"ကျတော်...Jayပါ......"
"ဝင်ခဲ့....."
Jayကသူမ အားအကိုးရဆုံးလူယုံတော်....။
သူမအနားမှာ အမြဲတမ်းရှိမနေတတ်ပေမယ့်
မသင်္ကာစရာများ စုံစမ်းသင့်သည့်ပြိုင်ဘက်များ၏
ခြေလှမ်းများအား Jay၏ကျွမ်းကျင်မှု
များဖြင့်အရယူပေးန်ုင်ခဲ့တာကြီး...။
လူမသိသူမသိနေတတ်ပြီး
လူသတ်ဆိုလည်းသတ်ရဲသလို
အလောင်းဖျောက်ဆိုလည်းစိတ်ချရသော
လူတစ်ယောက်ပင်....။
"ဘာဖြစ်လို့လဲ ကြိုမပြောဘဲ...."
JeonJungMi သည်လုပ်လက်စအလုပ်အား
ခဏရပ်ကာ Jayကို မေးတော့
စာအိတ်တစ်အိတ်အားပစ်ချပေးလာသည်။
အမြဲတမ်းMask တပ်ထားသောJay၏
အမှတ်အသားသည် အပြာရောင်မျက်လုံးများ
ပင်ဖြစ်သည်။
"သတင်းထောက်တစ်ယောက်ဆီကရခဲ့တာ
ဒီဓာတ်ပုံတွေ ပြန့်သွားရင် Miဒုက္ခရောက်
လိမ့်မယ်....."
အသက်အရွယ်ကွာခြားမှုတွင်Jayသည်
Mi ဟုသာခေါ်တတ်ကာတခါတလေမှ
လေးလေးစားစားလည်းဆက်ဆံလေ့မရှိ။
"ဘာတွေမလို့လဲ...."
JeonJungMi သည်စာအိတ်အညိုထဲမှ
ဓာတ်ပုံတွေအားထုတ်လိုက်ကာ
ပထမဆုံးတပုံအားကြည့်လိုက်သည်။
ဟင်.....။
"ပါတီည ကJungkook ရောက်လာတာကို
သတင်းသမားတွေအနံ့ခံမိသွားပုံပဲ
တောက်လျှောက်လိုက်ကြတော့တာ
ဒါတွေပြန့်နေပီလား မပြန့်သေးဘူးလား
ဆိုတာတော့ ကျတော်အာမမခံနိုင်ဘူး...."
လုံးဝမထင်မှတ်ထားသောကိစ္စရပ်ကြီးသည်
သွေးပျက်စရာကောင်းလောက်အောင်
သူမမျက်လုံးတွေရှေ့ ဖြစ်ပျက်နေသည်။
တိုက်ခေါင်မိုးပေါ်တွင်ဆွဲလားရမ်းလား
ဖြစ်နေကြသောParkjimin နှင့်JeonJungkook ။
မယုံနိုင်စရာက Parkjimin က Jungkook
လက်တွေအားခခယယဆွဲထားကာ
တောင်းပန်နေသောအငွေ့အသက်များ
နောက်တပုံပြောင်းသွားတဲ့အခါ Coffee ဆိုင်ထဲက
Romatic Senceများ....။
ရိုးရိုးသားသားပါဟု ဖြေရှင်းလို့မရလောက်အောင်
အသက်ဝင်လွန်းလှသည့် လှုပ်ရှားမှုများသည်
JeonJungMi အားသွေးအဆုံးတိုးစေသည်။
နောက်ဆုံး တိုက်ခန်းတခုထဲသို့ပြုံးပြုံးပျော်ပျော်
ဝင်သွားကြပုံများသည်လက်တွေတုန်လာသည်အထိ
စိတ်လှုပ်ရှားစရာကောင်းလှပါသည်။
"ဓာတ်ပုံထဲက Mi သမက်လောင်းမလား...."
"Jayနင်ဒါတွေကိုနင်တစ်ယောက်ထဲပဲ
သိထားတုန်းမလား Hanna ကို
မပြောရသေးဘူးမလား...."
"အားအားယားယား...LeeHanna
ကိုကျတော်ကြည့်မရတာ Miသိတာပဲ
ခုက ပိုက်ဆံလိုလို့...တပုံကို ဆယ်သိန်းနဲ့
လာရောင်းတာ...."
JeonJungMi သည်ချက်လက်မှတ်တခု
ချက်ချင်းရေးကာသုညပေါင်းများစွာ
ထည့်ရင်းJayထံသို့ပစ်ပေးလိုက်သည်။
"ကျေးဇူးပါ...."
"ပါးစပ်ပိတ်ထားပေးပါ Jay..."
"ကျတော်မလိုအပ်ရင်စကားမပြောတတ်ပါဘူး..."
ခေါင်းငုံ့နူတ်ဆက်ကာထွက်သွားသော
Jayသည်ပေါ့ပါးသောခြေလှမ်းများဖြင့်။
JeonJungMi သည်ဓာတ်ပုံများကို
ထပ်ထပ်ခါကြည့်ရင်း နောက်ဆုံးတွင်
အပိုင်းပိုင်းအစအစစုတ်ဖြဲပစ်ကာ
မျက်လုံးတွေခဏမှိတ်ထားလိုက်ရသည်။
သူ့အဖေအတိုင်းပဲ....
သူများအပိုင်ပါဆိုတဲ့ဟာကိုမှ
မက်မက်မောမော လိုချင်တဲ့စိတ်.........။
ဒီကိစ္စသည် လုံးဝတိတ်တဆိတ်ဖြေရှင်းမှရမည်...။
တစုံတခုမှလွဲချော်၍မဖြစ်ပါ...။
..........................
"ကို ......"
