စေ့စပ်ပွဲအတွက် အဝတ်အစားဒီဇိုင်းရွေးရန်
Hannaကသူမအိမ်ကိုချိန်းလိုက်တာကြောင့်
ချိန်းထားသောအချိန်ထက်စောစော
ရောက်လာပြီးဧည့်ခန်းထဲတွင်ထိုင်စောင့်နေလိုက်
သည်။
"ခဏလေးစောင့်နေပါ မမလေးပြင်ဆင်တာ
ပီးတော့မှာပါ ဒေါက်တာ...."
"ရပါတယ် ကျတော်က စောလာလိုက်တာပါ
ဘာမှမဖြစ်ဘူး အေးအေးဆေးဆေးသာ
လုပ်ခိုင်းပါ..."
"ဟုတ်ကဲ့...."
အလုပ်သမားကောင်မလေးသည်
ကော်ဖီတခွက်လာချပေးရင်း
ရိုရိုကျိုးကျိုးပြောသည်။
မွှေးပျံ့လာသောCoffee နံ့ကြောင့်
စိတ်ကျေနပ်စွာ ရှိသည်.....။
သူCoffeeသိပ်ကြိုက်ပါသည်....
ဆရာဝန်တယောက်အနေနဲ့ တန်ဆေးလွန်ဘေး
ဆိုတာကိုနားလည်ပေမယ့်လည်း
ကော်ဖီမသောက်ရလျှင်ကိုမနေနိုင်စွာ
သွေးသားထဲက အထိစွဲစွဲလန်းလန်းရှိလှပါသည်။
သူကြိုက်မှန်းသိ၍မွှေးပျံ့လွန်းသော
အကောင်းစားCoffeeအားHannaပြင်ဆင်
ပေးခိုင်းလိုက်မှန်းလည်းသိပါသည်။
ဒီလိုမျိုး အလေးပေး သိတတ်ခြင်းကို
သဘောကျ၍မဆုံး.....။
နက်ပြာရောင်Shirtအကျီအား
ဘောင်းဘီအနက်ဖြင့်တွဲဝတ်ထားကာ
အပြင်ရောက်လျှင်တပ်ရန်နေကာမျက်မှန်
အနက်ရောင်အားရင်ဘက်နားတွင်ချိတ်ထား
လိုက်သည်။ Dutyဘာညာမရှိ၍စိန်နားကပ်
တောက်တောက်လေးအားနားတဖက်တွင်
ဝတ်ထားကာ တဖျက်ဖျက်လဲ့နေလျက်....။
စွတ်နေကျ အမွှေးနံ့သင်းသင်းရေမွှေးအား
ပိုပိုသာသာလေးဖြန်းလာကာ
စိတ်ရောကိုယ်ပါ လန်းဆန်းနေလျက်ရှိပါသည်။
အားနေသောအချိန်မျိုးတွင်ဖုန်းသုံးနေရတာ
လည်းသိပ်သဘောမကျတာကြောင့်
စားပွဲပေါ်တွင်ရှိနေသောစာအုပ်တစ်အုပ်အား
ယူကာ တခုခုဖတ်နေရန်စဉ်းစားလိုက်သည်။
ဆွဲယူလိုက်သောစာအုပ်သည်ပုံဆွဲစာအုပ်
တအုပ်ဖြစ်ပီး လက်ရာမြောက်သော
လိပ်ပြာပုံတွေစာမျက်နှာပေါ်တွင်အပြည့်...။
လှလိုက်တာ.....။
ပန်းချီကိုသိပ်စိတ်မဝင်စားပေမယ့်
ခုချိန်မှာအပျင်းပြေစေနိုင်တာကြောင့်
တစ်ရွက်ချင်းလှန်ကြည့်မိသည်။
အသေးစိတ်ဆွဲထားသောလိပ်ပြာတွေရဲ့
အစိတ်အပိုင်းတွေ.....
