"JungKook ကအိမ်မှာကျန်ခဲ့ပြီးဘာလို့
အားတွေနည်းသလဲမသိဘူး
ဆေးသွင်းပေးခဲ့ရသေးတယ်...ဆိုးလ်းပြန်ရောက်
ရင်တော့နှလုံးကို သေချာပြန်Check အုန်းမှပဲ....."
ညနေတော်တော်စောင်းစောင်းတွင်လည်ပတ်ရာမှ
ပြန်လာသောMinYoongi သည်အခန်းထဲဝင်
လာပြီးသူ့အားဆရာဝန်အချင်းချင်းတိုင်ပင်သလို
စကားကိုဆိုသည်။တရားခံသည်သူမလို့
အင်း ဟု သာ ပြောပြီးငြိမ်နေလိုက်သည်။
"Jimin....မင်းHannaကိုမလွမ်းဘူးလား
ငါကမင်းကိုRoမယ်ထင်တာ
မင်းကသွေးအေးသားပဲ...."
"ငါ့ကိုPersonalတွေလာမမေးနဲ့...."
"ကြီးကျယ်ပြန်ပြီ...ဒီညမီးပုံပွဲတော့ပါနော်
ဟေ့ကောင်.ကန့်လန့်ထပ်မလုပ်နဲ့..."
"ပီးကိုမပီးနိုင်ဘူး....."
"ပြန်ရင် ကိုယ့်လုပ်ငန်းတာဝန်တွေ
အပူအပင်တွေနဲ့ ပြန်ရင်ဆိုင်ရတော့မှကွ
ခုလွတ်လွတ်လပ်လပ်ပျော်ရွှင်ရမဲ့အချိန်လေး
မှာ အထာမကိုင်နေပါနဲ့ကွာ....
မင်းနည်းနည်းလေးတောင်မပျော်ဘူးလား
Jimin...."
"ငိုနေလို့လား ငါက ဒါငါ့ပုံစံပဲဟာ
လာရင်ပီးရောမလား...."
ဝင်လာသောဖုန်းသံကြောင့်Jiminသည်
ဖုန်းယူကာရှောင်ထွက်သွားသည်။
Hanna ဆိုတာသေချာပါသည်။
"ကို...Hanna လုပ်ငန်းခွဲတခုစာချူပ်ထပ်ချူပ်
တာအားလုံး အိုကေတယ်....
ကိုပြန်လာရင် ပါတီတခုလည်းတက်စရာ
ရှိတယ် သိလား...မာမီလည်းပြန်လာတော့မှာ
ကိုရော ဘယ်နှရက်ကြာအုန်းမလဲ
Hannaလာကြိုရမလား..."
"ရတယ်...မကြိုနဲ့ Hanna....ကိုအဆင်ပြေတယ်"
"ကိုကလည်း...ကိုယ့်ကားနဲ့ကိုယ်က
မြန်တာပေါ့ ဘယ်နေရာလဲHanna ကို
ပြောလေ..."
"ကားလမ်းတောင်သိပ်မပေါက်ချင်ဘူး
Hannaလာလို့လုံးဝမရပါဘူးကွာ
ခဏလေးပဲစောင့်ပါ..."
"အင်း...ပီးတာပဲ...Wedding အတွက်
လည်းအများကြီးစဉ်းစားထားတာတွေ
ရှိသေးတယ် ပြန်လာမှပြောပြတော့မယ်..."
"အော်..အင်း...ကို...လုပ်စရာလေးရှိလို့
ပြန်ခေါ်လိုက်မယ်နော်..."
ဖုန်းပြောရမှာမလုံခြုံသောစိတ်ကြောင့်
စကားစမြန်မြန်ဖြတ်ကာHannaဘာတွေ
ထပ်ပြောချင်နေလဲမမေးမိတော့။
အခန်းနံရံအားမှီကာ ငြိမ်နေလိုက်သည်။
ပန်းခင်းဝါဝါထဲကအနမ်းပြင်းပြင်းသည်
နူတ်ခမ်းတွေထက် ခုထိတိုင်စိုစွတ်နေတုန်း...။
...................
