Nowhere to Go (Myanmar Transl...

By PoneyPeach

203K 26.3K 498

Original Author - Fangua Steamed Bun English Translator - FL AI Robot (38 Chapters) This is my first work. Fu... More

DESCRIPTION
Chapter 1
Chapter 2
Chapter 3
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32.1
Chapter 32.2
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38 << Final >>
ကျေးဇူးတင်လွှာ
for update 😌

Chapter 4

5.2K 818 14
By PoneyPeach

Unicode

ကလေးကို အနိုင်ကျင့်တာက တိုက်ဆိုင်မှုတစ်ခုသာ။

ထိုအချိန်တုန်းက လွီနင်အဖေရဲ့ ရောဂါက နောက်ဆုံးအဆင့်အထိ ရောက်နေခဲ့ပြီ။ အထက်တန်းကျောင်း တတိယနှစ်တက်နေရတာတောင်မှ လွီနင် ဆေးရုံကို နေ့တိုင်းနီးပါး သွားကာပြုစုပေးရသည်။

ထိုနေ့က သူအိမ်ကို အဝတ်အစားလဲရန် ပြန်လာခဲ့ပေမယ့် သူ့မိထွေးက သူ့သားကို ခါးပတ်နဲ့ ရိုက်နေတာကို တွေ့ခဲ့ရသည်။ သူဘာပြောရမှန်း မသိတာကြောင့် ရိုးရိုးရှင်းရှင်းပဲ ကြမ်းတမ်းတဲ့ စကားလုံးတွေသုံးပြီး အော်လိုက်သည်။

ကောင်လေးက ခုလည်း မခုခံသလို ပုန်းလည်း ပုန်းမနေခဲ့ပေ။ သူက သူ့အမေက်ို သနားစရာကောင်းစွာ အားနည်းတဲ့ အသံလေးနဲ့ ရပ်ရန်ပြောနေပြီး အနည်းငယ် ရှိုက်ငိုကာ ဘောလုံးတစ်လုံးလို ကိုယ်ကိုကွေးကာနေလေသည်။

လွီနင်က ကလေးသူငယ်တွေကို အနိုင်ကျင့်တာ သူ့ပတ်ဝန်းကျင်မှာ မရှိနိုင်ဘူးလို့ အမြဲထင်နေခဲ့သည်။ ဒါကို သတင်းစာနှင့် ရုပ်မြင်သံကြားတွေထဲတွင်သာ တွေ့ခဲ့ဖူးသည်။ သူ့မျက်လုံးနှင့် ကိုယ်တိုင်တွေ့တော့ သူ့မျက်လုံးက်ိုတောင် မယုံကြည်နိုင်တော့။

"ခင်ဗျား ဘာလုပ်နေတာလဲ!"

လွီနင် လျှင်မြန်စွာ ပြေးသွားပြီ ခါးပတ်ကို ဆွဲယူကာ ကောင်လေးကို ကာလိုက်သည်။

လွီနင့်မိထွေးက လွီနင် ရုတ်တရက်ပြန်လာလိမ့်မယ်လို့ မျှော်လင့်မထားပေ။ သူမက တုန်လှုပ်သွားပြီး ရှင်းပြသည်။

" ငါမဟုတ်ဘူး.... သူက... သူက.... ပန်းကန်ကိုလည်း ခွဲပစ်တယ်... အတန်းထဲမှာလည်း ရန်ဖြစ်ခဲ့တယ်"

လွီနင် မကြားချင်ယောင်ဆောင်ကာ ကောင်လေးကို အခန်းထဲ ဆွဲသွင်းပြီး တံခါးပိတ်ကာ ကောင်လေးရင်ဘတ်ပေါ်က ဒဏ်ရာတွေကို ငုံ့ကြည့်လိုက်သည်။

သူ့မိထွေးရဲ့ ​အရူးလိုလုပ်ရပ်အပေါ် ဒေါသကြောင့်လား ကြောက်ရွံမှုကြောင့်လား မသေချာပေမယ့် လွီနင်ရဲ့ လက်တွေက ပြင်းပြင်းထန်ထန်ပဲ တုန်ရင်နေတာကြောင့် ကောင်လေးရဲ့ အင်္ကျီကို ချွတ်ပေးရန် အကြိမ်များစွာ ကြိုးစားလိုက်ရသည်။

ကောင်လေးရဲ့ ကျောပြင်သေးသေးလေးက ပွန်းပဲ့ဒဏ်ရာတွေ အနာဟောင်းတွေအပြင် ခရမ်းရောင်နဲ့ အနီရောင်သန်းနေသည့် ခါးပတ်ရာများနှင့် ပြည့်နေသည်။

လွီနင် ဒီဒဏ်ရာတွေကို မြင်တော့ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ သူ ဒေါသထွက်ပြီး ထိတ်လန့်သွားသည်။ ထိုဒဏ်ရာတွေကို လက်ချောင်းတွေနဲ့ ထိကြည့်ချင်ပေမယ့် ကောင်လေးနာကျင်အောင် လုပ်မိသွားမှာလည်း စိုးရိမ်မိသည်။
"ငါ မင်းကို ခနနေရင် ဆေးရုံခေါ်သွားပေးမယ်။"