အရောင်စပ်ထားတာတိကျလှသော
အတောင်ပံလှလှလေးတွေ...။
မထူမပါးစာအုပ်လေးအားတပုံချင်း
သေသေချာချာကြည့်နေမိသည်။
ဒီအိမ်မှာပန်းချီပိုင်းလည်းရတဲ့သူရှိသေးတာလား။
Hannaဆွဲတာများလား....။
စာမျက်နှာတခုအရောက်ပန်းရုံတခုတွင်
ပန်းဝတ်ရည်စုပ်ရန်ပြင်ဆင်နေသော
အဝါရောင်တောင်တောက်လိပ်ပြာလေးနှင့်
အပြာရောင်ရင့်ရင့်လိပ်ပြာလေးနှစ်ကောင်ပုံသည်
အလွန်လှလွန်းတာကြောင့်လက်တွေဖြင့်
ထိကြည့်မိသည်အထိ.....။
အဝါရောင်လိပ်ပြာလေးအားလက်ဖြင့်
ခပ်ဖွဖွထိလိုက်ကာ
"တော်တော်လေးလှတာပဲ....."
ခပ်တိုးတိုးရေရွတ်ရင်းသဘောကျစွာ
ကြည့်နေတုန်း စာရွက်ပေါ်သို့ရောက်လာသော
ရှည်ရှည်သွယ်သွယ်လက်ညိုးလေး
တချောင်း...
"Jungkookက တော့ ဒါကိုပိုသဘောကျတယ်...."
"အမယ်လေး.....!!!!"
ရုတ်တရက်တစ်ယောက်ထဲရှိနေချိန်ဘယ်အချိန်
ဘယ်လိုရောက်နေမှန်းမသိသောအသံပိုင်ရှင်
ကြောင့်စာအုပ်သည်လည်း
ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားသည်။
ချက်ချင်းဆိုသလိုမော့ကြည့်လိုက်တော့
ပြုံးပြနေသောကောင်လေးတစ်ယောက်....။
ရင်းရင်းနှီးနှီးရှိနေသောပုံစံအတိုင်းလက်ကလေး
နှစ်ဖက်နောက်ပစ်ကာ သူ့အားပြုံးပြုံးလေး
ကြည့်နေသည်။
ဘယ်သူလဲ....သူက....။
နှာဖူးပေါ်တတန်းထဲညီညီညာညာကျနေသော
ဆံပင်လုံးလုံးလေးနှင့် သမင်လေးလို
မျက်လုံးဝိုင်းဝိုင်းလေးတွေကကြိုဆိုနေသည်။
ဖြူဖွေးနုဖတ်နေကာ အနက်ရောင်ဝမ်းဆက်
ဝတ်ထားခြင်းကြောင့်ပို၍သိသာနေပါသည်။
ခြေဆုံးခေါင်းဆုံးသူပြူးပြူးပြဲပြဲကြည့်
မိတော့သူ့ကိုလည်း အပြိုင်ပြန်ကြည့်လာသောသူ..။
"မင်း ဘယ်သူလဲ....."
"Jungkookပါ....."
ခေါင်းလေးငုံ့ကာနူတ်ဆက်တာကြောင့်
သူလည်းယောင်ယမ်းကာပြန်ခေါင်းငုံ့လိုက်
သည်။
ရုတ်တရက်လေသင့်ရာတွင်
အနံ့မွှေးမွှေးလေးသည်နှာခေါင်းထဲတိုးဝင်
လာတာကြောင့်Jungkookအာရုံတွေသည်
ထိုမွှေးပျံ့မှုနောက်လိုက်ချင်လာသည်။
ဘယ်နေရာကအမွှေးနံ့ထုတ်နေသလဲဆိုတာ
ပိုသိချင်လာကြောင့်သင်းပျံ့သောအနံ့ရှိရာ
သို့တဖြည်းဖြည်းတိုးကပ်သွားမိသည်။
ခုံပေါ်တွင်ထိုင်နေသောအံ့ဩသင့်နေသည့်
သူ့ဆီသို့ နှာခေါင်းလေးရှုံ့ကာ
တိုးကပ်လာသော ကောင်လေးသည်
အစာရှာနေသောယုန်ကလေးလို....။
ထပြေးရမလား...ထအော်ရမလား
မဝေခွဲနိုင်ခဲ့....။မျက်လုံးထဲတွင်
ဖြူလွှလွှပုံရိပ်လေးသည် သေချာပေါက်ကို
ထိုနေ့မနက်က အထူးအဆန်းရယ်ပါ...။
ရင်ဘက်နားအထိတိုးကပ်လာတာကြောင့်
သူခပ်ဖွဖွလေးတွန်းမိသည်။
ဆရာဝန်တစ်ယောက်မို့ အားနည်းနေသည့်
လူတစ်ယောက်ဆိုတာခန့်မှန်းမိတာကြောင့်
ကြမ်းကြမ်းတမ်းတမ်းတော့မတုံ့ပြန်ခဲ့ပါ။
"ကောင်လေး...မင်းငါ့ကိုသိလို့လား..."
