"တွေ့ပီ.....မပြေးနဲ့တော့...."
ပန်းခင်းကြီးကြား အဖြူရောင်ဝမ်းဆက်လေးနှင့်
Jimin သည် အဖြူရောင်နှင်းဆီပန်းပွင့်ကြီးကြီး
တွေအားပိုက်ထားရင်းသူ့ကိုလှမ်းကြည့်သည်...။
"ဘယ်တုန်းက ပြေးဖူးလို့လဲ....ဖြေးဖြေးလျှောက်လာ
ပါ ကောင်လေးရယ်...."
"မြင် ..မြင်နေရုံနဲ့တောင်စိတ်မချလို့...ပါ..."
"စားချင်လား....."
ထိုးပေးလာသောနှင်းဆီတွေ...။Jimin ၏
မျက်လုံးလေးတွေသည်တလက်လက်တောက်
နေလျှက်ရှိကာ လှလွန်းသောမျက်နှာလေးဆီသို့
လက်လှမ်းသွားမိသည်...။
"မစားချင်ဘူး...."
"ဘာလို့လဲ....မင်းပန်းတွေကိုသဘောကျတယ်
မလား လိပ်ပြာလေးရဲ့...."
"ပန်းတွေကစားစရာမှမဟုတ်တာ....
နမ်းရမဲ့အရာကို..နမ်းပါရစေ Jimin..."
မျက်စိတဆုံးပန်းခင်းကြီးအလည်တွင်
ဖူးကြွနေသောနူတ်ခမ်းတွေအားရူးရူးမူးမူး
သိမ်းပိုက်မိနေကာ ခံစားမှုသည်အနိမ့်အမြင့်
အတက်အကျကလည်းမှန်ကန်လွန်းလျှက်...။
အပြာရင့်ရောင်လိပ်ပြာလေးတွေပျံဝဲလာသည်..
လောကတခွင်သာယာအေးချမ်းနေလျှက်....
လေနုအေးအေးလေးဖြတ်တိုက်ခတ်သွားသည်..။
Jimin နူတ်ခမ်းတွေသည် နမ်းမိပီး
သေသွားရမယ်ဆိုရင်တောင်
ဘယ်ဘုရားဆင်းချွတ်ချွတ်မကျွတ်နိုင်ဘဲ
သံသရာတခွင် စွဲလမ်းရင်း
ထာဝရမကျွတ်မလွတ်ဖြစ်စေနိုင်သော
ရှားပါး ရတနာတမျိုး....။
မရပ်တန့်ချင်..မလှုပ်နိုးလိုက်ပါနဲ့...
ဘယ်သူ ဘယ်အရာ ဘယ်အခြေအနေကမှ
မလှုပ်နိုးလိုက်ပါနဲ့.....
သိို့သော်...အသိနဲ့သတိကပ်သွားသော
အချိန်တွင် ထိုနူတ်ခမ်းတွေကိုနူတ်ဆက်
လိုက်ရတော့သည်...။
ဖျက်ခနဲပွင့်လာသောမျက်လုံးတွေကို
ချက်ချင်းပြန်မှိတ်ကာ အနမ်းတွေများ
ဆက်ရလို ဆက်ရငြား အိပ်စက်ခြင်း
သို့ပြန်သွားမိသော်လည်း..Jimin ကမရှိတော့...။
"ဟဲ့.....နင်ယုန်တွေဝယ်ထားတာဆို...."
အိပ်ယာဘေးတွင်တံခါးအားပြင်းထန်စွာ
ဖွင့်ပြီးဝုန်းဒိုင်းကျဲဝင်လာသော
Hanna...သည်ခါးထောက်မတ်တပ်ရပ်နေကာ
ပြသနာတခုကို စ ဦးတည် နေသည်...။
"ဟုတ်တယ်..."
"အေး...အဲ့တာဆို နင့်အခန်းထဲထည့်ထားပီးမွေး
တခြားနေရာတွေလျှောက်မသွား
စေနဲ့ ယုန်တွေကဘယ်လောက်အာရုံနောက်
ရလဲနင်သိလား ငါ့ကိုတခုခုစိတ်ဒုက္ခပေး
ရင်တော့ ငါသတ်ပစ်မှာနော်...."
"ငါ့ယုန်တွေကိုသတ်ရင်
နင့်ကိုလည်းငါသတ်မှာပေါ့...."
"လူကဖြင့် ဒီလို လက်ညိုးလေးနဲ့ထိုးချ
လိုက်ရင်တောင် အသက်ထွက်သွား
မယ့် ကောင်ကများ...."