Hanna သည်နားရက်များတွင်အိမ်သို့အလည်
လာတတ်ကာ ဖေဖေမေမေနှင့် ပိုမိုရင်းနှီး
သောဆက်ဆံရေးကိုကြိုးစားတည်ဆောက်လေ့
ရှိသည်။မီးဖိုးခန်းထဲတွင် စားစရာတခုပြင်ဆင်
နေသော သူ့ဆီသို့ လျှောက်လာရင်း
ခါးတွေကို နောက်မှသိုင်းဖက်လိုက်သောအခါ
လက်တို့သည်တုံ့ခနဲ.....။
Hanna ကိုစကားပြောဖို့ချိန်းဆိုခဲ့သော်လည်း
မအားလပ်နိုင်သောသူမအလုပ်တွေကြောင့်
မျက်နှာချင်းဆိုင်ပြောရမည့်အရေးကြီးစကား
များသည်ပြော၍မရခဲ့။အိမ်ကိုသာရောက်ရောက်
လာတာကြောင့် အိမ်ပေါ်မှာတော့
ကို တို့ ပြန်စဉ်းစားကြရအောင်ဆိုသော
စကားကိုမပြောချင်။
Hanna သည်အနည်းငယ် ထောင်လွှားပြီး
ပြောရဆိုရခက်တာကလွဲ၍တခြားကြီးမားသော
အပြစ်ရယ်လို့ ပြဖို့ရာလည်းမရှိတာကြောင့်
တဖက်သတ် မဖြစ်နိုင်တော့ဘူး ဟု
ပြောလိုက်ရမှာကို အားလည်းနာနေမိသည်။
မိန်းကလေးတစ်ယောက်ကို
ဘလိုင်းကြီးလည်း မျက်နှာပြောင်မတိုက်ချင်...။
သို့သော်...စေ့စပ်ထားရုံကတော့ဘာမှမဟုတ်ပါဘူး
ဟု လိပ်ပြာငယ်၏ စောင်ဖြူဖြူအောက်က
အပြုံးလှလှတွေက ပြောသည်...။
စေ့စပ်ထားရုံမက လက်ထပ်ထားလည်း...
လက်လွှတ်လိုက်ဆိုသော...မှော်ဆန်ဆန်
ရာဇသံတွေ.....။
Dr ParkJimin သည်မှားလို့မှားမှန်းမသိ...
မှန်လို့မှန်မှန်းမသိ....။
မိန်းကလေးတစ်ယောက်ကို လူသိရှင်ကြားတွဲ
ကာစေ့စပ်ခဲ့ပြီး...လွယ်လွယ်လေးဖျက်သိမ်း
ပစ်ဖို့ မြန်မြန်ဆန်ဆန်စဉ်းစားနိုင်ခဲ့တယ်ဆိုထဲက
လိပ်ပြာအတောင်ပံတွေကရသောအမှုန်လှလှလေး
တွေကို မွှန်ထွန်နေမှုသည်...ခန့်မှန်းမရနိုင်အောင်
သူ့တကိုယ်လုံးကိုရစ်လွှမ်းနိုင်ခဲ့သည်....။
လွယ်ကူခဲ့လားလို့...မမေးပါနဲ့
မိသားစု အသိုင်းအဝိုင်း အလုပ်အကိုင်
အရှက်သိက္ခာ သစ္စာတရာ ကိုယ်ကျင့်တရား
လူမှုရေးဘောင်တွေ စည်းတွေ...ကို
တချက်ချင်း တဖြတ်ချင်း
Jimin....ဆိုတဲ့ခေါ်သံတိုးတိုးလေးတွေအောက်
အားပါးတရ လွန်ကျူးလာခဲ့တာ.....။
ParkJimin သည် အရိုးရှင်းဆုံးတခုကိုသာ
တွေးနေတော့သည်.....။
"ဖြစ်ချင်ရာသာဖြစ်တော့.....ဆိုတဲ့စကားစု။
"ကို....လည်းခုတလောသူစိမ်းတွေဆန်နေလိုက်တာ
ဖုန်းတောင် Hanna ကစခေါ်ရတယ်..."
ခါးတွင်မြဲမြံနေသောလက်တွေအား
အသာအယာဆွဲဖြုတ်ကာ
"အိမ်မှာ Hanna...မေမေအချိန်မရွေးဝင်လာနိုင်တယ်.."
"ကိုကလည်း..Hanna တို့ကကလေးမှမဟုတ်
တော့တာ ကိုယ့်ချစ်သူကိုယ်ဖက်တာကို...."
"ကို ချက်တာ ပီးပီ မြည်းကြည့်မလား....."
Hanna သည်မကျေမနပ်စိုက်ကြည့်လျက်
ခေါင်းခါပြသည်။သူခေါင်းပြန်ညိတ်ပြကာ
လုပ်စရာရှိတာဆက်လုပ်နေလိုက်သည်။
"ကို...Hanna ကို စိတ်တိုအောင်မလုပ်ပါနဲ့လား..."
"ဘာလုပ်မိလို့လဲ..."
"ကို စိတ်နဲ့ လူနဲ့ ကပ်လား..."
"ကို ဘာမှမဖြစ်ဘူး Hanna....
မင်းစိတ်ထင်နေတာ သွားထိုင်စောင့်နေပါလား
ပီးရင်ယူလာခဲ့ပေးမယ်...."
ParkJimin က ကြည့်နေရင်းနဲ့ကိုအတွေးလွန်ရုံ
မကတွေး၍ပင်လက်လှမ်းမမှီသောယောက်ျားမျိုး။
ParkJimin မျက်နှာပေါ်မှာ သူမခံစားနေရတာက
သူမကို မလိုလားသော စိတ်မရှည်နေသော
အရိပ်အယောင်တွေ...။
LeeHanna ကယောက်ျားတစ်ယောက်
စိတ်မရှည်စွာဆက်ဆံခံရမဲ့အဆင့်မျိုးလည်း
မဟုတ်...။ကိုယ့်ချစ်သူကောင်လေးနဲ့နီးနီးကပ်ကပ်
နေချင်တာအပြစ်မှမဟုတ်တာ...။
အမြဲအလုပ်ကိုယ်စီရှုပ်နေတဲ့သူတွေမလို့ခုလိုအချိန်
မှာတော့ ကို့ ဘက်က နွေးနွေးထွေးထွေးဆက်ဆံ
သင့်တယ်လေ....။
"အိမ်လာရင် အဝတ်အစားတွေကိုသတိထားပါ
ဒယ်ဒီရော မာမီရော ရှိနေတာမို့မကောင်းဘူးလေ"
တိုကပ်နေသောစကတ်ကျပ်ကျပ်နှင့်အကျီပွပွ
တထည်အားဝတ်ထားသောHanna ကို
အဆင်အပြေဆုံးဖြစ်အောင်ပြောလိုက်တော့
သဘောကျစွာပြုံးသွားခဲ့သောသူမ။
"ကို တွန့်တိုနေတာမလား....."
တွန့်တိုနေမှာစိုးတာပါ....။Hanna ဒီလိုအဝတ်အစား
ဒီဇိုင်းမျိုးနဲ့သူ့ဆီလာတွေ့တာမျိုးကိုလိပ်ပြာငယ်
ကလေးသိရင် ပူလောင်နေမှာစိုးတာ....။
သူ့ကိုတွန့်တိုနေမှာစိုးရိမ်တာပါ...။
"အဲ့လိုဖြစ်သွားလား...."
"ကို အတိုအပြတ်တွေဝတ်တာမကြိုက်ရင်
ဆင်ခြင်ပေးမယ်လေ...Hanna က
ဒီလိုလေးတွေဝတ်ရင်လှအောင်
Bodyကို သေချာ Train ထားတာ.."
