Because of love🖤[ Completed ]

Od KhaingMyat0

189K 8.1K 142

ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖစ်သည်။ #Yami✍🏻 #2021 ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ... Více

𝐈𝐧𝐭𝐫𝐨
Because of love🖤(chapter2)
Because of love🖤(Chapter3)
Because of love🖤(Chapter4)
Because of love🖤(Chapter5)
Because of love🖤(Chapter6)
Because of love🖤(Chapter7)
Because of love🖤(Chapter 8)
Because of love🖤(Chapter 9)
Because of love🖤(Chapter10)
Because of love🖤(Chapter11)
Because of love🖤(Chapter12)🌚
Because of love🖤(Chapter13)
Because of love🖤(Chapter14)
Because of love🖤(Chapter 15🚨🚨)
Because of love🖤(Chapter16)
Because of love🖤(Chapter17🚨🚨)
Because of love🖤(Chapter 18)
Because of Love🖤(Chapter 19)
Because of Love🖤(Chapter20)
Because of love🖤(Chapter 21)
Because of love🖤(Chapter 22)
Because of love🖤(Chapter23🚨🚨)
Because of love🖤(Chapter24🚨🚨)
Because of Love🖤(Chapter 25)
Because of Love🖤(Chapter26)
Because of Love🖤(Chapter27)
Because of Love🖤(Chapter28)
Because of love🖤(Chapter29)
Because of Love🖤(Chapter 30)
Because of Love🖤( Chapter31 )
Because of Love🖤(Chapter 32🚨🚨)
Because of Love🖤(Chapter 33)
Because of Love🖤( Chapter 34 )
Because of Love🖤( Chapter35🚨🚨 )
Because of Love🖤( Chapter36 )
Because of Love🖤( Final 👨‍❤️‍👨 )

Because of love🖤(Chapter1)

11.7K 485 14
Od KhaingMyat0

Unicode//

အမေရိကန်ပြည်ထောင်စုNew York မြို့ရဲ့ ပန်းခြံတနေရာရှိ ခုံရှည်တန်းလေးပေါ်တွင်ထိုင်ပီး နေဝင်ဆည်းဆာကိုကြည့်နေတဲ့ကောင်လေးတစ်ယောက်.. ထိုကောင်လေးကတော့ရှင်း..

ရှင်းကမြန်မာနိုင်ငံသားတစ်ယောက်ဖစ်ပီး သာမန်မိသားစုကမွေးဖွားလာသူတစ်ယောက် အလုပ်အရလို့ဆိုလို့ရပေမယ့် အရမ်းလာချင်ခဲ့တဲ့New Yorkမြို့တော်မှာဘွဲ့ရပီးပီးချင်းအလုပ်လုပ်ရန်လာခဲ့ခြင်းပင်..

ရှင်းကအသက်20စွန်းစွန်းရှိပေမယ့် အရပ်5'4"မပြည့်တပြည့်သာရှိပီး မျက်နှာသွယ်သွယ် နှုတ်ခမ်းမပါးတပါး နှာတံစင်းစင်းနှင့်မျက်လုံးဝိုင်းဝိုင်းတို့ကြောင့် အသက်နှင့်မလိုက်ချစ်စရာကောင်းလွန်းလှသည် ထို့ပြင်ခန္ဓာကိုယ်ကလည်းသွယ်သွယ်လျှလျှဖြူဖြူအုအုလေးဖစ်တာကြောင့် ယောကျာ်းလေးလို့တောင်မဆိုနိုင်..။

ရှင်းမြန်မာနိုင်ငံမှာကျောင်းနေခဲ့တုန်းကဆိုရင်ရှင်းရဲ့သေးသွယ်တဲ့ခန္ဓာကိုယ်နဲ့ ​ယောကျာ်းမဆန်တဲ့မျက်နှာကြောင့် သူငယ်ချင်းတွေက
မိန်းကလေးဆိုပီးအမြဲစကြတယ်လေ ဒါပေမယ့်ရှင်းက အဲ့လိုကိစ္စမျိုးတွေကိုစိတ်ထဲမထားပါဘူး..

အမေရိကန်တို့လိုခေတ်မှီ ပွင်းလင်း တဲ့မြို့ကြီးတွေမှာတော့ ရှင်းရဲ့ပုံစံကို​မက်မောပီးချစ်ခွင့်ပန်တဲ့သူတွေရှိပေမယ့် အချစ်ရေးကိုစဥ်းစားချိန်မရတာကြောင့်ရော တနေ့တနေ့အလုပ်ကိစ္စနဲ့ဘဲလုံးပန်းနေတာကြောင့်ပါ ရှင်း မှာအချစ်ရေးကိစ္စနဲ့ပတ်သက်ပီး အရှုပ်တွေမရှိ...။

ပန်းခြံကခုံလေးမှာထိုင်ပီး နေဝင်ဆည်းဆာကြည့်ရတာကအတော်လေးလှပီး ရှင်းကို စိတ်အပန်းပြေစေတယ်လေ.. မိုးလင်းကတည်းကအလုပ်တွေရှုပ်နေပီး စိတ်အပန်းဖြေစရာဆိုလို့ဒီအချိန်လေးသာရှိတာမို့ နေဝင်သွားတဲ့အထိရှင်းငေးမောကြည့်နေမိသည်..။

New yorkမှာ နေနိုင်ဖို့ကိုရှင်းအရင်ကတည်းကစဥ်းစားခဲ့ပီး တကယ်လာနေနိုင်​ပေမယ့် မွေးရပ်မြေမဟုတ်တဲ့ တိုင်းတပါး
မှာ နေပီး အလုပ်လုပ်ရတာက အတော်လေးတော့ခက်ခဲတာပေါ့..။

စိတ်ညစ်နေရင်လည်း တစ်ယောက်ယောက်အပေါ်ရင်မဖွင့်ရဲဘဲ တစ်ယောက်ထဲသာအမြဲတမ်း ကြိတ်မှိတ်သည်းခံခဲ့ရတာမလို့ ရှင်းစိတ်ညစ်တိုင်း ဒီကိုသာလာပီးဖြေဖျောက်ရစမြဲပင်..။

ရှင်းငေးနေတာအတော်ကြာသွားပီး နေလည်းဝင်သွားပီးမလို့ ရှင်းအတွေးတွေကိုရပ်လိုက်ပီးအိမ်ကိုပြန်လာခဲ့လိုက်သည်။

ရှင်းအသက်17နှစ်မပြည့်ခင်ကတည်းက
တစ်ယောက်ထဲ​နေရသည် ရှင်း မေမေနဲ့ဖေဖေနဲ့က ရှင်း တက္ကသိုလ်ပထမနှစ်ကတည်းက accidentကြောင့်ဆုံးသွားတာမလို့ အတော်လေးအထီးကျန်စရာကောင်းတာပေါ့...

ရှင်းမှာဆွေမျိုးသားချင်းဆိုလို့ ဖေဖေ့အမတစ်ယောက်ရှိပေမယ့် ပိုင်ဆိုင်မှုတစ်ပြားတစ်ချက်မှမရှိတဲ့ရှင်းကို တာဝန်မယူချင်တာကတော့မဆန်းဘူးလေ..

ရှင်း New Yorkကိုလာနိုင်တယ်ဆိုတာကလည်း ရှင်းပညာရေးထူးချွန်တာကြောင့်ရတဲ့ပိုက်ဆံတချို့ရယ် ပီးတော့ကျောင်းတက်ကတည်းကအလုပ်တွေကြိုးစားပန်းစားလုပ်ပီး စုခဲ့တဲ့ကျေးဇူးတွေကြောင့်..။

New Yorkမှာ ရှင်း အလုပ်လာလုပ်တာ အခုဆို6လ ကျော်ကျော် လောက်ရှိနေပီး ရှင်းရဲ့အရည်အချင်းကြောင့် ရှင်းအလုပ်လုပ်တဲ့ကုမ္ပဏီပိုင်ရှင် bossရဲ့အတွင်းရေးမှူးဖစ်လာတာပေါ့..။

အတွင်းရေးမှူးဆိုပေမယ့်လည်း နာမည်အရသာကြည့်ကောင်းတာပါ bossအစားလုပ်ရတဲ့အလုပ်တွေရောပီးတော့bossရဲ့မိန်းမရှုပ်သမျှကိစ္စတွေပါလိုက်ရှင်းနေရသည်မှာအမြဲပင်.....