ညသို့ရောက်သော်အခါ Jungkook တို့
အိမ်ဝန်းကြီး၏အလယ်တွင်မီးပုံတခုအား
ဖိုကြရင်း ရိုးရာအရက်များ
စားစရာအစုံအလင်ဖြင့် ဆရာဝန်လေးတွေ
နှင့်အတူ ရွာသားတချို့ပါ ပါဝင်ရင်း
ပျော်ပွဲလေးတခုပြုလုပ်နေကြသည်။
အော်ဟစ်ဆူပူမနေဘဲငြိမ်သက်နေကြ
ခြင်းသည်ထူးဆန်းသည်ဟုထင်နိုင်ပါသည်။
ဝိုင်းထိုင်နေသောလူတွေအားလုံးအလည်တွင်
သံစဉ်တခုအားတယောထိုးပြနေသော
ကောင်လေး၏လက်စွမ်းသည်
ညို့ညို့မှိုင်းမှိုင်း တောင်တန်းတွေ
ရာသီဥတုအေးစက်စက်
နှင့် ရူးလောက်အောင်လိုက်ဖက်လှသည်။
"JungKook တယောသံလေးက
မရှိတဲ့ရည်းစားကိုတောင်လွမ်းသွားတယ်ကွာ...."
အနားနားလာကပ်ကာပြောသောMinYoongi
ကိုဘာမှပြန်မပြောဘဲ ဒူးနှစ်ဖက်ပိုက်ကာ
ထိုကောင်လေးကိုပဲငေးကြည့်နေမိသည်...။
🎻ဘယ်လိုစကားမျိုးမှလည်းထုတ်မပြောပါနဲ့ကွာ🎻
🎻ဒီတိုင်လေးပဲငါ့အတွက်ပြုံးနေပေးပါ🎻
ငါခုထိမယုံကြည်နိုင်သေးဘူး🎻
အရာရာအားလုံးကအိမ်မက်တခုလိုပဲ
ပျောက်ကွယ်လို့တော့မသွားပါနဲ့ကွာ
Is it true🎻
You
မင်းကအရမ်းလှပလွန်းတော့ငါကြောက်နေမိခဲ့
Untrue You You....🎻
ငါနဲ့အတူတူရှိနေပေးမလား
ငါ့ကိုကတိတွေပေးနိုင်မလား
ငါမင်းကိုထိမိလိုက်ရင် အဝေးကိုပြန်သွားမလား
ပျက်စီးလို့သွားမလား
ကြောက်နေလို့....🎻
အချ်န်တွေကိုရပ်တန့်ပေးနိုင်မလား
ဒီအခိုက်အတန့်လေးပီးသွားရင်ရော
မင်းငါ့ကိုမေ့သွားမလား...ငါကြောက်နေမိလို့....🎻
Butterfly....Like a Butterfly.....
Butterfly.....🎻🦋
သံစဉ်ကိုပဲသူတီးခတ်နေပေမယ့်သီချင်းစာသား
တွေက နှလုံးသားထဲအထိစိမ့်ဝင်နေသည်။
"မင်း Hannaကိုလွမ်းနေပြန်ပီမလား....."
လွမ်းလို့ရရင်တော့လွမ်းချင်ကြောင်းMinYoongi
ကို နားလည်အောင်ပြောပြချင်ပါသည်။
ပြီးတော့ ဒီကိစ္စတွေနဲ့ပတ်သတ်ပီးလည်း
ပြောပြလို့ရရင်ပြောပြလိုက်ချင်ပါသည်။
သို့သော်....Yoongi သိပ်စိတ်ဆိုးမှာလည်း
သိတာကြောင့် ခေါင်းညိတ်ပြလိုက်သည်။
MinYoongi ကတော့ပြုံးစ်ိစိဖြင့်
JungKook ဘက်သို့အကြည့်တွေပြန်ရောက်
သွားသည်။
သီချင်းဆုံးတော့ တယောလေးကိုင်ကာ
အနားမှာလာထိုင်သူသည် အားနည်းနေပုံ
ရသော်လည်း လန်းလန်းဆန်းဆန်းပင်။
"ကောင်းတယ်မလား....Jungkook တီးတာ...."
သူခေါင်းလေးညိတ်ပြလိုက်ကာအဆင်သင့်
ခွဲပေးထားသောသစ်သီးပန်းကန်ထဲက
သစ်သီးစိတ်လေးအားပေးလိုက်သည်။
"ငြိမ်ငြိမ်လေးထိုင်နေနော်....
