Butterfly...Jeon🦋 (Completed)
By ThetHmue3
770K 81.9K 11.9K
Jeonက လိပ်ပြာလေးလိုပဲ... အတောင်ပံလှလှလေးတွေနဲ့ ဖမ်းမိဖို့ရာခက်လိုက်တာ....🦋 More
Intro.....🦋
🦋1🦋
🦋2🦋
🦋3
🦋4🦋
🦋5🦋
🦋6🦋
🦋7🦋
🦋8🦋
🦋9🦋
🦋10🦋
🦋11🦋
🦋12🦋
🦋13🦋
🦋14🦋
🦋15🦋
🌼16🌼
🌼17🌼
🌼18🌼
🌼19🌼
🌼20🌼
🍃21🍃
🍃22🍃
🍃23🍃
🎨24🎨
🎨25🎨
🦋26🦋
🦋27🦋
🦋28🦋
🦋30🦋
🦋Ending🦋(Part1)
🦋Ending🌼(Part2)
ZawGyi 1
🦋1🦋
2🦋
🦋3
4🦋
🦋5
🦋6
🦋7
🦋8
🦋9
10🦋
11🦋
🦋12
🦋13
🦋14
15🦋
16🦋
🦋17
🦋18
🦋19
🦋20
🦋21
🦋22
🦋23
🦋24
🦋25
🦋26
🦋27
🦋28
🦋29
🦋30
Ending P1 🦋
Endingp2🦋
Extra...☁️
Extra🦋
🦋
🦋Extra🦋(2)
🦋29🦋
19.7K 1.8K 254
By ThetHmue3
"မာမီဆေးရုံမှာ.....!"
"ဟုတ်တယ် Jimin...စိတ်ထိခိုက်သွားပုံရတယ်.....
မင်းလာတော့ကြည့်သင့်နေပြီ..."
JungKook နဲ့ချောမွေ့နေပြန်လျှင်တဖက်မှာ
ဆိုးကျိုးတွေကဖြစ်ပြီ.....။
ခေါင်းမိုးထပ်လေးမှာ နှစ်ယောက်အတူတူ
ထိုင်ရင်း ရှေ့ဆက်ဘာလုပ်ရမလဲဆိုတဲ့
ခေါင်းစဉ်တွေကိုတိုင်ပင်တိုင်းJungkook နဲ့သူ
သည်လမ်းကွဲနေသည်...။
Yoongi နဲ့စကားပြောပီးသည့်နောက်
ဖုန်းကိုချကာ မာမီဆီသွားရန်စဉ်းစားလိုက်သည်။
မိဘကမိဘပဲဆိုတဲ့ အမှန်တရားကဖျောက်လို့မရ
သူ သားဆိုးသားမိုက်တော့မဖြစ်ချင်ပါ..။
ခုတောင် ဒယ်ဒီရော မာမီပါ ဒီအခြေအနေကို
ဘယ်လိုဖြတ်သန်းနေလဲ သူမေးဖို့လိပ်ပြာမလုံ။
JungKook ကအိမ်ပြန်ပါဟု နားချလည်း
ဝန်ခံရရင်သူမပြန်ရဲတာကြောင့် ဒီခေါင်းမိုးထပ်
လေးမှာပဲခိုကပ်နေခဲ့သည်။
"Jungkook ငါဆေးရုံသွားအုန်းမယ်...."
"သွားလေ..."
"မာမီဆေးရုံရောက်နေတယ်တဲ့...ငါသွားတော့
ကြည့်မှဖြစ်မယ်....."
"ကျတော်လိုက်ပို့ပေးမယ်....."
"ငါတော့...ဘယ်လောက်ကောင်းအောင်
တော်အောင် ဘဝကိုတည်ဆောက်ခဲ့လည်း
လူဆိုးကောင်ပဲဖြစ်ရတာ...."
"Jimin လူဆိုးကောင်ဖြစ်ရတဲ့ အဓိကအချက်က
ကျတော်မလို့ အဆင်ပြေတယ်...
လာလိုက်ပို့မယ်.....မျက်နှာပျက်မနေနဲ့..."
အေးစက်စွာ တိကျစွာ...နေ့တွေကုန်ဆုံး
လာလေ Jungkook ဟာ ရုပ်လုံးကြွလာလေပါပဲ....။
JinHyungကတခါပြောခဲ့ဖူးတယ်...
JungKook က သူ့အဖေနဲ့တပုံစံထဲပါတဲ့.....။
ထပ်သိရတာက သူ့အဖေဟာ
သ်သိသာသာဆိုးခဲ့ပြီး မိုက်မဲတဲ့လုပ်ရပ်တွေ
အများကြီးကျူးလွန်ခဲ့တယ်ဆိုတာ....။
ဆေးရုံရှေ့တည့်တည့်တွင်ကားရပ်ပေးကာ
သူဆင်းသွားသည်နှင့်ချက်ချင်းမောင်းထွက်
သွားသည်...။
စိတ်အလိုမကျနိုင်သောလူတွေရဲ့လက္ခဏာရပ်
တွေပဲ....။
ကောင်းချင်ချက်ချင်း...ဆိုးချင်ချက်ချင်း...။
JeonJungKookသည်လည်းတွဲသာနေရတာ
တွဲရ ချစ်ရ သိပ်ခက်လှပါသည်...။
ဒဲ့မကြည့်ရဲကြပေမယ့် ကွယ်ရာမှမေးငေါ့
ပြောဆိုမှုတွေတော့ရှိတာပေါ့...။
သို့သော်လည်း သူအစောကြီးထဲက
မင်္ဂလာမဆောင်နိုင်ကြောင်း
မယူနိုင်ကြောင်း
JungKookကိုသာလက်တွဲမှာဖြစ်ကြောင်း
ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးပြီ..။
LeeHannaတဖက်သတ်ပြောချင်ရာပြော
လုပ်ချင်ရာလုပ်ခဲ့တဲ့မီးစတွေပဲ....။
ခေါင်းကိုမော့ကာအရင်လိုမျက်နှာသေ
နှင့်ပင်ဆေးရုံထဲဝင်လာလိုက်သည်။
ယူရီကဝမ်းသာအားရကြိုကာ
မာမီကို သေချာဂရုစိုက်ထားကြောင်းပြောသည်။
MinYoongiလည်းအပြေးအလွှားလာကာ
ဂရုဏာဒေါသဖြင့်အရင်လိုအော်ဟစ်ဆူပူနေတုန်း။
ဒီယောကျ်ားချစ်ခဲ့တာအမှားတခုမဟုတ်တာ
ကြောင့် သေးသိမ်နေစရာမလိုပါ...။
မာန်တင်းပြီးဘာမှမဖြစ်သလိုပင်
မာမီ့အခန်းထဲသို့ဝင်သွားလိုက်သည်။
ဒယ်ဒီရှိနေသည်...။ဆေးရုံအုပ်ဖြစ်သူဒယ်ဒီ
သည်သူ့ကိုမြင်သော်အခါ ပြာကျမတတ်
စူးရဲစွာကြည့်ပြီးလက်ထဲကဖတ်လက်စ
ဆေးစာအုပ်ဖြင့်လှမ်းပစ်သည်။
"ဘာလာလုပ်တာလဲ...Park Jimin..."
