သခင်လေးရဲ့ကချေသည်
အပိုင်း ၁၁
နေမခကို ကုတင်ပေါ်လှဲစေလိုက်ပြီး ဆရာဝန်ကို မြန်မြန်ခေါ်လိုက်ရသည် သွေးစို့နေတဲ့ အဖြူရောင် Shirtကို ချွတ်လိုက်တော့ ကျောကုန်းမှာ အချိုးရာတွေကို တွေ့လိုက်ရသည်
"ကျောကုန်းက ဒဏ်ရာဒဏ်ချက်တွေကိုတော့ ဆေးထည့်ပေးထားပါတယ် ဖျားနိုင်တာမို့လို့ဂရုစိုက်ပါ အခုထိသတိမရသေးတော့ ကျွန်တော်ဆေးမထိုးပေးသေးဘူး ဖျားနာလာရင် ကျွန်တော်ပေးတဲ့ဆေးတွေတိုက်ပေးပါ ''
"ဟုတ်ကဲ့ ဒေါက်တာ ''
"ဆရာဝန်လေး မြေးလေးဖျားရင် အဖိုးတစ်ခေါက်ထပ်ခေါ်လိုက်ပါမယ် ''
"ဟုတ်ကဲ့ပါအဖိုး ကျွန်တော်လာခဲ့ပါမယ် ''
ဆရာဝန်ထွက်သွားတော့မှ အဖိုးကုတင်ပေါ်
ထိုင်ပြီး သခင်လေးလက်ကိုကိုင်လိုက်သည်
"အဘိုးကိုခွင့်လွှတ်ပါ မြေးငယ်ရယ် အဘိုးထုတ်ထားတဲ့စည်းကမ်းချက်တွေ့ကြောင့် အဘိုးနောင်တဆိုတာမရှီခဲ့ဖူးဘူး အခုအဲ့ဒီစည်းကမ်းချက်တွေကြောင့် အဖိုးမြေးငယ်လေး နာကျင်နေရပြီ အဘိုးနောင်တရတယ် အရမ်းနောင်တရတယ် ''
"ဘယ်လိုဖြစ်တာလဲ သူရိန်ဖြေစမ်း သားက
သူအစ်ကို့ကိုထိုးရလောက်အောင်
ဘာဖြစ်တာလဲ ''
ဦးထက်ယံ အခြေအနေကို အသေးစိတ်ထပ်သိချင်လို့ မေးလိုက်သည်
သူရိန် အကြောင်းအစုံပြောပြလိုက်သည်
"ဒီကောင်လေးက သားငယ် ငယ်ငယ်ကတည်းက သားငယ်လိုရာလိုက်လုပ်ပေးနေတဲ့ ကောင်လေးပဲ သားငယ်လူပါပဲ သားငယ် သံယောဇဉ်ကြီးတာမမှားပါဘူး ဇွဲထက်နိုင်မှားတာပဲ
အစ်ကိုဖြစ်ပြီးအငယ်ကို အနိုင်ကျင့်နေသလို ခံစားရတာလဲ ဘာကြောင့်သားငယ်လူကိုလုရတာလဲ''
ဦးထက်ယံစိတ်မကောင်းဖြစ်စွာပြောလိုက်သည်
" ဇွဲထက်နိုင်မှားတယ်ဆိုရင်တောင် မြေးငယ်က ငါတို့မင်းတို့ လူကြီးတွေရှီတာပဲလာပြောမှပေါ့ အခုသူက သွားထိုးမိတော့ သူများအမှားကနေ ကိုယ့်အမှားဖြစ်တာပေါ့ ''
ဦးချမ်းသာ မြေးငယ်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်စွာ ဆိုလိုက်သည်
"ကျွန်မလည်းနားမလည်တော့ဘူးအဖေ သားငယ်က အကျိုးအကြောင်းဆင်ခြင်တက်တဲ့သူပါ သူအစေခံကိုပြန်လိုချင်တာနဲ့ပဲ ဒီလိုရိုင်းစိုင်းပြုမူလိမ့်မယ်လို့ ''
ဒေါ်မာလာ စိတ်မကောင်းဖြစ်စွာဆိုလိုက်သည်
"သူရိန် က သားငယ်ကိုအမြဲတမ်းအနိုင်ကျင့်ခဲ့တာပဲ ကျွန်တော်ဒါကိုသည်းမခံနိုင်တော့ဘူးအဖေ ကျွန်တော်သူတို့ကိုမမုန်းဖူးဘူး အခုတော့မုန်းတယ် သားငယ်လေးထိခိုက်နေရပြီ ''
ဦးထက်ယံ သားကိုချစ်တဲ့ဇောကြောင့် မွေးစားအစ်မဖြစ်သူ့ကိုတောင် မုန်းချင်လာပြီဖြစ်သည်
" မြေးငယ်လေးအခန်းမှာဆူမနေတော့နဲ့ ငါဘာလုပ်ရမလဲငါသိတယ် အစေခံတစ်ယောက်အတွက် မြေးငယ်လေး အစ်ကို့ကိုပြန်မထိုးသင့်တာအမှန်ပဲ ''