လွီနင်က ကောင်လေးကို မနှောင့်ယှက်မိအောင် သတိထားကာ သူ့အဝတ်အစားတွေကို ကူဝတ်ပေးရင်း နုညံ့စွာ မေးလိုက်သည်။
" ဒဏ်ရာတွေက နာလား။"

ကောင်လေးက သူ့မျက်နှာပေါ်က မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်လိုက်ပြီး ပြောသည်။
" ကျွန်တော် အကျင့်ဖြစ်နေပါပြီ။"

လွီနင် တံခါးပိတ်လိုက်ကတည်းက ကောင်လေးက အငိုတိတ်သွားပြီဖြစ်သည်။ တကယ်တော့ ခွင့်လွှတ်ပေးရန် တောင်းပန်ပြီး ငိုယိုနေခဲ့တဲ့ ကောင်လေးက မျက်ရည်အများကြီးမကျဘဲ တည်ငြိမ်ချင်ယောင်ဆောင်နေတာကို လွီနင်သိသည်။

လွီနင် ကောင်​လေးအပေါ် သဘောထားကို  လုံဝ ပြောင်းလဲလိုက်သည်။ ကလေးတွေက အမြဲတမ်း ရိုးသားနေရမယ်လို့ ထင်ခဲ့သည်။ ငိုချင်ရင် ငိုမယ်၊ ရယ်ချင်ရင် ရယ်မယ် သူတို့နှလုံးသားအောက်က ခံစားချက်တွေကိုသာ ပြသရမယ်လို့ပေါ့။

ငယ်ရွယ်တဲ့ အထက်တန်းကျောင်းသားတစ်ယောက်အနေနဲ့ သူ့ကို ကြောက်ရွံအောင် လုပ်နိုင်တဲ့ ကောင်လေးက ဘာခုခံမှုမှ ပြန်မလုပ်နိုင်အောင် အကြမ်းဖက်ခံနေရကာ သနားစရာပုံစံ ဘာကြောင့်ဖြစ်နေလဲဆိုတာ လွီနင်နားမလည်နိုင်တော့။

လွီနင်အတွက်တော့ ဒီသားအမိနှစ်ယောက်က တခြားကမ္ဘာက လူတွေလိုပဲ။

" မင်းက ယောကျ်ား​လေးလေ"
လွီနင် ကောင်လေးကို အပြင်ခေါ်လာကာ သူ့မိထွေးရဲ့ လုံနေအောက်ပိတ်ထားတဲ့ တံခါးကို ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။

" ခွင့်လွှတ်ဖို့ မမေး​​ကြည့်ဘူးလား။"

ကောင်လေးက ပြန်မဖြေပေမယ့် သူမျက်နှာပေါ်တွင်တော့ ခံစားချက်တွေ ရှုပ်ထွေးနေသည်။ အကြံအိုက်နေတဲ့ ကလေးဆန်ဆန် မျက်နှာပေးက နည်းနည်း နုံအပုံပေါ်နေပေမယ့် င်ိုယိုတောင်းပန်ရတာထက် ပိုပြီး နာကျင်နေရသလိုပင်။

ကောင်ကင်က မှောင်လာပြီ။ ဆောင်းဦးလေပြေက တိုက်ခတ်နေကာ အဝါရောင်သစ်ရွက်တွေက လမ်းမီးတိုင်အောက်တွင် ကြွေကျနေသည်။ လွီနင်က သူ့ကုတ်အင်္ကျီကိုချွတ်ကာ ကောင်လေးကို ဝတ်ပေးလိုက်ပြီး ဘတ်စ်ကား​ပေါ်တက်ခဲ့လိုက်သည်။

လွီနင်ရဲ့ ကုတ်အင်္ကျီက ကောင်လေးပေါင်အလယ်ထိဖုံးအောင် ကြီးနေသည်။
"အေးလား။"
လွီနင်မေးလိုက်သည်။

ကောင်လေးက ပြန်မဖြေပေ။ သူက အင်္ကျီစကို ဆုပ်ကိုင်ကာ သစ်ရွက်ခြောက်တွေပေါ်တက်နင်းကာ တရွှမ်းရွှမ်းမြည်အောင်လုပ်နေသည်။

ကားက လမ်းမကြီးကို ဖြတ်ပြီး အရှိန်ပြင်းပြင်းမောင်းနှင်နေသည်။ ကားမီးရောင်က ကောင်းလေးရဲ့ နက်မှောင်နေတဲ့ မျက်လုံးတစ်စုံကို ဖြတ်သွား​လေသည်။ ကောင်လေးရဲ့ မျက်လုံးထဲမှာ  မြူခိုးအနည်းငယ်ရှိနေပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

လွီနင်  ပြန်မဖြေတော့ဘူးလို့ ထင်လိုက်ပေမယ့် ကောင်လေးက စကားစလာသည်။ သူ့အသံက တည်ငြိမ်နေပေမယ့် စိတ်ထိခိုက်စရာ ဖြောင့်ချက်တစ်ခုက်ို ဝန်ခံနေရတာနဲ့ ပိုနေသည်။

" အမေက ပြောတယ် ကျွန်တော်ကြောင့် သေခါနီး အဘိုးကြီးနဲ့ လက်ထပ်ခဲ့ရတာတဲ့"

