Butterfly...Jeon🦋 (Completed)

By ThetHmue3

764K 81.6K 11.9K

Jeonက လိပ်ပြာလေးလိုပဲ... အတောင်ပံလှလှလေးတွေနဲ့ ဖမ်းမိဖို့ရာခက်လိုက်တာ....🦋 More

Intro.....🦋
🦋1🦋
🦋2🦋
🦋3
🦋4🦋
🦋5🦋
🦋6🦋
🦋7🦋
🦋8🦋
🦋9🦋
🦋10🦋
🦋11🦋
🦋12🦋
🦋13🦋
🦋14🦋
🦋15🦋
🌼16🌼
🌼17🌼
🌼19🌼
🌼20🌼
🍃21🍃
🍃22🍃
🍃23🍃
🎨24🎨
🎨25🎨
🦋26🦋
🦋27🦋
🦋28🦋
🦋29🦋
🦋30🦋
🦋Ending🦋(Part1)
🦋Ending🌼(Part2)
ZawGyi 1
🦋1🦋
2🦋
🦋3
4🦋
🦋5
🦋6
🦋7
🦋8
🦋9
10🦋
11🦋
🦋12
🦋13
🦋14
15🦋
16🦋
🦋17
🦋18
🦋19
🦋20
🦋21
🦋22
🦋23
🦋24
🦋25
🦋26
🦋27
🦋28
🦋29
🦋30
Ending P1 🦋
Endingp2🦋
Extra...☁️
Extra🦋
🦋
🦋Extra🦋(2)

🌼18🌼

18.4K 1.9K 262
By ThetHmue3

တပတ်ကြာခဲ့ပြီ ကောင်လေးနဲ့လုံးဝအဆက်အသွယ်
မရ..လုံးဝမတွေ့ခဲ့ရတာ...။
အကြောင်းပြချက်အမျိုးမျိုးနဲ့Hanna ဆီ
သွားနေခဲ့လည်းအရိပ်အယောင်အသံလေး
တခုမျှမကြားခဲ့ရ....။
Hanna ကတော့သူ့ဆီခဏခဏလာတွေ့၍
ပျော်ရွှင်လျက် ခုရက်ပိုင်းတွေပြသနာမရှိသလောက်
နည်းပါးနေခဲ့သည်။
လူနာတစ်ယောက်အားကြည့်ပေးပီးသည့်
နောက်ပြန်ထွက်လာတော့ကော်ရစ်တာတွင်
MinYoongi နဲ့ဆုံသည်။

"Yoongi...."

ထူးထူးဆန်းဆန်းစခေါ်ပြောနူတ်ဆက်လာသော
Jimin ကြောင့်အံ့ဩမိလိုက်သည်။

"ဘာလဲ...."

"ဘာမှမဟုတ်ပါဘူး...ညနေကျခေါက်ဆွဲအတူတူ
စားရအောင်...ငါတစ်ယောက်ထဲစားရမှာ
ပျင်းလို့..."

"ဆေးစားတွေမှားလာတာလား...
ငါမအားဘူး ညနေ Jungkook ကို
သွားကြည့်ရမှာ...."

လိုချင်တာဒါဖြစ်သည်။အိမ်ကိုသာသွား
နေတာရွှေစိတ်တော်ညိုနေသောကောင်လေး
ကမထင်မှတ်ထားလောက်အောင်
မာနတရားခေါက်ခိုက်ကာ စကြဝဠာအပြင်ဘက်
အထိထိုးထွက်နေသလားထင်ရသည်။
ဘဝသမိုင်းတွင် ပထမဆုံးမာနဦးချိုးကာ
ပြေးချော့မော့ချင်သောစိတ်ဖြစ်ခဲ့မိခြင်း..။
သူ့ကိုသာ မိဘ သူငယ်ချင်း ခု Hanna
အားလုံးကချော့ပေါင်းကာရွှေဘုံရွေနန်းက
မင်းသားလေးလို မြှောက်ပင့် ပေါင်းသင်း
ဆက်ဆံခဲ့ကြပြီး သူ့အလိုကိုတောက်လျှောက်
လိုက်ခဲ့ကြသည်...။

နူတ်ခမ်းအောက်ကမဲ့နက်ကလေးနဲ့တွေ့မှ
ရာဇဝင်ရိုင်းရုံမက ရာဇဝင်ပါပျောက်ကာ
ParkJimin....ဘဝင်မြင့်မောက်မာသည်ဆိုသော
နေရာကို JeonJungkookက
စိတ်တချက်ဆိုးပြသွားရုံနဲ့ သတ်ချခဲ့သည်။

"ဟုတ်လား ဒါဆိုငါပါလိုက်ခဲ့မယ်လေ
ကူကြည့်ပေးမှာပေါ့...ပီးတော့ခေါက်ဆွဲစား
ကြမယ်...."

MinYoongi သည်ပါဝါမျက်မှန်ပေါ်ကသူ့ကို
ကျော်ကြည့်လာတာကြောင့်မသိမသာ
ခပ်တည်တည်သာနေလိုက်သည်။
ငြင်းမှာမဟုတ်သူသိသည်။
Yoongi ကသူ့ကိုခင်မင်ချင်ကာ
အတူတူသွားသွားလာလာလုပ်ချင်ခဲ့တာ
ကျောင်းထဲက...။

"ခေါက်ဆွဲစားရင်းနဲ့ငါဘာတွေထပ်လေ့လာ
နေတယ်ဆိုတာ အစ်ချင်လို့မလား"

စာဂျပိုးက ဆရာဝန်လုံးလုံးဖြစ်တဲ့အထိ
မပီးနိုင်သေး။

"မဟုတ်တာကွာ...မင်းမစားချင်လည်းနေ
ငါက စေတနာနဲ့ခေါ်တာ..သွားပြီ..."

"လိုက်မယ် ဟေ့ကောင်...ညနေဖုန်းဆက်လိုက်မယ်
Jungkook ဆီအရင်သွားပီးမယ်
ပီးရင်မင်းနဲ့ငါ သွားစားမယ်..."

"အိုကေ...SeeU"

တပတ်လောက်အထိငြိမ်သက်နေနိုင်သော
လိပ်ပြာအကြောတင်းလေးသည်
သူ့ကိုပစ်ပယ်များသွားပြီလားမသိ...။
စိတ်ပျက်သွားပြီဆိုတော့လည်း..
မရဘူး..ငါ့ကိုသဘောကျနေရမယ်လို့
အကျပ်မှကိုင်လို့မရတာ..။
မင်းအားနည်းတဲ့ဘက်မှာနေတာ
သိပ်ကံကောင်းတာပဲ ကောင်လေးရယ်....
မတွေးသင့်ပေမယ့်...
မင်းဟာဘာလုပ်လုပ် အပြစ်တင်လိုက်လို့မရတဲ့
ဖြစ်တည်မှုတခုဖြစ်နေခဲ့တာ....။

ညနေစောင်းတဲ့အခါတိတိကျကျပင်MinYoongi
ကဖုန်းဆက်လာသည်။
သူတကိုယ်လုံးမွှေးကြိုင်နေအောင်ရေမွှေးတွေ
ဖျန်းကာ သေသေသပ်သပ်ဖြစ်အောင်
ပြင်ဆင်လိုက်သည်။
ရှေ့ဆင့်နောက်ဆင့်ကားကိုယ်စီမောင်းရင်း
Jeonအိမ်တော်ကြီးဆီသို့လာနေခဲ့သည်။
JeonJungMi သည်အလုပ်မှာရှိနေပြီး
Hanna ကလည်းFashion ပွဲတခုတွင်ရောက်နေသည်။
ပြေးချော့မော့ရမည့်အချိန်အစစ်အမှန်ပင်...။

"မင်းအောက်မှာကျန်ချင်ကျန်ခဲ့နော်
မင်းက Jungkook ဆို ကပ်သီးကပ်ဖဲ့နဲ့..."