"အင်းးး "
နေမခနိုးလာတာနဲ့ နာကျင်ခြင်းကို ခံစားရတာကြောင့် ညည်းလိုက်သည်
"နိုးလာပြီလား မြေးငယ်လေး ''
နေမခမှောက်ရပ်အိပ်နေရပေမဲ့ မျက်လုံးက တစ်စုံတစ်ယောက်ကိုရှာနေသလို့ ဝေ့ပတ်ကြည့်နေသည်
"ဘာလိုနေလဲ သားငယ် ''
" မိုးထက်သာရော ''
"အခန်းအပြင်မှာရှီပါတယ် သခင်လေး ''
"သွားခေါ်ပေးလိုက် သူရိန် ''
နေမခအမေက မြန်မြန်သွားခေါ်ခိုင်းလိုက်သည်
မိုးထက်သာ အခန်းထဲဝင်ဝင်ချင်း သခင်လေးနောက်ကျောက ဒဏ်ရာတွေ့ပြီး မျက်ရည်ဝဲတက်လာမိသည်
"အကုန်အပြင်ထွက်ပေးကျပါ ကျွန်တော်နားချင်တယ် ''
"အဖိုးကိုစိတ်ဆိုးနေလား မြေးငယ် ''
"အားလုံးကိုစိတ်နာတယ် အပြင်ထွက်ပေးကျပါ ကျွန်တော်အပြစ်ဆိုပေမဲ့ အဖိုးတို့အဖေတို့ ကို
မတွေ့ချင်ဘူး ''
Arthit Par - " သားငယ်အဖေမရိုက်ရက်ခဲ့ပါဘူး သူများရိုက်ရင်သားငယ်ပိုနာမှာဆိုးလို့ပါ ''
Arthit - "ကျွန်တော်အပြစ်ကျွန်တော်ခံပြီးပြီမို့လို အကုန်အပြင်ထွက်ကျပါ နောက်တစ်ခါသာ ကျွန်တော်ပိုင်ဆိုင်တဲ့အရာတွေသာ ဘယ်သူမှမလုစေနဲ့ ''
"အဖိုးသိပါပြီ မြေးငယ်လေး အေးဆေးနားနော် ''
ဦးချမ်းသာ စိတ်မကောင်းဖြစ်စွာဆိုလိုက်သည်
"အမေကိုတော့နှင်မထုတ်ပါနဲ့ သားလေး "
ဒေါမာလာ သားလေးနဖူးကိုကိုင်ပြီးပြောလိုက်သည်
" သားလေးနားပါစေ "
ဦးထက်ယံ သူ့မိန်းမကိုခေါ်ပြီး အပြင်ထွက်လာလိုက်သည်
အားလုံးထွက်သွားတော့ ကျွန်တော်နားကို မိုးထက်သာ ရောက်လာသည် မျက်ရည်တွေဝဲနေတော့ သူမျက်ဝန်းကို ကြည့်နေမိသည်
"ယောက်ကျားမဟုတ်ဘူးလား "
"နာလား အရမ်းနာနေမှာပဲ ''
" မနာပါဘူး နည်းနည်းလေးမှမနာပါဘူး''
"ကျွန်တော်ကြောင့်ဖြစ်တာ ဘာလို့အဲ့လိုစိတ်လိုက်မန်ပါ လုပ်ရတာလဲ သခင်လေးက အမြဲတမ်းတွေးတော့ဆင်ခြင်တက်တဲ့သူပဲလေဘာကြောင့်လဲ''
"ဘာကြောင့်လဲ ငါမပြောတက်ဘူး... ဒါပေမဲ့ ငါနောင်တမရပါဘူး ''
နေမခပြောဖြေရင်းအိပ်ပျော်သွားသည်
🍎🍎🍎
🌑🌑🌑🌑🌑🌑
"ဟင်း....အင်းးး ''
သခင်လေးညီးသံကြားလို့သခင်လေးနဖူးကိုစမ်းကြည့်တော့ အဖျားတက်နေသည် ညကလည်းနက်နေပြီ သခင်လေးအတွက် အောက်ထက်မီးဖိုဆောင်မှာ ရေခဲသွားယူပြီး ဇလုံထဲရေခဲထည့်ပြီး ရေခဲဝတ်ကိုနဖူးပေါ်တင်ပေးလိုက်သည်
" ဟင်း ဟင်းး ချမ်းတယ် ''
သခင်လေးကျောကုန်းကဒဏ်ရာတွေကြောင့်
နာနေပုံလည်းရသည် မှောက်ရပ်အိပ်နေရတာကြောင့် သခင်လေးအိပ်ရတာမသက်သာပေ ဘယ်လိုလုပ်ရမလဲသခင်လေးရယ် ကျွန်တော်ရူးချင်လိုက်တာ ဒီလိုခံစားနေရတာကို လုံးဝမမြင်ချင်ဘူး
"သခင်လေး ! သခင်လေး !''
