သခင်လေးရဲ့ကချေသည် Myanmar Ver...

By MinKhant22

106K 3.8K 131

နေမခ ကောင်လေးက ကျွန်တော့်နားမှာ ကျွန်တော်စေလိုရာကမဲ့အရုပ်ကလေးပဲ အမြဲဖြစ်နေရမယ် 💗💗💗💗💗 မိုးထက်သာ ကျွန်... More

Intro
EP1
EP2
EP3
EP4
EP5
EP6
EP7
EP8
EP9
EP10
EP11
EP12
EP14
EP15
EP16
EP17
EP18
EP19
EP20
EP21
EP22
EP23
Ep24
EP25
EP26
EP27
EP28
EP29
EP30
EP31
EP32
EP33
EP34
EP35
EP36
EP37
EP38
EP39
EP40 Final

EP13

2K 83 0
By MinKhant22

သခင်လေးရဲ့ကချေသည်

အပိုင်း ၁၃

ကျွန်တော်နိုးလာတော့ မိုးထက်သာကျွန်တော်လက်ကိုကိုင်ပြီး ပြုံးပြနေသည် သူအပြုံးက ဆွဲဆောင်မှုရှီလိုက်တာ ငါနေမကောင်းနေလို့ အမြင်မှားနေတာလား မိုးထက်သာက ယောက်ကျားလေးလေ သတိထားစမ်း နေမခ

"သခင်လေးနိုးလာပြီလား ''

" ချစ်ဖို့ကောင်းတယ် ''

"ဗျာ သခင်လေး ဘာပြောတာလဲ ''

နေမခခေါင်းရမ်းလိုက်သည်

"ဘာမှမဟုတ်ဘူး "

နေမခထဖို့လုပ်တော့ မိုးထက်သာထူပေးလိုက်သည်

"ဗိုက်မဆာဘူးလား သခင်လေး ဘာစားချင်လဲ ''

"မဆာဘူး မိုးထက် ''

"သခင်လေးအခုထိဘာမှ ဟုတ်တိပတ်တိစားတာ မရှီသေးဘူး တစ်ခုခုစားပါ သခင်လေး ''

"ငါလေညင်းခံထွက်ချင်တယ် ဒါပေမဲ့ငါလှုပ်လို့မရဘူး မင်းငါကိုလိုက်ပို့ပေးနိုင်မလား ''

"အပြင်မထွက်ပါနဲ့ အဆာစားဖို့ပြောနေတယ်လေတခုခုစားပါ သခင်လေး ''

"အဲ့ဒါဆိုအပြင်ထွက်ပြီးတစ်ခုခုစားမယ်လေ လိုက်ပို့ပေးပါနော် ''

သခင်လေးတောင်းဆိုနေတာ တကယ်ကလေးလေးအတိုင်းပဲ ကျွန်တော် သခင်လေးဆန္ဒကို မဖြည့်ဆည်းပဲမနေနိုင်တော့ဘူး

"ကျွန်တော်ကားပေါ်မှာ ဝှီးချဲသွားတင်လိုက်အုန်းမယ် အပြင်ရောက်ရင် သခင်လေးလိုမှာ''

"အင်း သူရိန်ကိုလွှတ်လိုက်ငါ အဝတ်အစားလဲဖို့''

"ဟုတ်ကဲ့ သခင်လေး ''

သူရိန်ကိုသခင်လေးအခန်းထဲလွှတ်လိုက်ပြီး သူကတော့ ကားကိုစံအိမ်ရှေ့ထုတ်ထားလိုက်သည် အခန်းထဲပြန်ရောက်တော့ သခင်လေးကအဆင့်သင့်ဖြစ်နေပြီဖြစ်သည်

"တကယ် ကျွန်တော်ကိုမလိုက်ခိုင်းဘူးလား သခင်လေး ''

"အင်း မလိုက်နဲ့ အဖေ တို့မေးရင် အပြင်ထွက်ပြီး တခုခုသွားစားတယ်ပြောလိုက်''

သူရိန်ကိုသူမှာခဲ့လိုက်သည်

"ကားထုတ်ထားပြီ သွားရအောင်သခင်လေး ကားဆီသို့ ကျွန်တော်ကုန်းပိုးမယ်သခင်လေး ''

"ပြုတ်ကျနေအုန်းမယ် နိုင်လို့လားငါကို ''

