ထိုမှစခဲ့သော အချစ်များစွာသည်

De Fiendyy

636K 68.9K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... Mai multe

INTRO
1
2
3
4
5
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206

6

7.4K 924 0
De Fiendyy

Unicode

အခန်း ၆ ) စော်ကားခံရခြင်း

ဖုန်းစကရင်ကို နှစ်ချက်တို့ပြီး WeChat စကားဝိုင်းတစ်ခုကို သူမ ဖွင့်ပြလိုက်သည်။
“ ဒါက လုချီ ပို့ခဲ့တဲ့စာပါ ဆရာတို့ . . လုချီရဲ့ WeChat ဟုတ်မဟုတ် စစ်ကြည့်ပါဦးနော် ”

ရဲအရာရှိတွေက သူမဖုန်းကို ယူကြည့်သည်။ 

လုချီ : ခဏနေရင် ဒါရိုက်တာကြီးကို သူ့အခန်းမှာ သွားတွေ့မလို့ နင်လိုက်ခဲ့ပေးဦး

လုမန် : ညအချိန်မတော်မှ ဒါရိုက်တာကြီးရဲ့အခန်းကို သွားတာ ကောင်းပါ့မလား 

လုချီ : အဲဒါကြောင့် နင့်ကို လိုက်ခဲ့စေချင်တာပေါ့ တစ်ခုခုဖြစ်ရင် နင် ကူညီလို့ရတယ်လေ

လုမန် : ငါ ဒီည လုပ်စရာ ရှိနေလို့ လိုက်နိုင်မှာ မဟုတ်ဘူး နင်လည်း မသွားရင်ကောင်းမယ်

လုချီ : ငါ နင့်ကို ပြောပြီးသားလေ လိုက်ခဲ့ဖို့ကို ဘာလို့ အရည်မရအဖတ်မရတွေ ပြောနေတာလဲ

ထို့နောက်တွင် လုမန်ဆီမှ စာပြန်ခြင်း မရှိပေ။

အတိတ်ဘဝမှာပါ ဤသို့ ဖြစ်ပျက်ခဲ့ဖူးသည်ကို လုမန် မှတ်မိသေးသည်။ လုချီက လုမန်ကို သူမနှင့်အတူလိုက်ခဲ့ရန် အတင်းခိုင်းစေခဲ့သော်လည်း လုမန်က စာပြန်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း အဆုံးတွင် ဒါရိုက်တာကိုတွေ့ရအောင် လုချီနှင့်အတူ လိုက်သွားခဲ့ရ၏။

အစောပိုင်းက ရေချိုးခန်းထဲမှာ အဝတ်လဲနေရင်း လုချီကို သူမ စာမပြန်ခဲ့တာ သေချာ​အောင် စစ်ကြည့် အတည်ပြုခဲ့ပြီး ဖြစ်သည်။

လုမန် သက်ပြင်းချလိုက်သည်။ ဒီဘဝမှာတော့ အရာအားလုံးဟာ သူမဘက်တွင် ရှိနေမည်ထင်။

သို့သော်လည်း အတိတ်ဘဝမှာ ဖြစ်ခဲ့သည့်အတိုင်း တူညီနေဦးမှာကတော့ အမှန်တရားပင်ဖြစ်သည်။ တစ်ခုတည်းသော ခြားနားချက်မှာ  သူမက အရာအားလုံးကို နောက်တစ်ခေါက် တွေ့ကြုံခံစားနေရခြင်းသာ ဖြစ်သည်။

ထို့ကြောင့် ဖြစ်ပျက်လာမည့် အရာတွေကို ကြိုသိနေသည့်အပြင် အရာအားလုံးက သူမဘက်မှာအခွင့်သာနေသည့်အတွက် ဒီအခြေအနေကို ကောင်းစွာ ဖြေရှင်းနိုင်ခြင်း ဖြစ်ကာ သံသယဖြစ်ဖွယ်ကောင်းသော ဤအခြေအနေမှလည်း လွတ်မြောက်ရန် လွယ်ကူသွားခဲ့သည်။

