သခင်လေးရဲ့ကချေသည် Myanmar Ver...

By MinKhant22

106K 3.8K 131

နေမခ ကောင်လေးက ကျွန်တော့်နားမှာ ကျွန်တော်စေလိုရာကမဲ့အရုပ်ကလေးပဲ အမြဲဖြစ်နေရမယ် 💗💗💗💗💗 မိုးထက်သာ ကျွန်... More

Intro
EP1
EP2
EP3
EP4
EP5
EP6
EP7
EP8
EP9
EP10
EP11
EP12
EP13
EP14
EP15
EP16
EP17
EP19
EP20
EP21
EP22
EP23
Ep24
EP25
EP26
EP27
EP28
EP29
EP30
EP31
EP32
EP33
EP34
EP35
EP36
EP37
EP38
EP39
EP40 Final

EP18

1.9K 82 0
By MinKhant22

သခင်လေးရဲ့ကချေသည်

အပိုင်း ၁၈

မနက်နေရောင်ခြည်က မျက်နှာကိုလာရိုက်ခတ်တာနဲ့တပြိုင်နက် ကျွန်တော်မျက်စီလည်း ပွင့်လာသည်  မြင်နေကျ မိုးထက် ရဲ့မျက်နှာ မိုးထက်ရဲ့အပြုံးကိုတော့ ဒီနေ့မနက်စောစောမှာ မမြင်ရတော့ဘူး

"သခင်လေးနိုးပြီလား  ထပြီး မျက်နှာသစ် ရေချိုးလိုက်တော့ ဒီနေ့အဘိုးက မနက်စာဆင်းမစားချင်မှန်းသိလို့ သခင်လေးအခန်းထဲကို စားဖို့မှုးအောင်အောင်ရဲ့အကောင်းဆုံး မနက်စာချက်ခိုင်းပြီး လာပို့ခိုင်းမယ်တဲ့ ''

နေမခရေချိုးခန်းထဲဝင်ပြီး ရေချိုးလိုက်သည် မိုးထက်..မင်း ငါစကားကို အရေးမလုပ်တာလား ငါကိုတောင် လာမတွေ့တော့ဘူးပေါ့  ငါတမင်ရူးမိုက်ခဲ့တာလား

ရေချိုးခန်းထဲကအထွက် စားပွဲပေါ်မှာ စားဖို့မှုး မနက်စာ ပြင်နေသည်

"သခင်လေး နေကောင်းရဲ့လား မျက်နှာလည်းမလန်းဘူး  ကျွန်တော်ဆရာဝန်ခေါ်လိုက်ရမလား ''

"ညနေတောင်စေ့စပ်ရတော့မှာပဲ
တစ်အိမ်လုံး အလှုပ်ရှုပ်နေတာကိုး ဆရာဝန်ခေါ်ပြီး အားလုံးကို စိတ်ပူအောင်မလုပ်ပါနဲ့ သူရိန် "

"အဲ့ဒါဆို မနက်စာတော့ ကုန်အောင်စားပါ  သခင်လေး ကြည့်ရတာ ကျွန်တော်အရမ်းစိတ်ပူနေပြီ ''

"စိတ်မပူပါနဲ့ သူရိန် ငါဘာမှမဖြစ်ပါဘူး ''

နေမခမနက်စာစားနေတုန်း

  " Surprise ''

"ကိုကို "

နေမခသူအစ်ကို့ကိုဖတ်လိုက်တာနဲ့တပြိုင်နက် မျက်ရည်ကလည်းကျလာသည် ဒီနေ့မှ ဘာလို့ ကျွန်တော်မျက်ရည်လွယ်နေမှန်းမသိဘူး

"ညီငိုနေတာလား ဒီနေ့တောင်စေ့စပ်ပြီး အစ်ကိုထက်အရင် လက်ထပ်တော့မဲ့
ကလေးက ငိုနေပါလား အစ်ကို ညီ
မျက်နှာကြည့်ပရစေပါအုန်း ''