"နိုင်ပါတယ်သခင်လေး ''

မိုးထက်ခန္ဓာကိုယ့်ကိုသခင်လေးရှေ့ကိုင်းပေးလိုက်တော့ သူကုန်းပိုးတာကိုလက်ခံလိုက်သည် ကားဆီကုန်းပိုးခေါ်ပြီးကားပေါ်ထိုင်ခိုင်းလိုက်သည် ကားမောင်းတဲ့နေရာမှာ ကျွန်တော်ထိုင်လိုက်ပြီး ကားကိုမောင်းထွက်လာခဲ့လိုက်သည်

"သခင်လေးရောက်ပြီ ထတော့ ''

"ဟင် စားသောက်ဆိုင်ကြီး''

"ကျွန်တော်ကိုကတိပေးထားတယ်လေ အပြင်မှာတစ်ခုခုဝင်အောင်စားရမယ်လို့ ''

"ထမင်းမစားချင်ဘူး ခေါက်ဆွဲစားချင်တယ် ခေါက်ဆွဲဆိုင်မောင်း''

"ကြေးအိုးသောက်မလား သခင်လေး''

"အင်း ''

မိုးထက်သာ ကြေးအိုးဆိုင်ကိုမောင်းခဲ့သည် ဆိုင်ရောက်တော့ ကားနောက်ဖုန်းက ဝှီးချဲကိုယူပြီး သခင်လေးကိုထိန်းပြီး ဝှီးချဲပေါ်ထိုင်ခိုင်းလိုက်သည် ဆိုင်ထဲမှာနေရာယူပြီးကြေးအိုးနှစ်ပွဲမှာလိုက်သည်

"Pinkmilk ရရင် Pinkmilk ရောပေးပါနော် ''

"ဟုတ်ကဲ့ ရပါတယ် ''

"ငါ Pinkmilk သောက်ချင်တာသိတယ်ပေါ့ ''

"သိတာပေါ့ သခင်လေး ဒါပြီးရင်ဘယ်သွားချင်လဲ ''

"ပင်လယ်ဘက်သွားချင်တာ ''

"မနောက်ပါနဲ့ သခင်လေး ''

"မနောက်ဘူး လိုက်ပို့ပေး ချောင်းသာဆိုဘယ်လိုလဲ '

"မဖြစ်နိုင်တာ သခင်လေးရယ်အဝေးကြီးကိုး သခင်ကြီးတို့စိတ်ပူနေအုန်းမယ် ပြီးတော့ ကျွန်တော်အလုပ်ပြုတ်နေအုန်းမယ်''

စကားပြောနေရင်း စားပွဲထိုးက ကြေးအိုးလာချပေးတာကြောင့် စကားပြောတာရပ်လိုက်ပြီး သခင်လေးစားဖို့ ကြေးအိုးကို အစပ်အဟပ်တည့်အောင် ပြင်ပေးလိုက်သည်

" သခင်လေးစားလို့ရပြီ "

" အင်း "

သခင်လေး ကျွန်တော်ကိုဘာစကားမှမပြောတော့ပဲ ခေါက်ဆွဲသာငုံ့စားနေသည် သခင်လေးထင်နေတာ ကျွန်တော်အလုပ်ပြုတ်မှာ ကြောက်နေတာလို့ထင်နေတာလား မဟုတ်ပါဘူးသခင်လေးရယ် သခင်းလေးနားမှာနေခွင့်မရမှာကို အရမ်းကြောက်လို့ပါ

"သခင်လေး ''

"ဟင်''

"ကျွန်တော်ကို စိတ်ဆိုးသွားတာလား ''

"မဆိုးပါဘူး မိုးထက် ''

" တခြားဘယ်နေရာသွားချင်လဲ သခင်လေး ''

" တကယ်တော့ ''

သခင်လေးဆက်ပြောမယ့်စကားကိုကျွန်တော်နားထောင်နေပေမဲ့ သခင်လေးဘာမှမပြောတော့ပဲ ကျွန်တော်ကိုသာစိုက်ကြည့်နေသည်

"သခင်လေး ဘာဖြစ်လို့လဲ ဘာပြောချင်တာလဲ ''

"ဘာမှမဟုတ်တော့ပါဘူး အိမ်ပဲပြန်တော့မယ် မိုးထက် ''

