အသိစိတ်တို့ပြန်ကပ်လာချိန်တွင်တကိုယ်လုံး
နွေးထွေးနေလျက်.....။
ဘယ်နှရက်လောက်အိပ်ပျော်ခဲ့ပြန်ပီလဲမသိ...
မျက်လုံးတွေဖွင့်လိုက်ကာပြတင်းပေါက်အား
လှမ်းကြည့်မိတော့ ရာသီဥတုကသာသာယာယာ
ရယ်...။
တစ်အိမ်လုံးတိတ်ဆိတ်ငြိမ်သက်နေတာကြောင့်
ကျေနပ်လှစွာ အိပ်ယာပေါ်မှထလိုက်သည်
ခြေထောက်တွေသည် ချိနဲ့မနေပါ...
အားအင်တွေပြည့်နေလျက်...YoongiHyung...
လာသွားခဲ့ပုံရပါသည်။
စကားအော်ပြောသံတွေ
ငြင်းခုန်ရန်ဖြစ်သံတွေ
ကျယ်လောင်သောရီသံတွေကိုသူသိပ်ကြောက်
ပါသည်....ညအိပ်ချိန်မျိုးတွင်လူတစ်ယောက်
၏အသက်ရှုသံတခုကိုမျှသူမကြားချင်ပါ။
လက်ကိုင်ဖုန်းမှDateအားဖွင့်ကြည့်လိုက်တော့
နှစ်ရက်ပဲအိပ်ပျော်သွားတာကြောင့်
ထူးပင်ထူးဆန်းနေရသည်....
ပုံမှန်ဆိုရက်အတော်ကြာသတိလစ်နေတတ်
သူမလား...။
ဆွဲလက်စပန်းချီကားတချပ်သည်အရောင်မစုံ
သေးဘဲရှိနေတာကြောင့် ပထမဆုံးအလုပ်သည်
လိပ်ပြာလေး၏အတောင်ပံတွေအား
အရောင်ဖြည့်ရန်သာ....
ပန်းချီကားရှိရာသို့လျှောက်သွားရင်း
စုတ်တံတွေအားစကိုင်လိုက်သည်....
လက်ကလေးတွေသည်အနီရောင်တွေဆေးတွေ
ဆီသို့စုတ်တံကိုနှစ်ချလိုက်ကာ
ဖြည်းဖြည်းချင်းစခြယ်သည်.....
"Kookie နိုးနေပီလား....."
အခန်းထဲရောက်ရောက်ချင်းစာရွက်အလွတ်
ပေါ်အနီရောင်ဆေးတွေဟိုဟိုဒီဒီလိုက်သုတ်
နေသော ကောင်လေးသည် ထုံးစံအတိုင်း
မျက်လုံးဝိုင်းတွေဖြင့်ကြည့်လာသည်။
"နိုးရင် ရေချိုးပီး မနက်စာကောင်းကောင်း
လေးစားကြမယ်လေ...အကျီအသစ်
လေးတောင် Hyungဝယ်ထားပေးတယ်"
တွေတွေလေးစိုက်ကြည့်နေသောသူ....။
ထို့နောက်ကြားရုံလေးပြောလာသည်..။
"ထွက်သွားပါ....လာမဆူပါနဲ့..."
"အိပ်နေတာနှစ်ရက်တောင်လေ
ဗိုက်မဆာဘူးလား..."
ပြန်လှည့်သွားသည်...။ဒီလိုအပြုအမူ
သည်Shockဖြစ်ပီးပြန်နိုးလာသော်
ခါဖြစ်တတ်သာပုံစံဖြစ်သည်။
JungKookသည် ဘာခံစားချက်မှမရှိသော
စက်ရုပ်လိုဘဝမျိုးကိုပိုင်ဆိုင်ခဲ့တာ
ငါးနှစ်မြောက်ခဲ့ပြီ....။၁၆နှစ်အရွယ်အထိ
အဖေဖြစ်သူနှင့် အတွဲညီရင်း သိပ်တက်ကြွခဲ့သော
လူငယ်လေးသည် အဖြစ်ဆိုးပေါင်းများစွာ
ဖြင့် ထပ်ခါထပ်ခါ ကြုံတွေ့ခဲ့ပြီးသည့်နောက်
ကောင်းတခါ ဆိုးတလှည့်စိတ်အခြေအနေ
အားရင်ဆိုင်နေရသောသူ...။
"အနွေးထည်အနက်ရောင်လေး
Hyungထားခဲ့မယ်နော်....
Kookie အနက်ရောင်တွေကိုကြိုက်တယ်မလား..."