"မာမီ့ကို လာကြည့်တာ..."
"မင်းမျက်နှာကို ငါတို့ကိုပြရဲသေးတယ်လား
အရှက်နည်းနည်းလေးတောင်မရှိဘူးလား...."
"တောင်းပန်ပါတယ်..ကျတော်လွန်သွားတယ်..."
"ငါတို့မျက်နှာတွေ ငါ့တို့ဂုဏ်သိက္ခာတွေ
တလောကလုံးရဲ့ခြေထောက်အောက်ပြားပြားဝပ်ပဲ..
ငါ့မိန်းမ ဒီလိုဖြစ်ရတာမင်းကြောင့်ပဲ
မင်းကြောင့်ပဲ ဘုန်းဘုန်းလဲ ခဲ့ရတာ....
ငါဆေးရုံမှာ မထိုးချင်ဘူး သွား...."
မာမီသည် ငြိမ်သက်စွာအိပ်ပျော်နေသည်...။
ယူပစ်လိုက်သလိုပိန်ကျသွားသောခန္ဓာကိုယ်
သည်စိတ်ဖိစီးမှုကို အများကြီးခံစားလိုက်ရ
ကြောင်းသိသာနေကာ သူဘယ်လိုစကားနဲ့
တောင်းပန်ရမှန်းမသိ......။
ဒယ်ဒီသည် ထပ်ခါထပ်ခါနှင်လွှတ်နေကာ
နောက်ဆုံးတော့ သူအခန်းထဲမှလှည့်ပြန်ခဲ့ရသည်။
JungKookရဲ့ မိုက်ရူးရဲဆန်မှုများ၏
အကျိုးဆက်သည် တောမီးလို
လောင်၍လောင်၍မဆုံးနိုင်...။
မင်းကြောင့်လို့ ထပ်အပြစ်တင်ဖို့ကိုလည်း
နှလုံးသားကထပ်လက်မခံတော့.....
ကောင်လေးကငယ်သေးတာကို....ဆိုတဲ့
ဖြည့်တွေးမှုသည် သူ့ဘဝဘယ်လောက်
ပြိုလဲနေပြီလဲဆိုတာ သူကိုယ်တ်ုင်
သတိမထားမိတဲ့အထိ......။
"မင်းဘာဆက်လုပ်မှာလဲ........"
ခုံတန်းတခုတွင်ထိုင်ရင်းYoongiနဲ့
စကားတချို့ပြောရန်အခြေအနေရှိလာသည်။
Coffeeဗူးကိုယ်စီကိုင်လျှက်
ဘာဆက်လုပ်မှာလဲဆိုတဲ့အမေးကိုသူ့မှာ
အဖြေတကယ်ရှိမနေပါ....။
"ငါဘာဆက်လုပ်ရမလဲ...Yoongi...."
"မင်းJungKookနဲ့ တရားဝင်လက်ထပ်လိုက်
သင့်တယ်...လို့ငါထင်တယ်
မင်းတစုံတခုကိုသေသေချာချာမဆုံးဖြတ်
မချင်း ပြသနာတွေကတက်နေအုန်းမှာပဲ...."
"သူ ငါ့ကို လက်ထပ်ဖို့...အာရုံမရနေဘူး...
သူ့ခေါင်းထဲမှာ LeeHannaကိုတိုက်ခိုက်ဖို့ပဲ
အချ်န်ရှိတိုင်းတွေးနေတာ...ငါတို့ပြန်အဆင်
ပြေသွားတယ်လို့ထင်ရပေမယ့်
ငါမပြေနေဘူး....."
"သူခံစားခဲ့ရတာတွေကလည်းပေါ့ပေါ့တန်တန်
မှမဟုတ်တာကွာ...သူ့အနေနဲ့မကျေနပ်သင့်ပါတယ်"
"ဒါပေမယ့်...ငါကအရေးကြီးဆုံးဖြစ်နေရမယ်မလား
ငါရှိတာပဲ သူအဲ့တာတွေကို ခဝါချပေးလို့မရဘူးလား
ငါတော့ သူရှိရင် လုံလောက်တာပဲ
ကျန်တာတွေကိုမတွေးတော့ဘူး...."
"Jungkookက ပတ်ဝန်းကျင်အသစ်တွေ
အပေါင်းအသင်းအသစ်တွေနဲ့
တချို့အရာတွေကိုပြောင်းလဲသွားတာကို
မင်းနားလည်ပေးရမယ် ငါတို့ဒီပုံစံကို
မျှော်လင့်ခဲ့တာပဲကို....."
"သူငါ့ကိုအိပ်ယာပေါ်ကိစ္စ......."
"Jimin.....စကားပြောတာဆင်ခြင်စမ်း"
"ငါခံစားနေရတယ် ငါ့ကိုအလေးအနက်မထား
တော့ဘူး.....အေးတိအေးစက်နဲ့
တနေ့တနေ့ အစီအစဉ်တွေပဲချနေတာ...
ငါသူ့အတွက် ပေးခဲ့ရတာကုန်နေပီ
ရှင်းပြရတာတွေလည်းမောနေပြီ...."
Jimin သည်အဖက်ဖက်ကအံဝင်ခွင်ကျမဖြစ်မှု
တွေနဲ့ တစ်ခါမှမမြင်ဖူးခဲ့သောမျက်လုံးတွေ
ထဲက စိတ်မလုံခြုံသောအရိပ်ပေါင်းများစွာ...။
ဒီလောက်ခမ်းခမ်းနားနားလူကို
စိတ်ခံစားချက်ဖြေဖျောက်ရုံလောက်
အသုံးချဖို့ ဘယ်သူကတွေးရက်ပါ့မလဲကွာ...။
ဒီဆရာဝန်ဟာ သူ့ကောင်လေးနဲ့ပတ်သတ်လာ
ရင် တန်ဖိုးကို Zeroမက အနူတ်ထွက်သည်အထိ
ကိုယ်တိုင်ကိုယ်ကျ ဆွဲချပစ်လိုက်ဖို့လည်း
ဝန်မလေးခဲ့......။
အချစ်က ယုံကြည်မှုနဲ့ ခံယူချက်တွေကို
ပျက်ပြားစေတယ်.....
