Butterfly...Jeon🦋 (Completed)

By ThetHmue3

764K 81.6K 11.9K

Jeonက လိပ်ပြာလေးလိုပဲ... အတောင်ပံလှလှလေးတွေနဲ့ ဖမ်းမိဖို့ရာခက်လိုက်တာ....🦋 More

Intro.....🦋
🦋1🦋
🦋2🦋
🦋3
🦋4🦋
🦋5🦋
🦋6🦋
🦋7🦋
🦋8🦋
🦋9🦋
🦋10🦋
🦋11🦋
🦋12🦋
🦋13🦋
🦋14🦋
🦋15🦋
🌼16🌼
🌼18🌼
🌼19🌼
🌼20🌼
🍃21🍃
🍃22🍃
🍃23🍃
🎨24🎨
🎨25🎨
🦋26🦋
🦋27🦋
🦋28🦋
🦋29🦋
🦋30🦋
🦋Ending🦋(Part1)
🦋Ending🌼(Part2)
ZawGyi 1
🦋1🦋
2🦋
🦋3
4🦋
🦋5
🦋6
🦋7
🦋8
🦋9
10🦋
11🦋
🦋12
🦋13
🦋14
15🦋
16🦋
🦋17
🦋18
🦋19
🦋20
🦋21
🦋22
🦋23
🦋24
🦋25
🦋26
🦋27
🦋28
🦋29
🦋30
Ending P1 🦋
Endingp2🦋
Extra...☁️
Extra🦋
🦋
🦋Extra🦋(2)

🌼17🌼

16.7K 1.8K 112
By ThetHmue3

အတိတ်တချို့......။

"Mi....မင်းအဲ့ကောင်နဲ့တွေ့နေတာကို
ရပ်ပေးပါ...ငါ့ကိုမထောက်ရင်တောင်
ငါတို့သားလေးရှိသေးတယ်လေ..."

"ကျမမဟုတ်တာလုပ်နေတာမဟုတ်ဘူး"

"မင်းဖောက်ပြန်နေတာ
ငါကမသိဘူးလို့ထင်လို့လား.....
JungKookသိရင်စိတ်မကောင်းမှာစိုးလို့
ငါငြိမ်နေခဲ့တာ...."

"ဖောက်ပြန်တယ်လို့ရှင်ကခေါင်းစဉ်
တပ်ရဲတယ်ပေါ့ Jeon...ကျမက
အစထဲက သူ့အပိုင်လေ
ရှင်အောက်တန်းကျပီးလုယူသိမ်းပိုက်ခဲ့တာ
မဟုတ်ဘူးလား...မတရားအသိမ်းပိုက်ခံ
ပီးရလာတဲ့ကလေးကို ကျမကဘာတွေ
ထောက်ထားနေရမှာလဲ ရှင်နဲ့ချွတ်စွတ်တူလို့ကို
ပိုမုန်းတယ်...."

"ဘယ်လောက်နာကျည်းပါစေ
JungKookမှာအပြစ်မှမရှိတာ
မိခင်မေတ္တာသေးသေးလေးတောင်
မင်းမပေးနိုင်ဘူးလား...."

"ရှင့်အတွက်ပြစ်ဒဏ်လေ...အဲ့တာ..."

"ငါလိုချင်လို့ လုယူခဲ့တာ Mi....
ငါအဆုံးအထိနောင်တရမှာမဟုတ်ဘူး
မင်းဆက်သွားတွေ့နေရင်...
ငါသတင်းထောက်တွေအားလုံးကို
ဖွင့်ချလိုက်မယ်....
လက်ရှိ မင်းနဲ့ငါကတရားဝင်လင်မယားပါ"

"ရှင်မယုတ်မာနဲ့နော်..ကျမဒီအခြေအနေအထိ
ရောက်အောင်မနည်းကြိုးစားခဲ့ရတာ
မိုက်ရိုင်းတာအတိုင်းအတာရှိတယ်"

"မင်းလိုနိုင်ငံရေးလောကမှာ
မြောက်စွမြောက်စွဖြစ်နေတဲ့
ပေါက်စလေးရဲ့ အိမ်ထောင်ဖောက်ပြန်မှုကြီး
ကို မီဒီယာတွေက လုယက်လိုချင်နေမှာပဲ
ငါပါးစပ်တချက်ဟလိုက်ရင်
မင်းဘဝပျက်ပီပဲ....
သေလောက်အောင်ချစ်ချစ်
ဘယ်ဘဝထဲကချစ်ခဲ့ချစ်ခဲ့....
လက်ရှိက ငါက တရားဝင်ယောကျ်ား...
ဥပဒေကြောင်းအရတော့ ဘယ်​အချစ်ဦးကမှ
စောက်ဘောင်မဝင်ဘူး...မှတ်ထား..."

"ကွာရှင်းမယ်...ရှင်နဲ့...."

"ဆယ်သက်ဆယ်ကမ္ဘာကြိုးစားလိုက်...."

ကွာရှင်းမဲ့အဆင့်တွေတောင်ရောက်နေပီပဲ.....။
Gameအားအာရုံစိုက်နေသော်လည်း
နားထဲဝင်လာသောစကားတချ်ု့ကြောင့်
ခေါင်းတညိတ်ညိတ်ဖြင့်သိပ်လည်းမခံစားရ
ဘဲထုံထိုင်းနေလေပြီ။
နေ့တိုင်းရန်ဖြစ်လိုက် အဖေကအရက်သောက်
အမေက သူ့ချစ်သူဆီသွား
လောကကြီးက သူ့အစီအစဉ်နဲ့သူတော့
အံဝင်ခွင်ကျပင်.....။
သူဘာမှအကောင်းအဆိုးမပြော
ကျောင်းမှာ လူဆိုးခေါင်းဆောင်လိုလို
လူမိုက်လိုလိုဖြင့်သာ အရွဲ့တိုက်ရင်း
အသက်ရှင်ခဲ့သည်...။

မေမေဟာသိပ်ခြေလှမ်းတွေစိတ်လာခဲ့တယ်....။
Mr Leeရှိတဲ့မြို့ကိုခဏခဏသွားတိုင်း
ဖေဖေက လမ်းပေါ်လဲသည်အထိမှောက်
အောင်သောက်သည်။သူကတွဲခေါ်ကာ
အိမ်ထဲထည့်ခဲ့ရမြဲ..။
မေမေမှားတယ်လို့လည်းဆရာမတတ်ရဲ..။
မေမေ့လက်တွေကသူ့ပါးပေါ်မှာယဉ်နေပီ...။

"နင့်အမေက...ငါ့အဖေဆီလာတာ
ငါ့အဖေက တခါမှတောင်
နင့်အမေကိုစ အဆက်အသွယ်မလုပ်ဖူးဘူး
နင်ထိန်းချင်ရင်..နင့်အမေကိုထိန်း..."

