Unicode
လွီနင် သူ့အရှေ့က အဆောက်အဦးကိုကြည့်မိတော့ သူ့ခြေထောက်တွေကို ထပ်ရပ်လိုက်မိပြန်တယ်။သူဒီလိုမျိုးလုပ်နေမိတာ သုံးရက်ရှိနေခဲ့ပြီ။
ဒီလိုမျိုး မဝံ့မရဲရှက်နေမိတာကိုလည်း ရွံရှာမိလာပြီ။
လွီနင်က တက္ကသိုလ်ကနေ ဘွဲ့ရပြီးလို့ အလုပ်အကိုင်လည်း အတည်တကျရှိနေပြီ။ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်က ပျောက်ဆုံးသွားခဲ့တဲ့ အဲ့ဒီအမျိုးသမီးနဲ့ ပြန်တွေ့ခဲ့တယ်။သူမက အရင်လိုပဲ ရန်လိုပြီး သူ့ကိုယ်သူ အရူးလုပ်နေတုန်းပဲလား။
တကယ်တော့ အဖေက ဒီအိမ်ကို သူ့အတွက်ထားခဲ့တာပင်။ သူပြန်လာချင်တယ်ဆိုရင်တောင် ဘာမှမပြောနိုင်မည် မဟုတ်ပေ။ ဒါ့အပြင် သူ့အဖေကွယ်လွန်ပြီးတဲ့နောက် သူတို့မိသားစုရဲ့ ငွေတွေအကုန် အဲ့ဒီမိန်းမရရှိခဲ့ပေမယ့် သူ့ရဲ့ကျူရှင်လခ တစ်နှစ်စာသာ ထောက်ပံ့ပေးခဲ့သည်။
လွီနင် တက္ကသိုလ်တက်တော့ သူမစီက ငွေကြေးထောက်ပံ့မှုကို ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့။ မမုန်းတာတော့ မဟုတ်ပေမယ့် အဲ့ဒီ အမျိုးသမီးကို ဘယ်တော့မှ ထပ်မမြင်ချင်တော့ပေ။
စိတ်အနှောက်အယှက်ဖြစ်လောက်အောင်တော့ မဟုတ်ပေမယ့် တက္ကသိုလ်တက်ရင်း ကျူရှင်လခပေးရန် အလုပ်လုပ်ရတာ တကယ်ကို ခက်ခဲခဲ့သည်။ ထိုအချိန်က သူမကလည်း သူ့အဖေ နေမကောင်းဖြစ်နေတာကို ဂရုမစိုက်ဘဲ အရက်တွေသာ သောက်နေခဲ့သည်။
တကယ်တော့ ထိုမိန်းမကို လွီနင် စမြင်မြင်ချင်းထဲက သဘောမကျခဲ့ပေ။ လွီနင်ရဲ့ ရှေးရိုးစွဲတဲ့သူ့အဖေက သူနဲ့အသက်ကွာလွန်းတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ကို ဘာလို့ကြိုက်ခဲ့လဲဆိုတာ နားမလည်ခဲ့။
လွီနင်နဲ့ အဲ့ဒီမိန်းမ အပြင်အတူသွားရင် တခြားသူတွေက သူတို့က်ို မောင်နှမ အရင်းတွေလို့ထင်ကြသည်။ သူမက ငယ်ရွယ်ပြီးလှပကာ ၂၇ နှစ်အရွယ်မှာ ၁၀ နှစ်အရွယ်သား တစ်ယောက်ရခဲ့သည်။
လွီနင်ရဲ့အဖေက သူ့ကို "ညီလေး" လို့ခေါ်ခိုင်းခဲ့တယ်။ ရိုးရိုးသားသားပြောရရင် သူမခေါ်ချင်ပေ။ လွီနင်က ထိုမိန်းမကို "အန်တီ" လို့ပဲ ခေါ်တယ်။ "အန်တီ "ဆိုတဲ့ အသုံးက အပြင်လူကို ရည်ရွယ်တာဖြစ်လို့ သူ့အတွက် ခေါ်ရန် အရေးမကြီး။ ဒါပေမယ့် "ညီလေး" ဆိုတာကတော့ မိသားစုဝင်လို့ သက်မှတ်လိုက်တာပင်။
ကောင်ငယ်လေးက ပိန်ခြောက်ပြီး ရိုင်းစိုင်းတဲ့ ကလေးလေး။ သူက တိတ်တိတ်လေးနေတတ်ပြီး စကားနည်းတယ်။ အပေါ်ယံမှာတော့ နာခံတတ်တဲ့ပုံပေါ်ပေမယ့် သူ့မျက်လုံးတွေထဲမှာတော့ ရက်စက်မှုတွေကို မြင်နိုင်တယ်။