မင်းဆေးသွင်းထားရတယ်မလား"
"ဟုတ်ကဲ့....အသီးက Jimin ခွဲပေးထားတာလား"
"မင်းကြိုက်မယ်ထင်လို့...."
ပြုံးလိုက်သော်အခါ ထွက်လာသော
ယုန်သွားလေးနှစ်ချောင်းကြောင့်
ဆက်ခနဲမျက်နှာလွှဲကာရှေ့တွင်
သီချင်းအော်ဆိုနေသော ဆရာဝန်
ပေါက်စလေးတစ်ယောက်ဆီပို့လိုက်ရသည်။
ဆက်ကြည့်မိလျှင်...မျက်နှာက
တညလုံးလွှဲ၍ရမှာမဟုတ်....။
ဒူးပိုက်ကာမြေကြီးပေါ်အခင်းလေးတခု
ခင်းရင်း ငြိမ်ငြိမ်ထိုင်နေသော
Jimin သည်..မီးပုံကလာသော
မီးရောင်ဟက်နေသည့်တိုင်အောင်လှသည်...။
တည်ငြိမ်သည်....ရင့်ကျက်သည်
ဆိုးသမျှအားလုံး ရင်ထဲထည့်သိမ်းဆည်း
ထားပေးနိုင်သည်...။
တနေကုန်နမ်းခဲ့ရ၍ လုံလောက်နေပီ
ဟုမဆိုနိုင်သော်လည်း ကျတော်
ကြည့်ရတာတော့ဘယ်တော့မှမဝခဲ့ဖူးပါ။
ပွဲသည်ရှေ့မှာရှိနေသာ်လည်း ကိုယ်တခြမ်း
စောင်းနေသော JungKook ကို
သတိထားမိတဲ့သူရှိသလို...ကိုယ့်အာရုံနဲ့
ကိုယ်သတိမထားမိသောသူများလည်းရှိခဲ့သည်။
မျက်လုံးလေးတွေရွေ့သွားတာကအစ
ပြုံးစရာတခုရှိ၍ နူတ်ခမ်းလေးတွေညွှတ်ကိုင်း
သွားတာအဆုံး....
အားရပါးရ ရီမောဖွယ်ရာကျ မျက်လုံးလေးတွေ
မှိတ်ကျသွားသည်အထိ ရီမာတတ်သော
ထူးဆန်းလှစွာသောJimin သည်
ငေးရင်း ငေးရင်း....ချစ်ရင်း ချစ်လာရသည်။
မီးပုံပွဲကြီးတခုလုံး သောက်စားပျော်ရွှင်
နေသော်လည်း ဘာမှမသိ ဘာမှမကြားသလို
ဘေးက အလှဆုံးလေးအား ငုတ်တုတ်ထိုင်
ကြည့်နေသော ကောင်လေးနဲ့
အကြည့်ခံနေရခြင်းမသိချင်ယောင်ဆောင်ကာ
ဝုန်းဒိုင်းကြဲနေသောရင်ခုန်သံကို
အပြင်ကိုမထွက်လာစေရန် လက်နှစ်ဖက်အား
အဆကိမပြတ်ပွတ်ကာချွေးပြန်နေသော
ကောင်လေးတစ်ယောက်လည်းရှိခဲ့သည်။
"ယုန်ပေါက်...လာကြက်ကင်စားမယ်..."
ယောင်းသည် ကြက်ပေါင်တခုအားကိုင်လိုက်
လာခေါ်သော်ကြောင့် ကြက်ကင်ဆီလိုက်ရင်း
ကောင်းမလား ဆက်ကြည့်ရမလား
ဝေခွဲမရသော ကောင်ငယ်လေးသည်
အရေးတကြီးဆုံးဖြတ်နေရပုံ....။
Jimin သည် မသိမသာလေးပြုံးမိရင်း
"လိုက်သွားလေ..နောက်ကျရင်ကြက်ကင်တွေကုန်သွား
လိမ့်မယ်..
ကိုယ်ဒီနားမှာပဲရှိမယ်....."
"လာစမ်းပါ ဆရာက ကုန်မသွားဘူး
ကြက်ကင်ကကုန်သွားလိမ့်မယ်...."