Hannaသည် JungKookအား
အိမ်ကိုရောက်မှတွေ့ရသည်ဟု
အမြဲလိမ်ညာလေ့ရှိသည်....။
ဒါဟာတစ်ချိန်က အထက်တန်းကျောင်းသား
JungKookကိုစကားလုံးတွေအပြုအမူတွေ
နဲ့အနိုင်ပိုင်းကာအကြီးကြီးလှောင်ပြောင်
ခဲ့သောဖြစ်ရပ်တွေရှိခဲ့တာကြောင့်
တခြားသူတွေအားသူမရဲ့ကလေးဆန်မှုတွေအား
အရွယ်ရောက်တဲ့အခါဘယ်သူက်ိုမှမသိ
စေချင်တော့တာကြောင့်ဖြစ်သည်။

"ငါ့အမေကို ငါပြောလို့မရပေမယ့်
နင့်အဖေကတော့ နင်စကားဆို
အရမ်းနားထောင်တယ်မလား...
ငါကြားမိပါတယ်...."

"ဟဲ့....ငါပြောပီးပီလေ ငါ့အဖေက
သူ့အကန့်နဲ့သူနေတာ နင့်အမေက
အရှက်မရှိကပ်နေတာ...လို့
နင်ဝေးလိုက်တာ JeonJungKookရယ်..."

"ငါ့အမေကိုအဲ့လိုမပြောနဲ့....."

"နာတတ်ရင် ထိန်းလေ ကိုယ့်အမေကိုယ်
နင်အဖေအရက်သမားကိုလည်း
ဖြောင်းဖြပေါ့ သူဌေးသားလေးရဲ့...."

"နင်ငါ့အဖေ ကိုပြောစရာမလိုဘူးနော်"

JungKookသည် အမြဲအရက်မူးနေသော
အဖေနှင့် အလုပ်ရှုပ်နေသောအမေတို့၏
တာဝန်မဲ့မှုများအပေါ်သိပ်တော့ဂရုမစိုက်ခဲ့။
မေမေနှင့်ခဏခဏတွေ့ဆုံခြင်းသည်
အိမ်တွင်းရေးပြသနာများစွာဖြစ်သည့်အတွက်
ဆင်ခြင်ပေးရန်ကလေးသာသာအရွယ်နှင့်
ကိုယ်ပိုင်Driver ကိုယ်ပိုင်ကားဖြင့်
လာလာညှိနှိုင်းတတ်သည်။
Mr Lee ဆီမရောက်ဘဲ Hannaနဲ့
သာဆုံရပြီးများစွာသောစော်ကားမှုတို့ကို
ရခဲ့ကာ ထိုအချ်န်ထဲကLeeHannaကို
အမုန်းတရားကြီးမားခဲ့သည်။

အက်ကြောင်းတန်းကြီးပေါ်နေသော
အိမ်ထောင်ရေးကြီးသည်
တနေ့Mr Jeon အမူးလွန်ကာ
JeonJungMiကိုရိုက်ခဲ့သည်။
ထိုကိစ္စနဲ့အစပြုကာJeonJungMi ကကွာရှင်းခွင့်အား
ထပ်တောင်းခဲ့သည်။
MrJeonက လုံးဝလက်မခံနှင့်
ပြသနာများသည်အထပ်ထပ်တက်ကာ
JeonJungMi ကလည်း
MrLeeဖြင့်သွားရောက်တွေ့ဆုံနေဆဲ....။

"မနက်ဖြန်ကျရင်..ငါအဲ့မိန်းမအကြောင်း
တွေအကုန်ထုတ်ဖော်ပြောပစ်မယ်...
ဖြစ်ချင်ရာဖြစ်တော့ ငါကမကောင်းတဲ့
အကောင်တစ်သက်လုံးဖြစ်ခဲ့တယ်
ဖြစ်လက်စနဲ့ ထပ်ဖြစ်ပေးအုန်းမယ်
ချစ်လွန်းလို့ မရမကရယူခဲ့တာ
ဒီလိုငါ့ကို မထီမဲ့မြင်လုပ်နေဖို့မဟုတ်ဘူး...."

Mr Jeonဟာ အကျယ်ကြီးတိုင်တည်ကာ
အဲ့ဒီညက အရက်တွေများစွာသောက်
ခဲ့သည်။JeonJungMi သည်
တုန်တုန်လှုပ်လှုပ်ဖြစ်ခဲ့လျက်
Mr Jeon အကြောင်းကိုလည်းကောင်း
ကောင်းသိသူမို့ မနက်ဖြန်သွားချင်သော
နေရာသို့မရောက်အောင်တားရမည့်စိတ်တခု
သာရှိခဲ့သည်....။

ကားဘရိတ်ကြိုးကိုလုပ်ကြံခဲ့သည်ပေါ့။

အဲ့ဒီလောက်တောင်လို့....
အမေးရှိလာလျှင် Mr Jeonဟာ
ဘယ်တော့မှမလုပ်ဘဲနဲ့လုပ်မယ်ဟု
မပြောတတ်။ပါးစပ်ကထွက်သမျှ
ကိုတိတိကျကျဘဝတလျှောက်လုံး
မှားမှားမှန်မှန်လုပ်ခဲ့တဲ့သူ။
သူမနဲ့ Mr Lee အချိန်တွေအကြာကြီးတွဲ
နေတာ သိသိရက်နှင့် အဓမ္မခိုးပြေးကာ
လက်ထပ်ယူခဲ့သည်။
လိုချင်လို့ ဆိုသောစကားတခွန်းဖြင့်...။
နောက်ထပ်ရက်စက်သောစီးပွါးရေး
လောကထဲက ဆုံးဖြတ်ချက်တွေ..
ဘယ်သူ့မျက်နှာမှမထောက်ထားခြင်း
တွေအကြောင်း သူမအသိဆုံး။
အကြောင်းအရာအားလုံးအားဖွင့်ချလိုက်လျှင်
သူမကအဖက်ဆယ်၍ရမှာမဟုတ်တော့။
ကြိုးစားတည်ဆောက်ခဲ့ရသော
နေရာတစ်ခုသည်လည်းအပျက်ပျက်အစီးစီး
ဖြင့် အစပင်ရှာရမှာမဟုတ်တော့ပါ။
အတ္တသည် လူသတ်ရဲ ခဲ့ပါသည်.....။

မကြာခဲ့ပါ ဆိုးဝါးတဲ့ကားမတော်တဆမှု
သတင်းအားကြားလိုက်ရသည်။
မမျှော်လင့်ခဲ့တာက Jungkook ပါသွားခဲ့တာ
ကိုပဲ....။နှစ်ယောက်စလုံးအသက်ရှိသေးခဲ့
တာကြောင့် အရေးပေါ်ရောက်ကာ
ကျွမ်းကျင်လှသောဆရာဝန်တွေက
သေသေချာချာပြန်ကယ်တင်နိုင်ခဲ့သည်။

Jungkook သည် Accident ဖြစ်ပီးပီးချင်း
သတိမလစ်ခဲ့ဘဲ တကိုယ်လုံးသွေးထဲ
နစ်နေခဲ့သော အဖေကို နောက်ဆုံး
မြင်လိုက်ရကာ Shockအကြီးကြီးရခဲ့သည်။
ခွဲစိတ်မှုပေါင်းများစွာဖြင့်သတိပြန်လည်လာ
တတ်သော်လည်း ကြောင်င နေကာ
ပြန်အိပ်ပျော်သွားတတ်သည်။

