"Park Jimin....မင်းလုပ်အားပေး
လိုက်မလို့ဆို..."
နားနေခန်းထဲအထိဝရုန်းသုန်းကားဝင်လာ
ကာမေးသောMinYoongi သည်
ဆရာဝန်တစ်ယောက်ဘယ်လိုဖြစ်လာတယ်မသိ။
"ဘာဖြစ်လဲ လိုက်တော့...."
"မင်းအရင်နှစ်တွေတုန်းကမလိုက်ပါဘူး
ငါပါလို့...ဒီနှစ်လည်းငါပါတယ်လေ...."
"လိုက်ချင်လာလို့....မင်းနဲ့ငါအသက်အရွယ်
တွေလည်းရနေပီ ရန်မစချင်စမ်းနဲ့..."
"မိန်းမယူခါနီးရင် ပရဟိတစိတ်တွေ
အလိုလိုပေါ်လာတတ်တာလားမသိဘူး..."
"မင်းကရော...ငါပါတယ်လေ
ကျန်ခဲ့လိုက် မကျေနပ်ရင်...."
"မကျန်ခဲ့ပါဘူး...ငါဒီတစ်ခေါက်အသေအချာ
လိုက်မှဖြစ်မှာ..."
"ဘာဖြစ်လို့လဲ..."
"ဗေဒင်ကဟောထားတယ်..
ငါဖူးစာရှင်နဲ့ ခုခရီးမှာဆုံရလိမ့်မယ်တဲ့..."
MinYoongiဆိုတာဒါပါပဲ...။
သူ့ကိုအတင်းပြိုင်စာတွေကျက်
အရူးလို Rollတွေ အဆင့်တွေကို
ကြိုးစားလုယူခဲ့သူပေါ့...။
သိပ်တော်သည့်ဆရာဝန်တွေထဲက
တစ်ယောက်ဖြစ်လာပေမယ့် မျက်လုံးထဲ
ဆေးကျောင်းတုန်းက မျက်မှန်ကိုင်းကြီးကြီး
နဲ့ ၂၄နာရီ စာကျက်နေသော အတန်းဖော်
တစ်ယောက်လိုသာအမြဲမြင်မိသည်..။
ခုလည်း ကိုးကွယ်နေတာက ဗေဒင်...။
Coffeeကိုသာတကျိုက်သောက်လိုက်
ရင်းစကားဆက်မပြောချင်တော့...။
သူ့ဟာသူပြောချင်တာတွေပြောနေပါစေ။
ပြောလည်းပြောမှာသေချာပါသည်..။
"ငါက ဒီတစ်ခေါက်သိပ်တောင်မစဉ်းစား
တာ JungKookကို ငါထားခဲ့လည်း
မင်းကြည့်ပေးလို့ရတာပဲဆိုပြီး
ခုမင်းကပါ လိုက်တယ်ဆိုတော့
ငါပြန်စဉ်းစားရတော့မှာပဲ....
တခုခုဖြစ်မှာစိုးတယ်..."
JungKookဆိုသောအမည်နာမကြောင့်
MinYoongiအားလှမ်းကြည့်လိုက်တော့
ရိုးသားသူမို့ခပ်အေးအေးပင်
ခုံတွင်ထိုင်ရန် ပြင်ဆင်နေသည်။
သူလုပ်အားပေးရက်ရှည်သွားတာလည်း
ဟိုတနေ့က Hannaအိမ်မှာဖြစ်ပျက်သွား
သောအဖြစ်အပျက်တွေအားစိတ်ညစ်လွန်း၍
စိတ်ပြေလက်ပျောက် ဝေလံသောတောရွာ
လေးတွေတွင်ဆေးကုခြင်းဖြင့်ကုစားရန်ဖြစ်သည်။
အနည်ထိုင်သွားမှပြန်လည်ပတ်ကြတာ
ကောင်းပါလိမ့်မည်.