လှပသောကောက်ကြောင်းတွေနှင့်Hanna
သည်ခါးလေးထောက်ကာ
သေချာလေ့ကျင့်ခန်းတွေလုပ်ထားပုံပေါ်
သောခန္ဓာကိုယ်ပါးရှပ်ရှပ်လေးအားကြွားသလို
ပြောလာသည်။
ကြိုက်ရမှာပေါ့...ယောက်ျားပဲ...
ခါးသေးသေးလေးတွေ..အပြစ်အနာအဆာမဲ့တဲ့
ပေါင်တံတွေ ခြေသလုံးလှလှတွေ...
ပန်းနုရောင်သန်းနေသောမျက်နှာလှလှလေး
အပါအဝင် ရွေဝါရောင်ဆံပင်အရှည်ကြီးအဆုံး
သူဒါတွေကို ကြိုက်လို့ လက်ခံခဲ့တာပဲလေ...။
တွေဝေစွာကြည့်ပီးတဲ့နောက် မျက်နှာလွှဲသွား
တဲ့အခါ Hanna ကရှက်သွားပြီလားဟု
လိုက်စသည်...။
မရှက်တော့၍မျက်နှာလွှဲသွားရတာပါဟု
ဝမ်းနည်းစွာပြန်ဖြေချင်ခဲ့ပါသည်....။
ဘာမှမခံစားရ....ဗလာနတ္တိဘဝပင်ဖြစ်ခဲ့သည်။
"ကို့....ကိုပြောစရာရှိလို့...."
အိမ်ထဲတွင်စကားပြောရတာမလွတ်လပ်တာ
ကြောင့် ခြံထဲဆင်းချင်ကြောင်းပြောလာသော်အခါ
စိတ်ကျေနပ်အောင်သူလိုက်လာရသည်။
ခြံထဲရှိဒန်းပေါ်တွင်အတူတူထိုင်ရင်း
Hanna ကသူပြင်ဆင်ပေးသောမုန့်ပန်းကန်လေး
အားကိုင်ထားသည်။သူကတော့Coffee ခွက်ဖြင့်။
"ဟန်နာက..အလုပ်တွေသိပ်ရှုပ်နေတတ်လို့
ကို့ကို တစ်ခါတစ်လေ ဂရုမစိုက်သလိုမျိုး
သဘောတွေသက်ရောက်သွားရင်
တောင်းပန်ပါတယ်....ခရီးက ကို ပြန်လာထဲက
ဟန်နာတို့ အရမ်းစိမ်းသွားသလိုပဲ....
စိတ်ထင်တာလည်းဖြစ်မှာပါ....
ဟို...ဟန်နာ့ဘက်က လိုအပ်တာလို့ပဲ
သတ်မှတ်ထားတာမို့ နားလည်ပေးပါ....."
ဒန်းကိုလွှဲနေရင်းသူ့ပုခုံးပေါ်သို့ခေါင်းမှီချကာ
အသံကိုအတတ်နိုင်ဆုံးသေးလျှက်
တိုးတိုးလေးပြောသည်။
"ကို လည်း...အပြည့်အဝဂရုမစိုက်ပေးနိုင်ခဲ့ပါဘူး
အဲ့အတွက် ဟန်နာ ပြန်စဉ်းစားချင်လည်း
ရပါတယ် ရှေ့ဆက်တိုးသင့် မတိုးသင့်...."
ဟန်နာသည် စားစရာပန်းကန်အားပစ်ချကာ
သူ့မျက်နှာအားအပျက်ပျက်အယွင်းယွင်းမျက်လုံး
တွေဖြင့်မော့ကြည့်လာခဲ့သည်။
ဒဲ့ပင်ပြန်ကြည့်ပေးလိုက်ကာ
ကော်ဖီတကျိုက်အားသောက်ချလိုက်သည်။
"ဘာစကားမျိုးလဲ ကို....ဒါဘာသဘောလဲ
ဘာကိုပြန်စဉ်းစားရမှာလဲ...."
"တစ်ယောက်နဲ့တစ်ယောက်သိပ်နားမလည်ကြရင်..."
"နားလည်တယ် ဟန်နာ ကို့ကိုနားလည်တယ်
ကို ဘာတွေဖြစ်နေတာလဲ...
တခုခုဖြစ်နေလား ဟန်နာအပေါ်စိတ်ခုစရာ
တခုခုများရှိနေလား ပွင့်ပွင့်လင်းလင်းပြောပါ"
"ဘာမှမရှိပါဘူး...ဟန်နာ ကိုနဲ့တွဲရတာ
အဆင်မပြေရင် နောက်ပြန်ဆုတ်လို့လည်း
ရတယ်လို့ပြောတာ...."
Hanna မျက်လုံးတွေသည်အတုနဲ့အစစ်ရော
နေသောမျက်တောင်ရှည်ရှည်တွေကြားမှ
မီးထတောက်သည်။
"ရလား...အဲ့လိုလွယ်လွယ်လေးနောက်ပြန်ဆုတ်
ပစ်လို့ရတဲ့ ပတ်သတ်မှုတွေလား
ကျမတို့ စေ့စပ်ထားတာလေ နောက်တလအတွင်း
လက်ထပ်ကြမှာ ကို မေ့နေတာလား...."
ဒေါသရိပ်တွေဖြတ်ပြေးနေသောပန်းနုရောင်
မျက်နှာလှလှလေးသည် နီရဲနေကာ
ထိုငိပင်မထိုင်နိုင်တော့ မတ်တပ်ထရပ်လျှက်
သူ့အားစ တုံ့ပြန်လာတော့သည်။
မျှော်လင့်ထားတာရယ်လို့လည်းမဟုတ်ပေမယ့်
မာနကြီးကာ ရှင်မလိုအပ်ရင် ကျမလည်းမလိုအပ်
ဘူးဟု ချေမိုးသွားမည်ထင်သော်လည်း
ဟန်နာက လက်ထပ်ဖို့ကိုသာဦးတည်နေခဲ့သည်။
"မမေ့ပါဘူး...ကိုက...."
"မမေ့ရင်...ဒီလိုအချိန်မှာ ဒီလိုစကားမျိုး
ပြောလာစရာအကြောင်းကိုမရှိတာ
ရှင်နဲ့ကျမ နှစ်ဦးသဘောတူ အချိန်ကြာကြာ
တောင်မစဉ်းစားဘဲ လက်ခံခဲ့တဲ့
ဒီဆက်နွယ်မှုက ရှင့်အတွေးတွေထဲ
သိပ်အလကားဆန်နေလား
ဒီလိုစကားမျိုးပြောတာဒါနောက်ဆုံးဖြစ်ပါစေ
ကို စိတ်မကြည်နေလို့ပဲ ကျမ သတ်မှတ်ပေးမယ်
ကို့ကို အများကြီးထပ်ဂရုစိုက်ပေးမယ်
ပိုချစ်ပေးမယ်...နောက်ထပ် အဲ့လိုစကားတွေ
ထပ်မပြောပါနဲ့..."
