ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

633K 68.8K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206

2

8.5K 889 15
By Fiendyy

Unicode

အခန်း ၂) ဒါ..ဒါကြီးက ဟန်ကျိုးလီ မဟုတ်ဘူးလားဟင်..!

လုမန် ပြတင်းပေါက်ကနေ ခုန်ချလိုက်စဥ်မှာ တစ်စုံတစ်ယောက်က တံခါးကို တွန်းဖွင့်လိုက်လေသည်။

သို့ပေမယ့် လုမန်ဟာ ဒါတွေကို ဂရုမစိုက်တော့။

ကံအားလျော်စွာဖြင့် ခုန်ချပြီးသည့်နောက်တွင် မတ်တပ်ရပ်လို့ရလောက်မည့် သူမတစ်ယောက်စာ လသာဆောင်လေးတစ်ခန်း ပြတင်းပေါက်အပြင်တွင် ရှိနေပေသည်။

ဟိုတယ်ခန်းထဲမှ လူများ လသာဆောင်သို့ လာကြည့်ရန် လုပ်နေသည်ကို ပြတင်းပေါက်မှတစ်ဆင့် လုမန် မြင်လိုက်သည်။ ထို့ကြောင့် စိုးရိမ်တကြီးဖြင့် ဘေးဘီ ဝဲယာကိုကြည့်မိတော့ သူမ၏ ညာဘက်တွင်ရှိသည့် ဟိုတယ်အခန်း၏ ပြတင်းပေါက် ပွင့်နေကြောင်း တွေ့လိုက်ရ၍ အံ့သြဝမ်းသာဖြစ်သွားခဲ့ရသည်။

ကိုယ်တိုင်က အမြင့်ကြောက်တတ်သော်လည်း ညဘက်မှာရှိတဲ့ ပြတင်းပေါက်ကို တွယ်တက်ပြီး ယိုင်တိုင်တိုင်နှင့်လှမ်းကာ ကော်ဇောပေါ်ကို ခုန်ဆင်းလိုက်သည်။

ခန္ဓာကိုယ်က နှစ်ပတ်လောက်လှိမ့်သွားပြီး ရပ်သွားချိန်မှာ ညှပ်ဖိနပ်စီးထားသည့် ခြေထောက်တစ်စုံက မြင်ကွင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာ၏။

ထိုခြေထောက်တစ်စုံသည် သူမထက် ကြီးသည်။ တစ်ချက်ကြည့်ရုံနှင့် ယောက်ျားသားတစ်ယောက်၏ ခြေထောက်ဖြစ်ကြောင်း သိနိုင်ပေသည်။ ခြေသည်းတွေကို သေသပ်စွာ တိထားပြီး အပေါ်သို့တိုးကြည့်လိုက်လျှင် ရှည်သွယ်သည့် ခြေသလုံးကို မြင်ရသည်။ သူ၏ ခြေတံသည်ပင်လျှင် သာမန်လူတစ်ယောက်၏ ခြေတံထက် ပိုရှည်ပုံရသည်။

ခေါင်းကို နည်းနည်းလောက် ထပ်မော့လိုက်မှ သူ့ကိုယ်မှာ တဘက်တစ်ထည်ပဲ လွှမ်းထားသည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် အဖုအထစ်ကြွက်သားတွေကို သူမ မြင်တွေ့နိုင်သည်။ ဤယောက်ျားသည် တစ်ပါးသူ ပစ်ဝင်ချင်လောက်အောင် ခန္ဓာကိုယ်က တောင့်သည်။

သို့ပေမယ့် သူ့မျက်နှာကိုမြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် မိုးကြိုးအပစ်ခံလိုက်ရသည့်ပမာ သူမ ကြက်သေသေသွားသည်။

ဒါ..ဒါကြီးက ဟန်ကျိုးလီ မဟုတ်ဘူးလားဟင်!