လွီနင့် နှလုံးသား နာကျင်သွားခဲ့သည်။ ဒါက သူ့အတွက်တော့ အကြင်နာတရားမရှိတဲ့ စကားတစ်ခွန်းဆိုပေမယ့် သူ့အရှေ့က ကောင်လေးထက် သူ့မိထွေးကို ပိုမုန်းသွားသည်။

ကောင်လေးက ထပ်ပြီး
" ကျွန်တော်က ဝန်ထုပ်ဝန်ပိုးလို့လည်းပြောတယ်။ အမေက ကျွန်တော့်ကို နေ့တ်ိုင်းလည်း ရိုက်တယ်။"

ကလေးက သူ့အမေကို ဘာကြောင့် သဘောကျတာလဲဆိုတာ ရုတ်တရက် နားလည်လာသည်။ အချစ်နှင့် အမုန်းက လူသားတိုင်းမှာရှိတဲ့ မွေးရာပါ ခံစားချက်ဖြစ်ပေမယ့် ကောင်လေးက ကလေးငယ်တစ်ယောက်ဖြစ်တာကြောင့် မကွယ်ဝှက်ဘဲ ပေါ်တင်ဖော်ပြခြင်းပင်။

သားအမိနှစ်ယောက်ရဲ့ ဘဝက သာမန်လူတွေနဲ့ မတူပေမယ့် ကောင်လေးက ငယ်သေးတာကြောင့် သူ့ဘဝက ပုံမှန်ဟုတ်ရဲ့လားဆိုတာ မပြောနိုင်သေးပေ။

လွီနင် သူ့ကို လှည့်ဖျားခံထားရတဲ့ဘဝကနေ ဆွဲထုတ်ပြီး တရားမျှတမှုအတွက် အရိုက်နှက်ခံ တောင်းပန်ရန် မလိုကြောင်း သိစေချင်သည်။

လွီနင် ကောင်လေးရဲ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
" နောက်ထပ်ခါ ငါမင်းအမေရ်ိုက်တာကနေ ကာကွယ်ပေးမယ်။"

ကောင်လေးက ခေါင်းကိုမော့ကာ သူ့ကိုကြည့်လာသည်။ မျက်လုံးလေးကလည်း ဝိုင်းစက်နေကာ ထူးထူးဆန်းဆန်း အရာတစ်ခုကို ကြားလိုက်ရတယ်လို့ ထင်နေပုံပေါ်သည်။

" ဘာမှမဖြစ်ဘူးမလား"
လွီနင် ကောင်လေးဆံပင်လေးတွေကို ထိလိုက်ရင်း
" ငါက မင်းအစ်ကိုလေ။ ငါ့အဖေ ဆေးရုံကဆင်းရင် ကစားကွင်းကို အတူတူ သွားကြမယ်။"

ကောင်လေးက ဘာတစ်ခုမှပြန်မ​ပြောပေမယ့် သူ့မျက်ဝန်းတွေက မယုံကြည်မှုတွေနဲ့ ပြည့်နေသည်။ သူ့အမေက တစ်ခါတုန်းက သူ့ကို နောက်တစ်ကြိမ်ထပ်မရိုက်တော့ဘူးလို့ ကျိန်ပြောခဲ့ပေမယ့် နောက်နာရီနည်းနည်းနေတော့ သူမပြောတာကို မေ့သွားခဲ့သည်။

လွီနင်ကတော့ ယုံကြည်ရတဲ့ လူတစ်ယောက်ပင်။ ထိုနေ့ပြီးနောက်တော့ ကျောင်းနားချိန်တိုင်း သူက ကောင်လေးသွားချင်တဲ့ နေရာတိုင်းကို လိုက်ပို့ပေးတတ်သည်။

သူ့မိထွေးက ကြောက်စရာကောင်းတဲ့ အရူးလို ရိုက်နှက်မှုတွေကိုလည်း လွီနင်က ခွင့်မပြုတော့ပေ။

သူ့အဖေသေသွားသည့်တိုင် ထိုကာကွယ်ပေးတဲ့ ဆက်ဆံရေးက ကြာရှည်ခဲ့သည်။ သူတက္ကသိုလ်တက်တော့ အိမ်ကနေထွက်လာခဲ့ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ငါးနှစ်တာတောင်ပင်.....

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

"ကိုကို... မတွေ့ရတာ ကြာပြီ..."

အချိန်အကြာကြီးနေမှ ဒီလိုအခြေအနေမျိုးနဲ့ သူတို့ ပြန်ဆုံကြလိမ့်မယ်လို့ လွီနင်ဘယ်တော့မှ မတွေးခဲ့မိဘူး။
"မင်းတို့ အချင်းချင်း သိကြလား"

​နောက်ဆုံးမှာ​တော့ ရဲသားလေးက အခန်းထဲက ကိုးရို့ကားရား အခြေအနေကို  ဖြိုခွဲလိုက်သည်။

"…"
​နောက်ဆုံး​တော့ လွီနင် စကားပြောလာသည်။
"မင်းက ဝေ့ဒါ..."

