတော့ သူမသိန်ိုင်ဘူးလေ။
**************************************
ညတိုင်း လေ့ကျင့်ရေးသင်တန်းရှိသည်။ ကျောင်းကအရမ်းဝေးတာကြောင့် ဝေ့ဒါပြန်ရောက်လာတော့ ၁၂ နာရီတောင်ထိုးနေပြီ။
တီဗွီက ရှေးခေတ်ဝတ်စုံပြဇာတ်အသံတွေနှင့် ဆူညံနေပြီး လွီနင်ကတော့ ဆိုဖာပေါ်မှာ အိပ်မောကျနေသည်။
ဝေ့ဒါ လွီနင်ရဲ့ အိပ်ပျော်နေတဲ့ မျက်နှာလေးကို ငေးကြည့်မိသည်။ ဟိုးတုန်းက သူ့အမေကို စောင့်နေရင်း သူမတော်တဆ အိပ်ပျော်သွားမိတဲ့အခါတိုင်း ကြမ်းကြမ်းတမ်းတမ်း အရိုက်ခံရတတ်သည်။
တကယ်တော့ အားလုံးက ဆင်ခြေတွေသာ။ သူ့အမေက သူ့ကိုရိုက်ချင်လို့ရိုက်တာဖြစ်သလို သူမဒေါသတွေရဲ့ ထွက်ပေါက်အမှိုက်တစ်ခုလို သူ့ကို အသုံးချတာပဲ ဖြစ်သည်။
ထိုအချိန်တွေတုန်းက လွီနင်သူတို့အခန်းရှေ့က ခဏခဏ ဖြတ်သွားတဲ့အသံတွေကို ကြားရပေမယ့် သူ့အမေပိုပြီး စိတ်တိုမှာစိုးတာကြောင့် သူမခေါ်ရဲခဲ့ဘူး။ သူအော်ငိုတာတစ်ခုပဲ လုပ်နိုင်ပြီး ငိုသံကလည်း တိုးလွန်းတာကြောင့် ဘယ်သူမှ သတိမထားမ်ိခဲ့ကြပေ။
လွီနင့်မျက်လုံးလေးတွေက တောက်ပပြီး နွေးထွေးနေသည်။ အမှောက်ထုကို တံခါးလေးတစ်ချပ်နဲ့သာ ခြားထားမယ်လို့ သူဘယ်တော့မှ ထင်ခဲ့မိမှာမဟုတ်ဘူး။
ဝေ့ဒါသူလက်လျှော့လိုက်တော့မယ့်အချိန်မှာပဲ ဒီလူသားက သူ့ရှေ့မှာ ထပ်ပေါ်လာပြန်တယ်။
လွီနင်က နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာပဲ။ ဝေ့ဒါ လွီနင့်ပါးမို့မို့လေးတွေကို ထိကြည့်လိုက်သည်။ သူ ပါးလေးကိုမထိခင် ဒီလူသားရဲ့ အသက်ရှူငွေ့ နွေးနွေးလေးကိုလည်း ခံစားလိုက်ရသည်။
သူ့လက်ချောင်းထိပ်လေးတွေ လွီနင့်မျက်နှာကိုထိမိတော့ အရှေ့က အမျိုးသားလေးက ညည်းညူပြီး မျက်လုံးတွေ ပွင့်လာသည်။
ဝေ့ဒါ သူ့မျက်နှာပေါ်ကခံစားချက်တွေက ရုတ်တရက်ပဲ ပျောက်ကွယ်သွားတော့သည်။
" အာ.... မင်းပြန်လာပြီပဲ..."
အိပ်ချင်မူးတူးဖြစ်နေတဲ့ လွီနင်က သူ့ညီမျက်နှာပေါ်က အမူအရာတွေကို သတိမထားမ်ိချေ။
"မြန်မြန်..."
"အရမ်းနောက်ကျနေပြီကို..."
လွီနင် သူ့မျက်လုံးတွေကို ပွတ်ပြီး တီဗွီကိုပိတ်ကာ အိပ်ရာပေါ်ကို ပြန်လဲကျသွားသည်။
ဝေ့ဒါ သပ်ရပ်အောင် ပြန်ပြင်ပြီး အိပ်ရာဝင်လိုက်တော့သည်။
သစ်သားကုတင်က အသံလုံတာကြောင့် အရာရာတိုင်းက ပြန်တိတ်ဆိတ်သွားသည်။
ဝေ့ဒါမျက်လုံးတွေက တဖြည်းဖြည်း မှောင်မဲလာသည်။ အိမ်ထဲက ပရိဘောဂတွေ၊ လိုက်ကာအရိပ်တွေကို သူမြင်နိုင်သည်။ ပြီးတော့ သူ့ဘေးမှာအိပ်ပျော်နေတဲ့ အမျိုးသားရဲ့ မျက်နှာ.....
