ထိုမှစခဲ့သော အချစ်များစွာသည်

Bởi Fiendyy

639K 69.2K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... Xem Thêm

INTRO
1
2
3
4
5
6
7
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210

8

7.4K 910 1
Bởi Fiendyy

Unicode

အခန်း ၈ ) မင်းရဲ့ဒီလိုပုံစံကို မင်းရည်းစား မြင်ဖူးလား

ဟန်ကျိုးလီရဲ့ဝင်သက်ထွက်သက်တိုင်းမှာ ပူလောင်နေကာ အသံကလည်း လည်ချောင်းသံပါနေသည်။
“ ဒါဆိုရင် မင်းကိုယ်မင်း အထင်မှားနေပြီပဲ ”

ဒီလိုမိန်းမမျိုးက မက်မောစရာမကောင်းဘူးတဲ့လား!

ဟန်များတဲ့ လုချီအတွက်နဲ့ ဒီလိုမိန်းကလေးကို ပစ်ခဲ့တဲ့ ရည်းစားဟောင်းက တကယ့်ငတုံးပင်။

ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်ကာ သူ့မျက်လုံးတွေ နက်မှောင်သွားလေရင်း
“ မင်းရဲ့ဒီလိုပုံစံကို မင်းရည်းစား မြင်ဖူးလား ”

ဘာရယ် ?

ဟန်ကျိုးလီရဲ့မေးခွန်းကြောင့် လုမန် လန့်ဖျပ်သွားကာ စဥ်းစားချိန်ပင်မရလိုက် ပါးစပ်က အမှန်တွေအရင်ပြောထွက်သည်။
“ ဟင့်အင်း! ”

သူမခန္ဓာကိုယ်ကို ဟဲကျိန့်ပိုင်တစ်ယောက် မြင်တောင်မမြင်ဖူးတာ ထိဖို့ဆိုလျှင် ဝေးစွ။

သူမအဖြေကြောင့် ဟန်ကျိုးလီက ကျေနပ်စွာပြုံးရင်း နှုတ်ခမ်းတွေကို လာနမ်းသွားပြန်သည်။

ဒီတစ်ခါတော့ လုမန် မျက်လုံးပြူးသွားရသည်။ ဆောင့်တွန်းလိုက်ချင်သည်။ သို့သော် နောက်မှ သိလိုက်ရတာက သူမလက်တွေချည်နှောင်ထားခံရပြီးဖြစ်သည်။ 

ခံတွင်းထဲမှာ ခံစားမိသမျှက သူချည်းဖြစ်ကာ ဂုဏ်ရည်မတူသော အပူနှင့်အအေး ပူရှိမ်းရှိမ်း အရသာက သူမကို ခေါင်းမီးတောက်သွားစေသည်။

ဟန်ကျိုးလီ လွှတ်ပေးလိုက်ချိန်မှာ လုမန် ရင်ဘတ်တွေ နိမ့်ချည်မြင့်ချည် တုန်ရီနေပြီး အသက်ရှူသံတွေလည်း လေးလံနေသည်။
သူ့ရင်ဘတ်နှင့် ကပ်ဖိခံထားရသည့်အတွက် အသားချင်းထိနေပြီ ဆိုသော အသိက သူမကို ထိတ်လန့်စေသည်။ 

သူမအသားက ပေါင်ဒါတွေပုတ်ထားသည့်ပမာ ဆွတ်ဆွတ်ဖြူသည်။

ဟန်ကျိုးလီရဲ့မျက်လုံးတွေ မည်းကြုတ်လာသည်။ သူ့မှာ သူမကို မကြည့်ဘဲလည်း မနေနိုင်။ ခေါင်းအစ ခြေအဆုံး ကြည့်ပြီးသည်တွင်တောင် ရိုးသွားခြင်းလည်း မရှိ။ 

စောစောက ရဲတွေရှေ့မှာ သူမက သူ့ကို နမ်းခဲ့သည်။ သို့သော် ထိုအခါက သူတို့နှုတ်ခမ်းတွေ ထိရုံမျှသာမို့ ဘာမှမဖြစ်လိုက်ရ။