နှဖူးပေါ်လက်သည်းအရှည်တွေဖြင့်
ထိုးလာပီးလှောင်ပြောင်သော
LeeHannaလက်တွေအားရိုက်ချလိုက်သည်။
"ဒီနေ့ ကို အိမ်ကို လာမှာ ငါတို့မင်္ဂလာ
ဆောင်ပြီးရင် အိမ်သပ်သပ်ခွဲနေမဲ့
ကိစ္စလာဆွေးနွေးမလို့....
နင့်ယုန်တွေရော နင်ရော မျက်စိလာ
မနောက်နဲ့...JeonJungKook..
ငါပြောတာကြားလား...."
မိုးရွာတဲ့နေ့ထဲက ပျောက်သွားခဲ့သော
Jimin သည် ရှစ်ရက်မြောက်ခဲ့ပြီ။
အိမ်ကိုလည်းမလာခဲ့....။မိုးရေထဲ
ထွက်သွားသောကိစ္စနဲ့ပတ်သတ်ပီး
မေမေက လုံခြုံရေးပိုတင်းကျပ်လိုက်
တာကြောင့် အခန်းထဲကအခန်းပြင်တောင်
ထွက်ဖို့မလွယ်ကူပါ..။
အိမ်မက်ထဲမှာတွေ့နေရလို့ တင်းတိမ်နေပေမယ့်
အပြင်မှာက လန့်နိုးစရာမလိုဘူးလေ....။
သိပ်ရူးခဲ့ရသောHarryPotterဇာတ်လမ်းတွဲထဲက
ဖိနပ်ကိုထိလိုက်ရုံဖြင့်ရောက်ချင်သောနေရာ
အားတန်းရောက်သွားနိုင့်သည့် မှော်ပညာရှိရင်
သိပ်ကောင်းလိမ့်မည်...။
"နားမကြားသလို လုပ်နေလည်း...
နင်ကြားနေတာ ငါသိတယ်...."
အောက်နူတ်ခမ်းအားကိုက်ကာ
ပေစောင်စောင်ကြည့်နေသောJeonJungKook
ပုံစံသည် စတွေ့ထဲကယောကျ်ားလေးနဲ့
မိန်းကလေးဖြစ်ရက်နဲ့ မနာလိုရတာ
ဒီနေ့ဒီအချိန်အထိ...။
နေကောင်းသောနေ့မျိုးတွင်ခြံထဲဆင်းကာ
လိပ်ပြာလိုက်ဖမ်းသည်ဟုခေါင်းစဉ်တပ်
လျှက်ပြေးလွှားနေသော ပုံရိပ်လှလှတွေ....
လွမ်းလွမ်းဆွေးဆွေးတယောထိုးကာ
နစ်သီးလှသော အသံချိုချိုတွေနဲ့
စာသားတွေ လွှင့်ပျံလာသောအချိန်တွေ....
မြင်ရခဲပေမယ့် အားပါးတရရီမောလိုက်
သောအခါ တွေ့ရတတ်သည် ဖြူစင်ခြင်း
အမှတ်အသားတွေကို ဘယ်လိုမုန်းမိမှန်းမသိပါ...။
Hannaထွက်သွားသောအခါအိပ်ယာမှထပြီး
အခန်းထဲသို့ပြန်ရောက်နေသောယုန်ဖြူလေး
ငါးကောင်အားထိုင်ကြည့်နေမိသည်။
ခြေထောက်နားသို့ပွတ်သီးပွတ်သတ်လာ
လုပ်နေသောတကောင်အားကောက်ချီကာ
အိပ်ယာပေါ်တင်ပေးလိုက်တော့ တခြားကောင်
လေးတွေကပါတက်ချင်နေပုံရသည်။
ငါးကောင်လုံးအားအိပ်ယာပေါ်တင်ကာ
သူသဘောကျ၍မဆုံး။
"ယုန်လိုချင်ရင်Jimin ဆီကိုဟိုညကလို
ထွက်မသွားရဘူး...."
"အင်း..အင်းမသွားဘူး..."
"Jimin ကိုစကားမပြောရဘူး..."
"မပြောဘူး မပြောဘူး...."
"မသိသလိုနေရမယ်..."
"နေမယ် နေမယ်...."