အဖျားတက်လာရင် သောက်ဖို့ဆေးပေးလိုက်တဲ့အတွက် သခင်လေးကိုနိုးလိုက်သည်
"ဟင် ''
"သခင်လေး ခဏထနော် ဒီဆေးသောက်လိုက်အု...အဲ့ဒါမှနာကျင်ရတာသက်သာမှာ''
နေမခဆေးထသောက်လိုက်သည် ပြီးတော့ပြန်မှောက်အိပ်လိုက်သည်"
"ဒီလိုမှောက်ရက်အိပ်နေရတာ မသက်သာဘူးမဟုတ်လား ဖျားကလည်းဖျားနေသေးတယ် မနက်ကလည်း မရောက်နိုင်ဘူး ဆရာဝန်မြန်မြန်ခေါ်ပြချင်ပြီ ''
"မင်းစိုးရိမ်နေတာသိပေမဲ့ အဲ့လောက်ထိစိတ်မလှုပ်ရှားပါနဲ့ ငါသက်သာပါတယ် ''
မျက်နှာတစ်ခုလုံးဖြူဖတ်နေအောင် သူ့ကိုစိုးရိမ်နေတဲ့ မိုးထက်သာကို သူပြောလိုက်သည်
" မလိမ်ပါနဲ့ သခင်လေးမသက်သာတာ ကျွန်တော်သိပါတယ် နေမကောင်းတာတောင် သက်သောင့်သက်သာ မအိပ်ရဘူး ''
"ငါနားလာပြီး မင်းလည်းငါလို့မှောက်အိပ်လေ ငါမင်းမျက်နှာကြည့်ပြီး အိပ်ပျော်သွားအောင်''
"မသင့်တော်ပါဘူး သခင်လေး ''
"ငါနေမကောင်းဘူး စကားအများကြီးမပြောချင်ဘူး လာအိပ်ဆိုလာခဲ့''
ယ
သခင်လေးအလိုကျသခင်လေးဘေးမှာမှောက်ရပ်အိပ်ပေးလိုက်ပြီးသခင်လေးမျက်နှာကိုကြည့်နေမိသည် သူအလိုကျအိပ်ပေးသော ကျွန်တော်ကိုကြည့်ပြီး သခင်လေးမျက်စီမှိတ်ပြီးအိပ်ပျော်သွားသည် အိပ်ပျော်နေသောသခင်လေးမျက်နှာကိုပဲ ငေးကြည့်နေမိသည် သခင်လေး ကျွန်တော်ကို ဘယ်လိုသတ်မှတ်နေတာလဲသခင်လေးရယ် သခင်လေး အပြုအမှုတွေကြောင့် ကျွန်တော်သခင်လေးကို မတန်မရာမှန်းပြီးလောဘသတ်မိတော့မှာပဲ
🌞🌞🌞🌞🌞🌞🌞🌞🌞
မနက်နိုးနိုးခြင်းဆရာဝန်ခေါ်လိုက်သည်
"အခြေအနေဘယ်လိုလဲ ဒေါက်တာ ''
"အဖျားတက်တာပါ ဒဏ်ရာကြောင့် သူ
ခန္ဓာကိုယ်က ပထမဆုံးထိခိုက်မိတာမဟုတ်လား ''
"'ဟုတ်တယ်ဒေါက်တာ သားလေးကတစ်ခါမှဒီလိုကြီးကြီးမားမားဒဏ်ရာမရဖူးသလို အရိုက်လည်းမခံရဖူးပါဘူး ''
" အဲ့ဒါကြောင့်အဖျားကသာမာန်ထက်ပိုတက်တာပါ ကျွန်တော်အခုဆေးထိုးထားခဲ့ပေးပါမယ် သေချာဂရုစိုက်ပေးပါ''
ယ"ဟုတ်ကဲ့ ဒေါက်တာ သူရိန်ဒေါက်တာကိုလိုက်ပို့လိုက်''
