Butterfly...Jeon🦋 (Completed)
By ThetHmue3
765K 81.6K 11.9K
Jeonက လိပ်ပြာလေးလိုပဲ... အတောင်ပံလှလှလေးတွေနဲ့ ဖမ်းမိဖို့ရာခက်လိုက်တာ....🦋 More
Intro.....🦋
🦋1🦋
🦋2🦋
🦋3
🦋4🦋
🦋5🦋
🦋6🦋
🦋7🦋
🦋8🦋
🦋9🦋
🦋10🦋
🦋11🦋
🦋12🦋
🦋13🦋
🦋14🦋
🦋15🦋
🌼16🌼
🌼17🌼
🌼18🌼
🌼19🌼
🌼20🌼
🍃21🍃
🍃22🍃
🍃23🍃
🎨24🎨
🎨25🎨
🦋26🦋
🦋27🦋
🦋28🦋
🦋29🦋
🦋30🦋
🦋Ending🦋(Part1)
ZawGyi 1
🦋1🦋
2🦋
🦋3
4🦋
🦋5
🦋6
🦋7
🦋8
🦋9
10🦋
11🦋
🦋12
🦋13
🦋14
15🦋
16🦋
🦋17
🦋18
🦋19
🦋20
🦋21
🦋22
🦋23
🦋24
🦋25
🦋26
🦋27
🦋28
🦋29
🦋30
Ending P1 🦋
Endingp2🦋
Extra...☁️
Extra🦋
🦋
🦋Extra🦋(2)
🦋Ending🌼(Part2)
31.3K 2.5K 488
By ThetHmue3
June 6.....
ဇွန်လ ခြောက်ရက်နေ့မှာ ကျတော်တို့လက်ထပ်ဖို့
ဆုံးဖြတ်ခဲ့ကြတယ်....။
လက်ထပ်ဖို့သာရှိတော့သောအချစ်ခရီးလမ်းကို
ဘာမှထပ်အချိန်မဆွဲချင်ခဲ့တော့...။
ဘုရားကျောင်းကြီးတခုမှာလက်ထပ်ခဲ့ပြီးတဲ့အခါ
လက်ထပ်ကတိစာချူပ်အဖြစ်တယောက်ကိုယ်
တယောက်ဝတ်ပေးခဲ့ကြသောလက်စွပ်ကလေးတွေ
အားကြည့်ရင်းပြုံးနေမှုတွေသည်လုံးဝမရပ်နိုင်ခဲ့ကြ။
ဘုရားကျောင်းထဲကလက်ချင်းဆုပ်ကိုင်လျှက်
ပျော်ရွှင်စွာပြေးထွက်လာခဲ့ရင်းအပြင်သို့ရောက်
သော်အခါ လိပ်ပြာငယ်သည် သွေးကြောစိမ်း
တွေယှက်သန်းနေသောလက်မောင်းတွေဖြင့်ပန်းပွင့်လေးကိုပင့်ချီကာ အကြာကြီးပြုံးပြခဲ့သည်...။
ထိုအပြုံးသည်...ငိုကြွေးစရာတွေ...
ဝမ်းနည်းစရာတွေ...ခက်ခဲသောရွေးချယ်မှုတွေ
နာကျင်စရာအဖြစ်အပျက်တွေ
အားလုံးအတွက် ဖြေရှင်းပေးလိုက်သော
အဖြေတခုဖြစ်ခဲ့သည်။
Depression ကို ကုသရန်...ခေါင်းခဲခဲ့ရတာ...
ဆေးက လိပ်ပြာကလေး၏
အပြုံးလှလှလေးတခု မှန်းသာသိခဲ့ရင်လေ..
အချိန်တွေအကြာကြီးခွေခေါက်နေခဲ့မှာမဟုတ်...။
သူ သည်ပြုံးပြနေသောကောင်လေးအားနမ်းရန်
ရှေ့သို့တိုးလာပေမယ့် အဆိုးအပေလေးက
နောက်သို့ဆုတ်သွားသည်....။
Necktie အားဆွဲကာမျက်နှာချင်းနီးကပ်စေလိုက်
ပြီးနှဖူးလေးကို အနမ်းဖွဖွ ထိကပ်လိုက်တော့
အသံလေးတွေထွက်အောင်ရီမောခဲ့သည်...။
လက်ထပ်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ....
အထပ်ထပ်ချည်နှောင်မဲ့ကြိုးလှလှလေး
တွေကို အမြတ်တနိုးတန်ဖိုးထားရင်း
ယောကျ်ားလေးနှစ်ယောက်၏
အိမ်ထောင်သည်ဘဝကိုစတင်ဖြတ်သန်းခဲ့သည်...။
JinHyungက သူ့ရဲ့လိပ်ပြာလေးကို
ကိုယ့်လက်ထဲစိတ်ချခဲ့၍လားမသိ
ကိုရီးယားသို့မိသားစုနှင့်ပြန်နေရန်
ထွက်ခွါသွားခဲ့သည်......။
လန်ဒန်မြို့ကြီးတွင် တိတိကျကျ
သူတို့နှစ်ယောက်ထဲသာကျန်ခဲ့ပါသည်။
ကောင်းခြင်းဆိုးခြင်း ဝေဖန်မဲ့
ပတ်ဝန်းကျင်လည်းမရှိ.....။
စကားလုံးကြမ်းတွေနဲ့မတူဘူး မတန်ဘူး
အော်နေမဲ့ အသိုင်းအဝိုင်းတွေလည်းမရှိ....။
ဘဝအသစ်တခုကိုလုံးဝရောက်သွားခဲ့ကြသည်။
JungKook ကလည်းနိုင်ငံရေးအကြီးအကဲ၏
သားတယောက်မဟုတ်တော့သလို
Jimin ကလည်း ချမ်းသာလှသော
အသိုင်းအဝိုင်းကြီးမှ ထက်ထက်မြက်မြက်ဆရာဝန်
တယောက်လည်းမဟုတ်တော့....
JungKook ကပန်းချီဆွဲရောင်းသည်...
ပြခန်းလေးသည် စီးပွါးရေးပေါ့.....
Jimin ကအခမဲ့ဆေးခန်းလေးမှာနေ့စဉ်နေ့တိုင်း
မွန်မြတ်တဲ့ကုသိုလ်တွေကိုယူသည်။
Jimin ဟာ...သူ့ကြောင့်အရာခပ်သိမ်းကို
စွန့်လွှတ်ခဲ့တယ်....
Jimin ဟာသူ့ကြောင့် ခဏခဏငိုကြွေးခဲ့ရတယ်
Jimin ဟာJimin ပါလို့မယုံကြည်နိုင်လောက်
အောင် အရှုံးခံ ချစ်ပေးခဲ့တယ်...
တန်ရာတန်ကြေးလက်ဆောင်ပြန်ပေးစရာမရှိခဲ့....။
အချစ်တွေအများကြီးပုံအောပေးပြီး
တသက်လုံးပျော်ရွှင်စွာထားနိုင်ရင်တောင်
Jimin ရဲ့ ရင်းနှီးခဲ့မှုတွေကို မချေပနိုင်ပါ...။
ထို့ကြောင့် နေ့တိုင်း နေ့တိုင်းအခမဲ့ဆေးကုခန်းလေးမှ
သန့်စင်သောကုသိုလ်လေးတွေအများကြီး
ရအောင်...ဘဝနေ့တိုင်းလူကောင်းလေး
တစ်ယောက်ဖြစ်နေအောင်....