Hoodieအနက်ရောင်လေးအားခုတင်ပေါ်
တင်ထားပေးခဲ့ကာအခန်းပြင်သို့ပြန်ထွက်
ရသည်။ ထပ်နေ၍အဆင်မပြေနိုင်ပါ...။
စားစရာတခုခုစားချင်လာလျှင်လာပြော
လိမ့်မည်ဆိုတာသိတာကြောင့်အခန်းအပြင်တွင်ပဲ
စောင့်နေလိုက်တော့မည်။
"သွေးတွေနဲ့တူလိုက်တာ.....
အတောင်ပံတွေကသွေးတွေစီးနေသလိုပဲ...."
စုတ်တံဖြင့်မယူတော့ဘဲလက်ချောင်းတွေဖြင့်
ဆေးနီနီတွေအားထိတွေ့လိုက်သည်။
ထို့နောက်စက္ကူပေါ်သို့ဆွဲချလိုက်ရင်း
စိုက်ငေးနေမိသည်.....။
"နင်ကငါ့ဘဝကိုဖျက်ဆီးချင်နေတယ်ပေါ့
JeonJungkook...!!!!"
ကျောင်းမှပြန်လာသောအထက်တန်းကျောင်းသား
လေးသည်ရုတ်တရက်အိမ်ထဲဝင်ဝင်ခြင်း
ပြင်းထန်လှသောရိုက်ချက်တခုကြောင့်
ကြမ်းပြင်ပေါ်သို့ရုပ်ပျက်ဆင်းပျက်ပြိုလဲကျသွား
သည်။
နှာခေါင်းမှထွက်ကျလာသောသွေးတွေသည်
အဖြူရောင်Uniform ပေါ်သို့ချက်ချင်း
ပေကျံသွားတာကြောင့်လက်ဖြင့်မြန်မြန်ဆန်ဆန်
သုတ်ပစ်လိုက်သည်...။
"ကျတော် ဘာမှမလုပ်ဘူး မေမေ...."
"ကျောင်းမှာဆေးလိပ်ခိုးသောက်တယ်
သပ်သပ်မဲ့အမိခံတယ် ခု ငါ့သားက
ပျက်ဆီးနေတဲ့ကောင်ဆိုတဲ့အကြောင်း
မနာလိုတဲ့အောက်တန်းစားတွေက
သတင်းလွှင့်နေပီ...ရွေးကောက်ပွဲနီးနေလို့
ဒီလိုချိန်မျိုးမှာ ဘယ်လောက်သတိထားရလဲ
နင်သိလား ...နင်ငါ့လမ်းကိုလာမရှုပ်စမ်းနဲ့
အရူးလိုကောင်ရဲ့...."
"ကျတော် ဆေးလိပ်သောက်ရုံနဲ့
မေမေ မရှုံးပါဘူး...."
ဖြောင်း....။
"နင့်ကို နင့်အဖေမြှောက်ပေးတာမလား
ပြောစမ်း...အဲ့ဒီသုံးစားမရတဲ့ကောင်
မြှောက်ပေးလို့ နင်ငယ်ငယ်လေးနဲ့
ငါ့ကို အာခံတတ်နေတာ...ဟုတ်တယ်မလား.."
မေမေသူ့ကို ချစ်တဲ့စိတ်ရှိရဲ့လားလို့...
မမေးကြည့်ရဲခဲ့ဘူး...
လူမှန်းသိတတ်စထဲက မေမေက
တစ်အိမ်လုံးအပေါ် အမိန့်ပေးနေတာကို
တွေ့ခဲ့ရတယ်...ဖေဖေအပါအဝင်ပေါ့...။
အသက်အရွယ်တခုရောက်လာတော့
မေမေဟာ အဖွဲ့အစည်းတခုကိုထပ်အမိန့်
ပေးနေပြီ....
လောကကြီးမှာအတော်ဆုံးအတတ်ဆုံး
ပညာတတ်မေမေဟာ သူနဲ့ဖေဖေကလွဲရင်
လူတိုင်းအပေါ် အပြုံးတွေနဲ့ဆက်ဆံခဲ့တာကို
တော့သေသေချာချာမှတ်မိပါသည်...။
"JungMi...မင်းငါ့သားကိုမထိနဲ့လို့ငါ
ဘယ်နှခါပြောရမလဲ..."