မလုပ်ချင်ဘူးလို့လဲပြောလို့မရဘူးလေ bossသာအလုပ်ဖြုတ်လိုက်ရင် ရှင်းဒုက္ခရောက်သွားမှာပေါ့..အဲ့လိုကိစ္စတွေကအစပိုင်းမှာ တော်တော်ခက်ခဲခဲ့ပေမယ့် နေသားကျသွားလို့ထင်တယ်ရှင်းအတွက် ပုံမှန်လိုတောင်ဖစ်နေပီး...

___________________________________

နောက်တနေ့ မနက်...

နှိုးစက်အော်သံကြောင့်ရှင်းနိုးလာသည် ဒီနေ့က တော်တော်အရေးကြီးတဲ့အလုပ်ရှိတာကြောင့် ရေချိုးပီးအဝတ်စားလဲကာ မြန်မြန်ထွက်လာခဲ့သည်.. ။

ရှင်းနေတဲ့နေတဲ့နေရာကသာမန်ရပ်ကွက်ကတိုက်ခန်းမျိုးဖစ်ပီး ကုမ္ပဏီနဲ့ကအတော်လေး ဝေးတာကြောင့် ရှင်းနေ့တိုင်းအိမ်ကနေ
စောစောထွက်လာရတာပေါ့...

" ငှာနမှူး sorryပါ ကျနော်နည်းနည်းနောက်ကျသွားတယ်..''

" အော် အတွင်းရေးမှူးရှင်း..နောက်မကျပါဘူးရပါတယ်..''

" ဟုတ်ကျေးဇူးပါ.. ဒီမှာအစည်းအဝေးမှာတင်ပြရမယ့်အချက်အလက်တချို့ပါ.. ''

" ကောင်းပါပီး အစည်းအဝေးချိန်ကျရင် ရှင်းbossကိုခေါ်ပီးလာလိုက်ပါ ကျနော်အားလုံးစီစဥ်ထားလိုက်ပါမယ်..''

" ဟုတ်ကျေးဇူးတင်ပါတယ်.. ဒါဆိုခွင့်ပြုပါဦး..''

ရှင်း ကုမ္ပဏီရောက်ရောက်ချင်းငှာနမှူးရုံးခန်းကိုသွားလိုက်ပီးပြောစရာရှိတာပြောပီးတော့မှ ရှင်းအလုပ်လုပ်တဲ့နေရာမှာလုပ်စရာရှိတာလုပ်နေလိုက်သည်..

အစည်းအဝေးချိန်ရောက်တော့မှာဖစ်တာကြောင့် ရှင်းလုပ်လက်စလေးတွေကိုရပ်ထားလိုက်ပီး ရှယ်ယာရှင်တွေကိုဖုန်းဆက်ပီးအကြောင်းကြားထားလိုက်သည် အခုတော့bossကိုသွားခေါ်ဖို့သာကျန်တော့တာကြောင့် Jackရုံးခန်းဆီကိုရှင်းသွားလိုက်သည်။

ဒေါက်ဒေါက်..

" bossကျနော်ပါ''

" ဝင်ခဲ့''

ရုံးခန်းထဲဝင်ဝင်ခြင်း bossရဲ့ဘေးနားမှာထိုင်နေတဲ့မိန်းကလေးတစ်ဦး သူမကိုကြည့်ရတဲ့ပုံမှာရှင်းဝင်လာသည်ကိုစိတ်ပျက်သွီားသည်ထင်သည် ရှင်းကိုစိတ်ဆိုးတဲ့ပုံနဲ့မဲ့ကာကြည့်နေတာကြောင့်ရှင်းလန့်သွားသည် ထိုမိန်းကလေးကိုကြည့်ရတာ bossရဲ့အရှုပ်ဇယားထဲကအခုလက်ရှိတစ်ယောက်ဖစ်မယ်ထင်သည်..

" boss အစည်းအဝေးက10နာရီဆိုစတော့မှာမလို့လာပြောတာပါ ရှယ်ယာရှင်တွေစည်းဝေးခန်းမှာစောင့်နေပါတယ်..''

" မင်းအရင်သွားထားလိုက် ငါလိုက်ခဲ့မယ်..''

" ဟုတ်''

အဲ့အမကြီးကြည့်တာကို ရှင်းအတော်လေးနေရခက်ပီး ကြောက်လည်းကြောက်တာကြောင့် Jackရုံးခန်းထဲက မြန်မြန်ထွက်လာလိုက်သည်..။

အတွင်းရေးမှူးတစ်ယောက်အနေနဲ့လည်း တာဝန်ကရှိတာကြောင့် ရှင်းစာရွက်စာတန်းတွေယူပီး အစည်းအဝေးခန်းကိုအရင်သွားနှင့်လိုက်သည် နောက်ခနလေးကြာတော့Jackရောက်လာတာကြောင့်အစည်းအဝေးကိုစတင်လိုက်သည်။

အခုရက်ပိုင်းရှင်းတို့ကုမ္ပဏီကရှယ်ယာတွေထိုးကျနေတာကြောင့် ရှယ်ယာရှင်တွေကိုကြည့်ရတာသူတို့ရှယ်ယာသူတို့ပြန်ထုတ်ချင်နေတယ့်ပုံပင်..

" Mr. Jackဒီတစ်ခေါက် LKနဲ့ ရင်းနှီးမြုပ်နှံမှုလုပ်မယ်လို့ကျနော်တို့ကြားထားတယ်ဗျ..''

ရှယ်ယာရှင်တစ်ဦးကပြောလိုက်ခြင်း..

" ဟုတ်တယ် ကျနော်LKမှာရင်းနှီးမြုပ်နှံမလို့ စဥ်းစားထားတယ်..''

" LKဆိုတာကတော်ရုံလုပ်ငန်းစုတွေရင်းနှီးမြုပ်နှံနိုင်တာမဟုတ်ဘူး ပီးတော့ကုမ္ပဏီရဲ့အခုလိုအခြေအနေနဲ့ဆိုရင်ဘယ်လိုမှဖစ်နိုင်မှာမဟုတ်ဘူး ရှယ်ယာတွေကျနေတာနှစ်လလောက်ရှိနေပီး ကျနော်တို့ကအမြတ်လိုချင်လို့စီးပွားရေးလုပ်နေတာ ဒီလိုဆိုကျနော်တို့ဘက်ကအဆင်မပြေဘူး''

ရှယ်ယာရှင်တစ်ယောက်ကပြောလိုက်တော့ ကျန်တဲ့သူတွေကလည်း တစ်​ယောက်နဲ့တစ်ယောက်တီးတိုးပြောနေကြသည်.. ။

" ကျနော်စဥ်းစားထားတာရှိပါတယ် ကျနော်အဆင်ပြေအောင်ကြည့်လုပ်လိုက်မှာမလို့ အချိန်နည်းနည်းလောက်ထပ်ပေးပါ LKကရင်းနှီးမြုပ်နှံဖို့အတွက်မလွယ်ပေမယ့် ကျနော်တို့သာရအောင်ပြောနိုင်ရင် အတော်လေးအောင်မြင်သွားမှာ..''

Jackကိုကြည့်ရတာ အတော်လေးကိုယုံကြည်မှုရှိနေတဲ့ပုံပင်..။

" ဒီတစ်ခေါက်သာ မအောင်မြင်ရင်တော့ကျနော်တို့ရှယ်ယာတွေပြန်ထုတ်တော့မယ်.. ''

ရှယ်ယာရှင်တစ်ယောက်ကပြောတာကိုကျန်တဲ့သူတွေကလည်းထောက်ခံကြသည်..

" Bossစဥ်းစားထားတာရှိလို့လား''

အစည်းအဝေးပီးတော့ရုံးခန်းပြန်လာချိန်ရှင်းမေးလိုက်ခြင်း..

" SKကုမ္ပဏီမှာချေးငွေယူထားတယ် မင်းဘယ်လိုထင်လဲရှင်း''

" Humm SK! bossဘာတွေတွေးနေတာလဲ''

SK groupဆိုတာက လုပ်ငန်းကြီးဖစ်ပီး အောင်မြင်ပေမယ့် အတိုးချေးစားပီး အမြတ်ယူတတ်သည်.. ချေးငွေယူရင်လည်း ကုမ္ပဏီကိုအပေါင်ထားပီး ချေးငွေယူရတာကြောင့် အတော်လေးစွန့်စားရာကျသည် အခုချိန်မှာJackရဲ့အတွေးကိုရှင်းနားမလည်နိုင်။

" မင်းတွေးနေတာကိုငါသိတယ် ဒါပေမယ့်LKမှာသာရင်းနှီးမြုပ်နှံနိုင်ရင် ဆယ်ဆလောက်မြတ်သွားမှာမင်းသိတာဘဲ..''