လွီနင်က ဒီလိုထူးဆန်းတဲ့ မျက်လုံးတွေကို မကြိုက်ဘူး။ ၁၀ နှစ်သား ကလေးက နုံအတာနဲ့တော့ မဆိုင်ပေမယ့် ကလေးက ကလေးနဲ့ပဲ တူသင့်တယ်။ ဒါက အရမ်းကြောက်ဖို့ကောင်းတယ်လေ။
ဒါက လွီနင် ထိုမိန်းမကို မုန်းရတဲ့ အဓိက အကြောင်းပဲ။ သူမက အဖေရှေ့မှာ သိမ်မွေ့ယဥ်ကျေးပေမယ့် သူ့မသားကတော့ ကြောက်စရာ မျက်လုံးတွေ ရှိနေသည်။
အစပိုင်းတော့ ကောင်လေးက နတ်ဆိုးပေါက်စလေးနဲ့ တူတယ်လို့ထင်တယ်။ လွီနင်လမ်းလျှောက်ရင် နောက်ကနေ တိတ်တိတ်လေး ငေးကြည့်နေတတ်တယ်။ လွီနင်ကျောင်းက ပြန်လာရင်လည်း ကောင်လေးက သူ့အနောက်မှာ မတ်တပ်ရပ်ရင်း အကြင်နာတရားမရှိတဲ့ မျက်လုံးတွေနဲ့ စူးစိုက်ကြည့်နေတာကို တွေ့ရတတ်ပြန်တယ်။
"မင်း ဘာတွေကြည့်နေတာလဲ?"
"ဘာမှမဟုတ်ဘူး"
ကောင်လေးက မျက်လုံးတွေကို ပေါ့ပေါ့ပါးပါး လွှဲလိုက်သည်။ သူ့ရဲ့ ပုံစံက ပုံမှန်ဆယ်နှစ်သားတွေနဲ့ လုံးဝကွဲပြားနေသည်။
လီနင်က ကောင်လေးအပေါ်မှာ သာမန်လူတစ်ယောက်ကို စိတ်စွမ်းအင်ရှိတဲ့ လူထူဆန်းတစ်ယောက်က စိုက်ကြည့်ခံနေရသလိုမျိုး နားလည်ရခက်တဲ့ ကြောက်ရွံ့မှုမျိုးရှိနေမိတယ်။ သူတို့နှစ်ယောက်ထဲရှိတဲ့အခါတိုင်း သူထွက်ပြေးချင်နေမိတယ်။ အဲ့လိုအချိန်ဆို စာအုပ်ကိုပိတ်ပြီး အခန်းထဲကနေ ထွက်ခဲ့လိုက်တယ်။
"ခင်ဗျား သိလား" ကောင်လေးက ရုတ်တရက်ပြောသည်။
"အမေ့ ယောကျ်ား ထွက်ပြေးလာပြီး ခင်ဗျား အဖေကို တွေ့သွားပြီ"
လွီနင် ကောင်လေးကို လှည့်ကြည့်လိုက်တယ်။
ကောင်လေးက ပြုံးပြီး ထပ်ပြောပြန်တယ်။
"အမေ အရူးလုပ်တာ မခံနဲ့။ သူက ဟန်ဆောင်နေတာ။"
လွီနင် ထိတ်လန့်သွားပြီး သူ့နှလုံးခုန်သံတွေတောင် မြန်လာတယ်။ဒီကောင်လေးကလည်း သူ့အမေကို သဘောမကျဘူး။
ကောင်လေးနဲ့ သူ့အမေက စည်းလုံးပြီး တစ်ယောက်အခက်အခဲကို တစ်ယောက် ကူညီပေး ကြတယ်။ ဒါပေမယ့် ကောင်လေးကို အချစ်လေးလို့ အမြဲခေါ်တတ်တဲ့ သူ့အမေကိုတော့ လုံးဝမုန်းတီးနေတယ်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
လွီနင် အသိပြန်ဝင်လာတော့ သူကော်ရစ်ဒါ(corridor) မှာတောင် လမ်းလျှောက်နေမိပြီ။
သူထွက်သွားတာ နှစ်တွေကြာသွားပေမယ့် ကော်ရစ်ဒါတစ်လျှောက်က အရင်ပုံစံအတိုင်းပဲ။ နံရံတွေက ပိတ်ထားဆဲဖြစ်ပြီး စိတ်ပျက်စရာလူတွေက ရှိနေဆဲပဲ။ လှေကားမှာလည်း အိမ်အလှဆင်ကြော်ငြာတွေနဲ့ ဆေးတံသန့်ရှင်းရေးကြော်ငြာတွေကို အမြဲကပ်ထားလေ့ရှိနေတုန်းပဲ။