"အကို... ဘာလို့ ပိုကောင်းတဲ့အိမ်ကို မငှားတာလဲ ?"
"မငှားဘူး...."
လွီနင်က အလွန်အမင်းအိပ်မောကျနေရာကနေ ပြန်ဖြေသည်။
"ငါ အိမ်ဝယ်ဖို့ ပိုက်ဆံစုချင်တယ်။ "
"အိမ်ဝယ်မယ်... ပြီးတော့ရော... "
" ချန်မိသားစု မင်းတို့ တခြားမိန်းကလေးတွေကို မပေးရဘူးနော်..."
"လျိုကျင်းလို့ ခေါ်တဲ့တစ်ယောက်လား..."
"ဟုတ်မှာပေါ့…"
"နောက်တော့ရော..."
"…"
ဒီမေးခွန်းအတွက် အဖြေမရှိတော့။ သူ့ဘေးက လွီနင်ဆီက အသက်ရှူသံမှန်မှန်လေးသာ ထွက်လာတော့သည်။
ဝေ့ဒါ အနက်ရောင်မျက်နှာကျက်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီး လှောင်ပြုံးတစ်ချက်ပြုံးလိုက်မိသည်။
" နောက်တော့လည်း.... အဲ့ဒီမိန်းမလို ငါ့ကို စွန့်ပစ်လိုက်မှာပေါ့...."
💛💛💛💛💛💛💛💛💛💛💛💛💛
Zawgyi
ေဝ့ဒါက ဆံပင္အတိုနဲ႕ေကာင္ေလး ဘယ္သူဘယ္ဝါဆိုတာကို မေျပာျပသလို လြီနင္ကလည္း မေမးေပ။
သူေရာ ေဝ့ဒါေရာ ႏွစ္ေယာက္လုံး ျပန္အဆင္ေျပေနၾကၿပီ။ သူတို႔ဆက္ေမးလိုက္လွ်င္ ဒီအေျခအေနကို လက္လႊတ္သလို ျဖစ္သြားမည္။
လြီနင္ ယန္မိန႔္ခ်ီကိုမုန္းေပမယ့္ သူ႕သားကိုေတာ့ မမုန္းေပ။ အထူးသျဖင့္ သူ႕သားရဲ႕ လက္ရွိအေျခအေနကို ေတြ႕ၿပီးေနာက္ေပါ့။
ကေလးတစ္ေယာက္ ေမြးဖြားလာတာက ဘုရားသခင္ရဲ႕ ျပစ္ဒဏ္ေတာ့ မဟုတ္ေပ။ ေဝ့ဒါကေတာ့ ဓားစာခံျဖစ္သြား႐ုံသာ။
"ဒါကို မယူနဲ႕"
လီနင္က သူ႕လက္ထဲက ခရမ္းသီးကို ျမႇောက္ျပၿပီး ေျပာလာသည္။
" ဒါက အေရာင္ရင့္ေပမယ့္ အခြံက ႏြမ္းေနၿပီး အေလးခ်ိန္ကလည္း ေပါ့ေပါ့ေလး..."
"Oh,"
ေဝ့ဒါက ခရမ္းသီးတစ္လုံးယူက ပလပ္စတစ္အိတ္ထဲ ေကာက္ထည့္လိုက္သည္။
ဆိုင္ပိုင္ရွင္က သူတို႔ကို ၿပဳံးျပၿပီး
"မင္းတို႔က ညီအစ္ကိုေတြလား"
"အင္း"
လြီနင္က ခရမ္းသီးနည္းနည္း ေကာက္ထည့္လိုက္ၿပီး ပိုင္ရွင္ကိုေပးလိုက္သည္။
"သူေဌး ဒါေတြ ခ်ိန္ေပးပါဦး "
"ဟုတ္ၿပီ"
ဆိုင္ပိုင္ရွင္က အစားအေသာက္ေတြကို အီလက္ထေရာနစ္ ကတၱားေပၚမွာခ်ိန္လွ်က္ ေမးလာသည္။
" ငါ့ညီတို႔က အစားေသာက္အတူထြက္ဝယ္ၾကတာဆိုေတာ့ ႏွစ္ေယာက္သား အရမ္းရင္းႏွီးၾကတာပဲေနာ္။"
"ဟုတ္တယ္"
ဆိုေတာ့... တျခားသူေတြအျမင္မွာလည္း သူတို႔ဆက္ဆံေရးက အဆင္ေျပေနတဲ့ပုံေပါ့....
