Butterfly...Jeon🦋 (Completed)
By ThetHmue3
764K 81.6K 11.9K
Jeonက လိပ်ပြာလေးလိုပဲ... အတောင်ပံလှလှလေးတွေနဲ့ ဖမ်းမိဖို့ရာခက်လိုက်တာ....🦋 More
Intro.....🦋
🦋1🦋
🦋2🦋
🦋3
🦋4🦋
🦋5🦋
🦋6🦋
🦋7🦋
🦋8🦋
🦋9🦋
🦋10🦋
🦋11🦋
🦋12🦋
🦋13🦋
🦋14🦋
🦋15🦋
🌼16🌼
🌼17🌼
🌼18🌼
🌼19🌼
🌼20🌼
🍃21🍃
🍃22🍃
🍃23🍃
🎨24🎨
🎨25🎨
🦋26🦋
🦋27🦋
🦋28🦋
🦋29🦋
🦋30🦋
🦋Ending🦋(Part1)
🦋Ending🌼(Part2)
ZawGyi 1
🦋1🦋
2🦋
🦋3
4🦋
🦋5
🦋6
🦋7
🦋8
🦋9
10🦋
11🦋
🦋12
🦋13
🦋14
16🦋
🦋17
🦋18
🦋19
🦋20
🦋21
🦋22
🦋23
🦋24
🦋25
🦋26
🦋27
🦋28
🦋29
🦋30
Ending P1 🦋
Endingp2🦋
Extra...☁️
Extra🦋
🦋
🦋Extra🦋(2)
15🦋
1.9K 288 6
By ThetHmue3
အိမ်ကြီး၏ အပြင်ဘက်ခြံထောင့်လေးတွင်
အရင်တုန်းက JungKookဖေဖေ
အပေါင်းအသင်းတွေနဲ့စကားဝိုင်းပြောခဲ့သော
နေရာ တခါတလေ JungKookနဲ့အတူ
Coffeeအတူတူ သောက်ပေးတတ်သော
အမိုးအကာလေးနှင့် နေရာလေးတခုရှိသည်။
စားပွဲဝိုင်းလေးတခုရှိပြီးအရိပ်လည်းကောင်းကောင်း
ရတတ်သောနေရာဖြစ်သည်။
"Kookie...Hyungပြောတာကိုနားထောင်ပါအုန်း...."
စာအုပ်တအုပ်ပေါ်တွင်အဝါရောင်ပန်းခင်း
ကြီးအားသေသေချာချာဆွဲကာနူတ်ခမ်းလေး
တွေညွှတ်ကိုင်းနေသောလိပ်ပြာငယ်သည်
သူပြောသမျှခေါင်းထဲတလုံးမှဝင်ပုံမပေါ်။
အိမ်ပြန်ရောက်တော့ မမကြီး၏ဆူပူမာန်မဲ
မှုအား အပြင်းအထန်ခံစားခဲ့ရသော်လည်း
မဆိုင်သလိုပင် အေးဆေးစွာရင်ဆိုင်ခဲ့သည်။
အခန်းပြတင်းပေါက်တွင်တစုံတခုကိုမျှော်လင့်
နေသလို ခပ်ကြာကြာမတ်တပ်ရပ်နေတတ်သည်။
သူသိပါသည်...။
Kookie ဘယ်သူ့ကိုလွမ်းမောတမ်းတနေမလဲဆိုတာ။
ဒီနေ့သည် ParkJimin ဆိုလ်းကို
ပြန်ရောက်လာပြီး နောက် Hannaအစီအစဉ်
ဖြင့် Park မိသားစုတခုလုံးညစာလာစားမည့်နေ့...။
Kookie ဒါကိုသိနေတာကြောင့် ညနေစောင်း
ထဲက ခြံထဲဆင်းကာ ပန်းချီဆွဲနေသည်။
"ရွာက ကိစ္စတွေကိုရွာမှာထားခဲ့လိုက်ပါ...
ခုဆိုးလ်ကိုပြန်ရောက်ပီဆိုတော့
Kookie က Jimin ကိုရွာမှာလို
ဆက်ဆံလို့မရတော့ဘူး.....
ပီးတော့ ရွာမှာ ဖြစ်ခဲ့တာတွေအားလုံးကို
လည်းဘယ်သူ့ကိုမှမပြောရဘူးလို့ကတိပေးပါ...
ခုည Jimin အိမ်ကို လာရင်
မသိသလိုနေပေးနော်....."
ပန်းခင်းဝါဝါကိုဆွဲပီးတဲ့နောက်ကောင်းကင်
ပြာပြာအတွက်အရောင်ကိုသူစဉ်းစားနေသည်။
"Jimin က Kookie နေမကောင်းလို့
စိတ်ချမ်းသာအောင်အလိုလိုက်ခဲ့ရုံပဲ...
သူHannaကိုပဲလက်ထပ်မှာ
ခုလည်းကြည့်လေ ဆိုးလ်ကိုပြန်ရောက်တော့
သူဆက်သွယ်တာHannaက်ုပဲမလား..."
"JungKook မှာဖုန်းမှမရှိတာ....."
"ရှိလည်း ဆက်သွယ်မှာမဟုတ်ဘူး
Hyungစကားကိုနားထောင်ပါကွာ
ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ မေ့လိုက်နော်..."
ရွာမှာသူတို့လှမ်းသမျှခြေလှမ်းအားလုံး
သိနေသော်လည်းအဖွားကဟန့်တားသော
ကြောင့်တလျှောက်လုံးမြိုသိပ်နေခဲ့ရသည်။
ခုပြန်ရောက်လာသည်နှင့်နားဝင်အောင်
ရှင်းပြသော်လည်း JungKook
က သီချင်းဆိုပြနေသလိုပင်သိပ်အာရုံမရှိ။
"Hannaနဲ့ မမကြီးသိသွားရင်
Kookie ရောJimin ရောဒုက္ခရောက်မှာ...."
