ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

675K 70.6K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
2
3
4
5
6
7
8
9
10
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210
211

11

7.4K 819 0
By Fiendyy

Unicode

အခန်း ၁၁ ) လူတွေကို ဒီလိုအနိုင်ကျင့်ရအောင် သူတို့မှာ ဘာလုပ်ပိုင်ခွင့်တွေရှိနေလို့လဲ

အိမ်၏ အတွင်းပိုင်းသည် ဖုန်အလိမ်းလိမ်းတက်နေပြီး အချိန်ကြာမြင့်စွာ သန့်ရှင်းထားခြင်း မရှိပေ။

သူမမေမေသည် ခန္ဓာကိုယ်အားနည်းသော်လည်း အသန့်ကြိုက်သည့် မိန်းမသား တစ်ယောက်ဖြစ်၍ အိမ်ကို ဖုန်တောထဲမှာ လုံးဝ ထားမည် မဟုတ်ပေ။

ထို့ကြောင့် လုမန်က အိမ်နီးချင်း အိမ်တံခါးကို ချက်ချင်း သွားခေါက်လိုက်သည်။

သူမကိုမြင်တော့ အိမ်နီးချင်း အန်တီဝူက ချက်ချင်း မေးလာပါ၏။
" လုမန် ညည်း . . ညည်းထွက်လာပြီလား "

သူမပြောသည်ကို ကြားလိုက်ရသည်နှင့် တစ်ခုခုတော့မှားနေပြီမှန်း လုမန် သိလိုက်သည်။
" 'ထွက်လာပြီလား'ဆိုတာ ဘာကိုပြောချင်တာလဲ အန်တီ "

" ဖုံးထားစရာမလိုပါဘူး ဒီကလူတိုင်းသိတယ်။ မနှစ်က ညည်းရဲ့ညီမဆိုလား လုချီထင်တာပဲ "
ပထမတော့ အန်တီဝူက လုချီဘယ်သူလဲဆိုတာ မသိပေ။ သို့သော် သူ့သမီးက နာမည်ကြီးမင်းသမီး ဟု ပြောလိုက်တာကို ကြားလိုက်ရ၏။ ထိုအချိန်က လုချီသည် နေကာမျက်မှန် နှင့် ဦးထုပ်ဆောင်းကာ နှာခေါင်းစည်းပင် တပ်ထားသေးသည်။

လုမန်မေမေ ရောဂါထဖောက်လို့ လူနာတင်ကားအပြေးသွားခေါ်ရမှ လုချီက ထိမ်ချန်ကွယ်ဝှက်ဖို့ မေ့သွားကာ မျက်နှာပေါ်သွားခြင်း ဖြစ်သည်။

သူတို့စကားတွေကို နားထောင်ရင်းမှ လုချီဟာ လုမန် ညီမ ဖြစ်ကြောင်း အန်တီဝူတစ်ယောက် သိလိုက်ရတာဖြစ်၏။

" သူ ဒီကိုရောက်လာတယ် . . ညည်းအမေကိုလာရှာတာ၊ ညည်း သူများကို အန္တရာယ်ပြုလိုက်လို့ ထောင်ဒဏ် ၈နှစ် ချခံလိုက်ရတယ် ဆိုပြီး လာပြောတာလေ "
အန်တီဝူက သက်ပြင်းတစ်ချက်ချသည်။
" ခက်တာက ညည်းအမေရဲ့ကျန်းမာရေးက သိပ်ကောင်းတာမှ မဟုတ်ဘဲ ဒီသတင်းကိုကြားပြီး သူ့မှာ ခံနိုင်ရည် မရှိဘူး၊ မြန်မြန်ပဲ ဆုံးပါးသွားရှာတယ်လေ ဆေးရုံကိုသွားတဲ့လမ်းခုလတ်မှာတင် ဆုံးသွားတာ ဆိုပြီးတော့တောင် အဒေါ် ကြားလိုက်ပါသေးတယ် "