အချစ်ဟာ တကယ်တော့ အတွေးလွန်သစ်သီးတလုံးပဲ....။
..............
"အကုန်ပျက်ဆီးကုန်ပီ မာမီသိလား
ဘာပြန်လုပ်ပေးမှာလဲ....."
"ညံ့လို့ခံရတာပဲ Hanna...ပြန်တည်ဆောက်ပေါ့.."
"ညံ့လို့မဟုတ်ဘူး ဟိုအကောင်သက်သက်မဲ့
လုပ်တာ...သူ့လက်ချက်တွေကြီးပဲ..."
"အစထဲက နင့်ကို သူကျေနပ်အောင်
တချို့တဝက်ပေး ဖို့ငါပြောသားပဲ
နင်ကိုက လောဘကြီးပြီး
အကုန်ပိုင်ချင်နေတာလေ...."
"မာမီ လေသံပြောင်းမလာနဲ့နော်
မာမီဘာတွေညစ်ပတ်ခဲ့လည်းမာမီအသိဆုံး
Hannaပါးစပ်တချက်ဟတာနဲ့
မာမီမြောင်းထဲရောက်ပြီမှတ်..."
"ငါမွေးတဲ့မျောက်ငါ့ပြန်ခြောက်နေတာပဲ
နင်ရောမပါဝင်ခဲ့လို့လား
နင်လည်းဘာလုပ်ခဲ့လဲနင်အသိဆုံး...."
"Hanna ကအရွယ်မှမရောက်သေးတာ
အဲ့တုန်းကမသိဘူး မရှိဘူး
ပြောလိုက်လည်းအပြစ်လွတ်တာပဲ...
ကြောက်မနေဘူး...."
"Hannaငါတို့အတူတူကိစ္စတော်တော်များ
များကိုလုပ်ခဲ့ကြတယ်...
ကောင်းတာထက်မကောင်းတွေကပိုများ
နင်လည်းသိတယ်ငါလည်းသိတယ်
သွေးမကွဲချင်စမ်းပါနဲ့နှစ်ယောက်စလုံး
ဒုက္ခတွေရောက်ကုန်လိမ့်မယ်"
"JungKookလိုကောင်ကိုကြောက်နေတာလား
မာမီက မာမီ့သားကို မာမီပြန်ကြောက်နေပီလား
တချိန်လုံးနှိပ်ကွတ်လာတာ..."
"ခုJungkook ပေါင်းသင်းနေတဲ့
အပေါင်းအသင်းတွေကိုနင်သိလား
နင်စုံစမ်းခဲ့ဖူးလား.....
JungHoseokတို့ ဆိုအာ (Kitty)
တို့ဟာ အင်အားကြီးချမ်းသာမှုတွေကြီးနဲ့ပဲ"
"ခုလည်းသူတို့မွှေနေတာလေ....
Hanna တည်ဆောက်ခဲ့ရတာတွေ
အကုန်ပျက်ဆီးကုန်ပီ....လုံးဝမကျေနပ်နိုငိဘူး
ParkJiminကိုလည်းသေရင်တောင်
အရှုံးခံပြီးအဲ့အကောင်လက်ထဲထည့်မပေးနိုင်ဘူး
ကြည့်နေလိုက် LeeHannaဘာဆိုတာပြရမယ်....
Park Jimin ကအစထဲကကျမအတွက်မို့
ကျမပဲပိုင်ရမယ်.....ဆုံးရှုံးသွားတဲ့ငွေတွေက
သူ့ကိုရရင်အားလုံးပြန်အစားထိုးလို့ရပီ..
မာမီမျက်နှာလည်းလုံးဝကြည့်နေစရာမလိုတော့ဘူးလေ
ကျမလမ်းမှာတခုခုလာရှုပ်ရင်
လူသတ်မှုကိုဖော်ပစ်မယ်....."
"ငါကဘာလို့နင့်လမ်းကိုရှုပ်ရမှာလဲ
ငါ့အတွက်ဘာဖြစ်ဖြစ်အမြတ်ကြီးပဲ....
ငါ့ရပ်တည်မှုက ငါ့အတွက်အရေးကြီးဆုံး
ငါ့မှာ ဘာခံစားချက်မှမရှိဘူး....
JungKookကငါတခါလေးမှလိုချင်ခဲ့တဲ့
ကလေးမဟုတ်တဲ့အတွက်
ဘာဖြစ်ဖြစ်ဘယ်တော့မှစိတ်ဝင်စားမှာမဟုတ်ဘူး
Hanna...ငါကငါ့ကိုယ်ငါပဲချစ်တယ်..
ဒါကိုတော့ယုံ...
ပီးတော့ ညည်းအဖေကိုနည်းနည်းလေးချစ်တယ်
ဒီလောက်ပဲ..."
Hannaသည်စိတ်တိုင်းကျပေါက်ကွဲပီးတဲ့နောက်
အခန်းထဲသို့ဝုန်းဒိုင်းကျဲစွာဝင်သွားခဲ့သည်။
မျက်လုံးတွေခဏမှိတ်ထားလိုက်ကာ
Internet စာမျက်နှာပေါ်တွင်စာတွေအများကြီး
ရိုက်နေခဲ့သည်.....။
အားလုံးအချူပ်ကတော့..
သူမမှာ Dr ParkJiminနဲ့ ရတဲ့ကလေးရှိနေပီဆိုတာပဲ...။
မပီးဆုံးနိုင်သောပွဲများသည်အဆက်ဆက်
ဖြစ်ကာ Commentရေးသူထောင်သောင်း
ချီစွာဖြင့်...။LeeHanna၏Dramaတဖြတ်
သည်တော်တော်လေးပေါက်ရောက်သွားခဲ့သည်။
LeeHannaလိုမိန်းကလေး၏မမြိုသိပ်နိုင်လွန်း၍
ထွက်ကျလာသောအရှုံးတရားတွေအား
တချို့ကဂရုဏာသက်ကြကာ တချို့က
ချက်ချင်းကြီးမို့မယုံခဲ့ကြ...။
လက်ထပ်ပွဲကိုမထိခိုက်ကြောင်းနဲ့
ဆက်ကျင်းပမည်ဖြစ်ကြောင်းကိုလည်း
သူမကသေချာစွာရေးတင်ခဲ့သည်။
"CHEER.!!!!!!!"