မျက်လုံးလေးမှိတ်ကာခံစားနေသူသည်
အာရုံတို့ပြန်ကပ်သွားသလားမသိ။
သူ့ကိုပြူးကြည့်လာသည်။
"ပန်းပွင့်လေးမှတ်လို့...အရမ်းမွှေးနေလို့လေ..."
Jimin သည်အခြေအနေအားရိပ်စား
မိလိုက်သည်။စိတ်အခြေအနေပုံမှန်မဟုတ်သော
လက္ခဏာတွေသည် ယောက်ယက်ခတ်နေသော
မျက်လုံးတွေထဲပေါ်နေတာကြောင့်
တခုခုပြောပြရန်ပြင်လိုက်ချိန်
"Jungkook...!!!ဘာလုပ်နေတာလဲအဲ့မှာ..."
တုန်တက်သွားသောခန္ဓာကိုယ်လေးနှင့်
အတူချက်ချင်းနောက်သို့ဆုတ်သွားသော
ခြေလှမ်းလေးတွေ..။မျက်နှာလေးတခုလုံး
သည်အကြောက်တရားပေါင်းစုံဖြင့်
မဲ့ကျသွားကာ ချက်ချင်းလှည့်ပြေးသွား
တော့သည်။ပြေးသွားမှခြေဖဝါးကဒဏ်ရာ
ဒဏ်ချက်တွေအားမြင်လိုက်ရတော့
ဖြည်းဖြည်းသွားရန်သတိပေးချင်သော်လည်း
မမှီတော့ပါ....။
"Sorry....Hannaပြင်ဆင်တာကြာသွား
တယ် ...."
"ရပါတယ်...သွားကြမလား..."
"အင်း..အင်း သွားမယ်လေ...."
ကားပေါ်တွင်အထူးတိတ်ဆိတ်နေသော
Hannaသည်ဖုန်းကိုသာအာရုံစိုက်နေလျက်။
စာရိုက်ကာMagပို့နေပုံရသည်။
"စပ်စုတာတော့မဟုတ်ပေမယ့်
ခုနကလေးက ဘယ်သူလဲHanna.."
ဖုန်းကိုသာသဲကြီးမဲကြီးသုံးနေသော
Hannaအားသတိပေးလိုက်သလို
ဖြစ်သွား၍လားမသိ..သူ့အား
ပေါ့ပေါ့ပါးပါးပင်ကြည့်လာကာ
"မောင်လေးပါ...မေမေ့အရင်အိမ်ထောင်ရဲ့
သားပါ..Hannaအော်လိုက်ရတာလည်း
စိတ်အခြေအနေသိပ်မကောင်းတော့
Dr ကို အနှောက်အယှက်ဖြစ်မှာစိုးရိမ်တာပါ..."
ကြားတော့ကြားဖူးခဲ့ပါသည်...။
JeonJungMiတွင်အရင်အိမ်ထောင်တခုရှိခဲ့
ပြီး မအောင်မြင်ခင်တွင် မတော်တဆမှု
တခုဖြင့်တိမ်းပါးသွားခဲ့ကြောင်းသိတော့သိခဲ့ရ
သည်။ကျောင်းတဖက်နှင့်မို့နှံ့နှံ့စပ်စပ်
တော့သိပ်မသိခဲ့။ကလေးတစ်ယောက်
ရှိခဲ့ကာ ခုလိုအခြေအနေမျိုးရောက်နေကြောင်း
တခါမှမသိခဲ့ မကြားခဲ့ဖူးပါ...။
Mediaများတွင်သားသမီးအရေးနှင့်
ပတ်သတ်၍Hannaအကြောင်းကိုသာ
ဖြေခဲ့တာမို့ အိမ်ထဲကမျက်လုံးဝိုင်းဝိုင်းလေးနှင့်
ပိူးဟပ်ဖြူလိုကောင်လေးအားသူလုံးဝမသိခဲ့။
"သူဘာမှမပြောပါဘူး....