ငွေကြေးခက်ခဲသောလူနာတွေရဲ့
ကျေးဇူးတင်ကြောင်းအထပ်ထပ်ပြောကာ
မေတ္တာစစ်မေတ္တာမှန်တွေပို့လွှတ်မှုကို
အချိန်တိုင်းရနေအောင် ကြိုးစားပေးခဲ့တာ...။
ဒါက သူပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်လေးပါပဲ....။
ဆေးခန်းကို နောက်ကျ၍ သွားသွားကြိုတိုင်း
လူနာတွေကို စေတနာအရင်းခံဖြင့်
ဂရုစိုက်ပေးနေသော ဆရာဝန်လေးသည်....
နာရီပေါင်းများစွာ ထိုင်ကြည့်နေရလည်း
မရိုးနိုင်ခဲ့ဖူး...။
ဆရာဝန်ကြီးအိတ်လေးကူဆွဲပေးလျှက်ဆေးခန်းမှ
အိမ်သို့လမ်းမီးတိုင်ဝါဝါအောက်လက်တွဲလျှောက်
ပြန်ရသောအခါတိုင်း....သူပြောပြသော
လူနာတွေရဲ့ အကြောင်း အတွေ့အကြုံတွေအကြောင်း
ဆေးပညာကိုနားမလည်ခဲ့သော်လည်း
ဂရုတစိုက်နားထောင်ခဲ့ရသညိ။
အိပ်ယာဝင်ပုံပြင်တွေကို ချစ်တဲ့အကြောင်းတွေ
ပြောပြခဲ့မယ်ထင်ခဲ့သော်လည်း...
လိပ်ပြာလေး၏အိပ်ယာဝင်ပုံပြင်လေးတွေသည်
ဆရာဝန်လေးရင်ခွင်ထဲဝင်ကာ ပြောပြခဲ့သော
ဆေးတွေအကြောင်း ကပ်ရောဂါတွေအကြောင်း
ခွဲစိတ်ခန်းထဲကသဲထိတ်ရင်ဖိုအကြောင်းတွေသာ..။
မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်ဖြင့်နားထောင်နေတိုင်း
ဆရာဝန်ကြီးက အသဲယားစွာ Moodတွေပျက်အောင်
တရှုံ့ရှုံ့နမ်းခဲ့ပြန်သည်.....။
ရိုးရှင်းတဲ့နေ့လေးတွေ...ညလေးတွေပါပဲ.....။
တခါတလေတော့လည်းမရိုးရှင်းစွာ
ဆူဆူပူပူနေ့ရက်ကလေးတွေလည်းရှိခဲ့သေးတာပေါ့...။
ကလေးဘဝကနေမနေ့တနေ့ကထိJinHyung၏
ပြုစုယုယမှုတွေအောက် အစားအသောက်
အဝတ်အစား ကျန်းမာရေး ကောင်းခြင်းဆိုးခြင်း
အားလုံးသည်လှည့်ကြည့်စရာမလိုခဲ့......။
Jimin နဲ့လက်ထပ်ပြီးသော်အခါ
Jimin သည် အိမ်တော်ကြီးတခု၏
ဘုရင်လေးဖြစ်ခဲ့တာနဲ့အညီ စိတ်တိုင်းမကျမှု
ပေါင်းများစွာဖြင့် ပူညံပူညံသိပ်လုပ်လှပါသည်...
ဥပမာ....။
ဆေးခန်းမှပြန်လာတဲ့အချိန်တိုင်းအိမ်တံခါး
ဖွင့်လိုက်သည်နှင့်အမောမပြေလှသော
မြင်ကွင်းမျိုးသည်တပတ်မှာလေးရက်လောက်တော့
ကြုံရတတ်သည်.....။
"ဒီအိမ်ကပန်ချီဆရာလည်းပန်းချီဆွဲတာ
တအိမ်လုံးပြေးပီးဆွဲနေသလားမှတ်ရတယ်
စုတ်တံတွေက ဖိနပ်စင်နားတောင်ရောက်တယ်
ဘယ်လောက်စုစုစီးစီးသိမ်းပေးပေး
အမြဲတမ်း ဟိုတခု ဒီတခု....
ဖိနပ်ကိုချွတ်ပီးရင် ဖိနပ်စင်ပေါ်တခါထဲတင်လေ
ကလေးလေးလား နောက်ကအကုန်လိုက်လုပ်
ပေးနေရအောင်.....
မုန့်တွေကိုမစားနဲ့လို့မပြောဘူးစားပီးရင်း
အခွံတွေကို ကြုံရာပစ်ထားရအောင်
ငါစည်ပင်သာယာမဟုတ်ဘူး....
အဆိုးဆုံးကနို့ဗူးတွေ.....
ဘယ်မှာလဲ JeonJungkook...!!!!"
အိမ်ထဲဝုန်းဒိုင်းကျဲဝင်သွားကာအသံတိတ်နေသော
လူကိုရှာတော့ ဧည့်ခန်းထဲတွင်
ကြည့်ပီးလည်းအထပ်ထပ်ပြန်ကြည့်ပီး
မရိုးနိုင်သော HarryPotterဇာတ်လမ်းတွဲ
သည်အသံပေါင်းစုံဖြင့်လာနေလျက်
ကြည့်နေသောလူကတော့အိပ်ပျော်နေသည်..။
"ဘောင်းဘီတိုဝတ်မအိပ်နဲ့လို့အမြဲတမ်း
ပြောတယ်....အအေးပတ်မှာစိုးလို့
စေတနာနဲ့အထပ်ထပ်ပြောလည်းမရဘူး..."
ဘေးနားတွင်ရှိနေသောစောင်အပိုင်းလေးအား
လွှမ်းခြုံပေးလိုက်ပြီးညစာစားရန်မီးဖိုခန်းထဲသို့
ဝင်သွားသည်...။
အုပ်စောင်းဆွဲဖွင့်လိုက်ချိန်တွေ့ရသော
စားစရာမှန်သမျှကောင်းသည်ဆိုးသည်မသိ
JungKook စီစဉ်ပေးထားတဲ့အတိုင်းစားခဲ့သည်။
အိမ်မှာနေစဉ်က ဟင်းပွဲပေါင်းများစွာဖြင့်
ဂျီးများခဲ့သောမင်းသားလေးဘဝမှ
ပေါင်မုန့်တချပ်နှင့်အသားတချို့ဆိုလည်း
ပါးစပ်ထဲထည့်နိုင်ခဲ့ပါသည်။
စားနေစဉ် အဆိုးကောင်လေးက
ပူလာ၍စောင်ကိုကန်ချလိုက်သောကြောင့်
သက်ပြင်းတချက်ချကာ ပြေးသွားရင်း
စောင်ပြန်ခြုံပေးရသေးသည်။
တင်ပါးကိုတချက်လောက်ရိုက်လိုက်လျှင်
နောက်ထပ်ကန်မချတော့....။
ဒီလိုပါပဲ....Keypointလေးတွေကတော့
အတူတူနေတာကြာလာလေလေသိလာလေလေပါပဲ.....။
ညဘက်ဆိုသူကအိပ်ယာစောစောဝင်တတ်ပြီး
မနက်ဆို ပြခန်းသွားရန်စောစောထတတ်သည်...။
တကိုယ်လုံးကို မနက်စောစာအိပ်နေလျှင်လည်း
သိပ်အလိုက်မသိတတ်...ကြောင်လေးတကောင်လို
တိုးဝှေ့နမ်းရှုံ့ကာ တချက်လောက်အော်ထုတ်လိုက်
ရင်မျက်နှာပြေးသစ်တတ်သည်။
"Honey ကျတော့် နူတ်ခမ်းမွှေးတွေ
ပါးသိုင်းမွှေးတွေနည်းနည်းထွက်လာပြန်ပြီ.."
