Zawgyi
{ အိမ္ျပန္ေရာက္ရင္ ရွင္းျပမယ္ - ၂ }
ရီခ်င္းသည္ ရီက်န္းရဲ့လက္ကို ကိုင္ထားရင္း စကားဆိုလာေလ၏။
" အေဖနဲ႔အေမက အဲ့ေန့က ကိစၥနဲ႔ပတ္သက္ၿပီး ငါ့ကို ေတာ္ေတာ္ေလး ဆူခဲ့ၿပီးပါၿပီ။ အရင္တုန္းက ငါလုပ္ခဲ့မိတာေတြအတြက္ ငါ့ကိုယ္ငါလည္း စိတ္ပ်က္မိတယ္။ အေဖနဲ႔အေမကလည္း သူတို႔ လုပ္ခဲ့တာေတြကို ေနာင္တရၿပီး ဝမ္းနည္းေနတုန္းပဲ။ နင္လည္ သိတဲ့အတိုင္း အေဖနဲ႔အေမလည္း အသက္ကရလာေတာ့ က်န္းမာေရးက သိပ္မေကာင္းခ်င္ေတာ့ဘူးဟာ။ နင္အခ်ိန္ရတဲ့ေန့ အိမ္ကို လာလည္ပါအံုးေနာ္။ "
ဘာပဲျဖစ္ျဖစ္ ရီက်န္းဟာ အတိတ္က ကိစၥေတြကို စိတ္ထဲမထားေခ်။ ေနာက္ဆံုးမွာ ထိခိုက္ခဲ့တာက သူမ မဟုတ္ဘူးေလ။
ဒါေပမယ့္ သူမဟာ ရီမိသားစုကို လြယ္လြယ္နဲ႔ ခြင့္လႊတ္ေပးလိုက္မည္ေတာ့ မဟုတ္ေပ။ ထိုသို႔လြယ္လြယ္ခြင့္လႊတ္ေပးလိုက္ပါက မူလရီက်န္းအတြက္ မတရားသလိုျဖစ္သြားႏိုင္သည္ေလ။ သူမဟာ မူလရီက်န္းရဲ့ခႏၶာကိုယ္ကို ဝင္ထားရေသာ္လည္း ရီမိသာစုကို ခြင့္လႊတ္ျခင္း မခြင့္လႊတ္ျခင္းကို သူမက ဆံုးျဖတ္မည္ မဟုတ္ေပ။
သူမသည္ ရီခ်င္းရဲ့လက္ကို ဖယ္လိုက္ၿပီး စားပြဲေပၚမွာ သူမရဲ့ေဖ်ာ္ရည္ကိုသာ လွမ္းယူလိုက္ေလေတာ့တယ္။
~~~~~~~
လူတိုင္းသည္ သူမဆီသို႔ လာစကားေျပာလိုက္ ျပန္ထြက္သြားလိုက္လုပ္ေနၾကဆဲျဖစ္၏။ ခန္းမထဲ၌ လူတိုင္းရဲ့စကားသံႏွင့္ ရယ္ေမာသံတို႔ျဖင့္သာ ျပည့္ႏွက္လို႔ေနေပတယ္။ အရာရာတိုင္းဟာလည္း မ်က္စိက်န္းေလာက္ေအာင္ ေတာက္ပလို႔ေနေလသည္။ တိုင္း၏လက္တြင္ ဝိုင္နီခြက္တို႔ကို ကိုင္ထားၾကၿပီး တစ္ေယာက္ႏွင့္ တစ္ေယာက္ စကားဖလွယ္လို႔ေနၾကေပတယ္။
အေဖရီသည္ သူ႔ေမြးေန့ပြဲသို႔ ေအာင္ျမင္တဲ့စီးပြားေရးလုပ္ငန္းရွင္မ်ားအျပင္ သူ႔လုပ္ေဖာ္ကိုင္ဖက္မ်ားကိုလည္း ဖိတ္ထား၏။ ဒါတင္မကေသး သူႏွင့္ေဆြမ်ိဳးနီးစပ္ေတာ္သူမ်ားႏွင့္ သူငယ္ခ်င္းမိတ္ေဆြတို႔ကိုပါ ဖိတ္ထားေသးသည္။
အေမရီရဲ့ဝမ္းကြဲျဖစ္တဲ့ ရွန္းရႈသည္ဟာ ရီမိသားစုနဲ႔ အေတာ္ေလးနီးစပ္တာေၾကာင့္ အေမရီသည္ သူ႔ေယာက်္ားေမြးေန့ပြဲအတြက္ ရွန္းရႈကို ပထမဆံုးဖိတ္ၾကားခဲ့ေပ၏။