စကားစကိုဖြတ်ပစ်ကာဟန်နာသည်အိမ်ထဲသို့
ပြေးဝင်သွားသည်။ညနေစောင်းသာသာယာယာ
ဒန်းပေါ်ကအချိန်လေးသည်ခဏလေးအတွင်း
တစစီပျက်ဆီးကာ သူတစ်ယောက်ထဲသာ
ကျန်ခဲ့သည်။
Ring...📩
ကြမ်းကြမ်းတမ်းတမ်းကားမောင်းထွက်သွား
သောဟန်နာသည် တခါတလေ ဆိုးဆိုးဝါးဝါး
စရိုက်တွေပေါ်လာတတ်သည်။
ထွက်သွားသောကားအားကြည့်နေရင်းမှ
ဝင်လာသော Notiသံလေးကြောင့်
ဖုန်းScreen အားကြည့်လိုက်တော့
စိတ်ရှုပ်နေရင်းမှ တဆင့်တက်သွားရသည်။
📩ဆေးရုံရှေ့ကတွေ့နေကျနေရာလေးမှာ
စောင့်နေတယ်...📩
JinHyung ဖုန်းContact မှဝင်လာသောMsg
လေးသည်ဘယ်သူယူပို့လဲစဉ်းစားရန်မလို...။
မိုးချူပ်ခါနီးကို သူဘာလုပ်နေပြန်တာလဲ...။
ညို့မှိုင်းတက်နေသောမိုးသားတွေက
သေချာပေါက်ကိုမိုးရွာချမည့်ပုံ။
ဒီနေ့နားရက်ကို ကောင်လေးမသိပြန်ဘူးလား။
📩ပို့တဲ့သူက Jungkook ပါ📩
နောက်ထပ်ရောက်လာသောMsgတစ်စောင်
သည်တကယ်ပင်အသဲယားစရာ..။
လူတင်မဟုတ်..သက်မဲ့msgကိုတောင်
ParkJimin တို့ အရည်ပျော်ကျအောင်
ထိုကောင်ငယ်လေးက ပို့ပေးတတ်သည်။
ဖုန်းခေါ်လိုက်တော့ ချက်ချင်းတော့မကိုင်ပါ။
စိတ်ရှည်ရှည်ထားထပ်ခေါ်မှကိုင်ခဲ့သည်။
"ကောင်လေး...ဘာဖြစ်လို့လဲ...
ဒီနေ့ ကို့နားရက်လေ..အိမ်မှာ
ဆေးရုံမှာမဟုတ်ဘူး..."
"ဘာမှမဖြစ်ဘူး Jimin ကိုတွေ့ချင်လို့..."
"မိုးတွေရွာတော့မယ်..ကို လာခဲ့မယ်
ပီးရင်အိမ်ပြန်ရမယ်နော် ဖျားမှာစိုးလို့..."
"မပြန်ဘူး...Jimin နဲ့အတူနေချင်လို့ပါဆို..."
"ဒါဆိုလည်း ဆေးရုံထဲဝင်စောင့်နေ
အဲ့နေရာမှာ မိုးမလုံဘူး...."
"ဒီနေရာမှပဲစောင့်ချင်တာ...."
Hanna ကိစ္စကြောင့်စိတ်ထဲတွင်မကြည်လင်
မြင်မြင်သမျှအကောင်းမမြင်နိုင်ရသည့်ကြားထဲ
မိုးမလုံသောတံစက်မြိတ်အောက်တွင်
Jungkook ကစောင့်နေအုန်းမည်။
ဆေးရုံနဲ့အိမ်ကလှမ်းတာကြောင့်သူခုထသွား
ရင်တောင် မိုးကလွတ်နိုင်ပါ့မလား။
မိုးခြိမ်းရင်သတိလစ်တတ်သောလိပ်ပြာငယ်
အားစိုးရိမ်၍ပြောခဲ့သော်လည်း
ခေါင်းမာတတ်လွန်းတဲ့သူဟာသူ့စကားဆို
အဖျားအနားပင်မတိုး....။
ထပ်ပြော၍လည်းရမှာမဟုတ်တော့တာသိတာ
ကြောင့်ဖုန်းချကာ ဆေးရုံဆီသို့
မြန်မြန်မောင်းသွားရမည်....။
ဟန်နာ ကားမောင်းကြမ်းခြင်းကို ဝေဖန်ချင်သလိုလို
ကြည့်မိသည့်မျက်လုံးများအားရှက်တောင်
ရှက်မိသည်။
သူကပိုကြမ်းနေပါသောကြောင့်.....။
"ဟန်နာစိတ်ကောက်သွားတဲ့ပုံပဲ...
တို့အိမ်ကဆရာဝန်ကြီးလိုက်ချော့တဲ့ပုံကိုလည်း
ကြည့်အုန်း......"
ရှေ့ဆင့်နောက်ဆင့်ဝုန်းဒိုင်းကြဲထွက်သွား
သောကားတွေအားကြည့်ရင်း ထင်ရာမြင်ရာ
ဆွဲတွေးခဲ့ကြပေမယ့် နည်းနည်းလေးမျှပင်
မနီးစပ်တာကို သိသွားခဲ့ကြရင်.....။
ဆေးရုံးဆီသို့နာရီဝက်လောက်အပြေးနှင်ပီး
သော်အခါလမ်းတဝက်ပင်မိုးကစရွာသည်။
ပိုအရှိန်တင်ပီးဆေးရုံဝန်းထဲကားထိုးကာ
စောင့်နေမယ့်သူရှိမဲ့နေရာသို့ထီးတစ်ချောင်း
ဖြင့်ပြေးသွားတော့ ချမ်းနေပုံပေါ်သော
ကောင်လေးသည် သူ့အားလက်လှမ်းပြသည်။
ခေါင်းမာလွန်းပါသည်...။
ကောင်လေးက ပြုံးရွှင်စွာနူတ်ဆက်ခဲ့သော်
လည်းသူကမပြုံးပြနိုင်...
စိတ်မကြည်သောအခံကြောင့်ညို့ညို့မှိုင်းမှိုင်းပင်
လျှောက်လာလိုက်တော့ ကောင်လေးမျက်နှာ
သည်လည်းကွက်ခနဲပျက်သွားသည်..။
"အထဲမှာဝင်စောင့်နေပါဆိုတာကို....