အကြိမ်ပေါင်းများစွာ မှတ်မိနေတဲ့ နေရာကိုရောက်တော့ သူ့အိမ်ကို မြင်ရပြီ။ အရင်က သစ်သားတံခါးလေးက အခုတော့ ဘေးနှစ်ဖက်မှာ အချက်ပေးကိရိယာတတ်ထားတဲ့ လုံခြုံတဲ့ သံတံခါးလေးဖြစ်နေပြီ။
လွီနင် သူ့နှလုံးသားကို ဆန့်ကျင်ပြီး တံခါးဘဲလ်ကို နှိပ်လိုက်တယ်။
'တင်း တောင်'
"ဘယ်သူလဲ"
တံခါးနောက်က မိန်းမကြီးတစ်ယောက်က မေးလိုက်တယ်။
"ဒီအိမ်မှာ ယန်မိန့်ချီ ရှိလားဗျ"
"ဘယ်သူလဲ မင်းလူမှားရှာတာထင်တယ်"
"ဒီမှာနေတဲ့ ကလေးတစ်ယောက်နဲ့ အမျိုးသမီးလေ"
"ငါမသိဘူး ဒီအိမ်မှာ မရှိပါဘူး ငါတို့ဒီကိုပြောင်းလာတာ နှစ်နှစ်လောက်ရှိနေပြီ"
လွီနင်က ပါးစပ်ဖွင့်ပြီး ထပ်မေးကြည့်ချင်ပေမယ့် ထပ်မေးလည်း အဖြေတူတူပဲဆိုတာကို သူသိနေတယ်။ အိမ်ကိုရောင်းလိုက်လိမ့်မယ်လို့ သူလုံးဝမထင်ခဲ့မိဘူး။
လွီနင် နောက်ဆုံးမှာတော့ အဲ့ဒီမိန်းမ သူ့ရဲ့ တက္ကသိုလ် ကျူရှင်လခကို ဘာလို့ကျေကျေနပ်နပ်ပေးခဲ့လည်းဆိုတာ နားလည်လိုက်ပြီ။ အဲ့ဒီအချိန်တွေတုန်းက သူအရမ်းရိုးသားခဲ့တယ်။ သူ့အဖေသေသွားတော့ အိမ်ကနေပဲ ထွက်သွားချင်ခဲ့တာ သူရဲ့ ရပိုင်ခွင့်ကို ကာကွယ်ဖို့ မမျှော်လင့်ခဲ့မိဘူး။ အခုတော့ မိသားစုထဲမှာ သူ့အမေရော အဖေရော ထားခဲ့တဲ့ ပိုင်ဆိုင်မှုတွေအကုန် မရှိတော့ဘူး။
အခန်းထဲကနေ ခြေသံတွေကြားလိုက်ရတယ်။ လွီနင်က ရုတ်တရက် သတိရလိုက်မိပြီး သံတံခါးကို ဆွဲလှုပ်လိုက်ကာ လျှင်မြင်စွာ မေးလိုက်တယ်။
"ခနနေပါဦး ယန်မိန့်ချီရဲ့ သား ဝေ့ဒါကရော ဘယ်မှာလဲဆိုတာ သိလားဗျ"
"ငါ ယန်မိန့်ချီကို မသိဘူး"
အဘိုးကြီးတစ်ယောက်က ဒေါသထွက်နေတဲ့ အသံနဲ့ ဖြေလိုက်ပြီး လုံခြုံရေး သံတံခါးနောက်က သစ်သားတံခါးကို ဂျိမ်းခနဲ မြည်အောင် ဆွဲပိတ်လိုက်တယ်။
လွီနင် တံခါးရှေ့မှာ အချိန်ခဏလောက် ရပ်နေခဲ့ပြီးနောက် နားကြည်းစွာ တစ်ချက်ပြုံးလိုက်ကာ လှည့်ထွက်လာခဲ့သည်။
အဲ့ဒီမိန်းမက လွီနင်ရဲ့ပိုင်ဆိုင်မှုတွေ အကုန် ယူသွားပြီးတော့ အခုမှ သူ့သားကို စိုးရိမ်နေတယ်လေ။
ဒါပေမယ့် ကောင်လေးကတော့ သူ့အမေနဲ့ မတူဘူး။
[အမေက သားကို ဂရုစိုက်ပေမယ့် သားက အမေကို မချစ်ဘူးလို့ ပြောချင်တာပါ]
လွီနင် ကားသော့ဖွင့်ပြီး မောင်းထွက်လိုက်တယ်။
သူ့အဖေ ဆေးရုံတက်နေရတုန်းက လွီနင်ရဲ့ စိတ်အခြေအနေက အတော်လေး ဆိုးရွားနေခဲ့တယ်။ ညသန်းခေါင် သူတစ်ရေးနိုးလာရင် အမြဲတမ်း သူ့ဘေးမှာ ဘယ်သူမှ ရှိမနေခဲ့ဘူး။
