JungKook ကဆေးရုံဆင်းသွားသော
နေ့ကျမှ သူအိမ်ပြန်ဖြစ်ခဲ့သည်...။
ဆေးကုမပေးနိုင်ခဲ့ပေမယ့်
Yoongi ဆီမှ နေ့တိုင်းအခြေအနေတွေကို
မေးကာ တစ်နာရီတောင်စိတ်ချလက်ချ
အိမ်မပြန်ရဲ..။
ညဘက်တွေ အနာရှိန်ကြောင့်ဖျားနေခဲ့ပြီဆို
တညလုံးလိုလို သူမအိပ်ခဲ့ရပါ။
ခပ်ဝေးဝေးမှ သူနာပြုတွေအားညွှန်ကြား
ပေးရင်း မျက်နှာတော့မပြရဲတော့.....။
ထပ်ထပ်ပြီးမနာကျင်နိုင်တော့ပါ...။
စိတ်သည် အဆုံးအထိ ကြေမွခဲ့ပြီးပြီ...။
အရင်ကJin Hyungနဲ့သာဆေးရုံဆင်း
ဆေးရုံတက်ကို ရိုးရှင်းစွာပြီးသွားတတ်ပေမယ့်
ဒီတစ်ခေါက်တော့ အခြွေအရံ ဆယ်ချီနှင့်
အနက်ရောင်ဝမ်းဆက်ကို မဲမှောင်နေအောင်
ဝတ်ကာ ကားပေါ်တက်သွားသောသူ...။
သွားမနူတ်ဆက်ဖြစ်တော့....
အခြေအနေတွေကို မမေးဖြစ်တော့....
ဒီတိုင်းသာငေးကြည့်နေခဲ့ရသည်....။
ဘောင်းဘီအိတ်ထဲလက်ထည့်ကာ
ကားတံခါးဖွင့်အပေးကိုစောင့်နေသော
ပေတေတေပုံစံ က ဘုရားစူး သူ့ကောင်လေးပါ....။
အိမ်ပြန်လာခဲ့ပြီး ခဏလေးဖြစ်ဖြစ်
အနားယူရန်စဉ်းစားလိုက်သည်။
၁၅ရက်ကျော်၁၆ရက်မျှ အလူးအလဲ
ဒေါသနှင့် ဝမ်းနည်းမှုကို တလှည့်စီဖြေရှင်း
ပြီးနောက် တရက်လောက်တော့အိပ်လိုက်မှ....။
အကြောတင်းကိုချော့ရအုန်းမည်။
"မင်းမျက်နှာကိုမြင်ရင်တောင်ဟိုက
အသေသတ်ချင်နေတာ....စိတ်ကောက်နေတာ
ဖြစ်မလားကွ....."
သူ့ဟာသူ ဘာကြီးပဲကြီးကြီးကျယ်ကျယ်
ခံစားနေပါစေ....စိတ်ထဲတွင်
ရိုးရှင်းစွာစိတ်ကောက်နေသောကလေးပေါက်လေး
ဟုသဘောထားလိုက်ရင်လည်းအဆင်ပြေတာပဲ
မလား....။
နွားနို့ပူပူနဲ့မျက်နှာတည့်တည့်ပက်ခဲ့ရင်တောင်
အနားမှာရှိတဲ့ဘယ်အရာနဲ့မဆိုပစ်ပေါက်
လိုက်နိုင်ရင်တောင်
ဆေးရုံဝန်းအလယ် တွန်းချ ပစ်နိုင်ခဲ့ရင်တောင်
ကောင်လေးဟာ...သူ့နှလုံးသားထဲတော့
စိတ်ကောက်နေတာပဲ....။
မဟုတ်လည်း...ဟုတ်တယ်...
ဟုတ်တယ်လို့ပဲ သတ်မှတ်ပြီး
နေ့တွေများစွာချော့ရမည်..
လတွေများစွာချော့ရမည်
နှစ်တွေ...အထိတောင်ဆိုလည်း...
ရီမောသံလေးတွေကို မစွန့်လွှတ်နိုင်၍
ခြေဖဝါးရဲရဲလေးအောက် ParkJimin တို့
ရှူံးရအုန်းမည်.....။
အခန်းထဲမောပန်းစွာဝင်လိုက်သည်နှင့်
ရင်ဝကိုဆောင့်ကန်ပစ်လိုက်သလို
ရေချိုးခန်းထဲမှ ခေါင်းသုတ်ကာထွက်လာသော
LeeHanna.....။
"ကိုနောက်ဆုံးတော့ ပြန်လာပြီပဲ..."
ဆေးရုံမှာနေစဉ် LeeHannaအိမ်မှာနေနေတယ်
ဆိုတာသိခဲ့ရပေမယ့်အာရုံမစိုက်နိုင်ခဲ့။
ဖုန်းတခါခေါ်ကာချက်ချင်းပြန်ရန်ပြောပီး
တစ်ချိန်လုံး JungKookအပေါ်ပဲစိတ်နှစ်နေခဲ့
တာကြောင့် သူတစ်ချက်တော့မေ့သွားသည်။
ဒီမိန်းမ ဒီလောက် မျက်နှာပြောင်တိုက်နိုင်မယ်
လို့လည်းမထင်။
"နင်ငါ့အခန်းထဲမှာဘာလုပ်နေတာလဲ....!!!"
"ရေချိုးနေတာလေ....."