လူငယ်လေးက သူက်ို ပြုံးပြပေမယ့် ဘာမှ ပြန်မပြောပေ။

မှတ်ဥာဏ်တွေ ရှင်းလင်းလာတာနဲ့အမျှ သူစကားမပြောတောင် အမှန်တရားကတော့ သူရှေ့မှာ ရောက်နေပြီဖြစ်သည်။

ဒီမျက်နှာက သူ့မိထွေးနဲ့ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ တူသည်။

"ဘာဖြစ်နေတာလဲ"
သတ်လတ်ပိုင်းအရွယ်ရဲက မျက်မှောင်ကြုတ်ကာ မေးသည်။

"ကျွန်တော် တောင်းပန်ပါတယ်"
လွီနင်က ပြန်ဖြေသည်။
"ကျွန်တော် ဒီကိစ္စကို ဖြေရှင်းချင်တယ်"

"သူက တကယ်ပဲ နင့်ညီလား"
လျိုကျင်းက ပြန့်လှည့်လာပြီး ဝေ့ဒါကို စိုက်ကြည့်လိုက်သည်။

"ဟုတ်တယ်"

လျိုကျင်းက ထပ်မေးပြန်သည်။
"နင့်မိထွေးက မွေးတဲ့ တစ်ယောက်လား"
အရင်က လျိုကျင်း သူ့မိသားစုမှာ မိသားစုဝင် ဘယ်လောက်ရှိလဲလို့ မေးခဲ့ဖူးသည်။ လွီနင်က သူ့မိထွေးနဲ့ ညီလေးအကြောင်းကို ပြောပြခဲ့ဖူးသည်။

ဝေ့ဒါက ဒါကိုကြားတော့ သူ့လက်ကောက်ဝတ်ကို လှုပ်ရှားလျက် လျိုကျင်းကို ပြုံးပြလိုက်သည်။

" ဒါက မရီးလား။ ကျွန်တော့်အစ်ကိုက အစ်မကို ကျွန်တော့်အကြောင်းတွေ ပြောထားတာပေါ့"

လျိုကျင်းရဲ့ မကျေနပ်ချက်တွေက 'မရီး´ ဆိုတဲ့ အခေါ်ကြောင့် ပျောက်ဆုံးသွားပြီး ဆက်မပြောနိုင်တော့ချေ။ သူမက မျက်မှောင်ကြုတ်ကာ ဝေ့ဒါကို ခနလောက် အကဲခတ်ကြည့်လိုက်သည်။ သူမက တွန့်ဆုတ်စွာ ပြန်လည်ဖြေကြားခဲ့ပေမယ့် သူ​​ဖြေခဲ့တာ ပထမမေးခွန်းလား ဒုတိယမေးခွန်းလား မသိတော့ပေ။

ဝေ့ဒါက ဆက်ပြီး
"ကျွန်တော်က အစ်ကိုကို စနေတာပါ မရီးစိတ်ထဲမထားပါနဲ့။ နောက်ရက်ကျ ဖုန်းကို ပြန်ပေးပါ့မယ်။"

သူအသံက နောက်ပြောင်နေသလိုပဲ ပေါ့ပါးနေသည်။ ရဲတွေပြောထားတဲ့ သူက ပျက်စီးနေတဲ့ သူခိုးတစ်ယောက်ဆိုတဲ့ အချက်ကြောင့်မဟုတ်လျှင် သူတို့နှစ်ယောက်လုံး ချက်ချင်းကို ယုံကြည်မိပေလိမ့်မည်။

လွီနင်က ပြောသည်။
" မရယ်နဲ့နော်။ ဒါက ငါ့လုပ်ဖော်ကိုင်ဖက်ပါ..."

ဝေ့ဒါက "Oh" ဟုဆိုကာ သူ့နှုတ်ခမ်းထောင့်လေးတွေက မြင့်တက်သွားသည်။

နှစ်တွေအများကြီးကြာတာတောင် လွီနင်က ဝေ့ဒါနဲ့ သူတို့ ပထမဆုံးအကြိမ်ဆုံတုန်းကအတိုင်းလိုပဲဆိုတာ သတ်ိထားမိသည်။

ဝေ့ဒါရဲ့ မျက်လုံးတွေက သူ့နှုတ်ခမ်းတွေလို တွန့်ကွေးနေသည်။ သူ့မျက်ဝန်းနက်နက်တွေက တည်ငြိမ်နေပေမယ့် ပြုံးနေတဲ့ သဲလွန်စလေးတစ်ခုတောင် ရှိမနေခဲ့ပေ......

🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆

Zawgyi

ကေလးကို အနိုင္က်င့္တာက တိုက္ဆိုင္မႈတစ္ခုသာ။

ထိုအခ်ိန္တုန္းက လြီနင္အေဖရဲ႕ ေရာဂါက ေနာက္ဆုံးအဆင့္အထိ ေရာက္ေနခဲ့ၿပီ။ အထက္တန္းေက်ာင္း တတိယႏွစ္တက္ေနရတာေတာင္မွ လြီနင္ ေဆး႐ုံကို ေန႕တိုင္းနီးပါး သြားကာျပဳစုေပးရသည္။

ထိုေန႕က သူအိမ္ကို အဝတ္အစားလဲရန္ ျပန္လာခဲ့ေပမယ့္ သူ႕မိေထြးက သူ႕သားကို ခါးပတ္နဲ႕ ရိုက္ေနတာကို ေတြ႕ခဲ့ရသည္။ သူဘာေျပာရမွန္း မသိတာေၾကာင့္ ရိုးရိုးရွင္းရွင္းပဲ ၾကမ္းတမ္းတဲ့ စကားလုံးေတြသုံးၿပီး ေအာ္လိုက္သည္။