" အဲ့လိုသာမဟုတ်ရင် တစ်နှစ်လောက်စောင့်ပြီး ညည်းလည်း လွတ်လာရောပေါ့။ ခုတော့ ကျန်ခဲ့တဲ့သူမှာလည်း ဖြေသိမ့်လို့ မရ။ ညည်းအမေ သတိမလစ်ခင်မှာတော့ ဒါ မဖြစ်နိုင်ဘူး မတရား အစွပ်စွဲခံရတာ သေချာတယ် ဆိုပြီး လုချီကို ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် စကားမဆုံးခင် လူက အရင်သတိလစ်သွားခဲ့တယ်လေ "

အန်တီဝူက သက်ပြင်းတွေချလို့
" ညည်းနှယ်. . ညည်းမှာလည်းအေ. . "

ပထမတော့ ပြီးခဲ့တာတွေအတွက် ဝမ်းနည်းပူဆွေး မနေတော့ဘဲ လက်ခံလိုက်ပါ လို့ ပြောချင်တာ။ ဒါပေမယ့် သတ်တော့ဖြတ်တော့မယ့် အရိပ်အယောင်တွေနှင့် လုမန်မျက်လုံးတွေနီရဲနေတာကို တွေ့လိုက်ရတော့ ကိုယ့်ကိုယ်ကိုယ် အရှိန်သတ်ပစ်ရခြင်းက ထိုသို့ မပြောရက်လို့။

ဘယ်လိုများ မဝမ်းနည်း မပူဆွေးဘဲ နေပါ့မလဲ။ ဘယ်လိုများ ကျော်သွားရက်ပါ့မလဲ။

လုမန်ဟာ ဘာတစ်ခုမျှ မသိပါဘဲ ထောင်ထဲမှာ အချိန်အကြာကြီး နေခဲ့ရတာလေ။ သူမမေမေရဲ့နောက်ဆုံးအချိန်လေးကိုတောင် မမီလိုက်တာ။

ပြောရရင် သူမမေမေဆုံးပါးသွားခဲ့ရတာဟာ အမျက်ဒေါသကြောင့်ပင်။

သူမကြောင့် အမျက်ထွက်သွား၍ပဲလား
လုချီကြောင့် အမျက်ထွက်သွား၍ပဲလား
နှစ်ယောက်စလုံးကြောင့်ပဲလား ဆိုတာတော့ ဆုံးဖြတ်ရခက်သည်။

သို့ပေမယ့် လုမန်ကတော့ လုမိသားစုအိမ်သို့ ပြန်မဆုတ်တမ်း ပြေးသွားခဲ့ပါ၏။

သူမမေမေသည် မကျန်းမာသော်လည်း နှစ်ပေါင်းများစွာ အားပြန်ဖြည့်မှုနှင့် ဆိုလျှင် စိတ်တုန်လှုပ်စရာ မကြုံသရွေ့ အဆင်ပြေနေလိမ့်မည်။

ဒါကို သိလိုက်သားနှင့် လုချီက သူမမေမေရဲ့စိတ်ကို လာဆွခဲ့တာဖြစ်သည်။ လုမန်ကို ချောက်ချစွပ်စွဲရတာ မကျေနပ်သေးလို့ သူမမေမေကိုပါ သေပွဲဝင်စေချင်တာလား။

လူတွေကို ဒီလိုအနိုင်ကျင့်ရအောင် သူတို့မှာ ဘာလုပ်ပိုင်ခွင့်တွေရှိနေလို့လဲ။

သူမမေမေရဲ့အိမ်ထောင်ရေးကို ရှချင်းယန်က ဖျက်ဆီးခဲ့ကာ လုချီကတော့ လုမန်ရည်းစားကို လု၍ လုမန်ထောင်ကျအောင် ပြုလုပ်ခဲ့သည့်အပြင် အမေဖြစ်သူကိုပါ သေစေခဲ့သည်။
လုချီက သူမမှာရှိသမျှ အရာအားလုံးကို ဖျက်ဆီးချင်နေတာ မဟုတ်လား!!