လြီနင္ ဒီအခ်က္ကို နားလည္ၿပီး ေပ်ာ္႐ႊင္သြားတယ္....
ေယာက်ာ္တစ္ေယာက္အေနႏွင့္ လြီနင္က သူ႕ခံစားခ်က္ေတြကို ေဖာ္ျပရမွာ မေပၚလြင္တတ္ေပ။ လြီနင္က လူတစ္ေယာက္ကို ေစတနာနဲ႕ ဆက္ဆံလွ်င္ေတာင္ ထိုလူက သူ႕ေစတနာကို နားလည္လားဆိုတာ သူမသိေပ။
လြီနင္ သူနဲ႕ ေဝ့ဒါ ဆက္ဆံေရးေကာင္းလားဆိုတာလည္း သူမသိဘူး။ လြီနင္မွာ ေမြးခ်င္းအမေတြရွိေပမယ့္လည္း အကုန္လုံးက အၿမဲတမ္းရန္ျဖစ္စကားမ်ားေနတတ္ၾကသည္။ တစ္ခ်က္ၾကည့္႐ုံနဲ႕တင္ သူတို႔က မိသားစုနဲ႕တူေပမယ့္ ေဝ့ဒါလိုေတာ့ မရင္းႏွီးၾကေပ။
လြီနင္က တစ္ခါတစ္ရံ ေဝ့ဒါသူ႕ကို ပေရာ္ပရည္လုပ္တာေတြ စိတ္တိုထြက္တာေတြ ရွိလိမ့္မယ္လို႔ ထင္ေပမယ့္ အခုေတာ့ ဒီလိုလုပ္ရပ္ေတြ လုပ္မယ့္ပုံ မေပၚေတာ့ေပ။
ေဝ့ဒါက သူ႕လက္ထဲက အစားအေသာက္အိတ္ကို ကူသယ္ေပးလိုက္သည္။
"ေတာ္လိုက္တဲ့ညီေလး "
ဆိုင္ရွင္က ရယ္ေမာလိုက္သည္။
" မင္းက အခုမွေက်ာင္းတက္ေနတုန္းေလ။ ေနာက္တစ္ခါ မင္းမရီးကို မင္းအကိုနဲ႕အတူတူ ေဈးဝယ္လႊတ္လိုက္။ မင္းကေတာ့ စာႀကိဳးစားရမယ္။"
"ကြၽန္ေတာ္က အခုထိ လက္ထပ္မရေသးဘူး "
လြီနင္ ေဝ့ဒါကို တစ္ခ်က္ငဲ့ၾကည့္ၿပီး ပါးစပ္က လႊတ္ခနဲ ထြက္သြားသည္။
ေဘးနားမွာရပ္ေနတဲ့ ေဝ့ဒါက အၿပဳံးေဖ်ာ့ေဖ်ာ့ေလးနဲ႕ သူ႕ကိုၾကည့္လာသည္။
သူက စိတ္ထဲမထားတဲ့ပုံပင္။
လြီနင္ ေဝ့ဒါကို ဖိအားအမ်ားႀကီးမေပးခ်င္ေပ။ သဘာဝက်က်ပဲ ပုံမွန္လူ႕အဖြဲ႕အစည္းထဲမွာ ျဖည္းျဖည္းခ်င္း ဝင္ဆံ့နိုင္ရန္ပဲ ေမွ်ာ္လင့္မိသည္။
ဒါေပမယ့္ ဖိအားဆိုတာ အခုလို အေျခအေနမ်ိဳးပင္။ အျပင္လူေတြက ဘယ္ေလာက္ပဲ နားလည္ေအာင္ ႀကိဳးစားႀကိဳးစား လူတစ္ေယာက္ရဲ႕ အေတြးကိုေတာ့ ဘယ္လိုမွ နားမလည္နိုင္ၾကေပ။
*************************************
မနက္ပိုင္း ေနာက္ဆုံးလူနာကို ၾကည့္ၿပီးေတာ့ မြန္းတည့္လုနီးပါးျဖစ္ေနၿပီ။ စီနီယာ အမတစ္ေယာက္က ဂ်ဴတီကုတ္ကို ခြၽတ္ၿပီး ေမးလာသည္။