နူးညံ့ဆွတ်ပျံ့ဖွယ်ကောင်းသော ခံစားချက်က သူ လွယ်လွယ် မေ့ဖျောက်မပစ်နိုင်လောက်အောင် ဖြစ်သည်။

သူမကလည်း ချက်ချင်းကြီး ဖယ်ပစ်လိုက်တာမို့ သူ့မှာ အရသာခံကြည့်ဖို့ပင် အခွင့်မရှိလိုက်ပေ။

ခု တစ်ခါ ကြိုးပမ်းကြည့်လိုက်မှ သူမနှုတ်ခမ်းတွေ သူထင်တာထက် သိပ်ချိုကြောင်း သိလိုက်ရသည်။

“ အသုံးချချင်တော့ အဝတ်တွေတောင်ချွတ်ပြီး လိုလိုချင်ချင်နဲ့ ပွေ့ဖက်ခဲ့တယ် . . ခု အသုံးမလိုတော့မှ စောစောက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ချင်တာလား ”

ဟန်ကျိုးလီက သရော်သည်။
“ ခုပဲ အသုံးချလိုက် ခုပဲ လွှတ်ပေးခိုင်းလိုက်နဲ့ မင်း ကိုယ့်ကို ဘာထင်နေသလဲ ”

လုမန် အသံတိတ် ငြင်းပယ်လိုက်သည်။
သူမကို ချွတ်ပစ်တာ သူ မဟုတ်ဘူးလား. . ၊
သူပြောသလို အသုံးချဖို့သာ လွယ်မယ်ဆိုရင် ခုလို သူ့ရင်ခွင်ထဲမှာ ပိတ်မိနေပါ့မလား။ 

သို့ပေမယ့် လုမန် သူ့ကို သွားမစရဲပါ၊
အထူးသဖြင့် လက်ရှိအခြေအနေတစ်ခုမှာ။

လုမန် ချက်ချင်း ပြုံးပစ်လိုက်ပြီး သူကျေနပ်အောင် ပြောကြည့်လိုက်သည်။
“ သခင်လေးဟန်ကလည်း . . ဘာလို့ ဒီလိုအညတရလေးနဲ့ စကားပြိုင်နေမှာလဲလို့ . . သခင်လေးဟန်ကို မသိတဲ့သူ ဘယ်မှာရှိမတုံး၊ ဟန်ကော်ပိုရေးရှင်းရဲ့စီအီးအို မဟုတ်လားဟင်။ ဟန်ကော်ပိုရေးရှင်းက အနုပညာနယ်ပယ်မှာ လုပ်ငန်းတစ်ဝက်ကျော်လောက်ကို ပိုင်တယ်။ ရှင်သာ ခြေဆောင့်လိုက်ရင် ဖျော်ဖြေရေးကုမ္ပဏီတွေတောင် ပြားပြားဝပ်သွားနိုင်တဲ့ အခြေအနေမှာ ကျွန်မက သခင်လေးဟန်ကို ဘယ်လိုသတ္တိမျိုးနဲ့ အသုံးချရဲမှာလဲရှင် ”

ပြောစရာမလိုအောင် ဟန်မိသားစုသည် စစ်ပြိုင်ကာလအတွင်းမှ တိုင်းပြည်ကြီး ၇ ခု အနက် တစ်ခု ဖြစ်သော ဟန်တိုင်းပြည်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ တကယ်တော့ ဟန်ကျိုးလီသည် ယနေ့ခေတ် မှူးမျိုးမတ်နွယ် ဟု ဆိုကြသော သူတွေထက် မဟာဆန်သော ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် ကျိုးမင်းဆက်မှ ဆင်းသက်လာသူ တစ်ဦး ဖြစ်၏။