ဘီယာသုံးခွက်ကိုတက်ညီလက်ညီတိုက်လိုက်ကာ
အရသာရှိစွာသောက်နေကြသော
လူသုံးယောက်သည် ပြုံးရွှင်နေကာ
ဘီယာသောက်ရုံနဲ့ပင်ထကချင်လှပြီ....။
"ခုလောက်ဆို...တီကောင်ဆားနဲ့တို့သလိုလို
ဖျက်ဖျက်လူးနေလောက်ပြီ.....
ငါတို့များ တခါမှတောင် LeeHannaကို
မဆုံဘူးဘဲ မင်းကြည့်မရရင်လိုက်ကြည့်မရ
မင်းမုန်းတိုင်းလိုက်မုန်းပေးရတာ
ကြောင်တောင်တောင်နိုင်တယ်နော်...."
"ဘော်ဒါဆိုတာ အဲ့တာပဲHoseokOppaရဲ့..
Kittyမှာ ဘော်ဒါစိတ်အပြည့်ရှိတယ်.."
"နင်JungKookကိုကြိုက်လို့
လုပ်ပေးနေတာမသိတာလည်းမဟုတ်ဘဲနဲ့
အပိုတွေလာပြောမနေနဲ့...."
"အဲ့တာလည်းပါတာပေါ့...နည်းနည်း..."
Kitty သည်JungKookအားပြုံးပြရင်း
အကျီကော်လံလေးတွေအားသေသေချာချာ
ချ်ုးပေးသည်။
"Oppaက Babeရေ Oppaဒီလူကိုကြည့်မရဘူး
ဘဲပြော...JungKookOppaအတွက်ဆို
အကုန်အစဖျောက်ပေးမယ့် ကောင်မလေး..."
"Jk မင်းဆရာသမားကို ဖြတ်ပီး
သူနဲ့တွဲပါလား....လိုတရနော်သူက..."
"သူ့ကိုသာ ထားခဲ့ရင်....ငါတော့ထပ်အရိုက်ခံရမှာပဲ...
ဆရာသမားက သိပ်လက်သံပြောင်တာ..."
"ချစ်တယ်မလား...အရမ်း...."
ပြုံးရုံပြုံးကာဘီယာကိုသာမော့သောက်နေသောသူ။
ထို့နောက် LeeHannaရဲ့ခြေလှမ်းတွေနဲ့
ကုမ္မဏီကြီးတခုလုံးကမောက်ကမဖြစ်နိုင်မည့်
နည်းတွေကိုသာJungKookကတချိန်လုံးပြောခဲ့သည်။
LeeHannaဟာ ကြည့်ကောင်းသောအလုပ်တခု
ကိုသာCoverထားပြီး တရားမဝင်အလုပ်တွေ
မူးယစ်ဆေးအထိပေါက်ပေါက်ရောက်ရောက်နိုငိကာ
သက်သေနှင့်တကွရရန်ကြိုးစားခဲ့သည်...။
တဖြည်းဖြည်း ဆုံးရှုံးလာသောငွေကြေးတွေ
လုပ်ငန်းအရင်းအမြစ်တွေသည်မသိမသာဖြင့်
တော်တော်ယိုင်နဲ့နေပြီ...။
လည်ဝယ်သူမို့ဟန်မပျက်ထိန်းထားကာ
ခေါင်းမော့ရင်ကော့နေတုန်း....။
ထိုခေါင်း ဦးကျိုးမဲ့နေ့ကို အေးအေးဆေးဆေး
ထိုင်နေလိုက်မည်....။
သိပ်တော့လည်းမဝေးလှတော့...။
"What the....!!!!!!!"
"Jk..!!!!!!!!"
Hoseokဖုန်းအားကြည့်နေရင်းသူ့ဆီသို့
မျက်စိပျက်မျက်နှာပျက်ဖြင့်ပြလာခဲ့သည်။
"ကိုယ်ဝန်...တဲ့...!!!"
JungKookသည်ရေးထားသောစာတွေအား
အစအဆုံးဖတ်ကာ နူတ်ခမ်းတွေတွန့်ရုံသာ
ပြုံးခဲ့သည်။
မပီမသအပြုံးတခုသည်...တုန်လှုပ်သွားတာလား
မတုန်လှုပ်တာလားဆိုတာ မခန့်မှန်းနိုင်...။
"ငါအိမ်ပြန်အုန်းမယ်....."
ချက်ချင်းကားသော့ယူကာထွက်သွားသော
သူအားသူတို့တယောက်မှမတားရဲကြ။
Kittyသည်အသက်ပင်ရဲရဲမရှူရဲ...
Hoseokသည်ခေါင်းသာညိတ်ပြနိုင်ခဲ့သည်။
JungKookသည်ခေါင်းမိုးထပ်ရှိရာသို့
ကားမောင်းလာပြီးနောက်
အခန်းလေးထဲတွင်ရှိမဲ့လူဆီသို့ လျှောက်သွား
လိုက်သည်။ငိုနေအုန်းမလား...။
ဒေါသတွေဖြစ်နေအုန်းမလားမသိ...။
တံခါးဖွင့်ပြီးဖိနပ်ချွတ်နေစဉ်မှာပဲ...
ပြေးလာသောသူသည်...ငိုချတော့မလိုမျက်နှာ
ဖြင့်.....
"ငါမဟုတ်ဘူး....ငါမဟုတ်ဘူးJungKook
သူ သက်သက်မဲ့လျှောက်ပြောတာ
ငါသူ့ကိုတခါမှမထိခဲ့ဖူးဘူး...."
"ကျတော်သိတယ်....ညစာစားပီးပီလား...
ကျတော် Hoseokတို့နဲ့ထိုင်တာ
ကြာသွားလို့..."
စီးမြဲဖိနပ်အနက်ရောင်အကြီးကြီးအား
ချွတ်ကာ အိမ်ထဲသို့အေးဆေးဝင်သွားသော
သူသည်စိတ်အဆိုးလွန်းသွားတာလားမသိ။
"JungKook..."
"Jimin သိလား LeeHannaက
ခေါင်းသိပ်မကောင်းဘူးဆိုတာ
ကျတော်ဒီနေ့ သူ့ပိုင်ဆိုင်မှုတွေ
သူ့ရည်မှန်းချက်တွေကိုကမောက်ကမဖြစ်
အောင်လုပ်နိုင်ခဲ့တယ်တုန်လှုပ်ချက်ကတော့
ပြောမနေနဲ့...ပိုက်ဆံနံ့ရှုရှိုက်အိပ်တဲ့သူဆိုတော့
ပုံစံတွေကိုပျက်လို့...."