" လြီနင္ ဒီေန႕ေရာ ဘာဟင္းထည့္လာလဲ။"
"အမ္.. "
လြီနင္ လက္ေဆးၿပီး ေန႕လည္စာဘူးထည့္ထားတဲ့အိတ္ကို ယူခဲ့လိုက္သည္။
" မင္း လ်ိဳက်င္းနဲ႕ မၾကာမၾကာ ေန႕လည္စာမစားေတာ့ဘူးေနာ္။ အလုပ္နားရက္ဆိုလည္း မင္းတို႔ႏွစ္ေယာက္ အတူတူ ေလွ်ာက္မလည္ျဖစ္ၾကေတာ့ဘူး ထင္တယ္။"
" ကြၽန္ေတာ္ တစ္ခါတစ္ေလေတာ့ ေဈးဝယ္ထြက္ျဖစ္ပါတယ္။ သိပ္လည္း မဆိုးပါဘူး။"
လြီနင္က ထမင္းဘူးအိတ္ဖြင့္ရင္း ျပန္ေျဖလိုက္သည္။
"တနဂၤေႏြလည္း လမ္းေလွ်ာက္မထြက္ေတာ့ဘူးလား။ "
"ကြၽန္ေတာ္ ဒီရက္ပိုင္း အလုပ္မ်ားေနလို႔ "
" မင္းကိုယ္ကိုကိုယ္ ပိုၿပီးအေကာင္းျမင္ဖို႔ လိုတယ္လို႔ ငါမေျပာဘူးလား။ လ်ိဳက်င္းက အရမ္းေတာ္တယ္။ တစ္ေယာက္ေယာက္က သူ႕ကို လုသြားရင္ေရာ....."
"ဟုတ္ကဲ့... ကြၽန္ေတာ္သိပါတယ္။ ခဏေလာက္ေနမွ လ်ိဳက်င္းအဆင္ေျပရင္ ကြၽန္ေတာ္သြားေမးၾကည့္လိုက္ပါ့မယ္။"
"ဘာျဖစ္လို႔လဲ။"
"ကြၽန္ေတာ့္ ေန႕လည္စာဘူး က်န္ခဲ့ၿပီ။"
စီနီယာအမက လြီနင္ေပါင္ကို တစ္ခ်က္ရိုက္ၿပီး တံခါးအျပင္ကို ေျပးသြားကာ ဌာနခြဲဖက္ကို လွမ္းေအာ္လိုက္သည္။
" လ်ိဳက်င္းေရ.... လ်ိဳက်င္း.... လြီနင္က ေန႕လည္စာသြားစားမလားလို႔ ေမးေနတယ္။"
မိနစ္အနည္းငယ္ၾကာေတာ့ မ်က္ႏွာေလးရဲေနတဲ့ လ်ိဳက်င္းက စီနီယာအမနဲ႕အတူ ဝင္လာသည္။
"အတူစားၾကမလား။ "
လ်ိဳက်င္းက ေမးလာသည္။
လြီနင္က ေခါင္းညိမ့္ျပလိုက္သည္။
"အင္း... နင္အားၿပီလား။ "
လ်ိဳက်င္းက ေပ်ာ္႐ႊင္စြာ ျပန္ေျဖသည္။
"ငါ့ကို ခဏေလာက္ေစာင့္ဦး။ လက္သြားေဆးလိုက္ဦးမယ္။ "
"Okay."
"လြီနင္ရယ္.... စကားေကာင္းေကာင္း မေျပာတတ္ဘူးလား။"
လ်ိဳက်င္းထြက္သြားေတာ့ အမက အသံတိုးတိုးေလးျဖင့္ မေက်မနပ္ေျပာသည္။
လြီနင္ သူ႕ျမင္းအိုႀကီးရဲ႕ ႀကိဳးစားမႈကို ေက်နပ္မိသည္။
[T\N : Lv Ning was both amused and touched by his old horse's efforts.