သူ့မိသားစုတွင် အလွန်နက်ရှိုင်းစွာ အမြစ်တွယ်နေသော သမိုင်းတစ်ခု ရှိသည်။ ထင်ပေါ်သော မျိုးနွယ်စု ၈ ခု အနက် တစ်မျိုးနွယ်စုချင်းစီတွင် ကျိုးမင်းဆက်မှ လက်ဆင့်ကမ်းလာခဲ့သော စာအုပ်စာပေများမှအစ ရှေးဟောင်းပစ္စည်းတွေအဆုံး အသုံးအဆောင်ပစ္စည်းများ ရှိသည် ဟု ဆိုကြသည်။

ထိုရှေးဟောင်းပစ္စည်းများ၏ တန်ဖိုးကို တွက်ချက်ကြည့်လျှင် ပြတိုက်များစွာ၏ တန်ဖိုးထက်ပင် ကျော်လွန်ပေလိမ့်မည်။

ပြတိုက်တွင် ပြသထားသည့် ရှေးဟောင်းပစ္စည်းများထဲတွင်ပင်လျှင် မျိုးနွယ်စုကြီး ၈ ခု ဆီမှ ငှားရမ်းထားသည်များ ပါသည်။ 

ဟန်ကော်ပိုရေးရှင်းသည်လည်း အနုပညာနယ်ပယ်တွင် ကြီးကျယ်သော ကုမ္ပဏီတစ်ခု ဖြစ်ကာ အနုပညာအသိုင်းအဝိုင်းမှ ကျန်ကုမ္ပဏီများ အားလုံး ပေါင်းစုလုပ်ကိုင်ကြလျှင်တောင် အတိုက်အခံမလုပ်နိုင်သော ကုမ္ပဏီတစ်ခု ဖြစ်သည်။ 

ထို့ကြောင့် ဟန်ကော်ပိုရေးရှင်းသည် တော်ဝင်နန်းတော်နှင့် တူပြီး ဟန်ကျိုးလီသည် ထိုတော်ဝင်နန်းတော်၏ ဧကရာဇ်မင်း နှင့် တူသည်။ 

လုမန်က မြှောက်ပင့်ခယ ရိုကျိုးရှိခိုးလိုသည့် မျက်နှာပေးနှင့်မို့ ဟန်ကျိုးလီ မယုံနိုင်စွာ ရယ်လိုက်မိသည်။

စောစောက အခြေအနေကို ကိုယ်တိုင်ကြုံလိုက်ရတာမို့ ဒီမိန်းမ လှည့်ဖြားတတ်မှန်း သူသိသည်။ ဒီမိန်းမ သိပ်ကို လှည့်ဖြားတတ်သည်။

မျက်ခုံးပင့်ရင်း သူ မေးလိုက်၏။
“ ဟိုဘက်ခန်းမှာ ဘာတွေဖြစ်ခဲ့တာလဲ ”

ဘေးအခန်းမှာ နိုင်ငံ့ထိပ်သီး ဒါရိုက်တာ ၁၀ဦး ထဲက တစ်ယောက် ရောက်နေမှန်း သူသိသည်။ ရှိုးတွေဆိုလည်း ရောင်းကောင်းတာမို့ တန်ဖိုးက အတော်ကြီးသည်။

==================================

Zawgyi


အခန္း ၈ ) မင္းရဲ့ဒီလိုပံုစံကို မင္းရည္းစား ျမင္ဖူးလား

ဟန္က်ိဳးလီရဲ့ဝင္သက္ထြက္သက္တိုင္းမွာ ပူေလာင္ေနကာ အသံကလည္း လည္ေခ်ာင္းသံပါေနသည္။
“ ဒါဆိုရင္ မင္းကိုယ္မင္း အထင္မွားေနၿပီပဲ ”

ဒီလိုမိန္းမမ်ိဳးက မက္ေမာစရာမေကာင္းဘူးတဲ့လား!