ဟုတ်တော့လည်းဟုတ်သည် အောင်မြင်သွားရင်တော့ အတော်လေးမြတ်မှာဆိုပေမယ့် မအောင်မြင်ရင်တော့ ရှိတာအကုန်ပြောင်ပီး ဘဝပါပျက်မှာ ဆိုတော့ အရမ်းစွန့်စားရာရောက်ပီး ရှင်းဝေခွဲရခက်နေသည် ။

" ဘာဘဲဖစ်ဖစ်ဒီတစ်ခေါက် LKမှာရင်းနှီးမြုပ်နှံနိုင်ရမယ် LKရဲ့bossက မနက်​ဖြန်ပြန်လာမယ်လို့ကြားတယ် သူ့ကိုသာတွေ့နိုင်ရင်ရပီး.. ငါတွေ့ဖို့ပြောကြည့်လိုက်မယ်..''

Bossကရှင်းနဲ့လည်းမတိုင်ပင်ဘဲ ဆုံးဖြတ်ချက်ချလိုက်တာကြောင့်ရှင်းအံ့သြပီးလန့်သွားတာတော့အမှန်..။

ဒါ​ပေမယ့်လည်း Jackကိုကြည့်ရတာ ရှင်းပြောပြရင်လည်းနားဝင်မယ့်ပုံမပေါက်တာကြောင့် ရှင်းလက်လျော့လိုက်သည်။

_______________________________

New Yorkမြို့ရဲ့လေဆိပ်..

ကိုယ်ပိုင်လေယာဥ်ပေါ်က ဆင်းလာတဲ့လူတစ်ယောက်ကို လေဆိပ်မှာရှိတဲ့သူတွေကငေးမောကြည့်နေကြသည် အနက်ရောင်ဝတ်စုံပြည့်ကိုဝတ်ဆင်ထားပီး ဆံပင်တွေကိုအပေါ်သို့လှန်တင်ထားကာ စတိုင်ကျကျနဲ့ဆင်းလာတဲ့ ထိုသူရဲ့ပုံမှာဖမ်းစားနိုင်လွန်းသည် ..

ထိုသူကတော့ တခြားသူမဟုတ် စီးပွားရေးလုပ်ငန်းမှာအအောင်မြင်ဆုံး လုပ်ငန်းရှင်တစ်ယောက်ဖစ်တဲ့ Williamပင်..။

Williamကအသက်30ရှိပီး စီးပွားရေးလောကမှာ အအောင်မြင်ဆုံးလုပ်ငန်းရှင်တစ်ဦးဖစ်သည်..

အခုလို အအောင်မြင်ဆုံး ဖစ်လာရတာလည်းအလကားနေရင်း ဖစ်လာတာမဟုတ်.. အချိန်ရောလူရောရင်းထားရပီး အစွမ်းကုန်ကြိုးစားခဲ့ခြင်းကြောင့်သာ..

မျိုးရိုးစဥ်ဆက်အလိုက် ချမ်းသာပေမယ့် မိဘကိုမမှီခိုချင်တာကြောင့် အသက်18
နှစ်ကတည်းကစီးပွားရေးအကြောင်းလေ့လာပီး အသက်20မှာ စီးပွားရေးလောကထဲဝင်လာကာ ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ့်အားကိုယ်ကိုးပီး တဆင့်ချင်းကြိုးစားခဲ့တာကြောင့် အခုလိုအောင်မြင်လာခဲ့ခြင်း..။

ရုပ်ရည်အရ လည်း​ချောမောပီး အရပ်က6'1" Vရှိတ်ပုံစံမေးရိုး မျက်ခုံးကောင်းကောင်း နှာတံစင်းစင်း နဲ့စူးရှတောက်ပပီးအေးစက်တဲ့အကြည့်တွေနဲ့ကြည့်တက်သူ..

ပါးလွှာတဲ့နှုတ်ခမ်းပါးတစ်စုံကို တင်းတင်းစေ့ထားတဲ့ပုံမှာလည်းဆွဲဆောင်မှုရှိလွန်းသည်.. အသားအရည်အရလည်းဖြူတဲ့ ထဲပါပီး ယောကျာ်းပီသတဲ့ခန္ဓာကိုယ်ပါပိုင်ဆိုင်ထားတာကြောင့် ရင့်ကျက်တဲ့အမျိုးသားတစ်ဦးဖစ်ပီး မိန်းကလေးတွေရဲ့စိတ်ကူးယဥ်နတ်သားလေးအလား..။

ပိုက်ဆံချမ်းသာသလို ရုပ်ရည်လည်းချောမောပီး ပြီးပြည့်စုံတဲ့ Williamဘေးမှာမိန်းမတွေဝိုင်းဝိုင်းလည်နေသလို သမက်တော်ချင်နေတဲ့ လုပ်ငန်းရှင်တွေကလည်းအများအပြား..

ဒါပေမယ့်လည်း William ဒီအသက်အရွယ်ထိ အလုပ်ကိုဘဲ ပထမဦးစားပေးခဲ့ပီး အဲ့ကိစ္စတွေကိုစိတ်မဝင်စားအား နာမည်ကြီးမော်ဒယ်တွေလို အချောအလှလေးတွေကတောင် Williamနားတဝဲလည်လည်ဖစ်နေပေမယ့် Williamအတွက်တော့ရင်ခုန်စရာမကောင်း..

အချစ်စစ်နဲ့ချစ်တာမဟုတ်ဘဲ ပိုင်ဆိုင်မှုကို မက်မောပီး ချဥ်းကပ်လာတဲ့လူတွေကို Williamအမုန်းဆုံးပင်.. အဲ့ဒါကြောင့်လည်း Williamရဲ့ဘဝမှာမိန်းမကိစ္စနဲ့ အချစ်ရေးပြဿနာဆိုတာလုံးဝမရှိခဲ့..။

William အလုပ်ကိစ္စကြောင့် တခြားနိုင်ငံကိုခရီးသွားနေပီး New Yorkကို3နှစ်ကြာပီးတဲ့နောက်ပြန်လာခဲ့ခြင်း.. လေယာဥ်ကနေဆင်းလာပီးခြင်း အောက်မှာအသင့်ရပ်စောင့်နေတဲ့Williamရဲ့လူယုံလာကြိုတဲ့ကားပေါ်တက်လိုက်သည်..

" Daddyတို့အိမ်ကို''

လေဆိပ်ကထွက်ထွက်ချင်း Williamရဲ့လူယုံဖစ်တဲ့ Lucasကိုပြောလိုက်ခြင်းပင်..

ပြန်ရောက်ရောက်ခြင်းကတည်းက အလုပ်တွေကတောင်လိုပုံနေပေမယ့် Williamကုမ္ပဏီကိုအရင်မသွားဘဲ မိဘအိမ်ကိုအရင်ပြန်လာလိုက်သည် ..

William အသက်20ကတည်းကမိဘနဲ့အတူမနေဘဲခွဲနေပီး အလုပ်တွေအရမ်းများတာကြောင့် အိမ်ကိုသိပ်မပြန်ဖစ်ခဲ့ အခုလည်း 3နှစ်ကြာမှပြန်ရောက်လာပီး Daddy ကပြန်လာရင်လာတွေ့လို့ပြောတာကြောင့် Williamသွားရခြင်းပင်။

ကြီးမားကျယ်ဝန်းတဲ့ခြံကြီးတစ်ခုအရှေ့ William တို့ကားရပ်လိုက်တော့ ခြံစောင့်ကWilliamတို့ကားဖစ်မှန်းသိသွားပီးတံခါးမြန်မြန်ဖွင့်ပေးလိုက်သည်.. ခြံကအရမ်းကျယ်တာကြောင့် ခြံရှေ့ကနေအနည်းငယ်ဆက်မောင်းလာရပီး အိမ်ကိုရောက်လာတော့Williamကားပေါ်ကဆင်းကာ အိမ်ထဲကိုတန်းဝင်လာလိုက်သည်။

" Daddy ကျနော်ပြန်ရောက်ပီး''

အိမ်ထဲဝင်ဝင်ချင်း အိမ်ရှေ့ဧည့်ခန်းမှာထိုင်ပီး စာအုပ်ဖတ်နေတဲ့Williamရဲ့ဖခင်ဖစ်သူMr. Jamesကို​တွေ့တာကြောင့် ပြောလိုက်ခြင်းပင်..