ကျွန်တော်ရဲ့ပြတ်သားလွန်းတဲ့ စိတ်တွေဟာ အခုတွေဝေနေပြီ တကယ်တော့ ပင်လယ်ဘက်ကိုသွားချင်တာထက် မင်းနဲ့အတူတူ အဝေးဆုံးကို ထွက်သွားချင်တာ
ဒါပေမဲ့ ငါဟာမင်းအတွက် အလုပ်ရှင်ထက်မပိုဘူးထင်တယ် မင်းယောက်ကျားတစ်ယောက်ကို စိတ်မဝင်စားလောက်ဘူး ငါရဲ့ရူးသွပ်တဲ့ စိတ်ကိုပြင်သင့်ပြီ

🏫🏫🏫🏫🏫

" သခင်လေးအခန်းထဲသွားမလို့လား ''

သခင်လေးအခန်းထဲဝင်မလိုကိုး တားလိုက်တဲ့ သူရိန်ကြောင့် သူပြန်ဖြေလိုက်သည်

" အေးလေကွာ.. ဘာဖြစ်လို့တုန်း ''

"သခင်လေးတစ်ယောက်တည်းနေချင်လို့တဲ့ သူကုမ္ပဏီမသွားမချင်း မင်းသူအခန်းကိုမလာခဲ့နဲ့တဲ့''

"တကယ်ပဲ သခင်လေးက အဲ့အတိုင်းပြောတာလား ''

" အင်း ''

"ဘာလို့လဲလိုမေးချင်ပေမဲ့မမေးတော့ပါဘူး သခင်လေးလိုအပ်ရင် အချိန်မရွေးခေါ်လိုက်ပါ ''

ဘာကြောင့်ရုတ်တရက် ကျွန်တော်ကိုမတွေ့ချင်ပြန်တော့တာလဲ သခင်လေးရယ် သခင်လေး
အမိန့်တိုင်းကျွန်တော်ငြင်းပယ်ခြင်းမရှီပေမဲ့ ဒီတစ်ခါ သခင်လေးအမိန့်က ကျွန်တော်ကိုရင်ပူတယ်

🌼🌼🌼

"မြေးလေးအဖိုးကိုစိတ်ဆိုးနေသေးလား ''

"မဆိုးပါဘူး အဖိုး ကျွန်တော်သိပါတယ် ဒီအိမ်ရဲ့စည်းကမ်းကြောင့်ဆိုတာကိုး ''

"အဘိုးရင်နာရပါတယ် မြေးငယ်လေးရယ် ဒီအစေခံကောင်လေးကို အဲ့လောက်တန်ဖိုးထားလား ကိုယ့်အစ်ကို့ကို ပြန်ထိုးရလောက်အောင် ''

"ဟုတ်ကဲ့ အဘိုး ပြီးတော့အိမ်မှာအလုပ်လုပ်တဲ့သူတွေမှာ နာမည်ရှီပါတယ် သူတို့နာမည်ပဲခေါ်ပါ့လား အစေခံဆိုတဲ့ အသုံးအနှုန်း မသုံးစေချင်ဘူး "

အဘိုးသူ့စကားကြောင့်ငြိမ်သွားသည်

" တောင်းပန်ပါတယ်အဖိုး ကျွန်တော့်အဖိုးကိုဆရာလုပ်တာ မဟုတ်ပါဘူး "

" အဘိုးမြေးလေးပြောတာကို အဖိုးပြန်စဉ်းစားသင့်ပြီ မိုးထက်သာက မြေးလေးအတွက် အရမ်းအရေးပါတဲ့ကောင်လေးပဲ "

" ဟုတ်ကဲ့အဖိုး "

"ဒီစကားကိုမြေးလေးအဖေသိရင်မလွယ်ဘူး မြေးလေးစိတ်ဝင်စားနေတာလားသူကို ''

"မဟုတ်ပါဘူးအဘိုး ဘာလို့အဲ့လိုပြောတာလဲကျွန်တော်စိတ်မဝင်စားပါဘူး နှင်းပွင့်ဖြူနဲ့ ကျွန်တော့်ချစ်သူဖြစ်နေပါပြီ "

"တကယ်လား..မြေးလေးလုပ်ရက်ကမှန်တယ် အဖိုးဒီအိမ်ကကျယ်ပြန့်လှတဲ့ခြံကို အခုကစပြီးရှင်းပြီး အလှဆင်တော့မယ် မြေးလေးစေ့စပ်ပွဲကိုခမ်းနာစွာအဘိုးလုပ်ပေးမယ် ''