"Honey....သွားတိုက်ဆေးကုန်နေတယ်...."
"Honey...ကျတော် ခြေအိတ်တဖက်ရော...."
"Honey....ဖုန်းအားသွင်းကြိုး....."
"Honey...Necktie ကအဆင်မပြေဘူး..."
"Honey ! Honey! Honey!....."
နားနှစ်ဖက်ကိုဖိပိတ်ကာအိပ်ခဲ့ပေမယ့်လည်း
မနက်ချိန်ခါ တေးသံသာလေးလို
အဆက်မပြတ်သူက တတွတ်တွတ်လုပ်သည်။
အလုပ်မသွားမချင်းသူထလာပြီးမလုပ်ပေးမချင်း
အခန်းထဲတွင်ယောက်ယက်ခတ်နေတတ်သည်။
သက်သက်မဲ့တော့ လုပ်နေတာမျိုးမဟုတ်...
ဒီကောင်ငယ်လေးဟာတကယ်ဘာမှမလုပ်တတ်
ဘာမှမသိနေတာ...JinHyungကအဆင်သင့်ပေး
မှုတွေနဲ့ဘဝကိုဖြတ်သန်းခဲ့တာမို့
ကိုယ့်အားကိုယ်ကိုးရမဲ့အချိန်လည်း
Honey ဟုသာ ဂျီကျခဲ့စိုးမိုးခဲ့ပါသည်.....။
JinHyungနှစ်ပေါင်းများစွာဘယ်လိုနေခဲ့သလဲမသိ။
စိတ်မရှည်တတ်သောဆရာဝန်လေးသည်
အိပ်ရေးမဝသည့်မနက်ခင်းတိုင်းကို
ခလေးတယောက်မူကြိုပို့သလိုလုပ်ငန်းဆောင်တာ
များဖြင့် ယူထားသောယောကျ်ားကောင်လေးအား
အလုပ်အကျွေးပြုရသည်....။
"ဆံပင်တောင်ကိုယ့်ဟာကိုယ်ဆိုးတတ်တာ
ဒါကျငါရိတ်ပေးမှလား...
သွားတိုက်ဆေးကုန်နေရင် ဒီဗီရိုထဲမှာအပြည့်
ဝါးစားရင်တောင်မကုန်ဘူး
ခြေအိတ်တွေက ဒီမှာလေ...စသိမ်းထဲက
နှစ်ဖက်လုံးကိုစည်းကမ်းရှိရှိသိမ်းရင်
ပျောက်စရာမရှိဘူး....
အားသွင်းကြိုးကငါဖွက်ထားတာ
မင်းတန်းလန်းကြီးအမြဲသုံးလို့
ထပေါက်မှာကြောက်လို့.....
Necktie ကဒီလိုမျိုးစည်းရတယ်...
ယောကျ်ားဖြစ်ပြီးခုထိဒါကိုမလုပ်နိုင်သေးရင်
ငါမင်းကိုဘယ်လိုအားကိုးမလဲ
ခလုတ်တိုက်တိုင်း..Honeyလို့အော်မနေနဲ့...."
စိတ်ကောက်ခြင်းအနုပညာမှာဟိုးအရင်ထဲက
ပြောင်မြောက်လှသောလိပ်ပြာငယ်ဟာ
စိတ်ပေါက်လို့တခါတရံအော်မိလျှင်
ကွေးကောက်ကာဆောင့်အောင့်ထွက်သွား
တတ်သည်...။
ပြန်ချော့သူသည် ကြီးတဲ့သူParkJimin သာ
လျှင်......။
တခါတလေ အကောက်လွန်ကာအခန်းထဲဝင်
ပန်းချီဆွဲနေတတ်ပြီး သူဘာပြောပြော
မကြားချင်ယောင်ဆောင်နေတတ်သည်....။
လိပ်ပြာကလေး၏အလှဆုံးအချိန်ကို
ပြပါဆိုလျှင်ဝိုင်းစက်နေသောမျက်လုံး
လေးတွေနဲ့စုတ်တံလေးကိုင်ကာအာရုံတွေ
စီးမျောရင်းပန်းချီဆွဲနေသောအချိန်တခု
ဖြစ်ပါလိမ့်မည်....။
တခါတလေအောက်နူတ်ခမ်းလေးတွေကို
တတိတိကိုက်ရင်း အရောင်ခြယ်နေသောပုံ....။
တခါတလေ သူ့ပုံတူတွေဆွဲကာ
တဖွဖွနမ်းနေတတ်သောပုံရိပ်လေးတွေဟာ
စွန့်လွှတ်ခဲ့ရသော အရာခပ်သိမ်းအား
နောင်တမရှိအောင်စွမ်းဆောင်နိုင်ပါသည်...။
ပျားလိမ္မော်သီးလေးတွေအခွံခွါပေးကာချော့ရသည်...
တခါတလေတော့ စတော်ဘယ်ရီလေးတွေပေါ့....
တခါတလေကျတော့် ပန်းသီးစိတ်ကလေးတွေ....
Coffeeကောင်းကောင်းတခွက်ဖျော်ရင်း
ထိုင်စောင့်ရသည်....။
စိတ်ကောက်ပြေကာ
ဒီလိုနေဖို့အတွက်သူဘယ်အချိန်ထဲက
စီစဉ်ခဲ့ရကြောင်း...
ဘယ်လောက်ခက်ခဲခဲ့ကြောင်း
ငါးလလောက်လည်းပစ်ထားတာကိုခံခဲ့ရကြောင်း
Necktie လေးမစည်းတတ်တာနဲ့
အထင်မသေးသင့်ကြောင်း လန်ဒန်တမြို့လုံး
ကြားအောင် အော်ဟစ်တိုင်တည်တတ်သည်။
နားလည်ပါပြီဟု...အလံဖြူပြရင်တောင်
တခါတလေ မလျှော့ချင်....
ဆိုးလို့ရ၍ မိုင်ကုန် ကို ဒီကလေးပေါက်လေး
ဆိုးခဲ့တာ.....။
Saturday Sunday တွေတော့ နှစ်ယောက်လုံး
နားရက်ယူကာ အိမ်မှာတနေကုန်အတူတူရှိ
တတ်ကြသည်....။
Fridayညမျိုးတွေမှာ Jiminသည်အဆိုးခံနယ်မြေ
တခုဖြစ်ပြီး တကိုယ်လုံးကိုက်ရာတွေနဲ့
ပြည့်နှက်နေတတ်သည်....။
မိုးလင်းလာ၍ ကြုံရာ ရှပ်အကျီကြီးကြီးတထည်နှင့်
ဘောင်းဘီတိုတိုတထည်ဝတ်ကာ
မနက်စာပြင်ဆင်နေသောပုံရိပ်သည်...
မီးဖိုဘောင်ပေါ်ဆွဲတင်ကာ မနက်စာအစား
နူတ်ခမ်းတွေကိုအစားထိုးစားရသည်အထိ
သိပ်လှပါသည်...။
တခါတလေလည်းမနက်စာမစားဖြစ်ခဲ့ကြပါ...။
စနေ တနင်္ဂနွေက ရန်လည်းသိပ်ဖြစ်ချိန်မရှိခဲ့....။
ခါးသေးသေးလေးကိုဆွဲလှဲရင်နှစ်ယောက်အိပ်
အိပ်ယာအကျယ်ကြီးထဲ စိတ်ကြိုက်
အသဲယားခွင့်ရှိခဲ့တဲ့  Weekend တွေ...။
"Harrypotter....ကလေ...."