" မင်းပြန်ရောက်လာပီးကိုး လာထိုင်''

Mr. James ပြောလိုက်တော့Williamထိုင်ခုံတစ်ခုံမှာဝင်ထိုင်လိုက်သည်..

" Mummyရော''

" မင်းmummyကမင်းညီ​လေး နဲ့အပြင်သွားတယ် မင်းဒီနေ့လာမယ်လို့မှကြိုမပြောထားတာ''

Williamမိသားစုမှာ daddy/mummyနဲ့ညီအကိုနှစ်ယောက် အားလုံးလေးယောက် ရှိပီး ညီအကိုနှစ်ယောက်ထဲမှာ Williamကအ​ကြီးဆုံးဖစ်သည်် ညီလေးက Williamထက် 7နှစ်ငယ်ပီး အခုထိမိဘတွေနဲ့အတူနေပေမယ့်ခွဲနေတာကတော့ Williamတစ်ယောက်ထဲပင်။

" Daddy ကျနော့်ကိုပြောစရာရှိလို့လား''

Williamမေးလိုက်တော့ Mr. James လက်ထဲမှာကိုင်ထားတဲ့ ဖတ်လက်စစာအုပ်ကိုချလိုက်ပီး..

" မင်းဘယ်တော့လက်ထပ်မယ်လို့ စဥ်းစားထားလဲ မင်းအသက်ကငယ်တော့တာမဟုတ်ဘူး အသက်က30တောင်ရှိနေပီး မင်းအသက်အရွယ်နဲ့တခြား လူတွေဆို အိမ်ထောင်ပြုပီး ကလေးတွေတောင်ရှိနေပီး..''

Daddyဒီလိုပြောမှာကို Williamကြိုသိနေ
ပေမယ့် ပြန်ရောက်ရောက်ခြင်းပြောမယ်လို့တော့မထင်ထားတာ​ကြောင့် သက်ပြင်းချမိသည်။

" ဟူး~ကျနော်ပြောထားပီးသားဘဲလေ ကျနော်စိတ်မဝင်စားပါဘူးလို့''

daddyနဲ့mummyကWilliamကို အသက်25 ကတည်းကလက်ထက်စေချင်ခဲ့ပီး တွေ့တိုင်းဒီအကြောင်းသာပြောခဲ့သည်.. အခုလည်းပြန်ရောက်ရောက်ချင်းပြောလာတာဒီစကားတဲ့လား..

" မင်းmummyလည်းမင်းကိုအိမ်ထောင်ပြုစေချင်နေပီး မင်းအလုပ်တွေကိုလျော့လုပ်ပီးအချစ်ရေးအကြောင်းစဥ်းစားသင့်တယ်.. မင်းSofiaနဲ့ပြန်တွေ့ရင်တွေ့မတွေ့ရင် မင်းချစ်သူကိုခေါ်လာပြလေ..''

Jamesရဲ့စကားကြောင့် William မျက်မှောင်ကြုတ်မိသည် ..

Sofiaဆိုတဲ့သူက Williamထက် 7နှစ်ငယ်ပီး မိဘချင်းကလည်းသိကြသည်.. ငယ်ငယ်တုန်းကဆိုအိမ်ကိုခနခနလာလည်တက်ပီး Kanနဲ့တူတူလာဆော့နေကျဖစ်တာကြောင့် Williamကသူမကိုကောင်းကောင်းဆက်ဆံပေးခဲ့သည်..ဒါပေမယ့် mummyတို့က သူ့ကိုအတော်သဘောကျပီး Kanနဲ့သဘောမတူဘဲ Williamနဲ့သဘောတူခဲ့ကြသည်..

Williamသူမကိုဘယ်နည်းနဲ့မှမချစ်နိုင် ငယ်ငယ်ကစိတ်ထားလေးကောင်းမယ့်ပုံပေါ်ပေမယ့် အရွယ်ရောက်လာတော့ကျောင်းတက်ကတည်းက ယောကျာ်းရှုပ်ပီး ပေါ့ပျက်ပျက်နေတက်တဲ့အကျင့်ကြောင့် William သူမနဲ့မပတ်သက်ခဲ့..

ဒါပေမယ့်လည်း သူမကWilliamကိုကပ်တွယ်နေတာကြောင့် William နိုင်ငံခြားကိုထွက်သွားကတည်းကအခုထိ အဆက်အသွယ်ပါဖြတ်ခဲ့သည်..

" ကျနော့်ဘဝကိုကျနော်ဘဲဆုံးဖြတ်မယ် Daddyတို့ဝင်မရှုပ်ပါနဲ့ ''

" မင်းကမင်းကိုယ်တိုင်လည်းမရှာဘူး မိဘတွေစီစဥ်ပေးမယ်ဆိုတော့လည်း လက်မခံဘူး မင်းညီလေးနဲ့များကွာပါ့ မင်းညီလေးဆိုမိဘပြောတာကိုအမြဲနားထောင်တယ် မင်းဘဲခေါင်းမာတဲ့ကောင်..''

" Kanနဲ့ကျနော့်ကိုလာမနှိုင်းနဲ့ Kanကအခုချိန်daddyတို့စကားနားထောင်နေပေမယ့် သူ့အချစ်ရေးကိုဝင်ပါတဲ့အခါကျရင် daddyတို့စကားနားထောင်ဦးမယ်ထင်နေတာလား..''

daddyတို့နဲ့သိပ်အဆင်မပြေပေမယ့် ညီလေးနဲ့တော့သံယောဇဥ်ရှိသည်.. Williamအိမ်ကထွက်သွားမယ်ပြောတုန်းကဆို Kanကအသက်13နှစ်ရှိပီးဖစ်ပေမယ့် Williamပေါ်အရမ်းတွယ်တာတာကြောင့်ငိုပီး တားသေးသည်..

ဒါပေမယ့်လည်း ဆုံးဖြတ်ချက်ပြတ်သားလွန်းတဲ့ Williamက Kanကိုတိတ်တိတ်လေးအဆက်အသွယ်လုပ်မယ်လို့ဂတိပေးပီး အိမ်ကထွက်လာခဲ့သည်..

အခုချိန်ထိလည်းKanနဲ့အမြဲတမ်းလိုလို ဆက်သွယ်သေးတာမို့ တချို့အကြောင်းတွေဆို Kanပြောပြတာကြောင့် Williamသိသည်..။

Williamပြောလိုက်တဲ့စကားကြောင့် Mr. Jamesသွေးပါတက်ချင်သွားသည်..

" ဘာ! မင်း..''

" Daddyကိစ္စမရှိတော့ဘူးဆိုကျနော်ပြန်တော့မယ် ကျနော့်အလုပ်ကိစ္စတွေရှိသေးတယ်..''

Daddyပြောတဲ့အကြောင်းတွေကိုဆက်ပီးနားမထောင်ချင်တော့တာကြောင့် Williamပြောပီးပီးချင်းထထွက်လာခဲ့သည်.. မိဘပေးစားလို့ယူရမယ်တဲ့လားWilliamလက်မခံနိုင်...

* ဒီလိုအကြပ်ရိုက်တာကိုတော့Kanဘဲလက်ခံ
ရင်လက်ခံလိမ့်မယ် ကျနော့်ကိုတော့မရဘူး*

Daddyတို့အိမ်ကပြန်လာပီးနောက် William ကုမ္ပဏီဆီတန်းထွက်လာလိုက်သည်..

ကုမ္ပဏီကရှယ်ယာရှင်တွေကလည်း William လူကိုယ်တိုင်ထွက်တွေ့မယ်ဆိုတဲ့သတင်းကြောင့် ရှယ်ယာရှင်အစည်းအဝေးကို ရုတ်တရက်ပြုလုပ်လိုက်ရခြင်းပင်..

Williamဒီကိုပြန်မရောက်တဲ့ အတောတွင်း ကုမ္ပဏီမှာလူသစ်ခန့်တာတွေရှိတာကြောင့် တချို့လူတွေမှာ WilliamကိုLKရဲ့bossလို့မထင်..