အိမ်ထဲပြေးဝင်လာသောဖေဖေသည်
အရက်နံ့တို့နံနေပေမယ့်သူ့ကိုတချက်
ယိမ်းယိုင်မသွားဘဲဆွဲထူသည်...။
"ငါ့လမ်းကို လာရှုပ်ရင်တော့
ငါဘယ်သူ့ကိုမှသည်းမခံဘူး
ဒီအကောင် ငါ့ကိုပြသနာတွေဖန်တီး
တာများပြီ...."
"မင်း စောက်ကိစ္စတွေကို
ငါတို့စိတ်မဝင်စားဘူး
ကိုယ့်ဘဝနဲ့ကိုယ်ပျော်အောင်နေနေကြတာ
JungKookဘာလုပ်လုပ်
မသိချင်ယောင်ဆောင်နေလိုက်ရင်
ဖြစ်နေတာပဲ..ငါ့သားကိုထပ်မရိုက်ပါနဲ့..."
"JeonJungMi ရဲ့ သားဖြစ်နေတယ်
အဲ့အတွက် သူဆင်ခြင်ရမှာတွေ
အများကြီး ဘဝကိုနေချင်သလို
လေလွင့်နေလို့မရဘူး
အစထဲက ငါဒီကလေးကိုမယူချင်ပါဘူး
လို့နင့်ကိုပြောခဲ့တယ်..နင်ပဲမွေးခိုင်းတာ...."
"JungMi...!!!!!
ဖေဖေသည် မေမေ့အားရိုက်ချလိုက်သည်။
မျက်စိရှေ့တည့်တည့်တွင်ကျယ်လောင်
စွာပေါက်ကွဲကြရင်းတစ်ယောက်တပြန်ရိုက်
နေကြခြင်းကို သူအိမ်ကြီး၏နံရံအထိတိုး
ကပ်ရင်းငေးကြည့်နေမိသည်...။
ဖေဖေမူးနေသည်...'
ဖေဖေကအမြဲမူးနေတဲ့သူပါ...
သို့သော် သူ့ကိုတော့ကြည်ကြည်လင်လင်
အမြဲတမ်းကြည့်ပေးခဲ့သည်။
မေမေသည် စားပွဲပေါ်မှပန်းအိုးအားဆွဲယူ
ကာဖေဖေခေါင်းကိုရိုက်ချလိုက်တာကြောင့်
သွေးနီနီများသည်ဖြာခနဲ.....။
"ဖေဖေ..!!!!!"
အနီရောင်ဆေးတွေသည်အတိတ်မှပစ္စုပ္ပန်သို့
ပြန်ရောက်လာသော်အခါ စက္ကူပေါ်တွင်
မရှိတော့ဘဲ ခန္ဓာကိုယ်အနှံ့အပြားသို့
လိုက်သုတ်ကာ အသက်ရှုသံတို့ပြင်းထန်လျက်...။
စားပွဲပေါ်မှပန်းအိုးဆီသို့အကြည့်ရောက်တော့
နှင်းဆီပန်း အဖြူရောင်တွေထိုးထားသည်..။
ပန်းအိုး....ပန်းအိုးကိုဖယ်မှပဲ..
ဖေဖေ..ထပ်ထိခိုက်မယ်....
အဲ့ဒီနေ့က ဖေဖေ သည်သွေးတွေနစ်နေရင်း
မှသူ့လက်ဆွဲကာအိမ်အပြင်သို့ဆွဲခေါ်သွား
ခဲ့သည်..။
ထပ်ဆွဲခေါ်သွားလောက်ပါတယ်လေ...။
ပန်းအိုးအားယူကာကြမ်းပြင်ပေါ်သို့ပစ်ပေါက်
လိုက်တော့ အစိတ်စိတ်အမွှာမွှာဖြစ်သွား
သော ဖန်စတွေ....
"ဖေဖေအတွက်ရှင်းပေးလိုက်ပီ..."
လွှင့်စင်သွားသောနှင်းဆီပန်းအဖြူရောင်
တွေသည်ကြမ်းပြင်ပေါ်တွင်ရှိနေတုန်း။
"နှစ်ရက်တောင်အိပ်ထားတာဗိုက်ဆာနေမှာပေါ့..."
ဖန်ကွဲစတွေအပေါ်ဖြတ်နင်းသွားကာ
နှင်းဆီပန်းအဖြူရောင်တွေ၏ပွင့်ချပ်တွေဆီသို့
ဦးတည်လိုက်သည်။ခြေဖဝါးသို့စိုက်ဝင်နေသော
နာကျင်မှုတို့သည်ထုံထိုင်းနေလျက်..။
သူဘာမှမခံစားရ...။
ပွင့်ချပ်တွေအားခြွေကာ ပါးစပ်ထဲသို့
ထည့်လိုက်ရင်း...မနက်စာစားနေတယ်ခေါ်မလား။
"Kookie....!!!!"