လုံးဝစိတ်ရောဂါသည်ဘဝကိုလုံးဝတွန်းပို့ပေးခဲ့
တဲ့ညကတော့
VIPခန်းထဲတွင်သားအဖနှစ်ယောက်
အတူတူကုသမှုခံယူနေရင်း
JeonJungMi သည် ညသန်းခေါင်အချိန်တွင်
အခန်းထဲဝင်လာခဲ့သည်။
JeonJungMi နဲ့အတူ LeeHanna လည်းပါလာကာ
တံခါးဝတွင်ရပ်နေလျက်စောင့်ကျန်ခဲ့သည်။
JungKook မျက်လုံးတွေဖျက်ခနဲပွင့်ကာ
မေမေဝင်လာတာသိခဲ့သော်လည်း
LeeHanna ကိုခေါ်လာ၍သူမခေါ်ချင်ခဲ့။
မေမေကတော့သူ့ကိုဂရုပင်လုံးဝမစိုက်ပါ။

မေမေဟာ အဖေ့ အသက်ရှုပိုက်တွေကို
ဖြုတ်ပစ်လိုက်တာ.....။
သူချက်ချင်းထပြေးကာ ကယ်လိုက်ချင်ပေမယ့်
တကိုယ်လုံးသည်တနေရာမှလှုပ်၍မရ..။
ပိုက်တွေ အပ်တွေဖြင့် ညှိနေကာမြင်နေရပြီး
ထိန့်လန့်နေရုံထက်ပို၍ဘာမှကိုမလုပ်နိုင်ခဲ့ပါ။

"မလုပ်ပါနဲ့....."

ရှိသမျှအားအကုန်စုကာပြောနိုင်ခဲ့သော်
လည်းအသံသည်ခပ်တိုးတိုးပင်ထွက်လာခဲ့နိုင်သည်။
မေမေသည် မျက်နှာကွက်ခနဲပျက်လျှက်
သူ့ဆီသို့ပြေးလာတော့သည်။

"နင်သတိရနေတာလား...."

"မလုပ်ပါနဲ့ ဖေဖေ့ကို...."

"မလုပ်ရင် ငါသေရလိမ့်မယ်
နင့်အဖေက ပြန်သတိရလာရင်
အားလုံးပြောလိမ့်မယ်..
ဒီမတော်တဆမှုအကြောင်းတွေကိုရော
ငါသိနေတယ်...ငါ့ဘဝတခုလုံးကို
သူဒုက္ခပေးခဲ့ပြီးပြီပဲ....ငါထပ်ပီး
သူ့ကြောင့် အထိအခိုက်မခံနိုင်တော့ဘူး"

အသက်မရှူနိုင်တော့သောအဖေကိုတလှည့်
အမေကိုတလှည့်ကြည့်ရင်းသူတုန်ရီလာခဲ့ကာ
မျက်ရည်တွေကျနေခဲ့သည်။

"Hannaလူရှင်းလား...."

"ဟုတ်..."

မေမေဟာ စောင့်ကြည့်ဖို့ LeeHanna ကို
ခေါ်လာခဲ့တာ....။ဘယ်လိုစိတ်ဘယ်လို
နှလုံးသားမျိုးနဲ့ အဖေ့ကို သတ်ပစ်ဖို့ကို
သူမလိုက်လာရသလဲ။

နုံ့နုံ့ဆင်းပစ်လိုက်ချင်သောစိတ်နှင့်
မျက်စိရှေ့တွင် ဖေဖေ မချိမဆန့်ခံစား
ရကာဆုံးပါးသွားရသောစိတ်ကြောင့်
သတိလစ်သွားကာ ပြန်နိုးထလာတော့
သွက်သွက်ခါရူးနေခဲ့ပြီ....။

LeeHanna ကဘာကြောင့်ဒီလောက်အထိ
ပက်စက်ရသလဲဆိုတဲ့အဖြေသည်
အိမ်ကြီးပေါ်သို့ သူမတက်လာတဲ့အခါ
ရှင်းရှင်းလင်းလင်းပေါ်ထွက်လာတော့သည်။

သူမကချမ်းသာချင်တာ...
ပုံမှန်မိသားစုဘဝကနေ ကျိကျိတက်ကြွယ်ဝ
မှုကိုမြင်ပီး ဟန်မဆောင်နိုင်လိုချင်တက်မက်ခဲ့တာ
ဖေဖေဆုံးပီးမကြာပါ မေမေက MrLee
ကို လက်ထပ်ခဲ့ကာ အိမ်ကိုခေါ်လာခဲ့တယ်.....
ခေါ်လာခဲ့ပေမယ့် MrLee ဟာခရီးတွေသာ
ထွက်နေခဲ့ပြီးအိမ်မှာသိပ်မတွေ့ရ...။
LeeHanna ကတော့
အိမ်မှာလွှမ်းမိုးခြယ်လှယ်ပြီး သူရရမဲ့
အခွင့်အရေးတွေ...သူသုံးရမဲ့ငွေကြေးဥစ္စာတွေ
သူသွားတက်ရမဲ့ နိုင်ငံခြားကအဆင့်မြင့်
ကျောင်းတွေ အရာအားလုံးကိုမျက်နှာပြောင်ပြောင်
ပင်လုယူကာ လိပ်ပြာငယ်က အခန်းပိတ်ရူးခဲ့ရ
သည်ပေါ့......။

သူစိတ်ထဲမှာအရိုးစွဲကပ်ညှိနေတာက
မေမေနဲ့ Hannaကိုသူကြောက်သည်....
ဖေဖေလိုမျိုး သူ့ကိုသတ်ပစ်လိုက်မှာကို
စိုးရိမ်သည်....ထို့ကြောင့် အတက်နိုင်ဆုံး
ရှောင်ဖယ်ကာနေခဲ့သည်။

တကယ်လို့များ စိတ်တွေအားလုံးပုံမှန်ပြန်ဖြစ်
ရင်တော့....ဓားသွေးပီးကိုသူစောင့်မှာမဟုတ်
ပါ...
မသိစိတ်နဲ့ အသိစိတ်တွေသည်
အကြောက်လွန်ရောဂါမှာတိုးဝှေ့နေရင်း
တခါတရံကျလည်း သေလောက်အောင်ကြောက်
နေရသလို တခါတရံကျတော့လည်း
သတ်ပစ်ဖို့ စီစဉ်နေခဲ့သည်....။

သေချာတာကတော့ သူ အသက်ရှုပိုက်
တွေကို ပြန်ဖြုတ်မှာပါ....
သေချာပေါက်လုပ်မှာ...။

ဒီနေ့က ဖေဖေ့နှစ်ပတ်လည်....။

ဝရံတာထက်မှီရပ်ရင်းခပ်မှောင်မှောင်မြက်ခင်း
ပြင်အားငေးနေခဲ့သည်။ထိုအတိတ်တွေ
ခေါင်းထဲဝင်လာတိုင်း အော်ဟစ်ငိုကြွေး
ပြီးလောကကြီးကိုဖျက်ဆီးပစ်လိုက်ချင်သည်။

"ဖေဖေက Mr Leeဆီကိုတောင်းပန်ဖို့
သွားခဲ့တာ....မေမေက
သူ့အကြောင်းတွေကိုဖော်မယ်ထင်ခဲ့တာ...
မေမေက ဖေဖေအချစ်ကို သိပ်အထင်သေး
ခဲ့တာပဲ....."

