{Zawgyi}
(ရည္စားေဟာင္းႏွင့္ ေတြ႕ဆုံျခင္း- ၃)
လုေပ႐ႊမ္းသည္ ယခုက႔ဲသို႔ လူေတြအုပ္စုလိုက္ စကားလာေျပာျခင္းကို က်င့္သားရေနၿပီျဖစ္သည္။ သို႔ေသာ္ ေခတၱအၾကာ၌ သူ႔လက္ေမာင္းၾကားတြင္ အနည္းငယ္မ်က္ေမွာင္က်ံဳ႕ေနၿပီျဖစ္ေသာ္ဇနီးသည္ကို ေတြ႕သြားခ့ဲ၏။ လူေတြထပ္မ်ားလာတ့ဲအခါ တစ္ခုခုမေတာ္တဆျဖစ္သြားမည္ကို စိုးရိမ္တာေၾကာင့္ " တစ္ေနရာရာမွာ ေအးေအးေဆးေဆးသြားထိုင္ေနလိုက္ေနာ္၊ ကိုယ္ ဒီလူေတြကို ျမန္ျမန္ရွင္းၿပီးလာခ့ဲမယ္ "
အေဖရီက ရီက်န္းအတြက္ တိတ္ဆိတ္တ့ဲေနရာတစ္ခုရွာေပးကာ ခဏေလာက္ အာလာပသလႅာပ ေျပာၿပီးေနာက္ ရီက်န္းနားမွ ျမန္ျမန္ျပန္ထြက္ေလသည္။
ရီက်န္းသည္ ထိုေနရာတြင္ထိုင္ကာ လိေမၼာ္သီးေဖ်ာ္ရည္ေသာက္ရင္း လုေပ႐ႊမ္းႏွင့္ စကားစျမည္ေျပာၿပီး မိတ္ဖြဲ႕ရန္ ႀကိဳးစားေနသူမ်ားကို လွမ္းေငးၾကည့္ေနခ႔ဲေလ၏။
လုေပ႐ႊမ္းသည္ လက္ရိွတြင္ ထိုလူအုပ္ႀကီးၾကား၌ တည္တည္ၿငိမ္ၿငိမ္ စကားေျပာလို႔ေနေလသည္။ လုေပ႐ႊမ္းဟာ စီးပြားေရးေလာကရဲ႕ လူမႈေျပာဆိုဆက္ဆံေရးတို႔ကို ကြၽမ္းက်င္ပိုင္ႏိုင္သူတစ္ေယာက္ပင္။ သူသည္ ဘယ္ခ်ိန္တြင္ လက္ခံစကားေျပာသင့္တယ္၊ ဘယ္ခ်ိန္တြက္ ေနာက္ဆုတ္သင့္တယ္ဆိုသည္ကို ေကာင္းေကာင္းနားလည္ေပတယ္။
လုေပ႐ႊမ္းရဲ႕ဝတ္စုံသည္ သူ႔ခႏၶာကုိယ္ႏွင့္ ကြက္တိခ်ဳပ္ထားတာေၾကာင့္ သူရဲ႕ၿပီးျပည့္စုံတ့ဲခႏၶာကုိယ္အခ်ိဳးအစားဟာ ေပၚလြင္လို႔ေနေပသည္။ သူသည္ တည္ၿငိမ္တ့ဲအေငြ႕အသက္တို႔ကို ထုတ္လႊတ္ေနရင္း ထိုေနရာ၌ တည္ၿငိမ္ေအးေဆးစြာ ရပ္ေနေလ၏။ လုေပ႐ႊမ္းဆီမွ ႏူးည့ံေသာအၾကည့္တို႔သည္ သူ႔ဇနီးဆီတြင္သာ ရိွေနေလတယ္။
ဒီလို ထူးခြၽန္ေအာင္ျမင္ၿပီး ကိုယ္ကုိယ့္ကို ေစာင့္ထိန္းတတ္တ့ဲေယာက်္ားကို ဘယ္မိန္းကေလးက မခ်စ္ဘဲေနႏိုင္ပါ့မလဲ။
လုေပ႐ႊမ္းေဘးတြင္ လူအရမ္းမ်ားလာတ့ဲအခါ ရီက်န္းသည္ လုေပ႐ႊမ္းကို မျမင္ရေတာ့တာေၾကာင့္ အျခားတစ္ေနရာသို႔ အၾကည့္လႊဲလိုက္ေလေတာ့သည္။