SeokJin သည်ရုတ်တရက်ပျောက်သွား
တာကြောင့်ပူထူကာလိုက်ရှာခဲ့သော်လည်း
မတွေ့ခဲ့..အိမ်သို့တန်းတန်းမတ်မတ်ပြန်ရောက်
လာခဲ့သောသူအားမေးလိုက်တော့
Jimin ဆေးရုံကိုသွားကြောင်းပြောပြသည်။
နောက်ထပ်အကြောင်းကိစ္စတွေပါမကွယ်မဝှက်
ပြောပြတာကြောင့်သူလန့်ဖျန့်ကာJungkook
အားတော်တော်လေးဆူခဲ့မိသည်။
မျက်လုံးဝိုင်းကြီးတွေဖြင့်မျက်ရည်ဝဲနေရုံက
လွဲပြီးဘာမှတော့ပြန်မပြောခဲ့ပါ။
ParkJimin..က ဘာဖြစ်ချင်တာလဲဟု
အထပ်ထပ်ဒေါသထွက်ခဲ့ရင်းတစ်ယောက်ထဲ
ဒီကိစ္စကိုကိုင်တွယ်ရတော့မည်...။
Hannaသိလျှင် မိုးမီးလောင်ကာပြကျမည့်ကိန်း။
စိတ်ကောက်သွားသောJungkook သည်
သူ့အားမခေါ်တော့ ပြန်ချော့သည်အခါ
ယုန်တွေဝယ်ပေးမှ စိတ်ကျေနပ်ခဲ့သည်...။
အဆင်ပြေတယ်ဆိုရမည်...ယုန်ကလေးတွေ
ရောက်လာထဲက အာရုံတွေအားလုံး
ယုန်ကလေးတွေသာရှိကာတခြားဘာကိုမှ
စိတ်မဝင်စားတော့...။
........
"ကို့ကို အိမ်ကို လာဖို့ခေါ်ရတာလည်း
ခက်လိုက်တာ....အလုပ်တွေက
မပြတ်နိုင်ဘူး...."
သက်သက်မလာခြင်းပါ...။
လာရမှာဝန်လေးလွန်းကာ အဓိကက
Jungkook နဲ့ထပ်မတွေ့ချင်တော့။
တွေ့တိုင်းသူပြုမူခဲ့သောအပြုအမူတွေသည်
ပြန်တွေးတိုင်း အိမ်မက်ကောင်းတွေ
မဟုတ်ခဲ့....။
သိမ်းကျုံးဖက်ထားမိခဲ့သောအထိအတွေ့
တွေကိုပြန်စဉ်းစားမိတိုင်းဒါဟာမူးနေလို့ပါလို့မှ
Reason ပေးလို့မရခဲ့တာ....။
ပုံမှန်အသိနဲ့ ပုံမှန်စိတ်ဆန္ဒတွေလေ....။
ဘာကြောင့်လုပ်မိသလဲဆိုတာကိုလည်း
စဉ်းစားမရ...
JeonJungkook က ယောကျ်ားလေးလေ...။
"Sorry...ကို ခုတလောအိမ်တောင်မပြန်ရဘူး
ဆေးရုံမှာပဲ ....."
"ပင်ပန်းနေတာလား...ကို..."
"နည်းနည်း...."
"Hannaတို့လက်ထပ်ပီးရင်သိပ်ပင်ပန်းမခံ
တော့ဘဲ ဆေးခန်းလေးပဲဖွင့်ပီး
အေးဆေးနေပါလား.."
"အေးဆေးမနေချင်ပါဘူး...
ပြေးလွှားပဲဆေးကုနေချင်တာ....
Hannaက ကိုပင်ပန်းနေတဲ့ပုံစံကိုသဘောမကျဘူးလား"
ဆံပင်ဝါဝါလေးတွေအားခပ်ဖွဖွထိရင်း
မေးတော့ မျက်နှာတခုလုံးကိုစေ့စေ့စပ်စပ်
ကြည့်ရင်း
"အင်းသဘောမကျဘူး...
ကို့ ကို Hannaက အမြဲအဆင်ပြေနေတာပဲမြင်ချင်တာ.."
"ကို ခု ပြေပါတယ်..."
ရင်ခွင်ထဲတိုးဝင်လာသူသည် သူ့မိန်းမဖြစ်
လာမဲ့မိန်းကလေး...။ရှစ်ရက်လောက်အထိ
သူ့ဒုက္ခနဲ့သူရှောင်တိမ်းနေရင်း
ပြန်လာတွေ့တော့လည်း အပြစ်တခွန်းမဟဘဲ
နားလည်ပေးတာလား ဒါမှမဟုတ်
ယောကျ်ားတယောက်အနားမှာရှိခြင်းမရှိခြင်း
ကိုသိပ်ဂရုစိုက်ပုံမရတာလားတော့မခန့်မှန်းနိုင်။
အလိုက်သင့်လေးပြန်ပွေ့ဖက်ပေးထား
မိခဲ့သည်..။
မိန်းမလှလေးရင်ခွင်ထဲရောက်နေတာကြောင့်
ကျဉ်းကျဉ်းကျပ်ကျပ်တော့မဖြစ်နေ..
