ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

638K 69.1K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
2
3
4
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210

5

7.6K 924 5
By Fiendyy

Unicode

အခန်း ၅) အံ့သြစရာကောင်းလောက်အောင် ဟန်ကျိုးလီက အလိမ်မဖော်ဘူးရယ်

လုမန် သွေးအေးစွာ ပြုံးလိုက်သည်။
လုချီမေမေ ရှချင်းယန်က သူများမိသားစုကို ဖျက်ဆီးခဲ့သည့် အမြှောင်မ ဖြစ်သလို ခု လုချီကလည်း လုမန်နှင့်ဟဲကျိန့်ပိုင်တို့အချစ်ရေးမှာ ကြားလူဖြစ်သည်။ ဟဲကျိန့်ပိုင်ကို လုမန်ဆီမှ ခိုးသွားခဲ့သည်။

ဒါတွေ လုမန် ဂရုမစိုက်တော့။ ဒီခွေးကောင်ထားရစ်ခဲ့လို့လည်း ဝမ်းနည်းပက်လက်ဖြစ်မနေပါဘူး. .။

ခု သူမလိုချင်တာက သူတို့အပြစ်အတွက် ပေးဆပ်ခိုင်းမည်။

လုမန် စကားများများပြောလေ ဟဲကျိန့်ပိုင် လိပ်ပြာမလုံလေဖြစ်ကာ လုမန် သူ့ကို ထီမထင်အကြည့်နှင့် ကြည့်လိုက်သည်။
“ နင်တို့နှစ်ယောက်တွေ့နေကြကတည်းက ငါတို့ချင်းပြတ်ပြီလို့သဘောထားလိုက်တာ၊ ဒါပေမယ့် နင်က ဒီမှာရပ်ပြီး သစ္စာဖောက်တယ်လို့တောင် ပြောရဲတော့ တော်တော်အရေထူတာပဲနော် ”

“ အခြေအမြစ်မရှိတာတွေ မပြောစမ်းနဲ့ ”
လုချီက အမောတကော ဝင်ပြောသည်။

သူတို့တွေချည်းဆိုရင် လုမန်နာအောင် ဟဲကျိန့်ပိုင်ကို အသုံးချရလည်း ကိစ္စမရှိပေမယ့် အခု လုမန်က ဟဲကျိန့်ပိုင်ကို ဘေးမဲ့ပေးလိုက်ပြီဖြစ်သလို လုချီကလည်း ကိုယ့်ကိုယ်ကိုယ် လင်ခိုးမ ဟု ကင်ပွန်းတပ် မခံချင်။

“ မင်းမြှောင်စိုးကပ်လုပ်ချင်တာဘယ်သူလဲ. . ၊ လူမိမှ သူများကို မပုတ်ခတ်နဲ့ ! ”

“ ပုတ်ခတ်တယ် ဟုတ်လား ”
လုမန် ဟန်ကျိုးလီကို လွှတ်လိုက်သည်။ ဒီတစ်ခါတော့ ဟန်ကျိုးလီကလည်း သူမကို ဆွဲမထားဘဲ သွားခွင့်ပေးသည်။

ကိုယ်ပေါ်ကတဘက်ကို ပြုတ်မကျအောင်ဆုပ်ကိုင်ရင်း လုချီရှေ့မှာ သွားရပ်လိုက်သည်။  

ပြီးတော့ လက်ဆန့်ပြီး လုချီဝတ်ထားသည့် ဆွဲကြိုးကို လှမ်းဆွဲဖြုတ်လိုက်၏။

လုမန်အပြုအမူက ရုတ်တရက်မို့ လုချီလည်း သတိလက်လွတ်ဖြစ်ကာ ဆွဲကြိုးက ပါသွားသည်။ 

လုမန် ဆွဲသီးကိုခွာပြီး သူတို့ကို ပြလိုက်ကာ. .၊
“ တရုတ်စာလုံးတွေထွင်းထားတာ ဟဲကျိန့်ပိုင်က ဂရုတစိုက်ရှိသားပဲ ”

ဆွဲသီးရဲ့အနောက်မှာ ဟဲကျိန့်ပိုင် နှင့် လုချီ နာမည်ကို လှပစွာ ထွင်းထုပြီး အသည်းပုံနဲ့ပင်  ဝန်းရံထားသည်။

အမှန်တွေပေါ်လာပြီမို့ ဟဲကျိန့်ပိုင်နဲ့လုချီ ဆင်ခြေပေးသမျှက အချည်းနှီးသာဖြစ်သွားသည်။