"ကျေးဇူးတင်ပါတယ်အဘိုး ''

"အခုမြေးလေးလှဲလိုက်နော် အဖိုးမြေးအိပ်ပျော်အောင်မြေးလေးလက်ကိုကိုင်ထားပေးမယ် "

လက် ကျွန်တော်လက်ကို အိပ်ရင်သူကိုင်ပေးထားတာ ငါဒီစွဲလမ်းမှုကဖျောက်နိုင်ပါ့မလား မိုးထက်သာနဲ့မဖြစ်နိုင်မှန်းသိရက်နဲ့မျှော်လင့်မိတာတွေရပ်သင့်ပြီ

🌞🌞🌞🌞🌞

သူရိန် သခင်လေးကို အင်္ကျီဝတ်
ပေးပြီးကြယ်တီးတပ်ပေးလိုက်သည် သခင်လေးအခုချိန်ထိ မိုးထက်သာကို အတွေ့မခံသလို သခင်လေးရဲ့မျက်နှာမှာလည်း အပြုံးမရှီပဲ
ခပ်တင်းတင်းပဲနေလေသည်

"ကားအဆင့်သင့်ဖြစ်ပြီ သခင်လေး ''

"အင်း ''

သူကိုကားတံခါးဖွင့်ပေးနေတဲ့ မိုးထက်သာကို သူသူဘာမှမပြောတော့ပဲ ကားထဲဝင်ထိုင်လိုက်သည် ကားပေါ်မှာလဲ မျက်စီမှိတ်ထားလိုက်သည်

"ကုမ္မဏီပဲသွား မိုးထက် ''

သူရိန်သွားရမဲ့နေရာကိုပြောလိုက်သည်

"အင်း ''

ကုမ္မဏီရောက်တဲ့ထိ ရုံးခန်းမှာ အပန်းဖြေစခန်းအသစ်ထပ်ဆောက်ဖို့ ဒါရိုက်တာတွေနဲ့ အလုပ်များနေသည် နေ့လည်စာထမင်းစားတဲ့အထိ ဒါရိုက်တာတွေကိုပြန်မလွှတ်ပဲအစည်းအဝေးလုပ်နေသည် နေ့လယ် ၂နာရီမှ ဒါရိုက်တာတွေကို ပြန်လွှတ်လိုက်သည်
မိုးထက်သာ ချိုင့်ယူလာပြီး အခန်းထဲက စားပွဲခုံမှာထမင်းစားဖို့ ပြင်ဆင်နေသည်

"ထမင်းစားဖို့ပြင်ထားတယ် သခင်လေး စားလိုက်ပါ ''

"အင်း မိုးထက်သာငါစားလိုက်မယ် မင်းအပြင်ထွက်တော့ '''

"ကျွန်တော်ကိုဘာမကျေနပ်တာရှီလို့လဲ ကျွန်တော့်ဘာမှားသွားလို့လဲ သခင်လေး ပြောပါကျွန်တော်သခင်လေးမကြိုက်တာဘာလုပ်မိလို့လဲ ''

"မရှီပါဘူး မိုးထက် အပြင်ထွက်နေပါ ''

"ဟုတ်ကဲ့ အပြင်ထွက်ဆိုထွက်ပါမယ်
သခင်လေး ထမင်းစားဖြစ်အောင်စားပါ ကျွန်တော်အခုအပြင်ထွက်နေပေးပါမယ် ''

မိုးထက် ထွက်သွားမှ သူထမင်းစားလိုက်သည် ထမင်းစားနေတုန်း ဟိန်းစည်သူဝင်လာသည်

"မဆင်မခြင်နဲ့ဝင်လာပြန်ပြီ ဘာပြောမလို့လဲ ''

"မင်း နှင်းပွင့်ဖြူနဲ့စေ့စပ်တော့မယ်ဆို အဲ့ဒါတကယ်လား''

"သတင်းရတာမြန်သားပဲ မင်းကြားတာ သတင်းအမှားမဟုတ်ပါဘူး ''

"မင်း အမှန်တကယ်သူကိုမချစ်ပါဘူး ငါတောင်းပန်ပါတယ် ဒီစေ့စပ်ပွဲမလုပ်ပါနဲ့ ''