မိန်းမစီးဒေါက်မြင့်ဖိနပ်တစ်စုံနဲ့ အိပ်ခန်းက မီးလင်းနေတတ်တယ်။ အခန်းတံခါးနောက်က မိန်းမတစ်ယောက်ရဲ့ ငိုသံတိုးတိုးကိုလည်း ကြားနိုင်တယ်။
သူမရဲ့ ငိုသံကိုကြားရင် လွီနင်ကိုယ်တိုင်လည်း အနည်းငယ်တော့ နာကျင်ရတယ်။ဒါပေမယ့် သူမကို နှစ်သိမ့်ပေးဖို့ ဘယ်တော့မှ တံခါးကို မခေါက်ခဲ့ဘူး။ သူကိုယ်တိုင်ကလည်း သူ့အဖေလို ရှေးရိုးစွဲတစ်ယောက်ပဲလေ။ ညသန်းခေါင်ကြီးမှာ သူ့မိထွေးရဲ့ အခန်းထဲကို မဝင်သင့်ဘူး။ ဒါပေမယ့် အဲ့ဒီနေ့နောက်ပိုင်းတော့ လွီနင် သူမိထွေး အပေါ် နည်းနည်းတော့ အမြင်ကြည်လာခဲ့တယ်။
အဲ့ဒီအချိန်တုန်းက သားအမိနှစ်ယောက်လုံး သူ့အဖေကို သူ့လိုပဲ စိုးရိမ်နေခဲ့ကြတယ်လို့ထင်ခဲ့မိတယ်။ ဒါပေမယ့် သူတို့စိုးရိမ်တဲ့ အရာတွေ မတူညီခဲ့ဘူးဆိုတာ မသိခဲ့ဘူး။
လွီနင် သူကားမောင်းလာရင်း လမ်းဘေးက ပန်းခင်းကြီးထဲမှာ အပြာရောင်ချည်ရှပ်အကျီနဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရတယ်။
သူလာတိုင်း ဒီကောင်လေးကို တွေ့နေရတယ်လို့ လွီနင်တွေးမိတယ်။ ကားက ကောင်လေးအရှေ့က ဖြတ်သွားတော့ လူငယ်လေးက သူ့ကို ရုတ်တရပ် လှည့်ကြည့်လာတယ်။
လွီနင် နှလုံးခုန်သံတွေ မြန်လာပြီး ကားကိုရပ်ကာ ကောင်လေးကို ငေးကြည့်မိလိုက်တယ်။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေမိကြတယ်။ လူငယ်ဘေးက ခေါင်းကိုငုံလိုက်ပြီး အိတ်ကပ်ထဲက စီးကရက်ဘူးတစ်ဘူးထုတ်ယူလိုက်ကာ မီးညှိလိုက်ရင်း သူ့ခေါင်းကို တခြားဖက်ကို လှည့်သွားတယ်။
"တောင်းပန်ပါတယ် ငါလူမှားသွားတယ်"
လွီနင် အားတုံ့အားနာနဲ့ တောင်ပန်လိုက်ပြီး သူ့ကားကို မောင်းထွက်လာခဲ့လိုက်တော့တယ်။
🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆
Zawgyi
လြီနင္ သူ႕အေရွ႕က အေဆာက္အဦးကိုၾကည့္မိေတာ့ သူ႕ေျခေထာက္ေတြကို ထပ္ရပ္လိုက္မိျပန္တယ္။သူဒီလိုမ်ိဳးလုပ္ေနမိတာ သုံးရက္ရွိေနခဲ့ၿပီ။
ဒီလိုမ်ိဳး မဝံ့မရဲရွက္ေနမိတာကိုလည္း ႐ြံရွာမိလာၿပီ။
လြီနင္် တကၠသိုလ္ကေန ဘြဲ႕ရၿပီးလို႔ အလုပ္အကိုင္လည္း အတည္တက်ရွိေနၿပီ။ ဒါေပမယ့္ လြန္ခဲ့တဲ့ ငါးႏွစ္က ေပ်ာက္ဆုံးသြားခဲ့တဲ့ အဲ့ဒီအမ်ိဳးသမီးနဲ႕ ျပန္ေတြ႕ခဲ့တယ္။သူမက အရင္လိုပဲ ရန္လိုၿပီး သူ႕ကိုယ္သူ အ႐ူးလုပ္ေနတုန္းပဲလား။
တကယ္ေတာ့ အေဖက ဒီအိမ္ကို သူ႕အတြက္ထားခဲ့တာပင္။ သူျပန္လာခ်င္တယ္ဆိုရင္ေတာင္ ဘာမွမေျပာနိုင္မည္ မဟုတ္ေပ။ ဒါ့အျပင္ သူ႕အေဖကြယ္လြန္ၿပီးတဲ့ေနာက္ သူတို႔မိသားစုရဲ႕ ေငြေတြအကုန္ အဲ့ဒီမိန္းမရရွိခဲ့ေပမယ့္ သူ႕ရဲ႕က်ဴရွင္လခ တစ္ႏွစ္စာသာ ေထာက္ပံ့ေပးခဲ့သည္။