"တော်ပီ တော်ပီ...ငါHarrypotter
အကြောင်းမကြားချင်တော့ဘူး
ကြားရလွန်းလို့ မင်းရော သူရောနဲ့
အတူတူနေနေရသလိုတောင်ဖြစ်နေပြီ...."
"ကျတော်နဲ့ပဲအတူတူနေရမှာပါ...."
"Harrypotter ကိုလူတော်တော်များများက
ကလေးလေးဘဝကကြည့်ခဲ့ရတာလေ...
ကြီးလာတော့အကြိုက်ဆုံးMovie
တခုလိုပဲသိမ်းထားလိုက်ကြပေမယ့်
ကျတော်ကျတော့ ပြသနာတွေအများကြီး
ငယ်ငယ်ကရှိခဲ့တော့ ခုမှကြည့်ရပီး
အရမ်းစွဲစွဲလန်းလန်းကြိုက်သွားလို့ပါ....."
ထိလွယ်ရှလွယ်....အချစ်ခံလေးJeonJungkook ဟာ
မျက်နှာငယ်လေးနဲ့လည်းဇာတ်နာတတ်ပါသေးသည်။
"အမြဲတမ်း ငါ့ကိုလူဆိုးဖြစ်အောင်လုပ်တယ်..."
Harrypotter ဆီမှအာရုံတွေလွှဲကာ
လည်တိုင်တလျှောက်နမ်းသည့်ဘက်သို့
ရောက်လာသည်...။
လက်တွေသည် အဝတ်လွတ်နေသော
ပေါင်တံတွေအပေါ်စုံချည်ဆန်ချည်....
"ကျတော့်ကို ဘယ်လောက်ချစ်လဲ....."
"မင်းချစ်တာထက်ပိုပီးချစ်တယ်..."
"ဘယ်အချ်ိန်အထိချစ်မှာလဲ..."
"ချစ်ပေးလို့ရမဲ့အချိန်တွေအထိ...."
"လှတယ် Jimin....."
"ငါသိပါတယ်...ငါဘယ်လောက်
လှသလဲ...မင်းရူးရူးမူးမူး
ကြိုက်ချင်အောင်လည်း
ငါကအရမ်းPerfect ဖြစ်တယ်လေ..."
"..ဒီမျက်နှာထားလေးက ဘယ်လိုတောင်
အသဲယားအောင် ချေမိုးနေရသလဲ..
ကြည့်လို့မရလိုက်တာ...."
"ဒါပေမယ့်လည်းမင်းကြည့်လို့မဝခဲ့ဘူးမလား..."
"ဟုတ်တာပေါ့...Park Jimin ကို
ကြိုက်လို့ သေတော့မှာ..ဒီကောင့်ဘဝက..."
Jimin ၏လက်ချောင်းလေးတွေသည်အဝတ်မဲ့နေသော
ရင်ဘက်တွေဆီထိတွေ့လာသည်....။
"မင်းကိုငါလည်းအရမ်းကြိုက်ခဲ့တာပါ..
အထူးသဖြင့်ဒီရင်ဘက်တွေ...."
"ရှက်လိုက်တာဗျာ...အဲ့လိုကြီးပြောတော့..."
"ပီးတော့...ဒီသွေးကြောစိမ်းစိမ်းလေးတွေရော
မျက်လုံးလှလှလေးတွေရော
နူတ်ခမ်းပါးပါးလေးတွေရော....
မျက်တောင်စင်းစင်းလေးတွေလည်းပါတယ်....."
"တကယ်ကြိုက်တာလား..."
"တကယ်..."
"တကယ်နော်..."
"လိမ်စရာလား....."
ခိုးခိုးခစ်ခစ်ရီသံလေးတွေနဲ့အတူ
တနေကုန်အခန်းထဲကထွက်မလာတော့...။
"ငါ ညစာ မပြင်ပေးနိုင်ဘူးနော်
မင်းဒီလိုဆိုးဝါးနေရင်...."
"မပြင်နဲ့ အပြင်မှာထွက်စားမယ်..."
"JungKook..!!!"
ဆရာဝန်လေး၏ငြင်းဆိုသံတွေ
လိပ်ပြာလေး၏ ဂရုမစိုက်သံတွေ...။
Holiday တွေကတော့....
နေပူပူမိုးရွာရွာ...
JungKookရင်ခွင်အကျယ်ကြီးထဲ
တနေကုန်ခိုးနားလိုက်တာများပါတယ်...။
တခါတရံကျလည်းအိမ်ထောင်ဦးစီးကြီးလို
တခါတရံကျတော့လည်းဆိုးတတ်လွန်း
သောကလေးလေးတယောက်ယောက်လို
ကျရာဇာတ်ရုပ်မှာပိုင်နိုင်လွန်းတဲ့လိပ်ပြာကလေးပါ...။
နှစ်ယောက်ထဲပဲရှိခဲ့ကြတယ်။ပတ်ဝန်းကျင်မသိ
အသိုင်းအဝိုင်းမရှိ...ရာသီတွေကိုဖြတ်သန်းခဲ့ရင်း
လန်ဒန်မြို့ရဲမိုးသဲလှတဲ့နေ့တွေမှာဆို
မှန်ပြတင်းပေါက်နားတွင်နှစ်ယောက်အတူတူ
ထိုင်ရင်းCoffee နွေးနွေးလေးနှစ်ခွက်နဲ့အတူ
လိပ်ပြာငယ်၏ပုခုံးလေးအားမှီကာ
ကျန်ခဲ့သော အတိတ်လှလှလေးတွေကို
အေးစိမ့်စိမ့်ရာသီဥတုလေးတွေပြန်လွမ်းခဲ့ကြသည်။
ပန်းခင်းထဲက ပထမဆုံး အနမ်းတွေအကြောင်း....
တောင်တန်းကြားမှာချိန်းတွေ့ခဲ့တဲ့
ညမှောင်မှောင်အကြောင်းတွေ.....
ဆိုးလ်မြို့မှာကျန်ခဲ့တဲ့ခေါင်းမိုးထပ်အိမ်လေး
အကြောင်း....