နေလင်းဖတ်ထားရာကခွာပြီး ပြောလိုက်သည်

"ဘာလို့ပြန်လာတာလဲ အစ်ကို "

နေလင်း ညီလက်ကို ကိုင်ပြီး ညီအစ်ကို နှစ်ယောက်ကုတင်ပေါ်ထိုင်လိုက်သည်

"အစ်ကို ညီအတွက် လက်ဆောင်အများကြီးပါလာတယ် ဒါနဲ့ဘယ်လို ဖြစ်တာတုန်း မျက်နှာက ချောင်ကျပြီး မလန်းဘူး နေရောကောင်းရဲ့လား ညီ ''

"ကောင်းပါတယ် အစ်ကို ဒါနဲ့ ပုဂံမှာ တစ်ယောက်တည်း သွားနေရတာ အဆင်ရောပြေရဲ့လား ဂျပန်ကိုလည်းသွားခဲ့တယ်ဆို ''

"အင်း..အစ်ကိုက အဆင်ပြေပါတယ် ဒီမှာ ညီအတွက်နာရီနဲ့ ဆွဲကြိုးလေးတွေ အကုန်ညီကြိုက်တက်တဲ့ ဟာတွေပဲ ''

  "ဟုတ်အစ်ကို ''

"ဒီကလေး ပြောင်းလဲသွားပါ့လား သူရိန် ခါတိုင်း ကိုကိုခရီးကပြန်လာရင် ဘာပါလဲ အရင် ရှာဖွေတက်တဲ့သူက အခု  လက်ဆောင်ဗူးတွေတောင် ဖွင့်မကြည့်ပါ့လား ''

"သခင်လေး ဒီနေ့ စိတ်လှုပ်ရှားနေလို့နေမှာ ''

"ဖွင့်ကြည့်ပါအုန်း အငယ်လေးရဲ့ အစ်ကိုဝယ်လာတာတွေကို ''

နေမခအစ်ကိုဝယ်လာတာတွေကိုဖွင့်ကြည့်လိုက်ပြီး

"အကုန် ကျွန်တော်အကြိုက်တွေ့ကြည့်ပဲ ''

"ညီကြိုက်ရမယ်လေ အစ်ကိုညီကိုအရင်လာတွေ့တာ အဘိုးနဲ့ အဖေအမေတို့ဆီ သွားတွေ့လိုက်အုန်းမယ် ''

"ဟုတ် အစ်ကို ''

နေလင်း သူ့ညီနဖူးကို နမ်းလိုက်သည်

"ခါတိုင်းလက်ဆောင်ရရင်ပျော်ပြီး အစ်ကို့ကို နမ်းနေကျအနမ်းတောင် မပေးတော့ပါ့လား စိတ်မကောင်းဘူး ငါညီချစ်သူရတာနဲ့ အစ်ကိုပေါ်စိမ်းသွားတယ်  ''

နေလင်း ပြောပြီး အခန်းထဲကထွက်သွားသည်

⛪⛪⛪

"ဒီလိုအရေးကြီးဆုံးနေ့မှာ သခင်လေးဆီမသွားဘူးလား ''

"သွားမှာပါ အဲ့ဒါကြောင့် ကျွန်တော်ပြင်ဆင်နေတယ်လေ ဦးလေးပိုက်ဆံဘယ်လောက်ရှီလဲ ကျွန်တော်ကို အကုန်ပေး ''

ကျောပိုးအိတ်ထဲသို့ သူစုထားသမျှတွေကို အကုန်ထည့်ပြီး အင်္ကျီတစ်စုံနှစ်စုံကောက်ထည့်နေရင်း သူဆီပိုက်ဆံတောင်းနေတော့ သူတူကို သူနားမလည်ပါ

"ထူးထူးဆန်းဆန်းငါဆီက ဓါးပြတိုက်နေပါ့လား ''