"လိုက်ခဲ့မယ်...အောက်မှာပျင်းစရာကြီး
ငါကူလုပ်ပေးမလို့ပါဆို..."

"ဘာကူစရာရှိလို့လဲ...."

"ဘာပဲဖြစ်ဖြစ်ကွာ...အကုန်လုပ်ပေးမယ်..."

"ParkJimin ParkJimin ငါ့ကို
အရမ်းအစ်ချင်နေတာသိသာတယ်..."

"အေး ဟုတ်တယ် မင်းဘယ်လိုတွေ
ကုသနေလဲ ဘာနည်းလမ်းတွေသုံးနေလဲ
ဆိုတာ သိချင်လို့ကွာ...ရပီလား.."

"ဝန်ခံလိုက်စမ်းပါ..."

"အေး ဝန်ခံတယ်ကွာ...တက်မယ်အပေါ်ကို..."

MinYoongi နောက်ကလိုက်လာရင်း
အခန်းတံခါးခေါက်လိုက်တော့ JinHyung
ကလာဖွင့်ပေးသည်။
သူ့ကိုတွေ့တော့အံ့ဩသွားသလိုမျက်လုံးတွေ
နှင့်ကြည့်နေကာဘာမှတော့မပြော...။
အခန်းထဲဝင်တဲ့အခါ ရင်တခုလုံးနစ်ခနဲ...။
သူစွတ်နေကျ ရေမွှေးနံ့သည် တခန်းလုံး
ထောင်းထောင်းထကာ မူးမေ့လဲမတတ်။

လိပ်ပြာလေးအားအပူတပြင်းရှာကြည့်လိုက်
တော့ကြိမ်ခုံလေးပေါ်တွင်ခွေခွေခေါက်ခေါက်
လေးထိုင်ကာပြတင်းပေါက်ကိုငေးနေသည်။
လီမွန်ဖျော်ရည် တဝက်နှင့်ဖန်ခွက်လေးရယ်
စတော်ဘယ်ရီကိတ်လေးတခုကလည်း
တကိုက်နှစ်ကိုက်စားထားသည့်ပုံ။

လွမ်းနေကြောင်းကို...ငြိမ့်ငြိမ့်ငြောင်းငြောင်း
လေးသူပြသတတ်တာပဲ....။

"Kookie...YoongiHyungလာပြီ..."

ဖျက်ခနဲလှည့်လာကြည့်လာသည်။
Yoongi အပြင် သူ့ကိုပါမြင်တော့
အေးစက်စက်ပင်တချက်ကြည့်ကာခုံမှ
ထလာသည်။

"နေလို့ကောင်းတယ်မလား..
ညဘက်တွေရောအိပ်ပျော်လား....
Hyung ဆေးပြောင်းပေးတာ
အဆင်မပြေမှာစိုးနေတာ..."

"ပြေတယ်....."

"နှလုံးကရော အရမ်းနေရထိုင်ရခက်တာ
မျိုးတွေခုရက်ပိုင်းမရှိဘူးလား..."

"မရှိဘူး...."

အရင်ကဆို ခြင်တကောင်ကိုက်သွား၍
ယားနေတာကအစ ရောဂါလုပ်ကာ
သူ့ကိုပေါက်ပေါက်ဖောက်တတ်သော
ကောင်လေးသည် ဖြေနေရတာတောင်
စိတ်မရှည်နေသောပုံစံကြောင့်
JinHyungကိုတချက်လှမ်းကြည့်တော့
JinHyungသည်အခြေအနေသိပ်မကောင်း
ကြောင်းမျက်နှာအမူအယာဖြင့်ပြောပြလာသည်။

"စိတ်ရှုပ်စရာတွေရှိနေလို့လား...
ဘာကောင်လေးတွေထပ်မွေးချင်လဲ...
လိပ်ပြာလေးတွေဖမ်းထည့်ပေးရအုန်းမလား
Jungkook မျက်နှာမကောင်းတော့
Hyung က ဘယ်လိုနေတတ်မှာလဲ..."

"ဆေးထိုးမှာမလား ထိုးပီးပြန်တော့..."

အိပ်ယာစွန်းတွင်ထိုင်ရင်းသူတိူ့မျက်နှာ
တွေကိုပင်မော့မကြည့်ကြမ်းပြင်ပေါ်
သို့လွှဲထားကာပြောနေသောကောင်လေးသည်
အထူးတလည်ကိုငြိမ်သက်နေသည်။
ခိုးထွက်တာမျိုး ခြံထဲမှာပြေးလွှားနေတာမျိုး
ပန်းချီဆွဲနေတာမျိုး ဟိုဟိုဒီဒီစကားလေး
တွေပြောနေတာထက် ငြိမ်သက်ခြင်းသည်
ပိုစိုးရိမ်စရာကောင်းကြောင်းYoongiအသိ
ဆုံးဖြစ်သည်...။

"Hyung ဆေးမထိုးပါဘူး...
မင်းနေကောင်းနေပီပဲဟာ...
ကြည့်ရုံပဲ....."

Jimin သည်SeokJinအားလှမ်းကြည့်ကာ
တခုခုတောင်းဆိုနေသည်။
SeokJin ကမျက်နှာလွှဲသွားခဲ့သည်။
ခဏနေတော့ပြန်ကြည့်လာသည်
Jimin သည်တောင်းဆိုနေဆဲ...။

Yoongi သည်စမ်းသပ်စရာရှိတာ
တွေအားစမ်းသပ်ကာ
မှာစရာရှိတာတွေအထပ်ထပ်မှာရင်း
JungKookနူတ်ဆိတ်မှုအပေါ်သိပ်
အားမရနေခဲ့။Jimin ကတော့
ဘေးတွင်မတ်တပ်ရပ်နေကာ
သူ့ကိုတချက်မှပင်ထပ်မကြည့်တော့သော
ကောင်လေးကို သေလောက်အောင်
အသဲယားပီးမေးပစ်လိုက်ချင်နေပီ။

"Yoongi ပီးရင် ငါ့နောက်ခဏ
လိုက်ခဲ့အုန်း မနေ့က ငါဝယ်ထားတဲ့
ဝိုင်အသစ်မင်းကိုပြချင်လို့
တအားမိုက်..."

"ဟုတ်လား.."

ဝိုင်Crazy Yoongiသည် JinHyung၏
မဲဆွယ်မှုတွေအောက်ကြာကြာJungkook
ဘေးတွင်မနေနိုင်တော့
Jimin အားဟိုဟာလုပ် ဒီဟာလုပ်
ဆရာတတ်ခဲ့ကာ နှစ်ချို့ဝိုင်အား
စပ်စုရန်ပါသွားခဲ့တော့သည်။

အခန်းပိတ်သွားကာJinHyungနဲ့Yoongi Hyung
ထွက်သွားပီးသည်နှင့်တစ်ခန်းလုံးတိတ်ဆိတ်
ကျသွားသည်။

"ကောင်လေး..."