လြီနင္ တကၠသိုလ္တက္ေတာ့ သူမစီက ေငြေၾကးေထာက္ပံ့မႈကို ဘယ္တုန္းကမွ မေမွ်ာ္လင့္ထားခဲ့။ မမုန္းတာေတာ့ မဟုတ္ေပမယ့္ အဲ့ဒီ အမ်ိဳးသမီးကို ဘယ္ေတာ့မွ ထပ္မျမင္ခ်င္ေတာ့ေပ။
စိတ္အေႏွာက္အယွက္ျဖစ္ေလာက္ေအာင္ေတာ့ မဟုတ္ေပမယ့္ တကၠသိုလ္တက္ရင္း က်ဴရွင္လခေပးရန္ အလုပ္လုပ္ရတာ တကယ္ကို ခက္ခဲခဲ့သည္။ ထိုအခ်ိန္က သူမကလည္း သူ႕အေဖ ေနမေကာင္းျဖစ္ေနတာကို ဂ႐ုမစိုက္ဘဲ အရက္ေတြသာ ေသာက္ေနခဲ့သည္။
တကယ္ေတာ့ ထိုမိန္းမကို လြီနင္ စျမင္ျမင္ခ်င္းထဲက သေဘာမက်ခဲ့ေပ။ လြီနင္ရဲ႕ ေရွးရိုးစြဲတဲ့သူ႕အေဖက သူနဲ႕အသက္ကြာလြန္းတဲ့ ဆယ္ေက်ာ္သက္ မိန္းကေလးတစ္ေယာက္ကို ဘာလို႔ႀကိဳက္ခဲ့လဲဆိုတာ နားမလည္ခဲ့။
လြီနင္နဲ႕ အဲ့ဒီမိန္းမ အျပင္အတူသြားရင္ တျခားသူေတြက သူတို႔ကို ေမာင္ႏွမ အရင္းေတြလို႔ထင္ၾကသည္။ သူမက ငယ္႐ြယ္ၿပီးလွပကာ ၂၇ ႏွစ္အ႐ြယ္မွာ ၁၀ ႏွစ္အ႐ြယ္သား တစ္ေယာက္ရခဲ့သည္။
လြီနက္ရဲ႕အေဖက သူ႕ကို "ညီေလး" လို႔ေခၚခိုင္းခဲ့တယ္။ ရိုးရိုးသားသားေျပာရရင္ မေခၚခ်င္ဘူး။ လြီနင္က ထိုမိန္းမကို "အန္တီ" လို႔ပဲ ေခၚတယ္။ "အန္တီ "ဆိုတဲ့ အသုံးက အျပင္လူကို ရည္႐ြယ္တာျဖစ္လို႔ သူ႕အတြက္ ေခၚရန္ အေရးမႀကီး။ ဒါေပမယ့္ "ညီေလး" ဆိုတာကေတာ့ မိသားစုဝင္လို႔ သက္မွတ္လိုက္တာပင္။
ေကာင္ငယ္ေလးက ပိန္ေျခာက္ၿပီး ရိုင္းစိုင္းတဲ့ ကေလးေလး။ သူက တိတ္တိတ္ေလးေနတတ္ၿပီး စကားနည္းတယ္။ အေပၚယံမွာေတာ့ နာခံတတ္တဲ့ပုံေပၚေပမယ့္ သူ႕မ်က္လုံးေတြထဲမွာေတာ့ ရက္စက္မႈေတြကို ျမင္နိုင္တယ္။
လြီနင္က ဒီလိုထူးဆန္းတဲ့ မ်က္လုံးေတြကို မႀကိဳက္ဘူး။ ၁၀ ႏွစ္သား ကေလးက ႏုံအတာနဲ႕ေတာ့ မဆိုင္ေပမယ့္ ကေလးက ကေလးနဲ႕ပဲ တူသင့္တယ္။ ဒါက အရမ္းေၾကာက္ဖို႔ေကာင္းတယ္ေလ။
ဒါက လြီနင္ ထိုမိန္းမကို မုန္းရတဲ့ အဓိက အေၾကာင္းပဲ။ သူမက အေဖေရွ႕မွာ သိမ္ေမြ႕ယဥ္ေက်းေပမယ့္ သူ႕မသားကေတာ့ ေၾကာက္စရာ မ်က္လုံးေတြ ရွိေနသည္။
အစပိုင္းေတာ့ ေကာင္ေလးက နတ္ဆိုးေပါက္စေလးနဲ႕ တူတယ္လို႔ထင္တယ္။ လြီနင္လမ္းေလွ်ာက္ရင္ ေနာက္ကေန တိတ္တိတ္ေလး ေငးၾကည့္ေနတတ္တယ္။ လြီနင္ေက်ာင္းက ျပန္လာရင္လည္း ေကာင္ေလးက သူ႕အေနာက္မွာ မတ္တပ္ရပ္ရင္း အၾကင္နာတရားမရွိတဲ့ မ်က္လုံးေတြနဲ႕ စူးစိုက္ၾကည့္ေနတာကို ေတြ႕ရတတ္ျပန္တယ္။
"မင္း ဘာေတြၾကည့္ေနတာလဲ?"