Williamနဲ့Lucasအစည်းအဝေးခန်းဆီ ဦးတည်သွားနေတုန်း ငှာနချုပ်တစ်ခုကိုဖြတ်ရသည်.. Williamတို့ အဲ့နေရာကိုအဖြတ် ရုံးခန်းထဲကထွက်လာတဲ့ သတ်လတ်ပိုင်းအရွယ်ယောကျာ်းတစ်ဦးနဲ့Williamတိုက်မိသွားပီး သူကိုင်ထားတဲ့ ဖိုင်တစ်ခုကလွတ်ကျသွားသည်..။

" မျက်စိမပါဘူးလား လမ်းကိုဘယ်လိုလျှောက်နေတာလဲ..''

သူကဘဲကြည့်မလျှောက်ဘဲ တစ်ဖက်လူက်ိုဟိန်းလားဟောက်လားလာလုပ်နေတဲ့ပုံမှာ ဒေါသထွက်ချင်စရာကောင်းပေမယ့်စကားအများကြီးမပြောချင်တာကြောင့် William တစ်ခွန်းမှမပြောဘဲအေးစက်တဲ့မျက်လုံးနဲ့စိုက်ကြည့်လိုက်သည်..

Williamရဲ့အကြည့်ကို ထိုသူကကြောက်တော့ကြောက်သွားပေမယ့် သူ့ကိုသူဟုတ်လှတယ်ထင်နေပီး Williamကိုထပ်ဟောက်ပြန်သည်..။

" ဟေ့ဟေ့ မင်းကဘယ်လိုလာကြည့်နေတာလဲ ပစ္စည်းကျသွားရင်ပြန်ကောက်ပေးရမှာမသိဘူးလား ငါကဒီမှာဘာရာထူးလဲဆိုတာသိရဲ့လား..မြန်မြန်တောင်းပန်ရင်တော့ပိုကောင်းမယ်နော်..''

" ဟေ့လူ....''

ထိုသူကပြောနေတာ Williamမှန်းမသိဘဲ ပိုပီး လွန်လာတာကြောင့်Lucasကဝင်ပြောမယ်လုပ်ပေမယ့် တားလိုက်တဲ့Williamကြောင့်Lucasနောက်ပြန်ဆုတ်လိုက်သည်..

Williamကဒီလိုလူမျိုးတွေကိုဘယ်လောက် မုန်းမှန်းLucasသိသည်.. Williamကတော်ရုံ ခွင့်လွှတ်တက်တဲ့လူစားမျိုးမဟုတ်တာ​ကြောင့် ဒီလူတော့သက်သာမှာမဟုတ်..။

" ဟေ့မင်းကို...အားး ဘာ ဘာလုပ်တာလဲ..''

ထိုသူကWilliamကို လာထိမလို့လုပ်နေတာကြောင့် Williamထိုသူရဲ့ ခြေထောက်ကိုအားနဲ့ ကန်လိုက်တော့ဒူးထောက်ကျသွားတဲ့ ထိုလူမှာ Williamလုပ်လိုက်တာကိုမယုံကြည်နိုင်.. ကန်လိုက်တဲ့Williamကတော့ ဘောင်းဘီအိပ်ကပ်ထဲကိုလက်ထည့်ထားပီး စတိုလ်မပြတ်..

" အဲ့မှာ ကောက်လိုက်လေ ..''

စူးစူးရှရှစိုက်ကြည့်ပီး ပြောနေတဲ့Williamကိုကြည့်ပီး ထိုသူမှာချွေးတွေပါ ပျံလာတော့သည်..

" Lucasသူ့ကိုငါနောက်ထပ်မမြင်ချင်ဘူး..ငါ့ကုမ္ပဏီမှာဒီလိုလူမျိုးရှိတာ စိတ်ပျက်စရာဘဲ..''

" သိပါပီးboss... ''

" ခ ခန နေပါဦး boss ကျနော်မသိလိုက်လို့ပါ တောင်းပန်ပါတယ် ခွင့်လွတ်ပေးပါ..''

ထိုသူမှာWilliamက bossဖစ်မှန်းသိသွားတော့ မှ အသည်းအသန်တောင်းပန်နေတော့သည်..Williamကအဲ့လိုလူမျိုးတွေကိုအမုန်းဆုံးပင် ပိုင်ဆိုင်မှုက်ိုကြည့်ပီးဆုံးဖြတ်တဲ့သူတွေ..

" စိတ်ပျက်စရာဘဲ..''

Williamထိုတစ်ခွန်းသာပြောပီး လှည့်တောင်မကြည့်ဘဲထွက်သွားတော့သည်.. အနောက်မှာဒူးထောက်ကာကျန်ခဲ့သောထိုသူမှတော့ သူလုပ်ခဲ့တာကိုနောင်တရပီး ပြောစရာစကားပင်မရှိတော့..

အစည်းအဝေးခန်းမအတွင်း William ဝင်လာတော့ အားလုံးကထပီးနှုတ်ဆက်ကြတာပေါ့..

Williamအစည်းအဝေးခန်းထဲကိုဝင်လာပီးထိပ်ပိုင်းကခုံမှာထိုင်လိုက်ကာ အချက်ပြလိုက်တော့ ငှာနမှူးကလည်းအစည်းအဝေးကိုစတင်ရသည်..။

စစပိုင်းမှာ ရှယ်ယာကိစ္စတွေနဲ့ လုပ်ငန်းကိစ္စတွေပြောပီးတော့.. ရှယ်ယာရှင်တွေက Williamကို ချင်းကပ်ချင်တာကြောင့် စကားလမ်းကြောင်းဖောက်တော့တာပေါ့..

" Mr. William ဒီလိုလူကိုယ်တိုင်ထွက်လာမယ်လို့မထင်ထားဘူးဗျ ကျနော်တို့ဖစ်အံ့သြသွားတာဘဲ .. ''

ရှယ်ယာရှင်တွေထဲက လူတစ်ယောက်ကWilliamကိုပြုံးပီးပြောလိုက်တော့ကျန်တဲ့သူတွေကလည်းထောက်ခံကြသည်.. Williamကလူကိုယ်တိုင်ထွက်တွေ့တာရှားတဲ့အပြင် အလုပ်ကိစ္စတချို့ကိုလူယုံ ဖစ်တဲ့Charlesနဲ့သာလွှဲထားပီး သူကိုယ်တိုင်ကတော့ အပေါ်ကနေသာညွှန်ကြားတတ်သည်..။

" အခုအချိန်ကစပီးကုမ္ပဏီရဲ့ကိစ္စတွေကို ကျနော်ကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်တော့မှာပါ.. ''

Williamရဲ့အပိုအလိုမရှိတဲ့စကားနဲ့အရှိန်အဝါကြောင့် ဘယ်သူမှဘာစကားမှထပ်မပြောရဲတော့ဘဲ အစည်းအဝေးကိုသာ ဆက်လုပ်နေလိုက်သည်။

အစည်းအဝေးပီးတော့ Williamစံအိမ်ကိုပြန်တော့မှာမလို့ Lucasလာကြိုတဲ့ကားပေါ်ကိုတက်ပီးစံအိမ်ကိုပြန်လာခဲ့သည်..

ကားစီးလာတဲ့တလျောက်လုံး Williamစိတ်ထဲမှာDaddyပြောခဲ့တဲ့စကားကိုဘဲစိတ်ထဲတွေးနေမိနေသည်..။

* ဟူး~အချစ်ရေးကိုဦးစားပေးသင့်တယ်တဲ့လား တကယ်စိတ်ညစ်စရာဘဲ..*

Williamရဲ့ကိုယ်ပိုင်စံအိမ်ကိုပြန်လာတော့ အိမ်ကအလုပ်သမားတွေကထွက်ကြိုကျသည် အိမ်ကWilliamမရှိတဲ့အတောအတွင်းသန့်ရှင်းရေးမှန်မှန်လုပ်ထားတာကြောင့် ပုံမှန်ထက်ပိုပီးသန့်ရှင်းနေသည်..။

" တယောက်မှအပေါ်တက်မလာနဲ့''

" ဟုတ်ကဲ့ပါ boss''

အိမ်အကူတွေကို အမိန့်ပေးပီးနောက် အခန်းရှိတဲ့အပေါ်ထက်ကိုတက်လာလိုက်သည်..။

_________________________________

BH ကုမ္ပဏီတွင်...

" ရှင်း ဒါကကုမ္ပဏီအတွက်ချေးငွေ ယူထားတဲ့စာရင်းနဲ့ တခြားကိစ္စတွေထည့်ထားတဲ့စာအိတ်... SKကိုငါဒီနေ့လာမယ်ပြောထားပေမယ့် ငါမအားလို့ငါ့အစား သူတို့bossဆီပေးလိုက်..''