ယောကျ်ားပေမို့ မထိရဲမကိုင်ရဲစတိုင်လည်းသူက
မဟုတ်...။Hannaကသူ့ချစ်သူလေ..။
ဒါအမှန်ပဲParkJimin...မင်းပေါက်ကရတွေ
ထပ်မလုပ်တော့ဘဲမင်းဖက်ထားရမှာ
Hanna အပြင်မရှိဘူး....မဟုတ်တာတွေဘဲ
တနေကုန်မတွေးနေဘဲ Hannaကိုသာ
100%နူန်းအာရုံထားကြရအောင်.....
ပီးခဲ့တာတွေထားလိုက်တော့...
ထားလိုက်တော့နော်....။
Jimin နဲ့ Hanna စကားပြောနေတာထက်ပိုသော
အပြုအမူကြောင့် အားလုံးကအလိုက်သတိ
ရှောင်ထွက်ပေးခဲ့ကြသည်။
ဘယ်မှာမှလည်းပုန်းလျှိုးကွက်လျှိုးတွေ့နေ
တာမျိုး သူတို့နှစ်ယောက်လုံးတွင်မရှိခဲ့။
"လွမ်းနေတာ ကို့ကို...."
"အတူတူပါပဲ...မလွမ်းရတော့အောင်မြန်မြန်
လက်ထပ်ရအောင်..."
"တော်တော်ဖြစ်နေ...."
ရင်ခွင်ထဲမှရှက်ပြုံးလေးပြုံးကာ
မျက်နှာလေးရဲသွားသောHannaကို
စိုက်ကြည့်နေတော့ မျက်နှာလွှဲသွားသော
သူမ...။သူ့ရဲ့အကြည့်တွေသည်
Hannaလိုမိန်းကလေးမျိုး ပြိုင်မကြည့်ရဲ
သည်အထိ ဘယ်လောက်စူးရဲနေမလဲဆိုတာ
တွေ့ကြည့်၍ပင်မရနိုင်...။
"အိမ်ထဲမှာနော်...ဘယ်လိုတွေကြည့်နေတာလဲ..."
"လှလို့...."
သူ့ရဲ့ မျက်လုံးတွေသည် ပန်းနုရောင်
နူတ်ခမ်းနီဖျော့ဖျော့လေးဆိုးထားသော
Hannaနူတ်ခမ်းပါးတွေဆီသို့ရောက်လာတော့
Hannaကလည်း သူ့နူတ်ခမ်းထူထူတွေ
အားပြန်ကြည့်နေသည်..။
ParkJimin နမ်းရမယ့်အချိန်...။
ရင်ခွင်ထဲလည်းရောက်နေပြီ..
ငြင်းဆိုမဲ့အရိပ်အယောင်တွေလည်း
မရှိဘူး...။ဘာမှမစဉ်းစားနဲ့တော့...။
တဖြည်းဖြည်းနီးကပ်လာသော
အကွာအဝေးတခုသည်သေချာပေါက်
သူတို့နှစ်ယောက်လုံး၏ပထမဆုံး
အနမ်းအားဖန်တီးခွင့်ရတော့မည်...။
မသိစိတ်သည် ဘယ်လောက်တောင်
မုန်းစရာကောင်းမှန်း အဲ့ဒီနေ့က
လက်ခံလိုက်ရသည်..။သူ့စိတ်၏
ဆွဲခေါ်ရာသည် Hannaနူတ်ခမ်းတွေဆီ
သို့မဟုတ်ဘဲ ဘေးဘီသို့လှမ်းကြည့်မိလိုက်သည်။
မကြည့်လိုက်ရမှာ..မကြည့်ဘဲ
နမ်းမိလိုက်ရင်ဇာတ်သိမ်းခဲ့မှာပဲ....။
လှေကားရင်းတွင်ယုန်လေးတကောင်အား
ပွေ့ချီကာမတ်တပ်ရပ်ကြည့်နေသောကောင်လေး...။
လူတစ်ယောက်လုံးမတ်တပ်ရပ်ကြည့်နေသော
အချ်ိန် နမ်းလိုက်ရအောင်လည်း
သူရောHannaရော သတ္တိမရှိတာကြောင့်
ဘာလုပ်ရမှန်းမသိဖြစ်သွားကာသူကအရင်
ဖယ်ခွါလိုက်သည်။
အလောတကြီးဖယ်ခွါလိုက်ခြင်းပါ..။
လက်ထဲကယုန်လေးအားကြမ်းပြင်ပေါ်
သို့လွှတ်ပေးလိုက်ပြီးထွက်သွားသောသူ
သည် ခံစားချက်မဲ့သောမျက်လုံးတွေနှင့်...။
"ဟို...."