"မသိရင် မရောက်ဘူးလေ..."
ကောင်းကင်ပြာပြာကြီးအားဆွဲပီးသည့်အခါ
လူတစ်ယောက်ပုံကိုစဆွဲနေရင်းသူကပြန်ပြောသည်။
"Jimin က Kookie ကို အစစ်အမှန်
သဘောကျတာမဟုတ်ဘူး...
သူသဘောကျတာHannaပဲရှိတာ...
ပြီးတော့...."
"သူJungKookကိုသေချာပေါက်
သဘောကျပါတယ် Hyung စိတ်မပူပါနဲ့....
JungKookတို့ နမ်းခဲ့ပြီးပြီး
ချိန်းလည်းချိန်းတွေ့ပြီးပြီ.....
ဒီမှာကြည့် ဒါပထမဆုံးအနမ်းရဲ့ပုံ..."
ပါရမီပါသောသူမို့ ပန်းခင်းဝါဝါတွေကြား
နမ်းနေသောကောင်လေးနှစ်ယောက်၏
အသက်ဝင်မှုသည်ချီးကျူးထိုက်ပါသည်။
"Jimin လာရင် ပေးမလို့.....
သေချာခေါက်ပီးစာအိတ်လေးထဲ
ထည့်ပေးရမယ်......"
"ရပ်တော့လို့ Hyung ပြောနေတယ်လေ
ဒါ လုယူနေတာ Kookie...
တခြားသူပိုင်နေပါတယ်ဆိုတာကို
သိသိရက်နဲ့ ယူနေတာ..."
"Jungkookဆီကလည်းအားလုံး
လုယူခဲ့ကြတာပဲလေ....
လောကကြီးမှာ လိုချင်လို့ လုယူတာ
ဆန်းသေးလို့လား"
"မင်းနာကျင်ထိခိုက်ရမှာစိုးလို့
ပြောနေတာ....မင်းပဲထိခိုက်မှာ
အားလုံးကအင်အားကြီးပီး
အတ္တသမားတွေကြီးပဲ ကလေးရဲ့
Hyung ကို ချစ်ရင်...လိမ်မာပေးပါ...."
"ဟင့်အင်း...."
"JungKookie...ဘယ်လိုမှမင်းကို
ပြောလို့မရတော့ဘူးလား...."
ဆွဲနေသောစုတ်ချက်တွေသည်အနားသတ်
မျဉ်းတကြောင်းတွင်ရပ်သွားကာ
တုန်ခနဲ...။မအော်စဖူးထအော်လိုက်သော
SeokJinအသံကြောင့် ခြံထဲကအလုပ်သမား
တွေတောင် တအံ့တဩလှမ်းကြည့်ကြသည်။
"မရဘူး မရဘူး...!!"
လက်ထဲကပန်းချီစာရွက်အားဆွဲဖြဲပစ်လိုက်
တာကြောင့်SeokJinလည်းလန့်သွားသည်။
သူတညနေလုံးတဖြည်းဖြည်းဆွဲထားသော
လက်ရာမြောက်လေးမလား။
"Kookie..!!!"
စာရွက်တွေအားတစစီဖြစ်သည်အထိ
ဆွဲဖြဲပစ်ကာအကုန် လုံးချေခဲ့ပီး
နောက် အိမ်ကြီးဘက်သို့ပြေးသွားခဲ့သည်။
အချိန်ကိုက်စွာဝင်လာသောကားအနက်ရောင်
ကြီးနဲ့အတူ ကားတံခါးဖွင့်ကာဆင်းလာ
သော Jimin အဖေ ဆေးရုံအုပ်ကြီးအား
အိမ်ပေါက်ဝတွင် တန်းတန်းမတ်မတ်ကို
ဝင်တိုက်မိတော့သည်...။
မျက်လုံးတွေထဲပြာခနဲ..။
ဆေးရုံအုပ်ကြီးကတော့ ရုတ်တရက်
ကမူးရူးထိုးအိမ်ထဲပြေးဝင်လာသော
ကောင်လေး၏ဝင်တိုက်မှုကြောင့်
အနည်းငယ်လန့်သွားကာ Jiminက
ဝင်ထိန်းပေးခဲ့သည်။
Jungkook ကတော့ သူ့စိတ်နဲ့သူ
ဘယ်သူ့ကိုမှလည်းဂရုမစိုက်ခဲ့
တောက်လျှောက်အိမ်ပေါ်သို့ပြေးတက်သွား
ခဲ့သည်....။
Hannaနှင့် JeonJungMi ၏မျက်နှာများ
သည်အပြိုင်အဆိုင်ပျက်ယွင်းသွားကာ
ပြေးတက်သွားသောJungkook
အားလိုက်ကြည့်ပြီးနောက်
မျက်လုံးနှစ်စုံလုံးသည်သူ့ဆီသို့
စိတ်ပျက်စရာကောင်းစွာစူးစူးရဲရဲ
ရောက်ရှိလာတော့သည်။
"တောင်းပန်ပါတယ် အန်လ်ကယ်
ကလေးက ကျတော်နဲ့စိတ်အခန့်မသင့်
ဖြစ်သွားလို့ပါ....."