လက်ကိုအတင်းဆွဲကာခေါ်သွားကြောင့်
သူမလိုက်ချင် လိုက်ချင်ဖြင့်ပါသွားခဲ့သည်။
သူနှင့်တချို့တဝက်သာ အရက်ခွက်ကိုယ်စီ
ဖြင့်ထိုင်နေကြသော်လည်းအများစုက
တော့ လှုပ်ရှားနေကြသည်။
"ချိန်းတွေ့ကြမလို့တဲ့...ငါတို့လိုက်ချောင်း
မလား Jungkook...."
"ဘယ်သူတွေကလဲ..."
"ဟိုဆရာဝန်လေးအတွဲရယ်...
ဟို တစ်ယောက်ရယ် ဒီတစ်ယောက်ရယ်
ပျော်စရာကြီးနေမှာ....."
"ဘာလို့ချိန်းတွေ့မှာလဲ.....
ဒီတိုင်းလည်းတွေ့နေရတာကို..
စကားပြောနေကြပဲလေ..."
"မတူဘူး မတူဘူး အမှောင်ထဲ
အကွယ်ထဲမှာ နှစ်ယောက်အတူတူ
အီစီကလီပြောရတာက ပိုမိုက်တာ....
မင်း မချိန်းတွေ့ဖူးဘူးမလား...
အဲ့တာကြောင့်လိုကိကြည့်မယ်လို့...."
ကြက်ပေါင်တခုအားဆက်ခနဲကိုက်ရင်း
ယောင်းက အဖော်ညှိသည်...။
"ချစ်သွားကြရင်..အဲ့လိုအမှောင်ထဲမှာ
ပြောရသေးတာလား...."
"မဖြစ်မနေတော့မဟုတ်ပါဘူး
အခြေအနေအရပေါ့...ကွာ
ငါနဲ့လိုက်မလား မလိုက်ဘူးလားပဲပြော..."
"မလိုက်ဘူး...."
"ယုန်ပေါက်ကလည်း...ငါ့မှာမင်းပဲရှိတာကို..."
"မလိုက်ဘူး..လိုက်မကြည့်ချင်ပါဘူး"
"အေးအဲ့တာဆို..မင်းနဲ့ဆရာ့ကိစ္စတွေ
ငါအကုန် JinHyungကိုတိုင်မှာ...."
"တိုင်....!"
ယောင်းသည်..ကိစ္စတော်တော်များများ
သိထားသူဖြစ်သော်လည်း
JinHyungမကြိုက်၍သူနူတ်ပိတ်ထား
သည့်လူ။ပထမဆုံးJiminအကြောင်း
အားပြောပြခဲ့သူလည်းဖြစ်တာကြောင့်
သိထားသင့်သလောက်တော့သိသည်။
သို့သော် ယောင်းသည် သူ့စကားတခွန်းသာ
လျှင်ဖြစ်တာကြောင့် လုံးလုံးမသိချင်ယောင်
ဆောင်ပေးထားခဲ့သည်...။
ထယ်ယောင်းဘက်ကသိထားသည်က
Dr ကို Jungkook က ကြိတ်သဘောကျ
နေသည်...အမှတ်မထင်ဆုံတွေ့လိုက်ရသော်အခါ
အခြေအနေတွေတိုးတက်လာရင်း
အဆင်ပြေသွားပြီဟုသူသိထားသည်။
JinHyungကတော့ တင်းကျပ်သူပီပီ
JungKook တခြားသောစိတ်ခံစားချက်တွေ
ဖြစ်လာမှာကို တားနေခြင်း....။
ထယ်ယောင်းသိတာ ဒီလောက်ပဲ...။
ထို့ကြောင့်လည်း မဟုတ်တာမှန်သမျှ
ခိုးလုပ်ခဲ့ကြသူများပီပီ ဖုံးကွယ်ပေးထားခဲ့သည်။
ရိုးသားသောတောရွာအရပ်ကသူမလို့
သူသိတာအမှန်တကယ်ပင်ရိုးရှင်းခဲ့သည်။
တကယ်လို့များပေါ့....