"ကို ရှက်နေတာပဲ....လူမိသွားလို့...."
ရှက်နေတာမဟုတ်ပါ....ကြည့်သွားသော
မျက်လုံးတွေ၏အဓိပ္ပာယ်သည်
ကျောပြင်တခုလုံးစိမ့်တတ်သွားသည်အထိ
အေးစက်နေသောကြောင့်သူကြောက်နေတာ
ဖြစ်သည်...။
နွားနို့သောက်ဖို့ဆင်းလာခဲ့သည်...
ထမင်းစားခန်းထဲတွင်နွားနို့ပူပူသည်
အဆင်သင့်။ယုန်ကလေးတွေအားအစာ
ကျွေးရန်မုန်လာဥလေးတွေပါအဒေါ်ကြီးက
စီစဉ်ပေးထားသည်။
တကိုယ်လုံးလည်းမွှေးပျံ့နေကာ
ခြေထောက်နားတွင်ယုန်ပေါက်ကလေး
ငါးကောင်က တဝဲဝဲ...။
ဒီလောက်ပြီးပြည့်စုံတဲ့အခြေအနေတခု
မှာ လက်တွေတုန်ရီလာသည်အထိ
ဒေါသတွေထွက်နေခဲ့သည်...။
ထမင်းစားခန်းထဲတွင် ကမ္ဘာပျက်နေသော
သူ့အားဘယ်သူကမှသတိမထားမိခဲ့။
နွားနို့ခွက်အား ကိုင်လိုက်တော့မလိုလို...
မုန်လာဥတွေအားကိုင်တော့မလိုလို
သူကိုယ်တိုင်ဘာလုပ်ရမှန်းမသိ။
ဘာဖြစ်နေတာလဲဟု ကိုယ့်ကိုကိုယ်
ပြန်မေးနေမိပေမယ့်
မဖြေနိုင်ဘဲ...ကယောင်ခြောက်ခြား
ဖြင့် လိပ်ပြာငယ်သည်....
နွားနို့ခွက်အားဆက်ခနဲယူလိုက်သည်...။
အငွေ့တထောင်းထောင်းဖြင့်နွားနို့ခွက်၏
အပူရှိန်သည် လက်တွေဆီသို့စီးဆင်းသွား
ကာ ပူလွန်းတာကြောင့်ချက်ချင်းလွှတ်ချ
လိုက်သည်..။
ခွမ်းခနဲကျကွဲသံနှင့်အတူ စင်လာသော
နွားနို့ပူပူသည်ခြေထောက်တခွင်
ချက်ချင်းနီရဲသွားကာ
သူပိုစိတ်တိုလာတော့သည်...။
"ငါ့ကိုဘာလို့ပူအောင်လုပ်ရတာလဲ....
ငါ့အိမ်မက်တွေကို ဘာလို့စော်ကားရတာလဲ
အိမ်မက်ထဲမှာ ငါနဲ့နမ်းနေတာမဟုတ်ဘူး
လား...ဟမ်...."
ကြမ်းပြင်ကဖန်ကွဲစအပိုင်းအစတွေနဲ့
နွားနို့တွေအားလက်ညိုးငေါက်ငေါက်
ထိုးကာပြောနေသောJungKookသည်
စိတ်နဲ့ကိုယ် ကြားထိန်းချူပ်မှုကြိုး
တွေသည်ပြတ်တောက်လာခဲ့သည်။
ကျကွဲသံကြောင့်ပြေးဝင်လာကြသော
လူအများကြားJimin လည်းအပါအဝင်..။
ငုတ်တုတ်ထိုင်ကာ ကြမ်းပြင်အား
စကားပြောနေသော JungKookဆီ
ပြေးသွားလို့မရခဲ့..။Hannaသည်
လက်အားတင်းကျပ်စွာဆုပ်ကိုင်ထားသည်။
"Kookie....ကလေးလေး....
အရမ်းပူသွားလား...Hyung ကို
ပြပါအုန်း....ဘယ်သူကဒီလောက်ပူနေတာ
ကိုစားပွဲပေါ်လာတင်ထားရတာလဲ
ခင်ဗျားတို့ကဘယ်လောက်ပြောပြော
နားမလည်ကြဘူး...."