သူမလက္ထဲမွ ေဖ်ာ္ရည္ကို ေနာက္တစ္ငုံေသာက္ၿပီးခ်ိန္မွာေတာ့ သူမရိွရာသို႔ ရီခ်င္းႏွင့္အတူ ေနာက္ထပ္အမ်ိဳးသမီးတစ္ဦးပါ ေလ်ွာက္လာသည္ကို ေတြ႕လိုက္ေပ၏။ ထို႔ေနာက္တြင္ ထိုအမ်ိဳးသမီးႏွစ္ဦးသည္ ရီက်န္းန႔ဲ မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္လိုက္ၾကသည္။
ရီခ်င္း၏မ်က္ႏွာေပၚတြက္ လိုတာထက္ပိုေသာအၿပံဳးတစ္ခုလည္း ရိွေနေလတယ္။ လက္ထပ္ပြဲေန႔တုန္းက သူမ(ရီခ်င္း) အရွက္ရသြားခ့ဲသည့္ကိစၥ မရိွခဲ့သလိုမ်ိဳးပင္။
" က်န္းက်န္း, နင့္မွာ ကုိုယ္ဝန္ရိွေနၿပီဆို၊ ဂုဏ္ယူပါတယ္ "
' ဂုဏ္ယူပါတယ္ ' ဟုေျပာေသာရီခ်င္းရဲ႕မ်က္ႏွာတြင္ ေပ်ာ္႐ႊင္ေနမႈ တစ္စြန္းတစ္စေလးေတာင္ရိွမေနေခ် ။ ဘယ္လို ဂုဏ္ျပဳမႈမ်ိဳးလဲ။
" နင့္ကို တစ္ေယာက္ေယာက္န႔ဲ မိတ္ဆက္ေပးပါရေစ။ သူက ငါ့သူငယ္ခ်င္း ရွန္ေဝ့ရင္းေလ "
' ရွန္ေဝ့ရင္း?? '
ရီက်န္းသည္ ရီခ်င္းေဘးမွ လွပေက်ာ့ရွင္းတ့ဲအမ်ိဳးသမီးကို ေစ့ေစ့စပ္စပ္ၾကည့္ရႈလိုက္ေလသည္။ သူမ(ရီက်န္း)က ဒီအမ်ိဳးသမီး(ရွန္ေဝ့ရင္း)ကို သိတာေပါ့။
ရွန္ေဝ့ရင္းဟာ အရမ္းေအာင္ျမင္ၿပီး နာမည္ႀကီးတ့ဲသရုပ္ေဆာင္တစ္ေယာက္ပဲေလ။ ယခုႏွစ္ပိုင္းတြင္ သူမဟာ ရုပ္ရွင္ႏွင့္ေဖ်ာ္ေျဖေရးက႑ေတြမွာ ဆုေပါင္းမ်ားစြာရရိွခဲ့ၿပီး ရုပ္ရွင္ေလာကရဲ႕ဧကရီတစ္ပါးျဖစ္လာဖို႔ ေျခလွမ္းအနည္းငယ္ေလာက္သာ လိုေတာ့၏။
ဘာပဲျဖစ္ျဖစ္ ဒါေတြက အေရးမႀကီးေပ။ ဒီလိုနတ္ဘုရားမအဆင့္ေလာက္ရိွတ႔ဲရွန္ေဝ့ရင္းဟာ လုေပ႐ႊမ္းရဲ႕ တကၠသုိလ္အတန္းေဖာ္ျဖစ္ခ့ဲၾကသည္က ပိုအေရးႀကီးေပ၏။ တကၠသုိလ္နယ္ေျမဆိုတာ ငယ္႐ြယ္ေသးတ့ဲခံစားခ်က္တို႔ ေပါက္ဖြားရာေနရာပင္မလား။ တကၠသုိလ္မွာတုန္းက လုေပ႐ႊမ္းနဲ႔ ရွန္ေဝ့ရင္းတို႔ၾကားတြင္ ဘယ္လိုကိစၥေတြရိွခဲ့တယ္ဆိုတာ ဘယ္သူမွေသခ်ာမသိၾကေခ် ။ သို႔ေသာ္ ရွန္ေဝ့ရင္းသည္ လုေကာ္ပိုေရးရွင္းလက္ေအာက္ရိွ ေက်ာ္ၾကားတ့ဲသရုပ္ေဆာင္တစ္ေယာက္ဆိုတာကိုေတာ့ ရီက်န္းသိေပတယ္။ လုေပ႐ႊမ္းန႔ဲရွန္ေဝ့ရင္းတို႔ႏွင့္ပတ္သက္တ့ဲ မ်ားျပာလွေသာ ေကာလဟလတို႔ရိွခဲ့ဖူး၏။