ဘာကြောင့် ဆိုတဲ့ ဆက်စပ်မှုအကြောင်းတရား
တွေကိုသာသူသိခဲ့လျှင် တားခဲ့မှာပါ လေ.... ။
မီးပုံပွဲတွင်မူးသူကမူး...လဲပြိုသူကပြိုသူနှင့်
ပျော်စရာအလွန်ကောင်းခဲ့ပါသည်။
တခုပီးတခု ချက်ပြုတ်ပေးနေသော
အဖွားနှင့် SeokJin သည်လည်းမနားရ...။
ရက်အနည်းငယ်လောက်နေပီးလျှင်
ပြန်ရတော့မည့် ဆရာဝန်လေးတွေကို
အဖွားကကြိုလွမ်းနေကာ အရသာအရှိဆုံး
တွေချက်ပြုတ်ပေးခဲ့သည်....။
Jimin သည်လည်း ပြန်တဲ့သူတွေ
ပြန်သွားကြပြီမို့ သူလည်းအခန်းပြန်အိပ်ရန်
စဉ်းစားမိကာထလိုက်သည်။
MinYoongi ကတော့ အမူးလွန်ကာ
အိပ်ပျော်နေပြီ...။
ဟိုကောင်လေးအား တချက်ရှာမိသော်
လည်း မတွေ့...။ကြက်ကင်ဆိုပီး
သွားထဲကပြန်ကိုမလာတော့....။
အစားအသောက်နဲ့သူ့ကိုတော့
လက်တွေ့ကျကျရွေးချယ်ခဲ့သောသူ။
ထယ်ယောင်းနဲ့ရှိနေမှာပဲဆိုတဲ့စိတ်ချမှုဖြင့်
အိပ်ခန်းရှိရာသို့သာပြန်လျှောက်လာခဲ့သည်။
လျှောက်လာရင်းဖျက်ခနဲလာဆွဲသော
လက်အေးအေးတဖက်ကြောင့်လန့်ကာ
ထအော်မိသည်အထိ...။အမှောင်ရိပ်ထဲ
သို့အားသုံးကာဆောင့်ဆွဲခေါ်သွားသော
လက်ပိုင်ရှင်အား ဘာမှန်းမသိ၍
ရုန်းကန်မိသည်..။
"ဘာလုပ်တာလဲ....ရူးနေလား..ဘယ်သူလဲ..."
"Jungkook....JungKook...!!!"
အသံသေးသေးလေးသည်အမှောင်ထဲက
ထွက်လာတော့သူပိုလန့်သွားခဲ့ရသည်။
ဦးတည်နေတာက မီးအလင်းသိပ်မရှိတော့သော
အိမ်ဝန်းကြီးဘေးက အမှောင်ရိပ်တွေဆီသို့...
ဘေးဘက်ခြံတံခါးပေါက်အားဖွင့်ကာ
ကျွမ်းကျွမ်းကျင်ကျင်ပင်ခေါ်လာသည်။
"ဘာလုပ်တာလဲ...
ညဘက်ကြီး ဘာတွေဖြစ်လာပြန်တာလဲ...."
အသံကိုတိုးနိုင်သမျှတိုးအောင်ပြောရသည်။
လက်နှစ်ဖက်အံဝင်ခွင်ကျ ဆုပ်ကိုင်ထား
မှုကတစ်ယောက်ယောက်ကြားလို့
လက်နှိပ်ဓာတ်မီးဖြင့်လှမ်းထိုးတာမျိုးဆို
ပွဲသိမ်းပင်..... ။
"ချိန်းတွေ့မလို့....ရှူး!!!!"
ဆံပင်တွေတောင်ထောင်သွားသလိုပါပဲ...။
ရေခဲမတတ်အေးနေသောနေရာတွင်
ချွေးတွေပြန်လာရသည်။
"Jungkook..ကိုယ်ပြောတာနားထောင်..."
"အသံမထွက်နဲ့....လာ...ဒီမှာထိုင်မယ်..."
ဘေးဘက်ခြံတံခါးကပြန်စိလိုက်ကာ
လှေကားထစ်လေးတွေပေါ်သူအား
ဆွဲချကာထိုင်ခိုင်းလိုက်သည်။
အသက်၂၃နှစ်ကျမှ သဲထိပ်ရင်ဖို
ရည်းစားနဲ့အစကချိန်းတွေ့နေသလို
အနေအထားကြီးသည် လက်ခံနိုင်စရာ
တကွက်ကလေးမျှပင်မရှိပါ။
သို့သော် ထအော်လို့လည်းမဖြစ်
ခြေသံပင်ထွက်မရသောအခြေအနေသည်
ထိုင်ဆိုသောနေရာတွင်ထိုင်ခဲ့လိုက်ရသည်။
"JungKookတို့လိုပဲ ဒီနားမှာ
ရှိသေးတယ် မကြောက်နဲ့နှစ်ယောက်ထဲမဟုတ်ဘူး"
"ဟမ်...!"