ခေါင်းပြုတ်မတတ်ငုံ့ကာတောင်းပန်
နေမိသည်။ဆေးရုံအုပ်ကြီးကတော့
ဘာမှထွေထွေထူးထူးမရှိသလို
SeokJin ပုခုံးတွေအားကိုင်ကာ
ရပါတယ်ဟု နွေးနွေးထွေးထွေးပြောရင်း
အိမ်ထဲဝင်သွားခဲ့သည်။
မနွေးထွေးသူက နောက်ကအေးစက်စက်
မျက်နှာပေးနှင့် ParkJimin....။
ဧည့်သည်တွေအားလုံးအိမ်ထဲဝင်သွားသော်
အခါ ဧည့်ဝတ်ကျေပွန်စွာ လ်ုအပ်တာထက်
ပိုပြီးဂရုစိုက်ကြသည်။
LeeHanna ကတော့ Jiminလက်ကို
မဖြုတ်တမ်းချိတ်ထားကာ
ခိုးခိုးခစ်ခစ်ရီမောနေခဲ့သည်။
"ကျမ အပေါ်လေးခဏတက်အုန်းမယ်..
ပြန်ဆင်းလာခဲ့ပါ့မယ်...."
Hannaသည် JeonJungMi ဘာလုပ်မယ်
ဆိုတာသိ၍ကြိတ်ပြုံးမိသည်။
သူမ ယောက္ခထီးအပေါ် မထီမဲ့မြင်ပြုသွား
သောJeonJungkook အား
အသဲယားကာချက်ချင်းထရိုက်ပစ်ချင်သော်
လည်း ကို နှင့် ကို့မိသားစုကရှိသေးသည်။
JeonJungMi ကတော့ ဧည့်သည်ပြန်သွားမည့်
အခ်ျန်ကိုတောင်စောင့်နိုင်ပုံမရပါ။
"မာမီ ဟိုကောင်လေးကို သွားဆုံးမတော့မှာ
ပြန်လာထဲက ဘာဆေးစားတွေမှား
လာလဲမသိဘူး Hannaတို့တအိမ်လုံးကို
မခန့်လေးစားနဲ့...."
Jimin သည်စားပွဲပေါ်ကျရေခွက်အား
ယူကာသောက်လိုက်သည်။
လုပ်အားပေးပြီးပြန်လာသောတညနေတွင်
ကောင်လေးကို သူ့အမေလာခေါ်သွားကြောင်း
သိလိုက်သော်အခါ ဟန်မဆောင်နိုင်
ဆူသေးလား မာန်သေးလားဟု
အဖွားရှေ့တွင်ပထမဆုံးအကြိမ်ရုပ်ပျက်ဆင်းပျက်
ဖြစ်ခဲ့သေးသည်။နောက်တရက်နှစ်ရက်နေပီး
နောက် ဆိုးလ်ကိုပြန်ရောက်တဲ့အခါ
Hannaသည် တချိန်လုံးအနားတွင်ရှိနေပြီး
ကောင်လေးကိုဘယ်လိုဆက်သွယ်ရမှန်း
သူမသိခဲ့။ MinYoongi ဆီမှ တခါတရံစကား
စပ်မိ၍နေကောင်းတယ် ဟူသော သတင်း
ကို ခက်ခဲစွာရသည်။
Hannaအိမ်ကို လာတွေ့၍ရသည်ဆိုပေမယ့်လည်း
Hannaနဲ့နှစ်ယောက်တွဲ အခြေအနေကို
ကောင်လေးကိုလည်းမမြင်စေလို...။
အပြင်ထွက်လာလို့ပြောဖို့ကလည်းဘယ်လိုမှ
အဆင်မပြေခဲ့ပါ။
အိမ်မှာညစာလာစားရန်ဖိတ်လာသောအခါ
သူမငြင်းမိတော့...မိဘတွေရှိနေခြင်းကြောင့်
Hannaလည်းအရမ်း အနေအထိုင်ကျပ်နိုင်
သည့်အပြုအမူမျိုးကိုလုပ်မည်မဟုတ်။
သို့သော် အိမ်ထဲစရောက်သည်နှင့်
ဒေါသထွက်လာသောလိပ်ပြာငယ်သည်
သူ့မျက်နှာကိုပင်မကြည့်နိုင်ဘဲ
ပြေးလွှားပျောက်ကွယ်သွားလေပြီ။
"ဆုံးမဖို့ထိမလိုတာကို ဒယ်ဒီလည်း
ဘာမှမှမဖြစ်တာ...."
"ကိုကတော့ အမြဲတမ်း အဲ့ကောင်
ဘက်ကပဲနော်..."
Hanna သည်ပြုံးယဲ့ယဲ့ဖြင့်သစ်သီး
တချို့အားယူကာခွံကျွေးလာသည်။
အရင်လိုစကားတွေတော့အရမ်းမများ
တော့...။သူလုပ်ချင်တာလုပ်နေရလျှင်
အဆင်ပြေသောမိန်းမမျိုးမလို့
ငြိမ်နေလိုက်တာအဆင်ပြေသည်။
အခန်းတံခါးဆောင့်ဖွင့်လိုက်သောအသံကြောင့်
ခုတင်ခြေရင်းတွင်ထိုင်နေရင်းမှလန့်ကာ
မတ်တပ်ထရပ်မိသညိအထိ...။
"မေမေ..."
"နင်...လာစမ်း...!!!"
မလာခဲ့ပါ အခန်းထောင့်အထိသူချက်ချင်းပြေး
ကပ်သွားတော့သည်။JeonJungMi သည်လည်း
ပြေးကပ်ရာနောက်သို့လိုက်ကာ
အရင်ဆုံးအရိုက်ခံလိုက်ရတာလက်မောင်းတဖက်။
"ငါနင့်ကိုဧည့်သည်တွေလာမယ်
အပေါ်မှာနေပါလို့ပြောမထားဘူးလား..."
"မမကြီး...ကျတော်လုပ်တာ ကျတော့်အပြစ်ပါ..."