အတိတ်ဘဝမှာ သူ့ကို အနီးကပ် မြင်တွေ့နိုင်မယ့် အခွင့်အရေးမျိုး မရရှိခဲ့ချေ။ လူမှုရေးပွဲတွေမှာသာ လုချီ၏ အကူအနေဖြင့် သူ့ကို အဝေးကနေ မြင်ဖူးခဲ့သည်။

ဟန်ကျိုးလီသည် ဟန်မီဒီယာကုမ္ပဏီ၏ စီအီးအို ဖြစ်ပြီး သတင်းမီဒီယာများတွင် မကြာခဏ ပါလာတတ်သည်။

အထင်ကြီးမိစေသော ရုပ်ရည် နှင့် အနုပညာလုပ်ငန်း၏ တစ်ဝက်ကျော်လောက်ကို ပိုင်ဆိုင်ထားသော်လည်း သူသည် ဘယ်အမျိုးသမီးအနုပညာရှင်နှင့်တော့ အတူရှိနေသည် ဟူသော ကောလာဟလမျိုး လုံးဝ ထွက်ပေါ်ခဲ့ခြင်း မရှိပါ။

ထို့ကြောင့် သူ့ကို အမျိုးကောင်းသား အဖြစ် သဘောထားကြပြီး စိတ်ကူးယဥ်တတ်သည့် ငယ်ရွယ်သော အမျိုးသမီးများစွာမှာ သူ့ကို ၎င်းတို့၏ စံပြလက်တွဲဖော်အဖြစ် မှတ်ယူကြသည်။

ဒါပေမယ့်လေ သူက ဘာလို့ ဒီမှာ ရှိနေရတာလဲ..

သူမရဲ့ အရင်ဘဝမှာလည်း ဒီဘေးခန်းမှာပဲ ရှိနေခဲ့တာလား..

ဒါဆိုရင် သူမကို ရဲတွေဖမ်းသွားတဲ့အချိန် ကတောက်ကဆဖြစ်တာတွေကိုပါ သူ မြင်ခဲ့လား

ဟန်ကျိုးလီက သူမကို ရယ်သွေးသွမ်းစွာ ကြည့်သည်။
" ငါ့ဆီကို ပစ်ဝင်ချင်ကြတဲ့ မိန်းမတွေကို မြင်ဖူးပေမယ့် ပြတင်းပေါက်ကနေ ဖက်တက်လာတဲ့ မိန်းမကိုတော့ မမြင်ဖူးသေးဘူး "

ဟန်ကျိုးလီက အနည်းငယ် ညွတ်ကိုင်းလာစဥ် လုမန်မျက်လုံးတွေက သူ့ခါးတွင် ရစ်ပတ်ထားသည့် တဘက်ဆီရောက်သွားသည်။ တဘက်သည် သူ လှုပ်ရှားလိုက်တာနှင့် အချိန်မရွေး ကျွတ်ကျတော့မည့် ပမာ။

နောက်ခဏတွင် သူမအောက်မေးရိုးကို ရှည်သွယ်သော လက်ချောင်းများက ဖမ်းဆုပ်သွားသည်။ " ငါတို့ရောက်နေတာက ၂၆ထပ်မှာဆိုတော့ မင်း တော်တော် ကြိုးစားခဲ့တဲ့ပုံပဲ "

လုမန် စကားပြောမည် အလုပ်တွင် အပြင်ဘက် လသာဆောင်မှ ရုတ်ရုတ်သဲသဲ အသံတစ်ချက် ထွက်ပေါ်လာသည်။

" ဘယ်လိုဖြစ်လို့ ဒီမှာ တစ်ယောက်မှ မရှိရတာလဲ။ လသာဆောင်ကနေ ထွက်သွားပြီလား "

အသံကြောင့် လုမန် ကြက်သေသေသွားသည်။

အတိတ်ဘဝမှာဖြစ်စေ ယခုဘဝမှာဖြစ်စေ
ဒီအသံကို မေ့လို့ရမည် မဟုတ်ပေ။

အသံက သူမကောင်လေး၏ အသံ၊ နောက်ပိုင်း ခင်ပွန်းလောင်းဖြစ်လာခဲ့သည့် ခွေးကောင် ဟဲကျိန့်ပိုင်၏ အသံဖြစ်သည်။