ကျကွဲသံတခုခုကြားရကြောင်းအိမ်အကူ
ကောင်မလေးပြောသည်နှင့်မီးဖိုခန်းထဲမှ
ပြေးတက်လာကာ အခန်းတံခါးဖွင့်တော့
အော်သာငိုလိုက်ချင်ပါသည်။ခြေဖဝါးမှ
သွေးတွေသည်အခန်းတံခါးဝအထိစီးနေကာ
နှင်းဆီပန်းတွေအား ပါးစပ်ထဲထည့်နေသောသူ။
ခံစားချက်မဲ့သောမျက်နှာ
နာကျင်မှုတစိုးတစိမှမရှိသောမျက်နှာ
မျက်ရည်ကင်းစင်နေသော ရှင်းပြောင်နေသည့်
မျက်နှာသေးသေးလေး....။
"ဒါစားစရာမဟုတ်ဘူးလေကွာ...."
သူပြေးဝင်ကာလက်ထဲမှပန်းတွေအားပုတ်ချ
လိုက်ရင်း ပွေ့ချီပြီးနောက်ရေချိုးခန်းထဲပြေးဝင်
ခဲ့ရသည်..။ဆေးတွေပေကျံနေသော
အဝတ်အစားတွေအားချွတ်ကာရေမြန်မြန်ဆေး
ချရင်းခြေထောက်ကရှရာတွေကိုပါ
ထိနေသော်လည်းသူမနာဘူးထင်သည်။
မျက်လုံးဝိုင်းကြီးတွေဖြင့်လိုက်ကြည့်ရင်း
"ဗိုက်ဆာလို့ပါ....Hyungပဲမနက်စာ
ကောင်းကောင်းစားရမယ်ဆို...."
မျက်ရည်ကျနေပြီဖြစ်သောSeokJin
အားမျက်ရည်တွေသုတ်ပေးရင်း
ရှင်းပြနေသော လိပ်ပြာငယ်၏
အသံလေးသည်တိုးတိုးလေး...။
"ဖေဖေ ထပ်ထိခိုက်မှာစိုးလို့
JungKookက ကူညီတာပါ..
မငိုပါနဲ့...အကျီအသစ်လေးဝတ်ပြီး
မနက်စားစားပါ့မယ်"
သူဘာမှပြန်မပြောနိုင်ပါ...။
ဒီကလေးဒီလိုအခြေအနေရောက်တိုင်း
ငိုရုံအပြင်ဘာမှမတတ်နိုင်ဘဲ
မျက်ရည်တွေနဲ့ ဖြတ်သန်းနေရဆဲ...။
"မချီနဲ့ Jungkook လမ်းလျှောက်နိုင်ပါတယ်..."
"အနာတွေနဲ့လေ...."
"အနာ..."
ရေချိုးခန်းထဲမှအပြင်သို့ချီခေါ်ရန်ပြင်တော့
တားလာသောသူ...။ခြေထောက်တွေအားငုံ့
ကြည့်ကာ သူ့ကိုပြန်ကြည့်လာသည်။
"ထိခိုက်သွားပြန်ပြီ...ခုနလမ်းလျှောက်
နိုင်လို့ ပျော်နေတာ..."
"အနာလေးတွေရှိနေတာမို့Hyungချီမှအဆင်ပြေမယ်
ဖြစ်တယ်မလား.."
"ဖြစ်ပါတယ်..."
သဘက်လေးဖြင့်လုံခြုံအောင်ပတ်ထား
သော ခန္ဓာကိုယ်လေးအားပွေ့ကာ
ခေါ်လာရသည်။ရေချိုးသန့်စင်ပြီး
နောက် အသစ်ဝယ်လာသောအနက်ရောင်
Hoodieလေးအားရေပင်မသုတ်ဘဲ
ချက်ချင်းကောက်ဝတ်လေသောသူ...။
ခြေထောက်တွေအားဆေးထည့်ပေးကာ
ပတ်တီးစီးပေးတော့ငြိမ်နေသည်...။
"ဖေဖေက Kookie ဒီလိုထိခိုက်တာမျိုး
ကိုကြိုက်မှာမဟုတ်ဘူး...
နောက်ဆို ဂရုစိုက်ရမယ်နော်..."
"Hyungသွားမပြောနဲ့လေ..."
"မပြောပါဘူး ဒါကိုလျှို့ဝှက်ပေးမယ်..."