ဆိုလ်းမှာရှိနေလျှင် Hannaအိမ်ကိုမသွားချင်
သော်လည်းသွားကိုသွားရပါလိမ့်မည်..။
ပရဟိတ ခရီးအထိတော့ Hannaလည်း
လိုက်ပိတ်ပင်မှာမဟုတ်..။
သူ့အလုပ်နဲ့သူပင်အမြဲရှုပ်နေတာပဲ....။
ခဏတာထွက်ပေါက်လေးအဖြစ်အလှူလုပ်ရန်
စဉ်းစားလိုက်သည်။
ပြန်လာတော့ အားလုံးပုံမှန်ဖြစ်သွား
တော့လည်း အကောင်းဆုံးပေါ့...။
"မင်းသူ့ကိုကြည့်တာကြာပီလား...."
"ကြာပီ...သူစဖြစ်ထဲကဆိုပါတော့
JungKookက Operation
ငါးခါလုပ်ထားတာ..."
နည်းမှမနည်းတဲ့အရေအတွက်ပဲ..။
အမြဲဖြူရော်နေသောနူတ်ခမ်းတွေ
သွေးရောင်ပျောက်နေသောအသားအရေ
တွေကသက်သေခံနေသည်။
"အခြေအနေဆိုးတာပဲ..."
"ငါမှတ်မိသေးတယ်
ငါသူ့ကိုအသက်မရှင်နိုင်ဘူး
ငါကယ်ဖို့ယုံကြည်ချက်မရှိဘူးလို့ပဲ
အတွင်တွင်ငြင်းခဲ့တာ....
မင်းသိပါတယ် ငါကသိပ်မတော်ဘူးလေ
မင်းသာဆို ငါ့လိုဘယ်ဖြစ်ပါ့မလဲ..."
ကောင်းကောင်းအသက်ရှင်နိုင်အောင်
ကယ်နိုင်ခဲ့တာမလား..။
ဒါသိပ်ပြောင်မြောက်တဲ့ကုသမှုတခု
ဖြစ်တဲ့အကြောင်းသူမထောက်ပြမိ။
MinYoongi သည်မြှောက်မိရင်
ပြန်ကျမလာတတ်တာကြောင့်
ခေါင်းသာညိတ်ပြလိုက်သည်။
"လက်တွေတုန်နေခဲ့တာ...
ကောင်လေးကအရမ်းလည်းငယ်သေး
တယ်လေ...သူ့နှလုံးတခုလုံးကားနဲ့အဖိခံ
ထားခဲ့ရတာ.."
ရင်ထဲအောင့်ခနဲ...။ကော်ဖီခွက်ကို
ယောင်ယမ်းစွာကိုင်မိလိုက်သည်။
ကော်ဖီတွေကုန်နေခဲ့တာတောင်
အားကိုးရာလိုကိုင်ထားရင်းမျက်နှာ
ပေါ်မှာတော့ ဘာအရိပ်မှမပေါ်သွား
အောင်ထိန်းထားခဲ့သည်။
ရင်နင့်စရာဖြစ်ရပ်ကြီးကို
မတုန်မလှုပ်နားထောင်နေသူ
Dr ParkJiminပေါ့လေ....။
"လေးနှစ်လောက်တော့ရှိပီပေါ့
ငါသူ့နားမှာရှိတာ..အရင်ကလမ်းမလျှောက်
နိုင်ဘူး...စကားလည်းသိပ်မပြောဘူး
ခုနှစ်ပိုင်းတွေမှအများကြီးတိုးတက်လာတာ
ငါ့ဆရာဝန်ဘဝအစမှာ ပထမဆုံး
အဆိုးဝါးဆုံးလူနာလေးပဲ...
နောက်ပိုင်းတော့ မင်းယောင်ဖပဲ
မင်းပဲကြည့်လိုက်တော့...."
"ကိုယ့်အကန့်ကိုယ်နေစမ်းပါ...
ငါသူ့အမယူတာ သူ့ယူတာမဟုတ်ဘူး..."
"မင်းဟာလေ..တစ်သက်လုံး
အချိုးပြေလာမယ့်ကောင်မဟုတ်ဘူး.ParkJimin..."
"မင်းတယောက်ထဲကိုပါ..
ငါကျန်တဲ့သူအားလုံးနဲ့အဆင်ပြေ
အောင်နေတယ်...."