ဖေဖေဆုံးနှစ်ပတ်လည်နေ့မျိုးဆို
သူ့စိတ်တွေ သည် ဓားသွားတွေလို
ထိမိတာမှန်သမျှသွေးထွက်စေချင်နေသည်။

ခြံထဲသို့ကွေ့ဝင်လာသောကားတစ်စီး
ဆင်းလာတဲ့သူက Jimin.....
အဖြူရောင်နတ်သားလေးလို ညမှောင်မှောင်
တွင် တော်တော့်လှလှ.....။

Jimin နဲ့စပီးတွဲမိထဲက အရူးလိုအထင်မမှား
စေရန် သူရဲ့ အနေအထိုင်အသွားအလာ
အရာအားလုံးကိုကြိုးစားပြင်ဆင်ခဲ့သည်။
ကျန်းမာရေးကောင်းလာစေရန် YoongiHyung
စကားကိုသေသေချာချာနားထောင်လျှက်
ဂရုပြန်စိုက်ခဲ့တယ်။
အရင်လိုဆံပင်အုပ်အုပ်လေးတွေအစား
လူငယ်ဆန်တဲ့ဆံပင်ပုံစံမျိုးကိုရွေးကာ
ခေါတ်အတိုင်းသူစစီးဆင်းခဲ့တယ်....
Jimin မျက်လုံးထဲ ရောဂါသည်ကလေးလေး
လို မမြင်မိဘဲ ပုံမှန်လူငယ်JeonJungkook
လို့သာမြင်ရရန် ပျော့တိပျော့ဖက်
အိပ်ယာထဲသာလှဲနေချင်သောစရိုက်တွေကို
ပါပြင်ပြီး ရူးလာချင်လျှင်တောင်
ထိန်းရင်း...ကျောင်းတုန်းကသူငယ်ချင်း
တချို့ကို စဆက်သွယ်ပြီး ပုံမှန်ဘဝထဲကို
ပြန်သွားရန် နေ့စဉ်နဲ့အမျှကြိုးစားနေခဲ့တာ.....။

စိတ်ပိုင်းဆိုင်ရာတွေ ပုံမှန်ပြန်လည်ပတ်လာ
တာနှင့်အမျှ အမေနဲ့ LeeHanna ဟာလည်း
မျက်လုံးထဲ တနေ့တခြားရုပ်ဆိုးလာခဲ့တယ်။

သိခဲ့ရသည်....Jimin နဲ့ရန်ဖြစ်စကားများ
၍ငိုခဲ့တာတဲ့....။

စိတ်မကောင်းစရာပဲ....LeeHanna ရဲ့
မျက်ရည်အရင်းအမြစ်က
Jimin တဲ့လား.....။

ဝရံတာပေါ်တွင်ယုန်ကလေးတကောင်အား
ပွတ်သပ်ပေးရင်းအောက်ထပ်က
လှုပ်ရှားမှုတွေအားကြည့်နေသည်။
ဖိနပ်မစီးထားသောခြေဖဝါးတွေအေးနေပေမယ့်
Jimin ကအဖြူရောင်ဝတ်စုံလေးနှင့်
မို့ သူ့ဆီလာနွေးနေသည်....။

ဖေဖေ့နှစ်ပတ်လည်နေ့မှာ တအိမ်လုံး
ဘာတွေလုပ်ကြမလို့လဲ.....။
ဒေါသသည် ခပ်ပါးပါးလေးထွက်နေကာ
လက်ချောင်းလေးတွေသည်ယုန်လေး
တကောင်အားခပ်ဖွဖွပွတ်သတ်ပေးနေဆဲ....။
အပေါ်အောက်အနက်ရောင်တွေကိုပဲ
ဝတ်ထားကာဆံပင်တွေသည်ညလေပြေ
တွေတိုင်ခတ်နေသောကြောင့်လွင့်နေသည်။

ယုန်လေးအားသူလွှတ်ပေးလိုက်သည်....။

မြင်ကွင်းသည် ကောင်လေးတစ်ယောက်
ဝရံတာတွင်ပုန်းလျိုးဝှက်လျိုး တိရိစ္ဆာန်လေး
တကောင်ပိုက်ရင်း အင်အားနည်းနေရာမှ
မြင်ကွင်းတခုကြောင့်....
မျက်ခုံးတန်းနှစ်ခုစုဆုံခဲ့ပြီး
ဝရံတာကို မှီကပ်ရပ်မနေတော့ဘဲ
ဘောင်းဘီအိတ်ထဲလက်တဖက်ထည့်ကာ
မိုက်တိမိုက်ကန်း အသွင်ပြောင်းသွားခဲ့သည်။

လိပ်ပြာငယ်ဟာ...အတောင်ပံအရောင်တွေ
ကိုတဖြည်းဖြည်းချင်းစပြောင်းလဲခဲ့တယ်.....။
အရွယ်တခုရောက်လာတာလည်းပါမယ်ပေါ့....။

LeeHannaဟာအိမ်ထဲကပြေးထွက်လာသည်။
အဖေ့နှစ်ပတ်လည်နေ့ကြောင့်
ပူလောင်နေရသည့်ကြားထဲ
Jimin အားနူတ်ဆက်သလိုပြေးဖက်လိုက်
သောသူမ ၏ပွဲတက်အကျီဟာ စိတ်အာရုံ
တွေကို ဒေါသကြီးလာစေရန်နိုးဆော်လာပါသည်။

မမြင်သင့်သောရင်ဘက်နေရာတွေဟာ
တဝက်လောက်အထိအလှပြထားရင်း
ကျောပြင်တွင်အဝတ်စမရှိ...ခန္ဓာကိုယ်နှင့်
တသားထဲကျစွာ ကျပ်ညှပ်အောင်ဆင်မြန်းထား
ပုံက သူလက်သီးဆုပ်မိရက်သား....။

Jimin ရင်ခွင်ထဲဝင်တိုးကာနူတ်ဆက်ပီး
လက်မောင်းတွေအားကောက်ချိတ်ကာ
ကားပေါ်တက်သွားသည့်မြင်ကွင်းသည်
ဒီနေ့ ဒီအချိန် ဒီနှလုံးသားဖြင့် အရင်လို
နားလည်ပေး၍မရ....။

အရင်ကလည်း နားလည်လွန်း၍မဟုတ်...
Jimin ပစ်ထားခဲ့မှာစိုး၍
Jimin ရုတ်တရက်ခက်ခဲသွားမှာစိုး၍
Jimin အတွက် သူဟာ အရှုပ်ထုတ်လိုကောင်
ဖြစ်နေမှာစိုး၍....
သေချင်လောက်အောင် သဝန်တိုလည်း
မြိုသိပ်ခဲ့သည်....
ဘယ်လောက်ပူလောင်ခဲ့ပါစေ
အေးချမ်းစွာပြုံးပြခဲ့တာ...
ParkJimin တစ်ယောက်အဆင်ပြေနေဖို့
သူ့ကို ပစ်ချမထားခဲ့ဖို့ ချော့ကာမြူကာ
အလိုလိုက်ကာ အနားကပ်ခဲ့နေပေးခဲ့တာ....။