"မေမေ့ကိုလည်းမပြောပါနဲ့...Jungkook ကို
လာရိုက်လိမ့်မယ် မေမေ့သမီးကိုရော...
လျှို့ဝှက်ပေးပါ..."
"Promise ပါ ယုန်ကလေးရယ်..."
ယုန်ကလေးလိုသမုတ်တိုင်းယုန်သွားလေး
တွေပေါ်အောင်ရီပြတတ်ပါသည်...။
ခုလည်းချစ်စရာကောင်းစွာရီပြနေသော
လူသားငယ်လေး၏ဆံပင်အိအိလေးတွေအား
သပ်ပေးရင်းထပ်တူပြန်ပြုံးပြပေးလိုက်သည်။
"JinHyungက လိပ်ပြာအဖြူရောင်လေး...."
"တော်တော်လှမှာပဲ..."
"အင်း...Jungkookအရမ်းသဘောကျတယ်.."
အိမ်ကြီး၏တတိယမြောက်အထပ်တွင်
အပြင်လောကဖြင့်ငါးနှစ်ကျော်ခြောက်နှစ်မျှ
အဆက်အသွယ်မဲ့နေသောတိတ်တဆိတ်ရှင်သန်
မှုလေးတခုရှိနေခဲ့သည်....။
ကံကောင်းလျှင် ပြတင်းပေါက်နားတွင်
တခါတရံအဝေးကိုငေးကြည့်နေသည့်
ပုံရိပ်လေးအားမြင်တွေ့တတ်ကြပီး
တခါတရံ ဝရံတာထွက်ပန်းချီဆွဲတတ်သည်...
သုံးလလောက်မှတခါလောက်သာရှိသော
အခြေအနေမျိုးမို့သိပ်တော့မျှော်လင့်၍မရပါ...။
စိတ်အခြေအနေပေါ်မူတည်လျက်...
သူနှင့်ပတ်သတ်လာလျှင်ဘယ်အရာကိုမှ
တသမတ်ထဲသဘောထား၍မရပါ...။
လိပ်ပြာလေးသည်...ခန့်မှန်းရခက်
နားလည်ဖို့ရာခက်သော ထွက်ပေါက်
မဲ့ ဝင်္ကပါ တခုလိုပင်.....။
............။
"Hanna...!"
Dutyပီး၍နားနေခန်းထဲပြန်ဝင်လာချိန်
ရောက်ရှိနေသောသူမကြောင့်အံ့ဩသွား
ရသည်။အနက်ရောင်ဂါဝန်ကျပ်ကျပ်ဖြင့်
တန်ဖိုးကြီးအိတ်တလုံးအားကိုင်ဆောင်
ထားသောသူမသည် စီးပွါးရေးလုပ်ငန်းရှင်
ပီသစွာပင် တန်ဖိုးကြီးမားမှုတွေအားလုံးအား
တကိုယ်လုံးတွေစီရင်ထားသည်။
"Duty ပီးပီထင်တယ်...Hannaသူငယ်ချင်း
တစ်ယောက် သတင်းလာမေးရင်းနဲ့
ဝင်လာလိုက်တာ....."
"ကြုံမှပဲဝင်လာချင်တာပေါ့...
ဒီတိုင်းလည်း လာလို့ရပါတယ်ဗျာ.."
လူကြီးချင်းစကားပြောဆိုပီးကာ
စေ့စပ်ပွဲမကြာခင်လုပ်ပီး အခ်ျန်တန်
သူမ၏ယောက်ျားဖြစ်တော့မည့်
ဆရာဝန်လေးသည်Duty Coat
အဖြူရောင်လေးဖြင့်သိပ်ခန့်ညားနေမြဲ။
နားကျပ်လေးအားစားပွဲခုံပေါ်တင်လိုက်ရင်း
Coffee ဗူး နှစ်ဗူးအားယူကာသူမအား
တဗူးလာပေးသည်။
"စားစရာကောင်းကောင်းတော့မရှိဘူး
ကိုယ် ညDutyတွေတခါတလေ
အိပ်ချင်လာရင် သောက်ဖို့လုပ်ထား
တဲ့ ကော်ဖီတွေပဲရှိတယ်....."