"ကျေးဇူးတင်ပါတယ်...."
"သွားတော့...မင်းလိုငါအားမနေဘူး
ခရီးသွားတဲ့နေ့ကျတွေ့မယ်..."
"မတွေ့ချင်ပါဘူး...."
အနိုင်ပိုင်းကာပြောဆိုခဲ့ရင်းမတည့်အတူနေနှင့်
ကြုံတောင်ကြုံခဲ ပရဟိတဆေးသွားကု
ပေးရမှာဆိုတော့ပျော်တောင်ပျော်မိသလို..။
ParkJimin၏ဘဝင်မြင့်မှုအဖြာဖြာနဲ့
ထမင်းတောင်လက်စုံမစားဖြစ်တော့တာ
ကြာပီ။သူ့အဖေဆေးရုံအုပ်နေရာရောက်
လာရင်တော့ မိုးပေါ်ကဆင်းမည်မဟုတ်တော့ပါ။
ParkJimin ဆေးရုံအုပ်ဖြစ်လျှင်
သူဆေးရုံကထွက်ရန်စဉ်းစားမိသား...။
လာတော့မကြောနဲ့ငါ့ကို...။
...........................
"အဖွား.....ယုန်ပေါက်လေး ရောက်နေတယ်ဆို.."
တောရွာလေးမို့ရိုးရာအိမ်လေး၏ကွက်ပြစ်
ပေါ်ကင်ချီစိမ်နေသောအဖွားအိုဆီသို့
ဂျုံခင်းထဲက ဂျုံနှံ တခုကိုင်ကာ
အပြေးရောက်လာသောကောင်လေးသည်
ဖိနပ်ပင်မပါ....။
"ရှူးးး အိပ်နေတယ် ခရီးပန်းလာလို့ထင်တယ်
ရောက်ထဲကစကားတောင်မပြောနိုင်ဘူး...
တိတ်တိတ်လေးနေ..."
"ယောင်း...ခဏလေးသွားကြည့်လို့ရမလား..."
ဆန်းဆန်းပြားပြားအဝတ်အစားတွေလည်း
မဟုတ် ရိုးရာဝတ်စုံလေးကိုရိုးရိုးလေး
ဝတ်ထားကာ ထုံးစံအတိုင်းမကြီးမငယ်တရွာလုံး
ပတ်ဆော့ခဲ့ပြီမို့ ညစ်ပတ်လေးဖြစ်နေသည်။
"ညစ်ပတ်နေတာပဲ..သွားအိမ်ပြန်ရေချိုး
ပီးမှလာကြည့်...မျက်နှာမယ် ပေကျံနေတာပဲ..."
"တော်တော်ဆိုးနေလို့လား ဖွားရာ..."
"မှန်သွားကြည့်ပါလား...မယုံရင်..."
"မကြည့်တော့ဘူး ကိုယ့်ကိုကိုယ်ပြန်လန့်နေရ
လိမ့်မယ်....ရေပြန်ချိုးလိုက်အုန်းမယ်
ဒါဆို..ပြန်လာခဲ့ပါ့မယ်..."
"လာပါ လာပါ...."
ကွက်ပြစ်ပေါ်မှပြန်ဆင်းကာပြန်ပြေးမယ်
အလုပ်အခန်းတခန်းထဲကတံခါးဖွင့်ကာ
ထွက်လာသော JinHyungကြောင့်
ရေချိုးရန်မေ့သွားခဲ့ပြီ...။
"JinHyung..."
"ယောင်း....."
အဖွားကညစ်ပတ်၍နှင်လွတ်သော်လည်း
JinHyungကတော့ပြေးလာသော
သူ့အားရင်ဘက်ဖွင့်ကာကြိုဆိုနေတာကြောင့်
နောက်သို့လှန်ကျမတတ်ဖက်ထားလိုက်သည်။
"သတိရနေတာ JinHyungကို...."
"Hyungလည်းအတူတူပါပဲလာချင်နေတာ
ကြာပီ...."
"ယုန်ပေါက်လေး ဒီထဲမှာလား...."