ခုစိုကုန်ပီမလား...ကိုယ့်ကျန်းမာရေးတော့
ကိုယ်ဂရုစိုက်မှပေါ့...."
ရောက်ရောက်ချင်းထီးမိုးပေးသောJimin သည်
ပျော်ရွှင်မနေပါ..။မိုးရွာထဲမှာစောင့်နေခဲ့သော
သူ့ဆီသို့ လာဖို့ကိုသိပ်ကိုခက်ခဲနေသောပုံစံ
ပေါက်နေခဲ့သည်။လှိုက်တက်လာသောဝမ်းနည်း
မှုအားအတင်းအကျပ်ချုပ်တည်းကာ
"ခုJimin ရောက်လာတော့လုံသွားပီလေ..."
"ငါကားကျပ်တာတွေ နောက်ကျနေပီဆိုရင်ရော
မင်းလဲကျတဲ့အထိစောင့်နေအုန်းမှာလား
မလ်ုအပ်တဲ့နေရာတွေမှာခေါင်းမမာစမ်းနဲ့
Jungkook...ငါ့စကားကိုနားထောင်စမ်းပါ..."
"ဘာလုပ်နေလို့လဲ...Jimin ကိုတွေ့ချင်နေလို့ပါဆို..."
"ငါကရောမတွေ့ရဘူးလို့ပြောလို့လား
မင်းကို လုံလုံခြုံခြုံနေရာဝင်နေလို့ပြောတာလေ"
"မဝင်ချင်ဘူး ....!!!"
"ပြောရဆိုရခက်လိုက်တာ...."
"နောက်တစ်ခါငါစချိန်းမှလာ မင်းသဘောနဲ့မင်း
ဘယ်အရာကိုမှစမစီစဉ်နဲ့...
ကြားလား...."
"သိပ်စိတ်ရှုပ်နေတာလား
Jungkook ဆီလာရတာကို...ဒါဆိုပြန်လိုက်ပါ
ဘယ်တော့မှစမချိန်းတော့ပါဘူး
Jimin ကိုနောက်ထပ်လည်းထပ်မတွေ့တော့ပါဘူး"
"ငါစေတနာနဲ့ပြောနေတာကို မင်းထင်ရာမြင်ရာ
တွေတွေးမနေနဲ့...လာခဲ့ မိုးတွေသည်းနေပီ.."
ထီးဆောင်းပေးကာကားထဲဖြစ်ဖြစ်
မိုးလုံပြီးဆေးရုံကလူတွေလည်းသိပ်သတိမထား
မိမယ့်နေရာတခုခုဆီသို့ခေါ်သွားရန်စဉ်းစားမိ
ခဲ့သော်လည်း ထိုကောင်လေးကခြေလှမ်းတစက်
မှမရွေ့...။Jungkook ၏ အရင်ပုံစံအမှန်အား
အားလုံးအံဝင်ဂွင်ကျ ပြန်မရသေးတာတောင်
ဒီလိုမျိုးခက်ခဲနေလျှင် ဘာမှမဖြစ်ခင်
အကောင်းပကတိ လိပ်ပြာလေးသည်
ဘယ်လောက်များတောင်ဆိုးခဲ့မလဲ....။
တစထက်တစ ပိုကောင်းလာသောကျန်းမာရေး
ကြောင့်အလုံးစုံပျောက်ကင်းသွားလျှင်
JeonJungkook ၏တဇွတ်ထိုးဆန်နည်းနာများ
အားတွေးကြည့်၍ပင်မရ....မျက်ဝန်းတစုံနဲ့တင်
လူသတ်နိုင်လောက်ပါသည်။
"လာလို့ပြောနေတယ်လေ..."
Jimin သည်သူ့အားဘယ်တုန်းကမှဒေါသရိပ်
တွေနှင့်မဆက်ဆံခဲ့ဖူး...။အမြဲအလျှော့ပေးကာ
သူ့အကြိုက်လိုက်ခဲ့တာကြီး..။
လက်ရှိတွင်Jimin မျက်နှာလှလှလေးမှာ
စိတ်ရှုပ်မှု စိတ်အလိုမကျမှုတွေကိုပဲတွေ့နေရတာကို
သူလုံးဝလက်မခံနိုင်...။
Jimin ဟာ Jungkook နဲ့တွေ့လျှင်အမြဲပြုံးနေရမည်။
Jimin ဟာ Jungkook ကိုမြင်လိုက်တာနှင့်
ပျော်ရွှင်သွားရမည်...။
ညို့မှိုင်းနေသော မျက်နှာမျိုးကိုသူမလိုချင်..။
တွေ့လည်းမတွေ့ချင်...။ကြည့်လည်းမကြည့်ချင်။
သူ့အပေါ်စိတ်ညိုနေသောJimin မျက်နှာက
အသက်ရှုပ်ကျပ်စေတာကြောင့်
ဆက်မတွေ့ချင်တော့ပါ....။
"အေး...မင်းလုပ်ချင်တာလုပ်တော့...."
ကျောက်ရုပ်လိုတုပ်တုပ်မှမလှုပ်သောကောင်လေး
အားစိတ်ပေါက်လာပြီဖြစ်တာကြောင့်
ထီးကိုလက်ထဲသို့ထိုးထည့်ပေးခဲ့ကာ
ချာခနဲလှည့်ထွက်လာလိုက်သည်။
ပုံမှန်စိတ်မျိုးဆို ချော့မောကာချွဲရင်း
သူညှိနှိုင်းမိမှာမှန်ပေမယ့် ဟန်နာနဲ့
ဖြစ်ခဲ့ရသော စိတ်ရှုပ်မှုအပေါ်ပြောစကားလုံးဝ
နားထောင်ဖို့စိတ်ကူးမရှိသောကောင်လေး
ကထပ်မံအင်အားဖြည့်လိုက်သော်အခါ
ပထမအဆုံးအကြိမ် သူစိတ်တိုခဲ့မိသည်။
မမျှော်လင့်ထားစွာသူ့အားထီးတစ်ချောင်း
ထည့်ပေးပီးထွက်သွားသောJimin ကြောင့်
ကြောင်အမ်းအမ်းဖြင့်မတ်တပ်ရပ်ကျန်ခဲ့ရသည်။
အတိုင်းအဆမရှိဝမ်းနည်းလာသောစိတ်နှင့်အတူ
Jimin ကျောပြင်လေးဝေးသထက်ဝေးရင်း
ပျောက်လုနီးနီးဖြစ်လာသောအချိန်တွင်
သူထိုနေရာမှပြေးထွက်လာမိသည်။
ထီးတစ်ချောင်းကိုင်ကာမျက်ရည်တွေသုတ်ရင်း
မိုးရေထဲပြေးနေသောကောင်လေးသည်
အသံကျယ်ကျယ်အော်ငိုနေလျက်....။
ကျန်းမာရေးကောင်းလာတယ်ဟုသာ
သူတို့ဝိုင်းမှတ်ချက်ပေးခဲ့ကြတာပါ....။
လိပ်ပြာငယ်လေးကတော့ ဆိုးလ်မြို့အလည်မှာ
အော်ငိုမိနေတုန်း.....။
ထီးကိုတဖက်ကိုင်လျက် တဖက်ကမျက်ရည်
တွေကို အကျီလက်ဖြင့်ကြမ်းကြမ်းတမ်းတမ်း
သုတ်ရင်း ခြေဦးတည့်ရာလျှောက်နေလိုက်သည်။
Jimin သည်ဆောင့်ဆောင့်အောင့်အောင့်
ခြေလှမ်းတွေအားရပ်လိုက်ကာ သက်ပြင်း
တချက်ချပြီး မျက်လုံးတွေခဏမှိတ်ကာ
ပြန်လှည့်လာခဲ့သည်။
ဘယ်လိုလုပ်များထားရစ်ခဲ့နိုင်ပါ့မလဲ...။
ဆိုးသာဆိုးတာ...ပေကပ်ကပ်ကောင်ငယ်လေး
သိပ်လည်းချစ်ဖို့ကောင်းနေခဲ့တာကို...