JungKookသည်အိပ်ယာပေါ်တွင်စီးကရက်
တလိပ်ဖွာရင်း အေးအေးဆေးဆေးပြောပြနေသည်။
"မင်း ကိုယ်ဝန်ကိစ္စစိတ်တိုလာတာမဟုတ်ဘူးလား"
"ဘာတိုစရာလဲ....ကျတော့်မှာဒီမိန်းမပြိုလဲဖို့
ကိုပဲခေါင်းထဲအပြည့်ရှိတယ် ကျတော့်ကို
ပြိုလဲအောင်ပြန်လုပ်တဲ့အရည်မရအဖတ်မရတွေ
ကိုခေါင်းထဲမရှိဘူး....
Jimin သိလား......ကျတော်နိုင်နေပြီ"
Yoongi ကိုရင်ဖွင့်ခဲ့စဉ်ကခံစားမှုသည်
ဒီလိုအပြုအမူတွေကြောင့်.....။
JungKookမှာသူနဲ့ပတ်သတ်ပြီးဝမ်းနည်းဝမ်းသာ
ဖြစ်တည်မှုများပျောက်ဆုံးနေတာ
နေ့စဉ်နေ့တိုင်း LeeHannaကိုသာတိုက်ခိုက်နေခြင်း
တွေသည် စိတ်ကိုတဖြည်းဖြည်းထိပါးသည်။
အမူးလွန်ပီးအိပ်ယာပေါ်ပြန်ရောက်
အတူတူနေကာ အဆင်ပြေတယ်ဆိုရပေမယ့်
JungKookနှလုံးသားထဲတွင် သူကသေးငယ်လွန်း
နေပြီ..။မဟုတ်ဘူး မရှိတော့တာလည်းဖြစ်နိုင်တယ်။
အတူတူအိပ်စက်ကြတယ် မိုးလင်းတာနဲဲ့
သူ့မျက်နှာကိုအရင်မကြည့်နိုင်ဘဲ
ရန်ငြိုးတွေအတွက်ဖုန်းတွေပြောအကွက်တွေချနေပီ။
သူ့မှာတကယ်တော့ဘာမှမရှိတော့ဘူး.....
မိသားစုဆိုတာကလည်းပစ်ပယ်ကာ
ဆိုးဝါးတဲ့ ဝေဖန်မှုတွေကြောင့်ပတ်ဝန်းကျင်မှာ
ခိုင်မာသောစိတ်အခံဖြင့်အားတင်းကာရပ်နေသော်
လည်း တကယ်တော့ သူသိပ်ပင်ပန်းနေပြီ။
"နိုင်နေပီဆိုလည်း...ရပ်ပြီးငါတို့ကိစ္စကိုပြောရအောင်....."
"ဘာကိစ္စလဲ Jimin နဲ့ ကျတော်အဆင်ပြေနေတာပဲ
နောက်ရက်ပိုင်းလောက်ဆို ကျတော့်အမေအလှည့်....
အားလုံးက အစီအစဉ်တကျပဲသိလား.....
ကိုယ်ဝန်တဲ့ တကယ့်ကလေးကွက်....."
"ငါနဲ့တကယ်ရတာဆိုရင်ရော......"
ဆေးလိပ်သောက်နေရင်းမှစူးခနဲကြည့်လာသော
အကြည့်တချက်....။အပြာရောင်ဆံပင်တွေကြားက
အင်အားကြီးဗုံးတလုံးလို....။
ဘာကိုလာအရွဲ့တိုက်ချင်နေပြန်တာလဲ....။
ဒီလိုမေးခွန်းကမေးပစ်လိုက်ဖို့သင့်ရဲ့လား...။
စာကိုအစအဆုံးဖတ်ပီးတဲ့အထိ
ဟာသတပုဒ်လိုသဘောထားပြီးလှောင်ချင်တဲ့
စိတ်တခုထဲသာရှိခဲ့တာ
ဘယ်လောက်သံသယများပီး တဇွတ်ထိုး
တဇောက်ကန်းကောင်ဖြစ်ပါစေ
ယောင်လို့တောင် တကယ်များလားဟု
ခုချိန်အထိမတွေးမိသေး.....။
ParkJimin က မထိခဲ့ဘူးဆို...မထိခဲ့ဘူးပဲ
အရိုးထဲအသဲအထိစွဲမြဲခဲ့တာ....။
ဒီလူဘာတွေဖြစ်ချင်နေပြန်ပီလဲ။
"ဘာစကားပြောတာလဲ....."
"ပြောကြည့်တာ....မင်းများတုန်လှုပ်သွားမလားလို့..."
"ခင်ဗျားမဟုတ်တာသိတယ်...
မတုန်လှုပ်ဘူး...."
"ငါတို့တနေရာရာကိုထွက်သွားကြမလား....
လက်ထပ်ပြီး အေးဆေးနေကြရအောင်လေ..."
ခေါင်းခါပြကာအိပ်ယာပေါ်မှထသွားပြီး
အကျီချွတ်ကာနောက်ထပ်အကျီတထည်ကို
ထပ်လှဲနေသည်။
"JungKook....ငါ့ကိုအဖက်မတန်သလိုလုပ်မနေနဲ့...
ငါ့ကိုမင်းလက်မထပ်နိုင်ဘူးလား...."
"ကျတော့်လုပ်ရမှာတွေမပီးသေးဘူး
Jimin...ကျတော့်မှာ Planတွေ....."
မျက်နှာတည့်တည့်ကျရောက်လာသော
လက်ဖဝါးသည် ပူထူသွားသည်အထိနာပါသည်။
"ဘာလို့ရိုက်တာလဲ!!!!!!!"
"ငါ့ထက်အရာရာက အရေးကြီးနေတယ်
အဲ့မိန်းမကို ဒုက္ခပေးဖို့က ငါ့ထက်
ပိုအရေးပါနေတာကို လုံးဝမကြိုက်ဘူး
JeonJungKook...ငါ့ကိုရရင် နိုင်ပီလေ
LeeHannaရဲ့ အားနည်းချက်က ငါပါဆို
မင်းရဲ့ အာရုံစိုက်မှုတွေကို ငါ့ဆီအကုန်ပုံအောပြီး
ငါ့ကိုမင်းချစ်သူတယောက်လိုဆက်ဆံပေးပါ..."
"ခုဘာလုပ်နေလို့လဲ....ခင်ဗျားကိုပစ်ထားလို့လား
ခင်ဗျားကို နှိပ်စက်နေလို့လား....ပြောလေ...
ပြသနာတွေလာမရှာနဲ့...."
"မင်းက အခန်းပိတ်နေခဲ့တဲ့ကောင်....