"အင်း...တွေ့ချင်လို့လား..."
ဆံပင်ကောက်ကောင်လေးတွေ
လှုပ်ယမ်းသွားသည်အထိခေါင်းညိတ်ပြ
သောယောင်းသည် အရမ်းတွေ့ချင်နေတာ
သိသာလွန်းလှပါသည်။
"အိပ်တော့နေတယ်...တိတ်တိတ်လေးကြည့်နော်"
"ဟုတ်..."
တံခါးအားဖြည်းဖြည်းလေးဖွင့်ရင်း
JinHyungကဝင်ရန်ခေါ်တော့သူအထဲကို
မဝင်ခဲ့ပါ။ဖိနပ်မပါဘဲပြေးလာရခြင်းကြောင့်
ပေကျံနေသောခြေထောက်တွေဖြင့်
အိပ်ခန်းထဲသို့မဝင်ချင်။အပေါက်ဝလေးတွင်
နေရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော
အချစ်ရဆုံးသူငယ်ချင်းလေးအားသဘောကျစွာ
ကြည့်နေခဲ့ရသည်...။
အရင်ကဆို နွေရာသီကျောင်းပိတ်ရက်တိုင်း
ဦးလေးငယ်နဲ့အတူလိုက်လိုက်လာကာ
သူနဲ့အတူဆော့ကစားရင်းကျောင်းပိတ်ရက်
တွေကိုအချိန်ကုန်တတ်သည်။
မြို့ပေါ်ကပစ္စည်းဆန်းတွေယူယူလာကာ
သူ့ကိုလက်ဆောင်ပေးတိုင်းပျော်ရတာ
နေ့မေ့ညမေ့...။ပြေးလွှားမဆော့တော့သည့်
အရွယ်ရောက်သည်အထိ ယုန်ပေါက်လေးက
နွေရာသီဆို ရောက်လာကာ
သူနှင့် တောင်ကုန်းတွေပေါ်စက်ဘီးအတူတူ
စီးတတ်သည်...။
တောင်ပေါ်ဒေသတွင်တည်ထားသော
ရွာလေးဖြစ်တာကြောင့်အချ်န်တိုင်အုံ့မှိုင်း
နေတတ်ကာ ယုန်ပေါက်လေးက
ပန်းချီကားတွေလက်စွမ်းပြတတ်သည်..။
ရောက်မလာခဲ့သောနွေရာသီတွင်
ကြီးမားသောကားမတော်တဆမှုကြောင့်
ယုန်ပေါက်လေးသည် အစအနပင်ရှာမရတော့ဘဲ။
ထိုအချိန်မှစ ခုတစ်ခေါက်ပြန်ပေါ်လာခြင်းဖြစ်
သည်..။ အခြေအနေတွေကမတူတော့...။
အရင်လိုအိပ်ယာအတင်းနိုးဆွဲခေါ်လျှောက်သွား
ရမည့်အခြေအနေမျိုးရှိမနေပါ...။
တွေ့ရ၍ပျော်သော်လည်း....
အားမရှိသလို ယုန်ကလေးပုံစံသည်
ဝမ်းနည်းရပြန်ပါသည်....။
"အိပ်ယာနိုးရင် Hyungလာပြောမယ်
Kookie လည်းယောင်း ကိုတွေ့ချင်နေတာ...."
"သေးသေးလေး...ပဲရှိတော့သလိုပဲ..နော်.."
ရောဂါတွေအားတိုက်ထုတ်ကာသူသေကိုယ်သေ
ရင်ဆိုင်ခဲ့ရသူမို့ ယောင်းမျှော်လင့်ထားသလို
နှစ်တွေကြာသော်လည်းထင်သလောက်
ဘယ်သန်မာခဲ့ပါ့မလဲ...။
ဒါအများကြီးနေကောင်းလာတာပါလို့
ယောင်းကိုမပြောပြဖြစ်တော့....။
ယောင်းကတော့ စိတ်မကောင်းမှုနှင့်
သိလိုစိတ်ကလေးကြား လက်ကလေး
ဖြင့်အမူအယာလုပ်ပြရှာပါသည်။
"မသေးပါဘူး....ကြီးလာတော့မှာ
နေမကောင်းဖြစ်တာအရမ်းကြာသွားလို့
စိတ်မပူပါနဲ့....."