ဒါပေမယ့် သူမမှ လုချီကို ဘာမှမလုပ်ခဲ့ဖူးတာ၊လုချီက ဘာလို့ ဒီလိုလုပ်ရက်ရတာလဲ။

လုမိသားစုအိမ်ထဲဝင်လိုက်သည့်အခါ အိမ်ထဲက အကူအန်တီတောင် လုမန် ထောင်ထွက်လာလိမ့်မည်ဟု မထင်မှတ်ထားသည့်ပုံ။ အတွေးတွေကို ထုတ်မပြောသော်လည်း မျက်နှာသွင်ပြင်က အတွေးတွေကို ဖော်ပြနေသည်လေ။
" ထောင်ထဲမှာ မဟုတ်ဘူးလား . . ဘယ်လိုထွက်လာတာလဲ "

" အကြီးဆုံး . . "
အကူအန်တီကြီး စကားပင်မဆုံးသေး ဧည့်ခန်းထဲက ထွက်ပေါ်လာသည့် ရယ်သံက အိမ်တွင်းမှာ လွှမ်းခြုံသွားသည်။

လုမန် ဒေါသထွက်လွန်းလို့ အသားတွေပင် တဆတ်ဆတ်တုန်သည်။

သူမမေမေနှင့် နှစ်အတော်ကြာအောင် ပေါင်းသင်းနေထိုင်ပြီးမှ လုချီယွမ်က ကွာရှင်းခဲ့ခြင်း ဖြစ်ကာ သူမမေမေ ဆုံးပါးသွားသည်မှာလည်း တစ်နှစ်ပင် မပြည့်တင်းသေးပေ။ ထို့ကြောင့် လုချီယွမ်ကို ဝမ်းနည်းကြေကွဲနေလိမ့်မယ်လို့ မမျှော်လင့်ထားပေမယ့် ဒီလိုမလုပ်သင့်ဘူးလို့တော့ ထင်သည်။ ဆုံးပါးသွားတဲ့ သူမမေမေကို လုံးဝ ဂရုမစိုက်ကြတာပဲ!

ထိုခဏမှာ လုချီယွမ်အပေါ်၌ ထားရှိသည့် ယုံကြည်မှုအားလုံးလည်း ဆုံးဆုံးမြုပ်သွားပြီ။ အခု သူမမေမေ ဆုံးပါးသွားတော့ သူမမှာ ဘယ်သူမှ မကျန်တော့ဘူးပဲ။

" အကြီးဆုံးမမလေး "
အန်တီချန်ကတော့ အားတောင့်အားနာနှင့်။

လုမန် အေးစက်စွာ ရယ်မောပစ်လိုက်သည်။ သူမက ကိုယ့်အိမ် ကိုယ်ပြန်လာတာပါရယ်. .။ အိမ်အကူတွေကိုတောင် စိတ်ညစ်စေမိပြီလား။

" တစ်ခွန်းမှမဟနဲ့ "
လုမန် အေးစက်ခက်ထန်စွာ ပြောပြီး ဧည့်ခန်းတံခါးဆီသွားကာ နံရံဘေးမှာ ကွယ်နေလိုက်သည်။

ဧည့်ခန်းထဲမှာ လုချီယွမ် နှင့် ရှချင်းယန်က အတူ ထိုင်နေသည်။ သူတို့နှင့် မျက်နှာချင်းဆိုင်မှာက လုချီ နှင့် ဟဲကျိန့်ပိုင် ။

==================================

Zawgyi

အခန္း ၁၁ ) လူေတြကို ဒီလိုအႏိုင္က်င့္ရေအာင္ သူတို႔မွာ ဘာလုပ္ပိုင္ခြင့္ေတြရိွေနလို႔လဲ

အိမ္၏ အတြင္းပိုင္းသည္ ဖုန္အလိမ္းလိမ္းတက္ေနၿပီး အခ်ိန္ၾကာျမင့္စြာ သန္႔ရွင္းထားျခင္း မရိွေပ။

သူမေမေမသည္ ခႏၶာကိုယ္အားနည္းေသာ္လည္း အသန္႔ႀကိဳက္သည့္ မိန္းမသား တစ္ေယာက္ျဖစ္၍ အိမ္ကို ဖုန္ေတာထဲမွာ လံုးဝ ထားမည္ မဟုတ္ေပ။

ထို႔ေၾကာင့္ လုမန္က အိမ္နီးခ်င္း အိမ္တံခါးကို ခ်က္ခ်င္း သြားေခါက္လိုက္သည္။

သူမကိုျမင္ေတာ့ အိမ္နီးခ်င္း အန္တီဝူက ခ်က္ခ်င္း ေမးလာပါ၏။
" လုမန္ ညည္း . . ညည္းထြက္လာၿပီလား "