အခန်းထဲဝရုန်းသုန်းကားပြေးဝင်လာသော
SeokJin သည်Jungkook ရှေ့တွင်
ဝင်ရပ်ကာ အပြေးအလွှားရှင်းပြသည်။
"ဖယ်စမ်း....နင်နဲ့ငါပီးရင်သပ်သပ်ရှင်းမယ်..."
"ကျတော် လုပ်တာ...ရိုက်ချင်ကျတော့်ကို
ရိုက်ပါ..."
"ငါဖယ် လို့ပြောနေတယ်နော် KimSeokJin..."
Seokjin အားတွန်းလွှတ်လိုကိကာနံရံထဲဝင်မတတ်
ကပ်ထားသောJungkook အားစူးစူးရဲရဲ
ကြည့်လျက်
"နင်ငါ့ကိုအရှက်ခွဲချင်တာလား
နင်စည်းကမ်းမရှိဝင်တိုက်သွားတာ
ဘယ်သူလဲ နင်သိလား...."
".........."
"နင်ပြန်လာထဲက အချိုးကပြေမလာတာ
အဲ့အဖွားကြီးဆီရောက်သွားရင်
အဲ့လိုပဲလေ...သိပ်တော့မထူးဆန်းပေမယ့်
အချိုးကိုပြန်ပြေအောင်လုပ်ပေးရမှာပေါ့..."
"Jungkook...တောင်းပန်ပါတယ်
နာအောင် မကျေနပ်လို့ တိုက်မိတာမဟုတ်ပါဘူး
JinHyungနဲ့ရန်ဖြစ်ပြီး...."
"နင်တို့အရှုပ်အယှက်တွေငါ့ကို
လာပြောမပြနဲ့..ငါ့ကိုမေးလာတော့မှာ
နင်ကဘယ်သူလဲ ဘာဖြစ်နေတာလဲ
လူတစ်ယောက်လုံးကိုဝင်တိုက်ပီး
အရိုင်းအစိုင်းအချိုးချိုးသွားတာ
ဘယ်သူကမှစိတ်မဝင်စားဘဲမရှိဘူး
ငါနင့်ကို သူတို့လက်ထပ်မပီးမချင်း
မျက်စိရှေ့တွေကိုမပေါ်လာပါနဲ့ဆိုတာ
ကို လူလိုပြောလို့မရဘူး...."
နံရံကပ်နေသောJungkook လက်တွေအား
အကြမ်းပတမ်းဆွဲကာရေချိုးခန်းဆီသို့
ဦးတည်သွားတာကြောင့်SeokJin
ကအပြင်းအထန်တားခဲ့သည်။
"နင်ထပ်ကာဆီး ကာဆီးလုပ်ရင်
ပိုဆိုးမှာနော်...ဒီကိစ္စတခုထဲမဟုတ်ဘူး
သူပြန်လာထဲက မပြေနေတဲ့အချိုးကို
ချိုးပေးမလို့...နောက်တစ်ခါအဲ့ဒီအဖွား
ကြီးဆီထပ်သွားပီးအားကိုးရှာကြည့်
ငါ့အကြောင်းကိုကောင်းကောင်းသိမယ်..."
"မေမေ...မလုပ်ပါနဲ့....ထပ်ဝင်မတိုက်တော့ပါဘူး"
ရေချိုးခန်းထဲတွန်းထည့်လိုက်တာကြောင့်
အခန်းကျဉ်းတွေကိုမုန်းလှသောJungkook
၏အသံသေးသေးလေးများသည်
ပလုံစီစွာထွက်ပေါ်လာခဲ့သည်။
"မမကြီး...!!!"
တံခါးပိတ်ချလိုက်ကာLockချလိုက်ပြီ
ဖြစ်တာကြောင့်SeokJin သည်ဘာလုပ်ရမှန်း
မသိတော့။
"ထပ်ဆင်းလာအုန်းမလား....
နောက်ထပ် ထပ်ပေါ်လာအုန်းမလား...
Parkမိသားစုရှေ့ နင်ဝင်ရှုပ်နေအုန်းမှာလား..."
"ဟင့်အင်း ဟင့်အင်း...."
ရေချိုးခန်းထောင့်တွင်
ငုတ်တုတ်ထိုင်နေသောကောင်လေးသည်
ခေါင်းအတွင်တွင်ခါပြနေသည်။
"ဟိုအဖွားကြီးအိမ်ကအချိုးတွေ
ထပ်ချိုးအုန်းမှာလား..."
"ဟင့်အင်း...မချိုးတော့ပါဘူး..."
"နင်ဒီအခန်းမှာအမြဲတမ်းနေပျော်ခဲ့တယ်
မလား...ဒီမှာပဲနေပါ..လူတောထဲတိုးဝင်
လာဖို့လုံးဝမစဉ်းစားနဲ့ JeonJungkook.."
"အင်း...အင်း...."
"ငါထွက်လာဆိုမှထွက်လာ..အသံတစက်မှ
မကြားချင်ဘူး....ငိုလည်းမငိုနဲ့
အော်လည်းအော်ခေါ်မနေနဲ့...ကြားလား"
ခေါင်းညိတ်ပြသူသည်တကိုယ်လုံး
တုန်ရီနေလျက်။အရင်ကဆိုတုတ်တချောင်း
ဖြင့်ကြုံရာရိုက်တတ်တာကြောင့်ရေခ်ျူးခန်းထဲ
ဝင်ရလျှင်သူသေမတတ်ကြောက်ခဲ့သည်။
ကံကောင်းသည်ဟုဆိုနိုင်ကာရိုက်တော့မရိုက်ဘဲ
အခန်းတံခါးအားပိတ်ကာမေမေထွက်သွားခဲ့သည်။
SeokJin Hyungအသံလည်းမကြားရ.တော့။
အခန်းသည်အေးစိမ့်လာခဲ့သည်။
"ကို...ထမင်းစားလို့အဆင်ပြေရဲ့လား..."