လှလှပပ ကြွကြွရွရွဖြင့်သူတို့ဘယ်ဆီကို
ထွက်သွားကြတာလဲ.....
ဖေဖေ့နှစ်ပတ်လည်နေ့ဆိုတာကိုမေမေ
မသိလို့လား.....။
ဖေဖေ့ကို မျက်ခွက်ပြောင်နေကြတာလားသူတို့က...။

LeeHanna၏စိတ်ပျက်စရာအတိကောင်း
သောဝတ်ပုံစားပုံကို Jimin က
ကကြည့်မိမှာလား.....။
နီးကပ်နေတာကြောင့် အကျီလွတ်နေသော
အသားတွေကို ထိမိအုန်းမှာလား....။
တရိတ်ရိတ်တက်လာသော အတွေးမျှင်တန်း
တွေသည် မျက်လုံးတွေကိုအရောင်တောက်
လာစေသည်...။

မိန်းမနဲ့ယောကျ်ား......
Jimin  ....ပြန်ယိုင်နဲ့သွားနိုင်တယ်မလား....။

လိပ်ပြာငယ်သည်ဝရံတာမှ
အခန်းထဲပြန်ဝင်လာတော့JinHyung
နဲ့ဆုံသည်...။

"ဆေးသောက်ရအောင် Kookie..."

"အင်း....."

"မာမီတို့က ဘယ်သွားကြတာလဲ...."

"......ကို ဒီနေ့ ပါတီတခုရှိတယ်လေ.."

"အော်.....လူစုံတက်စုံထွက်သွားကြလို့ပါ...
ဘာမှမဟုတ်ပါဘူး...ပေးပါဆေးတွေ..."

JinHyungလက်ထဲထည့်ပေးလာသောဆေးလုံး
တွေကိုပါးစပ်ထဲထည့်ကာခါးသည်ချိုမသိ
ရေတခွက်ဖြင့်မျောချလိုက်သည်။
ဆေးခြင်းထဲမှ စိတ်ငြိမ်ဆေးဗူး
နဲ့ ရငိဘက်တွေထိုးအောင့်လာတိုင်းသောက်
တတ်သောဆေးဗူးတို့ကို မြန်မြန်ဘောင်းဘီ
အိတ်ထဲသို့ထည့်လိုက်သည်။

သွားခေါ်ရမှာပေါ့......။ဒီလိုနေ့မျိုးမှာ
ပျော်နေတဲ့ မကောင်းဆိုးဝါးတွေထဲ
သူ့ ပန်းကလေးတော့ မပါစေရ....။
သူ့ပန်းကလေးဟာ ပြစ်ချက်မရှိ
ချွင်းချက်မဲ့ သူ့ဘက်တော်သားဖြစ်နေရမည်။

JinHyungဆေးတိုက်ပီးနွားနို့ယူနေသော
အချိန်တွင် ခပ်မြန်မြန်ပင်အိမ်ထဲမှပြေးထွက်
ခဲ့သည်။ ဖိနပ်ကြိုးချည်ချိိန်ကြာမှာစိုး၍
တောင် ခြေညှပ်ဖိနပ်လေးစီးကာအတောင်ပံ
တွေဖြန့်လိုက်သည်....။

ကားမစီးရဲ၍လမ်းလျှောက်ရသော
သူ့အဖို့ သိပ်ခက်ခဲသောအခြေအနေနဲ့
မောပန်းမှုတွေသည်ပြောဖွယ်ရာမရှိခဲ့ပါ....။

အချိန်အတော်ကြာကုန်ဆုံးပီးတဲ့နောက်
ပါတီလုပ်ရာ အဆောက်အဦးဆီသို့
ရောက်ခဲ့သည်။ထွက်နေသောချွေးများ
နှင့် ပြင်းထန်သောအသက်ရှူသံတွေကို
ကိုယ်တိုင်လျှစ်လျူရှုကာ
ဝင်သွားဖို့ရန်ပြင်ဆင်လိုက်သည်။

"ဟေ့....မဝင်ရဘူး...မင်းမှာဖိတ်စာပါလား..."

"မပါဘူး...."

"မပါရင်မရဘူး...."

"ပါတီပိုင်ရှင်က ကျတော့် အမေ....ဖယ်..."

"ရူးနေတာလား...မင်းအမေဆို
မင်းကအထဲရောက်နေရမှာပေါ့
သူ့မှာသမီးပဲရှိတယ်...."

"ခင်ဗျားတို့...ဘာမှမသိဘဲ..."

"သွားစမ်းပါကွာ...ပုံစံကဖရိုဖရဲနဲ့.....
အလုပ်ရှုပ်လိုက်တာ သွား သွား..."

"JungKookie လား...."

လုံခြုံရေးတွေနဲ့အခြေအတင်ဖြစ်နေတုန်း
အနားသို့ရောက်လာသောလူကြီး
ကြောင့်သူ ပြူးကြည့်နေမိသည်။

"အထဲဝင်ချင်နေတာလား..."

မေမေ့အသိထဲက သူ့ကိုလည်း
အနည်းငယ်သိထားသူဖြစ်ပါလိမ့်မည်။
မေမေ့ အပေါင်းအသင်းတွေကများလွန်း
၍သူလူတိုင်းကို လိုက်မသိနိုင်...။
ခေါင်းသာငြိမ့်ပြလိုက်သည်။

"လာလေ ဦးနဲ့လိုက်ခဲ့...Miက ကလေးကို
တခါထဲမခေါ်ဘဲဘာလုပ်တာလဲမသိဘူး"

အောင်မြင်သွားပြီဖြစ်တာကြောင့်
ထိုဦးလေးနဲ့ကွယ်ကာပါတီထဲသို့
မသိမသာလိုက်လာမိသည်..။
မုန်းလိုက်တဲ့ ရီသံတွေ...
မုန်းလိုက်တဲ့ ဖွင့်ထားသော သီချင်းမြူးမြူးတွေ...
မီးရောင်တွေအောက် အလှနတ်ဘုရားက
တော့ ပြုံးယဲ့ယဲ့ဖြင့်မတ်တပ်ရပ်နေသည်။
သူ့ကိုမတွေ့နိုင်အောင် ဂုဏ်သရေရှိ
လူကြီးများနှင့်နူတ်ဆက်စကားပြောနေခဲ့သည်။
ဘေးနားတွင် အလှဆုံးပြင်ထားသော်လည်း
လှမနေသော LeeHannaသည်လည်း
အစွမ်းကုန်ပြုံးရွှင်နေလျက်....။

ဦးလေးကြီးကတော့မေမေ့ဆီသို့
နူတ်ဆက်ရန်သွားပြီဖြစ်တာကြောင့်
သူဆက်လိုက်မသွားတော့။
ရည်ရွယ်ချက်က Jimin ကိုခေါ်ရန်
ဖြစ်တာကြောင့် ပါတီထဲတွင်သူဆက်မနေဘဲ
ကိုယ်ဖျောက်လိုက်ရသည်။

"Hi Mi...."