သူမေျပာသည္ကို ၾကားလိုက္ရသည္ႏွင့္ တစ္ခုခုေတာ့မွားေနၿပီမွန္း လုမန္ သိလိုက္သည္။
" 'ထြက္လာၿပီလား'ဆိုတာ ဘာကိုေျပာခ်င္တာလဲ အန္တီ "

" ဖံုးထားစရာမလိုပါဘူး ဒီကလူတိုင္းသိတယ္။ မႏွစ္က ညည္းရဲ့ညီမဆိုလား လုခ်ီထင္တာပဲ "
ပထမေတာ့ အန္တီဝူက လုခ်ီဘယ္သူလဲဆိုတာ မသိေပ။ သို႔ေသာ္ သူ႔သမီးက နာမည္ႀကီးမင္းသမီး ဟု ေျပာလိုက္တာကို ၾကားလိုက္ရ၏။ ထိုအခ်ိန္က လုခ်ီသည္ ေနကာမ်က္မွန္ ႏွင့္ ဦးထုပ္ေဆာင္းကာ ႏွာေခါင္းစည္းပင္ တပ္ထားေသးသည္။

လုမန္ေမေမ ေရာဂါထေဖာက္လို႔ လူနာတင္ကားအေျပးသြားေခၚရမွ လုခ်ီက ထိမ္ခ်န္ကြယ္ဝွက္ဖို႔ ေမ့သြားကာ မ်က္ႏွာေပၚသြားျခင္း ျဖစ္သည္။

သူတို႔စကားေတြကို နားေထာင္ရင္းမွ လုခ်ီဟာ လုမန္ ညီမ ျဖစ္ေၾကာင္း အန္တီဝူတစ္ေယာက္ သိလိုက္ရတာျဖစ္၏။

" သူ ဒီကိုေရာက္လာတယ္ . . ညည္းအေမကိုလာရွာတာ၊ ညည္း သူမ်ားကို အႏၲရာယ္ျပဳလိုက္လို႔ ေထာင္ဒဏ္ ၈ႏွစ္ ခ်ခံလိုက္ရတယ္ ဆိုၿပီး လာေျပာတာေလ "
အန္တီဝူက သက္ျပင္းတစ္ခ်က္ခ်သည္။
" ခက္တာက ညည္းအေမရဲ့က်န္းမာေရးက သိပ္ေကာင္းတာမွ မဟုတ္ဘဲ ဒီသတင္းကိုၾကားၿပီး သူ႔မွာ ခံႏိုင္ရည္ မရိွဘူး၊ ျမန္ျမန္ပဲ ဆံုးပါးသြားရွာတယ္ေလ ေဆးရံုကိုသြားတဲ့လမ္းခုလတ္မွာတင္ ဆံုးသြားတာ ဆိုၿပီးေတာ့ေတာင္ အေဒၚ ၾကားလိုက္ပါေသးတယ္ "

" အဲ့လိုသာမဟုတ္ရင္ တစ္ႏွစ္ေလာက္ေစာင့္ၿပီး ညည္းလည္း လြတ္လာေရာေပါ့။ ခုေတာ့ က်န္ခဲ့တဲ့သူမွာလည္း ေျဖသိမ့္လို႔ မရ။ ညည္းအေမ သတိမလစ္ခင္မွာေတာ့ ဒါ မျဖစ္ႏိုင္ဘူး မတရား အစြပ္စြဲခံရတာ ေသခ်ာတယ္ ဆိုၿပီး လုခ်ီကို ေျပာခဲ့ပါေသးတယ္။ ဒါေပမယ့္ စကားမဆံုးခင္ လူက အရင္သတိလစ္သြားခဲ့တယ္ေလ "

အန္တီဝူက သက္ျပင္းေတြခ်လို႔
" ညည္းႏွယ္. . ညည္းမွာလည္းေအ. . "