မူရင္းဝတၳဳဇာတ္ေၾကာင္းအရ လုေပ႐ႊမ္းက ရီခ်င္းကို အရမ္းခ်စ္ျမတ္ႏိုးျပတ့ဲအခါ ရွန္ေဝ့ရင္းသည္ ရီခ်င္းအတြက္ေတာ့ ျဖဳံေလာက္တ့ဲၿပိဳင္ဖက္တစ္ေယာက္ျဖစ္လာေလသည္။ ရွန္ေဝ့ရင္းသည္ ရီခ်င္းကို ဒုကၡေပါင္းေသာင္းေျခာက္ေထာင္ေပးခဲ့စူပင္။ ဒါေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ရွန္ေဝ့ရင္းရဲ႕လုပ္ရပ္ေတြဟာ သူမကိုယ္သူမသာ တန္ျပန္ထိခဲ့ၿပီး သူမဘဝသည္ ပ်က္စီးျခင္းကပ္ဆိုးဆိုက္ခဲ့ေတာ့၏။
သို႔ေသာ္ အခုတြင္ေတာ့ ရွန္ေဝ့ရင္းသည္ ရီခ်င္းႏွင့္တစ္ဖက္တည္းရိွေနသည္ဟု ရီက်န္း ခံစားမိေပသည္။
ရီက်န္းက ရွန္ေဝ့ရင္းကို ၾကည့္ေနခ်ိန္၌ ရွန္ေဝ့ရင္းကလည္း ရီက်န္းကို ၾကည့္ေနခ႔ဲေပသည္။ ရွန္ေဝ့ရင္းရဲ႕အၾကည့္တို႔ဟာ ရီက်န္းရဲ႕ဗိုက္တြင္ ရပ္တန္႔သြားခ့ဲၿပီး " မစၥရီကို ၾကည့္ရတာ ကိုယ္ဝန္ရိွေနတာန႔ဲလည္း မတူဘူးေနာ္ "
ရီက်န္းက ၿပံဳးလိုက္ရင္း " အခုမွ တစ္လေလာက္ပဲ ရိွေသးလို႔ပါ။ ကိုယ္ဝန္က အေစာပိုင္းကာလေလာက္ပဲ ရိွေသးေတာ့ အျမင္န႔ဲ ခန္႔မွန္းလို႔ မရဘူးေလ "
" မစၥရီန႔ဲေပ႐ႊမ္းတို႔က လက္ထပ္တာ တစ္လပဲရိွေသးတာေတာင္ ကိုယ္ဝန္ခ်က္ခ်င္း ရသြားတယ္ေနာ္။ ၿပီးေတာ့ ေပ႐ႊမ္းရဲ႕စိတ္ကို ကြၽန္မသိသေလာက္ဆိုရင္ေတာ့ မစၥရီက ေပ႐ႊမ္းႀကိဳက္တ့ဲပုံစံမ်ိဳးလည္း မဟုတ္ပါဘူး။ မစၥရီန႔ဲေပ႐ႊမ္းတို႔က တစ္ေယာက္န႔ဲတစ္ေယာက္ ေသခ်ာတ့ဲခံစားခ်က္ေရာ ရိွၿပီးတာ ေသခ်ာရဲ႕လား "
" Oh...မစၥရွန္က ကြၽန္မေယာက်္ား ဘယ္လိုပုံစံမ်ိဳးႀကိဳက္တယ္ဆိုတာကို သိတယ္ေပါ့ "
" ဟုတ္တာေပါ့ ကြၽန္မတို႔က တကၠသုိလ္မွာတုန္းက အ.ရမ္း.ရင္း.ႏွီး.ခဲ့ၾကတ့ဲအတန္းေဖာ္ေတြေလ။ အ့ဲခ်ိန္တုန္းကဆိုရင္... "
ရွန္ေဝ့ရင္းဟာ သူမရဲ႕နီျမန္းတ့ဲႏႈတ္ခမ္းပါးေလးကို အေပၚသို႔ အနည္းငယ္ေကြးလိုက္ကာ ရီက်န္းအား စိုက္ၾကည့္ရင္း ထိုသို႔ေျပာေလတယ္။ သူမ ေျပာခ်င္ေနခ႔ဲေသာစကားတို႔ကို အခုခ်ိန္မွာ အစေဖာ္ေတာ့မည့္ပုံစံမ်ိဳးပင္။
💙💙💙💙💙💙💙
{Unicode}
(ရည်စားဟောင်းနှင့် တွေ့ဆုံခြင်း- ၃)