"ကျွန်တော် ဦးလေးဆီက တခါမှမတောင်းဖူးဘူး အခုက ပထမဆုံးနဲ့နောက်ဆုံး ဓားပြတိုက်ခြင်းပဲ အဲ့ဒါကြောင့်ရှီတာအကုန်ပေးပါ ''

"ငါတူ ဘာဖြစ်နေတာလဲ ဦးလေးကို အကျိုးအကြောင်းလည်း ပြောပါအုန်း ''

"အဖြေက ညနေကျရင် ဦးလေးနားလည်မှာပါ အခုကျွန်တော်တောင်းတာ ပေးမှာလား မပေးဘူးလား ''

ဦးအောင်လည်းစုထားတဲ့ ပိုက်ဆံ
ရှီတဲ့ဘဏ်စာအုပ် ရွှေဆွဲကြိုး နှစ်ကုန်း သူလက်က လက်စွပ်တစ်ကွင်း ရှီတာအကုန်ပေးလိုက်သည် ဦးလေးအဲ့လောက်ပေးမယ်လို့သူမထင်ထားပေ

"ဘာလို့ရှီတာ ကျွန်တော်ကို အကုန်ပေးတာလဲ ကျွန်တော်ကို ဒါတွေအကုန် မနှမြောပဲ တကယ်ပေးတယ်ပေါ့ ''

"မင်း ဘာလုပ်မယ်မှန်း ငါမသိဘူး မိုးထက်သာ ဒါပေမဲ့ ငါကမင်းဦးလေးလေ မင်းတကယ်လိုအပ်လို့တောင်းတာကို ငါမှာ ပေးဖို့တာဝန်ရှီတယ်လေ  ငါမှာ တူလိုသားလို့ ဆိုလို့ မင်းတစ်ယောက်ပဲရှီတာလေ ငါဘာလို့ နှမြောရမှာလဲ ''

မိုးထက်သာ ဦးလေးကို ကန့်တော့လိုက်သည်

"ကျေးဇူးတင်ပါတယ် ဦး ကျွန်တော်ပေါ်ငယ်ငယ်ကတည်းကနေအခုထိ ချစ်ပြီးကောင်းပေးတဲ့အတွက် ''

"မင်းငါကို ကန့်တော့တာ ငါမနေတက်တော့ဘူး မင်းလည်း ဘာလုပ်လုပ်အဆင်ပြေပါစေကွာ ငါခြံထဲမှာစေ့စပ် ပွဲအတွက်ပြင်ထားတာ သွားကူလိုက်အုန်းမယ် ''

ပြောရင်း ဦးအောင် ထွက်သွားသည်

တောင်းပန်ပါတယ် ဦးလေး ကျွန်တော်လို့မိုက်မဲတဲ့ တူကို ကျွေးမွေးစောက်ရှောက်ခဲ့လို့ ဒါပေမဲ့ ကျွန်တော် အခု မမိုက်မဲလို့ မရတော့ဘူး

🏠🏠🏠

ကျွန်တော်သခင်လေးအခန်းဝင်မယ်လုပ်တော့ သူရိန်ကသူလက်နဲ့တားထားသည်

" ဘာလာလုပ်တာလဲ မိုးထက်
ဒီနေ့မင်း သခင်လေးနားကို မကပ်တာကောင်းမယ် ''

"ငါသခင်လေးကို မေးစရာရှီလို့ပါ ''

"မင်း သခင်လေးကို ဘာမှမေးစရာမလိုဘူး ပြီးတော့ သခင်လေး သိပ်နေကောင်းတာမဟုတ်ဘူး ထပ်ပြီး မင်းမျက်နှာကိုပြပြီး စိတ်ဆင်းရဲအောင်မလုပ်ပါနဲ့ ''