ေကာင္ေလးက ခုလည္း မခုခံသလို ပုန္းလည္း ပုန္းမေနခဲ့ေပ။ သူက သူ႕အေမကို သနားစရာေကာင္းစြာ အားနည္းတဲ့ အသံေလးနဲ႕ ရပ္ရန္ေျပာေနၿပီး အနည္းငယ္ ရွိုက္ငိုကာ ေဘာလုံးတစ္လုံးလို ကိုယ္ကိုေကြးကာေနေလသည္။

လြီနင္က ကေလးသူငယ္ေတြကို အနိုင္က်င့္တာ သူ႕ပတ္ဝန္းက်င္မွာ မရွိနိုင္ဘူးလို႔ အၿမဲထင္ေနခဲ့သည္။ ဒါကို သတင္းစာႏွင့္ ႐ုပ္ျမင္သံၾကားေတြထဲတြင္သာ ေတြ႕ခဲ့ဖူးသည္။ သူ႕မ်က္လုံးႏွင့္ ကိုယ္တိုင္ေတြ႕ေတာ့ သူ႕မ်က္လုံးကိုေတာင္ မယုံၾကည္နိုင္ေတာ့။

"ခင္ဗ်ား ဘာလုပ္ေနတာလဲ!"

လြီနင္ လွ်င္ျမန္စြာ ေျပးသြားၿပီ ခါးပတ္ကို ဆြဲယူကာ ေကာင္ေလးကို ကာလိုက္သည္။

လြီနင့္မိေထြးက လြီနင္ ႐ုတ္တရက္ျပန္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္မထားေပ။ သူမက တုန္လႈပ္သြားၿပီး ရွင္းျပသည္။

" ငါမဟုတ္ဘူး.... သူက... သူက.... ပန္းကန္ကိုလည္း ခြဲပစ္တယ္... အတန္းထဲမွာလည္း ရန္ျဖစ္ခဲ့တယ္"

လြီနင္ မၾကားခ်င္ေယာင္ေဆာင္ကာ ေကာင္ေလးကို အခန္းထဲ ဆြဲသြင္းၿပီး တံခါးပိတ္ကာ ေကာင္ေလးရင္ဘတ္ေပၚက ဒဏ္ရာေတြကို ငုံ႕ၾကည့္လိုက္သည္။

သူ႕မိေထြးရဲ႕ အ႐ူးလိုလုပ္ရပ္အေပၚ ေဒါသေၾကာင့္လား ေၾကာက္႐ြံမႈေၾကာင့္လား မေသခ်ာေပမယ့္ လြီနင္ရဲ႕ လက္ေတြက ျပင္းျပင္းထန္ထန္ပဲ တုန္ရင္ေနတာေၾကာင့္ ေကာင္ေလးရဲ႕ အကၤ်ီကို ခြၽတ္ေပးရန္ အႀကိမ္မ်ားစြာ ႀကိဳးစားလိုက္ရသည္။

ေကာင္ေလးရဲ႕ ေက်ာျပင္ေသးေသးေလးက ပြန္းပဲ့ဒဏ္ရာေတြ အနာေဟာင္းေတြအျပင္ ခရမ္းေရာင္နဲ႕ အနီေရာင္သန္းေနသည့္ ခါးပတ္ရာမ်ားႏွင့္ ျပည့္ေနသည္။

လြီနင္ ဒီဒဏ္ရာေတြကို ျမင္ေတာ့ အသက္ကို ျပင္းျပင္းရႉလိုက္မိသည္။ သူ ေဒါသထြက္ၿပီး ထိတ္လန႔္သြားသည္။ ထိုဒဏ္ရာေတြကို လက္ေခ်ာင္းေတြနဲ႕ ထိၾကည့္ခ်င္ေပမယ့္ ေကာင္ေလးနာက်င္ေအာင္ လုပ္မိသြားမွာလည္း စိုးရိမ္မိသည္။
"ငါ မင္းကို ခနေနရင္ ေဆး႐ုံေခၚသြားေပးမယ္။"

လြီနင္က ေကာင္ေလးကို မေႏွာင့္ယွက္မိေအာင္ သတိထားကာ သူ႕အဝတ္အစားေတြကို ကူဝတ္ေပးရင္း ႏုညံ့စြာ ေမးလိုက္သည္။
" ဒဏ္ရာေတြက နာလား။"

ေကာင္ေလးက သူ႕မ်က္ႏွာေပၚက မ်က္ရည္ေတြကို လက္ဖမိုးနဲ႕ သုတ္လိုက္ၿပီး ေျပာသည္။
" ကြၽန္ေတာ္ အက်င့္ျဖစ္ေနပါၿပီ။"

လြီနင္ တံခါးပိတ္လိုက္ကတည္းက ေကာင္ေလးက အငိုတိတ္သြားၿပီျဖစ္သည္။ တကယ္ေတာ့ ခြင့္လႊတ္ေပးရန္ ေတာင္းပန္ၿပီး ငိုယိုေနခဲ့တဲ့ ေကာင္ေလးက မ်က္ရည္အမ်ားႀကီးမက်ဘဲ တည္ၿငိမ္ခ်င္ေယာင္ေဆာင္ေနတာကို လြီနင္သိသည္။