ခုတင်ပေါ်တွင်မှီကာထိုင်နေသောကောင်လေး
သည်မကြားသလိုပင်ငြိမ်သက်နေသည်။
လက်ချောင်းလေးတွေကတော့
လှုပ်စိလှုပ်စိ...။မျက်လုံးတွေကတော့
သစ္စာရှိလှစွာသူ့ဆီသို့လုံးဝမရောက်လာခဲ့။

"ကိုယ်တောင်းပန်ပါတယ်...
မင်းအရမ်းစိတ်ပျက်သွားမယ်ဆိုတာ
လည်းကိုယ်သိတယ်..."

လှုပ်စိလှုပ်စိလက်ချောင်းလေးတွေအား
ဆုပ်ကိုင်လိုက်တော့အသာအယာရုန်းထွက်
သွားတဲ့သူ...။

"ကိုယ် ဒီလို ဘဝ တလျှောက်လုံးမှာ
ဘယ်သူ့ကိုမှမတောင်းပန်ခဲ့ဖူးဘူး...
မင်းကပထမဆုံးပဲ..
တပတ်တောင် မင်းကသိပ်နေနိုင်တာပဲ..."

ခြေထောက်နားသို့ထိလာသောယုန်ကလေး
တကောင်ကိုသူကောက်ချီလိုက်သည်။

"ငါ့ကိုမကြည့်ချင်နေပါ ယုန်ကလေးကို
ကြည့်ပါအုန်း...မင်းဆီလာချင်နေပုံပဲ..."

လူတိုင်းအပေါ် ညွှန့်ခဲ့တဲ့ဝဋ်တွေ
အကုန်စုလည်သလားမှတ်ရအောင်
JeonJungkook လေးသည်
ရက်ရက်စက်စက်အကြောတင်းပါသည်။

"အိမ်ကိုလာပါတယ် တရက်ခြားတခါတော့
မင်းဆင်းလာမယ်ထင်တာ..လေ..
ငါက တော်တော်အရှက်မရှိတာ
Hanna ကိုအကြောင်းပြပြပြီး...
ငါ့မှာ သိက္ခာဆိုတာလည်းတကယ်ကို
မရှိတော့ပါဘူး...ငါတခုခုကိုရွေးချယ်ရ
တော့မှာကိုသိပါတယ်...
ဒါပေမယ့် မင်းကဒီလိုဖြစ်နေရင်....
ကြည့်အုန်း Jungkook...."

စိတ်မရှည်တော့တာကြောင့်မျက်နှာလေး
အားပါးနှစ်ဖက်မှကိုင်ကာဆွဲလှည့်တော့
သိပ်သဘောကျခဲ့ရသောအစိတ်အပိုင်း
တခုချင်းစီက မကျေမနပ်မှုပေါင်းများစွာ
ဖြင့်သူ့ကိုကြိုနေသည်။

"ပြုံးပြပါလား...မင်းပြုံးရင်သိပ်ချစ်စရာ
ကောင်းတာ....

မပြုံးတဲ့အပြင်ပိုအေးစက်သွားသော
မျက်နှာပေးသည် သူ့ကိုပိတ်လှောင်လာ
စေတော့သည်။

"ငါတောင်းပန်နေပီပဲဟာ....
မင်းငါ့ကို မပတ်သတ်ချင်တော့လို့လား
ဟုတ်လား ငါ့ကိုစိတ်မဝင်စားတော့
လို့လား...ရှင်းရှင်းပြောပါ..ရတယ်
ဒီလိုမျိုးပုံစံနဲ့တော့ငါ့ကိုမဆက်ဆံနဲ့...
ငါ့အတွက်...ခက်ခဲလွန်းတယ်...."

"Jungkook........"

ဘယ်လိုမှအဆင်မပြေခဲ့ပါ....။
လူကရူးချင်ချင်ပင်ဖြစ်လာပီ။
လူတစ်ယောက်စိတ်ဆိုးနေတာကို
ချော့ခြင်းသည် ပထမဆုံးအတွေ့အကြုံပင်မို့
သူမအောင်မြင်ခဲ့ပါ။
ချော့နေရသောသူကလည်းတုပ်တုပ်မှမလှုပ်လာ။

"မနက်ဖြန် ...ကိုယ်အားတယ်...
လျှောက်လည်ကြမလား...
တမြို့လုံးအနှံ့ တခြားမြို့တွေဆီသွား
ချင်လည်းရတယ်....မုန့်တွေစားမယ်
မင်းလုပ်ချင်တာတွေအားလုံးလုပ်လို့ရတယ်လေ..."

လက်ကလေးတွေသာလှုပ်နေပြီး
ဘာမှအကြောင်းမပြန်သော
ကောင်လေးသည်တကယ်ပင်သူ့ကို
စိတ်ကုန်သွားတာသေချာနေခဲ့ပြီ။
သက်ပြင်းတချက်ကျယ်ကျယ်ချကာ
ယူလာသောအိတ်တွေ အပေါ်ထပ်ကုတ်အကျီ
တွေအားကောက်လိုက်ပီး ထွက်သွားလိုက်ဖို့
သာစဉ်းစားလိုက်မိသည်။
အိမ်ပြန်ပြီး နောက်ထပ်နည်းလမ်းကောင်းတခု
စဉ်းစားလိုက်တာပိုအဆင်ပြေမည်။
အခန်းတံခါးအားခပ်ဖြေးဖြေးဖွင့်ကာ
ထွက်မည့်ဆဲဆဲ.....

"ဘယ်အချိန်သွားမှာလဲ...မုန့်ကဘာမုန့်လဲ...."

တိုးတိုးလေးထွက်လာသောအသံသည်
တကယ်ပါပဲဟုအော်ကာ အခန်းထဲချက်ချင်း
ပြန်ဝင်လာမိသည်အထိ....။
ပစ္စည်းတွေအကုန်ပြန်ချကာ
အိပ်ယာပေါ်ပြေးတက်လိုက်တော့နံရံအနားအထိ
တိုးကပ်သွားသောလိပ်ပြာငယ်သည်
လက်နက်မချသေးပါ....။

"တော်တော့ တော်လိုက်တော့..
ပြေလိုက်ပါတော့..တပတ်လောက်လည်း
ကြေမွနေအောင်ကောက်ပီးပီပဲ...
ကောက်စရာ ဒီဆံပင်တွေပဲရှိတော့တယ်
ရပ်လိုက်တော့နော်.....
ငါတကယ်စိတ်မရှည်တော့လို့ပါကွာ..."

နူတ်ခမ်းထူထူသည် ချော့မြူခြင်းကို
မကျွမ်းကျင်လွန်း၍ စိတ်မရှည်စွာ
သူ့အားအော်လာချေပြီ။
တခါလေးမှစိတ်မကောက်ခဲ့ပါဘူး.....။
အနှောက်အယှက်များဖြစ်သွားပီလား
အခက်အခဲကောင်အဖြစ်
Jimin မြင်သွားတာလားဆိုသော
စိတ်နဲ့ အိပ်ယာထဲဘုန်းဘုန်းလဲခဲ့တဲ့သူပါ။
စိတ်ကောက်နေတာက ကိုယ်လား
ဒီဆရာဝန်စိတ်မရှည်လား ဟုပြန်မေး
ချင်လာအောင်သူကပြန်လည်ကာ
ဆူဆောင့်အောင့်နေသည်။

ကောင်လေးသည်အိပ်ယာပေါ်ဆင်းသွား
ပြီးပိတ်စဖြူဖြူအုပ်ထားသောပန်းချီကား
ခုနှချပ်ကို ဖွင့်ဟပြခဲ့သည်။

ခုနှရက်လုံးသူဘာလုပ်နေခဲ့လဲဆိုတာ
ပြချင်နေသလိုမျိုး .....။

ရွာကိုသူစရောက်တဲ့ညကစိတ်နဲ့လူနဲ့မကပ်စွာ
တိုင်မှီပြီးစိတ်ဓာတ်ကျနေသောပုံ.....။
ကိုယ်ကသာကြည့်ရစိုးမည်ထင်သော်လည်း
ကောင်လေး၏လက်ချောင်းအစွမ်းလေး
တွေကြောင့် ဆွေးဆွေးငေးငေးလေးဖြစ်
နေသည်.....