ဘာကိုေျပာခ်င္တာလဲ နားမလည္ေတာ့ အဆင္ေျပသလို ျပန္လိုက္တယ္။😌]
စီနီယာအမနဲ႕ အတူအျပင္ထြက္စားဖို႔ ဆရာဝန္ေတြက တံခါးအျပင္မွာ အေစာကတည္းက ရပ္ေစာင့္ေနၾကသည္။
" အမေရ... ပစၥည္းေတြသိမ္းၿပီးရင္ သြားၾကမယ္။ ေဟ့... အမမွာ လူနာရွိေနေသးတာလား။ "
"မဟုတ္ဘူးဗ်... ကြၽန္ေတာ္ဒီကို လူလာရွာတာ..."
အသံေတြၾကားေတာ့ ပစၥည္းေတြသိမ္းေနတဲ့ လြီနင္က တံခါးကို လွည့္ၾကည့္လိုက္သည္။
ေဝ့ဒါက အိတ္တစ္လုံးပိုက္ၿပီး တံခါးေပါက္မွာ မတ္တပ္ေလးရပ္ေနသည္။
"အကို ေန႕လည္စာဘူး ေမ့ခဲ့တယ္။ "
"မင္းက တကူးတကႀကီး လာပို႔တာလား။ "
လြီနင္ သူ႕ဆီ ေန႕လည္စာလာပို႔တဲ့ ေကာင္ေလးကိုေတြ႕ေတာ့ သူ႕စိတ္ႏွလုံးထဲမွာ ေႏြးေထြးမႈကို ခံစားလိုက္ရသည္။
"ဟုတ္တယ္... ကြၽန္ေတာ္က အကိုမယူသြားဘူး ထင္လို႔...."
လြီနင္ ေဝ့ဒါကို ခ်က္ခ်င္းပဲ ၾကည့္လိုက္ၿပီး
" Oh... ဒါကြၽန္ေတာ္ညီပါ...."
"လြီနင့္ ညီေလးလား။"
ဆရာဝန္ေတြအမ်ားႀကီးက ေဝ့ဒါေဘးကို ဝိုင္းသြားေတာ့သည္။
"သူက ေတာ္ေတာ္ေလးကို ၾကည့္ေကာင္းတာပဲ။ သူ႕အသက္ဘယ္ေလာက္ရွိၿပီလဲ။ "
"၁၇..."
"သူက လြီနင္နဲ႕ မတူဘူးေနာ္...."
"လူတိုင္း ဒီလိုပဲ ေျပာၾကတယ္ဗ်..."
" ၁၇ ႏွစ္... ဒါဆို ေကာလိပ္ဝင္ခြင့္စာေမးပြဲ ေျဖရေတာ့မွာေပါ့... ဘယ္လိုတကၠသိုလ္မ်ိဳး တက္ခ်င္တာလဲ။ "
လြီနင္ တုံလႈပ္သြားၿပီး ေဝ့ဒါဆီကို ကမန္းကတန္းေလွ်ာက္သြားလိုက္သည္။ ေဝ့ဒါက စကားလုံးေလးႏွစ္လုံးကို ေပါ့ေပါ့ပါးပါး ျပန္ေျဖလိုက္မယ္လို႔ ဘယ္သူထင္မွာလဲ။
"Commune University."
ဆရာဝန္ေတြ အံ့ၾသသြားၾကသည္။
"CEO လား?"