လြီနင္ ေကာင္ေလးအေပၚ သေဘာထားကို  လုံဝ ေျပာင္းလဲလိုက္သည္။ ကေလးေတြက အၿမဲတမ္း ရိုးသားေနရမယ္လို႔ ထင္ခဲ့သည္။ ငိုခ်င္ရင္ ငိုမယ္၊ ရယ္ခ်င္ရင္ ရယ္မယ္ သူတို႔ႏွလုံးသားေအာက္က ခံစားခ်က္ေတြကိုသာ ျပသရမယ္လို႔ေပါ့။

ငယ္႐ြယ္တဲ့ အထက္တန္းေက်ာင္းသားတစ္ေယာက္အေနနဲ႕ သူ႕ကို ေၾကာက္႐ြံေအာင္ လုပ္နိုင္တဲ့ ေကာင္ေလးက ဘာခုခံမႈမွ ျပန္မလုပ္နိုင္ေအာင္ အၾကမ္းဖက္ခံေနရကာ သနားစရာပုံစံ ဘာေၾကာင့္ျဖစ္ေနလဲဆိုတာ လြီနင္နားမလည္နိုင္ေတာ့။

လြီနင္အတြက္ေတာ့ ဒီသားအမိႏွစ္ေယာက္က တျခားကမာၻက လူေတြလိုပဲ။

" မင္းက ေယာက်္ားေလးေလ"
လြီနင္ေကာင္ေလးကို အျပင္ေခၚလာကာ သူ႕မိေထြးရဲ႕ လုံေနေအာက္ပိတ္ထားတဲ့ တံခါးကို ၾကည့္ကာ တိုးတိုးေလးေျပာလိုက္သည္။

" ခြင့္လႊတ္ဖို႔ မေမးၾကည့္ဘူးလား။"

ေကာင္ေလးက ျပန္မေျဖေပမယ့္ သူမ်က္ႏွာေပၚတြင္ေတာ့ ခံစားခ်က္ေတြ ရႈပ္ေထြးေနသည္။ အႀကံအိုက္ေနတဲ့ ကေလးဆန္ဆန္ မ်က္ႏွာေပးက နည္းနည္း ႏုံအပုံေပၚေနေပမယ့္ ငိုယိုေတာင္းပန္ရတာထက္ ပိုၿပီး နာက်င္ေနရသလိုပင္။

ေကာင္ကင္က ေမွာင္လာၿပီ။ ေဆာင္းဦးေလေျပက တိုက္ခတ္ေနကာ အဝါေရာင္သစ္႐ြက္ေတြက လမ္းမီးတိုင္ေအာက္တြင္ ေႂကြက်ေနသည္။ လြီနင္က သူ႕ကုတ္အကၤ်ီကိုခြၽတ္ကာ ေကာင္ေလးကို ဝတ္ေပးလိုက္ၿပီး ဘတ္စ္ကားေပၚတက္ခဲ့လိုက္သည္။

လြီနင္ရဲ႕ ကုတ္အကၤ်ီက ေကာင္ေလးေပါင္အလယ္ထိဖုံးေအာင္ ႀကီးေနသည္။
"ေအးလား။"
လြီနင္ေမးလိုက္သည္။

ေကာင္ေလးက ျပန္မေျဖေပ။ သူက အကၤ်ီစကို ဆုပ္ကိုင္ကာ သစ္႐ြက္ေျခာက္ေတြေပၚတက္နင္းကာ တ႐ႊမ္း႐ႊမ္းျမည္ေအာင္လုပ္ေနသည္။

ကားက လမ္းမႀကီးကို ျဖတ္ၿပီး အရွိန္ျပင္းျပင္းေမာင္းႏွင္ေနသည္။ ကားမီးေရာင္က ေကာင္းေလးရဲ႕ နက္ေမွာင္ေနတဲ့ မ်က္လုံးတစ္စုံကို ျဖတ္သြားေလသည္။ ေကာင္ေလးရဲ႕ မ်က္လုံးထဲမွာ  ျမဴခိုးအနည္းငယ္ရွိေနၿပီး တျဖည္းျဖည္း ေပ်ာက္ကြယ္သြားသည္။

လြီနင္  ျပန္မေျဖေတာ့ဘူးလို႔ ထင္လိုက္ေပမယ့္ ေကာင္ေလးက စကားစလာသည္။ သူ႕အသံက တည္ၿငိမ္ေနေပမယ့္ စိတ္ထိခိုက္စရာ ေျဖာင့္ခ်က္တစ္ခုကို ဝန္ခံေနရတာနဲ႕ ပိုေနသည္။

" အေမက ေျပာတယ္ ကြၽန္ေတာ္ေၾကာင့္ ေသခါနီး အဘိုးႀကီးနဲ႕ လက္ထပ္ခဲ့ရတာတဲ့"

လြီနင့္ ႏွလုံးသား နာက်င္သြားခဲ့သည္။ ဒါက သူ႕အတြက္ေတာ့ အၾကင္နာတရားမရွိတဲ့ စကားတစ္ခြန္းဆိုေပမယ့္ သူ႕အေရွ႕က ေကာင္ေလးထက္ သူ႕မိေထြးကို ပိုမုန္းသြားသည္။

ေကာင္ေလးက ထပ္ၿပီး
" ကြၽန္ေတာ္က ဝန္ထုပ္ဝန္ပိုးလို႔လည္းေျပာတယ္။ အေမက ကြၽန္ေတာ့္ကို ေန႕တိုင္းလည္း ရိုက္တယ္။"