ခန္းမထဲေရာက္သည့္ႏွင့္ ရွန္းရႈရဲ့အၾကည့္တို႔ဟာ ရီက်န္းဆီ၌ ရစ္ဝဲလို႔ေနခဲ့ေလတယ္။ သူမသည္ ရီက်န္းနားမွ လုေပရႊမ္းထြက္သြားတာနဲ႔ သူမရဲ့သမီးကို ရီက်န္းဆီ ေခၚသြားဖို႔ စဥ္းစားထားေပသည္။
" ေမေမ... သမီး သူ႔ဆီ မသြားခ်င္ဘူး "
ရွန္းရႈဟာ အလားအလာကင္းမဲ့ေနေသာသမီးျဖစ္သူကို မေက်မခ်မ္းၾကည့္လိုက္ကာ အံ့ႀကိတ္လိုက္ၿပီး " ဟဲ့ အရူးမ နင္ သူ႔ဆီမသြားရင္ သူနဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရး ဘယ္လိုလိုရိွလာမွာလဲ။ အခု သူက မစၥလုျဖစ္ေနၿပီ။ သူက သာမန္မိတ္ဆက္ေပးတဲ့ေယာက်္ားတစ္ေယာက္ကေတာင္ နင့္ေဘးက ေယာက်္ားေတြထက္ အဆေပါင္းမ်ားစြာ သာတယ္ဟဲ့ "
" သမီးနားက ေယာက်္ားေတြက ဘာျဖစ္လို႔လဲ။ သူတို႔ေတြက မဆိုးပါဘူး ေမေမရဲ့ "
" ဘာကို မဆိုးတာလဲ။ နင့္ေဘကေယာက်္ားေတြက ငမြဲေတြႀကီးပဲ။ အိမ္ေကာင္းေကာင္းတစ္လံုးေတာင္ မဝယ္ႏိုင္တဲ့ဟာေတြ "
သူမသမီးရဲ့စိတ္မပါတဲ့ပံုစံေၾကာင့္ ရွန္းရႈဟာ သမီးျဖစ္သူရဲ့ေခါင္းမာမႈကို စိတ္ပ်က္မိေသာ္လည္း ခ်ိဳသာစြာ ေဖ်ာင္းဖ်ဖို႔ ႀကိဳးစား၏။ " ဝမ္ဝမ္၊ သမီး အသက္ႀကီးလာရင္ ေယာက်္ားေကာင္းေကာင္းတစ္ေယာက္ ရထားတာရဲ့ကံေကာင္းမႈကို နားလည္လာလိမ့္မယ္။ သမီးရဲ့ဝမ္းကြဲကိုပဲၾကည့္ လုေပရႊမ္းနဲ႔လက္ထပ္ၿပီးေတာ့ အခုဘယ္ေလာက္ေပ်ာ္ေနလိုက္လဲ "
ငယ္ရြယ္ေသးေသာခ်န္းဝမ္ဟာ သူမမိခင္ရဲ့စကားကို လက္မခံဘဲ " အို အေမက ဘာလို႔ ရီက်န္းေပ်ာ္ေနတယ္လို႔ ထင္ရတာလဲ။ သူက ေယာက်္ားလုပ္စားထိုင္ျဖဳန္းေနတဲ့မိန္းမပဲဟာ ရွက္စရာႀကီး "
" အေမေျပာတာ အမွန္ေတြပဲ။ သမီးရဲ့ဝမ္းကြဲကို ၾကည့္လိုက္စမ္းပါ။ ဘယ္ေလာက္ေပ်ာ္ေနလိုက္လဲ။ ေပ်ာ္ေန စိတ္ခ်မ္းသာေနတာက ရွက္ဖို႔ေကာင္းလို႔လား။ ရီက်န္းက အခု ဇိမ္ခံပစၥည္းနဲ႔ ေငြပံုႀကီးေပၚမွာ ထိုင္ေနရၿပီေလ " ထိုသို႔ေျပာကာ အေဝးမွ ရီက်န္းကို လွမ္းၾကည့္ရင္း သက္ျပင္းခ်လိုက္ေပတယ္။
" ရီက်န္းရဲ့အေမ၊ ငါ့ဝမ္းကြဲက ရီက်န္းကို ေကာင္းေကာင္းဆက္ဆံခဲ့သင့္တာ။ သူသာ ပိုၿပီး ေကာင္းေကာင္းမြန္မြန္ဆက္ဆံခဲ့ရင္ ဒီထက္ေတာင္ ပိုခ်မ္းသာေနေလာက္ၿပီ "
ထိုစကားေၾကာင့္ ခ်န္းဝမ္သည္ " အေမက သူမ်ားကို အျပစ္ေျပာေနေသးတယ္။ အေမကေရာ ရီက်န္းကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံခဲ့ဖူးလို႔လား "