အကုန် ငပိန်းတွေမှ မဟုတ်ဘဲ။

ဆွဲသီးမှာ ထွင်းထားတာကို အပျော်သက်သက်လို့ ပြောဦးမလား။

မနောက်ကောင်းဘူးလေ. .၊

“ ဒါတော့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သွားပြီမို့ သိုသိုသိပ်သိပ်ပဲ ဖြေရှင်းလိုက်ကြပါ ”
ပြောပြီးတာနှင့် ရဲက လုမန်ကို လှည့်မေးသည်။
“ မိန်းကလေးလု ခင်ဗျား တစ်ချိန်လုံး ဒီမှာ ရှိနေတာ ဟုတ်ပါသလား ”

“ ဟုတ်ပါတယ် ”
လုမန် ဟန်ကျိုးလီဘေးကိုပြန်သွားပြီး ခါးကို ဖက်ထားလိုက်သည်။ ဘာ့ကြောင့်မှန်းမသိ ဟန်ကျိုးလီက ဖော်ကောင်မလုပ်ဘဲ ငြိမ်နေသည်။

အပြုံးရေးရေးနှင့်သာ ခေါင်းငုံ့ပြီး ကြည့်၏။

လုမန် ဟန်ကျိုးလီကို ကျေးဇူးတင်စွာ ပြုံးပြလိုက်သည်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဖော်ကောင်မလုပ်သည့်အတွက် ကျေးဇူးတင်သည်။

“ တစ်ခုခုဖြစ်လို့လားဟင် ”
လုမန် စပ်စုလိုက်သည်။

စောစောက ဒီမှာရှိမနေတာမို့ သူမဒီလိုမေးတာကို ပုံမှန်လို့ယူဆနိုင်သည်။

“ ဟိုဘက်ခန်းကဧည့်သည်လေ . . ဒဏ်ရာပြင်းပြင်းရသွားလို့ . . ခု ဆေးရုံပို့လိုက်ရတယ် ”

“ ဟုတ်လား . . ဘာတွေဖြစ်မှန်း မသိပေမယ့် ကျွန်မကတော့ ဒီမှာတစ်ချိန်လုံးရှိနေတာပါ . .။  မယုံရင် စောင့်ကြည့်ကင်မရာတွေကို စစ်ကြည့်နိုင်ပါတယ်ရှင် ”
ဟိုတယ်မှာ ဒီနားတစ်ဝိုက်က ကင်မရာတွေ အလုပ်မလုပ်မှန်းသိလို့ လုမန် ဒီလိုပြောရဲတာဖြစ်သည်။

အရင်ဘဝမှာ သူမ ဒုက္ခရောက်တော့ လုချီက ဟဲကျိန့်ပိုင်ကို ချက်ချင်း ပြေးရှာသည်။ တိုက်ဆိုင်ချင်တော့ ဒီဟိုတယ်က ဟဲမိသားစုအပိုင်။

ထို့ကြောင့် ဟဲကျိန့်ပိုင် အလိုရှိလျှင် တစ်ခွန်းဟလိုက်ရုံသာဖြစ်သည်။

လုချီအတွက် သက်သေအထောက်အထားတွေရှင်းပေးပြီးမှ သူက ရဲခေါ်လိုက်သည်။ 

သူတို့ကြောင့်နဲ့ ရုပ်ရှင်ဒါရိုက်တာကိုလည်း ဆေးရုံတင်နောက်ကျသွားပေမယ့် အသက်ရှင်တာကံကောင်းသွားသည်။

လက်ရှိမှာ အရင်ဘဝကအတိုင်း အားလုံး တစ်သမတ်လည်းဖြစ်ဖို့ မျှော်လင့်ရင်း လုမန်က အရဲစွန့်နေခြင်း ဖြစ်ကာ. .၊

ရဲတွေမျက်နှာ​ထူးဆန်းသွားတာကို သတိပြုမိလျှင် သူမအောင်မြင်ပြီမှန်း သိလိုက်သည်။

“ ဒါနဲ့ နားမလည်လို့ မေးပါရစေနော် . . မတော်တဆမှုက ဟိုဘက်ခန်းမှာဖြစ်တာဆိုရင် ဘာလို့ ကျွန်မကို ဒီမှာ လာရှာတာလဲ မသိဘူး ”
လုမန်က ဇဝေဇဝါဖြစ်နေသည့် မျက်နှာနှင့်။