ParkJimin ၏ပြိုပျက်သွားသောမျက်နှာ
သည်ဟန်ပင်မဆောင်နိုင်ခဲ့....။
သူမဆီသို့ပြေးလာခဲ့ပြီးနောက်
လက်တွေကိုဆွဲဆောင့်ကာအခန်းပြင်သို့
ချက်ချင်းဆွဲထုတ်တော့သည်....။
"တော်လောက်ပီ LeeHanna......!!!!!"
အခန်းပြင်ကြမ်းပြင်ပေါ်တွန်းလွှတ်လိုက်တော့
သဘက်တထည်သာပတ်ထားသော
သူမကမျက်လုံးထဲတွင်သေလောက်အောင်
ရွံစရာကောင်းနေခဲ့ပြန်သည်။
အရင်ကအထင်ကြီးခဲ့ခြင်းတွေ
LeeHanna ၏ Brandသည် အပေါစား
ထုတ်ကုန်တခုလို မြင်ရင်ကြည့်ရင်း
နဲ့ပင် တန်ဖိုးတွေမရှိတော့.....။
"ParkJimin....!!!"
မေမေ့အသံ.....။
ချက်ချင်းရောက်လာခဲ့သောမေမေသည်
Hanna ကိုဆွဲထူကာ အခန်းထဲသို့ပြန်ရန်
ပြောလိုက်သည်။Hanna သည်
ရေစက်လက်ဆံပင်တွေနှင့်
အခန်းထဲသို့ သူ့အားတချက်မျှစိုက်ကြည့်ကာ
ပြန်ဝင်သွားသည်....။
LeeHanna ဘဝက ယောကျ်ားတစ်ယောက်
လက်မခံနိုင်လွန်းလို့ ဆွဲထုတ်နှင်ထုတ်
ရသော အတိုင်းအတာတခုကိုတောင်
ရောက်နေခဲ့ပြီပဲ.....။
မှန်ထဲတွင်သူမကိုယ်သူမကြည့်ရင်း
မယုံနိုင်စွာရီမောနေမိသည်....။
ဘယ်လောက် နာကျင်ဖို့ကောင်းတဲ့
ဟာသ မျိုးလဲ ကိုရယ်......။
"ငါခေါ်ထားတာ..."
"ပြန်လွှတ်လိုက်..."
"နင်မမိုက်မဲစမ်းနဲ့ ParkJimin....
ငါတို့သေတာကိုမြင်ချင်နေတာလား..."
"မေမေတို့လည်းကျတော်သေတာကို
မြင်ချင်နေတဲ့ပုံပဲ...."
"နင်မိန်းမတစ်ယောက်ကိုခုယူချင်တယ်
ခုမယူချင်တော့ဘူး လုပ်လို့မရဘူး
Jimin နင်တို့လူသိရှငိကြားတွဲပြီး
လူသိရှင်ကြား စေ့စပ်ခဲ့ကြတာ
ခု ပျက်ဆီးကုန်ရင် ပတ်ဝန်းကျင်က
ဘယ်လောက်တောင်ပြောဆိုဝေဖန်ကြမလဲ
နင်ဂရုစိုက်ပေမယ့် ငါဂရုစိုက်တယ်
နင်မရှက်ပေမယ့် ငါရှက်တယ်...."
"စေ့စပ်ပွဲဖျက်ရုံနဲ့ သေမသွားဘူး...."
"နင်မသေနိုင်ပေမယ့် ငါတို့ဂုဏ်သိက္ခာတွေသေနိုင်တယ်
ပညာတွေအများကြီး
သင်ထားတာ နင်ဒီလိုပေါက်ကရတွေလုပ်ဖို့လား..."
"မာမီသူ့ကို ဆက်ထားမယ်ဆိုရင်
ကျတော်တခြားနေရာမှာသွားနေမယ်
ကျတော်စိတ်ရောလူရောအရမ်းပင်ပန်းနေပြီ..."
သိပ်အများကြီးအတိုက်အခံတွေလည်း
လုပ်မနေချင်..။ဒီမိန်းမမျက်နှာမကြည့်ချင်လျှင်
တခြားနေရာသွားနေလည်းရတာပဲ...။
စကားအခြေအတင်မာမီနဲ့လည်း
မငြင်းချင်တော့....။
လှည့်ထွက်သွားလိုက်သည်...။
စိတ်ညစ်ရမဲ့ကိစ္စရပ်တွေ JeonJungKook
စိတ်ဆိုးမပြေမချင်းအများကြီးကြုံဆုံရအုန်းမည်။
တခြားပြသနာတွေနဲ့ထပ်တော့
မပူးပေါင်းချင်တော့။
"JeonJungKookက နင့်ကိုလူလို
တောင်မဆက်ဆံတော့တာကို
နင်ဘာတွေဖက်တွယ်နေချင်နေသေးတာလဲ..Jimin.."
ထွက်သွားမည့်ဆဲဆဲ မာမီ့စကားသည်
ရင်ထဲအောင့်သွားရသည်။
လက်သီးတွေဆုပ်ကာအခန်းထဲသို့
ပြန်ဝင်ခဲ့ရင်း မှန်တင်ခုံရှေ့ငုတ်တုတ်ထိုင်
နေသော LeeHanna၏မျက်နှာတည့်တည့်အား
အရှိန်ပြင်းစွာရိုက်ချလိုက်တော့
မေမေတင်မက အိမ်အကူတချို့ပါ ဝင်လာကာ
သူ့ကိုဝိုင်းဆွဲကြတော့သည်။
"ParkJimin နင် ရူးသွားပီလား...!!!!!"