ထိုအခါ ရွန္းရႈဟာ သမီးျဖစ္သူရဲ့လက္ေမာင္းကို ဆြဲဆိတ္လိုက္ေခ်၏။
ေနာက္ဆံုးမွာေတာ့ ရွန္းရႈသည္ ခ်န္းဝမ္ကို ရီက်န္းဆီ ဆြဲေခၚလာခဲ့ေလသည္။
ရီက်န္းဆီသို႔ေရာက္တဲ့အခါ မ်က္ႏွာခ်င္းဆိုင္ေနရာတြင္ ဝင္ထိုင္လိုက္ၿပီး ေနြးေထြးစြာ ၿပံဳးျပလိုက္၏။
" က်န္းက်န္း၊ အန္တီ့ကို မွတ္မိလား။ သမီးအေမရဲ့ဝမ္းကြဲ ရွန္းရႈေလ။ အန္တီတို႔ မေတြ့ရတာေတာင္ ေတာ္ေတာ္ၾကာၿပီေနာ္ "
ရီက်န္းက ရွန္းရႈကို သိပ္မွတ္မိတာေပါ့။
မဂၤလာပြဲေန့တုန္းက ရီခ်င္းဘက္ကေန ဝင္ေျပာေပးၿပီး သူမ(ရီက်န္း)ကို ႏိွပ္ကြပ္ခဲ့တဲ့အမ်ိဳးသမီးပဲေလ။
" ဟုတ္ မွတ္မိပါတယ္ "
" မဂၤလာပြဲေန့က ကိစၥေတြေၾကာင့္ အန္တီေလ သမီးနဲ႔စကားေတာင္ မေျပာျဖစ္လိုက္ဘူးကြယ္။ ဒါနဲ႔သမီးမွာ ကိုယ္ဝန္ရိွေနၿပီဆို။ ဂုဏ္ယူပါတယ္ကြယ္။ ကိုယ္ဝန္က တစ္လပဲရိွေသးေတာ့ ကိုယ္ဝန္ေဆာင္လကၡဏာေတြက သိပ္မျပင္းထန္ေသးဘူးမလား "
ရီက်န္းဟာ ေခါင္းတစ္ခ်က္ညိမ့္ျပရင္း
" ဟုတ္ အခုထိေတာ့ သိပ္မျပင္းထန္ေသးပါဘူး "
💙💙💙💙💙💙💙
Unicode
{ အိမ်ပြန်ရောက်ရင် ရှင်းပြမယ် - ၂ }
ရီချင်းသည် ရီကျန်းရဲ့လက်ကို ကိုင်ထားရင်း စကားဆိုလာလေ၏။
" အဖေနဲ့အမေက အဲ့နေ့က ကိစ္စနဲ့ပတ်သက်ပြီး ငါ့ကို တော်တော်လေး ဆူခဲ့ပြီးပါပြီ။ အရင်တုန်းက ငါလုပ်ခဲ့မိတာတွေအတွက် ငါ့ကိုယ်ငါလည်း စိတ်ပျက်မိတယ်။ အဖေနဲ့အမေကလည်း သူတို့ လုပ်ခဲ့တာတွေကို နောင်တရပြီး ဝမ်းနည်းနေတုန်းပဲ။ နင်လည် သိတဲ့အတိုင်း အဖေနဲ့အမေလည်း အသက်ကရလာတော့ ကျန်းမာရေးက သိပ်မကောင်းချင်တော့ဘူးဟာ။ နင်အချိန်ရတဲ့နေ့ အိမ်ကို လာလည်ပါအုံးနော်။ "
ဘာပဲဖြစ်ဖြစ် ရီကျန်းဟာ အတိတ်က ကိစ္စတွေကို စိတ်ထဲမထားချေ။ နောက်ဆုံးမှာ ထိခိုက်ခဲ့တာက သူမ မဟုတ်ဘူးလေ။
ဒါပေမယ့် သူမဟာ ရီမိသားစုကို လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးလိုက်မည်တော့ မဟုတ်ပေ။ ထိုသို့လွယ်လွယ်ခွင့်လွှတ်ပေးလိုက်ပါက မူလရီကျန်းအတွက် မတရားသလိုဖြစ်သွားနိုင်သည်လေ။ သူမဟာ မူလရီကျန်းရဲ့ခန္ဓာကိုယ်ကို ဝင်ထားရသော်လည်း ရီမိသာစုကို ခွင့်လွှတ်ခြင်း မခွင့်လွှတ်ခြင်းကို သူမက ဆုံးဖြတ်မည် မဟုတ်ပေ။