ဘယ်လိုများစွန့်ခွါနိုင်မှာလဲလေ....။
တော်တော်ဝေးဝေးရောက်ပီးမှ ပြန်လှည့်လျှောက်
လာရင်လှမ်းကြည့်တော့ ကောင်လေးမရှိတော့။
နောင်တတရားသည် ချောင်းမြောင်းနေရာမှ
အားရဝမ်းသာဝင်လာကာ သူ့ကိုကောင်းကောင်း
ပညာပေးတော့သည်။
"ငါ ချော့ လိုက်ရမှာ...ကွာ....."
ပတ်ပတ်လည်အပြေးအလွှားလိုက်ရှာလိုက်
မိသော်လည်းအရိပ်အယောင်ပင်မတွေ့...။
မိုးရေထဲတွင် မအေးဘဲအလွန်တရာကို
ပူလောင်နေခဲ့ရသည်။
ငိုယိုပြေးလာရင်း သတိဝင်လာသောအချိန်တွင်
ဘေးပတ်ဝန်းကျင်အားယောင်ရမ်းကာကြည့်မိတော့
ဘယ်ရောက်နေသလဲသူမသိတော့။
Busကားမှတ်တိုင်တခုရှေ့တွင်
ဖြစ်နေသည်။ကားပေါ်တက်သွားလိုက်
ဆင်းလာကြလိုက်နှင့် လှုပ်ရှားနေသူတွေအား
ကြည့်ကာစိတ်တွေရှုပ်လာသလိုလို....
အသက်ရှုတွေလည်းမမှန်တော့...။
ခုံတန်းတွင်ကားစောင့်နေသောကျောင်းသူ
ကောင်မလေးတွေက သူ့အားဝိုင်းကြည့်လာ
သောအခါ သူစိတ်တွေလှုပ်ရှားလာခဲ့သည်။
သတိရမိတာ ဖုန်း....။JinHyungအိပ်နေတုန်း
မသိအောင်ယူခဲ့သည့်ဖုန်း...။
ဘောင်းဘီအိတ်ထဲမှာမြန်မြန်ထုတ်ကာ
နာမည်တခုအားရှာလိုက်သည်။
ဝေးဝေးလံလံတော့သူမရောက်နိုင်သေး...။
ကားနှင့်ဖြည်းဖြည်းမောင်းကာရှာကြည့်လိုက်တာ
ပိုအဆင်ပြေမည်ထင်သည်။
ခြေလှမ်းတွေအားကားဆီသို့ပြန်အလှည့်
တွင် တုန်ခါလာသောဖုန်းသံကြောင့်
ဖုန်းScreen အားကြည့်ကာ ချက်ချင်းကိုင်လိုက်
သည်။
ဟုတ်သားပဲ.....ဖုန်းဆက်လိုက်ရင်ရနေတာကို...။
အလွယ်ကူဆုံးနည်းဗျူဟာကိုတောင်မေ့သွား
သည်အထိ ဘယ်လောက်များ
ဆောက်တည်ရာမရခဲ့သလဲ..ဒေါက်တာရယ်...။
ဖုန်းကိုင်လိုက်သည်နှင့်ကြားလိုက်ရသော
အသံလေးသည် အမှတ်တရကောင်းလေး
တခုဖြစ်ခဲ့ပါသည်.....။
ကျတော် တစ်သက်လုံးစာ မေ့ပစ်လို့မရခဲ့တဲ့
စကားလေးတခွန်း....။
"Jimin Hyung ကျတော်တောင်းပန်ပါတယ်...."
ရာခိုင်နူန်းပြည့်ငိုသံတွင် Hyung ထည့်ခေါ်ပုံအရ
ကောင်ငယ်လေးသည် တော်တော်လေး
ကျိုးကျိုးနွံနွံဝမ်းနည်းနေသောပုံ။
ဘယ်သူပြောပြောမရခဲ့သော Hyung ဆိုသော
အသုံးအနူန်းသည် ဘယ်လောက်များ
တုန်လှုပ်နေလို့ပေါ်ထွက်လာရသလဲ....။
ပေကပ်ကပ်လေးက အော်ငိုကာတောင်းပန်
ခြင်းသည် ရှားပါးဖြစ်ရပ်မို့ သူမိုးရေထဲတွင်
အသေအချာပြုံးခဲ့မိသည်။
"ငါ့ကိုမခေါ်နဲ့....."
ချက်ချင်းလျှော့မပေးဘဲဟန်ဆောင်ပန်ဆောင်
တင်းမာပေးလိုက်တော့ ရှိုက်သံတွေတောင်
ပါလာခဲ့သည်။ဘယ်လိုလုပ်များသူခံနိုင်ရည်ရှိပါ့မလဲ။
"မင်းဘယ်မှာလဲ......"
"မသိဘူး......"
"မင်းဘယ်မှာလဲပြော ငါလာခေါ်မယ်...."