ဘယ်သူကဘယ်အရာတွေကိုပိုလွမ်းမိကြောင်း
ဆွေးဆွေးမြေ့မြေ့ပြောတတ်ကြသည်...။
ဆိုးဝါးသောဖြစ်ရပ်တွေကတော့ယောင်၍ပင်
မပါလာခဲ့ နှစ်ယောက်စလုံး
နာကျင်စွာပင်ဘယ်တော့မှထုတ်မပြောတော့
ရင်ခုန်ခဲ့ရမှု ချစ်ခဲ့ရမှု အပိုင်းအခြားလေးတွေကို
သာရွေးချယ်ပြောခဲ့ကြသည်....။
လန်ဒန်မြို့ရဲ့ဆောင်းရာသီဆို အနွေးထည်ဆင်တူ
လေးဝတ်ကာ နှစ်ယောက်ထဲ Christmas လို
NewYear လို ပွဲတော်မျိုးကို ခြံဝန်းလေးထဲ
ဖြတ်သန်းခဲ့ကြသည်..။
Christmas လက်ဆောင်အနမ်းတွေပေးရင်း
ခြံဝန်းလေးထဲ နှစ်တိုင်းပျော်ပျော်ရွှင်ရွှင်။
နွေဦးရောက်တဲ့အခါ လန်းလန်းဆန်းဆန်း
အဝတ်အစားဒီဇိုင်းတွေနဲ့ အလှဆုံးကမ်းခြေ
တွေဆီသွားကာ ဟန်းနီးမွန်းခဏခဏထွက်ရခြင်း
ကိုသူတို့နှစ်ယောက်လုံးသဘောကျလှပါသည်။
ကမ္ဘာကြီးကဘာတွေဖြစ်ပျက်ဖြစ်ပျက်
သူတို့မသိခဲ့...စိတ်မဝင်စားနေခဲ့တော့.....။
ရာသီဥတုတွေပြောင်း
နေ့တွေပြောင်း လတွေပြောင်း နှစ်တွေပြောင်း
ခဲ့လည်း....ပုံစံခွက်အချစ်ကမ္ဘာငယ်လေးထဲမှာ
ပဲ တယောက်ကိုတယောက်ကြည့်ရင်း
တယောက်ကိုတယောက်ဂရုစိုက်ရင်း
တယောက်ကိုတယောက်ပုံအောချစ်ရင်း.နဲ့ပဲ
အရိုးရှင်းဆုံးဖြတ်သန်းခဲ့ကြသည်......။
ချစ်ကြဖို့အပြင်တခြားသောအရေးကိစ္စများမရှိ
ဒီအချစ်ကလေး မွေးဖွားလာဖို့ ရင်ဆိုင်ခဲ့ရသည်
များသည်...ပြန်ပြောပြဖို့တောင်မလွယ်တော့သလို
ရုပ်ဆိုးခဲ့ရခြင်းကြောင့်....
အတိတ်ဆိုးတွေကိုအပီးမေ့ပစ်ကာ....
အတိတ်ကောင်းလေးတွေကိုသာတဖွဖွပြန်ပြောခဲ့ကြသည်။
ဒီချစ်ခြင်းအသိုက်အမြုံလေးကိုဖြင့်....
သူတို့နှစ်ယောက်လုံးအထိအခိုက်မခံ
ရိုးမြေကျ...သိမ်းဆည်းတန်ဖိုးထားဖို့
ကတိစကားတွေကလည်းအထပ်ထပ်.....။
2021...Feb 14🤍
"Jimin....သူများဒိုင်ယာရီကို ခိုးမဖတ်ရဘူးလေ...."
"ငါခိုးဖတ်လို့လား...ပေါ်တင်ဖတ်နေတာကို...."
အိပ်ယာပေါ်တွင်ကန့်လန့်ဖြတ်လှဲကာ
Butterfly JEonဆိုတဲ့ ဒိုင်ယာရီစာအုပ်လေးကို
စိတ်ဝင်တစားဖတ်နေခဲ့တဲ့သူ.....။
စာအုပ်ထဲသူ့ကိုသိပ်မြတ်နိုးရခြင်းတွေကလွဲကျန်တဲ့
စာတကြောင်းတောင်မပါတဲ့အတွက်
မျက်နှာလေးသည် ညအိပ်မီးရောင်တွင်
ပြုံးနေတာမရပ်ခဲ့....။
ကမ္ဘာတဆုံးချစ်ခြင်းတရားမျိုးနဲ့
ဒီလူသားကိုချစ်ခဲ့တာပါ
ဒီဘဝတင်မကဘူးနောင်သံသရာအထိပါ
အိမ်မက်တွေတူချင်ခဲ့တာပါ
"ဒါပေါ့ ဒါပေါ့...ငါလည်းJungKookလေးနဲ့
အိမ်မက်တွေတကယ်တူချင်ခဲ့တာ....."
ချစ်ခြင်းမေတ္တာဟာ ကောင်လေးဆိုတဲ့
ခေါ်သံအောက်မှာရှိသလား....
နူတ်ခမ်းဖူးဖူးတွေမှာရောချစ်ခြင်းမေတ္တာရှိသလား
ကျတော့်အတွက်တော့ချစ်ခြင်းမေတ္တာကမရေမရာ
ခံစားချက်သက်သက်ပါပဲလေ
"ချစ်ခြင်းမေတ္တာကခုမင်းရှေ့မှာရေရေ
ရာရာကြီးပါကွာ....."
JungKookသည်သဘောကျစွာပြုံးလိုက်
ခုတင်ခေါင်းရင်းအားမှီကာဒိုင်ယာရီအော်ဖတ်နေသူ
ဆရာဝန်လေးကိုရင်ခွင်ထဲထည့်ထားလိုက်သည်။
ရင်ဘက်ကိုအကျအနမှီကာသူ့အတွက်ရည်စူးခဲ့သော
ကဗျာတွေအားသဘောတကျအသံထွက်
ဖတ်ရင်းရှက်ရှက်သွားတတ်သေးသည်...။
ကျတော်လည်းနင့်သီးစွာနာကျင်ခဲ့ရကြောင်း
ဒီလူသားကိုတော့သိစေချင်တယ်
တချို့ညတွေမှာတော့
Butterfly တေးသွားတွေနားထောင်ရင်း
အချိုမြိန်ဆုံးလွှတ်လိုက်တဲ့မြှားတစင်းကိုပဲ
တမ်းတနေမိတယ်....
"Butterfly သီချင်းထဲကစာသားတွေက
မင်းကိုရော ငါ့ကိုရောပါကိုယ်စားပြုခဲ့တာပဲ...."
တချို့ညတွေကျတော့လည်း
စောင်ဖြူဖြူအောက်က
ဒီလူသားအလှတွေကိုလွမ်းမောရင်း
အရှုံးခံရသေးတယ်...
"အမယ်....လွမ်းတာတောင်အရှုံးခံလွမ်းတာ..."
ဒီလူသားဟာအရှုံးကလွဲပြီးဘာမှချန်မထား
ခဲ့တဲ့သူ...
"ခုအများကြီးချစ်ပေးနေပီလေနောက်တခါ
ယောင်လို့တောင်အဲ့ဒီလိုမတွေးနဲ့တော့...."
မျက်နှာလေးကသူ့ကိုမော့ကြည့်ကာသတိပေး
သလိုပြောတော့ဆံပင်ညိုညိုလေးတွေကို
တိုးဝင်နမ်းပစ်လိုက်သည်.....။
JungKookသည်အသံထွက်သည်အထိသဘောတကျ
အော်ရီမိခဲ့သည်....။ခံစားချက်အပြည့်နဲ့ကဗျာကို
ဒီဆရာဝန်ဆေးစာနဲ့များမှားဖတ်နေတာလား....။
ခွင့်လွှတ်ပါ...
ရင်ဘက်တလျှောက်ဖြတ်စီးသွားတဲ့
အနမ်းတွေကိုလွမ်းမိရင်....
"ဘာတွေရေးမှန်းလည်းမသိဘူး......"
"ကျတော်ဘာကိုရေးချင်နေလဲJimin သိပါတယ်..."
ခွင့်လွှတ်ပါ
နွေဦးသစ်ရွက်ဝါတွေကြွေတဲ့နေ့မှာ
ကရားရေသွန်ပြောမိတဲ့စကားတွေအတွက်ရယ်
အသွားအပြန်မေတ္တာမျိုးမျှော်လင့်မိပေမယ့်
ကျတော့်ကို မယုယစေချင်တဲ့
အတ္တအတွက်ရယ်..
စောင်ပါးလေးတစ်ထည်အောက်မှာ
ကြီးကောင်ကြီးမားနဲ့ခြောက်ခြားမိတဲ့အတွက်ရယ်
ခွင့်လွှတ်ပါ....
"ခွင့်လွှတ်ပါတယ်...."