SeokJin သည်JungKookဘောင်းဘီ
ရှည်တွေအားခေါက်တင်ကာ
ချီခေါ်ရန်ပြင်လိုက်ချိန် တွန်းထုတ်လာသော
လက်တွေ....။
"စကားပြောနေတာမပီးသေးဘူး
ဘာလို့ အတင်းလာခေါ်နေတာလဲ...!!!!"
"Kookie...ထိခိုက်သွားတယ်လေ မပူဘူးလား..."
"ဘာKookie လဲ JeonJungkook..!!!!
JeonJungkook လို့ခေါ်...."
"အင်း...အင်း..ဟုတ်ပီ...ခြေထောက်က
အရမ်းများတော့ ခုတော့အခန်းထဲ
သွားဆေးထည့်မယ်နော်...."
"ငါ့ကို မထိနဲ့လို့ ပြောနေတယ်နော်...!!!!
ငါစကားပြောရမယ်....!!!!"
ဆရာဝန်မို့အပူလောင်သောဒဏ်ရာ၏
နာကျင်မှုသည်ကြာလာလေလေပိုဆိုးလာ
နိုင်တာကိုသူနားလည်တာမို့ လူနာပဲဆိုသော
စိတ်ကိုထားကာ Hannaလက်တွေအား
လွှတ်ချလိုက်ပြီး Jungkook ဆီသို့
သွားလိုက်သည်။SeokJin Hyung ကိုင်တွယ်
ပုံနှင့် ဘယ်တော့မှအောင်မြင်မှာမဟုတ်..။
နီရဲနေသောခြေထောက်အားတချက်ကြည့်
လိုက်ပြီးထိုကောင်လေးရှေ့ထိုင်ချလိုက်တော့
ဆံပင်အုပ်အုပ်တွေဖုံးလုနီးပါးမျက်လုံးစူးစူး
တွေဖြင့်ကြည့်လာသည်။
" လမ်းလျှောက်ချင်တယ်မလား ဆေးထည့်ရမယ်
မင်းဒီနေရာက မရွေ့ချင်ရင်
ငါဒီမှာထည့်ပေးမယ်..ငြိမ်ငြိမ်လေးတော့
နေပေး...နွားနို့တွေ ဖန်ကွဲစတွေကို
စကားပြောလို့မရဘူး သူတို့ကသက်မဲ့တွေ
မင်းကသက်ရှိ...လူအများကြီးဝိုင်းကြည့်နေတယ်
လေ...Jungkook ကလူကောင်းဆို..."
"........."
Jimin သည် ခြေထောက်အားဆွဲယူကာ
အပြေးအလွှားလာပေးကြသောဆေးဗူး
တွေအားတချက်စစ်ပြီးအသင့်တော်ဆုံး
ဖြစ်မယ့်ဆေးအားယူလိုက်ရင်း ခြေချောင်း
တွေအားစထိခဲ့သည်...။
မမျှော်လင့်သောတုန့်ပြန်မှုသည်
တကိုယ်လုံးပြင်းပြင်းထန်ထန်အတွန်းခံလိုက်ရခြင်း။
"နင်ဘာလုပ်တာလဲJeonJungkook...!!!"
Jimin သည်ရုတ်တရက်ဆန်မှုတွင်ကြမ်းပြင်
ပေါ်သို့လဲကျသွားတာကြောင့်Hannaသည်
JungKook ဆီသို့ပြေးဝင်လာခဲ့သည်...။
Jungkook အားကာကွယ်ထားသူက
SeokJin...။
သိမ်းဖက်ထားကာ
Hannaရဲ့ အထုအရိုက်တွေအား
ခါးစီးနေသောSeokJin ၏
ရင်ခွင်ထဲကကောင်လေးသည်
သူ့အား အေးစက်စက်ပင်ကြည့်နေဆဲ..။
ဖန်ကွဲစတခုအား ကောက်ယူကာ
လည်ပင်းဆီသို့ လှီးချလိုက်သည့်ပုံစံအား
လုပ်ပြခဲ့သည်....။
SeokJin သည်မရမကကောက်ချီကာ
ပြေးထွက်သွားတော့ ဒေါသတွေနဲ့
Hannaရယ်...ကြမ်းပြင်ပေါ်ကသူရယ်
"တောင်းပန်ပါတယ်...ကို...
အဲ့ကောင်လေးက အဲ့လိုပဲအရိုင်းအစိုင်းလေး
ဘယ်နားနာသွားသေးလဲ..."