"ကျတော်ဘယ်ရောက်နေလဲဆိုတာကျတော်မသိဘူး"
ငိုယိုနေသာကောင်လေးအားထူးထူးဆန်းဆန်း
အနားမှာရှိသောအရာတခုအားပြောခိုင်းပြီး
Busကားမှတ်တိုင်တခုဟုပြောလာသော်အခါ
သူချက်ချင်းကားမောင်းပြေးရတော့သည်။
ဒီနားတဝိုက်တွင်တခုထဲသာရှိသောမှတ်တိုင်ဆီ
သို့မောင်းသွားပြီး ရောက်ခဲ့သောအခါ
ထီးတချောင်းနှင့်မတ်တပ်ရပ်နေသော
ကောင်လေးဆီသို့လျှောက်သွားလိုက်သည်။
မျှော်နေပုံရသောကောင်ငယ်လေးသည်
သူ့အားမြင်သောအခါချက်ချင်းထီးအားပစ်ချခဲ့ပီးနောက်
အရှိန်ဖြင့်ပြေးလာကာ တင်းတင်းကျပ်ကျပ်
ဖက်ထားခြင်းအမှုကိုပြုခဲ့သည်။
အရပ်ကွာခြားမှုကြောင့်သူကကောင်လေး
ရင်ခွင်ထဲရောက်သွားခဲ့ပေမယ့် တကယ်ရင်ခွင်
ထဲဝင်ငိုချင်သူမှာလိပ်ပြာကလေးဖြစ်ခဲ့လိမ့်မည်။
"တောင်းပန်ပါတယ်....အများကြီး
တောင်းပန်ပါတယ်...Jimin ..စိတ်တိုနေတာကို
မကြိုက်လို့ပါ....တောင်းပန်ပါတယ်..."
တသိမ့်သိမ့်တုန်နေသောကျောပြင်လေးအား
ပွတ်သတ်ပေးကာမြို့လည်ကောင်ဆိုတာကို
တော့နည်းနည်းမဟုတ်ဘူး....
များများကြီးကိုသူမေ့ခဲ့တာ...။
သတိပြန်ဝင်လာသောအချိန်တွင်Drama
ဆက်ချိုးနေလို့မဖြစ်ဒီပတ်ဝန်းကျင်မှ
ရှောင်ရတော့မည်..။
"ဟုတ်ပါပီ...ကိုယ်သိပီ ကားထဲဝင်ရအောင်
စိုကုန်ပီ...."
ချော့မော့ပြောရင်းကားထဲခေါ်လာလိုက်ကာ
လူရှင်းသောလမ်းကြားငယ်လေးတခုအား
မောင်းလာလိုက်ပြီးနောက် ရပ်လိုက်တော့
အငိုတိတ်သွားကျသွားပြီဖြစ်သော
ကောင်လေးသည် ငြိမ်သက်နေပြန်သည်။
"အရမ်းအေးနေလား...ကိုယ်အပူထပ်တင်ပေးမယ်"
"ရတယ်...."
"ခေါင်းတွေစိုနေတာပဲ..."
ဆံပင်ရှုပ်ပွပွလေးတွေဆီသို့လက်ဖြင့်
ရေစက်တွေအားလှုပ်ခါပေးနေသော်အခါ
ငြိမ်ငြိမ်လေးနေပေးသည်။
"တောင်းပန်ပါတယ်....."
"တောင်းပန်ဖို့မှမလိုအပ်ပဲ...
စိတ်အခန့်မသင့်ဖြစ်တာ ဒါမျိုးဖြစ်တတ်တာပဲ
လူတိုင်းက အစဉ်အမြဲတော့ဖြောင့်ဖြူး
နိုင်မှာမဟုတ်ဘူးလေ...."
"အစဉ်အမြဲဖြောင့်ဖြူးချင်တယ်....
Jimin နဲ့ ဘယ်တော့မှအခန့်မသင့်မဖြစ်ချင်ဘူး
အမြဲ အတူတူပြုံးရယ်နေချင်တာ...."
"ဒါဆို လိမ်မာလေ...ကိုယ့်စကားကိုနားထောင်..."
"ဟုတ်...."
"မင်းရဲ့ ဟုတ် က မဟုတ်ကို မဟုတ်ဘူး...."
ကားBoxထဲမှဆေးတချို့အားထုတ်ကာ
ကောင်လေးလက်ထဲသို့ထည့်ပေးလိုက်သည်။
ဒီကောင်လေးအားတာဝန်ယူပီးထဲက
ကားထဲတွင်ဆေးအပြည့်ရေအပြည့်မုန့်အပြည့်နှင့်
အသင့်အနေအထားအမြဲရှိခဲ့သည်။
မသင်္ကာ၍ကားပေါ်တက်စစ်ဆေးခဲ့ရင်တောင်
JungKookသောက်နေကျဆေး...
JungKookသောက်နေကျရေ...
JungKookစားနေကျ မုန့်အစုံတို့ဖြင့်
တခါထဲပွဲသိမ်းပင်...။
"ကြိုသောက်ထား ဖျားမှာစိုးလို့...."
ခေါင်းညိတ်ကာထည့်ပေးသမျှဆေးတွေအား
သောက်နေခဲ့သည်။
"အိမ်ပြန်ကြမယ်နော်...နောက်ကျနေပြီ.."
ရင်ခွင်ထဲဝင်တိုးလာပြန်သောလိပ်ပြာလေး
သည် လိမ်မာမည်ဆိုတာ အလကား...။
တကယ်အလကားလေးပါ..။
"ဆေးရုံမှာ နှစ်တွေနဲ့ချီပီး အပ်တွေနဲ့လာထိုးလိုက်
ရင်ဘက်ကို ဓားတွေနဲ့ တခါပီးတခါခွဲပစ်လိုက်
ခြေထောက်တွေမလှုပ်နိုင်တဲ့အထိချိ့နဲ့သွား
လိုက်....နဲ့...ဆေးနံ့တွေက နှာခေါင်းထဲမှာ
ခုထိရနေတုန်း....ဆေးရုံဆိုတဲ့အခေါ်အဝေါ်ကို
တောင်JungKookကြားရမှာကြောက်တယ်
ဒီမှာတွေ့လား အမာရွတ်တွေ....
ဆရာဝန်ကြီး ကို တွေ့ချင်လို့သာ...JungKookက...."
ဆေးနံ့တွေကိုသူမခံနိုင်ပါဘူးဆိုကာ
ဆေးနံ့မပျယ်တတ်သော ဆရာဝန်တစ်ယောက်
၏ရင်ခွင်ထဲသို့အတင်းတိုးဝင်နေပြန်သည့်
ကောင်လေးသည် ဆေးရုံထဲဝင်စောင့်နေဟု
ပြောခဲ့မိသောသူ့ကိုအော်ဟစ်ငိုချင်လာ
အောင်စွမ်းဆောင်နိုင်ခဲ့သည်။
"ကိုယ်က တကယ် လူဆိုးကောင်ပါ....