ဟန္မ်ားတဲ့ လုခ်ီအတြက္နဲ႔ ဒီလိုမိန္းကေလးကို ပစ္ခဲ့တဲ့ ရည္းစားေဟာင္းက တကယ့္ငတံုးပင္။

ရုတ္တရက္ တစ္ခုခုကို ေတြးမိလိုက္ကာ သူ႔မ်က္လံုးေတြ နက္ေမွာင္သြားေလရင္း
“ မင္းရဲ့ဒီလိုပံုစံကို မင္းရည္းစား ျမင္ဖူးလား ”

ဘာရယ္ ?

ဟန္က်ိဳးလီရဲ့ေမးခြန္းေၾကာင့္ လုမန္ လန္႔ဖ်ပ္သြားကာ စဥ္းစားခ်ိန္ပင္မရလိုက္ ပါးစပ္က အမွန္ေတြအရင္ေျပာထြက္သည္။
“ ဟင့္အင္း! ”

သူမခႏၶာကိုယ္ကို ဟဲက်ိန္႔ပိုင္တစ္ေယာက္ ျမင္ေတာင္မျမင္ဖူးတာ ထိဖို႔ဆိုလ်ွင္ ေဝးစြ။

သူမအေျဖၾကောင့္ ဟန္က်ိဳးလီက ေက်နပ္စြာၿပံဳးရင္း ႏႈတ္ခမ္းေတြကို လာနမ္းသြားျပန္သည္။

ဒီတစ္ခါေတာ့ လုမန္ မ်က္လံုးျပဴးသြားရသည္။ ေဆာင့္တြန္းလိုက္ခ်င္သည္။ သို႔ေသာ္ ေနာက္မွ သိလိုက္ရတာက သူမလက္ေတြခ်ည္ေနွာင္ထားခံရၿပီးျဖစ္သည္။ 

ခံတြင္းထဲမွာ ခံစားမိသမ်ွက သူခ်ည္းျဖစ္ကာ ဂုဏ္ရည္မတူေသာ အပူႏွင့္အေအး ပူရိွမ္းရိွမ္း အရသာက သူမကို ေခါင္းမီးေတာက္သြားေစသည္။

ဟန္က်ိဳးလီ လႊတ္ေပးလိုက္ခ်ိန္မွာ လုမန္ ရင္ဘတ္ေတြ နိမ့္ခ်ည္ျမင့္ခ်ည္ တုန္ရီေနၿပီး အသက္ရႉသံေတြလည္း ေလးလံေနသည္။
သူ႔ရင္ဘတ္ႏွင့္ ကပ္ဖိခံထားရသည့္အတြက္ အသားခ်င္းထိေနၿပီ ဆိုေသာ အသိက သူမကို ထိတ္လန္႔ေစသည္။ 

သူမအသားက ေပါင္ဒါေတြပုတ္ထားသည့္ပမာ ဆြတ္ဆြတ္ျဖဴသည္။

ဟန္က်ိဳးလီရဲ့မ်က္လံုးေတြ မည္းၾကဳတ္လာသည္။ သူ႔မွာ သူမကို မၾကည့္ဘဲလည္း မေနႏိုင္။ ေခါင္းအစ ေျခအဆံုး ၾကည့္ၿပီးသည္တြင္ေတာင္ ရိုးသြားျခင္းလည္း မရိွ။ 

ေစာေစာက ရဲေတြေရ႔ွမွာ သူမက သူ႔ကို နမ္းခဲ့သည္။ သို႔ေသာ္ ထိုအခါက သူတို႔ႏႈတ္ခမ္းေတြ ထိရံုမ်ွသာမို႔ ဘာမွမျဖစ္လိုက္ရ။

ႏူးညံ့ဆြတ္ပ်ံ့ဖြယ္ေကာင္းေသာ ခံစားခ်က္က သူ လြယ္လြယ္ ေမ့ေဖ်ာက္မပစ္ႏိုင္ေလာက္ေအာင္ ျဖစ္သည္။

သူမကလည္း ခ်က္ခ်င္းႀကီး ဖယ္ပစ္လိုက္တာမို႔ သူ႔မွာ အရသာခံၾကည့္ဖို႔ပင္ အခြင့္မရိွလိုက္ေပ။