"သူရိန်ငါကိုဘေးဖယ်ပေးပါ ငါသခင်လေးကိုဒီနေ့ မတွေ့ရ ရင် တစ်သတ်လုံးစာအတွက်နောက်ကျသွားလိမ့်မယ် ''

" မင်းဆိုလိုတာက ''

"အချိန်မရှီဘူး သူရိန်ဘေးဖယ်ပေးပါ  ''

သူရိန်ဘေးဖယ်ပေးတာနဲ့ သူအခန်းထဲဝင်လာသည် သူရိန်ကပါလိုက်ဝင်လာသည် ကုတင်ပေါ်မှာလှဲနေတဲ့ သခင်လေးကို တွေ့ရသည် စေ့စပ်ပွဲတောင်စတော့မယ် အိပ်နေတုန်းပဲလား သခင်လေးရယ်

"သခင်လေး..သခင်လေး ''

ကျွန်တော်လှုပ်နိုးလိုက်တော့ သခင်လေးမျက်စီဖွင့်လာသည် ချက်ခြင်းထထိုင်ပြီး

"မိုးထက်သာ''

" စိတ်မပါတဲ့စေ့စပ်ပွဲကိုလုပ်စရာမလိုတော့သလို့ အချင်းချင်းမနာလိုမှုတွေနဲ့ ပြိုင်ဆိုင်နေတဲ့ ဒီအသိုင်းဝိုင်းကနေ ဝေးရာအေးချမ်းတဲ့နေရာလေးတစ်ခုကို ကျွန်တော်သခင်လေးကို အပြီးပိုင်ခေါ်သွားမယ် လိုက်မယ့်မဟုတ်လား ''

နေမခ ခေါင်းညိတ်သည် သူရိန်ချက်ခြင်းပဲ ထုတ်ထားတဲ့အိတ်ကို အဆင့်သင့်ထုတ်ပေးလိုက်သည်

"မင်းဒါတွေပြင်ဆင်ထားတယ်ပေါ့ ''

''  ငါနောက်ဆုံးထိ မင်းကိုယုံကြည့်ပြီးပြင်ဆင်ထားတာပါ သွားမယ် ငါကားဂိတ်လိုက်ပို့မယ် ဘယ်သူမှမရိပ်မိခင် မြန်မြန်ထွက်ရအောင် ''

ကားဂိတ်ကိုရောက်အောင် မြန်မြန်မောင်းလာခဲ့သည် စံအိမ်ကလူတွေ ညနေ စေ့စပ်ပွဲအတွက် သူအလုပ်နဲ့သူ အားလုံးအလုပ်ရှုပ်နေလို့တော်သေးသည် ကားဂိတ်ရောက်တော့ သူရိန် မြန်မြန်ပင်လက်မှတ်ဖြတ်ပေးလိုက်သည်

"   ငါကိုမတွေ့ရင် မင်း ကိုဝိုင်းမဲကျတော့မှာ အဆင်ပြေပါ့မလား  ''

သခင်လေး သူရိန်ကိုစိတ်ပူပြီးပြောလိုက်သည်

"ကျွန်တော် ဘူးခံပြီး ငြင်းနေရင် ရပါတယ် ဒါပေမဲ့ သူတို့နေမှာမဟုတ်ဘူး သခင်လေးကို ရအောင်ရှာမှာ ''

" ငါသခင်လေးကို ဘယ်သူမှ ရှာမတွေ့တဲ့နေရာကိုခေါ်သွားမှာပါ ''

" သခင်လေးကို ဂရုစိုက်ပါ မိုးထက်
ပြီးတော့သခင်လေးကို ပျော်ရွှင်အောင်ထားပေးပါ ''

"အင်းပါ..မင်းမြန်မြန်ပြန်တော့ ကားပါမင်းယူထွက်လာတာသိရင် မင်းအန္တာရယ်များတယ် စေ့စပ်ပွဲအချိန်မရောက်ခင် မင်းပြန်တော့  ''

"ပြန်တော့ သူရိန် "