ရဲတွေတောင် စကားမပြန်ရသေး၊ လုချီက အသော့ဝင်ပြောသည်။
“ နင်ပဲ ဒါရိုက်တာကို သွားရှာဆို . . . ”

လုမန် သရော်ပြုံးပြုံးလိုက်သည်။ လုချီက လုမန်ကို အချောင်ဝင်ခံခိုင်းဖို့ စိတ်ပိုင်းဖြတ်ပြီးဖြစ်မည်။

ဖခင်ကိုရော ချစ်သူကိုပါ  ခိုးယူပြီးသည်တွင်တောင် လုချီက မကျေနပ်နိုင်သေးဘဲ လုမန်ကို ဒုက္ခရောက်စေချင်သေးသည်။

“ နေပါဦး နင်ပြောတာကို ငါနားမလည်ဘူး . . ငါက အကူလေ. .၊ ဒါရိုက်တာနဲ့ ဘာလုပ်ရမှာလဲ၊ ဇာတ်လမ်းတွဲမှာ ငါက တစ်ခန်းလောက်ပါချင်တယ်လို့လား ဟုတ်လား နင်ပြောချင်တာ အဲ့လိုလား . . ”
လုမန် သူမလက်ထဲကဖုန်းကိုမြှောက်ပြရင်း ပြောလိုက်သည်။ 

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Zawgyi

အခန္း ၅) အံ့ၾသစရာေကာင္းေလာက္ေအာင္ ဟန္က်ိဳးလီက အလိမ္မေဖာ္ဘူးရယ္

လုမန္ ေသြးေအးစြာ ၿပံဳးလိုက္သည္။
လုခ်ီေမေမ ရွခ်င္းယန္က သူမ်ားမိသားစုကို ဖ်က္ဆီးခဲ့သည့္ အေျမႇာင္မ ျဖစ္သလို ခု လုခ်ီကလည္း လုမန္ႏွင့္ဟဲက်ိန္႔ပိုင္တို႔အခ်စ္ေရးမွာ ၾကားလူျဖစ္သည္။ ဟဲက်ိန္႔ပိုင္ကို လုမန္ဆီမွ ခိုးသြားခဲ့သည္။

ဒါေတြ လုမန္ ဂရုမစိုက္ေတာ့။ ဒီေခြးေကာင္ထားရစ္ခဲ့လို႔လည္း ဝမ္းနည္းပက္လက္ျဖစ္မေနပါဘူး. .။

ခု သူမလိုခ်င္တာက သူတို႔အျပစ္အတြက္ ေပးဆပ္ခိုင္းမည္။

လုမန္ စကားမ်ားမ်ားေျပာေလ ဟဲက်ိန္႔ပိုင္ လိပ္ျပာမလံုေလျဖစ္ကာ လုမန္ သူ႔ကို ထီမထင္အၾကည့္ႏွင့္ ၾကည့္လိုက္သည္။
“ နင္တို႔ႏွစ္ေယာက္ေတြ့ေနၾကကတည္းက ငါတို႔ခ်င္းျပတ္ၿပီလို႔သေဘာထားလိုက္တာ၊ ဒါေပမယ့္ နင္က ဒီမွာရပ္ၿပီး သစၥာေဖာက္တယ္လို႔ေတာင္ ေျပာရဲေတာ့ ေတာ္ေတာ္အေရထူတာပဲေနာ္ ”

“ အေျခအျမစ္မရိွတာေတြ မေျပာစမ္းနဲ႔ ”
လုခ်ီက အေမာတေကာ ဝင္ေျပာသည္။

သူတို႔ေတြခ်ည္းဆိုရင္ လုမန္နာေအာင္ ဟဲက်ိန္႔ပိုင္ကို အသံုးခ်ရလည္း ကိစၥမရိွေပမယ့္ အခု လုမန္က ဟဲက်ိန္႔ပိုင္ကို ေဘးမဲ့ေပးလိုက္ၿပီျဖစ္သလို လုခ်ီကလည္း ကိုယ့္ကိုယ္ကိုယ္ လင္ခိုးမ ဟု ကင္ပြန္းတပ္ မခံခ်င္။

“ မင္းေျမႇာင္စိုးကပ္လုပ္ခ်င္တာဘယ္သူလဲ. . ၊ လူမိမွ သူမ်ားကို မပုတ္ခတ္နဲ႔ ! ”