သို့သော် အတိတ်ဘဝ၌ ကိုယ့်ဘက်မှာရှိနေသည့် အခြေအနေတွေအားလုံးကို အလဟဿဖြစ်သွားစေခဲ့တာတော့ သူမ မိုက်လွန်းအားကြီးခဲ့တာဖြစ်သည်။ 

“ ခင်ဗျားဖုန်းကို ခဏလောက် စစ်ကြည့်ပါရစေ ”
ရဲအရာရှိက လုချီကို ပြောလိုက်သည်။

လုချီမျက်နှာ စက္ကန့်ပိုင်းမျှ ပျာယာခတ်သွားသည်။ ရဲအရာရှိတွေကို လုမန်ပြလိုက်သည်က သူတို့အချင်းချင်းပြောထားသည့် စကားဝိုင်း အမှန်ပင်ဖြစ်ကာ သူမ၏ WeChat အကောင့် ဟုတ်မည်က မလွဲဧကန်ပင်။ 

အပြန်အလှန်ပြောထားကြသည့် စကားဝိုင်းကို ကြည့်ပြီးသည့်နောက် အခြေအနေတစ်ရပ်လုံးသည် လုမန်နှင့် လုံးဝ မသက်ဆိုင်ဘဲ သူမသာလျှင် သံသယဖြစ်ဖွယ်ကောင်းနေကြောင်း သိသာထင်ရှားနေသည်။

ထို့ပြင် လုချီ၏ တွန့်ဆုတ်မှုက အရာရှိတွေအမြင်မှာ ပိုပြီးတော့ သင်္ကာမကင်းဖြစ်စေသည်။ 

“ မိန်းကလေးလုခင်ဗျာ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ကူညီပေးပါ ”
ရဲအရာရှိက ပြောလိုက်တာဖြစ်သည်။

လုချီက အရာရှိတွေကို သူမဖုန်းကမ်းပေးရုံသာ တတ်နိုင်လေသည်။ သူတို့က စစ်ဆေးကြည့်ပြီး ထိုအရာသည် လုချီ၏ WeChat အ​ကောင့် ဟုတ်မှန်ကြောင်း အတည်ပြုလိုက်သည်။

စကားဝိုင်းက ဖုန်းနှစ်လုံးစလုံးမှာ အတူတူပင်ဖြစ်ကာ ဖျက်ထားသည့်အပိုင်း လုံးဝ မရှိချေ။

“ ရဲစခန်းကို လိုက်ခဲ့ပေးပါ မိန်းကလေးလု ကျွန်တော်တို့ဘက်က ခင်ဗျားကို အသေးစိတ် မေးရပါလိမ့်မယ် ”

ရဲအရာရှိက ထိုသို့ ပြောလိုက်လျှင် လုချီက လုမန်ကို စတင် အပြစ်ဆိုတော့၏။
“ လုမန် နင်လိမ်တယ်!! အမှန်က တွေ့ဆုံပွဲကို ငါနဲ့အတူ နင်ပါ လိုက်လာခဲ့တာ! ”

လုမန် မျက်ခုံးပင့်လိုက်သည်။
“ ပြောတော့ ငါတစ်ယောက်တည်းပဲ သွားခဲ့တာဆို ဘာလို့ ရုတ်တရက်ကြီး ပြောင်းသွားတာလဲ ”

ရဲအရာရှိတွေရဲ့မျက်နှာတွေပြောင်းလဲသွားပြီး လုချီကို ခက်ထန်စွာ စူးစိုက်ကြည့်ကုန်ကြ၏။

လုချီ ကလည်း မျက်နှာအမူအရာတွေ လုံးဝ ပျက်နေပြီ ဖြစ်သည်။ သူမက စိုးရိမ်ကြီးစွာဖြင့် ဟဲကျိန့်ပိုင်ကို လှမ်းကြည့်လိုက်၏။ 