နောက်ထပ် ပန်းခင်းဝါဝါ၏မြေပြင်တွင်
အပြင်းအထန်နမ်းနေကြသောပုံ....
ဒီပုံတွေကို တစ်ယောက်ယောက်မြင်လျှင်
ပွဲသိမ်းဆိုပေမယ့် လက်ရာမြောက်လွန်း၍
ကိုင်ကာလိုက်ပြချင်သောစိတ်တောင်ပေါက်ခဲ့သည်..။

လရောင်ဖျော့ဖျော့အောက် အိမ်တံခါးဝတွင်
ခေါင်းငုံ့ထားသောသူ့ဆံပင်တွေအား
ကောင်လေးကထိုးဖွဆော့ကစားနေပုံ....
အသစ်တဖန်ရင်ပြန်ခုန်လာရသည်အထိ....။

လီမွန်ဖျော်ရည်ခွက်နှင့်သူ့လက်တွေအား
အသေးစိတ်ဆွဲထားသောနောက်တပုံ....

ကိတိမုန့်ပန်းကန်နှင့်သူ့အားချူပ်နမ်း၍
ရှောင်တိမ်းနေသောအခန်းလေးထဲက
ကြွရွလွန်းသောပုံရိပ်တွေ....

Duty Coatနှင့် ဆေးရုံပေါ်တွင်
ပြေးလွှားနေသော ဆရာဝန်တစ်ယောက်၏
ဘဝ ကိုရေးခြစ်ထားသော နောက်ထပ်တခု

နောက်ဆုံးပုံသည် ပါတီညက
လွှတ်လိုက်သောလက်ချောင်းတွေနှင့်
ပျက်ယွင်းနေသော သူ့မျက်နှာကို
သေသေချာချာလေးဆွဲထားသည်...

"ဒီတပုံမှာ တညလုံးဆွဲရင်း ငိုနေခဲ့တာ....
Jimin တော့ သိပ်စိတ်ပျက်သွားမှာပဲဆိုပြီး....
Jungkook စိတ်ငြိမ်ဆေးတွေအများကြီး
သောက်ထားရက်နဲ့မထိန်းနိုင်ခဲ့ဘူး.....
အရမ်းဆိုးလွန်းတယ်မလား...."

မေးခွန်းလေးမေးရင်းသူ့ကိုလှမ်းကြည့်လာ
သောလိပ်ပြာငယ်၏မျက်လုံးတွေသည်
ကိုယ့်ကိုကိုယ်အပြစ်တင်မှုများနှင့်...။
ကောင်လေးရပ်နေရာပန်းချီကားတွေနား
သူအပြေးသွားလိုက်ပြီး

"မဟုတ်တာ...မဟုတ်တာပဲJungkook ရယ်...
ဆေးတွေကသောက်တိုင်း
မကောင်းဘူးလို့ကိုယ်ပြောထားတယ်လေ...."

"စိတ်ဖောက်ပီး Jimin ကိုတခုခုခက်ခဲ
အောင်လုပ်မိမှာစိုးလို့ပါ...
ခုတော့ စိတ်က...စိတ်ကမဖောက်တာတောင်
ခက်ခဲ....သွား...."

ငိုချင်ရက်လက်တို့ဆိုသလိုပုခုံးပေါ်မှောက်ချ
ကာတုန်တုန်ရီရီ ကောင်ငယ်လေးကို
ခုမှစချော့မော့ရတော့သည်....။

"ဘာမှမဖြစ်ဘူး...ဘာမှမဖြစ်တော့ဘူး
အဆင်ပြေနေပီလေ..."

ပုခုံးမှခွါကာ ပါးနှစ်ဖက်အား
ခပ်ဖွဖွကိုင်ရင်း နမ်းဖို့ဟန်ပြင်လာတာ
ကြောင့် ခြေဖဝါးသည်အလိုလို
မြှောက်တက်သွားရသည်။
အရပ်ကွာခြားမှုသည် တနေ့တခြား
ပိုလာသလိုပင်.....။

"မနက်ဖြန် လျှောက်လည်မှာတကယ်လား....."

"မင်းအဆင်ပြေမှပါ..."

"ပြေတယ်....လမ်းထိပ်ကကစားကွင်း
နားလေးမှာစောင့်နေမယ်...
လာခေါ်ပေးနော်...."

"တကယ်သွားလို့အဆင်ပြေရဲ့လား
ရာသီဥတုက....."

"Jimin မသွားရဲလို့လား..."

"ငါစ ပြောတာပါ...."

"ဒါဆို အပိုတွေမပြောနဲ့တော့...."

နူတ်ခမ်းနားသို့နီးကပ်လာသော
အနမ်းဖွဖွတွေရဖို့အနည်းငယ်မျှ
အကွာလေးတွင် MinYoongi
ရီသံကြီးကြားရလာတာကြောင့်
သူမြန်မြန်ဆန်ဆန်ပင်ဖယ်ခွါလိုက်ရသည်။
အနှေးနဲ့အမြန်ပင်တံခါးဖွင့်ဝင်လာသူ
နှစ်ယောက်ကတော့ ဘာမှမသိ...။
ဝိုင်အကြောင်းစကားစမပြတ်ကြသေး။
သူတို့ကတော့အရှိိန်ပျက်သွားရပြီ။

"Jimin ပြန်ကြမလား...."

"အေး.....ပြန်မယ်..မင်းကိစ္စတွေပီးပီမလား."

"ပီးပီ ငါဝိုင်တပုလင်းအတင်းတောင်းလာတယ်
ဒီမှာတွေ့လား...."

"မိုက်တာပေါ့...."

"YoongiHyung....ဝိုင်သောက်ရင်
Jungkook ကိုလည်းခေါ်ပါ...."

Yoongi သည်ဝိုင်ပုလင်းကိုင်လျက်
လူစားလဲသွားပြီဖြစ်သောကောင်လေး
ကိုမယုံကြည်နိုင်စွာကြည့်မိသည်။
ခုနတုန်းကတော့အသက်မဲ့နေသလို
ကျောက်ရုပ်လေးသည်
တောက်တောက်ပပမျက်လုံးလေးတွေ
နှင့် ပြန်ဖြစ်သွားခဲ့ပြန်ပီ...။

"အော်...အေး....ခေါ်မှာပေါ့...."

"MinYoongi သွားမယ်....ငါနောက်ကျနေပီ..."

ပစ္စည်းတွေကောက်ယူကာဝရုန်းသုန်းကား
ထွက်သွားသောJimin နောက်အပြေးလိုက်
ရင်းမေးရတော့မည်။
Jimin နဲ့ခဏလေးထားခဲ့တာကို
ပုံမှန်လိုပြန်ဖြစ်အောင်ဘယ်လိုကုထုံးလဲ
ဆိုတာ သိချင်လွန်း၍ အကျီစကိုင်ကာ
တောက်လျှောက်မေးနေခဲ့သော်လည်း
ParkJimin ကတော့ဒေါသတွေသာထွက်နေသည်။
ဒီကောင်သိပ်လျှိုလွန်းအားကြီးသည်...။

နမ်းရမဲ့ဟာ...မနမ်းလိုက်ရခြင်းတွေသည်...
ယမ်းပုံမီးကျ..ဓာတ်ဆီလောင်းတာထက်
ပိုပို ပေါက်ကွဲချင်သည်....