ကေလးက သူ႕အေမကို ဘာေၾကာင့္ သေဘာက်တာလဲဆိုတာ ႐ုတ္တရက္ နားလည္လာသည္။ အခ်စ္ႏွင့္ အမုန္းက လူသားတိုင္းမွာရွိတဲ့ ေမြးရာပါ ခံစားခ်က္ျဖစ္ေပမယ့္ ေကာင္ေလးက ကေလးငယ္တစ္ေယာက္ျဖစ္တာေၾကာင့္ မကြယ္ဝွက္ဘဲ ေပၚတင္ေဖာ္ျပျခင္းပင္။

သားအမိႏွစ္ေယာက္ရဲ႕ ဘဝက သာမန္လူေတြနဲ႕ မတူေပမယ့္ ေကာင္ေလးက ငယ္ေသးတာေၾကာင့္ သူ႕ဘဝက ပုံမွန္ဟုတ္ရဲ႕လားဆိုတာ မေျပာနိုင္ေသးေပ။

လြီနင္ သူ႕ကို လွည့္ဖ်ားခံထားရတဲ့ဘဝကေန ဆြဲထုတ္ၿပီး တရားမွ်တမႈအတြက္ အရိုက္ႏွက္ခံ ေတာင္းပန္ရန္ မလိုေၾကာင္း သိေစခ်င္သည္။

လြီနင္ ေကာင္ေလးရဲ႕လက္ကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လိုက္သည္။
" ေနာက္ထပ္ခါ ငါမင္းအေမရိုက္တာကေန ကာကြယ္ေပးမယ္။"

ေကာင္ေလးက ေခါင္းကိုေမာ့ကာ သူ႕ကိုၾကည့္လာသည္။ မ်က္လုံးေလးကလည္း ဝိုင္းစက္ေနကာ ထူးထူးဆန္းဆန္း အရာတစ္ခုကို ၾကားလိုက္ရတယ္လို႔ ထင္ေနပုံေပၚသည္။

" ဘာမွမျဖစ္ဘူးမလား"
လြီနင္ ေကာင္ေလးဆံပင္ေလးေတြကို ထိလိုက္ရင္း
" ငါက မင္းအစ္ကိုေလ။ ငါ့အေဖ ေဆး႐ုံကဆင္းရင္ ကစားကြင္းကို အတူတူ သြားၾကမယ္။"

ေကာင္ေလးက ဘာတစ္ခုမွျပန္မေျပာေပမယ့္ သူ႕မ်က္ဝန္းေတြက မယုံၾကည္မႈေတြနဲ႕ ျပည့္ေနသည္။ သူ႕အေမက တစ္ခါတုန္းက သူ႕ကို ေနာက္တစ္ႀကိမ္ထပ္မရိုက္ေတာ့ဘူးလို႔ က်ိန္ေျပာခဲ့ေပမယ့္ ေနာက္နာရီနည္းနည္းေနေတာ့ သူမေျပာတာကို ေမ့သြားခဲ့သည္။

လြီနင္ကေတာ့ ယုံၾကည္ရတဲ့ လူတစ္ေယာက္ပင္။ ထိုေန႕ၿပီးေနာက္ေတာ့ ေက်ာင္းနားခ်ိန္တိုင္း သူက ေကာင္ေလးသြားခ်င္တဲ့ ေနရာတိုင္းကို လိုက္ပို႔ေပးတတ္သည္။

သူ႕မိေထြးက ေၾကာက္စရာေကာင္းတဲ့ အ႐ူးလို ရိုက္ႏွက္မႈေတြကိုလည္း လြီနင္က ခြင့္မျပဳေတာ့ေပ။

သူ႕အေဖေသသြားသည့္တိုင္ ထိုကာကြယ္ေပးတဲ့ ဆက္ဆံေရးက ၾကာရွည္ခဲ့သည္။ သူတကၠသိုလ္တက္ေတာ့ အိမ္ကေနထြက္လာခဲ့ရသည္။

မ်က္စိတစ္မွိတ္အတြင္းမွာ ငါးႏွစ္တာေတာင္ပင္.....

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

"ကိုကို... မေတြ႕ရတာ ၾကာၿပီ..."

အခ်ိန္အၾကာႀကီးေနမွ ဒီလိုအေျခအေနမ်ိဳးနဲ႕ သူတို႔ ျပန္ဆုံၾကလိမ့္မယ္လို႔ လြီနင္ဘယ္ေတာ့မွ မေတြးခဲ့မိဘူး။
"မင္းတို႔ အခ်င္းခ်င္း သိၾကလား"

ေနာက္ဆုံးမွာေတာ့ ရဲသားေလးက အခန္းထဲက ကိုးရို႔ကားရား အေျခအေနကို  ၿဖိဳခြဲလိုက္သည္။

"…"
ေနာက္ဆုံးေတာ့ လြီနင္ စကားေျပာလာသည္။
"မင္းက ေဝ့ဒါ..."