"ပြေပါတယ်....Hannaအိမ်ကဟင်းချက်
ကောင်းပီးသားပဲဟာ...."
အဆင်ပြေပြေရှိနေသောJimin နှင့်Hanna
အားလူကြီးများကကြည့်နေကာသဘောကျ၍
မဆုံး။ အပေါ်ထပ်ကကောင်လေးအား
ဘာဖြစ်တာလဲပြေးမေးလိုက်ချင်သော်လည်း
လက်ရှိအခြေအနေကိုလည်းရုန်း၍မရပါ။
ရွာကပြန်လာပီးထဲက ပျောက်နေသောလမ်းတွေ
သည် ဘာဆက်လုပ်ရမလဲကိုသူအကောင်းဆုံး
ရှာမတွေ့သေး။
သို့သော် အကောင်းဆုံးဖြေရှင်းနိုင်မည်ဟု
ကိုယ့်ကိုကိုယ်ယုံကြည်တာကြောင့်
လက်ရှိတွင်တော့ Hannaနဲ့အတူညစာ
စားရင်းပြုံးနေပေးခဲ့သည်။
ရွာမှာနေသောတလျှောက်လုံးJungkook နဲ့
ဖြစ်ပျက်သမျှအကုန်လုံးအားဝန်ခံကာ
ပြသနာကြီးတခုကို အစချီလိုက်ဖို့သူ
မစဉ်းမိသေး...။ချက်ချင်းHannaကိုဖယ်ကာ
Jungkook လက်ကိုကောက်ဆွဲလိုက်ဖို့ကို
လည်းအမှန်အတိုင်းဆိုသူသတ္တိမရှိခဲ့ပါ။
Jungkook ကခုတောင် မျက်နှာကိုတချက်မှ
မကြည့်ဘဲ မသိသလိုထွက်သွားခဲ့တာ
ရွာမှာပတ်သတ်ခဲ့သမျှအားမေ့ပစ်လိုက်ပီလား
တောင်မခန့်မှန်းနိုင်...။ပုံမှန်မဟုတ်သော
JungKook ၏စိတ်အခြေအနေသည်
သူရဲရဲတင်းရှေ့ဆက်လှမ်းဖို့ အဟန့်အတားတခု
ဖြစ်ခဲ့ပါသည်။
အချိန်နည်းနည်းယူကာခေါင်းအေးအေးဖြင့်
စဉ်းစားရန်လိုအပ်ပါသည်။
သူအမှားအကြီးကြီးကိုသွေးအေးအေးနဲ့ပင်
လွတ်လွတ်လပ်လပ်ကျူးလွန်ခဲ့ပြီးပြီ....။
ထို့ကြောင့်သေသေသပ်သပ်
ဖြေရှင်းနိုင်ရန်လည်းလိုအပ်ပါသည်။
"အဒေါ် ဒီအိမ်ကသော့တွေအကုန်သိမ်းထား
ပြီး ဒီသော့ကျမှမသိတော့ဘူးလား
ဟိုမှာကလေးက ဘာဖြစ်နေပီလဲမသိဘူး
မြန်မြန်ရှာပေး သော့အပိုကို..."
တိုးကြိတ်တိုးကြိတ်SeokJin Hyungအသံအား
လက်ဆေးရင်းကြားလိုက်ရတာကြောင့်
ငြိမ်ကာနားထောင်နေလိုက်မိသည်။
"သိတော့သိပါတယ် ဒါပေမယ့်ရောနေလို့ပါ
ရှာနေပါတယ်..ခဏလေးပါ..."
"မြန်မြန်ရှာပါ..Kookie ကတစ်ယောက်ထဲဗျ..."
Kookie ဆိုသောအမည်နာမအောက်သူ
SeokJin Hyungရှိရာသို့သူရောက်သွားခဲ့ပြီ။
"Hyung...JungKookဘာဖြစ်လို့လဲ..."
"ဘာမှမဖြစ်ဘူး..."
"တခုခုဖြစ်နေပါတယ်..."
JinHyungသည်ဆူပူနေရာမှသူ့ဘက်ကို
လှည့်လာပြီး ဒေါသမျက်လုံးများဖြင့်
စူးရဲစွာကြည့်သည်။
"ငါအတန်တန်တားတယ်မင်းကို..
ကလေးကို မကစားပါနဲ့လို့
မင်းလိုလူကောင်းမဟုတ်ပါဘူးလို့
ငါ့စကားကိုတစ်သက်လုံးနားထောင်လာ
တဲ့ကလေးက စကားတလုံးမှတောင်
ခေါင်းထဲမဝင်တော့ဘူး
မင်းကတော့မင်းလုပ်ချင်ရာလုပ်ပီး
မင်းမိန်းမနဲ့ ညစာစားနိုင်သေးတယ်...."
"ခုဘာဖြစ်တာလဲဆိုတာသာပြောစမ်းပါဗျာ"
"အစ်ကိုလေး သော့တွေ့ပီ..."
JinHyungသည်သော့တွေ့ပြီဆိုတာနှင့်
ယူကာအပေါ်ထပ်သို့ပြေးတက်သွား
ခဲ့သည်။ခြေလှမ်းတွေသည်အလိုလိုလိုက်ပါ
ခဲ့ပြီးသား...။အရင်ကမဆိုင်ပါဘူးလေ
လို့မျက်နှာခဏခဏလွှဲပေမယ့်
ခုက ဆိုင်နေခဲ့ပြီးပြီလေ..။
JinHyungထက်တောင်သူကပိုတာဝန်ရှိ
သွားပြီမလား...။
ရေချိုးခန်းတံခါးအားသော့ထိုးကာ
ဖွင့်နေခဲ့သော်လည်းမရခဲ့ပါ...။
"ဒီထဲမှာလား သူဒီထဲရောက်နေတာလား..."