ခု တစ္ခါ ႀကိဳးပမ္းၾကည့္လိုက္မွ သူမႏႈတ္ခမ္းေတြ သူထင္တာထက္ သိပ္ခ်ိဳေၾကာင္း သိလိုက္ရသည္။

“ အသံုးခ်ခ်င္ေတာ့ အဝတ္ေတြေတာင္ခြၽတ္ၿပီး လိုလိုခ်င္ခ်င္နဲ႔ ေပြ့ဖက္ခဲ့တယ္ . . ခု အသံုးမလိုေတာ့မွ ေစာေစာက ဘာမွမျဖစ္ခဲ့သလို ဟန္ေဆာင္ခ်င္တာလား ”

ဟန္က်ိဳးလီက သေရာ္သည္။
“ ခုပဲ အသံုးခ်လိုက္ ခုပဲ လႊတ္ေပးခိုင္းလိုက္နဲ႔ မင္း ကိုယ့္ကို ဘာထင္ေနသလဲ ”

လုမန္ အသံတိတ္ ျငင္းပယ္လိုက္သည္။
သူမကို ခြၽတ္ပစ္တာ သူ မဟုတ္ဘူးလား. . ၊
သူေျပာသလို အသံုးခ်ဖို႔သာ လြယ္မယ္ဆိုရင္ ခုလို သူ႔ရင္ခြင္ထဲမွာ ပိတ္မိေနပါ့မလား။ 

သို႔ေပမယ့္ လုမန္ သူ႔ကို သြားမစရဲပါ၊
အထူးသျဖင့္ လက္ရိွအေျခအေနတစ္ခုမွာ။

လုမန္ ခ်က္ခ်င္း ၿပံဳးပစ္လိုက္ၿပီး သူေက်နပ္ေအာင္ ေျပာၾကည့္လိုက္သည္။
“ သခင္ေလးဟန္ကလည္း . . ဘာလို႔ ဒီလိုအညတရေလးနဲ႔ စကားၿပိဳင္ေနမွာလဲလို႔ . . သခင္ေလးဟန္ကို မသိတဲ့သူ ဘယ္မွာရိွမတံုး၊ ဟန္ေကာ္ပိုေရးရွင္းရဲ့စီအီးအို မဟုတ္လားဟင္။ ဟန္ေကာ္ပိုေရးရွင္းက အႏုပညာနယ္ပယ္မွာ လုပ္ငန္းတစ္ဝက္ေက်ာ္ေလာက္ကို ပိုင္တယ္။ ရွင္သာ ေျခေဆာင့္လိုက္ရင္ ေဖ်ာ္ေျဖေရးကုမၸဏီေတြေတာင္ ျပားျပားဝပ္သြားႏိုင္တဲ့ အေျခအေနမွာ ကြၽန္မက သခင္ေလးဟန္ကို ဘယ္လိုသတၲိမ်ိဳးနဲ႔ အသံုးခ်ရဲမွာလဲရွင္ ”

ေျပာစရာမလိုေအာင္ ဟန္မိသားစုသည္ စစ္ၿပိဳင္ကာလအတြင္းမွ တိုင္းျပည္ႀကီး ၇ ခု အနက္ တစ္ခု ျဖစ္ေသာ ဟန္တိုင္းျပည္မွ ဆင္းသက္လာျခင္း ျဖစ္သည္။ တကယ္ေတာ့ ဟန္က်ိဳးလီသည္ ယေန့ေခတ္ မွဴးမ်ိဳးမတ္ႏြယ္ ဟု ဆိုၾကေသာ သူေတြထက္ မဟာဆန္ေသာ ပုဂၢိုလ္ျဖစ္သည္။ သူသည္ က်ိဳးမင္းဆက္မွ ဆင္းသက္လာသူ တစ္ဦး ျဖစ္၏။