အတိတ်ဘဝမှာ ဒါရိုက်တာက အသက်မသေဘဲ ဒဏ်ရာပြင်းပြင်းသာ ရရှိခဲ့သည်။

သူမမှာလည်း တမင်ရည်ရွယ်၍ ထိခိုက်ရန် ကြံစည်မှုဖြင့် အကျဥ်းချခံထားရစဥ် ခံရသူက ဒဏ်ရာပြင်းပြင်း ရသွားသဖြင့် ထောင်ဒဏ် ၈နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ထိုပြသာနာတွေထဲကို သူမရောက်သွားသည်နှင့် ထိုယောက်ျားဟာ သူမနှင့်လမ်းခွဲခဲ့တာကြာပြီဖြစ်ကြောင်း၊ သူမနှင့်သူ ဘာမှမပတ်သက်တော့ကြောင်းကို မီဒီယာရှေ့တွင် ချက်ချင်း ပြောကြားခဲ့သည်။

ဒါလေးပဲဆိုလျှင် သူ့ကို မုန်းမိမည် မဟုတ်ပေ။ သူ့အတွက်နှင့် မျက်ကန်းတစ္ဆေပမာ ဖြစ်သမျှကို လက်ခံလိုက်မည်ပင်။

သို့သော်လည်း သူမ ထောင်ကလွတ်လာတော့ သူက လုချီနှင့် စေ့စပ်ထားပြီး ဖြစ်ကာ နှစ်ယောက်စလုံးကို လူထုက နေလရွှေမြစုံတွဲပမာ ချီးမွမ်းနေကြလေပြီ။

လက်စသတ်တော့ ဒီအဖြစ်ဆိုးကြီး မဖြစ်သွားခင်ကတည်းက သူတို့ တွဲခုတ်နေကြတာဖြစ်၏။

ထို့ကြောင့် သူတစ်ပါးကို ထိခိုက်အောင်လုပ်ပြီး လုချီ ထွက်ပြေးသွားပြီးနောက်မှာ အကူအညီတောင်းခံခဲ့သည့်လူက ဟဲကျိန့်ပိုင် ဖြစ်သည်။

ဟိုတယ်အခန်းကို လုချီနှင့်အတူ ပြန်လာပြီး ခြေရာလက်ရာမကျန် အစဖျောက်ကာ လုမန်အပေါ်အပြစ်ပုံချခဲ့ခြင်းသည်လည်း သူ့အကြံပင်ဖြစ်သည်။

ထိုစဥ်က သူမဒုက္ခရောက်ခဲ့ရခြင်းမှာ အဆန်းမဟုတ်လေတော့။ သူ့ကို အကူအညီသွားတောင်းတော့ ရှာမတွေ့ခဲ့တာဟာ ထိုချောက်ချကြံစည်မှုသည် သူ့အကြံဖြစ်နေ၍ပင်။

ထောင်ကလွတ်လာတော့လည်း ဟဲကျိန့်ပိုင်က သူမကို မြင်သည့်အခါ အထင်သေးစွာဖြင့် ကြည့်ရင်း ထိုသို့ ပြောခဲ့သေး၏။
" အခု မင်းပုံစံကို မှန်ထဲမှာ ကြည့်လိုက်ပါဦး
ဟိုတုန်းကတောင် ငါနဲ့မလိုက်ဖက်တာ အခုဆိုရင် ပိုဆိုးပေါ့ကွာ မင်းက ငါနဲ့မတန်ဘူး "

လူကို သူတောင်းစားသာသာ သဘောထားပြီး ပိုက်ဆံအိတ်ထဲက အကြွေ ၁၀ယွမ် ထုတ်ကာ ခြေထောက်အောက်ပင် ပစ်ချပေးခဲ့သည်။

⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒

Zawgyi

အခန္း ၂) ဒါ..ဒါႀကီးက ဟန္က်ိဳးလီ မဟုတ္ဘူးလားဟင္..!

လုမန္ ျပတင္းေပါက္ကေန ခုန္ခ်လိုက္စဥ္မွာ တစ္စံုတစ္ေယာက္က တံခါးကို တြန္းဖြင့္လိုက္ေလသည္။

သို႔ေပမယ့္ လုမန္ဟာ ဒါေတြကို ဂရုမစိုက္ေတာ့။

ကံအားေလ်ာ္စြာျဖင့္ ခုန္ခ်ၿပီးသည့္ေနာက္တြင္ မတ္တပ္ရပ္လို႔ရေလာက္မည့္ သူမတစ္ေယာက္စာ လသာေဆာင္ေလးတစ္ခန္း ျပတင္းေပါက္အျပင္တြင္ ရိွေနေပသည္။