"ဘာမွမဟုတ္ဘူး"
ေကာင္ေလးက မ်က္လုံးေတြကို ေပါ့ေပါ့ပါးပါး လႊဲလိုက္သည္။ သူ႕ရဲ႕ ပုံစံက ပုံမွန္ဆယ္ႏွစ္သားေတြနဲ႕ လုံးဝကြဲျပားေနသည္။
လီနင္က ေကာင္ေလးအေပၚမွာ သာမန္လူတစ္ေယာက္ကို စိတ္စြမ္းအင္ရွိတဲ့ လူထူဆန္းတစ္ေယာက္က စိုက္ၾကည့္ခံေနရသလိုမ်ိဳး နားလည္ရခက္တဲ့ ေၾကာက္႐ြံ႕မႈမ်ိဳးရွိေနမိတယ္။ သူတို႔ႏွစ္ေယာက္ထဲရွိတဲ့အခါတိုင္း သူထြက္ေျပးခ်င္ေနမိတယ္။ အဲ့လိုအခ်ိန္ဆို စာအုပ္ကိုပိတ္ၿပီး အခန္းထဲကေန ထြက္ခဲ့လိုက္တယ္။
"ခင္ဗ်ား သိလား" ေကာင္ေလးက ႐ုတ္တရက္ေျပာသည္။
"အေမ့ ေယာက်္ား ထြက္ေျပးလာၿပီး ခင္ဗ်ား အေဖကို ေတြ႕သြားၿပီ"
လြီနင္ ေကာင္ေလးကို လွည့္ၾကည့္လိုက္တယ္။
ေကာင္ေလးက ၿပဳံးၿပီး ထပ္ေျပာျပန္တယ္။
"အေမ အ႐ူးလုပ္တာ မခံနဲ႕။ သူက ဟန္ေဆာင္ေနတာ။"
လြီနင္ ထိတ္လန႔္သြားၿပီး သူ႕ႏွလုံးခုန္သံေတြေတာင္ ျမန္လာတယ္။ဒီေကာင္ေလးကလည္း သူ႕အေမကို သေဘာမက်ဘဴး။
ေကာင္ေလးနဲ႕ သူ႕အေမက စည္းလုံးၿပီး တစ္ေယာက္အခက္အခဲကို တစ္ေယာက္ ကူညီေပး ၾကေပတယ္။ ဒါေပမယ့္ ေကာင္ေလးကို အခ်စ္ေလးလို႔ အၿမဲေခၚတတ္တဲ့ သူ႕အေမကိုေတာ့ လုံးဝမုန္းတီးေနတယ္။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
လြီနင္ အသိျပန္ဝင္လာေတာ့ သူေကာ္ရစ္ဒါ(corridor) မွာေတာင္ လမ္းေလွ်ာက္ေနမိၿပီ။
သူထြက္သြားတာ ႏွစ္ေတြၾကာသြားေပမယ့္ ေကာ္ရစ္ဒါတစ္ေလွ်ာက္က အရင္ပုံစံအတိုင္းပဲ။ နံရံေတြက ပိတ္ထားဆဲျဖစ္ၿပီး စိတ္ပ်က္စရာလူေတြက ရွိေနဆဲပဲ။ ေလွကားမွာလည္း အိမ္အလွဆင္ေၾကာ္ျငာေတြနဲ႕ ေဆးတံသန႔္ရွင္းေရးေၾကာ္ျငာေတြကို အၿမဲကပ္ထားေလ့ရွိေနတုန္းပဲ။
အႀကိမ္ေပါင္းမ်ားစြာ မွတ္မိေနတဲ့ ေနရာကိုေရာက္ေတာ့ သူ႕အိမ္ကို ျမင္ရၿပီ။ အရင္က သစ္သားတံခါးေလးက အခုေတာ့ ေဘးႏွစ္ဖက္မွာ အခ်က္ေပးကိရိယာတတ္ထားတဲ့ လုံၿခဳံတဲ့ သံတံခါးေလးျဖစ္ေနၿပီ။
လြီနင္ သူ႕ႏွလုံးသားကို ဆန႔္က်င္ၿပီး တံခါးဘဲလ္ကို ႏွိပ္လိုက္တယ္။