ဒါပေမယ့် ခုချိန်မှာ ဟဲကျိန့်ပိုင်က ဘာလုပ်နိုင်မှာမို့လို့လဲ၊

တစ်ခုတည်းသောနည်းလမ်းက နောက်မှအဖြေရှာဖို့ဖြစ်သည်။

“ ဒါရိုက်တာကို ငါသွားရှာပါတယ် လို့ နင်ပြောနေတာမဟုတ်လား။ ဒါပေမယ့် ဘယ်မှာလဲ သက်သေ . . ငါ့ဘက်ကတော့ သက်သေတွေအားလုံးကို ထုတ်ပြပြီးပြီနော်၊ တကယ်လို့ နင် ငါ့ကို အပြစ်ဖို့ချင်တယ်ဆိုရင်လည်း သက်သေတော့ အရင်ရှာလေဟယ် ”

လုမန် ဒီလိုပြောလိုက်တော့ ရဲအရာရှိတွေက တိုးလို့ယုံကြည်သွားပြီး ကိုယ်စီခေါင်းညိတ်လာကြသည်။

လုမန်သည် တွေ့ဆုံပွဲကို သူမ မသွားခဲ့ကြောင်း ပြောပြီး ယခင်ည၌ သူမအလုပ်ရှိသည် ဟု သေချာစေမည့် WeChat မှတ်တမ်းနှင့်အတူ အလီဘိုင်ကိုပါ ဖော်ပြခဲ့ပြီး ဖြစ်သည်။

တစ်ဖက်က လုချီသည် မူလက ဟိုတယ်ခန်းထဲသို့ လုမန် တစ်ယောက်တည်း သွားခဲ့သည် ဟု ထွက်ဆိုခဲ့သော်လည်း လုမန်က သူမ ထွက်ဆိုချက်မှားယွင်းကြောင်း သက်သေထုတ်ပြလိုက်သည့်အခါ ပျာပျာယာယာဖြင့် မူလထွက်ဆိုချက်ကိုပြောင်းလဲပြီး ဒါရိုက်တာကြီး၏ ဟိုတယ်ခန်းသို့ လုမန် နှင့် သူမ အတူတူသွားခဲ့ပါသည် ဟု ​ထွက်ဆိုလာခဲ့ပြန်သည်။

ထို့ကြောင့် မည်သို့ပင်ကြည့်မိပါစေ မသင်္ကာစရာအကောင်းဆုံးမှာ လုချီဖြစ်ပြီး လုမန်က မဆီမဆိုင် အသုံးချခံနေရကြောင်း ရှင်းသည်။

“ ကာယကံရှင် နိုးလာလို့ ပြဿနာရှိနေရင် ခင်ဗျားကို ကျွန်တော်တို့ လာရှာပါဦးမယ်။ ကျွန်တော်တို့ရဲ့စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ပေးမယ်လို့လည်း ယုံကြည်ပါတယ် ”
အရာရှိတွေက လုမန်ကိုပြောလိုက်ခြင်း ဖြစ်ကာ၊

“ ဟုတ်ကဲ့ပါ ”
လုမန် တည်ငြိမ်စွာ ဖြေလိုက်၏။

ဘယ်လိုပဲဖြစ်ဖြစ် ဒါရိုက်တာကြီးကို အန္တရာယ်ပြုခဲ့တာက သူမမှ မဟုတ်တာကိုး။

====================================

Zawgyi

အခန္း ၆ ) ေစာ္ကားခံရျခင္း

ဖုန္းစကရင္ကို ႏွစ္ခ်က္တို႔ၿပီး WeChat စကားဝိုင္းတစ္ခုကို သူမ ဖြင့္ျပလိုက္သည္။
“ ဒါက လုခ်ီ ပို႔ခဲ့တဲ့စာပါ ဆရာတို႔ . . လုခ်ီရဲ့ WeChat ဟုတ္မဟုတ္ စစ္ၾကည့္ပါဦးေနာ္ ”