ကျတော့်ကိုခွင့်လွှတ်ပေးပါ...Jimin...
အဆုံံးအစမဲ့....
အလွမ်းဝင်္ကပါထဲ ကျတော်မိုက်ရူးရဲဆန်စွာ
လက်ပစ်ကူးနေချင်ပါတယ်.....
"ကူး...စမ်း..."
Jiminကတော့...ဘဝကလေးလှနေမှဖြစ်မယ်...
Jiminဟာ အေးချမ်းနေမှဖြစ်မယ်...
Jiminဟာ ကောင်လေးအတွက်...
လမင်းတစင်းလိုဖြစ်တည်မှုမျိုးမို့...
ကျတော် ငေးပဲကြည့်ပါရစေ....
ကျတော် ငေးပဲကြည့်ပါရစေ.ဗျာ.....။
"နေစမ်းပါအုန်း....ဘာကိုမင်းကငေးကြည့်ချင်တာလဲ
ငါဒီလောက်ချစ်ပေးခဲ့ရတဲ့အထိတောင်
ငေးကြည့်နေဖို့ကိုစဉ်းစားနိုင်သေးတာလား...."
"Dateကိုကြည့်လေဗျာ...
အဆင်မပြေခင်ကရေးထားတဲ့ဟာကို....."
စားပွဲပေါ်ရှိဘောပင်တချောင်းအားဆက်ခနဲ
ဆွဲယူကာနောက်ဆုံးစာကြောင်းအား
ဆွဲခြစ်ချလိုက်သောသူ....။
"ဘာလို့ဖျက်ပစ်တာလဲ...သေချာရေးထားရ
တာကို...ကုန်ပါပီ....
ပန်းချီတချပ် စာတကြောင်း ကဗျာတပုဒ်ရဖို့
ဘယ်လိုမျိုးရင်းနှီးခဲ့ရလဲမသိဘဲ..."
"ငါမှမကြိုက်တာ...."
မြန်မြန်ဆန်ဆန်ပင်စာတကြောင်းပြန်ပြင်
ရေးနေပြန်သည်...။
Jiminကတော့...ဘဝကလေးလှနေမှဖြစ်မယ်...
Jiminဟာ အေးချမ်းနေမှဖြစ်မယ်...
Jiminဟာ ကောင်လေးအတွက်...
လမင်းတစင်းလိုဖြစ်တည်မှုမျိုးမို့...
ကျတော် တသက်လုံးထာဝရမခွဲခွါစတမ်း...
အသဲနှလုံးတွေပုံအပ်ပြီး
သဲသဲလှုပ်ချစ်ပါရစေဗျာ.....
                                                  JeonJungkook
"ဒါမျိုးမှပေါ့....ဘယ်လောက်အဆုံးသတ်လှသလဲ
မင်းနဲ့ငါက ချစ်ဖို့ကံကြမ္မာကလွဲရင်
ဘာကံကြမ္မာမှမရှိဘူး ငေးကြည့်ဖို့ဆိုတာ
အဝေးကြီးပဲ ကောင်လေး....
ငါမင်းကိုသိပ်ကိုချစ်တာ...
ဒီလိုစာလေးတွေကိုတောင်နားမလည်ပေးချင်ဘူး"
ခံစားချက်ကိုမျက်မှောင်လေးကျုံ့ကာ
သေသေချာချာပြောပြခဲ့ပြီး
Jimin သည်နောက်ထပ်စာရွက်တွေကို
လှန်နေပြန်သည်...။
"ထပ်ပြင်ချင်သေးရင်
မကြိုက်တဲ့နေရာကိုထပ်ပြင်လိုက်ပါအုန်း..
မကျေနပ်လို့ ကဗျာအသစ်ခုစပ်ပေးရမယ်ဆို
လည်းရတယ်...."
"ရပါပီ......ငေးကြည့်မှာကိုပဲမကြိုက်တာ
ကျန်တာကငါ့ကိုတအားကြိုက်တဲ့အကြောင်း
တွေရေးထားလို့အဆင်ပြေတယ်...."
လိပ်ပြာကလေးသည်ထပ်ရီမောလျှက်
နူတ်ခမ်းတွေကိုအတင်းအကျပ်နမ်းလာကာ
စာအုပ်ကိုလက်ထဲကဆွဲယူလိုက်ပြီး
စားပွဲပေါ်သို့ပစ်တင်လိုက်သည်...။
Butterfly JEONဆိုသော
ParkJimin ကိုချစ်ရကြောင်းတွေအား
တခမ်းတနားရေးသားထားသော
စာအုပ်လေးသည် စာမျက်နှာတွေတဖျက်ဖျက်
လှန်သွားကာပိတ်သွားခဲ့သည်။
ညမီးရောင်မှိန်မှိန်တွင်ရင်ခွင်အောက်သို့လူကို
ဆွဲချလိုက်သောJungkook၏
လက်မသည်နူတ်ခမ်းဖူးဖူးဆီသို့
ဖွဖွလေးပွတ်ဆွဲသွားကာ...သွားဖြင့်မနာ
အောင်ကိုက်လိုက်သည်.....။
လက်ချောင်းသွယ်သွယ်တွေသည်.....
မျက်နှာတခုလုံးအားမထိရက်သလို
မကိုင်သလိုတခုချင်းလိုက်လံထိရင်း
Jungkook မျက်လုံးတွေသည်အဆုံးမဲ့
ရီဝေနေခဲ့သည်။
ဒီလိုအခြေအနေတွေ အကြိမ်ပေါင်းများစွာ
ကြုံတွေ့ခဲ့ဖူးပီးသော်လည်း....
အတောင်ပံခတ်သံများသည်ဘယ်တုန်းကမှ
ရိုးအီသွားတယ်မရှိ......။
တနေ့တခြားယောကျ်ားတယောက်၏
ပုံရိပ်အားထင်ပေါ်လာလေသောJungkook
ဟာ မျက်စိရှေ့တင်...အင်အားကြီး
လိပ်ပြာတကောင်ဖြစ်လာခဲ့ပြီးပြီ....။
အခန်းမီးကိုမှိတ်ချလိုက်သည်....။
အလွတ်ရနေသောခန္ဓာကိုယ်တခုလုံးကို
ကျွမ်းကျင်စွာလှုပ်ရှားသွားပုံက
တကယ်ပင်ရူးမတတ်......။
"Happy Valentines Day Honey.....!
ပါတီသေးသေးလေးစီစဉ်ထားပေမယ့်
ကျတော် အရင်ချစ်ပါရစေ....
Honeyဒီည သိပ်အသဲယားစရာကောင်းနေလို့...."
"ပါတီတွေကရှုပ်ပါတယ်ကွာ.လုပ်မနေနဲ့..."
နူတ်ခမ်းလေးဆူကာစိတ်အလိုမကျပုံသည်
နှစ်တွေကြာလာတာနဲ့အမျှသိပ်ပွင့်လင်းလာခဲ့
သောသူ....။
လိပ်ပြာငယ်သည်သဘောကျစွာ
ပါးနှစ်ဖက်အားဆွဲဖျစ်လိုက်ရင်း....
"Park Jimin ကို တကယ်မနိုင်ပါဘူး ဗျာ...."
ဖတ်၍မဝခဲ့သောကဗျာ...
နမ်း၍မဝခဲ့သောပန်းပွင့်ငယ်
သိမ်းပိုက်လို့မဝနိုင်သော ခန္ဓာဗေဒအနုပညာသည်
နှစ်တွေဘယ်လောက်ကြာကြာ
သစ်လွင်တုန်း...လှပတုန်း...