''ဟုတ်ကဲ့ သခင်လေး ကားပေါ်မြန်မြန်တက်ပါ သခင်လေးအဝတ်ထုတ်ထဲမှာ ရောင်းစားလို့ရတဲ့ပစ္စည်းတွေပဲပါတယ် ဖုန်းတွေဘဏ်ကဒ်တွေငွေစာအုပ်တွေမပါဘူး နောက်ယောင်ခံလိုက်မှာဆိုးလို့ အဒါတွေမထည့်ထားဘူး အဲ့ဒါကြောင့် မိုးထက်..မင်းသခင်လေးကိုတော့ တာဝန်ယူနိုင်တဲ့ အရည်အချင်းရှီနိုင်ပါစေ ''

သူရိန်ရယ် ငါအတွက် ပူတက်လိုက်တာ မင်းဟာငါအတွက် အကောင်းဆုံး သူငယ်ချင်းပါဘဲ

နေမခစိတ်ထဲမှာ သူရိန်ကို ကျေးဇူးတင်မိသည်

"မပူပါနဲ့ သူရိန်မင်းပြန်တော့ ''

" ကားပေါ်တက်ရအောင် သခင်လေး ကားထွက်တော့မယ်..သူရိန်မင်းလည်းမြန်မြန်ပြန်တော့ ''

"   သခင်လေးတို့အရင်ကားပေါ်တက်ပါ ''

သခင်လေးနဲ့ သူရိန်ကားပေါ်တက်တာကြည့်ပြီးမှ သူစံအိမ်ကို မြန်မြန်ပြန်လာလိုက်သည်

"ကျွန်တော်မြေးမလေးရောက်ပြီ ခင်ဗျားမြေးလေးထွက်မလာသေးဘူးလားဗျ ''

နှင်းပွင့်ဖြူအဘိုးက နေမခကိုမမြင်လို့ မေးနေခြင်းဖြစ်သည်

"  ကျွန်တော်မြေးလေးကသူအစ်ကိုတွေရောက်နေလို့ အပေါ်မှာပါ ''

"ကိုကို့ကို သမီးသွားခေါ်လိုက်မယ် ''

နေလင်းထွက်လာပြီး

"ညီလေးကို တစ်အိမ်လုံးနှံနေပြီ ကျွန်တော်ရှာတာ မတွေ့ဘူး ''

"ကျွန်တော်လည်း သခင်လေးနဲ့ မိုးထက်သာကို ရှာမတွေ့ဘူး ''

သူရိန်သူမသိသလိုနဲ့ ဝင်ပြောလိုက်သည်

"အဲ့ဒါဆို ငါသားက အဲ့ဒီအစေခံကောင်လေးနဲ့ပျောက်နေတာပေါ့  ဘာတွေလဲ ''

ဦးထက်ယံအပါအဝင် အားလုံးစိတ်ပူသွားသည်

"ညီလေးက သူမစေ့စပ်ချင်တော့လို့ အစေခံကောင်လေးကို ခေါ်ပြီး ထွက်ပြေးသွားတာပဲနေမှာ တစ်မျိုးမတွေးပါနဲ့ အဖေ"

" ဘာကိုတမျိုးမတွေးရမှာလဲ သူခေါ်သွားတဲ့အစေခံက သူအရမ်းမြတ်နိုးရတဲ့စေခံနော် ကြိုက်လို့ခိုးပြေးသွားတာရောမဟုတ်ဘူးလား ''

ဇွဲထက်နိုင်ပြောလိုက်တော့ အားလုံးပါးစပ်ဟောင်းသား ဖြစ်သွားသည်

"ဇွဲထက် မင်းအစ်ကိုကြီးဖြစ်ပြီး ငါညီကိုမစော်ကားနဲ့ငါညီလေးကိုစော်ကားရင် အစ်ကိုကြီးဘာတွေနားမလည်ဘူး ''