ေဝ့ဒါက ျမန္လည္းမျမန္ ေႏွးလည္းမေႏွးဘဲ ျပန္ရွင္းျပလိုက္သည္။
" လူမႈေရးတကၠသိုလ္တစ္ခုပါ.... "
ေဝ့ဒါက လြီနင္ကို တိတ္တိတ္ေလး လွည့္ေျပာလာသည္။
" အကိုတို႔က တအားရင္းႏွီးၾကတာပဲေနာ္။"
လူတစ္စုရဲ႕ မ်က္လုံးထဲမွာ ဘယ္တကၠသိုလ္လဲဆိုၿပီး question mark ေတြနဲ႕ ျပည့္သြားေပမယ့္ ေဝ့ဒါရဲ႕ ရိုးသားတဲ့ သြင္ျပင္ေလးေၾကာင့္ အလွည့္စားခံလိုက္ရသည္။
လြီနင္ အခုမွ သက္ျပင္းခ်နိဳင္ၿပီး စိတ္သက္သာရသြားတုန္းရွိေသး ႐ုတ္တရက္ "ဘန္း" ဆိုတဲ့ အသံကိုၾကားလိုက္ရသည္။ သူေခါင္းကိုလွည့္ၾကည့္လိုက္ေတာ့ မနီးမေဝးမွာ ရပ္ၿပီး သူ႕ကိုစိုက္ၾကည့္ေနတဲ့ လ်ိဳက်င္းကို ေတြ႕လိုက္ရသည္။
" လ်ိဳက်င္း ဒီမွာ နင့္ေမာင္ေလးကို လာၾကည့္လွည့္ဦး။"
စီနီယာအမႀကီးက ေအာ္ေျပာလိုက္သည္။
အမႀကီးရဲ႕ စေနာက္သံကိုၾကားေတာ့ ေဘးကလူအုပ္ႀကီးက ရယ္ေမာၾကေတာ့သည္။ တစ္ေယာက္က ေဝ့ဒါကို အတင္းေျပာသလို ကပ္ေျပာလာသည္။
"အဲ့ဒါ မင္းမရီးေလ။"
" သူကလည္း ေဆးေက်ာင္းနဲ႕ပဲ ဘြဲ႕ရတာေလ။ မ်က္လုံး၊ ခႏၶာကိုယ္အားလုံးက အမ်ိဳးသားနဲ႕ အမ်ိဳးသမီးၾကားမွာ အလိုက္ဖက္ဆုံးအတြဲပဲ။ ဟုတ္တယ္မလား။"
ေဝ့ဒါ ဘာတစ္ခြန္းမွ ျပန္မေျပာဘဲ လ်ိဳက်င္းကိုသာ ၿပဳံးၿပီးၾကည့္ေနလိုက္သည္။
လြီနင့္ႏွလုံးသားကေတာ့ တုန္လႈပ္ေခ်ာက္ခ်ားသြားသည္။
ဒါက ေနာက္ဆုံးတစ္ေခါက္ျပႆနာျဖစ္ၿပီး လ်ိဳက်င္း ေဝ့ဒါကို ေတြ႕တဲ့ ပထမဆုံးအႀကိမ္ပဲ။ ဒါ့အျပင္ လ်ိဳက်င္းက ေဝ့ဒါကို သေဘာမက်ဘဴးေလ။
လ်ိဳက်င္းက စိတ္ဓာတ္ေကာင္းတယ္။ အဲ့ဒီေန႕က အျဖစ္အပ်က္ကို သူက ထုတ္ေျပာပါ့မလား။
လ်ိဳက်င္းက အနားကပ္လာၿပီး ေဝ့ဒါကို မ်က္ေမွာင္ၾကဳတ္ၾကည့္လိုက္သည္။
ေဝ့ဒါက "မရီး....."လို႔ ေခၚလိုက္သည္။
လ်ိဳက်င္းက ေဝ့ဒါအၿပဳံးကို ျမင္ေတာ့ စကားလမ္းေၾကာင္းေျပာင္းကာ စီနီယာအမကို ေျပာလိုက္သည္။
" အမေမ့ေနၿပီလား။ ညီမသူ႕ကို အရင္ကျမင္ဖူးၿပီး အေတာ္ေလးၾကည့္ေကာင္းတယ္လို႔ေတာင္ေျပာေသးတယ္ေလ။"
ေဝ့ဒါလက္ထဲက ထမင္းဘူးကိုျမင္ေတာ့ လြီနင္ဘက္ကိုလွည့္ေျပာလာသည္။
" နင့္ညီက ေန႕လည္စာလာပို႔မွေတာ့ ငါအမတို႔နဲ႕ပဲ လိုက္သြားလိုက္ေတာ့မယ္။"
"အင္း..."
လြီနင္ ေခါင္းတဆက္ဆက္ညိမ့္ျပလိုက္ၿပီး သူတို႔အေဝးကို ေရာက္သြားေတာ့မွ သက္ျပင္းခ်နိဳင္ေတာ့သည္။
" အကို စိတ္လႈပ္ရွားေနတာလား။ "
ေဝ့ဒါက အနားေရာက္လာကာ လြီနင္ရဲ႕ ႏွဖူးကို စမ္းလိုက္သည္။ သူ႕လက္ေခ်ာင္းမွာ ကပ္ပါလာတဲ့ ေရေတြကိုၾကည့္ၿပီး
" အကို ေခြၽးေတြ ထြက္ေနတယ္။ "
"အရမ္းပူေနလို႔ပါ အဆင္ေျပပါတယ္။ "
လြီနင္ႏွဖူးေပၚက လက္ကို ျပန္ခ်ၿပီး ေဝ့ဒါက
" ဒါဆို အကို ထမင္းအရင္စားလိုက္ဦး၊ ၿပီးရင္ ကြၽန္ေတာ္ျပန္ေတာ့မယ္။ "
" ဟုတ္ပါၿပီ... မင္းအရင္ျပန္ေတာ့...."