Coffee လုံးဝမကြိုက်သောသူမအဖို့
ကသိကအောင့်နိုင်သောအခြေအနေပေမယ့်
ကမ်းပေးနေသောလက်တွေဆီမှCoffee
ဗူးအားခေါင်းညိတ်ပြရင်းယူလိုက်သည်။
ဘယ်သူငယ်ချင်းမှနေမကောင်းလည်းမဖြစ်ပါ
သူ့ကိုတွေ့ချင်ရုံသပ်သပ်ဖြင့်လာခဲ့ခြင်းဖြစ်သည်။
သို့သော် မာန နှင့် မာန်က ရှင့်ကိုကျမတွေ့ချင်လို့
ပါဟု ခွင့်မပြုခဲ့။
"ကိုယ်လည်းအားနာနေတာ
အိမ်မှာလာတွေ့ပီးထဲက Hannaဆီကို
မရောက်လာနိုင်ဘူး ဆေးရုံမှာကလည်း
ခုရက်ပိုင်းနည်းနည်းအလုပ်လေးတွေ
ရှုပ်နေတာနဲ့...."
"အလုပ်ကိုသာ တာဝန်ကျေအောင်လုပ်ပါ
Hannaကို သိပ်ခေါင်းထဲမထည့်ပါနဲ့.."
"ကိုယ်လက်ထပ်မဲ့ ကိုယ့်အမျိုးသမီးကို
ခေါင်းထဲမထည့်လို့တော့ဘယ်ဖြစ်မလဲ
တန်ဖိုးထားရမှာပေါ့...."
LeeHanna၏နှလုံးသားအသက်အညှာကို
တရစ်ချင်းပြိုဆင်းစေသောစကားလုံး
နှင့်အပြုအမူတွေဖြစ်သည်။
ယောက်ျားဆို ဒေါက်ဖိနပ်တရံရွေးချယ်ဝယ်ယူ
သောဖြစ်ရပ်လောက်အရေးကြီးတယ်
မထင်မြင်ခဲ့သောသူမ အဖို့ Dr ParkJimin
သည် ထိုပုံသေနည်းတွေကိုဖျက်ဆီးပစ်သည်။
အဆင့်အတန်းရှိပြီး ယောက်ျားဆန်ခြင်းဆို
တာ ဒါမျိုးပါလားဟု ကျေနပ်စွာငေးကြည့်မိခဲ့
သည်။
"တန်ဖိုးထားပေးတာ ကျေးဇူးပါ..."
"ကျေးဇူးတင်စရာမလိုပါဘူး...
ဒီနားကစားသောက်ဆိုင်တခုခုမှာ
မုန့်သွားစားမလား ကြည့်ရတာHanna
Coffee မကြိုက်ဘူးနဲ့တူတယ်...."
"ကောင်းသားပဲ....ဒါပေမယ့် Drအဆင်ပြေရဲ့လား"
"Duty ပီးသွားပါပြီ...."
DutyCoatအားချိတ်တွင် ကျကျနနချိတ်ကာ
အပြင်ထွက်ရန် သေချာပြင်ဆင်နေပုံသည်
လည်းတမျိုးတဖုံကြည့်ကောင်းနေလျက်။
Nurseလေးတွေအား မှာကြားနေပုံသည်
သူမမကျွမ်းကျင်သောဆေးလောကနယ်ပယ်
ဖြစ်သော်ငြားနားထောင်၍ကောင်းလှပါသည်။
"Dr ...ကောင်မလေးလား..."
Nurse လေးတွေသည် ပြုံးစိစိဖြင့်
တိုးတိတိုးတိလုပ်နေတာကြောင့်
Hanna ခပ်တည်တည်သာနေလိုက်သည်။
လူတိုင်းနှင့်ပေါပေါလောလောမရောထွေးချင်ပါ။
"လက်ထပ်မဲ့သူပါ နောက်မှသေချာမိတ်ဆက်
ပေးပါ့မယ်..ခုတော့အပြင်ခဏသွား
လိုက်အုန်းမယ်..."
ပြတ်သားသောအဖြေအားမဆိုင်းမတွဖြေသူ
ကြောင့် ပျော်သွားခဲ့ရသည်။
Nurse လေးတွေ၏အားကျသောအကြည့်
အစုံစုံတို့အား ပြုံးယဲ့ယဲ့ဖြင့်သာတုံ့ပြန်ရင်း
သူကမ်းပေးလာသောလက်မောင်းအား
ခပ်ဖွဖွလေးချိတ်ကာ ထွက်လာလိုက်သည်။
လိုချင်တာသည်ဒါဖြစ်ပါသည်....
ခြေလှမ်းတိုင်းသည်တက်ကြွနေကာ
ဆရာဝန် ဝန်ထမ်းအားလုံး၏စူးစူးစမ်းစမ်း
အကြည့်များအားတလျှောက်လုံးသူမရသည်။
Dr Park Jimin ၏လက်မောင်းအားချိတ်ရသော
ပထမဆုံးမိန်းကလေးသည် သူမ ဖြစ်ကြောင်း
ဗေဒင်ပြေးမေးစရာမလို....။
"JeonJungMiရဲ့ သမီးတဲ့....."