Dr..ParkJimin က...ကိုယ့်ကိုကိုယ်
သတိမထားမိခဲ့တာပါ....
လိပ်ပြာငယ်နှင့် ပတ်သတ်လာလျှင်...
စိတ်ကောက်ပြေစ အနမ်းလေးတခုကိုတောင်
မှ မလွဲချော်ချင်ဘဲ...ရူးရူးမူးမူး
လိုချင်ခဲ့တဲ့ အကြောင်း.........။

MinYoongi ကတော့မေးမြဲမေးလျှက်...
ParkJimin ကလည်း ခေါက်ဆွဲဆိုင်
ရောက်သည်အထိ ဟိုဟန်ဒီကန်လုပ်ကာ
ပက်ရမ်းမြဲ ပက်ရမ်းနေလျက်...။

....................

ပထမဆုံးDateလား....။
သတ်မှတ်ချင်လည်းသတ်မှတ်လို့ရသလို
မသတ်မှတ်ချင်လည်းမသတ်မှတ်လို့ရနေတာပဲ။
ဘာပဲဖြစ်ဖြစ် ၇ရက်လုံးစိတ်မကောင်း
ဖြစ်နေရသော ကောင်လေးအား
တစ်ရက်လောက်တော့ပျော်ရွှင်ခြင်း
တွေရှာပေးလို့ရတယ်မလား......။
ထုတ်ထားသော အကျီနှင့်ဘောင်းဘီကို
တချကိကြည့်ကာဝတ်သင့်မဝတ်သင့်
တော်တော်ကြာကြာစဉ်းစားရသည်။
ဘောင်းဘီတိုမဝတ်ဖြစ်တာနှစ်တော်တော်
ကြာပီဖြစ်သည်။
ကလေးဆန်သောပုံစံမျိုးကိုသိပ်လည်း
သဘောမကျတာကြောင့်
တည်ငြိမ်ရင့်ကျက်သောအဝတ်အစား
အပြင်အဆင်မျိုးကိုသာအမြဲရွေးချယ်ဖြစ်ခဲ့သည်။

အကျီ လက်ရှည်အစင်းလေးနှင့်ဒူးအထက်
ဘောင်းဘီတိုအားဝတ်လိုက်သော်အခါ
သူသည် ဆရာဝန်တစ်ယောက်မဟုတ်တော့ဘဲ
ကလေးဆန်လှသောParkJimin အသွင်ကို
ချက်ချင်းပြောင်းလဲသွားသည်။
စိတ်ထဲသိပ်တော့ဘဝင်မကျပေမယ့်
သွားတွေ့မှာက အသက်၂၀ပင်မပြည့်
သေးသော နုနုနယ်နယ်လေး....။
သူကလူကြီးလိုလို သတိအနေအထားတော့
အမြဲဆွဲမနေချင်...။
တခါတလေတော့ လူငယ်ဆန်လိုက်ချင်မိသည်။
ဆံပင်တွေကိုအမြဲလှန်တင်ထားရမှ
ရှေ့သို့စုပြုံချလိုက်တော့ သွားပြီဟု
စိတ်ထဲကရေရွတ်မိသည်အထိ...။

"ငါJungkook ထက်တောင်ငယ်နေသလို
ဖြစ်နေပီ....."

အစကနေပြန်လူကြီးဆန်ဖို့အချိန်မရတော့
တာကြောင့် ဖုန်းနှင့်ပိုက်ဆံအိတ်အား
ဘောင်းဘီအိတ်ထဲထည့်ကာဖြစ်ချင်ရာဖြစ်တော့ဟု
တွေးချလိုက်ပြီးထွက်လာလိုက်သည်။
ဦးထုတ်နှင့်Maskကိုတော့သေသေချာချာ
တပ်ထားတာကြောင့် ဘယ်သူမှဗြုန်းခနဲမှတ်မိမှာ
မဟုတ်။

ကားဖြည်းဖြည်းမောင်းလာရင်းလမ်းထိပ်က
ကလေးကစားကွင်းနားရောက်တော့
ကားရပ်ကာ ကောင်လေးကိုရှာရသည်။

ခုံတန်းတခုပေါ်တွင်ငြိမ်သက်နေသော
ပုံရိပ်လေး...။အမဲရောင်Hoodie
အကြီးကြီးနှင့်ဘောင်းဘီအနက်ကိုတွဲဝတ်ထားကာ
ခေါင်းစွတ်သည်သူ့မျက်နှာတခုလုံးကို
ပင်လုံခြုံနိုင်သည်အထိ။
ကျောပိုးအိတ်လေးအားဘေးတွင်ချထားကာ
အနက်ရောင်ဖိနပ်ကြီးကြီးစီးထားခဲ့သောသူ...။

ရိုးရှင်းပါသည်....တချိိန်ထဲမှာလည်း
ဆန်းကြယ်မှုတွေအပြည့်.....။

ရှိရင်းစွဲထက် ပိုအသက်ကြီးတဲ့ပုံပေါ်အောင်
ဆင်မြန်းလာသော လိပ်ပြာလေးနဲ့
၁၉နှစ်သားလေးနဲ့တွဲသွားရမှာကြောင့်
ငယ်ချင်ခဲ့သော ပန်းပွင့်ကလေးတို့သည်
ဆန့်ကျင်ဘက် တွေးခေါ်ယူဆမှုများဖြင့်
ပြောင်းပြန်အချိုးကျနေခဲ့သည်။

"Jungkook...."

ခပ်လှမ်းလှမ်းမှခေါ်ရင်းလျှောက်လာသော
Jiminသည် ထိုင်နေရာမှမတ်တပ်ထရပ်မိသည်
အထိ ရင်ကိုအထပ်ထပ်ထိခဲ့သည်။
မျက်လုံးတွေသည် လှစ်ဟာပြထားသော
ပေါင်လည်နှင့် ခြေသလုံးဖြူဖြူသို့ရောက်
သွားသောအခါ ဘေးပတ်ဝန်းကျင်ကို
မြန်မြန်ဆန်ဆန်အကဲခတ်လိုက်ရသည်။
ဘယ်သူတွေများကြည့်နေမလဲ...ပေါ့။

"ကိုယ်နောက်ကျသွားတယ်...
ဗိုက်ဆာနေပီမလား
မနက်စာသွားစားရအောင်...."

ဦးထုတ်နှင့်Maskနဲ့ကြားကမျက်လုံးလေး
တွေသည်တောက်တောက်ပပရယ်...။
လက်ရှည်အကျီကြောင့်လက်အဖျား
လေးတွေပဲပေါ်နေကာအကျီကသေချာ
တာတော့သူနဲ့တော်မနေပါ...။

"ကားနဲ့လား...."

"ကိုယ်မောင်းမှာလေ...ကြောက်စရာမလိုတဲ့
အရာတွေကို ကြောက်နေတာ
အရမ်းရှုံးတယ်နော်...ဘာမှမဖြစ်ဘူး
ကိုယ့်ကိုယုံ...."

"ဟုတ်....."