"ဟုတ်ကဲ့ သခင်ကြီး ''
အဘိုးစိတ်ပူပြီးသူမြေးငယ်လက်ကိုပဲ
ကိုင်ထားသည် မိုးထက်သာ လည်းဒီမြင်ကွင်းကိုမကြည့်ချင်ဘူး သခင်လေးမြန်မြန်နေကောင်းပါတော့ နို့မို့ဆိုကျွန်တော် အပြစ်ရှီတယ်လို့ထင်မိတုန်းပဲ
"မင်းက အိမ်တော်ထိန်းတူမဟုတ်လား''
"ဟုတ်ကဲ့အဘိုး ''
"မင်းကိုမြေးငယ်လေးကအရမ်းခင်တွယ်တာပဲ ငါတောင်အံသြတယ်''
"သားငယ်ရဲ့ခင်မင်မှုအပေါ် အခွင့်ကောင်းမယူမိစေနဲ့ ကြားလား''
ဦးထက်ယံ သတိပေးလိုက်သည်
" ဟုတ်ကဲ့ သခင်ကြီး အဖိုးနဲ့သခင်ကြီးတို့သွားနားပါ ကျွန်တော်ဒီမှာစောင့်ပေးလိုက်ပါမယ် ''
"သားကုမ္ပဏီသွားရမှာမဟုတ်လား သွားတော့လေ ''
"အဖေလည်းနားသင့်ပြီ''
"မင်းသာသွားနှင့်ပါ ငါမြေးငယ်နားမှာနေအုန်းမယ်''
အဘိုး သခင်လေးလက်ကိုကိုင်ထားပြီး
နေနေသည် အဘိုးကြည့်ရသာ မသက်သာပေ လူကြီးဖြစ်နေပေမဲ့ သခင်လေးမနိုးမချင်းထိုင်စောင့်နေလေသည်
"အဘိုးထိုင်စောင့်နေတာကြာပြီ နားပါတော့ ''
"ရတယ် ငါကိုစိတ်မပူနဲ့ ''
အဘိုးကိုင်ထားသောလက်ကလေးလှုပ်လာသည်
"မြေးငယ် နိုးပြီလား''
နေမခ သူလက်ကို ရုန်းလိုက်သည်
လက်ကိုအကိုင်မခံပဲနေနေသည်
"အခုထိအဖိုးကိုစိတ်ဆိုးနေတုန်းလား မြေးငယ် ''
"အဘိုးကိုမချစ်တော့ဘူး ''
"ဘယ်လိုပြောလိုက်တာလဲမြေးငယ်ရယ် အဖိုးစိတ်ကိုမြေးငယ်သိရဲ့သားနဲ့''
နေမခ မျက်စီကိုပြန်မှိတ်ထားလိုက်သည် ပါးစပ်ကမပြောပေမဲ့ အဘိုးကိုမတွေ့ချင်ဘူးဆိုတာသိသာသည်
"မြေးငယ်နိုးပြီးဆိုတော့ဗိုက်ဆာမှာပေါ့ တခုခုစားအုန်းနော် မိုးထက် စွပ်ပြုတ်သွားယူပေးလိုက်''
"ဟုတ်ကဲ့ "
မိုးထက်အောက်ထပ်ဆင်းပြီးစွပ်ပြုတ်သွားယူလိုက်သည် စွပ်ပြုတ်ယူပြီးအပေါ်ပြန်တက်လာတော့ အဘိုးမရှီတော့ပေ
သူရိန်က သခင်လေးထစေရန်ထူပေးပြီး ကျောကုန်းနောက်မှာခေါင်းအုန်းခံထားပေးသည်
မိုးထက် စွပ်ပြုတ်ကိုမှုတ်လိုက်ပြီးပါးစပ်နားတည့်ပေးတော့ သခင်လေး ခေါင်းရမ်းသည်
"ဘာလို့လဲသခင်လေးအဖျားရှီသေးတယ် စွပ်ပြုတ်သောက်ပြီးအားပြန်မွေးရမှာ''