လူငယ္ေလးက သူကို ၿပဳံးျပေပမယ့္ ဘာမွ ျပန္မေျပာေပ။

မွတ္ဉာဏ္ေတြ ရွင္းလင္းလာတာနဲ႕အမွ် သူစကားမေျပာေတာင္ အမွန္တရားကေတာ့ သူေရွ႕မွာ ေရာက္ေနၿပီျဖစ္သည္။

ဒီမ်က္ႏွာက သူ႕မိေထြးနဲ႕ ၆၀ ရာခိုင္ႏႈန္းကေန ၇၀ ရာခိုင္ႏႈန္းအထိ တူသည္။

"ဘာျဖစ္ေနတာလဲ"
သတ္လတ္ပိုင္းအ႐ြယ္ရဲက မ်က္ေမွာင္ၾကဳတ္ကာ ေမးသည္။

"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္"
လြီနင္က ျပန္ေျဖသည္။
"ကြၽန္ေတာ္ ဒီကိစၥကို ေျဖရွင္းခ်င္တယ္"

"သူက တကယ္ပဲ နင့္ညီလား"
လ်ိဳက်င္းက ျပန႔္လွည့္လာၿပီး ေဝ့ဒါကို စိုက္ၾကည့္လိုက္သည္။

"ဟုတ္တယ္"

လ်ိဳက်င္းက ထပ္ေမးျပန္သည္။
"နင့္မိေထြးက ေမြးတဲ့ တစ္ေယာက္လား"
အရင္က လ်ိဳက်င္း သူ႕မိသားစုမွာ မိသားစုဝင္ ဘယ္ေလာက္ရွိလဲလို႔ ေမးခဲ့ဖူးသည္။ လြီနင္က သူ႕မိေထြးနဲ႕ ညီေလးအေၾကာင္းကို ေျပာျပခဲ့ဖူးသည္။

ေဝ့ဒါက ဒါကိုၾကားေတာ့ သူ႕လက္ေကာက္ဝတ္ကို လႈပ္ရွားလ်က္ လ်ိဳက်င္းကို ၿပဳံးျပလိုက္သည္။

" ဒါက မရီးလား။ ကြၽန္ေတာ့္အစ္ကိုက အစ္မကို ကြၽန္ေတာ့္အေၾကာင္းေတြ ေျပာထားတာေပါ့"

လ်ိဳက်င္းရဲ႕ မေက်နပ္ခ်က္ေတြက 'မရီး´ ဆိုတဲ့ အေခၚေၾကာင့္ ေပ်ာက္ဆုံးသြားၿပီး ဆက္မေျပာနိုင္ေတာ့ေခ်။ သူမက မ်က္ေမွာင္ၾကဳတ္ကာ ေဝ့ဒါကို ခနေလာက္ အကဲခတ္ၾကည့္လိုက္သည္။ သူမက တြန႔္ဆုတ္စြာ ျပန္လည္ေျဖၾကားခဲ့ေပမယ့္ သူေျဖခဲ့တာ ပထမေမးခြန္းလား ဒုတိယေမးခြန္းလား မသိေတာ့ေပ။

ေဝ့ဒါက ဆက္ၿပီး
"ကြၽန္ေတာ္က အစ္ကိုကို စေနတာပါ မရီးစိတ္ထဲမထားပါနဲ႕။ ေနာက္ရက္က် ဖုန္းကို ျပန္ေပးပါ့မယ္။"

သူအသံက ေနာက္ေျပာင္ေနသလိုပဲ ေပါ့ပါးေနသည္။ ရဲေတြေျပာထားတဲ့ သူက ပ်က္စီးေနတဲ့ သူခိုးတစ္ေယာက္ဆိုတဲ့ အခ်က္ေၾကာင့္မဟုတ္လွ်င္ သူတို႔ႏွစ္ေယာက္လုံး ခ်က္ခ်င္းကို ယုံၾကည္မိေပလိမ့္မည္။

လြီနင္က ေျပာသည္။
" မရယ္နဲ႕ေနာ္။ ဒါက ငါ့လုပ္ေဖာ္ကိုင္ဖက္ပါ..."

ေဝ့ဒါက "Oh" ဟုဆိုကာ သူ႕ႏႈတ္ခမ္းေထာင့္ေလးေတြက ျမင့္တက္သြားသည္။

ႏွစ္ေတြအမ်ားႀကီးၾကာတာေတာင္ လြီနင္က ေဝ့ဒါနဲ႕ သူတို႔ ပထမဆုံးအႀကိမ္ဆုံတုန္းကအတိုင္းလိုပဲဆိုတာ သတိထားမိသည္။

ေဝ့ဒါရဲ႕ မ်က္လုံးေတြက သူ႕ႏႈတ္ခမ္းေတြလို တြန႔္ေကြးေနသည္။ သူ႕မ်က္ဝန္းနက္နက္ေတြက တည္ၿငိမ္ေနေပမယ့္ ၿပဳံးေနတဲ့ သဲလြန္စေလးတစ္ခုေတာင္ ရွိမေနခဲ့ေပ......

Continue Reading

You'll Also Like

941K 112K 64
F ယူနီဗာစီတီ ရဲ႕ စြဲ​ေဆာင္​မႈ အ႐ွိဆံုး ​ေယာက်ာ္​း ႏွစ္​​ေယာက္​.... ၀မ္​ကြမ္​းနင္​ နဲ႔ က်န္​းလင္​ရိ ထိုလူငယ္​ ႏွစ္​ဦးမွာ မည္​သည္​့ကိစၥတြင္​မဆို သူႏို...
550K 14.9K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
797K 25.8K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
551K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်