"တကယ်ကြီးလား...အမယ်လေး
သူဌေးတွေကျတော့လည်း ရှာကြံ
တွဲတတ်ပါ့ တကယ်ကိုဒိတ်ဒိတ်ကျဲတွေပဲ.."
"Drက မိန်းမ အရှုပ်အရှင်း တခါမှမရှိခဲ့တာ
ဒါကြောင့်ကို..."
"အားကျလို့သေတော့မှာပဲဟယ်..."
"နင်တို့အလုပ်မရှိကြဘူးလား..."
ရုတ်တရက်ရောက်လာသောDr MinYoongi
၏အသံကြောင့်လန့်ဖျန့်သွားကြကာချက်ချင်း
လူစုခွဲသွားကြသည်။
သူဌေးသမီးတစ်ယောက်အား
ပိုင်ပိုင်နိုင်နိုင် တွဲပြလျက် ဘဝင်မိုးထိုး
နေသော ParkJiminသည် ဘယ်အခ်ျန်ကြည့်ကြည့်
အမြင်ကပ်စရာအတိ..။
ဆေးကျောင်းသားဘဝထဲက စာပြိုင်ဘက်ဖြစ်လာ
ကာတယောက်တပြန်အနိုင်ယူကြရင်း
ဆေးရုံတရုံထဲကျသည်အထိ အမြင်မကြည်နိုင်
ကြသေး...။
အပြိုင်အဆိုင် ဆေးကုနေကြသေးသည်...။
"Dr...ရော ဘယ်တော့ချပြမှာလဲ..."
"နင်တို့ကိစ္စမဟုတ်ဘူး သွားကြ...."
...............
"စေ့စပ်ပွဲကိုနောက်တပတ်ထဲတော့
လုပ်မယ်လို့ လူကြီးတွေကပြောတယ်...
Hannaဘက်က အဆင်ပြေရဲ့လား...."
"ပြေပါတယ်...အခက်အခဲရယ်လို့မှမရှိတာ.."
"တခုခုစိတ်တိုင်းမကျရင်ကိုယ့်ကိုပြောပါ
ကိုယ်တို့တွေ့ရတာမကြာသေးဘူးဆိုပေမယ့်
အနီးစပ်ဆုံးလူတွေဖြစ်လာတော့မှမို့
ပွင့်လင်းတာပိုအဆင်ပြေတယ်..."
"Drက ထင်ထားတာထက်ပိုတာပဲ...."
"ဘာကိုလဲ...."
"ပွင့်လင်းတာကိုပါ...."
"ကိုယ်က Hannaအပေါ်ဘာလျှို့ဝှက်ထား
စရာရှိလို့လဲ...."
သူမသည်ရှက်ပြုံးတခုဖြင့်ခေါင်းငုံ့သွား
ခဲ့မည်ထင်သော်လည်း LeeHannaမို့
မျက်လုံးတွေထဲအထိစိုက်ကြည့်ကာပြုံးပြ
ရင်း အအေးခွက်အားအရသာ
ခံကာသောက်နေသည်။
" ဟုတ်ပါပီ...."
"အန်တီ လုပ်နေတဲ့အပိုင်းတွေကိုစိတ်မဝင်စား
ဘူးလား...စီးပွါးရေးကိုပဲဝါသနာပါတာလား....."
"ပိုက်ဆံပဲရှာချင်တယ်.....
မေမေ့လို လူထုတရပ်လုံးအတွက်တွေး
မပေးတတ်ဘူး...."
Jiminသည်ခေါင်းညိတ်ရင်းအအေးခွက်
အားမွှေနေလိုက်သည်။
"ကိုယ်က Hannaကိုလည်းလှုပ်ရှားမှုတွေမှာ
ပါမယ်ထင်တာ.."
"လိုအပ်ရင်တော့ကူညီပေးတာပေါ့
ငွေကြေးတွေဘာတွေ အစုံပေါ့လေ
မေမေ့ကို Supporting တော့ပေးဖြစ်ပါတယ်
ကိုယ်တိုင်ကျ စီးပွါးရေးပဲနားလည်တယ်.."
"ကိုယ်က အန်တီ့ကို သိပ်သဘောကျတာ
အရမ်း အတွေးအမြင်ကောင်းတယ်.လေ.."
"Dr..ကမေမေ့ Fanပဲ...."
"Jiminလို့ခေါ်ပါ....."