“ ပုတ္ခတ္တယ္ ဟုတ္လား ”
လုမန္ ဟန္က်ိဳးလီကို လႊတ္လိုက္သည္။ ဒီတစ္ခါေတာ့ ဟန္က်ိဳးလီကလည္း သူမကို ဆြဲမထားဘဲ သြားခြင့္ေပးသည္။

ကိုယ္ေပၚကတဘက္ကို ျပဳတ္မက်ေအာင္ဆုပ္ကိုင္ရင္း လုခ်ီေရ႔ွမွာ သြားရပ္လိုက္သည္။  

ၿပီးေတာ့ လက္ဆန္႔ၿပီး လုခ်ီဝတ္ထားသည့္ ဆြဲႀကိဳးကို လွမ္းဆြဲျဖဳတ္လိုက္၏။

လုမန္အျပဳအမူက ရုတ္တရက္မို႔ လုခ်ီလည္း သတိလက္လြတ္ျဖစ္ကာ ဆြဲႀကိဳးက ပါသြားသည္။ 

လုမန္ ဆြဲသီးကိုခြာၿပီး သူတို႔ကို ျပလိုက္ကာ. .၊
“ တရုတ္စာလံုးေတြထြင္းထားတာ ဟဲက်ိန္႔ပိုင္က ဂရုတစိုက္ရိွသားပဲ ”

ဆြဲသီးရဲ့အေနာက္မွာ ဟဲက်ိန္႔ပိုင္ ႏွင့္ လုခ်ီ နာမည္ကို လွပစြာ ထြင္းထုၿပီး အသည္းပံုနဲ႔ပင္  ဝန္းရံထားသည္။

အမွန္ေတြေပၚလာၿပီမို႔ ဟဲက်ိန္႔ပိုင္နဲ႔လုခ်ီ ဆင္ေျခေပးသမ်ွက အခ်ည္းႏွီးသာျဖစ္သြားသည္။

အကုန္ ငပိန္းေတြမွ မဟုတ္ဘဲ။

ဆြဲသီးမွာ ထြင္းထားတာကို အေပ်ာ္သက္သက္လို႔ ေျပာဦးမလား။

မေနာက္ေကာင္းဘူးေလ. .၊

“ ဒါေတာ့ ကိုယ္ေရးကိုယ္တာကိစၥျဖစ္သြားၿပီမို႔ သိုသိုသိပ္သိပ္ပဲ ေျဖရွင္းလိုက္ၾကပါ ”
ေျပာၿပီးတာႏွင့္ ရဲက လုမန္ကို လွည့္ေမးသည္။
“ မိန္းကေလးလု ခင္ဗ်ား တစ္ခ်ိန္လံုး ဒီမွာ ရိွေနတာ ဟုတ္ပါသလား ”

“ ဟုတ္ပါတယ္ ”
လုမန္ ဟန္က်ိဳးလီေဘးကိုျပန္သြားၿပီး ခါးကို ဖက္ထားလိုက္သည္။ ဘာ့ေၾကာင့္မွန္းမသိ ဟန္က်ိဳးလီက ေဖာ္ေကာင္မလုပ္ဘဲ ၿငိမ္ေနသည္။

အၿပံဳးေရးေရးႏွင့္သာ ေခါင္းငံု႔ၿပီး ၾကည့္၏။

လုမန္ ဟန္က်ိဳးလီကို ေက်းဇူးတင္စြာ ၿပံဳးျပလိုက္သည္။ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ ေဖာ္ေကာင္မလုပ္သည့္အတြက္ ေက်းဇူးတင္သည္။

“ တစ္ခုခုျဖစ္လို႔လားဟင္ ”
လုမန္ စပ္စုလိုက္သည္။

ေစာေစာက ဒီမွာရိွမေနတာမို႔ သူမဒီလိုေမးတာကို ပံုမွန္လို႔ယူဆႏိုင္သည္။

“ ဟိုဘက္ခန္းကဧည့္သည္ေလ . . ဒဏ္ရာျပင္းျပင္းရသြားလို႔ . . ခု ေဆးရံုပို႔လိုက္ရတယ္ ”