ရဲအရာရိွေတြက သူမဖုန္းကို ယူၾကည့္သည္။ 

လုခ်ီ : ခဏေနရင္ ဒါရိုက္တာႀကီးကို သူ႔အခန္းမွာ သြားေတြ့မလို႔ နင္လိုက္ခဲ့ေပးဦး

လုမန္ : ညအခ်ိန္မေတာ္မွ ဒါရိုက္တာႀကီးရဲ့အခန္းကို သြားတာ ေကာင္းပါ့မလား 

လုခ်ီ : အဲဒါေၾကာင့္ နင့္ကို လိုက္ခဲ့ေစခ်င္တာေပါ့ တစ္ခုခုျဖစ္ရင္ နင္ ကူညီလို႔ရတယ္ေလ

လုမန္ : ငါ ဒီည လုပ္စရာ ရိွေနလို႔ လိုက္ႏိုင္မွာ မဟုတ္ဘူး နင္လည္း မသြားရင္ေကာင္းမယ္

လုခ်ီ : ငါ နင့္ကို ေျပာၿပီးသားေလ လိုက္ခဲ့ဖို႔ကို ဘာလို႔ အရည္မရအဖတ္မရေတြ ေျပာေနတာလဲ

ထို႔ေနာက္တြင္ လုမန္ဆီမွ စာျပန္ျခင္း မရိွေပ။

အတိတ္ဘဝမွာပါ ဤသို႔ ျဖစ္ပ်က္ခဲ့ဖူးသည္ကို လုမန္ မွတ္မိေသးသည္။ လုခ်ီက လုမန္ကို သူမႏွင့္အတူလိုက္ခဲ့ရန္ အတင္းခိုင္းေစခဲ့ေသာ္လည္း လုမန္က စာျပန္ျခင္း မရိွခဲ့ေပ။ သို႔ေသာ္လည္း အဆံုးတြင္ ဒါရိုက္တာကိုေတြ့ရေအာင္ လုခ်ီႏွင့္အတူ လိုက္သြားခဲ့ရ၏။

အေစာပိုင္းက ေရခ်ိဳးခန္းထဲမွာ အဝတ္လဲေနရင္း လုခ်ီကို သူမ စာမျပန္ခဲ့တာ ေသခ်ာ​ေအာင္ စစ္ၾကည့္ အတည္ျပဳခဲ့ၿပီး ျဖစ္သည္။

လုမန္ သက္ျပင္းခ်လိုက္သည္။ ဒီဘဝမွာေတာ့ အရာအားလံုးဟာ သူမဘက္တြင္ ရိွေနမည္ထင္။

သို႔ေသာ္လည္း အတိတ္ဘဝမွာ ျဖစ္ခဲ့သည့္အတိုင္း တူညီေနဦးမွာကေတာ့ အမွန္တရားပင္ျဖစ္သည္။ တစ္ခုတည္းေသာ ျခားနားခ်က္မွာ  သူမက အရာအားလံုးကို ေနာက္တစ္ေခါက္ ေတြ့ႀကံဳခံစားေနရျခင္းသာ ျဖစ္သည္။

ထို႔ေၾကာင့္ ျဖစ္ပ်က္လာမည့္ အရာေတြကို ႀကိဳသိေနသည့္အျပင္ အရာအားလံုးက သူမဘက္မွာအခြင့္သာေနသည့္အတြက္ ဒီအေျခအေနကို ေကာင္းစြာ ေျဖရွင္းႏိုင္ျခင္း ျဖစ္ကာ သံသယျဖစ္ဖြယ္ေကာင္းေသာ ဤအေျခအေနမွလည္း လြတ္ေျမာက္ရန္ လြယ္ကူသြားခဲ့သည္။

သို႔ေသာ္ အတိတ္ဘဝ၌ ကိုယ့္ဘက္မွာရိွေနသည့္ အေျခအေနေတြအားလံုးကို အလဟႆျဖစ္သြားေစခဲ့တာေတာ့ သူမ မိုက္လြန္းအားႀကီးခဲ့တာျဖစ္သည္။ 