Jackစကားကြောင့် ရှင်း တော်တော်လေးအကြပ်ရိုက်သွားသည်..

" ဒါပေမယ့် ဒီကိစ္စကအရေးကြီးတယ်လေ bossကိုယ်တိုင်သွားတွေ့သင့်တယ်ထင်တယ်..''

" မင်းဘဲသွားလိုက်ပါ ငါတခြားနေရာသွားစရာရှိတယ် ပီးတော့မင်းကငါ့အတွင်းရေးမှူ​
လေ ဒီလောက်တော့မင်းလုပ်နိုင်ပါတယ်..''

" ဟုတ်..

Jackကိုလည်းပြောလို့မနိုင်တာကြောင့် ရှင်းဆက်မပြောတော့ဘဲ သွားတွေ့ဆိုတော့လည်း သွားတွေ့တာပေါ့လေ ဆိုတဲ့စိတ်နဲ့ဘဲ သွားရပြန်သည်..။

SK groupကိုဝင်လာချင်းချင်း ကုမ္ပဏီအရှေ့မှာရှိတဲ့ အစောင့်နှစ်ယောက်က ရုတ်တရက်ရှင်းရှေ့မှာ ပိတ်ရပ်လိုက်ပီး ရှင်းကို မယုံတဲ့ပုံနဲ့ကြည့်တာကြောင့်ရှင်းလည်း လန့်သွားတာပေါ့..

" ဘယ်သူနဲ့တွေ့ချင်လို့လဲ မင်းကို ကြည့်ရတာဒီကဝန်ထမ်းမဟုတ်ဘူးထင်တယ်..''

"ဟုတ် ကျ ကျနော်က BHကဝန်ထမ်းပါ ဟို ဒီက သူဌေးနဲ့အလုပ်ကိစ္စလေးပြောစရာရှိလို့ပါ ..''

" ကြိုတင်ချိန်းထားတာရှိလား..''

" ဟုတ်ကဲ့ BHကbossနဲ့ချိန်းဆိုထားတာရှိပါတယ်..''

ရှင်းလည်း လူကြမ်းကြီးတွေပုံနဲ့ အတင်းစစ်
မေးနေတဲ့ထိုသူတွေကြောင့် ကြောက်ကြောက်နဲ့ ပြန်ရှင်းပြရတာပေါ့... အဲ့လူတွေကလည်းတစ်ယောက်ယောက်ကိုဖုန်းဆက်ပီး
ဖုန်းလည်းပြောပီးရော ရှင်းကိုယုံသွားတယ်ထင်သည် ဘယ်အထပ်သွားရမလဲဆိုတာကိုတောင်ပြောပြပီး သွားခွင့်ပေးလိုက်သည်..

တွေ့ရမယ့် ရုံးခန်းရှေ့ရောက်တော့ ရှင်းရုံးခန်းရှေ့ကအတွင်းရေးမှုးကိုပြောပီး ဝင်ခွင့်တောင်းကာအထဲဝင်လာ လိုက်သည်..

အထဲမှာထိုင်ခုံကိုမှီပီးထိုင်နေတဲ့သူက SKရဲ့ သူဌေးဖစ်သူ Thomas ..

" Shin ရောက်လာပီးလား ဝင်ခဲ့လေ..''

ရှင်းကိုတွေ့တွေ့ချင်း ထိုင်ခုံကထလာပီး နှုတ်ဆက်နေတဲ့ Thomasကြောင့် ရှင်းလည်းပြန်နှုတ်ဆက်လိုက်သည်..။

" တွေ့ရတာဝမ်းသာပါတယ် Mr. Thomas ကျနော်ကBHကုမ္ပဏီရဲ့ Bossအစားရောက်လာတာပါ..''

" ကိုယ်သိပါတယ် ခုနကကိုယ့်လူတွေရဲ့အပြုအမူကြောင့်အားနာပါတယ် လာထိုင်ဦးလေ..''

ရှင်းလည်း စိတ်ထဲမထားတာကြောင့် ရပါတယ်လို့ပြောပီး ပြုံးပြကာခုံတစ်ခုံမှာဝင် ထိုင်လိုက်သည်..။

" Shinက အရင်တစ်ခေါက်တွေ့တုန်းက ထက်တောင်ပိုပီးချစ်ဖို့ကောင်းလာတာဘဲ..''

ရှင်းတို့ အရင်က အလုပ်ကိစ္စကြောင့် လေလံပွဲတို့ တွေ့ဆုံပွဲတို့မှာတစ်ခါနှစ်ခါလောက် တွေ့ဖူးခဲ့ပေမယ့် အဲ့လောက်မရင်းနှီး..bossနဲ့ကရင်းနှီးပေမယ့် ရှင်းကတော့အလုပ်ကိစ္စအရသာပတ်သက်ဖူးတာမို့..ရုတ်တရက် ကြီး ပြောလိုက်တဲ့ Thomasစကားကြောင့်ရှင်းဘာပြန်ရမလဲမသိတော့..

" Humm.. ကျေး ကျေးဇူးတင်ပါတယ်... အော်ဒါ ဒါက bossပေးခိုင်းလိုက်တဲ့စာရွက်စာတန်းတွေပါ..''

ရှင်းဘဲစိတ်ထင်နေလို့လားမသိ Thomas
ပြောတဲ့စကားတွေနဲ့ကြည့်တဲ့အကြည့်တွေက သိပ်ပီး မူမမှန်ဘူးလို့ခံစားရတာကြောင့် ရှင်း ကြောက်တောင်ကြောက်လာသည်..

အဲ့ဒါကြောင့် ရှင်းbossပေးခိုင်းတဲ့ စာရွက်စာတန်း တွေကို Thomasဆီပေးပီးစကားလမ်းကြောင်းလွှဲလိုက်ရသည်..။

အလုပ်ကိစ္စအကြောင်း​ပြောတဲ့တလျှောက်လုံး Thomasက ရှင်းကိုလိုတာတွေထက်ပိုပြောနေတာကြောင့် ရှင်းနေရခက်လာပီး ပြောစရာရှိတာမြန်မြန်ပြောကာ ခပ်သွက်သွက်ပြန် ထွက်လာလိုက်သည်...။

*ဟက် ပုံစံလေးကိုကချစ်စရာကောင်းလိုက်တာ အလှလေးရယ်*

ရှင်းပြန်သွားတဲ့အချိန် ကျန်ခဲ့တဲ့Thomasရဲ့စိတ်ထဲကစကားတွေကိုတော့ ရှင်းမသိလိုက်...။

" ဟယ်လို bossခိုင်းထားတာပီးသွားပီးလို့ပြောတာပါ.. Mr. Thomasပြောတာတော့ ကျန်တာကbossနဲ့ဆက်ပြောလိုက်မယ်တဲ့..''

".....''

" ဟုတ်ကဲ့..''

ရှင်းကို ခိုင်းထားတဲ့အလုပ်ပီးတာကြောင့် bossကိုဖုန်းဆက်ပီး အကြောင်းကြားလိုက်ခြင်း...

အလုပ်ချိန်လည်းမကုန်သေးတာကြောင့် ရှင်းလည်းကုမ္ပဏီကိုပြန်လာလိုက်ပီး လုပ်လက်စအလုပ်တွေကိုဆက်လုပ်ရတာပေါ့..

_

" Shin ဒီညတို့တွေသွားသောက်မလို့လိုက်ခဲ့ပါလား..''

ရှင်းအလုပ်လုပ်နေတုန်း ရှင်းဘေးကို ကောင်လေးတစ်ယောက်နဲ့တူတူLilly က လာခေါ်ခြင်းပေ..

Lillyကရှင်းထက်အသက် 3နှစ်လောက်ပိုကြီးပီး ရှင်းရဲ့စီနီယာအမဖစ်သည်.. Lillyကရှင်းကုမ္ပဏီမှာအလုပ်စလုပ်ကတည်းက ကူညီခဲ့ပီး ရှင်းနဲ့ရင်းနှီးတဲ့တစ်ဦးထဲသောသူဖစ်သည်..။

" ရှင်းလိုက်ခဲ့ပါ တစ်ခါလောက်တော့လွတ်လွတ်လပ်လပ်နေရုံနဲ့ ဘာမှမဖစ်ပါဘူး...မနက်ဖြန်လည်းရုံးပိတ်တာဘဲရာ..''

" ဒါမယ့်..''