ငါက Public မှာအလုပ်လုပ်ခဲ့တဲ့ကောင်....
မင်းငါ့နေရာကိုဝင်မခံစားပေးနိုင်ဘူး...
မင်းဘာမှမသိဘူး..."
"ပညာတတ်ဆရာဝန်ကြီးနေရာတော့လည်း
ဘယ်ဝင်ကြည့်နိုင်ပါ့မလဲ......"
"JeonJungKook...."
"ကျတော်လုပ်ချင်တာကိုဆက်လုပ်မှာပဲ...
ကျတော် ရချင်တဲ့အတိုင်းအတာတခုရပီးတဲ့အခါ
လက်ထပ်ပါ့မယ်.....စိတ်ရှည်မှာပေါ့...."
"ငါလိုကောင်က...ငါလိုကောင်က
မင်းတော်ကောက်မဲ့နေ့ကို မျှော်တလင့်လင့်
စောင့်နေရမဲ့ ဘဝမျိုးမဟုတ်ဘူး
တကယ်ချစ်ကြစတမ်းဆို  ချစ်မိတဲ့သူကလွဲ
ကျန်တာဘာမှအရေးမကြီးတော့ဘူး
JungKook ငါမေ့သွားတယ်...
မင်းအရမ်းပြောင်းလဲသွားခဲ့ပြီပဲ.
ပြောင်းလဲတာထက်မင်းက အာဂတ အမှောင်ဖုံးပီး
လူယုတ်မာလုံးလုံးဖြစ်နေပြီ...."
ကျတော့်အဖေကိုအရှင်လတ်လတ်အသက်ရှု
ပိုကိဖြုတ်ခဲ့လို့..ကျတော်ငယ်ငယ်လေးနဲ့
ဘဝပျက်ခဲ့ရလို့...ပေးခဲ့တဲ့ခန္ဓာကိုယ်ပေါ်က
ဒဏ်ရာတွေနဲ့...စိတ်ဒဏ်ရာတွေက
တအိမ်လုံးကဖူးဖူးမှုတ် ထား ကြီးပြင်းခဲ့ရတဲ့
ငွေဇွန်းကိုက်ကြီးခဲ့ရတဲ့ ခင်ဗျားဘယ်နားလည်ပါ့မလဲ။
ပညာအများကြီးတတ်တဲ့ခင်ဗျားက
အေးချမ်းတဲ့လမ်းစဉ်ကိုလိုက်ဖို့တွေးနိုင်ပေမယ့်
ပညာသင်ဖို့ လက်ကဆေးပိုက်တွေချွတ်လို့မရခဲ့တဲ့
ကျတော်က မီးကုန်ယမ်းကုန်ဆိုးပစ်ချင်တာ
ဘာများမှားသွားလို့လဲ......။
အာဂတအမှောင်ဖုံးရုံမက မီးလောင်ပြာကျသွားလည်း
ကျပါစေ...ဆက်လုပ်မှာပဲ....
အဆုံးအထိ အစွန်ထိပဲ....။
"လက်မထပ်ပါဘူးလို့လဲ...ကျတော်မပြောမိဘဲ....
ဘာလို့ ခင်ဗျားက နာစရာလိုမြင်နေတာလဲ...
ကျတော် လက်ထပ်ချင်တဲ့အချိန်ကျရင်
လက်ထပ်မယ်....ခင်ဗျားမပါတဲ့ဘဝကိုလည်း
လျှောက်ဖို့အစီအစဉ်မရှိပါဘူး
ကျတော့် ဆန္ဒတွေပြည့်သွားတဲ့အခါ....
Park Jimin ရင်ခွင်ထဲကို မထွက်တမ်း
ဝင်နေမဲ့ကောင်ပါဗျာ....နော်..."
"Clubတွေ Barတွေက အပေါစားစကားတွေ...."
ကျတော်နဲ့ပန်းကလေးက ပိုင်းခြေတွေညှိ
ပီးတာနဲ့ ပုစ္ဆာကြီးတခုလုံးကို ဖြေရှင်းပြီး
အဖြေတန်းထွက်မယ်ထင်ခဲ့ကြတာ....။
ကျတော်တို့က ငါဒါကိုလုပ်နေတာသူက
အလိုအလျှောက်နားလည်ရမယ်
ရှင်းပြစရာမလိုအောင် သိနှင့်နေပီးဖြစ်ရမည်
ဆိုသောအတ္တတွေသည်နှစ်ယောက်လုံးတွင်
ကိန်းဝပ်နေခဲ့ကြသည်။
တညလုံးစကားတွေများခဲ့ကြသည်....။
ရန်တွေဖြစ်ရင်းနဲ့လည်း ဒေါသထွက်လာလျှင်
ကျတော်လက်ဖြင့် ရွယ်မိတိုင်း
သူကပဲဦးစွာအရင်ရိုက်သည်...။
ဒီဆရာဝန် သည် သိပ်ရိုက်နိုင်ပုတ်နိုင်ကာ
ဒေါသလည်းထွက်နိုင်လွန်းခဲ့သည်..။
ကျတော်ကတော့ဒေါသတွေထွက်လာလျှင်
ချူပ်နမ်းလိုက်သည်....။
အခန်းအလည်မှာတယောက်တပြန်အော်ဟစ်
ရန်ဖြစ်ရင်းမှ ရန်ပွဲသည် အိပ်ယာပေါ်သို့
လုံးထွေးပြုတ်ကျကာ ParkJimin
သည်ကျတော့်အားအနိုင်ကျင့်တော့သည်...။
လက်မထပ်နိုင်သေးဘူးပြောမိ၍
အသားကုန်စိတ်ဆိုးနေသော
ဆရာဝန်ကြီးသည် ငါကွ ယောကျ်ားဆိုသော
မာန်ကို ဒေါသတွေနဲ့ရောနှောပြတော့သည်...။
ယုန်ပေါက်ကလေးလို...သေးသိမ်ပြလိုက်ရသည်...
ဒီလူ သူ့အလှည့်ကျတော့  မျက်နှာမဲ့ မိရင်တောင်
မကြိုက်ချင်....ပါးစပ်ကထုတ်အော်ဖို့ကိုအဝေးကြီး။
တကယ်ပါ..လူမိုက်ရုပ်နဲ့...
နာကျင်မှုကို အောင့်အီးသည်းခံနေရတာ
သိပ်တော့လည်းမလိုက်ဖက်လှ....။
JeonJungkookဟာ...ပုံမှန်မဟုတ်တဲ့စိတ်အခြေအနေ
မှာတောင်ဒီနေရာကိုယူဖို့စိတ်ကူးမရှိခဲ့တာ
ကောင်းမွန်သွားသောအခြေအနေကျမှ
ဘာလို့များယူခဲ့လဲဆိုရင်...