ရှေ့ကကြွကြွရွရွ ကလေး တဖြစ်လဲ
ဆရာဝန်လေးနောက် မဲမဲမှောင်မှောင်အတောင်ပံတွေ
ဖြင့်လိုက်ရင်း ဒီပေါင်းစပ်မှုသည်
တော်တော်လေး ကသောင်းကနင်းနိုင်လှသည်။
Jimin က ကလေးလိုမြင်မှာစိုး၍
အတတ်နိုင်ဆုံး မိုက်တိမိုက်ကန်းပြင်ဆင်
လာတော့မှ Jimin ကိုယ်တိုင်က
ကလေးတယောက်လိုပြောင်းလဲသွားခဲ့ခြင်းသည်
ဦးနှောက်တခုလုံး လိုက်၍မမှီတော့။
ကျောပိုးအိတ်အားခပ်လျှော့လျှော့လွယ်လျက်
လိုက်သာလာလိုက်သည်။

ကားပေါ်တက်ရမှာ သေမတတ်ကြောက်ခဲ့သော်
လည်း မောင်းမဲ့သူက စိုက်ကြည့်ပီး
တက်ဟုဆိုသော်အခါ ပြသနာမလုပ်ရဲ...။
မျက်လုံးစုံမှိတ်ကာတစ်လမ်းလုံးစကား
မပြောဘဲ လိုက်လာခဲ့သည်။

တချို့အရာတွေက စကားတခွန်းပါပဲ....
တကယ်ကို တစ်ခွန်းထဲပါပဲ....။

Coffee ဆိုင်ကျဉ်းကျဉ်းလေးတခုတွင်
သူရပ်သည်။ယူစရာရှိတာယူပီး
ရှေ့ကအရင်ဆင်းသွားသောလူနောက်
ခေါင်းလေးငုံ့ကာလိုက်လာခဲ့မိသည်။
Public နေရာတွေကို ခုမှပြန်ထိတွေ့ရတာမို့
နည်းနည်းလေးတော့ စိမ်းနေခဲ့သည်။

"နို့သောက်မယ်မလား...ကိတ်တခုခုနဲ့
မှာလိုက်မယ်နော်....
ကိုယ်က ကော်ဖီသောက်မယ်...တခြား
ဘာစားချင်သေးလဲ..."

"ဘောင်းဘီကိုနည်းနည်းဆွဲချပေး..."

အမေးတခြားအဖြေတခြားသည်...
Jimin အားဘာမှဆက်မပြောနိုင်သည်အထိ
Menuစာအုပ်အားချကာ ထိုင်လိုက်တာကြောင့်
ပေါင်လည်လောက်အထိတိုတက်သွားသော
ဘောင်းဘီတိုအားဆွဲချလိုက်ရသည်။

"ယောကျ်ားလေးပဲကွာ...ဒီလောက်က
ဘာမှမဖြစ်ပါဘူး...စားဖို့သောက်ဖို့
ဆက်ပြောကြမယ်...."

"နောက်တစ်ခါ မဝတ်နဲ့...."

"အင်းပါ.....ကိုယ်ဗိုက်ဆာနေပီ...
ဘောင်းဘီကို ခဏထားလိုက်ပါအုန်း..."

Jimin သည်မှာစရာရှိတာမှာရင်း
စားစရာတွေရောက်လာသောအခါတွင်
လည်းသေသေချာချာစားခဲ့သည်။

"Coffee တွေနဲ့တူတယ် ...."

အစားအစာများကိုသိပ်အများကြီး
စိတ်မဝင်စားဘဲစိုက်ကြည့်နေသော
Jungkook သည်တခါတရံနှဖူးပေါ်ဝဲကျနေသော
ဆံပင်တွေကိုလာလာထိတတ်သည်။

"ခါးလည်း...Jimin က စွဲစွဲလန်းလန်းသောက်ချင်စရာ"

"Coffee နဲ့မတည့်ဘူးလေ..
နို့ပဲသောက်ပါ...ရင်တွေတုန်မယ်...."

"ဒီCoffee ကိုသောက်ချင်တာမဟုတ်ဘူး
ဒီသက်ရှိCoffee လေးကိုသောက်ချင်တာ...."

"ကိုယ့်ကိုမစားနဲ့.Jungkook..မြန်မြန်စား
လျှောက်လည်ရအုန်းမယ်...."

"လျှောက်မလည်လို့မရဘူးလား
ဟို...တနေရာရာလေးမှာ
ငြိမ်ငြိမ်လေးထိုင်စကားပြောမယ်လေ
Jungkook လူတွေကြားထဲနေရတာ
အသက်ရှုတွေကျပ်လို့...."

"အဆင်မပြေဘူးလား...
ကိုယ်က မင်းအပြင်ကိုလျှောက်သွား
လိုက်ရရင်စိတ်ပြေလက်ပျောက်ဖြစ်မယ်ထင်တာ..."

"မဖြစ်ဘူး...စိတ်ရှုပ်တယ်...."

"ဒါဆို..ကိုယ့်မှာ ဝယ်ထားတဲ့ခေါင်းမိုးထပ်လေး
တော့ရှိတယ်...အဲ့သွားနေမလား
ဆေးကျောင်းတုန်းက စာမေးပွဲအဆင်မပြေရင်
သွားသွားခိုးငိုတဲ့နေရာ စာကျက်ခဲ့တဲ့နေရာ
လေးဆိုပါတော့...အပေါ်ဆုံးထပ်ဆိုတော့
ရှုခင်းတွေလည်းမိုက်တယ်..."

"အဲ့လိုရလား..."

"ရတာပေါ့...မင်းအဆင်ပြေဖို့အရေးကြီးတယ်..."

"ကျတော် လူတွေကြားထဲမဝင်ချင်တာ
ရူးနေလို့မဟုတ်ဘူးနော်...ဒီတိုင်း...
ဟို..ပုံမှန်မဟုတ်တာမျိုးမဟုတ်ဘူး..."

"ကိုယ်သိတယ်...အများကြီးမတွေးပါနဲ့...
ရိုးရိုးလေးပဲတွေးရအောင်လေ ...နော်..."

"ဟုတ်ကဲ့...."

Coffee ဆိုင်လေးတွင်နာရီဝက်လောက်
အချိန်တို့ကုန်ပီးတဲ့အခါဆိတ်ငြိမ်ရက်ကွက်
လေးတခုက သူဘယ်သူမှမသိအောင်
ဝယ်ထားပြီး တခါတလေစိတ်ညစ်များ
ရှိလာလျှင်နားအေးပါးအေး ထိုင်ငို
ထိုင်တွေးတတ်သော ခေါင်းမိုးထပ်
အခန်းလေးဆီသို့ ကောင်လေးအားခေါ်လာခဲ့သည်။

ခုတင်တစ်ခုရယ်...စာကြည့်စားပွဲခုံတလုံးရယ်
ဗီရိုအဟောင်းလေးတခုရယ်...
ခြောက်နွမ်းနေပီဖြစ်သောပန်းအိုးလေးတလုံး
ရယ်ဖြင့် အေးဆေးရှင်းလင်းနေသောအခန်း
ငယ်အား Jungkook သဘောကျစွာ
လိုက်ကြည့်နေသည်။တံခါးပေါက်အပြင်ကို
ထွက်လိုက်လျှင်ဝရံတာအကျယ်ကြီးဆီသို့
ရောက်ပြီး တမြို့လုံးကိုမြင်ရသည်အထိ
ရှူခင်းကလှလှပပရယ်...။

"တော်တော်မိုက်တာပဲ..."

"ဟုတ်လား ကိုယ်ကစျေးတန်လို့ဝယ်ထား
လိုက်တာ...သဘောကျလား..."

"ကျတာပေါ့..."