" ရှင်းရာ မလိုက်ရင်မမစိတ်ဆိုးမှာနော် တစ်ခါလောက်တော့ မမတို့နဲ့လွတ်လွတ်လပ်လပ်လိုက်ပျော်လိုက်စမ်းပါ..နော်..''

Lilly ရှင်းငြင်းမှာသိတာကြောင့် ပိတ်ပီးပြောလိုက်ခြင်း..

Lillyပြောတာလဲဟုတ်သည် ရှင်းကအရမ်းအလုပ်များတာကြောင့် သူများတွေလိုပျော်ပါးမယ့်အချိန်မရှိ.. တစ်ခါလောက်လိုက်သွားရင်လည်းမဆိုးပါဘူးဆိုပီး ရှင်းလည်းလက်ခံလိုက်သည်..။

" စိတ်တော့မဆိုးပါနဲ့ မမ ရှင်းလိုက်ခဲ့မှာပေါ့..''

" ဒါမှပေါ့..ပစ္စည်းတွေ သိမ်းလိုက်သွားရအောင်..''

Lilly ရှင်းနဲ့ နောက်ထပ်ကောင်လေးတစ်ယောက် သုံးယောက် အနီးအနားမှာရှိတဲ့ဘားကိုလာလိုက်သည်..

ထိုဘားက နေရာကောင်းလေးဖစ်ပီးဖွင့်တာတောင်သိပ်မကြာသေး.. အပြင်အဆင်ကဘားလို့သာပြောရပေမယ့် တိတ်တိတ်ဆိတ်ဆိတ်ရှိပီး လူသိပ်မရှိတာကြောင့် ရှင်း အတွက်အဆင်ပြေအောင် Lillyကဒီဆိုင်ကိုရွေးလာရခြင်း..။

ဒါပေမယ့်လည်း ဘားအဝင်မှာတောင် လူတစ်ယောက်ကရှင်းကိုအသက်မပြည့်သေးဘူးထင်ပီးပေးမဝင်တာကြောင့် ရှင်းမှာမှတ်ပုံတင်ပါထုတ်ပြရသေးသည်..

မှတ်ပုံတင်ပြတာတောင်ထိုသူမှာ မှတ်ပုံတင်ကိုကြည့်လိုက်ရှင်းကိုကြည့်လိုက်နဲ့ မယုံသလိုဖစ်နေတာကြောင့် ကြားထဲကLillyတို့ကပါဝင်ပြောရတော့သည်..နောက်တော့မှဝင်ခွင့်ပြုလိုက်တာကြောင့် ရှင်းတို့ဝင်လာရတော့တာပေါ့....။

အထဲရောက်တော့ ရှင်းတို့ အရက်တစ်ယောက်တစ်ခွက်မှာလိုက်သည်..ရှင်းကတော့တအားအပြင်းကြီးမသောက်နိုင်တာကြောင့် သိပ်မပြင်းတဲ့ဟာဘဲမှာလိုက်တော့သည်..

" ရှင်းဒီနေရာလေးက ကောင်းတယ်ဟုတ် တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ အပြင်အဆင်လေးကလည်းကောင်းတယ်.. ရှင်းကလူများရင်အဆင်ပြေမှာမဟုတ်လို့ မမဒီနေရာလေးကိုခေါ်လာတာ..''

" ဟုတ် မမ ကျေးဇူးတင်ပါတယ်..''

" ဒါနဲ့ရှင်းကိုမိတ်ဆက်ပေးရအုံးမယ် ဒါကRyuuတဲ့ ဂျပန်ကလာတာလေ.. မမနဲ့အသက်တူတူဘဲ..''

" တွေ့ရတာဝမ်းသာပါတယ် ရှင်းကလည်းနိုင်ငံခြားသားလို့ Lillyကပြောလို့ ကျနော်လည်းအဖော်ရှိသွားတာပေါ့..''

" ဟုတ် ရှင်းလည်းတွေ့ရတာဝမ်းသာပါတယ်..အကိုRyuuအကူအညီလိုရင်ပြောပါ ရှင်းတတ်နိုင်သလောက်ကူညီပေးပါ့မယ်..''

နိုင်ငံခြားသားနောက်တစ်ယောက် ရောက်လာတာကြောင့် ရှင်းလည်းပျော်မိသည် မဟုတ်ရင်ရှင်းမှာတစ်ယောက်ထဲအားငယ်ရတယ်မလား..

ရှင်းတို့သုံးယောက်စကားတွေအများကြီးပြောပီး ဆက်သောက်နေကြပီး သောက်ရင်းစကားပြောရင်းနဲ့..ရှင်းလည်းစိတ်ကလည်းပျော်လာတာကြောင့်သောက်တာနည်းနည်းများသွားသည်..

Lillyကတော့ နည်းနည်းရီဝေဝေဖစ်လာပီး အကြောင်းစတော့တာပေါ့..

" Shinရယ် မင်းကိုကြည့်ရတာပင်ပန်းလိုက်တာ bossရဲ့ ကိစ္စအကုန်လုံးဘဲလိုက်လုပ်နေရတယ်..ကြားထဲကဟိုမိန်းမတွေရဲ့အရှုပ်တွေပါလိုက်ရှင်းပေးနေရပီးတော့..မင်းမို့လို့သာလုပ်ပေးနေတာ တခြားသူ​တွေသာ ဆိုအလုပ်ထွက်လိုက်ပီး..''

Lillyပြောလိုက်တာကို Ryuuကလည်းထောက်ခံတာကြောင့် ခေါင်းငြိမ့်နေသည်။

" ရှင်းအတွက်ကိစ္စမရှိပါဘူး ဒီကိစ္စတွေကအသားကျနေပီး ပီးတော့ ရှင်းသာအလုပ်ထွက်လိုက်ရင်ဒုက္ခရောက်သွားမှာပေါ့.. မမစေတနာကိုရှင်းနားလည်ပါတယ်..''

ရှင်းဘက်ကနာပေးပီး နားလည်ပေးတဲ့သူရှိတာကြောင့် ရှင်းဝမ်းသာမိသည်.. ရှင်းက Lillyနဲ့စကားပြောနေရင်းတောင်ထပ်ပီးသောက်နေတာ ဘယ်နှခွက်မြောက်မှန်းတောင်မမှတ်မိတော့..

" ဒါပေမယ့် အလုပ်ကိုလျော့လုပ်အုံးလေ ရှင်းကနဂိုထဲကအကောင်သေးတာနဲ့ အလုပ်တွေပိတာနဲ့ အရပ်တောင်ထွက်မလာတော့ဘူး..အဲ့Jackဆိုတဲ့ကောင်ကလည်း အသေဘဲခိုင်းသတ်နေတာ မမိုက်ပါဘူးကွာ..''

" ရှူးး..မမ အဲ့ အဲ့လိုမပြောရဘူးလေ..bossသိသွားရင်မမ ဆူခံထိနေဦးမယ်..''

နှုတ်ခမ်းကိုလက်ညိုးလေးနဲ့ပိတ်လိုက်ပီး Lillyဆူခံထိမှာကြောက်လို့ပြောပေးနေတဲ့ စိတ်ထားကောင်းတဲ့ကလေးလေး.. ရှင်းရဲ့ပုံမှာ မူးနေတဲ့အရှိန်ကြောင့်ပါးနှစ်ဖက်မှာနီရဲနေပီး နှုတ်ခမ်းလေးမှာလည်းဆွဲနမ်းပစ်ချင်စရာ..

" ဆူပစေ့ပေါ့ အဲ့​jack ဆိုတဲ့အကောင်ကလေ သူ့ကိုသူbossဆိုတိုင်း ငါတို့ရဲ့ချစ်စရာကောင်းတဲ့ ရှင်းလေးကိုမတရားခိုင်းနေတာ မကျေနပ်နိုင်ဘူးကွာ..''

Lillyမှာရှင်းအတွက်စိတ်မကောင်း အရမ်းဖစ်နေတာကြောင့် ထိုbossဆိုတဲ့ကောင်ကိုမကျေနပ်နိုင်ဘဲ ကြိမ်ဆဲနေတော့သည်..

" ပီးရင်ဟိုမိန်းမတွေ ပြဿနာထပ်ပီးလာရှာသေး ဘာလဲမသိသူတို့လင်ကိုသွားပြောပါလား ငါတို့ရှင်းလေးကိုဘဲ လာလာပီးဒုက္ခတွေလာပေးနေတယ် နောက်တခါလာကြည့်စမ်း ငါကိုယ်တိုင် လုပ်ပစ်မယ်..''