Park Jimin စိတ်ဆိုးနေလို့ပါ.....။
Jimin သည်ယောကျ်ားပီသလွန်းသော
အပြုအမူတွေနဲ့လည်း ရူးချင်လောက်အောင်ကို
မိုက်ခဲ့ပါသည်...။
လှတယ်ဟု သူမသတ်မှတ်ချင်တော့ပါ....။
ခမ်းခမ်းနားနားချွေးစက်တွေနဲ့....
အလွန်အကျွံ့ ကို ခန့်ညားခဲ့ပါသည်....။
ဆံပင်တွေသပ်တင်လိုက်တိုင်း...
သာယာမှုနဲ့ မကျေမနပ်ဒေါသကို ချိန်ညှိပြီး
မျက်နှာထားမာမာဖြင့် ပြုမူတဲ့အခါ
ကြွေတာပေါ့.....။
ဟင့်အင်း JungKookကပဲ...ဆိုတဲ့
ကန့်သတ်ချက်တွေပျောက်ကာ
Parkjimin ရဲ့ ယောကျ်ားဆန်မှုတွေကြား
အတ္တသေးသေးလေးတောင်မရှိခဲ့တော့...။
ရူးလောက်အောင် ဆွဲဆောင်မှုရှိသည့်
ဒီအမျိုးသားသေးသေးလေးသည်
"Honey...တော်တော့လေလို့"
ခပ်တိုးတိုးဆိုတဲ့အခါ....
" ဘာလဲ"
ဟု ခပ်မာမာပြောတတ်သေးပါသည်....။
ဒီတခေါက်တော့ ကျတော်JeonJungkook
ကိုပဲမသိချင်ယောင်ဆောင်ပေးကြပါ....။
..........................
"အန်တီ တို့ ဦးတို့ကို Hanna
ဖိအားတွေမပေးချင်ပေမယ့်
မိန်းကလေးတယောက်ရဲ့ ဘဝကို
မဖျက်စီးဘူးလို့တော့ ယုံကြည်ပါတယ်...
Jimin နဲ့ Hanna ကြားထဲကလွန်ကျူးမှုတွေနဲ့
ဒီကိုယ်ဝန်ကို ဖျက်ချပစ်ဖို့လည်း
စိတ်ကူးထားပါတယ်....
ParkJimin ဟာ ဘယ်တော့မှတာဝန်မယူနိုင်
ဘူးဆိုတာ Hanna အသိဆုံးပါ...."
ဆေးရုံအုပ်ကြီး၏မျက်နှာသည်အပျက်ပျက်
အယွင်းယွင်း....။
"မဟုတ်သေးဘူး သမီး...
အဲ့လိုမျိုးလုံးဝမဆုံးဖြတ်ပါနဲ့...
ဦး တို့ ဒီ မင်္ဂလာပွဲကိုဖြစ်အောင်လုပ်မှာပါ...."
"ဖြစ်အောင်လုပ်မယ်သာပြောတယ်
ဘယ်မှာလဲ ဦးတို့ရဲ့ သား...
ဟိုအကောင်ဆီကနေ ပြန်ထွက်မလာဘူး...."
"သမီးမှာ ကိုယ်ဝန်မရှိလာရင်တောင်
သူသမီးကို သေချာပေါက်လက်ထပ်ယူရမှာပါ
ခု ပို သေချာသွားတာပေါ့...
ဦးတို့ သွေးသားကို ဘယ်နည်းနဲ့မှမစွန့်လွှတ်ပါဘူး
Hanna...စိတ်ချပါ...."
ParkJimin လက်တောင်ပူအောင်မကိုင်ခဲ့ရ
ဖူးတဲ့ သူမမှာ ကလေးတယောက်ရနေပါပီ
ဟု Drama ဖန်တီးလည်း မျိုးဆက်ရူး
ရူးနေသော ဒီမိသားစုအဖို့ ဘာကိုမှစဉ်းစား
နိုင်တော့.....။
နောင်ခါလာ နောင်စျေးပဲလေ....။
"Park မိသားစုကို Hannaအရမ်းအထင်ကြီးခဲ့တာ
စိတ်ပျက်အောင်မလုပ်ကြပါနဲ့...
သူ့ဘက်က လုံးဝမဖြစ်နိုင်ဘူးဆို
ချက်ချင်းဖျက်ချပစ်မယ်..."
"မင်္ဂလာပွဲကို လုပ်မှာပါ...Hannna...
မာမီတာဝန်ထား...သမီးသာကိုယ့်ကိုကိုယ်
ဂရုစိုက်နေပေးပါ...
မာမီတို့ အရှက်ကွဲအကျိုးနည်းတော့အဖြစ်မခံ
နိုင်ဘူး ..."
ParkJiminအမေသည်ပိုထိရောက်သည့်
Key...။အမျိုးဂုဏ်ဇာတိဂုဏ်ပြင်းပြသော
လူကို အရှက်တရားအား ထပ်ခါထပ်ခါ
ခြိမ်းခြောက်လိုက်တဲ့အခါ မဖြစ်ဖြစ်အောင်
လုပ်ပေးတော့မယ်ဆိုတာသူမသိတာပေါ့....။
ဒီနေ့ သူမ လုပ်ငန်းတချို့အားလုံး
ရပ်ဆိုင်းလိုက်ရကာ လူကရူးချင်ချင်ပင်
ဖြစ်နေပြီ....Jeon JungKook၏
လှောင်ပြောင်မှုတွေကို ကြိုတင်တွေးပြီး
ခြောကိခြားကာ ဒီတခုကိုတော့
ထပ်ဆုံးရှုံး၍မဖြစ်.....အိမ်အထိလာ
မျက်နှာချင်းဆိုင်ရှင်းရှင်းလင်းလင်းမေးရတော့သည်။
"အရှက်ကတော့ ကွဲနေကြတာကြာပါပီ...
ပိုထပ်မကွဲတော့ပဲ ထိန်းသိမ်းဖို့လိုတာ
မိန်းမတယောက်ကို စားပီးနားမလည်လုပ်တဲ့
ယောကျ်ားတယောက်ရဲ့ ဘဝထက်
ပို အောက်တန်းကျတဲ့ ဘဝမျိုးမရှိဘူးဆိုတာ
မာမီတို့လည်းသိမှာပါ...
Hannnaဘာမှမမှားခဲ့ဘူး....."
"ဟုတ်ပါတယ်....မာမီတို့သိပါတယ်...