“ ခင္ဗ်ားဖုန္းကို ခဏေလာက္ စစ္ၾကည့္ပါရေစ ”
ရဲအရာရိွက လုခ်ီကို ေျပာလိုက္သည္။

လုခ်ီမ်က္ႏွာ စကၠန္႔ပိုင္းမ်ွ ပ်ာယာခတ္သြားသည္။ ရဲအရာရိွေတြကို လုမန္ျပလိုက္သည္က သူတို႔အခ်င္းခ်င္းေျပာထားသည့္ စကားဝိုင္း အမွန္ပင္ျဖစ္ကာ သူမ၏ WeChat အေကာင့္ ဟုတ္မည္က မလြဲဧကန္ပင္။ 

အျပန္အလွန္ေျပာထားၾကသည့္ စကားဝိုင္းကို ၾကည့္ၿပီးသည့္ေနာက္ အေျခအေနတစ္ရပ္လံုးသည္ လုမန္ႏွင့္ လံုးဝ မသက္ဆိုင္ဘဲ သူမသာလ်ွင္ သံသယျဖစ္ဖြယ္ေကာင္းေနေၾကာင္း သိသာထင္ရွားေနသည္။

ထို႔ျပင္ လုခ်ီ၏ တြန္႔ဆုတ္မႈက အရာရိွေတြအျမင္မွာ ပိုၿပီးေတာ့ သကၤာမကင္းျဖစ္ေစသည္။ 

“ မိန္းကေလးလုခင္ဗ်ာ ကြၽန္ေတာ္တို႔ရဲ့ စံုစမ္းစစ္ေဆးမႈမွာ ကူညီေပးပါ ”
ရဲအရာရိွက ေျပာလိုက္တာျဖစ္သည္။

လုခ်ီက အရာရိွေတြကို သူမဖုန္းကမ္းေပးရံုသာ တတ္ႏိုင္ေလသည္။ သူတို႔က စစ္ေဆးၾကည့္ၿပီး ထိုအရာသည္ လုခ်ီ၏ WeChat အ​ေကာင့္ ဟုတ္မွန္ေၾကာင္း အတည္ျပဳလိုက္သည္။

စကားဝိုင္းက ဖုန္းႏွစ္လံုးစလံုးမွာ အတူတူပင္ျဖစ္ကာ ဖ်က္ထားသည့္အပိုင္း လံုးဝ မရိွေခ်။

“ ရဲစခန္းကို လိုက္ခဲ့ေပးပါ မိန္းကေလးလု ကြၽန္ေတာ္တို႔ဘက္က ခင္ဗ်ားကို အေသးစိတ္ ေမးရပါလိမ့္မယ္ ”

ရဲအရာရိွက ထိုသို႔ ေျပာလိုက္လ်ွင္ လုခ်ီက လုမန္ကို စတင္ အျပစ္ဆိုေတာ့၏။
“ လုမန္ နင္လိမ္တယ္!! အမွန္က ေတြ့ဆံုပြဲကို ငါနဲ႔အတူ နင္ပါ လိုက္လာခဲ့တာ! ”

လုမန္ မ်က္ခံုးပင့္လိုက္သည္။
“ ေျပာေတာ့ ငါတစ္ေယာက္တည္းပဲ သြားခဲ့တာဆို ဘာလို႔ ရုတ္တရက္ႀကီး ေျပာင္းသြားတာလဲ ”

ရဲအရာရိွေတြရဲ့မ်က္ႏွာေတြေျပာင္းလဲသြားၿပီး လုခ်ီကို ခက္ထန္စြာ စူးစိုက္ၾကည့္ကုန္ၾက၏။

လုခ်ီ ကလည္း မ်က္ႏွာအမူအရာေတြ လံုးဝ ပ်က္ေနၿပီ ျဖစ္သည္။ သူမက စိုးရိမ္ႀကီးစြာျဖင့္ ဟဲက်ိန္႔ပိုင္ကို လွမ္းၾကည့္လိုက္၏။ 