သူ့ဆွဲထားတဲ့စာအုပ်လေးကို
ကိုယ်ကြည့်နေလို့ လာအကြံပေးရုံပါ..."
"အင်း...အဆင်ပြေတယ်ဆိုရင်
ရပါပီ..."
တစ်သက်လုံးအခန်းတံခါးပိတ်ရူးနေတဲ့
ကောင်က ဘာတွေအလုပ်ကောင်းပြီး
Jimin ရှိတဲ့အချိန်ကျမှဆင်းလာရသလဲ။
ဒေါသတွေသည်တလိမ့်လိမ့်တက်လျက်
ဟန်ပင်မဆောင်နိုင်ပါ။
JeonJungkookသည်တစက်ကလေးမှ
မျက်ကွယ်ပြုလို့မရတဲ့ကောင်...။
Jimin အားတချက်တချက်ခိုးကြည့်မိတော့
မျက်နှာသည်ပုံမှန်အတိုင်းဘာအရိပ်အယောင်
မှမရှိ၍စိတ်သက်သာရာတော့ရသည်။
တခါတလေသူပြောချင်တာတွေအား
တောက်လျှောက်မရပ်မနားပြောတတ်သော
JeonJungkookအကြောင်းနောကြေနေသူမို့
Jimin အားတခုခုပြောပြလိုက်လျင်
မလွယ်လှပါ...။
နင်ငါ့အကြောင်းကောင်းကောင်းသိမယ်
JeonJungkook....။
.......................။
JinHyung ကိုလိုက်ရှာရင်းအအော်ခံထိခဲ့
ခြင်းကြောင့်အခန်းထဲပြန်ဝင်ကာငြိမ်ငြိမ်
လေးထိုင်နေလိုက်သည်။
တကယ်ကို ပန်းကလေး လို့ထင်ခဲ့မိတာပါ....
တော်တော်လေးလည်းမွှေးပျံ့နေတာကြောင့်
နမ်းကြည့်ချင်ခဲ့တာပါ...
မှတ်မှတ်ရရ ပြည့်ပြည့်ဖူးဖူးမျက်နှာလေး
အားပြန်မြင်ယောင်လာတော့
JungKook လူတစ်ယောက်ဟု
ယုံကြည်လိုက်ရပါသည်။
သူရေးခြယ်ထားသော အပြာရင့်ရောင်
လိပ်ပြာလေးနှင့် တူနေသော်လည်း
ထိုလူက အဝါရောင်လိပ်ပြာကိုသာ
သဘောကျနေတာကြောင့်
အကြံပေးမိခဲ့တာ.....။
လိပ်ပြာငယ်သည်...အိပ်ယာပေါ်တွင်
ထိုင်ရင်း ခြေထောက်ကလေးတွေအား
လှုပ်ယမ်းကာပြတင်းပေါက်အား
လှမ်းကြည့်နေသည်။
လေဝင်လေထွက်ကောင်းစေရန်
ဖွင့်ပေးထားသောပြတင်းမှလေအေးအေး
လေးတွေသည်မျက်နှာပေါ်ထိတွေ့လာ
တော့သူသိပ်ကြိုက်ပါသည်....။
နောက်တခါထပ်တွေ့ရရင်
သေချာပေါက် ထိုအနံ့လေးအား
ရအောင်မွှေးကြူမည်ဟု စိတ်သွင်းရင်း
သဘောတကျ ထရီမိသည်အထိ....။
ဒုန်း........။
ရုတ်တရက်အခန်းတံခါးအားအရှိန်ပြင်းစွာ
ဆွဲဖွင့်လိုက်သောအသံကြောင့်
မြန်မြန်ဆန်ဆန်ပင်နံရံနားသို့ပြေးကပ်လိုက်
သည်။
"မေမေ..."
"နင့်ကိုငါဘာပြောထားလဲ
အိမ်ကိုဘယ်သူပဲလာလာစကားမပြောရဘူး
ဆိုတာ နင်မေ့သွားတာလား..."