"မလေးစားသလိုဖြစ်နေမှာစိုးတယ်..."
"လေးစားစရာမလိုပါဘူး..."
"Jimin......"
"အင်း...ဒါကပိုနီးကပ်သွားသလိုခံစား
ရတယ်မလား"
"စတွေ့ထဲက ဒီဆရာဝန်က နီးကပ်ဖို့ပဲပြော
နေတော့တာပဲ....."
"အမှန်တရားမို့ပါ.....ဗျာ..."
အကောင်းစားမိတ်ကပ်မှုံမှုံအိအိလေးနှင့်
လှချင်တိုင်းလှနေသော Hannaသည်
လက်သွယ်သွယ်လေးတွေကွယ်ကာ
အသံထွက်အောင်ရီမောနေခဲ့သည်...။
ဒီလိုနဲ့...ကျတော်တို့ရေစက်တွေစဆုံခဲ့ကြတယ်....
ရိုးရှင်းလှတဲ့ ကံကြမ္မာရဲ့ ဇာတ်ကွက်တွေပါပဲ
လိုက်ဖက်ညီလှတဲ့ ကျတော်နဲ့ Hannaဟာ
တစ်ယောက်နဲ့တစ်ယောက်
သဘောမကျတဲ့အချက်တစ်ချက်လေးမှ
တောင်မရှိဘဲ လက်ခံခဲ့ကြတယ်....
မိသားစုဘဝတခုကိုတည်ဆောက်ဖို့
အရွယ်ရောက်ပြီးအလုပ်အကိုင်တည်မြဲနေပီ
ဖြစ်သော ကျတော်ဟာ အဆင်သင့်ဖြစ်နေခဲ့တာ
မှားတော့မမှားခဲ့ဘူးမလား....
Hannaကို ချစ်ခဲ့လား.....??????
စိတ်မကောင်းစရာက
ကျတော် အချစ်ဆိုတာကို လောကတခွင်
ရှိနိုင်တဲ့ ဖြစ်တည်မှုမျိုးလို့တောင်
သတ်မှတ်မထားတဲ့အတွက်....
အချစ်...ဆိုတာကို မသိခဲ့ပါဘူး...
အရေးအရာလည်းမပါခဲ့ဘူး...
ဂရုတစိုက်ခံစားရမဲ့အရာလို့လည်း
လုံးဝသဘောမထားခဲ့တာပါ...
အကောင်းဆုံးပညာတွေသင်ရင်း
သုံးမကုန်တဲ့စည်းစိမ်းဥစ္စာတွေနဲ့
တန်ဖိုးမြင့်မြင့်မိန်းမတစ်ယောက်ကို
လက်ထပ်ပြီး ဖြတ်သန်းဖို့ရန်သာရှိပါသည်......။
ကျတော်ဘယ်သူ့ကိုမှချစ်မှာမဟုတ်ပါ
ချစ်လည်းမချစ်တတ်ပါ
စာတွေကျက်ပြီး...စာမေးပွဲတွေသာဖြေတတ်သည်
ဆေးထိုးအပ်ကိုင်ပြီးပြောင်ပြောင်မြောက်မြောက်
ဆေးကုတတ်ပါသည်....
ပိုင်ဆိုင်ရမဲ့ မိန်းမတစ်ယောက်ကို
ကျတော့် စံနူန်းနဲ့အညီ တန်ဖိုးထားရုံကလွဲပြီး
ကျတော်ကျန်တာ ဘာမှမသိခဲ့တဲ့ကောင်ပါ....။
ကျတော်ဟာ....ကျတော့်အတွက်ဟုဆိုလျှင်
ဘောပင်တချောင်းကအစ သိပ်သိကာ
လောဘတကြီး သိမ်းဖွက်တတ်သောကောင်မို့
သိပ်သိပ်အတ္တကြီးတယ်ဟုဆိုကာ
ကျောင်းတုန်းထဲကသူငယ်ချင်းတွေ
ရှောင်ဖယ်တတ်သောကောင်မို့....
လူတွေမမြင်ပေးနိုင်သောDarksideက
ParkJimin သည်....
နည်းနည်းတော့...မဆိုသလောက်လေးတော့
ခက်ခဲနိုင်ပါသည်......။
ကျတော့်ကိုလာဖြေရှင်းဖို့လည်းမလိုအပ်ပါ...
ကျတော့်ဘဝတစ်လျှောက်လုံး
အဆင်မပြေတဲ့ အချိုးအကွေ့မျိုး
တခုတလေတောင်မရှိခဲ့ခြင်းကြောင့်...။