"တိတ်တိတ်နေ..စကားတိုးတိုးလေး
ပြောကြမယ်..."
"ပြန်ကြမယ်ကွာ...ကိုယ့်ကိုတစ်ယောက်ယောက်
တွေ့သွားရင်မကောင်းဘူး
ကိုယ်က ဆရာဝန်ပေါက်စလေးမဟုတ်တော့ဘူး
ကိုယ်က စီနီယာ ကောင်လေးရ..."
"မရပါဘူး...စီနီယာလည်းချစ်ရင်
ချိန်းတွေ့ရမှာပဲ..."
"ချိန်းတွေ့ချင်ရင် မနက်ကျ မနက်ကျ
ပန်းခင်းထဲထပ်သွားမယ်လေ..."
"ပန်းခင်းထဲကနမ်းဖို့ထပ်သွားမယ်
ခုက လည်း စကားတိုးတိုးလေးတွေ
ပြောကြမယ်လေ..."
လက်နှစ်ဖက်အားဆက်ခနဲဆွဲယူကာ
ကိုင်လိုက်သောကောင်လေးသည်
ပြန်ရုန်းလိုက်ချိန်မရှိ။
"လာပါ အနားကိုကပ်ထိုင်
အေးတယ်...."
ပူးကပ်သွားသောခန္ဓာကိုယ်လေးနှစ်ခု
သည်အမှောင်ရိပ်ထဲတွင်အလုပ်ရှုပ်
လျှက်ရှိသည်။
ထပြေးလို့လည်းမရတော့သောအခြေအနေ
ကြောင့်ငြိမ်နေလိုက်တာအကောင်းဆုံး
ဖြစ်ပါလိမ့်မည်...။
ဘာပြောပြောငြိမ်နားထောင်ပေးလိုက်တာ
အဆင်ပြေလိမ့်မည်..။
Jungkook သည် သူ့စကားကို
ဘယ်တုန်းကမှတိုးပေါက်တော့မှာမဟုတ်။
"ယောင်းက ပြောတယ်....
အမှောင်ထဲမှာ...အီစီကလီလေးတွေ
ပြောရမယ်တဲ့...Jimin...
စပြောပါလား Jungkook က
သိပ်မသိလို့...."
"ကိုယ်လည်းမသိဘူး....."
"Jimin သိပါတယ် Hannaကို
ညတိုင်းပြောနေတာပဲဟာ....."
အသဲနှလုံးကိုသေသေချာချာကိုင်ကာ
ဆွဲလှုပ်နိုင်သောစကားမျိုးတွေကို
JungKook ကတစက္ကန့်တောင်
စဉ်းစားရန်မလိုပြောနိုင်ခဲ့တာကြီး။
အမှောင်ထဲမှာ သူ့မျက်နှာတခုလုံး
ပြိုပျက်သွားတာကို လိပ်ပြာငယ်က
စိတ်မဝင်စားနေပါ...။
"ပိုးစုန်းကြူတွေတွေ့လား...
Jimin နည်းနည်းကြောက်ရင်
JungKookဖက်ထားပေးမယ်လေ..."
ပိုးစုန်းကြူတွေကကြောက်စရာမဟုတ်ပေမယ့်
ကြောက်ခဲ့သူသည်...ရင််ထဲအောင့်သက်
နေသောကြောင့်...။အသာအယာဆွဲယူ
လိုက်ကာသူ့ရင်ခွင်ထဲ နူးနူးညံ့ညံ့လေး
ထည့်ထားရင်းမော့ကြည့်လိုက်ရင်
လ၏အလင်းမှိန်မှိန်အောက်ပြုံးနေသော
ကောင်လေးကိုမြင်ရသည်။
"နေမြန်မြန်ကောင်းချင်တယ်..."
"မင်းကောင်းနေပါပီ..ဆေးမှန်မှန်သောက်ပီး
စိတ်ကို မှန်မှန်လေးထိန်းချူပ်နိုင်ရင်
လုံးဝလူကောင်းဖြစ်နေပြီ..."
"ဖေဖေ့ကိုလည်းလွမ်းတယ်...."