သူမသည် ရီချင်းရဲ့လက်ကို ဖယ်လိုက်ပြီး စားပွဲပေါ်မှာ သူမရဲ့ဖျော်ရည်ကိုသာ လှမ်းယူလိုက်လေတော့တယ်။
~~~~~~~
လူတိုင်းသည် သူမဆီသို့ လာစကားပြောလိုက် ပြန်ထွက်သွားလိုက်လုပ်နေကြဆဲဖြစ်၏။ ခန်းမထဲ၌ လူတိုင်းရဲ့စကားသံနှင့် ရယ်မောသံတို့ဖြင့်သာ ပြည့်နှက်လို့နေပေတယ်။ အရာရာတိုင်းဟာလည်း မျက်စိကျန်းလောက်အောင် တောက်ပလို့နေလေသည်။ တိုင်း၏လက်တွင် ဝိုင်နီခွက်တို့ကို ကိုင်ထားကြပြီး တစ်ယောက်နှင့် တစ်ယောက် စကားဖလှယ်လို့နေကြပေတယ်။
အဖေရီသည် သူ့မွေးနေ့ပွဲသို့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်များအပြင် သူ့လုပ်ဖော်ကိုင်ဖက်များကိုလည်း ဖိတ်ထား၏။ ဒါတင်မကသေး သူနှင့်ဆွေမျိုးနီးစပ်တော်သူများနှင့် သူငယ်ချင်းမိတ်ဆွေတို့ကိုပါ ဖိတ်ထားသေးသည်။
အမေရီရဲ့ဝမ်းကွဲဖြစ်တဲ့ ရှန်းရှုသည်ဟာ ရီမိသားစုနဲ့ အတော်လေးနီးစပ်တာကြောင့် အမေရီသည် သူ့ယောကျ်ားမွေးနေ့ပွဲအတွက် ရှန်းရှုကို ပထမဆုံးဖိတ်ကြားခဲ့ပေ၏။
ခန်းမထဲရောက်သည့်နှင့် ရှန်းရှုရဲ့အကြည့်တို့ဟာ ရီကျန်းဆီ၌ ရစ်ဝဲလို့နေခဲ့လေတယ်။ သူမသည် ရီကျန်းနားမှ လုပေရွှမ်းထွက်သွားတာနဲ့ သူမရဲ့သမီးကို ရီကျန်းဆီ ခေါ်သွားဖို့ စဥ်းစားထားပေသည်။
" မေမေ... သမီး သူ့ဆီ မသွားချင်ဘူး "
ရှန်းရှုဟာ အလားအလာကင်းမဲ့နေသောသမီးဖြစ်သူကို မကျေမချမ်းကြည့်လိုက်ကာ အံ့ကြိတ်လိုက်ပြီး " ဟဲ့ အရူးမ နင် သူ့ဆီမသွားရင် သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေး ဘယ်လိုလိုရှိလာမှာလဲ။ အခု သူက မစ္စလုဖြစ်နေပြီ။ သူက သာမန်မိတ်ဆက်ပေးတဲ့ယောကျ်ားတစ်ယောက်ကတောင် နင့်ဘေးက ယောကျ်ားတွေထက် အဆပေါင်းများစွာ သာတယ်ဟဲ့ "
" သမီးနားက ယောကျ်ားတွေက ဘာဖြစ်လို့လဲ။ သူတို့တွေက မဆိုးပါဘူး မေမေရဲ့ "
" ဘာကို မဆိုးတာလဲ။ နင့်ဘေကယောကျ်ားတွေက ငမွဲတွေကြီးပဲ။ အိမ်ကောင်းကောင်းတစ်လုံးတောင် မဝယ်နိုင်တဲ့ဟာတွေ "
သူမသမီးရဲ့စိတ်မပါတဲ့ပုံစံကြောင့် ရှန်းရှုဟာ သမီးဖြစ်သူရဲ့ခေါင်းမာမှုကို စိတ်ပျက်မိသော်လည်း ချိုသာစွာ ဖျောင်းဖျဖို့ ကြိုးစား၏။ " ဝမ်ဝမ်၊ သမီး အသက်ကြီးလာရင် ယောကျ်ားကောင်းကောင်းတစ်ယောက် ရထားတာရဲ့ကံကောင်းမှုကို နားလည်လာလိမ့်မယ်။ သမီးရဲ့ဝမ်းကွဲကိုပဲကြည့် လုပေရွှမ်းနဲ့လက်ထပ်ပြီးတော့ အခုဘယ်လောက်ပျော်နေလိုက်လဲ "