လုပေရွှမ်းသည် ယခုကဲ့သို့ လူတွေအုပ်စုလိုက် စကားလာပြောခြင်းကို ကျင့်သားရနေပြီဖြစ်သည်။ သို့သော် ခေတ္တအကြာ၌ သူ့လက်မောင်းကြားတွင် အနည်းငယ်မျက်မှောင်ကျုံ့နေပြီဖြစ်သော်ဇနီးသည်ကို တွေ့သွားခဲ့၏။ လူတွေထပ်များလာတဲ့အခါ တစ်ခုခုမတော်တဆဖြစ်သွားမည်ကို စိုးရိမ်တာကြောင့် " တစ်နေရာရာမှာ အေးအေးဆေးဆေးသွားထိုင်နေလိုက်နော်၊ ကိုယ် ဒီလူတွေကို မြန်မြန်ရှင်းပြီးလာခဲ့မယ် "
အဖေရီက ရီကျန်းအတွက် တိတ်ဆိတ်တဲ့နေရာတစ်ခုရှာပေးကာ ခဏလောက် အာလာပသလ္လာပ ပြောပြီးနောက် ရီကျန်းနားမှ မြန်မြန်ပြန်ထွက်လေသည်။
ရီကျန်းသည် ထိုနေရာတွင်ထိုင်းကာ လိမ္ေမ်ာသီးဖျော်ရည်သောက်ရင်း လုပေရွှမ်းနှင့် စကားစမြည်ပြောပြီး မိတ်ဖွဲ့ရန် ကြိုးစားနေသူများကို လှမ်းငေးကြည့်နေခဲ့လေ၏။
လုပေရွှမ်းသည် လက်ရှိတွင် ထိုလူအုပ်ကြီးကြား၌ တည်တည်ငြိမ်ငြိမ် စကားပြောလို့နေလေသည်။ လုပေရွှမ်းဟာ စီးပွားရေးလောကရဲ့ လူမှုပြောဆိုဆက်ဆံရေးတို့ကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက်ပင်။ သူသည် ဘယ်ချိန်တွင် လက်ခံစကားပြောသင့်တယ်၊ ဘယ်ချိန်တွက် နောက်ဆုတ်သင့်တယ်ဆိုသည်ကို ကောင်းကောင်းနားလည်ပေတယ်။
လုပေရွှမ်းရဲ့ဝတ်စုံသည် သူ့ခန္ဓာကိုယ်နှင့် ကွက်တိချုပ်ထားတာကြောင့် သူရဲ့ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်အချိုးအစားဟာ ပေါ်လွင်လို့နေပေသည်။ သူသည် တည်ငြိမ်တဲ့အငွေ့အသက်တို့ကို ထုတ်လွှတ်နေရင်း ထိုနေရာ၌ တည်ငြိမ်အေးဆေးစွာ ရပ်နေလေ၏။ လုပေရွှမ်းဆီမှ နူးညံ့သောအကြည့်တို့သည် သူ့ဇနီးဆီတွင်သာ ရှိနေလေတယ်။
ဒီလို ထူးချွန်အောင်မြင်ပြီး ကိုယ်ကိုယ့်ကို စောင့်ထိန်းတတ်တဲ့ယောက်ျားကို ဘယ်မိန်းကလေးက မချစ်ဘဲနေနိုင်ပါ့မလဲ။
လုပေရွှမ်းဘေးတွင် လူအရမ်းများလာတဲ့အခါ ရီကျန်းသည် လုပေရွှမ်းကို မမြင်ရတော့တာကြောင့် အခြားတစ်နေရာသို့ အကြည့်လွှဲလိုက်လေတော့သည်။