ပထမေတာ့ ၿပီးခဲ့တာေတြအတြက္ ဝမ္းနည္းပူေဆြး မေနေတာ့ဘဲ လက္ခံလိုက္ပါ လို႔ ေျပာခ်င္တာ။ ဒါေပမယ့္ သတ္ေတာ့ျဖတ္ေတာ့မယ့္ အရိပ္အေယာင္ေတြႏွင့္ လုမန္မ်က္လံုးေတြနီရဲေနတာကို ေတြ့လိုက္ရေတာ့ ကိုယ့္ကိုယ္ကိုယ္ အရိွန္သတ္ပစ္ရျခင္းက ထိုသို႔ မေျပာရက္လို႔။

ဘယ္လိုမ်ား မဝမ္းနည္း မပူေဆြးဘဲ ေနပါ့မလဲ။ ဘယ္လိုမ်ား ေက်ာ္သြားရက္ပါ့မလဲ။

လုမန္ဟာ ဘာတစ္ခုမ်ွ မသိပါဘဲ ေထာင္ထဲမွာ အခ်ိန္အၾကာႀကီး ေနခဲ့ရတာေလ။ သူမေမေမရဲ့ေနာက္ဆံုးအခ်ိန္ေလးကိုေတာင္ မမီလိုက္တာ။

ေျပာရရင္ သူမေမေမဆံုးပါးသြားခဲ့ရတာဟာ အမ်က္ေဒါသေၾကာင့္ပင္။

သူမေၾကာင့္ အမ်က္ထြက္သြား၍ပဲလား
လုခ်ီေၾကာင့္ အမ်က္ထြက္သြား၍ပဲလား
ႏွစ္ေယာက္စလံုးေၾကာင့္ပဲလား ဆိုတာေတာ့ ဆံုးျဖတ္ရခက္သည္။

သို႔ေပမယ့္ လုမန္ကေတာ့ လုမိသားစုအိမ္သို႔ ျပန္မဆုတ္တမ္း ေျပးသြားခဲ့ပါ၏။

သူမေမေမသည္ မက်န္းမာေသာ္လည္း ႏွစ္ေပါင္းမ်ားစြာ အားျပန္ျဖည့္မႈႏွင့္ ဆိုလ်ွင္ စိတ္တုန္လႈပ္စရာ မႀကံဳသေရြ့ အဆင္ေျပေနလိမ့္မည္။

ဒါကို သိလိုက္သားႏွင့္ လုခ်ီက သူမေမေမရဲ့စိတ္ကို လာဆြခဲ့တာျဖစ္သည္။ လုမန္ကို ေခ်ာက္ခ်စြပ္စြဲရတာ မေက်နပ္ေသးလို႔ သူမေမေမကိုပါ ေသပြဲဝင္ေစခ်င္တာလား။

လူေတြကို ဒီလိုအႏိုင္က်င့္ရေအာင္ သူတို႔မွာ ဘာလုပ္ပိုင္ခြင့္ေတြရိွေနလို႔လဲ။

သူမေမေမရဲ့အိမ္ေထာင္ေရးကို ရွခ်င္းယန္က ဖ်က္ဆီးခဲ့ကာ လုခ်ီကေတာ့ လုမန္ရည္းစားကို လု၍ လုမန္ေထာင္က်ေအာင္ ျပဳလုပ္ခဲ့သည့္အျပင္ အေမျဖစ္သူကိုပါ ေသေစခဲ့သည္။
လုခ်ီက သူမမွာရိွသမ်ွ အရာအားလံုးကို ဖ်က္ဆီးခ်င္ေနတာ မဟုတ္လား!!

ဒါေပမယ့္ သူမမွ လုခ်ီကို ဘာမွမလုပ္ခဲ့ဖူးတာ၊လုခ်ီက ဘာလို႔ ဒီလိုလုပ္ရက္ရတာလဲ။

လုမိသားစုအိမ္ထဲဝင္လိုက္သည့္အခါ အိမ္ထဲက အကူအန္တီေတာင္ လုမန္ ေထာင္ထြက္လာလိမ့္မည္ဟု မထင္မွတ္ထားသည့္ပံု။ အေတြးေတြကို ထုတ္မေျပာေသာ္လည္း မ်က္ႏွာသြင္ျပင္က အေတြးေတြကို ေဖာ္ျပေနသည္ေလ။
" ေထာင္ထဲမွာ မဟုတ္ဘူးလား . . ဘယ္လိုထြက္လာတာလဲ "