"အေး....မင်းနဲ့မပတ်သတ်ဖို့ပြောရင်း
ငါနဲ့ရန်ဖြစ်ပီး ဒီထဲရောက်တာပဲ...."
လောနေပုံရသောJinHyungသည်အောင်မြင်
မှာမဟုတ်။သူသော့အားပြောင်းယူကာ
ဖွင့်သော်လည်းမရခဲ့။
"မြန်မြန်လုပ်အသံမထွက်တော့ဘူး
သူအကြောက်လွန်ရင်သတိပါလစ်တယ်..."
"မရဘူး..သော့အစစ်ကဘယ်မှာလဲ...
ဘယ်မှာလဲကျတော့်ကိုပြော..."
"မင်းယောက္ခမဆီမှာ..."
Jimin သည်ချက်ချင်းဆိုသလိုပြေးသွား
တာကြောင့်SeokJinဆွဲထားလိုက်သည်။
"မဖြစ်ဘူး မင်းသွားတောင်းရင်
ပိုဆိုးလိမ့်မယ်...ငါကြိုးစားကြည့်ပါ့မယ်..."
"ဘယ်လိုဆိုဆိုလေ ဒီလိုပိတ်ထားစရာလား.."
"ဒါတွေကရိုးအီနေပီ...မင်းဒီမှာခဏလေး
စောင့် ငါကြိုးစားကြည့်မယ်..
အသံလုံးဝမထွက်တော့ဘူးဆိုရင်တော့
သူပေးမှာပါ..."
JinHyungသည်သော့ယူရန်ပြေးဆင်းသွား
ခဲ့သည်။ဒါဘယ်လိုအပြုအမူတွေလဲ။
အခန်းပိတ်အပြစ်ပေးရမယ့်အရွယ်လည်း
မဟုတ်ဘဲဒေါသသည်အုံအုံကြွကြွဖြစ်လာသည်။
JeonJungMiက ဘယ်လိုCharacter မျိုးလဲ။
သော့အားအားမလျှော့ဘဲထပ်ထပ်ဖွင့်ကာ
မမျှော်လင့်ဘဲ Lockပွင့်သွားတာကြောင့်
ရင်ထဲဒိန်းခနဲ....။
ပွင့်သွားတာလား....။အခန်းတံခါးအားခပ်ဖြေးဖြေး
ဖွင့်ကာခြေလှမ်းတလှမ်းလှမ်းလိုက်သော
အခ်ျန်တွင် အခန်းထောင့်တွင်ထိုင်နေသော
ကောင်လေး။သူဝင်လာသောအခါ
ဖျက်ခနဲကြည့်လာသည်...။
ငိုလည်းငိုမနေပါ...ကံကောင်းစွာသတိလည်း
လစ်မနေသော်လည်း နူတ်ခမ်းတွေပြာနေခဲ့သည်။
အားရဝမ်းသာပြေးလာမယ်ထင်သော်လည်း
တဖက်သို့ပြန်လှည့်သွားတာကြောင့်
သူထိုနေရာသို့အမြန်ဆုံးပြေးသွားလိုက်သည်။
"ကောင်လေး..."
ကောင်လေးဆိုသောအသံလွင်လွင်ကြောင့်
လှည့်သွားသောမျက်နှာလေးသည်ချက်ချင်း
ပြန်လှည့်လာခဲ့သည်။Jimin ပဲ...
မေမေကသူမလာမချင်းမလှုပ်ရဘူး
အသံမထွက်ရဘူးဆိုလို့ မေမေမဟုတ်သော
ဘယ်သူကိုမဆို မသိသလိုနေရမည်
ဆိုသောစိတ်ကြောင့်ပန်းကလေးကိုပင်
မေ့သည်အထိ။
နူတ်ကစကားတွေမပြောလာနိုင်...
သူ့မျက်နှာအားတုန်လှုပ်စွာကြည့်ရင်း
မျက်ရည်ပေါက်တွေကျလာသော
ကောင်လေးသည် တကိုယ်လုံးအေးစက်စွာ
တုန်ရီနေခဲ့သည်။
"အဆင်ပြေသွားပြီ...အဆင်ပြေသွားပါပီ
ထပါအုန်း....အပြင်ထွက်ကြမယ်နော်..."
ခေါင်းခါပြပုံသည် သူလုံးဝမထွက်ရဲသည့်ပုံ။
"ရတယ်...ကိုယ်ရှိတယ်..မင်းထွက်လို့ရပါတယ်
ကိုယ့်ကိုယုံ...နူတ်ခမ်းတွေပြာနေပီ
လာပါ..."
စကားပြောရန်သူအသက်ရှုလမ်းကြောင်း
တွေကျပ်နေတာကြောင့် ခက်ခဲစွာ
ပြောချင်တာတွေထွက်မလာနိုင်ခဲ့။
မျက်လုံးဝိုင်းတွေနဲ့သာစကားတွေအများကြီး
ပြောခဲ့သည်။
"သိတယ်..ကိုယ်သိတယ်...
ဘာမှမဖြစ်ဘူး...လာကိုယ်တွဲပေးမယ်
လိမ်မာပါတယ် ကောင်လေးက..."