"တောထဲမှာ လိပ်ပြာလေးတွေဖမ်းပီး
လာပို့ပေးပါ့မယ်...လိပ်ပြာတွေကို
သူသဘောကျတုန်းမလား..."
"ကျတာပေါ့..."
"ယောင်း ပြန်လိုက်အုန်းမယ်....ညနေကျ
ပြန်လာခဲ့မယ်နော် JinHyung..."
"အင်း...အင်း...."
နူတ်ဆက်သွားကာအိမ်ဝန်းထဲမှပြေးထွက်
သွားသောထယ်ယောင်းသည်အရင်အတိုင်းပဲ
ဘာမှမပြောင်းလဲခဲ့....။
နည်းနည်းလေးအရွယ်ရောက်လာကာ
သိပ်ကြည့်ကောင်းလာတာကတော့
အရင်တုန်းကနဲ့အနည်းငယ်ကွဲပြားသွားသည်။
"ဘယ်လိုဖြစ်လာတာလဲ သား...
ဆိုလ်းမှာတခုခုဖြစ်လာတယ်မလား.."
"ဖြစ်တာကတော့ နေ့တိုင်းပါပဲ...
အဖွားရယ်..ဒီတခေါက်ကနည်းနည်းအခြေအနေ
ဆိုးလို့Kookieကိုခေါ်လာခဲ့တာ
မမကြီးက နိုင်ငံခြားခရီးစဉ်နဲ့ဆိုတော့
လစ်ထွက်လာလိုက်တာ..."
"JungMi က ဘာမှမပြောင်းလဲသေးဘူးလား"
"အင်း...Hannaကိုအိမ်ထောင်ချပေးဖို့လုပ်နေတာ
စေ့စပ်ပွဲတောင်လုပ်ပီးပီ...."
"ဟုတ်လား..လင်ပါသမီးကို
အရင်လို ချစ်ပြတုန်း..
သူရဲ့ ယောကျ်ားတစ်ယောက်ကို
ရူးမှုကြီးကလည်း အံ့ဩစရာ...."
"ဒါပေမယ့် အဖွား...တခုခုကမှားနေတယ်...."
"ဘာဖြစ်လို့လဲ...."
"Hannaနဲ့လက်ထပ်မဲ့ လူကို
Kookie က......"
"မြေးက ဘာဖြစ်လဲ.....ပြောပါအုန်း..."
"Kookie စွဲလန်းနေပုံပဲ...သေတော့မသေချာ
ပေမယ့် ပန်းချီတွေဆွဲတယ်....
အဲ့လူအကြောင်းခဏခဏပြောတယ်အဖွား
အဲ့လူရှိတဲ့နေရာအထိ လိုက်သွားတယ်....
ကျတော် လည်း ဘယ်လိုဖြေရှင်းရမှန်းမသိတာနဲ့
ပြေးလာလိုက်တာ....."
SeokJin သည်စိတ်ချလက်ချဆွေးနွေးနိုင်မယ့်
သူရှေ့မှ မြိုသိပ်ထားသမျှတွေအားလုံး
ပြောပြလို့ရကာ မျက်နှာအားငုံ့နိုင်သလောက်
ငုံ့ချရင်းပြောခဲ့သည်။
အဖွားသည် Jungkook အဖေ၏ အမေ...
အသက်၇၀ကျော်ပေမယ့် တုန်တုန်ချိချိ
အဖွားအိုတစ်ယောက်တော့မဟုတ်....