ဒါေပမယ့္ ခုခ်ိန္မွာ ဟဲက်ိန္႔ပိုင္က ဘာလုပ္ႏိုင္မွာမို႔လို႔လဲ၊

တစ္ခုတည္းေသာနည္းလမ္းက ေနာက္မွအေျဖရွာဖို႔ျဖစ္သည္။

“ ဒါရိုက္တာကို ငါသြားရွာပါတယ္ လို႔ နင္ေျပာေနတာမဟုတ္လား။ ဒါေပမယ့္ ဘယ္မွာလဲ သက္ေသ . . ငါ့ဘက္ကေတာ့ သက္ေသေတြအားလံုးကို ထုတ္ျပၿပီးၿပီေနာ္၊ တကယ္လို႔ နင္ ငါ့ကို အျပစ္ဖို႔ခ်င္တယ္ဆိုရင္လည္း သက္ေသေတာ့ အရင္ရွာေလဟယ္ ”

လုမန္ ဒီလိုေျပာလိုက္ေတာ့ ရဲအရာရိွေတြက တိုးလို႔ယံုၾကည္သြားၿပီး ကိုယ္စီေခါင္းညိတ္လာၾကသည္။

လုမန္သည္ ေတြ့ဆံုပြဲကို သူမ မသြားခဲ့ေၾကာင္း ေျပာၿပီး ယခင္ည၌ သူမအလုပ္ရိွသည္ ဟု ေသခ်ာေစမည့္ WeChat မွတ္တမ္းႏွင့္အတူ အလီဘိုင္ကိုပါ ေဖာ္ျပခဲ့ၿပီး ျဖစ္သည္။

တစ္ဖက္က လုခ်ီသည္ မူလက ဟိုတယ္ခန္းထဲသို႔ လုမန္ တစ္ေယာက္တည္း သြားခဲ့သည္ ဟု ထြက္ဆိုခဲ့ေသာ္လည္း လုမန္က သူမ ထြက္ဆိုခ်က္မွားယြင္းေၾကာင္း သက္ေသထုတ္ျပလိုက္သည့္အခါ ပ်ာပ်ာယာယာျဖင့္ မူလထြက္ဆိုခ်က္ကိုေျပာင္းလဲၿပီး ဒါရိုက္တာႀကီး၏ ဟိုတယ္ခန္းသို႔ လုမန္ ႏွင့္ သူမ အတူတူသြားခဲ့ပါသည္ ဟု ​ထြက္ဆိုလာခဲ့ျပန္သည္။

ထို႔ေၾကာင့္ မည္သို႔ပင္ၾကည့္မိပါေစ မသကၤာစရာအေကာင္းဆံုးမွာ လုခ်ီျဖစ္ၿပီး လုမန္က မဆီမဆိုင္ အသံုးခ်ခံေနရေၾကာင္း ရွင္းသည္။

“ ကာယကံရွင္ ႏိုးလာလို႔ ျပႆနာရိွေနရင္ ခင္ဗ်ားကို ကြၽန္ေတာ္တို႔ လာရွာပါဦးမယ္။ ကြၽန္ေတာ္တို႔ရဲ့စံုစမ္းစစ္ေဆးမႈမွာ ပူးေပါင္းပါဝင္ေပးမယ္လို႔လည္း ယံုၾကည္ပါတယ္ ”
အရာရိွေတြက လုမန္ကိုေျပာလိုက္ျခင္း ျဖစ္ကာ၊

“ ဟုတ္ကဲ့ပါ ”
လုမန္ တည္ၿငိမ္စြာ ေျဖလိုက္၏။

ဘယ္လိုပဲျဖစ္ျဖစ္ ဒါရိုက္တာႀကီးကို အႏၲရာယ္ျပဳခဲ့တာက သူမမွ မဟုတ္တာကိုး။

====================================

Continuă lectura

O să-ți placă și

4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
20.6K 1.5K 35
A LOT out of my usual thing here, but what if both Dream AND Nightmare impregnated Blueberry at the same time. Terrified of what his brother and au w...
237K 9.5K 33
Lee Felix is a 19 year old boy who scored a job as a cameraman for a k-pop boy band; 3RACHA, his job is to follow a member named CB97 and film him fo...