Jimin ကိုမာမီတို့ရအောင်ပြန်ခေါ်ပီး
မင်္ဂလာပွဲကို လုပ်ခိုင်းမှာပါ...
မာမီ့အသက်နဲ့ရင်းပီး သမီးကိုကတိပေးပါတယ်..."
"အလျှော်အစားတွေကြီးလိုက်တာ.
Hanna မာမီတို့ကိုယုံလိုက်ပါ့မယ်...."
"ယုံပေးပါ...."
Park ကတော်၏ မျက်နှာသည် သေးလွန်းနေကာ
ကျန်းမာရေးလည်းတော်တော်အဆင်မပြေနေပုံ
ရသည်။ ဆေးရုံအုပ်ကြီး၏မျက်နှာကတော့
တင်းမာနေကာ Park Jimin အားဘယ်လောက်
ဒေါသထွက်နေမလဲဆိုတာ ခန့်မှန်း၍ပင်မရ..။
နူတ်ဆက်ကာအိမ်ပြန်ခဲ့သည်...။
ချိုင့်ဝင်နေသောမျက်လုံးတွေနှင့်
အရင်ကလောက်မတောက်ပနေသော
သူမပုံစံအားကားမှန်ထဲတွင်ကြည့်ရင်း
Jk....ဆိုသော နာမည်နှစ်လုံးနှင့်
ကောင်းကောင်းဆိုးဆိုး ဘာတွေပဲလုပ်ခဲ့ခဲ့
လန်းဆန်းတက်ကြွနေဆဲဖြစ်ကာ
ကောင်မလေးတွေကြား ကောင်လေးတွေကြား
နာမည်ကြီးနေသော မုန်းစရာကောင်၏
မျက်နှာအားပြေးမြင်လာသည်...။
တချိန်က မျက်နှာငယ်လေးနှင့်တုန်တုန်ရီရီ
JeonJungKookဟာ...သူ့အဖေနဲ့တပုံစံထဲ
ကိုဖြစ်လာတာပဲ....။
ဘာတွေပဲဖြစ်ဖြစ်...အောင်မြင်ပီးသားငါ့ဘဝ
တောက်ပပီးသားငါ့ဘဝ
အကောင်းဆုံးယောကျ်ားကိုပိုင်ဆိုင်ပီးသား
ငါ့ဘဝကိုတော့ ငါထပ်ပီးမကျဆုံးချင်ဘူး...။
ချမ်းသာတဲ့ဒဏ်ကိုမခံနိုင်လို့ဒီပြသနာတွေ
တက်ခဲ့ရပါတယ်ဆို
ဆင်းရဲတဲ့ ဒဏ်ကိုခံရရင် ငါရူးသွားန်ိုင်တယ်.......။
..................
"ငါ့ကိုဖိအားတွေဝိုင်းပေးနေကြပီကောင်လေး
ငါတို့ထွက်ပြေးရအောင်....."
"မေမေက ငါသူ့ကိူလက်မထပ်ရင်
သတ်သေမယ်တဲ့......"
"ရက်ကနီးလာပီ....တခုခုလုပ်ပါအုန်း
ငါ့အမေကိုအဆုံးရှုံးမခံနိုငိသလို
ငါLeeHanna ကိုလည်းလက်မထပ်နိုင်ဘူး...."
"မင်း....သူ့ကိုပျက်ဆီးဖို့ပဲကြံမနေပါနဲ့
ငါ့ကိုကြည့်ပါအုန်း....ငါဒီပုံစံအတိုင်းဆို
ယူရတော့မယ်...."
"JeonJungkook ငါ့ကိုလက်ထပ်ပါ.....!!!!!"
လိပ်ပြာငယ်အား ထုရိုက်ငိုယိုကာ
ပေါက်ကွဲနေသောဆရာဝန်လေးသည်...
ဘယ့်ဘက်ကိုလှည့်လှည့်....
ဆူးတွေကြီး.....။
လိပ်ပြာငယ်၏နူတ်မှလည်း
ဖြေရှင်းဖို့ရာစကားတခွန်းမှထွက်မလာခဲ့....။
နောက်ဆုံးအချိန်အထိလက်စားချေဖို့ရန်သာ
ခေါင်းထဲအပြည့်ထည့်ထားခဲ့သည်။
တုန်လှုပ်စွာပင်သူစတွေးလာမိသည်က
JeonJungkook ၏လက်တုံ့ပြန်ဇာတ်ထဲ
ကသင့်သလောက်လည်းကပီးပီဆိုတော့
မလိုအပ်တော့လို့များစွန့်ပစ်လေပီလား...။
သူ့ကိုထပ်သုံး၍မရတော့လို့မသိလိုကိဖာသာ
နေလိုက်တော့တာလား...
LeeHannaနဲ့လက်ထပ်စေချင်ခဲ့တာလား....။
လက်ထပ်ပြီးထပ်လုပ်မယ့်အစီအစဉ်တွေ
ရှိနေတာကြောင့်လား...။
နောက်ဆုံးအထိ...နောက်ဆုံးအထိကို
Jeon JungKookက ရက်ရက်စက်စက်ကောင်ပါပဲ။
JeonJungkook ဟုတိုင်တည်အော်ငိုသံသည်
ခေါင်းမိုးထပ်လေးမှ ဆိုးလ်မြို့တခုလုံး
လို့ပျံ့နှံ့ခဲ့သည်...။
..............
နောက်နှစ်ပိုင်းဆို...ပီးပါပီ..။
လိုအပ်ချက်တွေရှိသွားပါလိမ့်မယ်
နည်းနည်းအိမ်မှာလည်းအဆင်မပြေလို့
ကြိုတောငိးပန်ထားပါတယ်
စာရေးတဲ့အလုပ်ကို တစ်သက်လုံး
ဘယ်တော့မှလညိးယုံကြည်မှုရှိမှာ
မဟုတ်လို့ ထပ်ခါထပ်ခါတောင်းပန်တာကို
မျက်စိမနောက်ကြပါနဲ့နော်.....။
ချစ်သော San🤍
Continue Reading
You'll Also Like
256K 20.1K 30
Uni + Zaw 🔥 မမျှော်လင့်ပဲ သူစိမ်းတစ်ယောက်နဲ့ လက်ထပ်မိသွားသောအခါ 🤭💜🙆 ရုပ်ရှင်တစ်ခုကိုအခြေခံပြီးရေးထားတာဆိုပါတော့ ဘယ်သူ့ဘယ်သူကိုမှ copy ထားတာမဟုတ်ပ...
1.3M 95.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
77.4K 9.4K 25
2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...