ပြေးလာသောခြေသံတွေနှင့်အတူ
ရောက်လာခဲ့တာက သူ့ဖေဖေနှင့်မေမေက
လွဲပြီး ကျန်တဲ့သူအားလုံးပါခဲ့သည်။
"အန်တီမေ့သွားခဲ့တာ..သားအဆင်ပြေရဲ့လား..
SeokJin သားကိုချီပီးအိပ်ယာပေါ်တင်ပေး
ပေးပါ..."
အတင်းရေချိုးခန်းထဲဝင်ကာJungkook
နှင့်သူ့ကြားဝင်လိုက်သောJeonJungMi
သည်စိုးရိမ်ပူပန်သံအပြည့်။
SeokJin Hyungသည်Jungkook အား
ချီကာအိပ်ယာပေါ်သို့ချက်ချင်း
တင်လိုက်သည်။
ကောင်လေးသည်စကားမပြောနိုင်သေးပါ။
"ကျတော်စစ်ဆေးရမှာမလို့
အကုန်အပြင်ထွက်ပေးပါ
သူ့အဝတ်အစားတွေပါချွတ်ရင်ချွတ်ရနိုင်တာမို့"
ဆရာဝန်တစ်ယောက်လိုလေသံဖြင့်
ဘယ်သူမှအကြောင်းပြချက်တစုံတရာ
မပေးနိုင်ရန်ပြောလိုက်သည့်အချိန်တွင်
Hannaအား အတင်းအကျပ်ခေါ်သွားသံ
တို့ကိုကြားလိုက်ရသည်။
အခန်းတံခါးပိတ်လိုက်ကာအိပ်ယာပေါ်
ထိုင်လိုက်ပြီး လုပ်သင့်သောကုသ
မှုတွေအားလုပ်ပေးပြီးနောက်
သောက်နေကျဆေးဗူးထဲကဆေးများ
အားချော့မော့တိုက်ကာခပ်ဖွဖွလေး
ဖက်ထားလိုက်တော့သူအသက်ရှူ
မှန်လာခဲ့ပါသည်။
"အားကြီးလိုက်တာ ချက်ချင်းသက်သာလာ
တာပဲ ဒီလိပ်ပြာသေးသေးလေးက..."
ပုခုံးပေါ်တကိုယ်လုံးမှီတွယ်ထားရင်း
ငြိမ်နေသူသည်မောနေ၍ဖြစ်သည်။
လက်ကလေးတွေကတော့အကျီတွေအား
ဆုပ်ကိုင်ထားကာလွတ်ထွက်သွားမှာ
စိုးနေပုံ။
"သတ္တိအများကြီးရှိတာပဲ..တော်လိုက်တာ..."
ငိုနေပြန်သည်...။ပုခုံးပေါ်ကမျက်ရည်စက်တွေကို
သူခံစား၍ရသည်။
"မငိုရဘူးလေ..အားကြီးတဲ့သူတွေက
တံခါးလေးပိတ်သွားတာကိုဝမ်းနည်း
ပီးငိုရမှာမဟုတ်ဘူး တံခါးဖျက်ပီးထွက်နိုင်ရမယ်..
ကိုယ့်ကိုကြည့်ပါအုန်း...."
မျက်နှာချင်းဆိုင်အနေအထားတွင်
မျက်တောင်ရှည်တွေမှာကပ်ကငြိနေသော
မျက်ရည်စက်တို့ကိုဖွဖွလေးသုတ်ပေးလိုက်သည်။
မျက်ရည်စတွေကုန်စင်လာသော်အခါ
ပြုံးပြလာသောကောင်လေး...။
အသဲယားစွာယုန်သွားလေးနှစ်ချောင်းကို
အသားပေးရင်းထူးထူးဆန်းဆန်းချစ်စရာ
ပြုံးနည်းပြုံးဟန်သည် ဒီကမ္ဘာမှာသူတစ်ယောက်
ပင်ရှိလိမ့်မည်။ထိုအပြုံးတွေအား
သဘောတကျပင်ငေးစိုက်နေရင်း
ရုတ်တရက် ဆွဲကပ်ခံလိုက်ရသော
နူတ်ခမ်းတွေ သူထပ်မောမှာစိုး၍
မနာအောင်တွန်းဖယ်သော်လည်းမရခဲ့။
အိပ်ယာပေါ်တွန်းလှဲချကာ
မျက်နှာတခုလုံးနေရလပ်မရှိအောင်
နမ်းရင်းနမ်းရင်း တား၍တောင်မဆုံးသေး
မောကာ ရင်ဘက်ပေါ်မှောက်ကျသွား
တော့သည်။
"နေမကောင်းနေတဲ့ဟာကို...မင်းဟာလေ..."
"ရေ.....Jimin...."
ရင်ဘက်ပေါ်မှောက်ကျနေသော
ကောင်လေးအားဆွဲထူကာ
ရေတိုက်ရပြန်သည်။
ဘာလို့မဆင်မခြင်ထလုပ်ရတာလဲဟု
မအော်ရက်ခဲ့။အထူးစိတ်ရှည်လျက်ရှိပါသည်။
"ဒီလိုအခြေအနေမှာ လှုပ်ရင်တောင်
မောနေတာကို လုပ်စရာလား
ငြိမ်ငြိမ်လေးနေမှပေါ့...."
"စောင့်နေတာ ရွာကပြန်လာထဲက
Jimin...JungKookကို
ဆိုးလ်ပြန်ရောက်သွားလို့
မေ့သွားခဲ့ပြီထင်နေတာ...
နမ်းချင်နေတာ အရမ်းကြာနေပီ..."
"ဒါဆိုငြိမ်ငြိမ်လေးနေ..ကိုယ်နမ်းပေးမယ်..."
"ဟုတ်...."