ဟိုတယ္ခန္းထဲမွ လူမ်ား လသာေဆာင္သို႔ လာၾကည့္ရန္ လုပ္ေနသည္ကို ျပတင္းေပါက္မွတစ္ဆင့္ လုမန္ ျမင္လိုက္သည္။ ထို႔ေၾကာင့္ စိုးရိမ္တႀကီးျဖင့္ ေဘးဘီ ဝဲယာကိုၾကည့္မိေတာ့ သူမ၏ ညာဘက္တြင္ရိွသည့္ ဟိုတယ္အခန္း၏ ျပတင္းေပါက္ ပြင့္ေနေၾကာင္း ေတြ့လိုက္ရ၍ အံ့ၾသဝမ္းသာျဖစ္သြားခဲ့ရသည္။

ကိုယ္တိုင္က အျမင့္ေၾကာက္တတ္ေသာ္လည္း ညဘက္မွာရိွတဲ့ ျပတင္းေပါက္ကို တြယ္တက္ၿပီး ယိုင္တိုင္တိုင္ႏွင့္လွမ္းကာ ေကာ္ေဇာေပၚကို ခုန္ဆင္းလိုက္သည္။

ခႏၶာကိုယ္က ႏွစ္ပတ္ေလာက္လိွမ့္သြားၿပီး ရပ္သြားခ်ိန္မွာ ၫွပ္ဖိနပ္စီးထားသည့္ ေျခေထာက္တစ္စံုက ျမင္ကြင္းထဲသို႔ ရုတ္တရက္ ဝင္ေရာက္လာ၏။

ထိုေျခေထာက္တစ္စံုသည္ သူမထက္ ႀကီးသည္။ တစ္ခ်က္ၾကည့္ရံုႏွင့္ ေယာက္်ားသားတစ္ေယာက္၏ ေျခေထာက္ျဖစ္ေၾကာင္း သိႏိုင္ေပသည္။ ေျခသည္းေတြကို ေသသပ္စြာ တိထားၿပီး အေပၚသို႔တိုးၾကည့္လိုက္လ်ွင္ ရွည္သြယ္သည့္ ေျခသလံုးကို ျမင္ရသည္။ သူ၏ ေျခတံသည္ပင္လ်ွင္ သာမန္လူတစ္ေယာက္၏ ေျခတံထက္ ပိုရွည္ပံုရသည္။

ေခါင္းကို နည္းနည္းေလာက္ ထပ္ေမာ့လိုက္မွ သူ႔ကိုယ္မွာ တဘက္တစ္ထည္ပဲ လႊမ္းထားသည္ကို သတိျပဳမိလိုက္သည္။ ထို႔ေၾကာင့္ အဖုအထစ္ႂကြက္သားေတြကို သူမ ျမင္ေတြ့ႏိုင္သည္။ ဤေယာက္်ားသည္ တစ္ပါးသူ ပစ္ဝင္ခ်င္ေလာက္ေအာင္ ခႏၶာကိုယ္က ေတာင့္သည္။

သို႔ေပမယ့္ သူ႔မ်က္ႏွာကိုျမင္လိုက္ရသည္ႏွင့္တစ္ၿပိဳင္နက္ မိုးႀကိဳးအပစ္ခံလိုက္ရသည့္ပမာ သူမ ၾကက္ေသေသသြားသည္။

ဒါ..ဒါႀကီးက ဟန္က်ိဳးလီ မဟုတ္ဘူးလားဟင္!

အတိတ္ဘဝမွာ သူ႔ကို အနီးကပ္ ျမင္ေတြ့ႏိုင္မယ့္ အခြင့္အေရးမ်ိဳး မရရိွခဲ့ေခ်။ လူမႈေရးပြဲေတြမွာသာ လုခ်ီ၏ အကူအေနျဖင့္ သူ႔ကို အေဝးကေန ျမင္ဖူးခဲ့သည္။

ဟန္က်ိဳးလီသည္ ဟန္မီဒီယာကုမၸဏီ၏ စီအီးအို ျဖစ္ၿပီး သတင္းမီဒီယာမ်ားတြင္ မၾကာခဏ ပါလာတတ္သည္။