ဆန်းကြယ်နေတုန်း...
ရှက်ပြုံးတွေပြုံးပြတိုင်း....
ဒီလိပ်ပြာ....အတောင်ပံတွေပျောက်ရတယ်..
ကောင်လေးလို့....တိုးတိုးလေးညီးတိုင်း...
ဝေဒနာကပိုတိုးတယ်....
နောက်နှစ်တွေဘယ်လောက်များအထိတောင်
လှသွားနိုင်အုန်းမှာလဲ....။
Valentines Dayမို့ သူစီစဉ်ထားသော
ခြံဝန်းထဲက စားပွဲလေးသည်
ဖယောင်းတိုင်လေးတွေထွန်းရန်သာကျန်ပါသည်။
လန်ဒန်မြို့၏ညသည်ကြယ်တွေစုံကာ
February ညလေပြေလေးတွေ
အများကြီးတိုက်ခတ်ခဲ့သည်။
အလှလေးကို ချစ်ခဲ့ပြီးနောက်
ချော့မော့ကာ ခြံဝန်းထဲသို့ချီခေါ်လာရသည်။
သူ့Shirtအကျီကြီးကြီးတွေကိုသာ
အိမ်မှာနေရင် အမြဲဝတ်တတ်သူမို့
ခုလည်းဘောင်းဘီတိုတိုလေးနှင့်
Shirtအကျီကိုဖရိုဖရဲလေးဝတ်ထားကာ
ငြိမ်ငြိမ်ကလေးလက်ထဲပါလာသည်....။
ခုံတွင်ချပေးလိုက်ကာ ဖယောင်းတိုင်ထွန်းပြီး
ဝိုင်တွေငှဲ့ပေးတော့...ခွက်ချင်းတိုက်ပြီး
နှစ်သက်စွာသောက်နေခဲ့တဲ့သူ....။
"ဒီနှစ်Valentines Dayလက်ဆောင်လေး
ကိုပေးပါတော့မယ်...."
လိပ်ပြာငယ်သည် တယောလေးထုတ်ကာ
Butterfly သံစဉ်လေးအား
Valentines Day လက်ဆောင်အဖြစ်
စီးစီးမျောမျောစတင်တီးပြသည်။
သံစဉ်လေးစထွက်ပေါ်လာသည်နှင့်
ခြံထဲသို့ရောင်စုံလိပ်ပြာလေးတွေတိုးဝင်လာကာ
Jimin ဘေးနားဝိုင်းဝန်းခစားနေရသလိုမျိုး
မြင်ရလာသည်အထိ.......။
တယောထိုးနေသောလိပ်ပြာလေးအား
ငေးကြည့်နေရင်း.....
သံစဉ်တွေကိုလည်းနှလုံးသားထဲသို့
စူးနစ်ဝင်ရောက်သည်အထိနားစိုက်ထောင်သည်။
ထိုသံစဉ်လေးဟာသူတို့စချစ်ခဲ့တဲ့နေ့က
လူတွေအများကြီးရှေ့လိပ်ပြာငယ်
ပထမဆုံးတီးပြခဲ့သော..သီချင်းလေး....။
လွမ်းစရာပါပဲ....
ထိုအချိန်ကလိပ်ပြာလေးဟာကလေးလေး
တယောက်လိုအပြုအမူလေးတွေနဲ့...
ပစ္စုပ္ပန်ကလိပ်ပြာလေးကတော့ယောကျ်ားဆန်ခြင်း
အငွေ့အသက်တွေနဲ့...
သံစဉ်သာတူနေခဲ့တာ....
ချစ်သူဖြစ်ခါစကတီးပြခြင်းကိုနားထောင်ရသော
ခံစားမှုနဲ့ ကိုယ့်အပိုင်ယောကျ်ားတယောက်အဖြစ်
နှစ်တချို့ကြာပေါင်းဖက်ပြီး ရင့်ကျက်စွာတီးပြနေ
သောခံစားချက်လေးသည်.....
ရင်ထဲလှိုက်မောနေအောင် ဝမ်းနည်းဝမ်းသာ...။
ဒီကောင်လေးကအရွယ်တခုကိုရောက်ခဲ့ပြီလား
မိဘတွေရဲ့ မချစ်ပေးတတ်ခဲ့မှုတွေ..
ဘဝဇာတ်ခုံအနိမ့်အမြင့်တွေ...
သွေးထွက်သံယိုဒဏ်ရာတွေနဲ့
အတ္တ အာဂတ အမုန်းတွေ
နာကျင်စရာအဖြစ်အပျက်တွေကို
သန်မာစွာကျော်ဖြတ်ခဲ့ပြီး....
ဘာမှမရှိခဲ့သလို ဘာမှမသိတော့သလို....
ParkJimin ဆိုတဲ့လူတစ်ယောက်ကိုသာ
ရှေးရူးရင်း...ဘဝကိုဟန်ချက်ညီညီဖြတ်သန်းခဲ့တာ...။
JeonJungkook ကဘာလဲလို့..မေးတိုင်း...
Dr ParkJimin ပါလို့....ဖြေရင်
Jimin မျက်လုံးကျဉ်းကျဉ််းလေးတွေပျောက်သွားသည်အထိပြုံးကာသဘောကျခဲ့ရဖူးသည်။
လိပ်ပြာငယ်လေး..သည်သိပ်ချစ်ချင်စရာကောင်း
သောစွယ်စုံရဘဝဇာတ်မင်းသားလေး...
သနားစရာ..ရောဂါသည်လေးဘဝ
မုန်းစရာလူဆိုးလူမိုက်လေးဘဝ
လန်ဒန်မြို့က ပန်းချီဆရာပေါက်စလေးဘဝ
ခုနောက်ဆုံး ParkJimin ရဲ့
အချစ်ခံလေးဘဝ.....။
ကြည့်နေရင်းကိုပိုတိုးချစ်လာရပြန်ပြီ.....။
သီချင်းပြီးလို့..တီးခတ်မှုလေးရပ်သွားတဲ့အခါ
သူလက်ခုပ်တီးလျက်..အားပေးတော့
လိပ်ပြာလေးကပြုံးသည်။
"ကြိုက်ရဲ့လား....."
"အင်း...အများကြီးကြိုက်တယ်..."
"ည၁၂ကျော်တော့ February 15ရောက်သွားပြီ
ကျတော်တို့ဆက်Roလို့မရတော့ဘူး
ကြယ်တွေကြည့်ကြမလား Honey...."
"Roလို့တောင်မဝသေးတာကို
နေ့ကကူးသွားပီလား..."
"လာပါ...."
မြက်ခင်းစိမ်းပေါ်တွင်လှဲချလိုက်သော
JungKook ၏လက်မောင်းတွေပေါ်ခေါင်းအုံးကာ
ကြယ်တွေစုံလွန်းလှသောကောင်းကင်ကြီး
အားနှစ်ယောက်အတူတူမော့ကြည့်ခဲ့ကြသည်...။
"ဖေဖေကပြောဖူးတယ်...
တစ်သက်လုံးခွဲနိုင်တော့မှာမဟုတ်တဲ့
လူမျိုးကျတော့်ဘဝမှာ
ရှိလာရင် ကြယ်တွေအတူတူကြည့်ပါတဲ့....
ကြယ်တွေစုံတဲ့ညရှုခင်းထက်လှတဲ့
အဆုံးမဲ့လှပမှုမျိုးထပ်မရှိဘူးတဲ့...."
"ငါကတသက်လုံးမင်းခွဲနိုင်တော့မှာ
မဟုတ်တဲ့လူပေါ့....အဲ့လိုလား..."