နှဖူးဆံစမှတရွေ့ရွေ့ထိတွေ့လာသော
နူတ်ခမ်းထူထူတွေသည်မျက်ခုံးတန်းတွေ..
ထို့နောက်ငိုထားသောမျက်ခွံ့အိအိလေးတွေ
နောက်ပီးနှာခေါင်းလုံးလုံးလေး...
ဖြူလွန်းတာကြောင့်သွေးကြောလေးတွေ
အမြဲယှက်နေသောပါးလေးနှစ်ဖက်
နူတ်ခမ်းအောက်က မဲ့နက်လေးအထိ
နူးနူးညံ့ညံ့နမ်းခဲ့သည်...။
နူတ်ခမ်းပါးလေးထိရုံထိကပ်ကာ
ခွါသွားတော့ လှုပ်လှုပ်ခတ်ခတ်ကျန်ခဲ့မှု
လေးသည် JeonJungKook၏
အလှဆုံးအတောင်ပံတွေဖြစ်သည်။
"တော်ပီလား...."
"တော်ပီလေ...မင်းမှနေမကောင်းတာ.."
"ဆေးထပ်သောက်မယ်လေ..."
"တန်ဆေးလွန်ဘေးလေ ကောင်လေးရာ..."
"Jimin...ကလည်း...."
"နားတော့ ကိုယ်သွားတော့မယ်...
ဆရာဝန်က တံခါးပိတ်ပီးအကြာကြီး
ကုနေလို့ မဖြစ်ဘူး...."
"Jimin....."
အိပ်ယာပေါ်မှဆင်းမည်ပြင်တော့
လက်ဖဝါးအားဆွဲထားသောကောင်လေး
သည်တခုခုထပ်ပြောချင်နေသည်။
"အင်း..."
"အိမ်ကိုခဏခဏလာပါ...
Jimin နဲ့Hannaကို Jungkook
မနှောက်ယှက်ပါဘူး...."
"ကိုယ့်ကိုအခ်ျန်ခဏလေးပေးပါ...
အခြေအနေတွေကချက်ချင်း
ပြောင်းလဲပစ်ဖို့အဆင်မပြေလို့ပါ..
Jungkook နားလည်ပေးမယ်မလား..."
"ခဏလေးမဟုတ်ဘူး..
များများယူလည်းရပါတယ်...
တခုပဲ...."
"အင်း...."
"နမ်းတော့မနမ်းပါနဲ့...
ကျတော် Jiminနူတ်ခမ်းတွေကို
တစ်ယောက်ထဲပိုင်ချင်တယ်...
ပီး..ပီးတော့...အချိန်တွေယူပီးတဲ့အခါတော့
ကျတော့်ကိုဆီကိုပဲလာပါ...."
ကိုယ်ကသာအမှားတွေတောက်လျှောက်
လုပ်ပီးဘာလုပ်ရမှန်းမသိဖြစ်နေပေမယ့်
ကောင်လေးကတော့ သဘာဝကျသော
လမ်းကြောင်းလေးချထားနိုင်ပါသည်။
အချိန်ယူပါ ဖြေရှင်းပါ ရွေးချယ်ပါ
ပီးရင်တော့ သူ့ဆီကိုလာပါ...
သူစောင့်ပေးပါ့မယ်..
သဝန်တိုစွာ မနမ်းပါနဲ့ လို့ပိတ်ပင်ခဲ့ရုံလေး။
စိတ်မမှန်နေတာ သူလား
ကိုယ်လားဟုသာပြန်မေးလိုက်ချင်သည်။
ကလေးဆန်စွာသူနှင့်Hannaကိုများ
တွေ့ခဲ့လျှင်ဝုန်းဒိုင်းကျဲမည်ထင်ခဲ့သော်
လည်း လိပ်ပြာငယ်က ခန့်မှန်းရသိပ်ခက်လွန်းပါသည်။
"ဖေဖေကပြောတယ်...
ချစ်ရင် ခက်ခဲအောင်မလုပ်ရဘူးတဲ့....
အဲ့တာမချစ်တာနဲ့အတူတူပဲတဲ့..."
"ကိုယ်မင်းဆီကိုပဲလာမှာပါ...."
"ကတိပေးမလား.."
"Promise ..."
စိတ်ကျေနပ်သွားပုံရသောကောင်လေးသည်
အိပ်ယာပေါ်သို့ပြန်လှဲသွားသည်။
စောင်သေသေချာချာခြုံပေးလိုက်ကာ
တချက်စစ်ဆေးပြီးအခန်းပြင်ထွက်လာလိုက်သည်။
ဘယ်လိုတံခါးပိတ်ဆေးကုနည်းလည်း
လို့မေးချင်နေသောပါးစပ်လေးတွေလည်း
အပြစ်ကိုယ်စီနဲ့မို့ သူ့ကိုမမေးရဲကြ။
Hannaကတော့ ပေါက်ကွဲထွက်တော့မည့်
ဗုံးတလုံးလို....။မသိချင်ယောင်သာဆောင်
နေလိုက်သည်။
မနက်ဖြန်တော့ဒီကိစ္စနဲ့ပတ်သတ်ပီး
စကားပြောရန်လိုပြီ။
လိုအပ်တာလေးတွေရှိရင်တောင်းပန်ပါတယ်။🙏
ဂရုစိုက်ကြပါ။
"
Continue Reading
You'll Also Like
2.2M 146K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
91.7K 9.7K 7
"ရူးလိုက်ချင်စရာကတော့သည်းသည်းမဲမဲ မိုးရေတွေထဲက ...အချစ်လိပ်ပြာငယ်လေးတွေပဲ"
1M 53.1K 46
724K 62.9K 32
Baby's Breath ပန်းအကြောင်းတွေကိုကိုပြောပြမယ်