"လူလိုဆက်ဆံမခံရတော့အောင်
လုပ်တဲ့ တရားခံကို မာမီသိအောင်ပြပေးတာလေ.."
"Hanna ကို့ကိုမစွန့်လွှတ်နိုင်လို့..လုပ်မိတာပါ..."
"စောက်ပါးစပ်ပိတ်ထား.....!!!"
"နင်နေချင်တဲ့နေရာမှနေလို့ရတယ်
ငါ့မျက်စိရှေ့တော့ပေါ်မလာစေနဲ့
နင်လိုမိန်းမ ကို ငါလုံးဝလက်မထပ်ဘူး..."
"ရှင်ဖောက်ပြန်လို့...ကျမဘက်ကဒီလောက်
တောင်လုပ်ပိုင်ခွင့်မရှိဘူးလား
လွန်ခဲ့တာကရှင်ပါ...!!!"
"အေး အဲ့တာကြောင့် ဖောက်ပြန်တတ်တဲ့
ငါ့ကို ကပ်မနေဘဲ သွားလိုက်တော့.."
"သွားစရာမလိုဘူး...Hanna က
ဒီအိမ်ရဲ့ချွေးမပဲ...ဘာတွေဖြစ်ဖြစ်
နင်လက်ကိုလက်ထပ်ရမယ်...ParkJimin..!!"
Jiminသည် အိတ်တအိတ်ယူကာ
အဝတ်အစားတချို့ပစ်ထည့်ပြီးနောက်
ဘယ်သူတစ်ဦးတစ်ယောက်၏မျက်နှာကို
မှထပ်မကြည့်ဘဲ...ဘာစကားမှထပ်မပြောဘဲ
အခန်းတံခါးအားကြမ်းတမ်းစွာပိတ်ကာ
ထွက်လာခဲ့သည်။
ဝမ်းနည်းသည်....။
ဘဝသည် မိန်းမတစ်ယောက်ကို
မစဉ်းစားဘဲ ရိုက်ပစ်နိုင်သည့်
ဆိုးဝါးသည့်ယောကျ်ားတစ်ယောက်
အဖြစ်သို့ ဘယ်သူ့ကိုမဆိုနူးနူးညံ့ညံ့ကြည့်ကာ
မနာကျင်ရတော့အောင် ဝေဒနာတွေပျောက်ကင်း
အောင် ဆေးကုပေးခဲ့ရသော
ဆရာဝန်ကောင်းဘဝမှပြောင်းလဲခဲ့ရသည်။
စကားကြမ်းတွေမပြောနဲ့အုန်း
စကားမာမာတောင် သူသိပ်ပြောလေ့ပြောထမရှိ
Perfect ဖြစ်အောင် အပြစ်ဟူ၍
တမှုန်တမွှားတောင် မရှိရလေအောင်
သိမ်သိမ်မွေ့မွေ့နေခဲ့တာပါ.....။
ကိုယ့်ကိုကိုယ်လည်းနှမြောလှပါသည်......။
ကားကိုအမြန်ဆုံးမောင်းကာ သူအိမ်ပြောင်းခဲ့သည်က
သူနဲ့ကောင်လေးတို့၏ အချစ်ဘုံလေးကို....။
လွမ်းမည်....။နူတ်ခမ်းအောက်ကမဲ့နက်ကလေးကို
ရူးမတတ် သွားလွမ်းလိုက်ပါအုန်းမည်....။
..................။
ဆေးရုံမှအိမ်ကိုပြန်ရောက်တော့အခန်းတံခါးပိတ်ကာ
သုံးရက်လောက်အထိ အသံတိတ်နေသော
လိပ်ပြာငယ်သည်....ပြတင်းပေါက်နားက
ခုံလေးမှာမှီထိုင်ရင်း ငြိမ်သက်နေခဲ့သည်။
သွေးရူးသွေးတန်းဓားတရမ်းရမ်းဖြင့်
ကိုယ့်ကိုကိုယ် နာကျင်စေသော ပုံရိပ်တွေသည်
တစ်ခန်းလုံးတွေအပြည့်။
အိပ်ယာပေါ်တွင်
စိတ်ကောက်နေသောကောင်လေးအား
စ်တ်မရှည်စွာချော့နေသော လူ၏
မာယာတစ်သိန်းအား ကြည့်နေသည်...။
မမောရလေအောင် သူနမ်းပေးပါ့မယ်ဆိုတဲ့
ရီစရာ အတိမ်းအညွှတ် အကွေ့အဝိုက်တွေ
ကြား JeonJungKookတို့
အသိစိတ်ပျောက်အောင် စွဲလန်းခဲ့တာ...။
"နင့်ကိုသနားလို့...နင်ကရောဂါသည်မလို့....."
ပုလင်းထဲကလိပ်ပြာအဝါရောင်လေးသည်
အပြင်ကိုထွက်ချင်နေ၍အတောင်ပံတွေ
တဖြတ်ဖြတ်ခတ်ကာ ငြိမ်ငြိမ်မနေနိုင်။
"ငါ့ဆီမှာနေချင်တဲ့ယောင်ဆောင်ပီး
ပိုလှတဲ့လောကကိုတွေ့တဲ့အခါ
အတင်းရုန်းထွက်ချင်နေတာပဲမလား....