ခုတင်ပေါ်သို့ပစ်လှဲချကာအမောဖြေနေသည့်
အထိအချိန်အထိကောင်လေးကစပ်စု၍
မပီးသေး...။ခဏအကြာကျောပိုးအိတ်ချွတ်
ပြီးစာကြည့်စားပွဲပေါ်တင်လိုက်သည်။

"ဘာတွေပါလဲ အိတ်ထဲမှာ....."

"ဆေးတွေ...."

စိတ်ထဲမကောင်းခဲ့....။သူတခုခုလွဲချော်သွားမှာကို
ကြောက်နေတာကြောင့်ဆောင်လာမှန်းကိုသိတာ
ကြောင့်ခေါင်းသာညိတ်ပြလိုက်သည်။
အိပ်ယာပေါ်သို့တက်လာခဲ့ပြီး
လှဲအိပ်နေသောရင်ဘက်ပေါ်သို့ကန့်လန့်ဖြတ်
ခေါင်းအုံးကာ ပြုံးနေသည်။

"တော်တော်အဆင်ပြေတာပဲ..
Jimin နဲ့ဒီလိုနေရတာ..."

"............"

ရင်ဘက်ပေါ်မှနေရာပြောင်းရွှေ့သွားကာ
ဘောင်းဘီတိုရှိရာ ပေါင်တံတွေပေါ်သို့
ခေါင်းထပ်အုံးလိုက်ရင်း ထပ်ပြုံးပြန်သည်။

"မနက်ထဲက ထိချင်နေတာ....
အရမ်း လှတဲ့ အရာတွေ...."

ရွှတ်ခနဲနမ်းလိုက်တာကြောင့်သူလန့်ဖျန့်ကာ
ထထိုင်မိရက်သား....။ပေါင်လည်းမစဉ်းမစား
နမ်းပစ်လိုက်တာပဲလား....။

"ဘာဖြစ်လို့လဲ...?"

"ဟို...ခြေထောက်တွေပေါင်တွေအထိတော့
မနမ်း..နဲ့လေ...မင်းလည်းယောကျ်ားလေးဆိုတော့
ငါမနေတတ်....."

"ဒါဆို ဝတ်မလာနဲ့လေ...."

နူတ်ခမ်းဖြင့်ထပ်မထိတွေ့ပေမယ့်လက်ချောင်း
သွယ်သွယ်တွေကတော့သေသေချာချာ
ထိကိုင်လာရင်းပြောသည်။

"JungKook...ငါတကယ်မနေတတ်ဘူး...."

ခါးကနေဆွဲချကာသူ့အောက်သို့
ပို့လိုက်ပီးအပေါ်မှ တင်တင်စီးစီး
ငုံ့ကြည့်လာသူသည်..စိတ်ထင်၍လားမသိ
စတွေ့တွေ့ချင်းတုန်းက ယုန်သူငယ်လို
မျက်လုံးမျိုးတွေရှိမနေခဲ့ပါ...။

"ကျောပိုးအိတ်ထဲမှာထည့်လာတာ
စိတ်ငြိမ်ဆေးတွေမဟုတ်ဘူး...
အားဆေးတွေ....သုံးမိနစ်လေးနမ်းပီး
မောမောသွားတာကို မကြိုက်လို့...."

"ဘယ်လို....."

"ကျတော် Jimin ကိုအကြာကြီးနမ်းချင်ခဲ့တာ..."

"တကယ်ပါပဲ......"

"လေ့ကျင့်ခဲ့ပီးပီ...အိမ်မက်ထဲမှာ
တနေကုန်တောင်နမ်းနိုင်တယ်..."

"ငါ့နူတ်ခမ်းတွေကို မင်းLollipop
နဲ့မှားနေတာလား...."

"စောင်ထဲဝင်မလား...အေးတယ်..."

အဖြူရောင်စောင်အားနှစ်ယောက်စလုံး
ပေါ်ခြုံလွှမ်းလိုက်ရင်း သဘောကျစွာ
တခိခိရီမောနေသောလိပ်ပြာလေး၏
နှလုံးသားသည် အထူးရွှင်ပြနေခဲ့သည်။

ကျစ်ကျစ်ပါအောင်ဖက်ထားပြီးတဲ့နောက်
နူတ်ခမ်းထူထူတွေဆီသို့အတိုင်းအဆမဲ့စွာ
တိုက်ခိုက်လာပြီဖြစ်သောအနမ်းတွေ....။
လက်ချောင်းတွေသည်ပေါင်တံသွယ်သွယ်
တွေနဲ့ခြေသလုံးတွေဆီအသွားအပြန်ကူးခတ်
နေရင်း...စောင်အဖြူရောင်အောက်
အသက်ရှူသံတွေပြင်းထန်ခဲ့သည်။
အတော်အသင့်ပုံမှန်ပြန်ဖြစ်လာပြီဖြစ်သော
Jungkook ၏မျက်လုံးတွေနှင့်
ခန္ဓာကိုယ်၏တုံ့ပြန်ပုံတွေသည် တစုံတခုဆီသို့
ဦးတည်နေမှန်းသူသိလိုက်သည်။
ပွတ်တိုက်ထိခတ်မိရင်း ပျော့တိပျော့ဖတ်
အစင်းကြောင်းလေးတွေနဲ့အကျီသည်
ဗိုက်သားချပ်ချပ်တွေအားလုံးပေါ်လာအထိ
မဖုံးဖိနိုင်တော့....။

မျက်နှာတခုလုံးမှတဆင့်လည်တိုင်တွေ
ရင်ဘက်တွေ တောက်လျှောက်နမ်းချသွား
သောကောင်လေးဟာ တကယ်ပင်ဆေးတွေ
အများကြီးသောက်ထားခဲ့တာလား....။

"JungKook....ပူတယ်...တော်ပီ..
ခဏ နားအုန်း....."

အစမ်းထွင်ကာစောင်အောက်ထဲမပီးနိုင်
နမ်းနေဆဲဖြစ်သောကောင်လေးကို
တွန်းလွှတ်ပီးစောင်အားဆွဲဖယ်တော့
သူ့ပုံစံသည် တော်တော်လေးယိုယွင်းနေလျက်..။
အသက်ဝအောင်ရှုနေရသည်။

ချွေးစတွေဖြင့်ကောင်လေးသည်ဝတ်ထား
သောHoodie အားမြန်မြန်ဆန်ဆန်ပင်
ဆွဲချွတ်ကာ သူလည်းတော်တော်လေး
ပူပူလောင်လောင်ဖြစ်နေသည်ပုံ။

"စောင်မခြုံတော့ဘူး..."

ထပ်အုပ်မိုးလာသောကောင်လေးသည်
ဒီတစ်ခါအကျီမပါတော့တာကြောင့်
သူရပ်မှဖြစ်တော့မည်...။
ဒီလောက်မှားရတော်ရောပေါ့.....ParkJimin ရယ်။
တော်လောက်ပီ...အသိတရားဝင်စမ်းပါ...။

"မောနေမယ်...တော်တော့လေ..."

"ကျတော်မမောသေးဘူး...."

"ကိုယ်က မောနေပီ..."

ခပ်ကြာကြာလေးစေ့စေ့စပ်စပ်ကြည့်ပီးတဲ့
နောက်သူ့အပေါ်မှဖယ်ခွါသွားကာ
ဘေးနားတွင်ဝင်လှဲလာသည်။

"Jimin လည်းကျန်းမာရေးမကောင်းဘူးပဲ..."

"အင်း ......."

"JungKook....."

"ဟုတ်...."

"ကိုယ် တောင်းပန်ပါတယ်....."