သူမလက်ထဲမှ ဖျော်ရည်ကို နောက်တစ်ငုံသောက်ပြီးချိန်မှာတော့ သူမရှိရာသို့ ရီချင်းနှင့်အတူ နောက်ထပ်အမျိုးသမီးတစ်ဦးပါ လျှောက်လာသည်ကို တွေ့လိုက်ပေ၏။ ထို့နောက်တွင် ထိုအမျိုးသမီးနှစ်ဦးသည် ရီကျန်းနဲ့ မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်ကြသည်။
ရီချင်း၏မျက်နှာပေါ်တွက် လိုတာထက်ပိုသောအပြုံးတစ်ခုလည်း ရှိနေလေတယ်။ လက်ထပ်ပွဲနေ့တုန်းက သူမ(ရီချင်း) အရှက်ရသွားခဲ့သည့်ကိစ္စ မရှိခဲ့သလိုမျိုးပင်။
" ကျန်းကျန်း, နင့်မှာ ကိုယ်ဝန်ရှိနေပြီဆို၊ ဂုဏ်ယူပါတယ် "
' ဂုဏ်ယူပါတယ် ' ဟုပြောသောရီချင်းရဲ့မျက်နှာတွင် ပျော်ရွှင်နေမှု တစ်စွန်းတစ်စလေးတောင်ရှိမနေချေ ။ ဘယ်လို ဂုဏ်ပြုမှုမျိုးလဲ။
" နင့်ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ။ သူက ငါ့သူငယ်ချင်း ရှန်ဝေ့ရင်းလေ "
' ရှန်ဝေ့ရင်း?? '
ရီကျန်းသည် ရီချင်းဘေးမှ လှပကျော့ရှင်းတဲ့အမျိုးသမီးကို စေ့စေ့စပ်စပ်ကြည့်ရှုလိုက်လေသည်။ သူမ(ရီကျန်း)က ဒီအမျိုးသမီး(ရှန်ဝေ့ရင်း)ကို သိတာပေါ့။
ရှန်ဝေ့ရင်းဟာ အရမ်းအောင်မြင်ပြီး နာမည်ကြီးတဲ့သရုပ်ဆောင်တစ်ယောက်ပဲလေ။ ယခုနှစ်ပိုင်းတွင် သူမဟာ ရုပ်ရှင်နှင့်ဖျော်ဖြေရေးကဏ္ဍတွေမှာ ဆုပေါင်းများစွာရရှိခဲ့ပြီး ရုပ်ရှင်လောကရဲ့ဧကရီတစ်ပါးဖြစ်လာဖို့ ခြေလှမ်းအနည်းငယ်လောက်သာ လိုတော့၏။
ဘာပဲဖြစ်ဖြစ် ဒါတွေက အရေးမကြီးပေ။ ဒီလိုနတ်ဘုရားမအဆင့်လောက်ရှိတဲ့ရှန်ဝေ့ရင်းဟာ လုပေရွှမ်းရဲ့ တက္ကသိုလ်အတန်းဖော်ဖြစ်ခဲ့ကြသည်က ပိုအရေးကြီးပေ၏။ တက္ကသိုလ်နယ်မြေဆိုတာ ငယ်ရွယ်သေးတဲ့ခံစားချက်တို့ ပေါက်ဖွားရာနေရာပင်မလား။ တက္ကသိုလ်မှာတုန်းက လုပေရွှမ်းနဲ့ ရှန်ဝေ့ရင်းတို့ကြားတွင် ဘယ်လိုကိစ္စတွေရှိခဲ့တယ်ဆိုတာ ဘယ်သူမှသေချာမသိကြချေ ။ သို့သော် ရှန်ဝေ့ရင်းသည် လုကော်ပိုရေးရှင်းလက်အောက်ရှိ ကျော်ကြားတဲ့သရုပ်ဆောင်တစ်ယောက်ဆိုတာကိုတော့ ရီကျန်းသိပေတယ်။ လုပေရွှမ်းနဲ့ရှန်ဝေ့ရင်းတို့နှင့်ပတ်သက်တဲ့ များပြာလှသော ကောလဟလတို့ရှိခဲ့ဖူး၏။