တချိန်က ယောက္ခမနဲ့ချွေးမ အားပြိုင်ပွဲများ
တွင် JeonJungMi အား လူပုံအလည်တွင်တောင်
ပါးရိုက်ခဲ့သောသူ...။
တစ်ဦးတည်းသောသားလေးဆုံးပါးသွား
သော်အခါ စိတ်ထိခိုက်လွန်း၍
မွေးရပ်မြေတွင်ပြန်နေထိုင်ရင်းနေ့တိုင်း
သားဖြစ်သူအားလွမ်းနေခဲ့သောသူ....။
သားရဲ့ကိုယ်ပွါး...သားနဲ့တပုံစံထဲသော
မြေးပေါက်လေး အား ချစ်လွန်းသော်လည်း
JeonJungMi က မတွေ့ဆုံနိုင်ရန်ထိန်းချူပ်ခဲ့ပြီး
မြေးလေးကိုပါ ပေါင်းလွမ်းနေခဲ့ရသော
အဖွားအိုပါ ....။
"ဒုက္ခပါပဲ...ဒါသေချာနေရင်တော့တကယ့်ပြသနာ
ပဲ SeokJin...."
"ကျတော်သိပါတယ်....ဒါပေမယ့်
ကြည့်ကောင်းလို့ ခဏ စိတ်ကစားတာမျိုး
လည်းဖြစ်နိုင်တာပဲ...ကလေးဆိုတော့လေ..."
"ကျတော်ဒီကိုခေါ်လာပီး စိတ်အပြောင်းအလဲ
ဖြစ်သွားလို့ မေ့သွားနိုင်မယ်ဆိုတဲ့
မျှော်လင့်ချက်နဲ့ပါJungkook က
အရမ်းအစွဲကြီးတယ် အဖွား...."
"အများကြီးတော့မပူပါနဲ့ ယောင်းငယ်လည်း
ရှိတာပဲ သူမေ့မေ့ပျောက်ပျောက်ရှိလောက်မှာပါ
အတင်းအကျပ်တော့ သူ့ခံစားချက်ကို
ပိတ်ပင်တာမျိုးမလုပ်နဲ့နော် သား...."
"ဟုတ်ကဲ့ အဖွား...."
"ငါ ကတော့ ငါ့မြေးတကယ်လိုချင်
တယ်ဆိုရင်...သေချာရင်
အဲ့မိန်းမနှစ်ယောက်လက်ထဲကဘာဖြစ်ဖြစ်
ရအောင်လုပေးမှာ....
အဲ့မိန်းမတွေ ငမ်းငမ်းတက်နေလို့ကို
ပိုယူချင်တာ....."
လူကြီးနှလုံးသားနဲ့ဖြောင်းဖျနေခဲ့သော်လည်း
သယ်ပိုးထားရသောနာကျည်းမှုတွေကြောင့်
အဖွားသည်ချစ်စရာကောင်းစွာထကျိန်းလိုက်
ပြန်သည်..။
SeokJin သည်စိတ်ညစ်မှုကြားကခိုးပြုံး
မိသည်။
လူကြီးတွေသည် တကယ်ဖြူစင်ပါသည်...။
"ကြာကြာနေ....ဒီတခေါက် ဟိုဟာမ
လာခေါ်လည်း ငါနဲ့တွေ့မယ်...
မြေးကို ငါ အရမ်းလွမ်းနေလို့ပါ...."
"နေမှာပါ...အဖွား....."
......................
"ယောင်း....."
ရေချိုးပီးချက်ချင်းပြန်ပြေးလာရကျ်ုးနပ်စွာ
ယုန်ပေါက်လေးကနိူးနေပီ....။
ရိုးရာမုန့်လေးတွေစားရန်တူလေးကိုင်ကာ
ရွေးနေတုန်းသူအခန်းထဲပြေးတက်သွား
လိုက်တော့ ဟိုတုန်း ဟိုတုန်းကအတိုင်းပဲ
နွေးထွေးမှုတွေပြည့်နှက်စွာဖြင့်အံ့ဩစွာ
ကြည့်ရင်း သူ့နာမည်ကိုခေါ်ခဲ့သည်။
မေမေတို့ပြောတော့ ယုန်လေးက ရူးသွားတယ်တဲ့။
ဘယ်မှာရူးသလဲ...အရာအားလုံးပုံမှန်ထက်တောင်
ကျော်လွန်နေတာကို...။
"Hi....ငါယောင်း ပါ..."