“ ဟုတ္လား . . ဘာေတျြဖစ္မွန္း မသိေပမယ့္ ကြၽန္မကေတာ့ ဒီမွာတစ္ခ်ိန္လံုးရိွေနတာပါ . .။  မယံုရင္ ေစာင့္ၾကည့္ကင္မရာေတြကို စစ္ၾကည့္ႏိုင္ပါတယ္ရွင္ ”
ဟိုတယ္မွာ ဒီနားတစ္ဝိုက္က ကင္မရာေတြ အလုပ္မလုပ္မွန္းသိလို႔ လုမန္ ဒီလိုေျပာရဲတာျဖစ္သည္။

အရင္ဘဝမွာ သူမ ဒုကၡေရာက္ေတာ့ လုခ်ီက ဟဲက်ိန္႔ပိုင္ကို ခ်က္ခ်င္း ေျပးရွာသည္။ တိုက္ဆိုင္ခ်င္ေတာ့ ဒီဟိုတယ္က ဟဲမိသားစုအပိုင္။

ထို႔ေၾကာင့္ ဟဲက်ိန္႔ပိုင္ အလိုရိွလ်ွင္ တစ္ခြန္းဟလိုက္ရံုသာျဖစ္သည္။

လုခ်ီအတြက္ သက္ေသအေထာက္အထားေတြရွင္းေပးၿပီးမွ သူက ရဲေခၚလိုက္သည္။ 

သူတို႔ေၾကာင့္နဲ႔ ရုပ္ရွင္ဒါရိုက္တာကိုလည္း ေဆးရံုတင္ေနာက္က်သြားေပမယ့္ အသက္ရွင္တာကံေကာင္းသြားသည္။

လက္ရိွမွာ အရင္ဘဝကအတိုင္း အားလံုး တစ္သမတ္လည္းျဖစ္ဖို႔ ေမ်ွာ္လင့္ရင္း လုမန္က အရဲစြန္႔ေနျခင္း ျဖစ္ကာ. .၊

ရဲေတြမ်က္ႏွာ​ထူးဆန္းသြားတာကို သတိျပဳမိလ်ွင္ သူမေအာင္ျမင္ၿပီမွန္း သိလိုက္သည္။

“ ဒါနဲ႔ နားမလည္လို႔ ေမးပါရေစေနာ္ . . မေတာ္တဆမႈက ဟိုဘက္ခန္းမွာျဖစ္တာဆိုရင္ ဘာလို႔ ကြၽန္မကို ဒီမွာ လာရွာတာလဲ မသိဘူး ”
လုမန္က ဇေဝဇဝါျဖစ္ေနသည့္ မ်က္ႏွာႏွင့္။

ရဲေတြေတာင္ စကားမျပန္ရေသး၊ လုခ်ီက အေသာ့ဝင္ေျပာသည္။
“ နင္ပဲ ဒါရိုက္တာကို သြားရွာဆို . . . ”

လုမန္ သေရာ္ၿပံဳးၿပံဳးလိုက္သည္။ လုခ်ီက လုမန္ကို အေခ်ာင္ဝင္ခံခိုင္းဖို႔ စိတ္ပိုင္းျဖတ္ၿပီးျဖစ္မည္။

ဖခင္ကိုေရာ ခ်စ္သူကိုပါ  ခိုးယူၿပီးသည္တြင္ေတာင္ လုခ်ီက မေက်နပ္ႏိုင္ေသးဘဲ လုမန္ကို ဒုကၡေရာက္ေစခ်င္ေသးသည္။

“ ေနပါဦး နင္ေျပာတာကို ငါနားမလည္ဘူး . . ငါက အကူေလ. .၊ ဒါရိုက္တာနဲ႔ ဘာလုပ္ရမွာလဲ၊ ဇာတ္လမ္းတြဲမွာ ငါက တစ္ခန္းေလာက္ပါခ်င္တယ္လို႔လား ဟုတ္လား နင္ေျပာခ်င္တာ အဲ့လိုလား . . ”
လုမန္ သူမလက္ထဲကဖုန္းကိုေျမႇာက္ျပရင္း ေျပာလိုက္သည္။ 

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Continue Reading

You'll Also Like

4.2K 87 3
After enduring months of unimaginable loss, Maisie Monroe rebuilds her life alongside her family. As she navigates the challenges of college and grap...
57.7K 3.1K 17
Kim Taehyung is your gay bestfriend. But he's always there for you He's there to help you fight your trauma. He's there to protect you. What if, one...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
2.2K 51 11
4racha, Bang Chan, Seo Changbin, Hwang Hyunjin and Han Jisung, the biggest rappers and bullies in Big Hit high school, have a target, they are FourVo...