မင်းအစထဲက ဒီပုလင်းထဲကို
လိုလိုချင်ချင်မဝင်ခဲ့ပေါ့ ဘယ်နှယ်.....
ငါ့ကို များ မလေးမစား...
အသက်ငယ်လို့..စိတ်မမှန်လို့
ရောဂါထူလို့....သွား...ထွက်သွား"
ဗူးကိုဖွင့်ပေးလိုက်သော်အခါအလောတကြီး
ပျံသန်းထွက်သွားသောလိပ်ပြာအဝါလေး
အားစိတ်ပျက်စွာကြည့်ရင်းတောက်တချက်
ပြင်းပြင်းခေါက်ခဲ့မိသည်....။
လောကကြီးနဲ့အဆက်အသွယ်ဖြတ်ကာ
အသဲမရှိတော့သော ရောဂါကို
ကုရန် သူကြိုးစားမည်ဟု စီစဉ်သည်..။
အသဲကွဲခြင်းမှမဟုတ်တာ...
Park Jimin ကအသဲကိုခွဲရုံမက
ရင်ဘက်ကဆွဲထုတ်လုယူသွားတာ...။
နှလုံးသား ဦးနှောက် ခံစားမှု
ငိုကြွေးခြင်း ရီမောခြင်း ဝမ်းနည်းဝမ်းသာ
အလုံးစုံက ParJiminရဲ့ အဝတ်မပါတဲ့
အိပ်စက်မှုပုံရိပ်အောက်မှာ ပြားပြားဝပ်ပဲ....။
အလုံးစုံဗလာနတ္တိ...။
ဗလာဖြစ်နေသောဘဝထဲကို ဆေးရုံမှာ
ခင်မင်ခဲ့သော JungHoseok Phone
Callတွေက အနှောက်အယှက်ပေးလာသေးသည်။
သူလည်းဆေးရုံဆင်းပြီ အပြင်မှာတွေ့ပြီး
သွားမယ် လာမယ် ဆိုသောကိစ္စများကို
အထပ်ထပ်ချိန်းလေ့ရှိသည်...။
ပြတ်သားစွာ မငြင်းခဲ့ပေမယ့် နောက်မှဟု
ပြောကာ နေ့တွေကိုဖြတ်သန်းခဲ့သည်...။
ဖုန်းတလုံးအပိုင်ဝယ်ကာလောကကြီးကို
စဖွင့်ကြည့်သည်....။
အပျင်းတော့ပြေပါသည်....။
LeeHannaသည် အိမ်မှာလုံးဝမရှိခဲ့...။
ဘယ်မှာနေနေသလဲတွေးမိသော်အခါ
နည်းပညာအသစ်အဆန်းများကို
လျှောက်နှိပ်ကြည့်ရင်းမေ့ဖျောက်ပစ်ခဲ့သည်။
Hoseok သည်အားမလျှော့ခဲ့ပါ....
အမြဲတမ်းဖုန်းခေါ်ကာ ချိန်းနေမြဲ...။
တနေ့တော့ အားနားလာသောစိတ်ဖြင့်
သွားတွေ့ခဲ့သည်...။
လောကအသစ်ကိုကောက်ရသလို
အတွေ့အကြုံတွေကြား Hoseokပထမဆုံး
ခေါ်သွားခဲ့တာ အရက်ဆိုင်ကောင်းကောင်းတခုသို့..။
ထို့နောက် ဆယ်ယောက်ကျော်မျှရှိသော
သူ့သူငယ်ချင်းအုပ်စုနှင့်စမိတ်ဆက်ပေးခဲ့သည်။
တလက်လက်ထနေသောသူနဲ့ရွယ်တူ
လူငယ်တွေ၏ ပြောဆိုဟန်များ
လွတ်လပ်မှုအငွေ့အသက်များ....
တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းစွာ
ဆက်ဆံပုံများသည်...အခန်းထဲပြန်မဝင်ချင်တော့။
ဒါဟာ ငယ်ရွယ်တဲ့လူငယ်ဘဝရဲ့ အခွင့်အရေး
တွေပါလားဟု မြင်လာတဲ့အခါ
Hoseokတို့ အုပ်စု ရီလျှင် လိုက်ရီမိသည်...။
Hoseokတို့အုပ်စု ဆဲလျှင် ပြန်ဆဲပေးခဲ့သည်...။
သူသည် ဆယ်ကျော်သက်ဘဝတခုလုံး
ဆေးရုံဆေးခန်းမှာအချိန်ကုန်ခဲ့ပြီး
အရွယ်ရောက်လာပြန်တော့လည်း
အခန်းထဲမှာ ပိတ်လှောင်နေခဲ့သည်...။
Hoseok၏လန်းဆန်းမှုတွေကိုတွေ့တဲ့အခါ
ကိုယ်တိုင်လည်း လေယူရာယိမ်းသလို
တက်တက်ကြွကြွဖြစ်ချင်လာသည်။
အစထဲက သူဟာ မိုက်တိမိုက်ကန်း
ကျောင်းတော်က လူမိုက်ပေါက်စမလို့
Moodသည်သိပ်အများကြီးထည့်စရာမလို...။
Hoseokတို့အဖွဲ့ခေါ်ရာနောက်လိုက်ရင်း
အတော်အတန်ရင်းနှီးမှုနှင့်
ခင်မင်မှုတွေရသော်အခါ Hoseokအိမ်အထိ
သူလိုက်ပါလာရသည်...။
နောက်ဆုံးပေါ်ဒီဇိုင်းအဆန်းကြီးနှင့်အိမ်ကြီးသည်
Hoseokဟာ တော်ရုံတန်ရုံချမ်းသာမှုမျိုး
မဟုတ်ဟု ခန့်မှန်းရသည်။
ဒီအိမ်ကြီးတွင်တစ်ယောက်ထဲနေကာ
အိမ်Password ကိုသူငယ်ချင်းတွေအား
လုံးကိုပြောထားပြီး ကြိုက်သလိုဝင်ထွက်
အိပ်နိုင်သည်...။
တန်ဖိုးကြီးပစ္စည်းတွေနဲ့အိမ်ကိုလည်း
Hoseokသိပ်တန်ဖိုးရှိတယ်မထင်တဲ့ပုံ...။
ယောကျ်ားသူငယ်ချင်းအုပ်စုလိုက်
Gameတွေဆော့ ဂစ်တာဝိုင်းတီး
အရက်ဝိုင်းထောင် တခါတလေ လောင်းကစား
တွေပါ လုပ်နေကြကာ ညကြီးမိုးချုပ်လည်း
Clubထသွားကာ
မိုးလင်းသည်အထိ လည်းအချိန်ဖြုန်းတတ်
ကြသည်....။
သူတို့ကတော့ နေ့စဉ်အတွေ့အကြုံတွေဆိုပေမယ့်
JungKookအတွက်ကတော့ အရာရာသည် အသစ်။
ဆေးလိပ်ကို မီးညှိကာ အငွေ့တွေမှုတ်ထုတ်
လိုက်တာမျိုးကိုတောင် မျက်တောင်မခတ်ကြည့်မိသည်။
စတွေ့ထဲကအရမ်းမင်းကိုခင်မင်ချင်တာဟု
Hoseokကကြုံတိုင်းပြောလေ့ရှိကာ
တကယ်လည်း ဆေးရုံရဲ့ညနေတခုမှ
ဆုံခဲ့ပေမယ့် တခြားသူငယ်ချင်းတွေလိုပဲ
ရင်းနှီးစွာဆက်ဆံပြောဆိုခဲ့သည်...။
JinHyungသည်ထူးဆန်းစွာနည်းနည်းလေး
မှမတားခဲ့....။
"သူငယ်ချင်းတွေနဲ့ချိန်းထားလို့ကျတော်နောက်ကျမယ်"
ဆို ခေါင်းသာညိတ်ပြကာ
ဘာဘာညာညာတခွန်းမမေးခဲ့ဖူး။
ဆေးရုံကဆင်းဆင်းချင်းတော့အကြာကြီး
ဖက်ထားကာအသံတိတ်ငိုချခဲ့သော
Hyung သည် တော်သေးတာပေါ့ ဟူသော
စကားကိုအထပ်ထပ်ပြောခဲ့သည်။
နောက်ပိုင်းတော့ JinHyungသည်
တည်ငြိမ်စွာပင်.....။
မတည်ငြိမ်တော့တာကသူပင်ဖြစ်လာခဲ့သည်...။
မမြင်ဖူးတာ မတွေ့ဖူးတာ မခံစားဖူးတာ
တွေအားလုံးကို လွတ်လပ်စွာတွေ့ကြုံ
ခံစားရင်း Hoseok အကြံပေးမှုဖြင့်
ပြိုင်ကားလှလှလေးတစီးဝယ်ကာ
ကားမစီးရဲ မမောင်းရဲသော
အတိတ်ကို ကန်ထုတ်ပစ်သည်..။
ParkJiminသည်တခါတလေ တထောင့်တနေရာ
ကပေါ်လာတတ်ပေမယ့် သူစိုက်ကြည့်
လိုက်ရင် နီရဲဝမ်းနည်းသွားသော
မျက်နှာဖြင့် ပျောက်ပျောက်သွားမြဲ...။
ထိုကဲ့သို့ပျောက်သွားလျှင်သူပျော်ရွှင်သည်။
မျက်နှာလှလှလေးမဲ့ကျသွားတာကိုက
တော်တောိလေးပြည့်စုံတဲ့မြင်ကွင်း...။
သူ့တုန်းက မဲ့ကျဖို့တောင် မေ့အောင်
အသက်ရှုကျပ်ခဲ့ရတာ.....။
နောက်ထပ်ပိုဆိုးတဲ့နာကျင်မှုတွေလည်း
ထပ်လုပ်ဖို့အစီအစဉ်ရှိပါသည်...။
အဓိက Dr ParkJimin စိတ်မချမ်းသာနိုင်စွာ
တမြေ့မြေ့လောင်ကျွမ်းနေရင်ပြီးပြီ..။
ParkJimin ကိုထိလျှင်LeeHanna ကလည်း
ထပ်တူထပ်မျှ နာတတ်အုန်းမှာဆိုတော့
တချက်ခုတ်အကုန်ပြတ်အခြေအနေပင်...။
LeeHanna နာကျင်ရလျှင် ကျေးဇူးရှင်အမေဖြစ်သူ
ကပါ မခံစားနိုင်မှာဖြစ်တာကြောင့်
ParkJimin ကိုမကျေနပ်ခြင်းတွေအားလုံး၏
အဓိကဇာတ်ဆောင်အဖြစ် သူသိပ်ချစ်ခဲ့ရသော
ယောကျ်ားတစ်ယောက်ဘဝမှပြောင်းလဲပေးလိုက်သည်။
မုန်းတယ်....တော်တော်လေးကိုရွံရွံရှာရှာမုန်းတာ...။
Hoseokအိမ်ကိုနေ့တိုင်းလိုလိုရောက်ဖြစ်ကာ
လိပ်ပြာငယ်သည်အတောင်ပံအသစ်တွေကို
စပျိုးထောင်ခဲ့သည်...။
အထိအခိုက်မခံနိုင်သော အတောင်ပံတွေတော့
မဟုတ် တချက်ခတ်လိုက်လျှင်
အရာအားလုံးနိဂုံးချူပ်သွားနိုင်သောအတောင်ပံမျိူး။
ဘယ်လိုလဲ....အဆင်ပြေမနေဘူးလား...။
"What the ....!!!!မင်းမားသားကြီးက
JeonJungMiပေါ့ ဟုတ်လား Jk..."