"ဟုတ်မှာပေါ့....."
"ဟုတ်ပါတယ်....ငါကမင်း မင်းကငါပဲဟာ...
အသဲယားအောင်ဖြေမနေစမ်းပါနဲ့..."
ကောင်းကင်ပေါ်ကိုမော့ကြည့်နေသော
လိပ်ပြာလေးအားမသိမသာလေးစောင်းငဲ့
ငေးကာ လက်မောင်းလေးပေါ်ခေါင်းအုံးရင်းလက်ရှိ
ကြယ်တွေအတူတူကြည့်ရသောအချိန်လေးတွေ
အသက်အရွယ်လေးတွေ ကို ဒီအတိုင်းရပ်ထားလိုက်
ချင်သည်.....။
ကောင်လေးငယ်
ကြယ်တွေကိုသဘောကျစွာပြုံးကြည့်နေပုံလေးသည်
ကြယ်တွေဆီအကြည့်မရောက်ချင်တော့သည်အထိ
ဖြူစင်လွန်းပါသည်...။
ဖျက်ခနဲခေါင်းလေးစောင်းလာတာကြောင့်
သူချက်ချင်းကောင်းကင်ဆီသို့အကြည့်ပြန်
ပို့လိုက်သည်....။
ကြယ်တွေကိုအာရုံစိုက်နေစဉ်မှာပဲ
ရင်ဘက်ပေါ်တင်ထားသောလက်တဖက်
အားဖွဖွလေးယူကာ သူ့နူတ်ခမ်းပါးတွင်
ထိကပ်ထားခဲ့သော လိပ်ပြာငယ်........။
အပြုအမူရိုးရိုးလေးပေမယ့်နှလုံးထဲအထိ
နွေးထွေးစွာမနေတတ်ပင်ဖြစ်ခဲ့ရသည်...။
"ဘယ်ကြယ်ကအလင်းဆုံးလဲသိလား Jimin.."
"မသိဘူးလေ...."
"ကျတော်ခု နမ်းနေတဲ့ကြယ်ကအလင်းဆုံးပဲ...."
အိမ်ထောင်သက်တွေရမှအစကပြန်ရှက်ခဲ့ရသည့်
အဖြစ်တွေ...။
အိမ်လေးသည်...ခရမ်းနုရောင်မီးမှိန်မှိန်လေး
လင်းနေသည်....။
စားပွဲပေါ်ကဝိုင်ခွက်လေးနှစ်ခွက်...
ဖယောင်းတိုင်လေးတွေလင်းနေဆဲဖြစ်ကာ...
ညလေညှင်းလေးသည် တသုန်သုန်တိုက်ခိုက်နေသည်။
လန်ဒန်မြို့၏ဆိတ်ငြိမ်ရက်ကွက်လေးသည်
အထူးအေးချမ်းနေခဲ့ပါသည်။
နူတ်ခမ်းတွေဆီထိကပ်ထားသော
လက်တဖက်ကိုလိပ်ပြာငယ်ကတညလုံးလွှတ်မပေးခဲ့.....။
ညသည်....ချစ်ရနံ့များဖြင့်ထုံသင်းကာ
အနားတွင် အပြာရောင်လိပ်ပြာလေးတွေနဲ့
အဝါရောင်လိပ်ပြာလေးတွေအစုလိုက်အပြုံ
လိုက်အတောင်ပံတွေတဖျက်ဖျက်ခတ်နေလျှက်
ရှိခဲ့သည်...။
"အေးလာပြီ...မင်းဖျားမယ်ကောင်လေး..
အိမ်ထဲဝင်ကြရအောင်...."
"ကြယ်တွေကလည်းမကြွေဘူး
ကျတော်ဆုတောင်းချင်သေးတာ...."
ကြယ်တွေစုံတဲ့ညကြယ်ကြွေဆုတောင်း
လေးတခုတော့ရှိသင့်ပေမယ့်
ထူးဆန်းစွာတလုံးမှမကြွေလာတော့
လိပ်ပြာငယ်ကငြူစူချေပြီ။
လိပ်ပြာလေး၏ပါးလေးနှစ်ဖက်အား
တဖက်တချက်စီကလေးလေးတွေလို
နမ်းလိုက်ရင်း......
"ဒီကြယ်ကြီးကကြွေပေးမယ်ကွာ....
ကြိုက်ရာဆုတောင်းလိုက်စမ်း....."
"Dr..Park တို့ခြွေပြန်ပြီ...."
JungKook သည်ကြယ်ရောင်အောက်မှာ
သိပ်လှနေသောပိုင်ဆိုင်မှုလေးအား
တင်ပါးရင်းမှကောက်ချီတော့
ခါးတွေကိုကုတ်တွယ်ချိိတ်လာသောခြေထောက်လေး
တွေ.....သူ့မျက်နှာတခုလုံးကိုတရွှတ်ရွှတ်နမ်းနေ
လျက်အိမ်ထဲသို့ခေါ်လာရာမြက်ခင်းတလျှောက်
ရီမောသံသေးသေးလေးကလည်း
သိပ်မာနကြီးခဲ့ပါသောဆရာဝန်ကြီးနဲ့မအက်စပ်ပေမယ့်
Butterfly သံစဉ်လေးတွေအတိုင်းပါပဲ....။
သူတို့အိမ်ထဲသို့ဝင်ပြီးနောက်တံခါးလေးပိတ်လိုက်
သော်အခါ ကြယ်တလုံးသည်..အချိန်ကိုက်ပင်
ကြွေသွားခဲ့သည်... ။
မသိတော့စွာ အိမ်ထဲသို့ဝင်သွားခဲ့ကြရင်း
ခဏလေးအကြာ အိပ်ခန်းမီးလေးမှိတ်သွားသည်။
ဘာတွေဆုတောင်းဖို့လိုပြီး.
ဘာတွေများပြည့်ဝရန်ထပ်လိုအပ်အုန်းမှာလဲ...။
တစ်ယောက်နားမှာတစ်ယောက်ထာဝရ
တည်ရှိသွားဖို့...နှလုံးသားသော့တွေခတ်ခဲ့ကြပြီးပြီလေ..။
Butterfly JEON🦋
End.....။🦋
Butterfly JEON က ရေးခဲ့သမျှထဲအခက်ဆုံးတခုပါ..။
ခုတော့ပီးသွားခဲ့ပါပြီ....။
Ending ကလည်း အများကြီးလိုအပ်သွားမယ်
ဆိုတာSanသိပါတယ်...
ဖြစ်သလိုသိမ်းပစ်လိုက်တာမျိုးတော့မဟုတ်ပါဘူး
သေချာလေးတော့ရေးထားပေးပါတယ်....။
တခုခုလေးများလိုအပ်သွားရငိအားနာရပီး
တောင်းပန်ပါတယ်....။
Intro ကနေ Ending အထိ စိတ်နှစ်ဖတ်ပီး
အတူတူငိုပေးခဲ့ကြတဲ့ အတူတူပျော်ပေးခဲ့ကြတဲ့
တယောက်ချင်းစီကိုကျေးဇူးအများကြီး
တင်ပါတယ်....။
ဂရုစိုက်ကြပါ.....။
စစ်အာဏာရှင်စနစ်အမြန်ဆုံးကျဆုံးပါစေ.....။
ThetHmueSandi 🦋
Continue Reading
You'll Also Like
133K 15.7K 22
1.1M 87K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
724K 62.9K 32
Baby's Breath ပန်းအကြောင်းတွေကိုကိုပြောပြမယ်
155K 18.6K 51