"သိတယ်လေ...လာ လာ...မုန့်စားမလို့
အတူတူစားကြမယ်..."
အပြေးအလွှားစားပွဲခုံပုလေးဆီပြေးထိုင်ရင်း
ကမ်းပေးသောတူလေးကိုယူလိုက်သည်။
ဖွယ်ဖွယ်ရာရာမုန့်ကလေးတွေကို
လိုက်ကြည့်ပီး ယုန်လေးကိုပြုံးပြလိုက်သည်။
"ခုနထဲက လာတာ အိပ်နေတယ်ဆိုလို့..."
"မအိပ်ပါဘူး...ပန်းချီဆွဲနေတာလက်စမသတ်သေးလို့"
ခပ်ပြုံးပြုံးပင်မုန့်စားရင်းပြန်ဖြေသူကြောင့်
ထယ်ယောင်းမျက်နှာသည်ချက်ချင်းမဲ့ကျသွား
သည်..။
"ဟုတ်လား...ငါက ငါက အိပ်နေတယ်မှတ်တာ..."
"ယောင်း...ကိုသတိရနေတာ...."
"ငါရောပဲ...ငါလည်းမင်းကိုနွေရာသီတိုင်း
မျှော်နေတာ...ယုန်ပေါက်လေး..."
"ငါလမ်းမလျှောက်နိုင်လို့မေမေကမလွှတ်လို့ပါ
ခုလည်း ငါမောနေတာ ကားအကြာကြီး
စီးခဲ့လို့ တကိုယ်လုံးနာနေတယ်
ပီးတော့ အရမ်းအေးတာပဲ...."
တောင်ကြိုတောင်ကြားထဲကရာသီဥတု
ကိုသူမေ့သွားခဲ့တာလား....။
ထယ်ယောင်း၏ယုံကြည်ချက်တွေသည်
တဖြည်းဖြည်းပျက်သုန်းလာခဲ့သည်။
မေမေပြောတာ အမှန်တရား ဖြစ်နေပီလား...။
"ဆေးသောက်ထားတယ်မလား
သက်သာလာမှာပါ...သက်သာရင်
ငါတို့အရင်လိုပဲ စက်ဘီးလျှောက်စီးကြမယ်
မင်းမောရင် ငါနင်းပါ့မယ်..."
"ဟိုဘက်က တောင်ကုန်းတွေဆီကိုပဲ
သွားမှာနော်...ငါ့ကိုလိပ်ပြာတွေလိုက်ဖမ်းပေး
ပီးရင် ပန်းတွေအများကြီးခူးပီး
ဖွားကို လက်ဆောင်ပေးမယ်...
ဖိနပ်ကိုသေချာစီးလာခဲ့...
မင်း ဖိနပ်ကြုံရာချွတ်ထားခဲ့တာကို
ငါမကြိုက်ဘူး..."
မှတ်ဥာဏ်တွေက ရာသီဥတုကိုသာ
မေ့သွားခဲ့တာ..ဆယ်ကျော်သက်ဘဝ
လေးတွေ၏အမှတ်တရတွေကိုတော့
သူတိတိကျကျမှတ်မိနေတာကြောင့်
ထယ်ယောင်းမျက်ရည်ဝဲလာသည်။
ဝမ်းသာလွန်း၍...တချိန်ထဲမှာစိတ်မကောင်း
လွန်း၍...။
"ဘာလို့မျက်ရည်တွေဝဲနေတာလဲ..
ရူးနေပြန်တာလား....မင်းအရင်လိုပဲ
နားလည်ရခက်တုန်း...."
မျက်ရည်တွေအားဆံပင်ကောက်ကောက်
လေးတွေကြားထဲအထိတိုးဝင်သုတ်ပေးကာ
မုန့်ကိုသာဆက်စားနေခဲ့သည်။
နှစ်တွေအကြာကြီးမှပြန်တွေ့ရသော
ငယ်သူငယ်ချင်းလေးအား
နူတ်ဆက်စကားတွေအများကြီးဆို
ချင်သော်လည်း ယုန်ပေါက်လေးသည်
စကားတွေအများကြီးမရပ်မနားအရင်လို
ပြော၍လက်ခံနိုင်မည့်ပုံမပေါ်ပါ...။
တမျိုးလေး...ဘယ်လိုပြောရမလဲ..