Gameဆော့နေသောနှစ်ယောက်ပင်
အံ့ဩစွာလှည့်ကြည့်ကာ ခေါက်ဆွဲပြုတ်စား
နေသောHoseokသည် ခေါက်ဆွဲတွေပါးစပ်ထဲ
ထပ်မဝင်တော့....။
"ဘယ်လိုကြီးလဲ..."
"JeonJungMiက ငါ့အမေဖြစ်နေတာ
တခုခုအဆင်မပြေဖြစ်နေလို့လား..."
Phoneထဲမှသတင်းတခုအားလှဲဖတ်နေသော
ဆိုဖာပေါ်မှJungKookသည်Hoseok
အား လှမ်းမေးသည်။
"ပြေမလားကွ..မင်းအမေ ကိုTrollတာတွေ
မင်းအမေကို လုံးဝမထောက်ခံဘဲ
သောက်ပြသနာတွေပက်လုပ်နေတာ
JungHoseok...Hater pageကို
ကိုင်ထားတာ အဲ့ကောင်...."
လေ့ကျင်ခန်းလုပ်နေသောနောက်ထပ်တစ်ယောက်က
အားရပါးရဝင်ပြောတော့JungKook
ထထိုင်ကာ ခေါက်ဆွဲပြုတ်နင်နေသော
Hoseok ကိုကြည့်လိုက်သည်။
"အပျော်ပါ...ကွာ အများကြီးထိခိုက်အောင်
ငါမလုပ်ပါဘူးကွ.....မင်းဘွားတော်က
သိပ်စလို့ကောင်းတာ ဒါပေမယ့်နော်
အဲ့ဘွားတော်မှာ သမီးပဲရှိတယ်လို့သိထားတာ
မင်းက..ဘယ်ကနေဘယ်လို..."
"မယုံနိုင်စရာဖြစ်နေတာပေါ့ ...."
"ယုံပါတယ်...မင်းအမေနဲ့တော့ငါ့ကို
မတိုင်ပါနဲ့ကွာ..."
"မင်းလို Pageမျိုးများများရှိသင့်တာ..."
JungKook သည်ဆိုဖာပေါ်ပြန်လှဲသွားကာ
ဖုန်းကိုသာဆက်ကြည့်နေသည်။
ဆေးရုံမှာစတွေ့ထဲက ရေစက်တွေကြောင့်လား
မသိ ခင်မင်ခဲ့ရသောကောင်လေးသည်
ထူးထူးဆန်းဆန်းလေးမို့ သူသူငယ်ချင်း
ဖြစ်ချင်ခဲ့သည်...။
သတ်သေချင်လောက်အထိ စိတ်ဓာတ်ထိုးကျ
နေသော လူတစ်ယောက်ကို
သူ့ရဲ့ Happy Vibeဖြင့် ကယ်တင်ပျော်ရွှင်
စေခဲ့ရတာ တကယ့်စိန်ခေါ်မှုပင်....။
"မင်း ဒီလိုမိသားစုမှာမွေးလာတာကိုတောင်
အရူးထပီးသတ်သေသေးတယ်..."
JungKookသည်ဖုန်းကိုကြည့်နေရင်းမှ
ပြုံးသည်...။စာတတောက်တောက်ရိုက်ရင်း
သေချာပါသည် သူပြောသောစကားကို
အာရုံမရှိတော့။စိတ်လည်းမဝင်စားတော့။
"ပြောမနေနဲ့...သူ့အာရုံနဲ့သူ...."
တစ်ယောက်နဲ့တစ်ယောက်အောက်ကျပေး
ပေါင်းခဲ့ကာ ဆိုးတူကောင်းဖက်
Hoseokတို့သူငယ်ချင်းတအုပ်သည်
အငယ်ဆုံးဖြစ်သူ JungKook
ရောက်ထဲက ခေါင်းဆောင်ပေါ်လာသလို
ဘာကြောင့်မှန်းမသိ ထိုကောင်လေးဆို
ရှိန်ကာ ထိုကောင်လေးကလည်း
မသိသလိုလို သိသလိုလို
မဆိုးတတ်သလိုလို မမိုက်တတ်သလိုလိုနှင့်
ရက်တချ်ု့ဖြတ်သန်းပီးတဲ့အခါ
JeonJungKookနာမည်သည်
ပြိုင်ဘက် ကောင်တွေကြားသတိထားမိသည်အထိ။
"ငါအိမ်ပြန်အုန်းမယ်....မပြန်တာ
တော်တော်ကြာနေပီ..."