လြီနင္က ေဝ့ဒါမ်က္ႏွာကိုၾကည့္ၿပီး ဘာထူးျခားမႈမွ မရွိဘူးဆိုတာ အတည္ျပဳၿပီးေနာက္ ၿပဳံးလိုက္သည္။
" ညက် ျပန္လာခဲ့။ ငါးဝယ္ၿပီး စားၾကမယ္။"
ေဝ့ဒါ သူေရွ႕ဆိုရင္ သတိထားေနတတ္တဲ့ လြီနင္ရဲ႕မ်က္ႏွာအေပၚ မေက်မနပ္ မျဖစ္မိေပ။ သူျပန္ေျဖၿပီး ျပန္လာခဲ့လိုက္သည္။
လူေတြၾကားမွာ နံရံတစ္ခ်ပ္စီ ကာထားၾကတယ္။ ေဝ့ဒါလည္း သူ႕ကိုယ္သူ နံရံျခားၿပီး ပိတ္ထားေပမယ့္ လြီနင္နံရံကေတာ့ ပိုၿပီးခိုင္မာလြန္ေနတယ္။ လြီနင္က နံရံေပၚက အေရာင္လွလွေၾကာင့္ စိတ္ေက်နပ္ေနေပမယ့္ နံရံရဲ႕ အေနာက္ဖက္က ျမက္ရိုင္းေတြပုန္းေနတာကိုေတာ့ သူမသိနိုင္ဘူးေလ။
**************************************
ညတိုင္း ေလ့က်င့္ေရးသင္တန္းရွိသည္။ ေက်ာင္းကအရမ္းေဝးတာေၾကာင့္ ေဝ့ဒါျပန္ေရာက္လာေတာ့ ၁၂ နာရီေတာင္ထိုးေနၿပီ။
တီဗြီက ေရွးေခတ္ဝတ္စုံျပဇာတ္အသံေတြႏွင့္ ဆူညံေနၿပီး လြီနင္ကေတာ့ ဆိုဖာေပၚမွာ အိပ္ေမာက်ေနသည္။
ေဝ့ဒါ လြီနင္ရဲ႕ အိပ္ေပ်ာ္ေနတဲ့ မ်က္ႏွာေလးကို ေငးၾကည့္မိသည္။ ဟိုးတုန္းက သူ႕အေမကို ေစာင့္ေနရင္း သူမေတာ္တဆ အိပ္ေပ်ာ္သြားမိတဲ့အခါတိုင္း ၾကမ္းၾကမ္းတမ္းတမ္း အရိုက္ခံရတတ္သည္။
တကယ္ေတာ့ အားလုံးက ဆင္ေျခေတြသာ။ သူ႕အေမက သူ႕ကိုရိုက္ခ်င္လို႔ရိုက္တာျဖစ္သလို သူမေဒါသေတြရဲ႕ ထြက္ေပါက္အမွိုက္တစ္ခုလို သူ႕ကို အသုံးခ်တာပဲ ျဖစ္သည္။
ထိုအခ်ိန္ေတြတုန္းက လြီနင္သူတို႔အခန္းေရွ႕က ခဏခဏ ျဖတ္သြားတဲ့အသံေတြကို ၾကားရေပမယ့္ သူ႕အေမပိုၿပီး စိတ္တိုမွာစိုးတာေၾကာင့္ သူမေခၚရဲခဲ့ဘူး။ သူေအာ္ငိုတာတစ္ခုပဲ လုပ္နိုင္ၿပီး ငိုသံကလည္း တိုးလြန္းတာေၾကာင့္ ဘယ္သူမွ သတိမထားမိခဲ့ၾကေပ။
လြီနင့္မ်က္လုံးေလးေတြက ေတာက္ပၿပီး ေႏြးေထြးေနသည္။ အေမွာက္ထုကို တံခါးေလးတစ္ခ်ပ္နဲ႕သာ ျခားထားမယ္လို႔ သူဘယ္ေတာ့မွ ထင္ခဲ့မိမွာမဟုတ္ဘူး။
ေဝ့ဒါသူလက္ေလွ်ာ့လိုက္ေတာ့မယ့္အခ်ိန္မွာပဲ ဒီလူသားက သူ႕ေရွ႕မွာ ထပ္ေပၚလာျပန္တယ္။