ငယ်ရွယ်သေးသောချန်းဝမ်ဟာ သူမမိခင်ရဲ့စကားကို လက်မခံဘဲ " အို အမေက ဘာလို့ ရီကျန်းပျော်နေတယ်လို့ ထင်ရတာလဲ။ သူက ယောကျ်ားလုပ်စားထိုင်ဖြုန်းနေတဲ့မိန်းမပဲဟာ ရှက်စရာကြီး "
" အမေပြောတာ အမှန်တွေပဲ။ သမီးရဲ့ဝမ်းကွဲကို ကြည့်လိုက်စမ်းပါ။ ဘယ်လောက်ပျော်နေလိုက်လဲ။ ပျော်နေ စိတ်ချမ်းသာနေတာက ရှက်ဖို့ကောင်းလို့လား။ ရီကျန်းက အခု ဇိမ်ခံပစ္စည်းနဲ့ ငွေပုံကြီးပေါ်မှာ ထိုင်နေရပြီလေ " ထိုသို့ပြောကာ အဝေးမှ ရီကျန်းကို လှမ်းကြည့်ရင်း သက်ပြင်းချလိုက်ပေတယ်။
" ရီကျန်းရဲ့အမေ၊ ငါ့ဝမ်းကွဲက ရီကျန်းကို ကောင်းကောင်းဆက်ဆံခဲ့သင့်တာ။ သူသာ ပိုပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ရင် ဒီထက်တောင် ပိုချမ်းသာနေလောက်ပြီ "
ထိုစကားကြောင့် ချန်းဝမ်သည် " အမေက သူများကို အပြစ်ပြောနေသေးတယ်။ အမေကရော ရီကျန်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ဖူးလို့လား "
ထိုအခါ ရှန်းရှုဟာ သမီးဖြစ်သူရဲ့လက်မောင်းကို ဆွဲဆိတ်လိုက်ချေ၏။
နောက်ဆုံးမှာတော့ ရှန်းရှုသည် ချန်းဝမ်ကို ရီကျန်းဆီ ဆွဲခေါ်လာခဲ့လေသည်။
ရီကျန်းဆီသို့ရောက်တဲ့အခါ မျက်နှာချင်းဆိုင်နေရာတွင် ဝင်ထိုင်လိုက်ပြီး နွေးထွေးစွာ ပြုံးပြလိုက်၏။
" ကျန်းကျန်း၊ အန်တီ့ကို မှတ်မိလား။ သမီးအမေရဲ့ဝမ်းကွဲ ရှန်းရှုလေ။ အန်တီတို့ မတွေ့ရတာတောင် တော်တော်ကြာပြီနော် "
ရီကျန်းက ရှန်းရှုကို သိပ်မှတ်မိတာပေါ့။
မင်္ဂလာပွဲနေ့တုန်းက ရီချင်းဘက်ကနေ ဝင်ပြောပေးပြီး သူမ(ရီကျန်း)ကို နှိပ်ကွပ်ခဲ့တဲ့အမျိုးသမီးပဲလေ။
" ဟုတ် မှတ်မိပါတယ် "
" မင်္ဂလာပွဲနေ့က ကိစ္စတွေကြောင့် အန်တီလေ သမီးနဲ့စကားတောင် မပြောဖြစ်လိုက်ဘူးကွယ်။ ဒါနဲ့သမီးမှာ ကိုယ်ဝန်ရှိနေပြီဆို။ ဂုဏ်ယူပါတယ်ကွယ်။ ကိုယ်ဝန်က တစ်လပဲရှိသေးတော့ ကိုယ်ဝန်ဆောင်လက္ခဏာတွေက သိပ်မပြင်းထန်သေးဘူးမလား "
ရီကျန်းဟာ ခေါင်းတစ်ချက်ညိမ့်ပြရင်း
" ဟုတ် အခုထိတော့ သိပ်မပြင်းထန်သေးပါဘူး "
💙💙💙💙💙💙💙