Jungkook ရယ်...."
"နမ်းပါ......"
".........."
"နေရာကကျဉ်းလိုက်တာ...Jiminဒီကိုလာ.."
ကားနောက်ခန်းထဲသို့လျှင်မြန်စွာကူးပြောင်း
သွားသောကောင်လေးသည်သူ့လက်တွေ
အားခပ်ဖွဖွဆွဲလျက်ခေါ်ခဲ့သည်။
နောက်ကျနေပါပီဆိုမှ...ဝမ်းနည်းနေသော
အတောင်ပံလေးတွေအားဥပေက္ခာမပြုချင်...။
ကားမှန်ကာမှီကာခြေဆင်းထိုင်နေသော
ကောင်လေးခြေထောက်တွေကြားတိုး
ထိုင်ကာရင်ဘက်တွေအားခေါင်းလေးမှီချလိုက်သည်။
လိပ်ပြာလေး၏
ရင်ဘက်တွေအားကျောမှီကာထိုင်နေခဲ့တာ
ကြောင့် ခါးဆီသို့နောက်မှသိမ်းဖက်လာသော
ကောင်လေး၏လက်မောင်းတွေ...။
"မင်းက တခြားအချိန်တွေသာ
အထိအခိုက်မခံနိုင်သလို ကလေးမျက်လုံး
လေးတွေနဲ့ငါ့ကိုပြုးပြူးကြည့်တတ်တာ
မင်းရင်ခွင်ထဲရောက်သွားရင်
ငါက အရမ်းသေးငယ်သွားရသလိုပဲJungkook.."
"ဟုတ်တယ်...ကျတော်Jimin ကို
ထိမိလိုက်ရင်....ကမ္ဘာကိုတောင်ဖြိုပစ်နိုင်တယ်
ငိုနေရင်တောင် တိခနဲတိတ်နိုင်ပြီး
ရီနေရင်းနဲ့လည်း ငိုချပစ်နိုင်တယ်...
ကျတော်က Jimin နဲ့ထိတာနဲ့
လွှင့်တော့တာ....."
"ကျတော့်ကိုမထားခဲ့နဲ့နော်....."
".........."
"နေကောင်းနေပြီစိတ်ကိုလည်းအများကြီး
ထိန်းချူပ်နိုင်နေပီ..."
"ကိုယ်မြင်ရုံနဲ့သိပါတယ်...."
"ဖေဖေနဲ့ပတ်သတ်ပြီး
မေ့နေတဲ့တချို့အရေးကြီးတဲ့အရာတွေ
ရှိတယ်...သေချာပြန်စဉ်းစားနေတယ်
အဲ့တာတွေသိရရင် သိပ်ကောင်းမှာပဲ....."
"အများကြီးမစဉ်းစားပါနဲ့...
သူက သေသွားခဲ့ပီးပီပဲကို...."
"သေချင်ခဲ့တာ...ဖေဖေနဲ့တွေ့နိုင်တယ်လေ
ခုတော့ ဖေဖေ့ကိုအားနာနေတာ...
ကျတော်Jimin ကိုပိုတွေ့ချင်နေတော့...."
"ကိုယ့်ကိုကိုယ်ချစ်ရမယ်လေ...ကွာ..."
"ကျတော်က Jimin ကိုပိုချစ်တယ်...."
နှာခေါင်းချွန်ချွန်လေးသည်လည်ပင်းနားသို့
ယား၍ကုတ်ကတ်နေသည့်ကြားက
အတင်းရအောင်ဝင်တိုးတိုက်ခိုက်လာသည်။
သွားချွန်ချွန်တွေဖြင့်ကိုက်ချလိုက်တိုင်း
နာပေမယ့် ထ်ုနာကျင်မှုသည်....
လှလွန်းတာကြောင့် သူမျက်လုံးစုံမှိတ်ခံယူခဲ့
မြဲ....။
"ဘာတွေဖြစ်ချင်နေမှန်းမသိဘူး
လုံးချေပီးသာ ဝါးစားလိုက်ချင်တယ်....."
နမ်းချင်ရာလျှောက်နမ်းရင်းမှမျက်နှာအား
ဆွဲမော့ကာပြောလာသောစကား....။
သွေးသားဆန္ဒတွေအားသူနားလည်ပေမယ့်
မိုက်တွင်းနက်ဖို့ကို ဘယ်လိုလုပ်များတွေးရဲပါ့မလဲ။
ဘာဖြစ်လို့ ဖြစ်နေမှန်းတောင်မသိတဲ့
ဖြူဖြူစင်စင်လေးကို သူကဘယ်လိုပါလို့
ရှင်းပြရမလဲ....။
"တော်ပီ...ပြန်ကြမယ်....."
"Jimin.....!"
ရင်ခွင်ထဲမှရုန်းကန်ထွက်တော့ထပ်ဆွဲထား
သောသူ့လက်တွေသည်ကားထဲတွင်
လွတ်လမ်းမရှိ...။
"ကျတော် အဆင်မပြေဘူး...."
သူရောပြေတာမဟုတ်....။ထပ်ခါထပ်ခါ
မှားယွင်းတော့မည့်အခြေအနေတွေကြုံတိုင်း
ထိန်းရသိမ်းရတာသိပ်ခက်ခဲလှပါသည်...။
အရွယ်ရောက်သောယောက်ျားတစ်ယောက်
မလို့ ဒီကောင်လေးအပေါ်သူလည်း
အမှန်တော့လုံးဝမဖြူစင်နိုင်ခဲ့ပါ...။
အလှကြည့်တာမျိုးလည်းမဟုတ်ခဲ့..။
အသိစိတ်ကဖြစ်ကိုမဖြစ်သင့်၍သူစောင့်ထိန်းခဲ့
တာကြီး...။
ကျန်းမာရေးကိုငဲ့ရမည်...ဖြူစင်မှုလေးကိုငဲ့ရမည်
ကောင်လေးက ပန်းပွင့်ကလေးလိုဖွဲ့ဖွဲ့နွဲ့နွဲ့
ချစ်ပေးခဲ့ပေမယ့်...သူကလိပ်ပြာလေးကို
အချိန်တိုင်းပစ်မှားနေတာသူအသိဆုံးမို့
မျက်စိရှေ့က လိုအပ်နေမှုမျက်နှာလေးသည်
သေလောက်အောင်ပူလောင်ပြင်းပြလာစေပါသည်။
အမှားတွေက မှားမှန်းသိပေမယ့်
ဇွတ်တိုးရုံအဆင့်မဟုတ်တော့....။
မှားရရင်ကို ပျော်နေသောအဆင့်သို့ရောက်ခဲ့ပြီ။
"JungKook.....။