အထင္ႀကီးမိေစေသာ ရုပ္ရည္ ႏွင့္ အႏုပညာလုပ္ငန္း၏ တစ္ဝက္ေက်ာ္ေလာက္ကို ပိုင္ဆိုင္ထားေသာ္လည္း သူသည္ ဘယ္အမ်ိဳးသမီးအႏုပညာရွင္ႏွင့္ေတာ့ အတူရိွေနသည္ ဟူေသာ ေကာလာဟလမ်ိဳး လံုးဝ ထြက္ေပၚခဲ့ျခင္း မရိွပါ။

ထို႔ေၾကာင့္ သူ႔ကို အမ်ိဳးေကာင္းသား အျဖစ္ သေဘာထားၾကၿပီး စိတ္ကူးယဥ္တတ္သည့္ ငယ္ရြယ္ေသာ အမ်ိဳးသမီးမ်ားစြာမွာ သူ႔ကို ၄တို႔၏ စံျပလက္တြဲေဖာ္အျဖစ္ မွတ္ယူၾကသည္။

ဒါေပမယ့္ေလ သူက ဘာလို႔ ဒီမွာ ရိွေနရတာလဲ..

သူမရဲ့ အရင္ဘဝမွာလည္း ဒီေဘးခန္းမွာပဲ ရိွေနခဲ့တာလား..

ဒါဆိုရင္ သူမကို ရဲေတြဖမ္းသြားတဲ့အခ်ိန္ ကေတာက္ကဆျဖစ္တာေတြကိုပါ သူ ျမင္ခဲ့လား

ဟန္က်ိဳးလီက သူမကို ရယ္ေသြးသြမ္းစြာ ၾကည့္သည္။
" ငါ့ဆီကို ပစ္ဝင္ခ်င္ၾကတဲ့ မိန္းမေတြကို ျမင္ဖူးေပမယ့္ ျပတင္းေပါက္ကေန ဖက္တက္လာတဲ့ မိန္းမကိုေတာ့ မျမင္ဖူးေသးဘူး "

ဟန္က်ိဳးလီက အနည္းငယ္ ၫြတ္ကိုင္းလာစဥ္ လုမန္မ်က္လံုးေတြက သူ႔ခါးတြင္ ရစ္ပတ္ထားသည့္ တဘက္ဆီေရာက္သြားသည္။ တဘက္သည္ သူ လႈပ္ရွားလိုက္တာႏွင့္ အခ်ိန္မေရြး ကြၽတ္က်ေတာ့မည့္ ပမာ။

ေနာက္ခဏတြင္ သူမေအာက္ေမးရိုးကို ရွည္သြယ္ေသာ လက္ေခ်ာင္းမ်ားက ဖမ္းဆုပ္သြားသည္။ " ငါတို႔ေရာက္ေနတာက ၂၆ထပ္မွာဆိုေတာ့ မင္း ေတာ္ေတာ္ ႀကိဳးစားခဲ့တဲ့ပံုပဲ "

လုမန္ စကားေျပာမည္ အလုပ္တြင္ အျပင္ဘက္ လသာေဆာင္မွ ရုတ္ရုတ္သဲသဲ အသံတစ္ခ်က္ ထြက္ေပၚလာသည္။

" ဘယ္လိုျဖစ္လို႔ ဒီမွာ တစ္ေယာက္မွ မရိွရတာလဲ။ လသာေဆာင္ကေန ထြက္သြားၿပီလား "

အသံေၾကာင့္ လုမန္ ၾကက္ေသေသသြားသည္။

အတိတ္ဘဝမွာျဖစ္ေစ ယခုဘဝမွာျဖစ္ေစ
ဒီအသံကို ေမ့လို႔ရမည္ မဟုတ္ေပ။

အသံက သူမေကာင္ေလး၏ အသံ၊ ေနာက္ပိုင္း ခင္ပြန္းေလာင္းျဖစ္လာခဲ့သည့္ ေခြးေကာင္ ဟဲက်ိန္႔ပိုင္၏ အသံျဖစ္သည္။