ရှင်းဘက်ကနာပေးပီး ပြောနေတဲ့Lillyကိုကြည့်ပီး ရှင်းမျက်ရည်တွေပါဝဲလာသည်..

' မမ ကျေးဇူးတင်ပါတယ် မမတို့ကရှင်းပေါ်အရမ်းကောင်းတာဘဲ..ရှင်းတကယ်ဝမ်းသာတယ် ဟင့် မမတို့ကရှင်းဘေးနားမှာရှိနေပေးလို့ ဟင့် အီးးး..'

" ဟမ်...''

ရှင်းအရမ်းမူးလာပီး Lillyပေါ်လည်းကျေးဇူးအရမ်းတင်တာကြောင့် Lillyကိုဖက်ပီးမျက်ရည်တွေပါကျလာတော့သည်..

Lillyကိုဖက်ပီး နားမလည်တဲ့ဘာသာစကားနဲ့ပြောကာ ရုတ်တရက်ငိုနေတဲ့ကလေးကြောင့်
Lilly အမူးပါပြေသွားသည်..

ရှင်းဘာဖစ်နေမှန်းမသိပေမယ့် Lillyလည်းစိတ်မကောင်းဖစ်မိတာကြောင့် ရှင်းကို ပြန်ဖက်ပေးလိုက်ပီး ကျောလေးကိုအသာလေးပုတ်ပေးနေလိုက်သည်..

" ကလေးရယ် တော်တော်စိတ်ပင်ပန်းရမှာဘဲ အဝငိုလိုက် မမကဖက်ထားပေးမှာမလို့..''

ရှင်းကတော့မူးလည်းမူး စိတ်ထဲမှာလည်းပင်ပန်းနေတာကြောင့် Lillyကိုဖက်ပီးငိုသာငိုနေတော့သည်..။

Ryuuကတော့ထိုနှစ်ယောက် ဘေးမှာထိုင်ပီး ကြည့်သာကြည့်နေတော့သည်..

ထိုညမှာ ရှင်းငိုလို့ဝပီး အိပ်ပျော်သွားတာကြောင့် Lillyနဲ့Ryuuတို့နှစ်ယောက် ရှင်းရဲ့အိမ်ကိုပြန်ပို့ပေးလိုက်ရတော့တာပေါ့...။

🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤

ကြိုက်ရင်အားဆေးလေးတွေ
အဖစ်Voteနဲ့Comလေးတွေပေးခဲ့ပေးပါနော်..🤘🙆🏻

သာသာရဲ့Ficက အချိုကိုအဓိကထားရေးပီး ပြသနာလေးတွေရှိနိုင်ပေမယ့် မုန်တိုင်းအကြီးကြီးတွေ ကြီးကြီးကျယ်ကျယ်ဖစ်တာတွေမရှိပါဘူး သာသာကိုယ်တိုင်ကလည်းမုန်တိုင်းတွေကိုမကြိုက်လို့ပါ.. 🤗

အဆင်တွေလည်းပေါတာကြောင့် ပိုနေတဲ့အဆင်လေးတွေကရှင်တို့ယူကြပေါ့..👀

#Yami
#2021🖤

[Vote/Com🖤✨]

>>>>>>>>>>>>>>>>>>>>>>>>>>>>

Zawgyi//
















___________________________________

နောက်တနေ့ မနက်...


စောစောထွက်လာရတာပေါ့...








ဒေါက်ဒေါက်..

" bossကျနော်ပါ''

" ဝင်ခဲ့''




" ဟုတ်''























_______________________________













" Daddyတို့အိမ်ကို''









" Mummyရော''


Williamမိသားစုမှာ daddy/mummyနဲ့ညီအကိုနှစ်ယောက် အားလုံးလေးယောက် ရှိပီး ညီအကိုနှစ်ယောက်ထဲမှာ Williamကအ​ကြီးဆုံးဖစ်သည် ညီလေးက Williamထက် 7နှစ်ငယ်ပီး အခုထိမိဘတွေနဲ့အတူနေပေမယ့်ခွဲနေတာကတော့ Williamတစ်ယောက်ထဲပင်။




ပေမယ့် ပြန်ရောက်ရောက်ခြင်းပြောမယ်လို့တော့မထင်ထားတာ​ကြောင့် သက်ပျင်းချမိသည်။















" ဘာ! မင်း..''







Williamနဲ့Lucasအစည်းအဝေးခန်းဆီ ဦးတည်သွားနေတုန်း ငှာနချုပ်တစ်ခုကိုဖြတ်ရသည်.. Williamတို့ အဲ့နေရာကိုအဖြတ် ရုံးခန်းထဲကထွက်လာတဲ့ သတ်လတ်ပိုင်အရွယ်ယောကျာ်းတစ်ဦးနဲ့Williamတိုက်မိသွားပီး သူကိုင်ထားတဲ့ ဖိုင်တစ်ခုကလွတ်ကျသွားသည်..။


သူကဘဲကြည့်မလျှောက်ဘဲ တစ်ဖက်လူကိုဟိန်းလားဟောက်လားလာလုပ်နေတဲ့ပုံမှာ ဒေါသထွက်ချင်စရာကောင်းပေမယ့်စကားအများကြီးမပြောချင်တာကြောင့် William တစ်ခွန်းမှမပြောဘဲအေးစက်တဲ့မျက်လုံးနဲ့စိုက်ကြည့်လိုက်သည်..



" ဟေ့လူ....''





" အဲ့မှာ ကောက်လိုက်လေ ..''



" သိပါပီးboss... ''


ထိုသူမှာWilliamက bossဖစ်မှန်းသိသွားတော့ မှ အသည်းအသန်တောင်းပန်နေတော့သည်..Williamကအဲ့လိုလူမျိုးတွေကိုအမုန်းဆုံးပင် ပိုင်ဆိုင်မှုကိုကြည့်ပီးဆုံးဖြတ်တဲ့သူတွေ..

" စိတ်ပျက်စရာဘဲ..''




စစပိုင်းမှာ ရှယ်ယာကိစ္စတွေနဲ့ လုပ်ငန်းကိစ္စတွေပြောပီးတော့.. ရှယ်ယာရှင်တွေက Williamကို ချင်းကပ်ခြင်တာကြောင့် စကားလမ်းကြောင်းဖောက်တော့တာပေါ့..










" ဟုတ်ကဲ့ပါ boss''


_________________________________

BH ကုမ္ပဏီတွင်...





" ဟုတ်..


SK groupကိုဝင်လာချင်းချင်း ကုမ္ပဏီအရှေ့မှာရှိတဲ့ အစောင့်နှစ်ယောက်က ရုတ်တရက်ရှင်းရှေ့မှာ ပိတ်ရပ်လိုက်ပီး ရှင်းကို မယုံတဲ့ပုံနဲ့ကြည့်တာကြောင့်ရှင်းလည်း လန့်သွားသည်..။






















".....''

" ဟုတ်ကဲ့..''



_





" ဒါမယ့်..''







ထိုဘားက နေရာကောင်လေးဖစ္ပီးဖြင့်တာတောင်သိပ္မကြာသေး.. အျပင်အဆင္ကဘားလို့သျာေပာရေပမယ့် တိတ္တိတ်ဆိတ်ဆိတ်ရွိပီး လူသိပ္မရွိတာကြောင့် ရွင်း အတြက်အဆင်ျေပေအာင် Lillyကဒီဆိုင္ကိုရြေးလာရျခင်း..။




















Lillyမှာရှင်းအတွက်စိတ်မကောင်း အရမ်းဖစ်နေတာကြောင့် ထိုbossဆိုတဲ့ကောင်ကိုမကျေနပ်နိုင်ဘဲ ကျိမ်ဆဲနေတော့သည်..




" ဟမ်...''








🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤




#Yami
#2021🖤

[Vote/Com🖤✨]

>>>>>>>>>>>>>>>>>>>>>>>>>>>>

Pokračovat ve čtení

Mohlo by se ti líbit

664K 34K 33
1ST BOOK OF BRIDE SERIES✨✨ Don't do this, leave my parents, don't ruin my life, I will die. She was begging infront of him joining her both hands. Th...
394K 45.3K 21
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
340K 22.7K 36
She was going to marry with her love but just right before getting married(very end moment)she had no other choice and had to marry his childhood acq...
379K 14.1K 91
"Leave, you're free. Don't ever come back here again." She said, hoping he wouldn't return and she'll get to live Hael was shocked, "Are you abandon...