"ဖေဖေလည်း ကောင်းတဲ့နေရာတခုမှာ
ပျော်ရွှင်နေပြီလေ...ဝမ်းနည်းစရာတွေ
မတွေးပါနဲ့..."
"Jimin...ကိုအပိုင်ယူမှာနော်...."
"............"
"ဘာလို့လဲ...ဘာလို့ပြန်မဖြေတာလဲ
ဖြေအုန်းလေ..."
"အစက ကြည့်နေရရင် တင်းတိမ်တယ်
နောက်တော့ ထိကြည့်မှ
ခုတော့ အချိန်တိုင်းနမ်းနေချင်တော့တာ...
နောက်ထပ် နောက်ထပ် ဘာတွေဖြစ်လာ
မှန်းမခန့်မှန်းနိုင်တော့ပိုင်မှကိုဖြစ်တော့မှာ..."
"ကိုယ် မင်း ကို အမြဲနာကျင်စေခဲ့တာ
တောင်...ပိုင်ချင်သေးတာလား...."
လှုပ်လှုပ်ရှားရှားဖြစ်သွားသောသူသည်
သူ့ကိုရင်ခွင်ထဲကထုတ်ကာမျက်နှာ
ချင်းဆိုင်လိုက်ရင်း...
မျက်လုံးတွေကိုစိုက်ကြည့်လာသည်....။
"ခုကစတစ်သက်လုံး Jimin က ကျတော့်ကို
နာကျင်စေတဲ့သူလို့ ထပ်မတွေးပါနဲ့
..စတွေ့ထဲက
ကျတော့်ကမ္ဘာတခုလုံးပန်းတွေပွင့်ခဲ့ရတာ
ကျတော်ပဲသိတာမို့...Jimin ကြောင့်
သေဆုံးခဲ့ရရင်တောင်
Jiminက ကျတော့်နာကျင်မှုလုံးဝမဟုတ်ဘူး
Jimin က Jungkook ရဲ့ ထာဝရပျော်ရွှင်ခြင်းပဲ..."
"ကိုယ့်ကြောင့် မင်းဘာမှမဖြစ်ရပါဘူး
စကားတွေကို ဘာလို့လွယ်လွယ်ပြောထွက်
ရတာလဲ...."
"စိတ်မဆိုးပါနဲ့....."
မျက်နှာချင်းဆိုင်အနေအထားမှလှမ်းဖက်
လိုက်သူကြောင့်သူ့ရဲ့ပုခုံးလေးပေါ်
မျက်နှာလေးတင်ရင်းခပ်ဖွဖွလေးပြန်ဖက်
ထားမိလိုက်သည်။
"နှလုံးခုန်သံကိုကြားလား...Jimin..."
"အင်း....."
"လူကတော့အားနည်းနေပေမယ့်
ကျတော့်နှလုံးက ကောင်းကောင်း
ကျန်းမာနေတယ် ဆေးကောင်းတွေ့နေလို့...."
"မင်းဆေးမြစ်တွေ ပြောင်းသောက်နေတာလား"
"Jimin...နူတ်ခမ်းတွေလေ...."
လရောင်မှိန်မှိန်မှာရဲခနဲမျက်နှာလှလှသည်
ဖက်ထားရာမှရုန်းကန်ပြီးမျက်နှာတခုလုံး
အားလက်ဖြင့်အုပ်ချလိုက်သော
Jiminသည်ဒူးနှစ်ဖက်ပေါ်မျက်နှာကို
မှောက်ချလိုက်သည်။
"Jimin....."
ဆံပင်ထဲသို့တိုးဝင်လာသောလက်ချောင်း
လေးတွေသည် သူဘာဖြစ်သွားသည်
ကိုလုံးဝမသိသည့်ပုံစံ....။နူးနူးညံ့ညံ့
ကိုင်တွယ်ကာဆော့ကစားနေရင်း
ခေါင်းတိုးကာ အဆက်မပြတ်နမ်း
လာသူကြောင့် မျက်နှာကိုပြန်မော့လာရတော့သည်။
"တော်တော့....ခေါင်းမလျှော်ရသေးဘူး..."
"အရေးကြီးလို့လား..."
"နံမှာစိုးလို့ပါ...အမြဲတမ်းဆေးနံ့တွေထွက်နေလို့..."
"ဒီလောက် မွှေးတာဗျာ...."