သူရိန်စိတ်ပူပြီးပြောလိုက်သည်
"သခင်လေး နည်းနည်းတော့စားပါ
အစားမရှီရင် ပိုဆိုးမယ်''
"စားချင်စိတ်မရှီဘူး ''
" နည်းနည်းလေး ငါးလုပ်လောက်ပဲဖြစ်ဖြစ်စားပါနော် သခင်လေး နည်းနည်းလေးဖြစ်ဖြစ်သောက်ပါနော် ''
အစာစားဖို့တောင်းဆိုနေတဲ့ မိုးထက်ရဲ့အမူအရာမှာအရမ်းစိတ်ပူနေပြီးအသနားခံနေတဲ့အတွက်ကြောင့် သူပါးစပ်ကိုဟပေးလိုက်သည် နှစ်လုပ်လောက်သောက်ပြီးတော့ သူလုံးဝမသောက်ချင်တော့လို့ ငြင်းလိုက်သည်
"သခင်လေးဧည့်သည့်လာတယ် လွှတ်လိုက်ရမလား''
အခန်းဝင်လာပြီးပြောလိုက်တဲ့
ကောင်လေးကြောင့် သူရိန်မေးလိုက်သည်
"ဘယ်သူလဲ ''
"မမလေးတစ်ယောက်ပါ ''
" လွှတ်လိုက် ''
ဘယ်သူမှန်း နေမခသိနေတာကြောင့် ပြောလိုက်သည်
"ဟုတ်ကဲ့ "
ထင်တဲ့အတိုင်းပဲ သူ့ကိုလာတွေ့သူက သူချစ်သူ နှင်းပွင့်ဖြူဖြစ်သည် အခန်းထဲဝင်လာတဲ့ နှင်းပွင့်ဖြူထိုင်စေရန် မိုးထက်ကုတင်ပေါ်ထိုင်နေရာကဖယ်ပေးလိုက်သည် ကျွန်တော် မိုးထက်မျက်နှာကိုပဲ ကြည့်နေမိသည်
Zawgyi
သခင်လေးရဲ့ကချေသည်
အပိုင်း ၁၁
"ဟုတ်ကဲ့ ဒေါက်တာ ''
ဘာဖြစ်တာလဲ ''
"အင်းးး "
"ဘာလိုနေလဲ သားငယ် ''
" မိုးထက်သာရော ''
မတွေ့ချင်ဘူး ''
" သားလေးနားပါစေ "
"နာလား အရမ်းနာနေမှာပဲ ''
🍎🍎🍎
🌑🌑🌑🌑🌑🌑
"ဟင်း....အင်းးး ''
" ဟင်း ဟင်းး ချမ်းတယ် ''
"သခင်လေး ! သခင်လေး !''
"ဟင် ''
ယ
🌞🌞🌞🌞🌞🌞🌞🌞🌞
"ဟုတ်ကဲ့ သခင်ကြီး ''
"ဟုတ်ကဲ့အဘိုး ''
"အဖေလည်းနားသင့်ပြီ''
"ရတယ် ငါကိုစိတ်မပူနဲ့ ''
"မြေးငယ် နိုးပြီလား''
"ဟုတ်ကဲ့ "
"စားချင်စိတ်မရှီဘူး ''
"ဘယ်သူလဲ ''
"မမလေးတစ်ယောက်ပါ ''
" လွှတ်လိုက် ''
"ဟုတ်ကဲ့ "
ထင်တဲ့အတိုင်းပဲ သူ့ကိုလာတွေ့သူက သူချစ်သူ နှင်းပွင့်ဖြူဖြစ်သည် အခန်းထဲဝင်လာတဲ့ နှင်းပွင့်ဖြူထိုင်စေရန် မိုးထက်ကုတင်ပေါ်ထိုင်နေရာကဖယ်ပေးလိုက်သည် ကျွန်တော့်မိုးထက်မျက်နှာကိုပဲ ကြည့်နေမိသည်
❤️❤️❤️❤️❤️❤️❤️❤️❤️