သူ႔မိသားစုတြင္ အလြန္နက္ရိႈင္းစြာ အျမစ္တြယ္ေနေသာ သမိုင္းတစ္ခု ရိွသည္။ ထင္ေပၚေသာ မ်ိဳးႏြယ္စု ၈ ခု အနက္ တစ္မ်ိဳးႏြယ္စုခ်င္းစီတြင္ က်ိဳးမင္းဆက္မွ လက္ဆင့္ကမ္းလာခဲ့ေသာ စာအုပ္စာေပမ်ားမွအစ ေရွးေဟာင္းပစၥည္းေတြအဆံုး အသံုးအေဆာင္ပစၥည္းမ်ား ရိွသည္ ဟု ဆိုၾကသည္။

ထိုေရွးေဟာင္းပစၥည္းမ်ား၏ တန္ဖိုးကို တြက္ခ်က္ၾကည့္လ်ွင္ ျပတိုက္မ်ားစြာ၏ တန္ဖိုးထက္ပင္ ေက်ာ္လြန္ေပလိမ့္မည္။

ျပတိုက္တြင္ ျပသထားသည့္ ေရွးေဟာင္းပစၥည္းမ်ားထဲတြင္ပင္လ်ွင္ မ်ိဳးႏြယ္စုႀကီး ၈ ခု ဆီမွ ငွားရမ္းထားသည္မ်ား ပါသည္။ 

ဟန္ေကာ္ပိုေရးရွင္းသည္လည္း အႏုပညာနယ္ပယ္တြင္ ႀကီးက်ယ္ေသာ ကုမၸဏီတစ္ခု ျဖစ္ကာ အႏုပညာအသိုင္းအဝိုင္းမွ က်န္ကုမၸဏီမ်ား အားလံုး ေပါင္းစုလုပ္ကိုင္ၾကလ်ွင္ေတာင္ အတိုက္အခံမလုပ္ႏိုင္ေသာ ကုမၸဏီတစ္ခု ျဖစ္သည္။ 

ထို႔ေၾကာင့္ ဟန္ေကာ္ပိုေရးရွင္းသည္ ေတာ္ဝင္နန္းေတာ္ႏွင့္ တူၿပီး ဟန္က်ိဳးလီသည္ ထိုေတာ္ဝင္နန္းေတာ္၏ ဧကရာဇ္မင္း ႏွင့္ တူသည္။ 

လုမန္က ေျမႇာက္ပင့္ခယ ရိုက်ိဳးရိွခိုးလိုသည့္ မ်က္ႏွာေပးႏွင့္မို႔ ဟန္က်ိဳးလီ မယံုႏိုင္စြာ ရယ္လိုက္မိသည္။

ေစာေစာက အေျခအေနကို ကိုယ္တိုင္ႀကံဳလိုက္ရတာမို႔ ဒီမိန္းမ လွည့္ျဖားတတ္မွန္း သူသိသည္။ ဒီမိန္းမ သိပ္ကို လွည့္ျဖားတတ္သည္။

မ်က္ခံုးပင့္ရင္း သူ ေမးလိုက္၏။
“ ဟိုဘက္ခန္းမွာ ဘာေတျြဖစ္ခဲ့တာလဲ ”

ေဘးအခန္းမွာ ႏိုင္ငံ့ထိပ္သီး ဒါရိုက္တာ ၁၀ဦး ထဲက တစ္ေယာက္ ေရာက္ေနမွန္း သူသိသည္။ ရိႈးေတြဆိုလည္း ေရာင္းေကာင္းတာမို႔ တန္ဖိုးက အေတာ္ႀကီးသည္။

==================================

Đọc tiếp

Bạn Cũng Sẽ Thích

19.9K 1.2K 69
绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်း​မောသွား​လောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်​​ယောက်ကိုပဲဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုပဲဖ...
2.2K 51 11
4racha, Bang Chan, Seo Changbin, Hwang Hyunjin and Han Jisung, the biggest rappers and bullies in Big Hit high school, have a target, they are FourVo...
4.3K 373 97
Story Name- Your Highness, I Know My Wrongs Chapter- 95 Chapters(Completed) Not my story I just translation English to Myanmar Language All rights go...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...