"Hi ..နောက်ကျလိုက်တာ...ကျမကမလာ
တော့ဘူးတောင်ထင်နေတာ..."

"Sorry...အောင်မြင်မှုအသစ်အတွက်
ဂုဏ်ယူပါတယ်..."

"ကျေးဇူးပါရှင်...."

"သား ကို အပေါက်ဝမှာတွေ့လို့ခေါ်လာခဲ့တယ်
Mi ထားခဲ့လို့ လိုက်လာတဲ့ပုံပဲ
ကလေးကို လူကြားထဲခေါ်ပါကွာ.."

JeonJungMiထက်မျက်နှာပျက်သွားသူက
Jimin ပင်.... ။ရင်ထဲဒိန်းခနဲ...
သွေးတွေပြောင်းပြန်လှန်စီးသွားသလို
တကိုယ်လုံးချက်ချင်းအေးစက်သွားရသည်။

"ဟုတ်လား...သူကမလိုက်ချင်ဘူး
ပြောလို့ထားခဲ့လိုက်တာ
ခေါ်လာပေးတာကျေးဇူးနော်....
ဘယ်မှာလဲ သားက...."

ဦးလေးကြီးသည်လက်ညိုးလှမ်းထိုး
ပြလိုက်သော်လည်း JungKook
နဲ့တူတာဆိုလို့ဘာမှရှိမနေပါ။

"ဘယ်ရောက်သွားပီလဲမသိဘူး
တနေရာရာမှာရှိမှာပါ..."

JeonJungMiသည် လုံခြုံရေးအဖွဲ့အား
ချက်ချင်းဆက်သွယ်ကာJungKook
ကိုတွေ့အောင်ရှာပီးအိမ်ပြန်
ပို့ရန် တိုးတိုးတိတ်တိတ်အမိန့်ပေးနေသည်။

"ကို....ဟိုတစ်ယောက်ကိုင်လာတဲ့
အိတ်ကိုတွေ့လား...အဲ့တာHanna
IGမှာ တင်ပီးနောက်နေ့ လိုက်ဝယ်ကိုင်
တော့တာပဲ...."

"အင်း....."

"ကို...Hanna ဆံပင်တွေကိုစစ်ပေး
ပါအုန်း...အဆင်ပြေရဲ့လား
ဟိုမှာလာနေတာ ဝန်ကြီးသမီးလေ..
လာသွားနူတ်ဆက်မယ်..."

Hannaသည်တတွတ်တွတ်ပြောကာ
ယောက်ယက်ခတ်နေသလို
သူလည်းယောက်ယက်ခတ်နေပီ
ကောင်လေး..ဘာကြောင့်ဒီအထိ
လိုက်လာရသလဲ...။
တခုခုများဖြစ်နေသလားဆိုတဲ့စိတ်နဲ့
ထိုင်မရ ထမရ...။
မျက်နှာအား မနည်းကြီးထိန်းကာ
Hannaဆွဲရာနောက် ပါပါသွားခဲ့သည်။
မရီနိုင် မပြုံးနိုင် ပါတီတခုလုံးအား
မျက်စိကစားရင်း လိုက်ရှာမိသည်။

"မင်္ဂလာဆောင်အတွက်ကြိုဝမ်းသာတယ်နော်
နှစ်ယောက်စလုံးကြည့်ကောင်းလိုက်တာ..."

"ကျေးဇူးပါ....."

"Drက တော့ ကံကောင်းတာပဲ...."

စိတ်သည်လက်ရှိတွင်မရှိတာကြောင့်
ဘယ်သူတွေဘာတွေပြောနေမှန်းလည်း
လည်းမသိပါ။

"ကို....ပြောနေတယ်လေ..."

လက်အားမသိမသာဆွဲလိုက်ရင်
သတိပေးသလိုအသံကြားမှ
သူ့မျက်လုံးတွေမျက်နှာချင်းဆိုင်
လူရှေ့သို့ရောက်သည်။

"အော် ဟုတ်....Hanna က တော်ပါတယ်..."

Hannaသူငယ်ချင်းအုပ်စုရောက်လာတဲ့အခါ
သူသည်ကြားထဲတွင်ထွက်ပေါက်မဲ့စွာ
ဖြင့်မေးသမျှဖြေရင်း ဟန်ဆောင်ပြုံးရင်း
ခေါင်းသာအတွင်တွင်ညိတ်ပြနေရသည်။

"ကို Hannaအကျီ အဆင်ပြေရဲ့လား
လူတွေက အရမ်းကြည့်နေလို့...."

Hannaသည်နေရခက်ခဲပုံဖြင့်သူ့ကို
တိုးတိုးလေးကပ်မေးလာမှHanna
ဘာဝတ်လာလဲသေချာကြည့်မိသည်။
သိသိသာသာပေါ်လွင်နေသော
တချို့ဆင်ဆာတွေကြောင့်
အပေါ်ထပ်ကုတ်အားချွတ်ကာခြုံထား
ပေးလိုက်သည်။

"အဆင်ပြေတယ်မလား..."

"အင်း..ကျေးဇူး ကို...."

ယောကျ်ားလေးအများစုသည်
ရင်ဘက်မပြောနှင့်ကိုယ့်မိန်းကလေး
၏ဘယ်အစိတိအပိုင်းကိုမှ
သိသိသာသာပေါ်လွင်စေတာမျိုးကို
မနှစ်သက်တတ်ကြ။နူတ်ကပြော၍
တမျိုး လက်တွေ့ ဖုံးဖိပေးလိုက်တာ
မျိုးတွေ အများကြီးရှိတတ်ကြသည်။
Jimin...က မိန်းကလေးတစ်ယောက်၏
ဝတ်စားဆင်ယင်မှုအပေါ်သိပ်စိတ်မဝင်စား
တတ်သည့်ယောကျ်ားမျိုးလား...။
Jimin ကုတ်အကျီ သူမအပေါ်သို့
ခြုံပေးလိုက်သော်အခါ မိန်းကလေးအများ
စု၏အားကျသောအကြည့်တွေအား
စုပြုံရရှိလာတာကြောင့် စိတ်ကျေနပ်ခဲ့ပေမယ့်
ကိုယ့်အပူကိုကိုယ်သာသိခဲ့သည်။
သူမပြောမှ သေချာကြည့်လာခဲ့သော
Jimin မျက်လုံးတွေသည်
သိပ်စိတ်အလိုမကျချင်စရာကောင်းခဲ့ပါသည်။

"ကို...Toilet ခဏသွားအုန်းမယ် Hanna...
တစ်ယောက်ထဲအဆင်ပြေမယ်မလား"

"ရတယ် ဒေါက်တာ..ဒီမိန်းမကို
အချစ်ခံရနည်းတွေမေးချင်နေတာ...
Dr ကိုအားနာနေလို့...."