"လာပြန်ပြီ....ဘာတွေတောင်းပန်စရာရှိလို့လဲ"

"အကုန်လုံးအတွက်ပါ...ကိုယ်လမ်းနှစ်ခု
ကိုသတ္တိမရှိဘဲ တပြိုင်နက်လျှောက်ချင်နေတာ
အရှက်မဲ့နေတယ််မလား...."

"စိတ်မဝင်စားဘူး...Jimin ကိုပဲ
လိုချင်တာ Jiminအကြောင်းတွေကို
မလိုချင်ဘူး ပြောခဲ့ပီးပါပီ
Jimin ကြိုက်သလိုလှမ်းပါ
နောက်ဆုံးကျရင် ကျတော့်ကိုရွေးချယ်ဖို့ပဲလိုတယ်လေ..."

"ကိုယ်...ကြိုးစားနေပါတယ်...
ကိုယ့်မိဘတွေ...."

"ကျတော်အသေအချာနေကောင်းပြီး
Jimin ကိုအကာအကွယ်ပေးနိုင်တာ
သေချာပီဆို Jimin မိဘ Jimin
အခြေအနေတွေကိုဂရုမစိုက်ဘဲ
အပိုင်သိမ်းမှာပါ....Hanna မှမဟုတ်ဘူး
နောက်ထပ် မိန်းကလေးဘယ်နှယောက်
ထပ်ရှိရှိ..."

"ငါ လူဆိုးကောင်မလား...."

"ဘယ်လူဆိုးတွေကဒီလိုမျိုးချစ်ဖို့ကောင်းလို့လဲ...."

တကိုယ်လုံးအားသိမ်းဖက်ထားကာ
တိုးတိုးလေးပြောသောစကားလေးသည်
ကြက်သီးတွေထသွားရသည်။

"တခုပဲ...အထပ်ထပ်လည်းပြောခဲ့ဖူးပါတယ်
ကျတော့်ကိုပဲထိ ကျတော့်ကိုပဲကြည့်
ကျတော့်ကိုပဲနမ်းပါ....ကျတော်
Jimin အခြေအနေကိုနားလည်ပေးနေသလို
Jimin ကလည်း ဆင်ခြင်ပေးနော်...."
"ကြိုးစားနေတယ်..အားနည်းတဲ့
JeonJungkook ကနေ
အားကြီးတဲ့JeonJungkook ဖြစ်အောင်
ဒါမှ Jimin ကိုလွယ်လွယ်လေး လုယူလို့ရမှာ..."

"အားကြီးတဲ့JeonJungkook က
ဆေးတွေသောက်ပီးနမ်းတာမျိုးလား...."

ခပ်ဟဟရီမောလိုက်သံကိုကြားလိုက်ရကာ
ခါးထက်သို့ရောက်လာသောအငြိမ်မနေသော
လက်တွေကြောင့် သူယားလွန်းကာ
အကြမ်းပတမ်းတွန်းရသည်အထိ။

"ငါယားတတ်တယ်...မလုပ်နဲ့..."

"Jungkook...!!!!"

ရပ်မသွားတာကြောင့် အဝတ်မဲ့နေသော
သူ့ရင်ဘက်တွေအားပြန်စနောက်သည့်အခါ
သူကပိုယားတတ်ပုံရပြီးလဲကျသွားသည်အထိ။
ရောဂါသည်ဆိုတာကိုပဲမေ့သွားတာလား
သူ့ကိုယ်သူ ဘဝင်ခပ်မြင့်မြင့်ဆရာဝန်
တစ်ယောက်ဆိုတာမေ့သွားတာလားမသိ...
ထိုကောင်လေးခန္ဓာကိုယ်ပေါ်သို့ခွထိုင်ကာ
စိတ်ရှိလက်ရှိစနောက်ခဲ့မိသည်။

သွားတန်ဖြူဖြူတွေအားလုံးပေါ်သည်အထိ
အော်ဟစ်ရီမောကာ လိပ်ပြာငယ်သည်
သူ့ထက်အသက်ကြီးပြီး
သူ့ထပ်အများကြီးတော်တတ်လွန်းသော
Dr ParkJimin ၏ ကလေးဆန်ပုံအရပ်ရပ်
အား ကြည့်မဝနိုင်ခဲ့ပါ..။
ဘာတွေကိုပဲပြုမူပြုမူဂန္တဝင်တယော
သံစဉ်လေးတခုလိုမြတ်မြတ်နိုးနိူး
နက်နက်ရှိုင်းရှိုင်းငေးနေခဲ့ရသည်...။

အိပ်ရာခင်းဖြူဖြူများသည်တွန့်ကြေကာ
စောင်ဖြူဖြူသည် ခုတင်အောက်သို့
အထိန်းအကွတ်မဲ့ပြုတ်ကျနေလျက်...။
ရှုခင်းတွေလည်းမကြည့်ဖြစ်..
ဆရာဝန်လေးမြင်ကွင်းထက်ပေါ်နေသော
လိပ်ပြာလေး၏အပြုံးတွေ
လိပ်ပြာလေးမြင်ကွင်းထက်ပေါ်နေသော
ဆရာဝန်လေး၏ ရူးမိုက်ချင်စရာ
အလှတရား...
ထိုအရာတွေထက် ဘယ်ရှုခင်းကပိုများလှနိုင်
လိမ့်မလဲ....။

Hanna ကို စကားစပြောရတော့မည်...။

အိမ်မက်တွေတိုင်းမှာ ပန်းကလေးဟာ
အနားရောက်လာပြီး ပျောက်ပျောက်
သွားတတ်ပေမယ့် လက်တွေ့ဘဝမှာတော့
လုံလုံခြုံခြုံရင်ခွင်ထဲကိုဝင်နေခဲ့တယ်.....

စိတ်ကျေနပ်လိုက်တာ အတိုင်းအဆမဲ့...

အိမ်မက်ထက်ပိုကောင်းတဲ့အခန်းကျဉ်းလေး
တခုလည်းရှိနေတတ်တာပဲ....။

ဆန်းကျယ်လိုက်တာ..လိပ်ပြာတကောင်အတိုင်း
ဝဲပျံလိုက်ချင်သည်အထိ....

Jimin...က Jungkook ရင်ခွင်ထဲမှာပဲ
ထာဝရကြီးစိုးရမဲ့ အလှနတ်ဘုရား....။

ချစ်တယ်ဆိုတာထက် အဆကဋေကဠာ
အတိုင်းအဆမဲ့တာပေါ့...

ဘယ်စကားလုံးနဲ့မှကန့်သတ်ထားလို့မရအောင်
အတိုင်းအဆမဲ့ ခဲ့တဲ့ Jimin..ပါ.....။

အပိုင်း၁၈ရောက်မှပဲ ဇာတ်လမ်းစရတော့တယ်..
ခုစပီသိလား...😁

Drama Queen အကွက်တွေထုတ်ပြတော့မယ်🤣

Continue Reading

You'll Also Like

1.2M 42.1K 61
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
251K 19.9K 30
Uni + Zaw 🔥 မမျှော်လင့်ပဲ သူစိမ်းတစ်ယောက်နဲ့ လက်ထပ်မိသွားသောအခါ 🤭💜🙆 ရုပ်ရှင်တစ်ခုကိုအခြေခံပြီးရေးထားတာဆိုပါတော့ ဘယ်သူ့ဘယ်သူကိုမှ copy ထားတာမဟုတ်ပ...
336K 34.4K 63
Gangster တယောက်ရဲ့နားခိုရာနိဗ္ဗာန်ဘုံလေး
353K 27.7K 29
Mini Story Uni Life Style Sweet Romance