'Ding dong'
"ဘယ္သူလဲ"
တံခါးေနာက္က မိန္းမႀကီးတစ္ေယာက္က ေမးလိုက္တယ္။
"ဒီအိမ္မွာ ယန္မိန႔္ခ်ီ ရွိလားဗ်"
"ဘယ္သူလဲ မင္းလူမွားရွာတာထင္တယ္"
"ဒီမွာေနတဲ့ ကေလးတစ္ေယာက္နဲ႕ အမ်ိဳးသမီးေလ"
"ငါမသိဘူး ဒီအိမ္မွာ မရွိပါဘူး ငါတို႔ဒီကိုေျပာင္းလာတာ ႏွစ္ႏွစ္ေလာက္ရွိေနၿပီ"
လြီနင္က ပါးစပ္ဖြင့္ၿပီး ထပ္ေမးၾကည့္ခ်င္ေပမယ့္ ထပ္ေမးလည္း အေျဖတူတူပဲဆိုတာကို သူသိေနတယ္။ အိမ္ကိုေရာင္းလိုက္လိမ့္မယ္လို႔ သူလုံးဝမထင္ခဲ့မိဘူး။
လြီနင္ ေနာက္ဆုံးမွာေတာ့ အဲ့ဒီမိန္းမ သူ႕ရဲ႕ တကၠသိုလ္ က်ဴရွင္လခကို ဘာလို႔ေက်ေက်နပ္နပ္ေပးခဲ့လည္းဆိုတာ နားလည္လိုက္ၿပီ။ အဲ့ဒီအခ်ိန္ေတြတုန္းက သူအရမ္းရိုးသားခဲ့တယ္။ သူ႕အေဖေသသြားေတာ့ အိမ္ကေနပဲ ထြက္သြားခ်င္ခဲ့တာ သူရဲ႕ ရပိုင္ခြင့္ကို ကာကြယ္ဖို႔ မေမွ်ာ္လင့္ခဲ့မိဘူး။ အခုေတာ့ မိသားစုထဲမွာ သူ႕အေမေရာ အေဖေရာ ထားခဲ့တဲ့ ပိုင္ဆိုင္မႈေတြအကုန္ မရွိေတာ့ဘူး။
အခန္းထဲကေန ေျခသံေတြၾကားလိုက္ရတယ္။ လြီနင္က ႐ုတ္တရက္ သတိရလိုက္မိၿပီး သံတံခါးကို ဆြဲလႈပ္လိုက္ကာ လွ်င္ျမင္စြာ ေမးလိုက္တယ္။
"ခနေနပါဦး ယန္မိန႔္ခ်ီရဲ႕ သား ေဝ့ဒါကေရာ ဘယ္မွာလဲဆိုတာ သိလားဗ်"
"ငါ ယန္မိန႔္ခ်ီကို မသိဘူး"
အဘိုးႀကီးတစ္ေယာက္က ေဒါသထြက္ေနတဲ့ အသံနဲ႕ ေျဖလိုက္ၿပီး လုံၿခဳံေရး သံတံခါးေနာက္က သစ္သားတံခါးကို ဂ်ိမ္းခနဲ ျမည္ေအာင္ ဆြဲပိတ္လိုက္တယ္။
လြီနင္ တံခါးေရွ႕မွာ အခ်ိန္ခဏေလာက္ ရပ္ေနခဲ့ၿပီးေနာက္ နားၾကည္းစြာ တစ္ခ်က္ၿပဳံးလိုက္ကာ လွည့္ထြက္လာခဲ့သည္။
အဲ့ဒီမိန္းမက လြီနင္ရဲ႕ပိုင္ဆိုင္မႈေတြ အကုန္ ယူသြားၿပီးေတာ့ အခုမွ သူ႕သားကို စိုးရိမ္ေနတယ္ေလ။
ဒါေပမယ့္ ေကာင္ေလးကေတာ့ သူ႕အေမနဲ႕ မတူဘူး။
[အေမက သားကို ဂ႐ုစိုက္ေပမယ့္ သားက အေမကို မခ်စ္ဘူးလို႔ ေျပာခ်င္တာပါ]
လြီနင္ ကားေသာ့ဖြင့္ၿပီး ေမာင္းထြက္လိုက္တယ္။