"ငါကမင်းအပီးနေတော့မယ်ထင်နေတာ...."
"မနေပါဘူး နားတွေညီးလို့...."
ဆိုဖာပေါ်မှထမတ်တပ်ရပ်ကာအကျောဆန့်
လိုက်သောJungKookသည်Hoseok Shirt
အကျီ ပွပွဖြင့် အပြင်သွားမယ်လုပ်ကြတိုင်း
ဝိုင်းဖြန်းပေးကြသောSprayတွေကြောင့်
ဆံပင်တွေသည်ဟိုတုန်းကလိုတော့
ဝဲခါမနေ...ဘေးတွေအထိတိုကပ်နေအောင်
ရိတ်လိုက်ကာ Undercutက Hoseokမူးမူး
ဖြင့် လျှောက်ကလိထားသောလက်ရာ...။
"မြန်မြန်ဒိုး...ပြန်မယ်ဆိုလည်း နောက်ကျနေပီ..."
"အင်း....ရော့..."
လှမ်းပစ်ပေးသောဖုန်းကိုအမိအရဖမ်းလိုက်ရသည်။
"ဘာလုပ်တာလဲ မင်းဖုန်းလေ...."
"အားသွင်းထားလိုက်..Powerပိတ်သွားပြီ.."
ဆံပင်တွေအားသပ်တင်ကာထွက်သွားသော
Jungkook သည်နောက်မှအော်ဟစ်ဆဲဆို
နေလည်းတချက်မှပြန်မကြည့်ခဲ့ဖူး...။
ဖိနပ်ကြိုးချည်ကာကားသော့ကိုင်လျက်
ထွက်သွားခဲ့သည်...။
နေပျော်တဲ့ဘဝပါပဲ....။
ဘယ်လိုပြောရမလဲ Drama ကင်းမဲ့ဇုန်...
အဲ့လိုမျိုးလား....။
..........
"JungKook....."
အိမ်ထဲဝင်လာသည်နှင့်ထူးဆန်းစွာမအိပ်နိုင်သေး
ဘဲထိုင်နေသော အမေဖြစ်သူ၏ခေါ်သံကြောင့်
အပေါ်သို့ဆက်မတက်ဘဲ ရပ်လိုက်သည်။
စားပွဲပေါ်ကို ချလာပေးသော လေယာဉ်လက်မှတ်
တွေနှင့် BlackCardတခု....။
"ယူပီး နင်ကိုရီးယားကနေထွက်သွားတော့...."
JungKook သည်ဆေးရုံကဆင်းလာပီး
ရက်အနည်းငယ်တော့ ဟိုတုန်းကလိုပဲ
ငြိမ်သက်သွားခဲ့ပေမယ့် လက်ရှိအချ်န်တွင်
မယုံနိုင်လောက်အောင် ပုံမှန်ဘဝ
ပုံမှန်လောကထဲကို တနေ့ထက်တနေ့ခြေလှမ်းဝင်လာ
သည်။ရောဂါအခြေအနေကောင်းလာခြင်းနှင့်အတူ
သူမကို ခံပြောခံဖူးသော JeonJungkook
ငယ်ဘဝ၏မျက်လုံးစစ်စစ်တွေကိုပြန်မြင်ရတော့
သွေးပျက်လာသည်။
သူအားလုံးကိုပြန်သိရရင် သူ့အဖေအသက်ရှုပိုက်ကို
ဖြုတ်ခဲ့သော သူမကို ကြည့်နေမှာမဟုတ်..။
"အင်း...."
လေယာဉ်လက်မှတ်နှင့်Black Cardအား
ယူကာအပေါ်သို့တလှမ်းချင်းတက်လာခဲ့သည်။
JeonJungMi သည်အလွယ်တကူJungKook
လက်ခံမည်ဟုမထင်ထား၍အံ့ဩစွာ
စကားတွေလှမ်းပြောနေပေမယ့်JungKook က
တော့ပြန်လှည့်မကြည့်တော့......။
အခန်းတံခါးဖွင့်ကာ အမှိုက်ပုံးထဲသို့
လေယာဉ်လက်မှတ်တွေကိုပစ်ထည့်လိုက်ကာ
Black Cardကိုတော့ တချက်နမ်းလိုက်သည်။
"အဆင်ပြေတာပဲ...Wellcome Babeလေး...."
ရက်အနည်းငယ်လောက်ပြန်မရောက်သော
အခန်းကိုJinHyungနည်းနည်းရှင်းထားတာ
ကြောင့်စိတ်ကြည်လင်ရသည်။
နံရံနားကပန်းချီကားတွေနေရာအနည်းငယ်
ရွေ့နေတာကြောင့် Cardကိုပစ်ချကာ
အမြန်ပြေးသွားလိုက်သည်....။
အဝတ်စတွေအုပ်ထားသောပန်းချီကား
တွေကို သူဘယ်တော့မှဖယ်ကြည့်မှာမဟုတ်တော့။
ပန်းချီကားထဲက လူကိုသေလောက်အောင်
မုန်း၍ဖြစ်သည်။
မြန်မြန်ရေတွက်လိုက်သည် စုစုပေါင်း
ရှစ်ခုရှိရမည်....။
နံပါတ်စဉ်ပြည့်သောအခါ မကျေနပ်စွာ
အားလုံးအားခြုံငုံတချက်ကြည့်ပြီး
ကျောခိုင်းလိုက်သည်...။
စုစုပေါင်း ကိုးခုပေါ့...