Hannaသည်တားလိုက်ချင်သော်လည်း
သူငယ်ချင်းတွေ၏အဖျက်အမှောက်
ကြောင့်Jimin သည်အားလုံးကို
ပြုံးပြရင်းထွက်သွားခဲ့ပြီ။

Hannaဆီမှ ပြေးထွက်လာခဲ့ပြီး
အဆောက်အဦးအကျယ်ကြီးထဲ
JungKookကိုဘယ်ကစရှာမှန်းမသိ။
အစောင့်တွေမိလို့ အိမ်ပဲပြန်ခေါ်သွားပီလား။
တောက်လျှောက်ပြေးလာမိရင်း
လမ်းချိုးတခုအရောက် လှမ်းဆွဲခဲ့သော
လက်ကလေးတဖက်....။

"JungKook...!"

ဘာမှမပြန်မပြောဘဲလက်ကောက်ဝတ်အား
ဆွဲကာဓာတ်လှေကားဆီသို့ဦးတည်သွားရင်း
အပေါ်ဆုံးအထပ်ခလုတ်အားနှိပ်လိုက်သောသူ။
နေမကောင်းနေသောပုံစံမပေါ်ပေမယ့်
စိတ်လှုပ်ရှားကာဒေါသထွက်နေသောပုံ
ပေါ်နေသော ကောင်လေးသည်
တခါမှမမြင်ဖူးခဲ့သော ခက်ထန်မှုမျိုးများနှင့်။

"မင်းဘာလုပ်တာလဲ....အိမ်ကနေ
အဝေးကြီးကို...."

ဓာတ်လှေကားထဲတွင်ခပ်ကြိတ်ကြိတ်ဆို
သော်လည်းသူကဘာမှပြန်မပြော...။
သေချာကြည့်လျှင် မျက်စံလေးတွေသည်
မငြိမ်မသက်လှုပ်ရှားနေကြောင်းတွေ့ရကာ
လက်တွေကိုလည်းကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားခဲ့သည်။
အပေါ်ဆုံးထပ်တံခါးပွင့်သွားသောအခါ
အထပ်မြင့်အဆောက်အဦးကြီး၏
အပေါ်ဆုံးအစွန်အဖျားဆီသို့ရောက်သည်။

"JungKookကိုယ်မေးနေတယ်လေ
ဒီအထိ ဘာလာလုပ်တာလဲလို့...."

ပထမဆုံးအော်ပြောလာသောစကားသည်
မမျှော်လင့်ထားသောမေးခွန်းတစ်ခု။

"အကျီရော....အပေါ်ထပ်အကျီရော...."

"Hannaဆီမှာ...သူအဆင်မပြေလို့ခြုံထားပေးခဲ့တယ်..."

"တွေ့တယ်...ကျတော်တွေ့တယ်
ဘာလဲသူများတွေကြည့်မှာစိုးရိမ်လို့လား..."

JungKookဒီအထိလိုက်လာတာHanna
အဝတ်အစားကြောင့်လား....။
ဒါကအကြောင်းပြချက်အကြီးကြီး
ကိုဖြစ်နေခဲ့တာလား...။

"မင်းဘာဖြစ်လာတာလဲ...
သူအဆင်မပြေလို့ကူညီပေးခဲ့ရုံပဲ...
တခြားငါ့မှာဘာခံစားချက်မှမရှိဘူး
မင်းငါ့ကိုမယုံဘူးလား"

"အင်း..ဟုတ်တယ် မယုံလို့...."

စိတ်မထိန်းနိုင်တော့သည့်အကြောင်းအရာ
များသည် ဖေဖေကိစ္စ ပြီးတော့
Hannaနဲ့Jimin တို့၏အတွဲလိုက်ပုံရိပ်တွေ
ပါတီအထိလိုက်လာတော့ လည်းစိုးရိမ်တကြီး
ကုတ်အကျီချွတ်ခြုံပေးခဲ့တာတွေက
မနာလို၍ သူပြာတောင်ကျသွားနိုင်ပါသည်။

"မင်းငါ့ကိုအထင်သေးတာပဲ..."

"Jimin ကိုဘာလို့အထင်ကြီးရမှာလဲ
Jimin မှာအထင်ကြီးစရာလည်းမရှိဘူး
အထင်သေးစရာလည်းမရှိဘူး
Jimin က Jimin ပဲ...."

"ငါမိန်းမတစ်ယောက်ကို တဏှာ
မျက်လုံးနဲ့လိုက်ကြည့်နေမဲ့ကောင်မျိုး
မဟုတ်ဘူး JungKook...."

အနက်ရောင်ရှပ်အကျီကြယ်သီးတွေအား
တလုံးချင်းဆွဲဖြုတ်နေသောကောင်လေး
သည်ဘာတွေဖြစ်ပြန်ပြီလဲမသိ..။

"ဘာလုပ်တာလဲ...အေးနေတာကို..."

"ကျတော်လည်းလုံခြုံချင်လို့.လာခြုံပေးလေ.."

"ပြန်ဝတ်ထားစမ်း..."

ကြယ်သီးတလုံးချင်းကျွတ်သွားခြင်းနှင့်
အတူပေါ်လာသောရင်ဘက်ဖွေးဖွေးသည်
အနက်ရောင်Shirtအောက် ပူပူလောင်လောင်
ကို ဖရိုဖရဲဖြစ်စေပါသည်။
Hanna တုန်းက သတိပင်မထားခဲ့မိသော်လည်း
ကောင်လေးကတော့မဖြစ်ပါ...။
အောက်ဆုံးကြယ်သီးတွေအထိမရောက်ခင်
သူပြေးသွားကာလက်တွေအားအတင်းချူပ်
ကိုင်လိုက်ရသည်။

"မင်းဘာတွေအဲ့လောက်ဖြစ်နေတာလဲ.
ဒါက ဒီလောက်ရုပ်ပျက်ဆင်းပျက်
ဖြစ်ရမဲ့ကိစ္စမဟုတ်ဘူးလေ..."

"Jimin ကို ထိမှာစိုးလို့
Jimin ကလည်း ကျတော့်ထက်ပိုပြီး
သဘောကျသွားမှာစိုးလို့..
LeeHannaကအရမ်းလှနေတယ်မလား
ဟုတ်တယ်မလား...."

လှစ်ဟာသွားသောကြယ်သီးတွေအား
တလုံးချင်းပြန်တပ်ပေးရင်း
ငိုသံစွက်လာသောကောင်လေး၏
အသံသည် ဝမ်းနည်းမှုတွေလှိုက်ခါနေသည်။
သူလျှော့မှဖြစ်တော့မည်...။

"ဒါကို စိတ်တိုပီး ဒီအထိရောက်လာတာ
လား တောင်းပန်ပါတယ်...
နောက်တစ်ခါအဲ့လိုအပြုအမူမျိုး
တွေမလုပ်တော့ဘူးနော်...
မလှဘူး မလှပါဘူး...
မင်းလောက် ဘယ်အရာကမှမလှဘူး...
စိတ်လျှော့ပါ...လိမ်မာတယ်မလား...."

အပေါ်ဆုံးကြယ်သီးအထိတပ်ပေးနေရင်း
ပါးစပ်ကလည်းတတွတ်တွတ်တောင်းပန်
နေခဲ့သူသည်လည်းအသံတွေတုန်နေလျက်။

"အရင်ကဒီလိုမဟုတ်ပါဘူး...
လိပ်ပြာလေး တခုခုကိုအလိုမကျလာတာမလား
ကိုယ့်ကိုကြည့်ပီးဖြေ.ပါအုန်း...."