လြီနင္က ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကို အိပ္ေပ်ာ္ေနတာပဲ။ ေဝ့ဒါ လြီနင့္ပါးမို႔မို႔ေလးေတြကို ထိၾကည့္လိုက္သည္။ သူ ပါးေလးကိုမထိခင္ ဒီလူသားရဲ႕ အသက္ရႉေငြ႕ ေႏြးေႏြးေလးကိုလည္း ခံစားလိုက္ရသည္။
သူ႕လက္ေခ်ာင္းထိပ္ေလးေတြ လြီနင့္မ်က္ႏွာကိုထိမိေတာ့ အေရွ႕က အမ်ိဳးသားေလးက ညည္းၫူၿပီး မ်က္လုံးေတြ ပြင့္လာသည္။
ေဝ့ဒါ သူ႕မ်က္ႏွာေပၚကခံစားခ်က္ေတြက ႐ုတ္တရက္ပဲ ေပ်ာက္ကြယ္သြားေတာ့သည္။
" အာ.... မင္းျပန္လာၿပီပဲ..."
အိပ္ခ်င္မူးတူးျဖစ္ေနတဲ့ လြီနင္က သူ႕ညီမ်က္ႏွာေပၚက အမူအရာေတြကို သတိမထားမိေခ်။
"ျမန္ျမန္..."
"အရမ္းေနာက္က်ေနၿပီကို..."
လြီနင္ သူ႕မ်က္လုံးေတြကို ပြတ္ၿပီး တီဗြီကိုပိတ္ကာ အိပ္ရာေပၚကို ျပန္လဲက်သြားသည္။
ေဝ့ဒါ သပ္ရပ္ေအာင္ ျပန္ျပင္ၿပီး အိပ္ရာဝင္လိုက္ေတာ့သည္။
သစ္သားကုတင္က အသံလုံတာေၾကာင့္ အရာရာတိုင္းက ျပန္တိတ္ဆိတ္သြားသည္။
ေဝ့ဒါမ်က္လုံးေတြက တျဖည္းျဖည္း ေမွာင္မဲလာသည္။ အိမ္ထဲက ပရိေဘာဂေတြ၊ လိုက္ကာအရိပ္ေတြကို သူျမင္နိုင္သည္။ ၿပီးေတာ့ သူ႕ေဘးမွာအိပ္ေပ်ာ္ေနတဲ့ အမ်ိဳးသားရဲ႕ မ်က္ႏွာ.....
"အကို... ဘာလို႔ ပိုေကာင္းတဲ့အိမ္ကို မငွားတာလဲ ?"
"မငွားဘူး...."
လြီနင္က အလြန္အမင္းအိပ္ေမာက်ေနရာကေန ျပန္ေျဖသည္။
"ငါ အိမ္ဝယ္ဖို႔ ပိုက္ဆံစုခ်င္တယ္။ "
"အိမ္ဝယ္မယ္... ၿပီးေတာ့ေရာ... "
" ခ်န္မိသားစု မင္းတို႔ တျခားမိန္းကေလးေတြကို မေပးရဘူးေနာ္..."
"လ်ိဳက်င္းလို႔ ေခၚတဲ့တစ္ေယာက္လား..."
"ဟုတ္မွာေပါ့…"
"ေနာက္ေတာ့ေရာ..."
"…"
ဒီေမးခြန္းအတြက္ အေျဖမရွိေတာ့။ သူ႕ေဘးက လြီနင္ဆီက အသက္ရႉသံမွန္မွန္ေလးသာ ထြက္လာေတာ့သည္။
ေဝ့ဒါ အနက္ေရာင္မ်က္ႏွာက်က္ကို အခ်ိန္အေတာ္ၾကာ စိုက္ၾကည့္ေနၿပီး ေလွာင္ၿပဳံးတစ္ခ်က္ၿပဳံးလိုက္မိသည္။
" ေနာက္ေတာ့လည္း.... အဲ့ဒီမိန္းမလို ငါ့ကို စြန႔္ပစ္လိုက္မွာေပါ့...."