"မင်းကငါသားကိုဘာလုပ်ချင်လို့လဲ တစ်အိမ်လုံးရဲ့ဂုဏ်သိက္ခာ ပြတ်အောင်လုပ်တဲ့ မင်းညီက တော်တော်လိမ်မာနေလား ''

"တော်ကျစမ်း ဒီအိမ်မှာ အစေခံအများကြီး ရှီတာတောင် ကလေးတစ်ယောက်ထွက်သွားတာ မသိဘူး အစောင့်အစေခံတွေအကုန်အလုပ်ထုတ်ပြီး အစေခံအသစ်တွေပြန်ထား သူရိန်မင်းအပြစ်လည်းအများကြီးရှီတယ် မင်းကိုတော့ အလုပ်မထုတ်သေးဘူး သခင်လေးအခန်းထဲမှာ ဘာထူးဆန်းလဲ သွားရှာဖွေစမ်း ''

"လူတွေအများကြီးငှားပြီး မြန်မာနိုင်ငံ အနှံအပြားမြေလှန်ရှာမယ် ငါသားငယ်ကိုမတွေ့တွေအောင်ရအောင်ရှာမယ် ''

"ရှာရမှာပေါ့ မြေးငယ်လေးကို ချစ်လွန်းလို့လွှတ်ထားမိတာ ငါအပြစ်ပဲ မြေးငယ်ကို မတွေ့တွေ့အောင်ရအောင်ရှာကျ ''

" ကျွန်တော်လူတွေနဲ့လည်း ကူရှာပေးပါမယ် စိတ်မပူပါနဲ့''

နှင်းပွင့်ဖြူအဖိုးကပါ သခင်လေးတို့ကို
ရှာပေးဖို့ပြောလာသည်

🍊🍊🍊🍊🍊🍊🍊🍊

Zawgyi

သခင်လေးရဲ့ကချေသည်

အပိုင်း ၁၈










  " Surprise ''

"ကိုကို "









  "ဟုတ်အစ်ကို ''







"ဟုတ် အစ်ကို ''




⛪⛪⛪
















🏠🏠🏠


" ဘာလာလုပ်တာလဲ မိုးထက်




" မင်းဆိုလိုတာက ''



"သခင်လေး..သခင်လေး ''


"မိုးထက်သာ''



"မင်းဒါတြွေပင်ဆင်ထားတယ်ပေါ့ ''









"ပြန်တော့ သူရိန် "












နေလင်းထွက်လာပြီး











"တော်ကျစမ်း ဒီအိမ်မှာ အစေခံအများကြီး ရှီတာတောင် ကလေးတစ်ယောက်ထွက်သွားတာ မသိဘူး အစောင့်အစေခံတွေအကုန်အလုပ်ထုတ်ပြီး အစေခံအသစ်တြွေပန်ထား သူရိန်မင်းအပြစ်လည်းအများကြီးရှီတယ် မင်းကိုတော့ အလုပ်မထုတ်သေးဘူး သခင်လေးအခန်းထဲမှာ ဘာထူးဆန်းလဲ သွားရှာဖွေစမ်း ''


"ရှာရမှာပေါ့ မြေးငယ်လေးကို ချစ်လွန်းလို့လွှတ်ထားမိတာ ငါ့အပြစ်ပဲ မြေးငယ်ကို မတွေ့တွေ့အောင်ရအောင်ရှာကျ ''

" ကျွန်တော့်လူတွေနဲ့လည်း ကူရှာပေးပါမယ် စိတ်မပူပါနဲ့''

ရှာပေးဖို့ပြောလာသည်

Continue Reading

You'll Also Like

2.7M 148K 42
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
991K 44.6K 27
1950s. ***Story contains mature scenes and Hindi phrases which are not translated in english*** Abhigyan Singh, a Sarpanch of the village named 'Tara...
1.2M 29.5K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
224K 8.8K 35
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...