"ရတယ် ဘာမှမဖြစ်ပါဘူး...
စိတ်လျှော့ပါ...ကို ဘာမှမဖြစ်ပါဘူး..."
Hannaသည်သူ့အားဆွဲထူကာတဖွဖွ
မေးနေခဲ့သော်လည်းအလွန်ကိုဒေါသ
ထွက်နေမှန်းသိသာလှပါသည်။
ထပ်ပီးပြသနာကြီးမည်စိုးတာကြောင့်
Hannaအားချော့ခေါ်လာကာတနေရာရာ
သို့သွားရန်စီစဉ်လိုက်သည်...။
"သူ့ကိုသည်းမခံနိုင်တာအဲ့တာတွေ....
Hannaကိုတောင်မကတော့ဘူး
ကို့ကိုပါ ကိုယ်ထိလက်ရောက်...."
"သူက ကျန်းမာရေးမှမကောင်းတာ
Hannaရယ်...ကိုယ်တို့ကသည်းခံရမှာပေါ့.."
"အတိုင်းအတာရှိတယ်ကို
သူအများကြီးသက်သာနေပြီ
သူကောင်းချင်ရင် ကောင်းနေတာပဲ
မကောင်းဘူးဆိုလည်းအခန်းထဲတံခါးပိတ်နေလေ.."
"စိတ်ရောဂါသည်တွေက တံခါးပိတ်နေ
ရင်ပိုဆိုးတယ် Hanna...
သူဒီလိုလူကြားထဲသွားလာလှုပ်ရှားနေတာ
ကို ကိုတို့က ဝမ်းသာရမှာ...."
"ကို က Jungkook ဘက်ကလား...."
"ကိုက ဆရာဝန်လေ ဆေးပညာအရပြောပြတာ
အတွေးတွေမတိမ်ပါနဲ့ကွာ..."
"ကို....!!"
"အဲ့ကောင်လေးက ယောကျ်ားလေးတွေကိုပဲ
ကြိုက်တာ...အထက်တန်းတုန်းက
သူ့ကြောင့်ကျောင်းထွက်သွားရတဲ့
ကျောင်းသားတောင်ရှိခဲ့တယ်...."
"မင်းပြောချင်တာက ဘယ်သဘောအထိ
သက်ရောက်သွားသလဲမင်းသိလား
သူယောကျ်ားလေးကြိုက်ကြိုက်
မိန်းကလေးကြိုက်ကြိုက်
ဒါကိုနဲ့မဆိုင်ဘူး မင်းပြောချင်ရင်
မင်းအကြောင်းကိုပဲပြော
Jungkook ကိုယ်ရေးကိုယ်တာ
တွေကိုလာမပြောနဲ့...."
"စိတ်မချလို့....ကို Hannaစိတ်မချလို့....
ဒီလိုပြောလို့အမှားပါဆိုလည်းရတယ်
ဆက်မှားပီးပြောမှာပဲ ကို့ကိုချစ်လို့..."
"Jungkook က မင်းရဲ့မောင်နော်...
ကို့ရဲ့ ယောက်ဖဖြစ်လာမှာ Hanna
အတွေ့အကြုံအများကြီးရင့်ကျက်မှု
တွေအများကြီးရှိရက်နဲ့ ကလေးဆန်နေရတာလဲ"
Hanna၏သူလုံးဝမမျှော်လင့်ထားသော
မျက်နှာဖုံးတွေဖြစ်သည်...
သူ့အကျီတွေအားဆွဲဆောင့်ကာအော်ဟစ်
ပေါက်ကွဲမည့်မိန်းကလေးဟုသူလုံးဝမထင်ထား။
ပိုဆိုးတာက Hannaလိုမိန်းကလေးမျိုးက
သူ့ကို အလွယ်တကူပဲ စိတ်မချလို့ ဆိုသော
စကားဖြင့် သိက္ခာတရားကို စိန်ခေါ်လိုက်သေးသည်။
"ကို...မင်းကို လက်ထပ်မှာ Hanna...
မင်းခေါင်းထဲက မဟုတ်တာတွေထုတ်ပစ်ပါ
ဒီစကားမျိုးတွေကို ကိုက လွဲပီး
တခြားဘယ်သူမှမကြားစေပါနဲ့.....