မူရင်းဝတ္ထုဇာတ်ကြောင်းအရ လုပေရွှမ်းက ရီချင်းကို အရမ်းချစ်မြတ်နိုးပြတဲ့အခါ ရှန်ဝေ့ရင်းသည် ရီချင်းအတွက်တော့ ဖြုံလောက်တဲ့ပြိုင်ဖက်တစ်ယောက်ဖြစ်လာလေသည်။ ရှန်ဝေ့ရင်းသည် ရီချင်းကို ဒုက္ခပေါင်းသောင်းခြောက်ထောင်ပေးခဲ့စူပင်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ရှန်ဝေ့ရင်းရဲ့လုပ်ရပ်တွေဟာ သူမကိုယ်သူမသာ တန်ပြန်ထိခဲ့ပြီး သူမဘဝသည် ပျက်စီးခြင်းကပ်ဆိုးဆိုက်ခဲ့တော့၏။
သို့သော် အခုတွင်တော့ ရှန်ဝေ့ရင်းသည် ရီချင်းနှင့်တစ်ဖက်တည်းရှိနေသည်ဟု ရီကျန်း ခံစားမိပေသည်။
ရီကျန်းက ရှန်ဝေ့ရင်းကို ကြည့်နေချိန်၌ ရှန်ဝေ့ရင်းကလည်း ရီကျန်းကို ကြည့်နေခဲ့ပေသည်။ ရှန်ဝေ့ရင်းရဲ့အကြည့်တို့ဟာ ရီကျန်းရဲ့ဗိုက်တွင် ရပ်တန့်သွားခဲ့ပြီး " မစ္စရီကို ကြည့်ရတာ ကိုယ်ဝန်ရှိနေတာနဲ့လည်း မတူဘူးနော် "
ရီကျန်းက ပြုံးလိုက်ရင်း " အခုမှ တစ်လလောက်ပဲ ရှိသေးလို့ပါ။ ကိုယ်ဝန်က အစောပိုင်းကာလလောက်ပဲ ရှိသေးတော့ အမြင်နဲ့ ခန့်မှန်းလို့ မရဘူးလေ "
" မစ္စရီနဲ့ပေရွှမ်းတို့က လက်ထပ်တာ တစ်လပဲရှိသေးတာတောင် ကိုယ်ဝန်ချက်ချင်း ရသွားတယ်နော်။ ပြီးတော့ ပေရွှမ်းရဲ့စိတ်ကို ကျွန်မသိသလောက်ဆိုရင်တော့ မစ္စရီက ပေရွှမ်းကြိုက်တဲ့ပုံစံမျိုးလည်း မဟုတ်ပါဘူး။ မစ္စရီနဲ့ပေရွှမ်းတို့က တစ်ယောက်နဲ့တစ်ယောက် သေချာတဲ့ခံစားချက်ရော ရှိပြီးတာ သေချာရဲ့လား "
" Oh...မစ္စရှန်က ကျွန်မယောက်ျား ဘယ်လိုပုံစံမျိုးကြိုက်တယ်ဆိုတာကို သိတယ်ပေါ့ "
" ဟုတ်တာပေါ့ ကျွန်မတို့က တက္ကသိုလ်မှာတုန်းက အ.ရမ်း.ရင်း.နှီး.ခဲ့ကြတဲ့အတန်းဖော်တွေလေ။ အဲ့ချိန်တုန်းကဆိုရင်... "
ရှန်ဝေ့ရင်းဟာ သူမရဲ့နီမြန်းတဲ့နှုတ်ခမ်းပါးလေးကို အပေါ်သို့ အနည်းငယ်ကွေးလိုက်ကာ ရီကျန်းအား စိုက်ကြည့်ရင်း ထိုသို့ပြောလေတယ်။ သူမ ပြောချင်နေခဲ့သောစကားတို့ကို အခုချိန်မှာ အစဖော်တော့မည့်ပုံစံမျိုးပင်။
💙💙💙💙💙💙💙