ငုံ့ကြည့်လာသောမျက်လုံးတွေသည်
သေချာပေါက်ကိုပြိုလဲနေခဲ့တာ...။

"ပြန်ကြမယ်...ဒီမှာမပျော်နေပဲ
ပြန်ကြရအောင် Jimin..."

"ဘာလို့လဲ..ကိုယ်ချက်ချင်းထပြန်လို့
မဖြစ်ဘူးလေကွာ..."

"ပြန်ရမယ်...ကျတော်နဲ့ပြန်လိုက်ခဲ့ပါ.."

"လူကြီးတွေနဲ့..လေ...ကိုယ်ကလေးကလား
လုပ်လို့မရဘူး...."

"Jimin  စကားကို နားမထောင်နိုင်ဘူးလား
ကျတော့်ကို ပယ်ရှားနေတာလား..
ကျတော်က ပြန်မယ်ဆို ပြန်လိုက်ခဲ့လိုက်ပေါ့..."

"JungKook...!!!"

"လာ ပြန်မယ်...."

လက်ကောက်ဝတ်အားဆောင့်ဆွဲကာ
ဆွဲခေါ်သွားတာကြောင့်သူအတင်း
ရုန်းထွက်လိုက်မိသည်။

"မင်းပြောတော့ငါ့ကိုခက်ခဲအောင်
မလုပ်ဘူးဆို..."

"ငါ..ငါ ဝတ်လာခိုင်းတဲ့အဝတ်အစားလည်း
မဟုတ်ဘူး...ငါယောင်လို့တောင်
မကြည့်လည်းမကြည့်ခဲ့သလို
ထိလည်းမထိခဲ့ပါဘူး....
ငါလည်းပျော်လို့နေနေတာမဟုတ်ဘူး
ငါ့မိဘတွေလည်းရှိတယ် လူတွေလည်း
အများကြီးပဲ ငါမင်းနဲ့စိတ်ထင်သလို
ထွက်သွားလို့မရဘူး...ငါတောင်းပန်ပါတယ်..."

သူ့ကိုအရည်လဲ့နေသောမျက်လုံးတွေနှင့်
ခပ်ကြာကြာကြည့်ကာ
ဖြုတ်ချလိုက်သောလက်တွေသည်
အေးစက်စွာပင်...။
ဝဲတက်လာသောမျက်ရည်တွေကို
ကောင်လေးကကျမလာအောင်
ထိန်းလိုက်ကာ ကျောခိုင်းလှည့်ထွက်သွားသည်။

"JungKook..!!!ကိုယ်ပြောပြမယ်...
နေပါအုန်း..."

"ကိုယ်....က..."

နောက်မှပြေးလိုက်ကာဆွဲထားသော်လည်း
အထိမခံရိုက်ချသွားသောအပြုအမူ
တွေသည် အရိုက်ခံလိုက်ရတာလက်တွေ
ဆိုပေမယ့် ရင်ဘက်ကနာလာသည်အထိ။

မအောင်မြင်မှာကြိုသိ၍ဆောင်လာ
သောစိတ်ငြိမ်ဆေးတွေကို
မော့သောက်ကာ အေးအေးဆေးဆေးပင်
လမ်းပြန်လျှောက်လာခဲ့သည်။
သူ့ဘဝရဲ့ အဝမ်းနည်းရဆုံးနေ့လေးမှာ
ပါတီတက်မနေစေချင်သော အတ္တသည်
သိပ်များရီစရာကောင်းသွားလားမသိ။
မျက်လုံးတွေကိုမြင်ရုံဖြင့်Jimin အားလုံး
ကိုနားလည်ပြီး လိုက်လာခဲ့လိမ့်မည်ဟု
မျှော်လင့်မိခဲ့တာ။

လဲကျမသွားအောင်ခပ်မှန်မှန်လျှောက်
လာပြီး အပြင်ဘက်ကိုရောက်တော့
အဆင်သင့်စောင့်နေသောJinHyung...။
သူJinHyungကိုအချိန်အတော်ကြာ
ငေးစိုက်ကြည့်နေမိကာ
JinHyungကလည်းပြေးမလာဘဲ
သူ့ကိုပြန်စိုက်ကြည့်နေခဲ့သည်။

ထို့နောက်လမ်းပေါ်မတ်တပ်စုံရပ်နေသော
သူ့ဆီသို့ JinHyungသည်တဖြည်းဖြည်းလှမ်း
လာခဲ့ပြီး ခပ်ဖွဖွဖက်ထားပေးခဲ့သည်။

"ဦးလေးကို ...ချစ်ခဲ့တာကလေး
တစ်ယောက်ပဲရှိခဲ့တာလေ...
သူတို့က ပျော်နေနိုင်မှာပေါ့....
ဒါကိုမပျော်ရဘူးလို့ သွားဒေါသထွက်လို့
မရဘူးလေကွာ....ဦးလေးရဲ့နှစ်ပတ်လည်
နေ့ကို ကလေး အမေက မေ့ရင်တောင်မေ့နေမှာ...
Kookie ရယ် Hyung ကိုရင်တွေနာအောင်
ထပ်မလုပ်ပါနဲ့...."

"Jimin...Jimin...ကိုသွားခေါ်တာပါ..
သူလိုက်မလာဘူး Hyung...."

"Jimin က...Hannaချစ်သူလေ...
သူကပိုဝေးတာပေါ့ ကလေးရယ်
နားလည်စမ်းပါ.ကွာ...."

တုန်ရီလာသော ခန္ဓာကိုယ်ငယ်သည်
အားရှိလောက်တော့မည်မဟုတ်။
အဖွားကြောင့် အဖွားကြောင့်ဟုသာ
အော်ဟစ်အပြစ်တွေတင်လိုက်ချင်သည်။

အဖွားပြောတော့ ပျော်ရွှင်ရပါတယ်ဆို....။

လိပ်ပြာငယ် စိတ်ကောက်သွားခဲ့တာ...
စိတ်ကောက်သွားခြင်းအနုပညာမှာလည်း
တမူထူးစွာ ParkJimin တို့အတုန်းအရုန်း...။

ကျတော့်မှာ ကမ္ဘာတောင်မြောက်
ပြေးကာ အော်ပစ်လိုက်ချင်သည်အထိ.....

ကျတော့်လိပ်ပြာလေးကိုပြန်ချော့တဲ့အခါလည်း
ထပ်မသိချင်ယောင်ဆောင်ပေးကြပါအုန်း.... ။

ပျင်းနေကြပီလား

ယူတို့လိပ်ပြာလေး ဒီဇိုင်းပြောင်းလာပီနော်😎

Continue Reading

You'll Also Like

336K 34.4K 63
Gangster တယောက်ရဲ့နားခိုရာနိဗ္ဗာန်ဘုံလေး
1.3M 55.3K 66
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.8K 306 9
Hobi and members ကို အဓိကထားပြီးရေးမှာပါ... တခြား OTP တွေကိုလည်း ကြုံရင်ကြုံသလိုရေးမှာပါ #moonie
280K 17.4K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...