Jungkook နဲ့မင်း ဘာကိစ္စတွေရှိခဲ့လို့
အဆင်မပြေခဲ့သလဲဆိုတာ ကိုမသိဘူး
ကိုသိဖို့လည်း မလိုဘူး
သူနဲ့ကို့ကိုတော့ မင်းလုံးဝကိုမပြောသင့်တာ
အမှန်ပဲ"
စိတ်တွေလောလာလျှင် ရှေ့နောက်မကြည့်
ပြောချင်ရာပြောတတ်မှုကြီးသည်
ပထမဆုံး ကို့ရဲ့ ငြိုငြင်မှုကိုစရခဲ့သည်။
ကို့ဘက်ကကြည့်ရင် တကယ်စိတ်တိုစရာ
ဖြစ်ခဲ့မှာအသေအချာ..။
JeonJungkook ကသာလက်ကို ကိုင်ခဲ့တာ
ကိုက ရှောင်ခဲ့တာပဲ....
သူ ကို့ ကို ဘာပြောစရာဘာလိုလို့လဲ...။
သူပြောရမှာ ဟိုကောင်လေးကိုသာ...။
"တောင်းပန်ပါတယ် Hanna ထူပူနေလို့..."
"နောက်မဖြစ်စေနဲ့...."
ခေါင်းညိတ်ပြသောသူမ၏လက်တွေအား
ဆုပ်ကိုင်ထားပေးလိုက်သည်။
ဒါအမှန်တရားပဲ...။
ဒီလိုပြတ်ပြတ်သားသားစကားတွေပြော
လိုက်ရတာ သူမှန်သည်..။
စကားထဲကအတိုင်းပဲရှေ့ဆက်သွားရ
မည်ကသေချာပါသည်...။
သူယောကျ်ားတစ်ယောက်ဖြစ်နေခြင်းကြောင့်။
ပညာတတ်ဆရာဝန်တစ်ယောက်ဖြစ်နေခြင်း
ကြောင့်..။
ကိုယ့်ကိုကိုယ့်ပြဥာန်းချက်တွေတခုပီး
တခုပေးရင်း Dr ParkJimin သည်
တယောက်ထဲထောက်ခံနေခဲ့သည်...။
ထောက်ခံချက်တွေအားလုံးပီးသွားတဲ့
အခါ အရိုက်အပုတ်တွေကြားထဲက
ဖန်ကွဲစတခုနှင့် နီနီရဲရဲမျက်လုံးတွေသည်
လှောင်ပြောင်ကာအတင်းတိုးဝင်လာတော့သည်။
Hannaကိုသာဖက်ထားလိုက်ရင်းမျက်လုံး
စုံမှိတ်ထားလိုက်သည်..။
မမြင်ပါရစေနဲ့တော့...
ငါ့ကိုနောက်တစ်ခါထပ်မကြည့်ပါနဲ့တော့..
ငါမင်းကိုဘာအမှားမျိုးကျူးလွန်မိလို့လဲ
ကောင်လေးရယ်.......။
ဒဏ်ရာကြီးခဲ့သော်လည်းသူပထမဆုံး
ဆေးမကုပေးခဲ့ရသောလူနာလေး...။
သူအားအင်အားတကြီးတွန်းလွှတ်ခဲ့သော
လူနာလေး..။
နာနာကျင်ကျင်ဆက်ဆံခဲ့သောလူနာငယ်လေး..။
စိတ်၏တဖက်အခြမ်းတွင်တော့ချက်ချင်း
အိမ်ပေါ်ပြေးတက်ကာ မေးပစ်လိုက်ချင်မိသည်။
ကျစ်ကျစ်ပါအောင်ဖက်ထားဖူးရက်နဲ့
ဘာလို့ ရန်သူကြီးလိုတွန်းလွှတ်ပစ်လိုက်ရသလဲ
ဆိုတဲ့အကြောင်းကို....
အသိနှင့်မသိစိတ်ကြား ပညာပါရမီပါသူ
ဆရာဝန်လေးသည် ဥာဏ်သိပ်ကောင်း
ပါသော ဆရာဝန်လေးသည်
ထိုနေ့ကထွက်ပေါက်မဲ့ခဲ့ရသည်....။
ပညာဘယ်လောက်တတ်တတ်
ဘယ်လောက်ထက်မြက်ပါစေအုန်း..
လိပ်ပြာငယ်၏ ပုစ္ဆာတွေအား
ညီမျှခြင်းပင် သူမချတတ်ခဲ့ပါ....။
...........
"Jungkook အဖွားအိမ်သွားချင်တယ် JinHyung.."
ရေးရတာဒီတခုကတော်တော်ကိုခက်လို့
ကိုယ့်ဟာကိုယ်တိုင်ပတ်နေလို့
လိုအပ်သွားတာမျိုးရှိရင် အရမ်းအားနာပါတယ်🤍