သူ႕အေဖ ေဆး႐ုံတက္ေနရတုန္းက လြီနင္ရဲ႕ စိတ္အေျခအေနက အေတာ္ေလး ဆိုး႐ြားေနခဲ့တယ္။ ညသန္းေခါင္ သူတစ္ေရးနိုးလာရင္ အၿမဲတမ္း သူ႕ေဘးမွာ ဘယ္သူမွ ရွိမေနခဲ့ဘူး။
မိန္းမစီးေဒါက္ျမင့္ဖိနပ္တစ္စုံနဲ႕ အိပ္ခန္းက မီးလင္းေနတတ္တယ္။ အခန္းတံခါးေနာက္က မိန္းမတစ္ေယာက္ရဲ႕ ငိုသံတိုးတိုးကိုလည္း ၾကားနိုင္တယ္။
သူမရဲ႕ ငိုသံကိုၾကားရင္ လြီနင္ကိုယ္တိုင္လည္း အနည္းငယ္ေတာ့ နာက်င္ရတယ္။ဒါေပမယ့္ သူမကို ႏွစ္သိမ့္ေပးဖို႔ ဘယ္ေတာ့မွ တံခါးကို မေခါက္ခဲ့ဘူး။ သူကိုယ္တိုင္ကလည္း သူ႕အေဖလို ေရွးရိုးစြဲတစ္ေယာက္ပဲေလ။ ညသန္းေခါင္ႀကီးမွာ သူ႕မိေထြးရဲ႕ အခန္းထဲကို မဝင္သင့္ဘူး။ ဒါေပမယ့္ အဲ့ဒီေန႕ေနာက္ပိုင္းေတာ့ လြီနင္ သူမိေထြး အေပၚ နည္းနည္းေတာ့ အျမင္ၾကည္လာခဲ့တယ္။
အဲ့ဒီအခ်ိန္တုန္းက သားအမိႏွစ္ေယာက္လုံး သူ႕အေဖကို သူ႕လိုပဲ စိုးရိမ္ေနခဲ့ၾကတယ္လို႔ထင္ခဲ့မိတယ္။ ဒါေပမယ့္ သူတို႔စိုးရိမ္တဲ့ အရာေတြ မတူညီခဲ့ဘူးဆိုတာ မသိခဲ့ဘူး။
လြီနင္ သူကားေမာင္းလာရင္း လမ္းေဘးက ပန္းခင္းႀကီးထဲမွာ အျပာေရာင္ခ်ည္ရွပ္အက်ီနဲ႕ ဆယ္ေက်ာ္သက္ ေကာင္ေလးတစ္ေယာက္ ထိုင္ေနတယ္တာကို ေတြ႕လိုက္တယ္။
သူလာတိုင္း ဒီေကာင္ေလးကို ေတြ႕ေနရတယ္လို႔ လြီနင္ေတြးမိတယ္။ ကားက ေကာင္ေလးအေရွ႕က ျဖတ္သြားေတာ့ လူငယ္ေလးက သူ႕ကို ႐ုတ္တရပ္ လွည့္ၾကည့္လာတယ္။
လြီနင္ ႏွလုံးခုန္သံေတြ ျမန္လာၿပီး ကားကိုရပ္ကာ ေကာင္ေလးကို ေငးၾကည့္မိလိုက္တယ္။
သူတို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ စကၠန႔္အနည္းငယ္ၾကာေအာင္ စိုက္ၾကည့္ေနမိၾကတယ္။ လူငယ္ေဘးက ေခါင္းကိုငုံလိုက္ၿပီး အိတ္ကပ္ထဲက စီးကရက္ဘူးတစ္ဘူးထုတ္ယူလိုက္ကာ မီးညွိလိုက္ရင္း သူ႕ေခါင္းကို တျခားဖက္ကို လွည့္သြားတယ္။
"ေတာင္းပန္ပါတယ္ ငါလူမွားသြားတယ္"
လြီနင္ အားတုန႔္အားနာနဲ႕ ေတာင္ပန္လိုက္ၿပီး သူ႕ကားကို ေမာင္းထြက္လာခဲ့လိုက္ေတာ့တယ္။