ကျတော်ပြောမပြတတ်ဘူး....
လိပ်ပြာငယ်က...ရူးတယ်လို့လည်းစွပ်စွဲ၍
မရသလို..မရူးပါဘူးလို့လည်း အာမခံ၍
မရ....။
..........
"ကို မြန်မြန် ပြန်လာခဲ့နော်..."
ဆရာဝန်အဖွဲ့၏ကားပေါ်တက်ခါနီးအချ်န်တွင်
နူတ်ဆက်၍မပီးသေးသော Dr ParkJimin
အား အားလုံးက စိတ်ရှည်စွာစောင့်ပေးနေကြသည်။
အားကျသောမျက်လုံးတွေဖြင့်ကြည့်ကာ
LeeHannaနေရာအားဝင်ပစ်လိုက်ချင်သော
စိတ်တွေသည်တဖွားဖွား.....MinYooongiမှလွဲ၍။
"ရောက်တဲ့နေရာတိုင်းမှာဖုန်းဆက်.."
"ဆက်မှာ..နေ့တိုင်းဆက်မယ် Hannaလည်း
ဂရုစိုက်...အလုပ်တွေလျှော့ပီးအနားယူအုန်း.."
"အင်း..."
"ကို လည်း ကျန်းမာရေးကိုဂရုစိုက်နော်..."
"ဟုတ်ကဲ့...ဒါဆို ကိုသွားတော့မယ်...
အိမ်မှာလည်းအဆင်ပြေအောင်နေအုန်း..."
ဟိုအကောင်လေးအိမ်ကထွက်ပြေးသွားတဲ့
အကြောင်းကိုတော့မပြောခဲ့တော့။
သိရင်သနားနေအုန်းမည်..။
Parkjimin က မာကြောမလိုနဲ့
သိပ်နူးညံ့တဲ့သူဖြစ်ကြောင်းသူမ အသိဆုံးမို့
နူတ်ဆိတ်သာနေလိုက်သည်။
ကားပေါ်အိတ်တအိတ်ဆွဲကာတက်သွား
သော ချစ်ရသူအားလက်ပြရင်းနူတ်ဆက်လိုက်သည်။
ကျမ ကိုယ်တိုင်လွှတ်လိုက်တာ...
သေသေချာချာနူတ်ဆက်ပြီး
လွှတ်လိုက်တာ....
အလှဆုံးဝတ်ပြီး ဆေးရုံတခုလုံးက
ဆရာဝန် သူနာပြုအားလုံးရှေ့
ပိုင်ကြောင်းဆိုင်ကြောင်းရင်ခွင်ထဲ
တိုးဝင်နူတ်ဆက်ပြခဲ့သေးတာ...
ကျမမသိခဲ့တာက...
ကျမမရိပ်မိခဲ့တာက ကျမလွှတ်လိုက်တဲ့
နေရာက JeonJungKook...ဆီကို.....
ကို ဦးတည်သွားနေတာ JeonJungKook
ရှိနေတဲ့အရပ်ဒေသကို....
ညှို့မှိုင်းနေတဲ့တောင်တန်းကြီးတွေ...
နေရောင်အလုံအလောက်မကျသော
အေးစိမ့်စိမ့်ရာသီဥတုလေး...
ကြည်လင်နေသောရေကန်ပေါင်းများစွာရယ်
ဘုရားကျောင်းတချို့နဲ့...
ကားလမ်းပင်သိပ်မပေါက်သော
မြေနီလမ်းလေးတွေအများအပြားဖြင့်
မျက်စိတဆုံးပန်းခင်းကြီးတွေနဲအတူ
သိပ်လှသော ပန်းချီကားချပ်လို
ရွာငယ်လေး....။
ကျတော်...ကမ္ဘာစပြိုခဲ့တာ....
အဲ့ဒီတောင်တန်းပြာတွေကြားမှာ....
Jimin 🤍