အတိတ္ဘဝမွာ ဒါရိုက္တာက အသက္မေသဘဲ ဒဏ္ရာျပင္းျပင္းသာ ရရိွခဲ့သည္။

သူမမွာလည္း တမင္ရည္ရြယ္၍ ထိခိုက္ရန္ ႀကံစည္မႈျဖင့္ အက်ဥ္းခ်ခံထားရစဥ္ ခံရသူက ဒဏ္ရာျပင္းျပင္း ရသြားသျဖင့္ ေထာင္ဒဏ္ ၈ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရသည္။ ထိုျပသာနာေတြထဲကို သူမေရာက္သြားသည္ႏွင့္ ထိုေယာက္်ားဟာ သူမႏွင့္လမ္းခြဲခဲ့တာၾကာၿပီျဖစ္ေၾကာင္း၊ သူမႏွင့္သူ ဘာမွမပတ္သက္ေတာ့ေၾကာင္းကို မီဒီယာေရ႔ွတြင္ ခ်က္ခ်င္း ေျပာၾကားခဲ့သည္။

ဒါေလးပဲဆိုလ်ွင္ သူ႔ကို မုန္းမိမည္ မဟုတ္ေပ။ သူ႔အတြက္ႏွင့္ မ်က္ကန္းတစၧေပမာ ျဖစ္သမ်ွကို လက္ခံလိုက္မည္ပင္။

သို႔ေသာ္လည္း သူမ ေထာင္ကလြတ္လာေတာ့ သူက လုခ်ီႏွင့္ ေစ့စပ္ထားၿပီး ျဖစ္ကာ ႏွစ္ေယာက္စလံုးကို လူထုက ေနလေရႊျမစံုတြဲပမာ ခ်ီးမြမ္းေနၾကေလၿပီ။

လက္စသတ္ေတာ့ ဒီအျဖစ္ဆိုးႀကီး မျဖစ္သြားခင္ကတည္းက သူတို႔ တြဲခုတ္ေနၾကတာျဖစ္၏။

ထို႔ေၾကာင့္ သူတစ္ပါးကို ထိခိုက္ေအာင္လုပ္ၿပီး လုခ်ီ ထြက္ေျပးသြားၿပီးေနာက္မွာ အကူအညီေတာင္းခံခဲ့သည့္လူက ဟဲက်ိန္႔ပိုင္ျဖစ္သည္။

ဟိုတယ္အခန္းကို လုခ်ီႏွင့္အတူ ျပန္လာၿပီး ေျခရာလက္ရာမက်န္ အစေဖ်ာက္ကာ လုမန္အေပၚအျပစ္ပံုခ်ခဲ့ျခင္းသည္လည္း သူ႔အႀကံပင္ျဖစ္သည္။

ထိုစဥ္က သူမဒုကၡေရာက္ခဲ့ရျခင္းမွာ အဆန္းမဟုတ္ေလေတာ့။ သူ႔ကို အကူအညီသြားေတာင္းေတာ့ ရွာမေတြ့ခဲ့တာဟာ ထိုေခ်ာက္ခ်ႀကံစည္မႈသည္ သူ႔အႀကံျဖစ္ေန၍ပင္။

ေထာင္ကလြတ္လာေတာ့လည္း ဟဲက်ိန္႔ပိုင္က  သူမကို ျမင္သည့္အခါ အထင္ေသးစြာျဖင့္ ၾကည့္ရင္း ထိုသို႔ ေျပာခဲ့ေသး၏။
" အခု မင္းပံုစံကို မွန္ထဲမွာ ၾကည့္လိုက္ပါဦး
ဟိုတုန္းကေတာင္ ငါနဲ႔မလိုက္ဖက္တာ အခုဆိုရင္ ပိုဆိုးေပါ့ကြာ မင္းက ငါနဲ႔မတန္ဘူး "

လူကို သူေတာင္းစားသာသာ သေဘာထားၿပီး ပိုက္ဆံအိတ္ထဲက အေႂကြ ၁၀ယြမ္ ထုတ္ကာ ေျခေထာက္ေအာက္ပင္ ပစ္ခ်ေပးခဲ့သည္။

⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒⇒

Continue Reading

You'll Also Like

282K 7.1K 31
Riley Smith is about as troubled as they come, he's anorexic but in denial about it and fights a lot. What happens when his parents kick him out then...
59.7K 2.2K 23
The oldest Gilbert The strongest Gilbert The mate of the mikaelson men No one talks about William Gilbert. The adopted older brother to Elena and J...
4M 167K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
2.5M 148K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...