"မင်းတောင်းပန်တာကိုငါလက်ခံချင်ပေမဲ့ နောက်ကျသွားပြီ အာရုံလာမနောက်ပါနဲ့ မင်းထွက်သွားပါ ''

"ဒီပြသာနာကိုငါစခဲ့တာမို့လို့ ငါခံရတာ ငါသိပါတယ် နေမခ ဒါပေမဲ့မင်းသေချာစဉ်းစားပါ မင်းသူမကိုတကယ်ချစ်မြတ်နိုးရဲ့လား မင်းသာချစ်မြတ်နိုးရင်ငါမတားပါဘူး နေမခ
ငါအရင်တုန်းက ဟိန်းစည်သူမဟုတ်တော့ဘူး "

"ငါမြင်တာကတော့ အရင်တုန်းကဟိန်းစည်သူပဲ "

" မင်းမြင်အောင်မကြည့်လို့ပါ ငါပြောင်းလဲသွားပြီ ငါသူမကိုချစ်တဲ့အချစ်ကြောင့်ငါစိတ်တွေပြောင်းလဲသွားပြီ ငါ..မင်းအပေါ်မနာလိုဝန်တိုမှုပြိုင်ဆိုင်မှုတွေကြောင့် ငါအချစ်ကိုပါ ဆုံးရှုံးလိုက်ရပြီ အဲ့ဒါကြောင့်ငါသူများပေါ်မနာလိုဝန်တိုမှုတွေ မထားတော့ဘူး မင်းသူမကိုတကယ်မချစ်ပဲနဲ့ မစေ့စပ်ပါနဲ့..မင်းစေ့စပ်မယ်ဆို မင်းပဲထိခိုက်ပြီးမင်းပဲအကြီးအကျယ်နောင်တရမှာပါ နေမခ တခြားဟာတွေဆုံးရှုံးတာထက် နှလုံးသားဆုံးရှုံးမှုက ဘယ်လောက်ဆင်းရဲဒုက္ခရောက်လဲ ငါခံရဖူးလို့ငါအသိဆုံးမို့ မင်းကိုပြောပြတာပါ
နေမခ "

" ငါကိုဘာဖြစ်စေချင်နေတာလဲ "

"ငါဖြစ်ချင်တာကနှင်းပွင့်ဖြူကိုရဲ့အချစ်ကိုရချင်တာ ဒါပေမဲ့မဖြစ်နိုင်တော့ပါဘူး မင်းကတော့ သူ့ကိုတကယ်ချစ်ဖို့ မျှော်လင့်ပါတယ်နေမခ ငါသွားပြီ နောက်မင်းရှေ့ပေါ်လာပြီး ငါမနှောက်ယှက်တော့ပါဘူး''

ဟိန်းစည်သူထွက်သွားတော့ သူထမင်းဆက်မစားတော့ပဲ စဉ်းစားနေလိုက်သည် ငါနှလုံးသား ရောသူပြောသလိုဖြစ်နေပြီလား ငါပျော်ရွှင်ရမှာလား ငါပျော်ရွှင်မှာပါ မဟုတ်တာတွေမစဉ်းစားသင့်တော့ဘူး

သခင်လေးရဲ့ကချေသည်

အပိုင်း ၁၃


"သခင်လေးနိုးလာပြီလား ''

" ချစ်ဖို့ကောင်းတယ် ''



"ဘာမှမဟုတ်ဘူး "



"မဆာဘူး မိုးထက် ''








"ဟုတ်ကဲ့ သခင်လေး ''







"နိုင်ပါတယ်သခင်လေး ''







"အင်း ''



"ဟုတ်ကဲ့ ရပါတယ် ''



"ပင်လယ်ဘက်သွားချင်တာ ''

"မနောက်ပါနဲ့ သခင်လေး ''




" သခင်လေးစားလို့ရပြီ "

" အင်း "


"သခင်လေး ''

"ဟင်''


"မဆိုးပါဘူး မိုးထက် ''


" တကယ်တော့ ''





🏫🏫🏫🏫🏫






" အင်း ''



🌼🌼🌼








" ဟုတ်ကဲ့အဖိုး "







🌞🌞🌞🌞🌞



"အင်း ''




"အင်း ''















နေမခ "




Continue Reading

You'll Also Like

3.8M 159K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
2.8M 36.7K 12
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
659K 50.3K 34
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
2.1M 126K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...