ခြေလှမ်းကျဲကျဲများဖြင့်အပြေးတပိုင်း
ဝင်လာပြီးလက်ညိုးတချောင်းသည်မျက်နှာ
နားတွင်တဝဲလည်လည်....။
မေမေ့မျက်နှာသည် သူ့ကိုမြင်တိုင်း
အချိန်တိုင်း ဒေါသထွက်နေကာ
ရုပ်ဆိုးလှသည်...
မေမေ ကို သိပ်လှသည်ဟု အားလုံးက
မှတ်ချက်ပြုခဲ့ကြသော်လည်း
သူ့အတွက်ကတော့ မကြည့်ချင်လောက်
အောင်ပင်ရုပ်ဆိုးလွန်းအားကြီးခဲ့သည်။
"Jungkook လိပ်ပြာတွေကို
သူကကိုင်ကြည့်နေလို့ပါ..."
"ဘာအရေးလဲ အဲ့တာ...နင့်ကိုငါ
အိမ်အောက်ထပ်ကိုတောင်ဆင်း
ခိုင်းလား....နင်ငါ့ကိုပြသနာရှာ
လို့မဝနိုင်ဘူးလား JeonJungkook..."
ထိုစကားသည်အကြားအာရုံ
အမြင်အာရုံ ရှိသမျှအာရုံခပ်သိမ်း
ကို ပွက်ပွက်ဆူအောင်လှုပ်ခတ်နိုင်
စွမ်းရှိပါသည်...။
မွေးကထဲက မေမေပြောခဲ့သောစကား
ဘာမှမလုပ်ဘဲထိုင်နေလျှင်လည်း
ပြသနာရှာနေတယ်ဟုဆိုကာ
စိတ်အလိုမကျတိုင်းအသားနာအောင်
လုပ်တတ်သောစကား...။
တုန်တုန်ရီရီမျက်ဝန်းတွေသည်
ချက်ချင်းဆိုသလိုအေးစက်သွားသည်။
ပုံမှန်အခြေအနေမဟုတ်တော့သော
စိတ်သည်ကြောက်ရမလား
လန့်ရမလားကိုမသိတော့....
"ထွက်သွား....!!!!မကြားချင်ဘူးခုထွက်သွား..."
"အေး နောက်တစ်ခါ အိမ်ကိုလာတဲ့
လူတွေက်ု နင်လိုက်နှောက်ယှက်ရင်
နင်ငါ့အကြောင်းကိုသိမယ်...."
"ခင်ဗျားက ဖေဖေ့ ကိုသတ်ပစ်ခဲ့တာ...."
ထိုစကား...ထိုစကားတစ်ခွန်းထဲကသာသူမဘဝကို
ဇောက်ထိုးမိုးမျှော်ဖြစ်နေစေနိုင်တာကြောင့်
JeonJungMiသည်သေမတတ်ကြောက်ပါသည်။
အိပ်ယာပေါ်သို့ပြေးတက်ကာ
အသံကုန်အော်နေသော Jungkook ၏
မျက်နှာအား ရိုက်ချလိုက်တော့
အော်သံတခုနဲ့အတူ အိပ်ယာပေါ်သို့ပစ်ကျသည်။
"နင်အဲ့စကားကိုနောက်တစ်ခါထပ်ပြော
ရင် ငါနင့်ကိုသတ်ပစ်မယ်......"
"သေပီးသားသူကို ဘာလို့မေမေက
ထပ်သတ်ချင်ရတာလဲ........"
ခံစားမှုမဲ့သောမျက်နှာသေဖြင့်လက်ငါးချောင်း
အထင်းသားမျက်နှာဖွေးဖွေးသည်
သူမအတွက်အိမ်မက်ဆိုးတစ်ခုအပြင်မပိုခဲ့။
မုန်းလိုက်တာ.....။
ဗိုက်ထဲကိုရောက်လာခဲ့ပြီဆိုတဲ့အချိန်ကစ
မုန်းခဲ့ရသောအမုန်းသည်
လက်ရှိအချိန်အထိ တစက်မှမလျှော့သွားသေး။
JeonJungkook သည်သူမအတွက်ဘယ်တုန်း
ကမှသနားစရာမကောင်းခဲ့ဖူးပါ....။
JeonJungkook အဖေ ကြောင့်လည်းတစ်ရာ
ရာခိုင်နူန်းပါပါလိမ့်မည်.....။
"နင်ဒီအခန်းထဲက အခန်းပြင်ကို
ထွက်ဖို့ မစဉ်းစားနဲ့.....