ဆံပင်တွေပင်မကတော့ဘဲ
မွှေးသည့်နေရာအားလုံးအားနူတ်ခမ်းတွေ
ဖြင့်စူးစမ်းနေသောကောင်လေးသည်
သူ့အားမိန်းမပျိုလေးလိုရှက်လာစေသည်အထိ။
"တော်...တော်တော့.....မနေတတ်တော့ဘူး..."
"ကျတော်ကလွဲရင် ဘယ်သူ့ကိုမှမနမ်းပါနဲ့
ဘယ်သူနမ်းတာမှလည်းမခံပါနဲ့...
ကြည့်လည်းမကြည့်ပါနဲ့
အကြည့်လည်းမခံပါနဲ့
ထိလည်းမထိပါနဲ့
အထိလည်းမခံပါနဲ့......
Jimin သိလား လ က လေ ခုလို
အချ်န်မျိုးသာ လှတယ်ထင်ရတာ
သွေးလွှမ်းသွားတဲ့ လကြတ်ခြင်းညတွေဆို
ကျတော်တို့မော့တောင်မကြည့်ရသည်အထိ
အန္တရာယ်များတတ်တယ်ဆိုတာ....."
"သိတယ်....."
"..........."
"Jungkook......"
"အင်း....."
"ကိုယ့်အပြစ်တွေပါ...ကိုယ်အကြီးဖြစ်ပြီး..
အရာအားလုံးကိုသိနေ မြင်နေရက်နဲ့..
ဒီလိုအခြေအနေမျိုး..."
"အလေအလွင့်စကားတွေမပြောနဲ့...
ဟိုရှေ့ကတောထဲကို လွှင့်ပစ်လိုက်မယ်..."
တိတ်ကျသွားသောအသံတွင် နောက်ဆက်တွဲ
ဘာစကားလုံးမျှပင်ထွက်မလာတော့....။
သူ့ပုခုံးပေါ်မှီထားစေချင်သောအရိပ်အယောင်
များကြောင့် မှီထားလိုက်သည်။
သီချင်းတိုးတိုးလေးဆိုပြသည်...။
2U ဆိုသော သီချင်းစာကြောင်းတိုင်းသည်
နှလုံးသားထဲအထိ တိုးဝှေ့ကာ
နွေးထွေးရင်းထိုကောင်လေး၏
လက်ဖဝါးလေးတွေကို ဆုပ်ကိုင်ထားမိသည်...။
ညသည် နောက်ကျလာသည်....။
ညသည်အေးစက်လာသည်....။
ညသည် တိတ်ဆိတ်ခြင်းတွေအပြည့်နှင့်...
ဘာဆက်လုပ်ရမလဲမသိပေမယ့်
လက်ရှိအချိန်မှာတော့ လိပ်ပြာငယ်
၏အတောင်ပံတွေကြား
ကျဆုံးသွားရပြန်ပါသည်.....။
အိမ်ထဲတွင်အဖွားနှင့်SeokJin ၏
ငြင်းခုံသံသဲ့သဲ့အားကြားရကာ
JinHyungအရှုံးပေးလိုက်ရပြန်သည်။
အဖွားသည်...ခေါင်းမာလွန်းသည်...။
ဘယ်လိုမှရှင်းပြ၍မရ....။
သူ Kookie အားအလွန်စိတ်ပူနေလှပါပီ...။
ParkJimin ရဲ့မျက်လုံးတွေက....
ဓားတွေလိုဖြစ်တာကြောင့်
ဝန်ခံရလျှင် သူသိပ်ကြောက်ခဲ့မိပါသည်....။
Kookieဘယ်တော့မှ အိမ်ထဲပြန်ဝင်လာမှာလဲ...???
ဘာဖြစ်ဖြစ်ကွာ ဆိုပီးရှေ့ဆက်ခဲ့တာမျိုးလည်းမဟုတ်
ငါပြတ်သားတယ်ကွာဆိုတဲ့စိတ်နဲ့လည်းမဟုတ်
ဖြစ်လာသောအခြေအနေတွေကဆွဲချသွားတဲ့
ကောင်လေးအပေါ် ပြိုဆင်းကျမှုတွေဟာ
အမှားအမှန်မဝေခွဲ မပိုင်းခြားနိုင်လောက်အောင်
မွှန်ထူခဲ့ပါသည်.....။
................
"သူ့အမေပြန်လာခေါ်သွားပီ...မနက်ထဲက...."