" အႀကီးဆံုး . . "
အကူအန္တီႀကီး စကားပင္မဆံုးေသး ဧည့္ခန္းထဲက ထြက္ေပၚလာသည့္ ရယ္သံက အိမ္တြင္းမွာ လႊမ္းၿခံဳသြားသည္။

လုမန္ ေဒါသထြက္လြန္းလို႔ အသားေတြပင္ တဆတ္ဆတ္တုန္သည္။

သူမေမေမႏွင့္ ႏွစ္အေတာ္ၾကာေအာင္ ေပါင္းသင္းေနထိုင္ၿပီးမွ လုခ်ီယြမ္က ကြာရွင္းခဲ့ျခင္း ျဖစ္ကာ သူမေမေမ ဆံုးပါးသြားသည္မွာလည္း တစ္ႏွစ္ပင္ မျပည့္တင္းေသးေပ။ ထို႔ေၾကာင့္ လုခ်ီယြမ္ကို ဝမ္းနည္းေၾကကြဲေနလိမ့္မယ္လို႔ မေမ်ွာ္လင့္ထားေပမယ့္ ဒီလိုမလုပ္သင့္ဘူးလို႔ေတာ့ ထင္သည္။ ဆံုးပါးသြားတဲ့ သူမေမေမကို လံုးဝ ဂရုမစိုက္ၾကတာပဲ!

ထိုခဏမွာ လုခ်ီယြမ္အေပၚ၌ ထားရိွသည့္ ယံုၾကည္မႈအားလံုးလည္း ဆံုးဆံုးျမဳပ္သြားၿပီ။ အခု သူမေမေမ ဆံုးပါးသြားေတာ့ သူမမွာ ဘယ္သူမွ မက်န္ေတာ့ဘူးပဲ။

" အႀကီးဆံုးမမေလး "
အန္တီခ်န္ကေတာ့ အားေတာင့္အားနာႏွင့္။

လုမန္ ေအးစက္စြာ ရယ္ေမာပစ္လိုက္သည္။ သူမက ကိုယ့္အိမ္ ကိုယ္ျပန္လာတာပါရယ္. .။ အိမ္အကူေတြကိုေတာင္ စိတ္ညစ္ေစမိၿပီလား။

" တစ္ခြန္းမွမဟနဲ႔ "
လုမန္ ေအးစက္ခက္ထန္စြာ ေျပာၿပီး ဧည့္ခန္းတံခါးဆီသြားကာ နံရံေဘးမွာ ကြယ္ေနလိုက္သည္။

ဧည့္ခန္းထဲမွာ လုခ်ီယြမ္ ႏွင့္ ရွခ်င္းယန္က အတူ ထိုင္ေနသည္။ သူတို႔ႏွင့္ မ်က္ႏွာခ်င္းဆိုင္မွာက လုခ်ီ ႏွင့္ ဟဲက်ိန္႔ပိုင္ ။

==================================

Continue Reading

You'll Also Like

793K 80K 55
3 lives got entangled due to the twisted Destiny...... Vidyut Rajvanshi married his college sweetheart Sanjana and was leading a happy life ......bot...
234K 14.1K 64
𝐓𝐨 𝐞𝐯𝐞𝐫𝐲𝐨𝐧𝐞 𝐰𝐡𝐨 𝐭𝐡𝐢𝐧𝐤𝐬 𝐭𝐡𝐞𝐲 𝐚𝐧𝐝 𝐭𝐡𝐞𝐢𝐫 𝐜𝐫𝐮𝐬𝐡 𝐚𝐫𝐞 𝐧𝐨𝐭 𝐦𝐞𝐚𝐧 𝐭𝐨 𝐛𝐞 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫. ...
458K 11.3K 30
In a district where danger lurks around every corner, Isaac North tries to live a normal life, but quickly finds himself entangled in a perilous roma...
280K 19.2K 57
ABHIMANYU RATHORE :- Rude , workaholic CEO of Rathore Empire .Devilesing hot , every girls drools over him .But loves his family to dearest . . SAKS...