ခေါင်းမိုးထပ်လေး က တခုက လက်စမှမသတ်ခဲ့တာ။
"Jungkook ....ပြန်ရောက်နေတာလား
ညစာစားခဲ့ပြီးပြီလား"
"စားပီးပီ Hyung......"
"အင်း...အင်း....."
"JinHyung ဒီပန်းချီကားတွေစတိုခန်းထဲ
သွားထားခိုင်းလိုက်ပါ....မျက်စိနောက်လို့
ကျတော်ရေချိုးပီးအိပ်တော့မယ်....
မနက်ဖြန် Seokတို့နဲ့ချိန်းထားသေးတယ်...."
"အင်း...Hyung လွှင့်ပစ်လိုက်မယ်...."
အိပ်ယာပေါ်တွင်မျက်နှာအားမော့ကာ
မျက်နှာကျက်ဆီအကြည့်တို့ပို့ထားသော
JungKook ဘေးနားသို့ထိုင်လိုက်ကာ
"ဝမ်းနည်းမနေတော့ဘူးမလား
သူငယ်ချင်းအသစ်တွေနဲ့ သွားလာလှုပ်ရှားနေရတာ..."
"အင်း...ပျော်တယ် Hyung...."
"နောက်ထပ် ဘယ်လောက်ဆိုးတဲ့
ကိစ္စမျိုးတွေပဲကြုံရပါစေ
ကိုယ့်ကိုကိုယ်နာကျင်ပျောက်ဆုံးအောင်
ထပ်မလုပ်တော့ပါဘူးလို့ Hyungကို
ကတိပေးပါ......"
"ကျတော့် JinHyung...
အရမ်းစိုးရိမ်ခဲ့ရမှာပဲ....
တောင်းပန်ပါတယ်...."
"မင်းလုပ်ချင်တာတွေကိုအကုန်လုပ်
မင်းသွားချင်တဲ့နေရာတွေကို
သွား မင်းပေါင်းသင်းချင်တဲ့
သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေပြီး
ကျန်းမာပေးပါ...သိပ်ပူလောင်စေမဲ့
အရာတွေကို ထပ်မထိတွေ့ပါနဲ့တော့
Kookie ရယ်....နော်..."
ခေါင်းညိတ်ပြသောကောင်လေးသည်
တည်တည်ငြိမ်ငြိမ်ပင်....။
အများကြီးဖြတ်ကျော်ခဲ့ပြီးပါပြီ...။
နာကျင်ဖို့လည်းလုံလောက်ခဲ့ပြီးပြီ...။
ပုံမှန်စိတ်အခြေအနေနဲ့တောင်ရူးသွားနိုင်
သည့်အကြောင်းအရာဖြစ်ရပ်မျိုးတွေကို
အင်အားချိနဲ့နဲ့နှင့်သူရင်ဆိုင်ခဲ့ပြီးတဲ့နောက်
ဒဏ်ရာတွေကတကယ်ပဲမရှိတော့လား
ဒါမှမဟုတ် အနာလွန်းလို့ထုံထိုင်းနေတာလား
မပြောတတ်....။
"မနက်ဖြန် အိမ်ကို သူတို့ရောက်လာကြလိမ့်မယ့်
မင်္ဂလာဆောင်မဲ့ရက်ရွေးဖို့တဲ့..."
ခေါင်းထပ်ညိတ်ပြကာ နှာခေါင်းဖျားလေးကို
ကုတ်ရင်း မျက်မှောင်တွေကိုကျုံ့လိုက်
ဆန့်လိုက်လုပ်နေသည်...။
"Hoseok တို့ဆီပဲသွားရမယ်နော်....."
သိသိသာသာပြုံးသွားသောကောင်လေး
၏နူတ်ခမ်းတွေ....။
"JinHyungက ကျတော်ParkJimin ကို
မြင်တိုင်း အရှက်မရှိလိုက်ကပ်တွယ်
နေအုန်းမယ်လို့ ထင်နေတဲ့ပုံပဲ
ကျတော့်ရဲ့ရှေ့ဆက်နေ့တွေမှာ
ParkJimin ရယ် LeeHanna ရယ်
Mrs Jeonကို ဒုက္ခပေးဖို့အပြင်
ကျန်တဲ့ ခံစားချက်မျိုးမရှိတော့ဘူး
စိတ်ချစမ်းပါဗျာ......
ကျတော်အရင်က JeonJungkook မဟုတ်တော့ပါဘူး"
လိပ်ပြာငယ်သည်...ခုံပေါ်မှတင်ထားသော
ပန်းချီဆွဲသည့်စုတ်တံတွေအား
ပြတင်းပေါက်ဖွင့်ကာလွှင့်ပစ်လိုက်သည်....။
ပျင်းတော့ပျင်းသွားလိမ့်မယ်
နောက်တပိုင်းသေချာလေးရေးပေးမယ်နော်
JungKookieရဲ့ Character အပြောင်းအလဲမှာ
ရေးတာမပီပြင်ရင်ကြိုတောင်းပန်ပါတယ်။
ဘာပဲဖြစ်ဖြစ် Changeသွားပီမှတ်လိုက်😂