ခြေတလှမ်းချတာနဲ့ ရိုက်ချိုးပစ်မယ်..."
ခြေဖဝါးအထိဖုံးနေသောဘောင်းဘီရှည်
အားဆွဲတင်လိုက်သောJungkook သည်
ပြုံးယဲ့ယဲ့ဖြင့်...။အစီအရီပေါ်လာသော
ခြေသလုံးကဒဏ်ရာဒဏ်ချက်များအား
လက်ညိုးထားပြရင်း
"ဘယ်နေရာကနာရမှန်းတောင်
မသိတော့တာကြာပီ....."
ပြုံးနေရင်း ပြိုဆင်းလာသောမျက်ရည်
ပေါက်တွေကြောင့်JeonJungMiသည်
တောက်တစ်ချက်ပြင်းပြင်းခေါက်
ကာ ထွက်သွားသည်။
"နင်တို့ ဒီအခန်းရှေ့က တစ်လက်မတောင်
မရွေ့ဘဲစောင့်နေ အေး တခုခုလွဲချော်တာနဲ့
အကုန် သေဖို့သာပြင်ထားကြ..."
"ဟုတ်...ဟုတ်ကဲ့ မမကြီး....."
Jimin သည် Jungkook နှင့်လုံးဝဆက်စပ်မိ
၍မဖြစ်ပါ...တခြားအကြောင်းအရာများကို
ဘေးချိတ်ထားပါအုန်း...
ပုံမှန်မဟုတ်သောစိတ်ဝေဒနာသည်ဆိုတာနဲ့
တင် သူမဂုဏ်သိက္ခာပိုင်းအတွက်အဆင်မပြေ
နိုင်ပါ..။မြန်မြန်လက်ထပ်ပြီး စီးပွါးရေးတွေ
အကျိူးတူပူပေါင်းချင်လှပါပြီ...။
Hannaသည် ဘာတွေကြောင့်အချ်န်ဆွဲနေသလဲ
မသိ...။ပညာတတ်တ်ို့ အားပြိုင်မှုများသည်
သိပ်အထာများကာ ချိတုံချတုန်နှင့်.
သူမအနေဖြင့်လုံးဝစိတ်မရှည်ခဲ့ပါ...။
"SeokJin....."
အထုတ်အပိုးများဖြင့်စျေးမှပြန်လာပုံရ
သောSeokJin သည် ဧည့်ခန်းထဲတွင်
ထိုင်နေသော JeonJungMi၏
အသံကြောင့်ချက်ချင်းရပ်သွားသည်။
"ဟုတ်ကဲ့....မမကြီး..."
"နင်Jungkook နားမှာဆက်ရှိချင်သေးတယ်မလား"
အထုတ်တွေအားပစ်ချလိုက်ကာ
JeonJungMi ရှေ့သို့မြန်မြန်ပြေး
သွားလိုက်သည်။ဘာတွေများဖြစ်ပြန်ပြီလဲ။
"ဘာဖြစ်လို့လဲ မမကြီး
Kookie ဘာဖြစ်လို့လဲ....."
"Jimin က Hannaနဲ့ငါတည်ဆောက်မဲ့
အကြီးမားဆုံး
စီးပွါးရေးအင်ပါယာအတွက်
အကောင်းဆုံးပါတနာပဲ....
ငါတို့သူ့ကိုဘယ်နည်းနဲ့မှလက်လွှတ်မှာ
မဟုတ်ဘူး ငါတို့အသိုင်းအဝိုင်းဟာ
ပြစ်ချက်မရှိ Parkမိသားစုအမြင်မှာ
ဖြစ်နေရမှာမို့.....
Jungkook ကို ငါဒီလက်ထပ်ပွဲ
မအောင်မြင်မချင်း မမြင်ချင်ဘူး...."
"သူဘာလုပ်လို့လဲ...."
"ဒီနေ့ အိမ်ကို Jimin လာတယ်
သူစိမ်းဆို သတိလစ်သည်အထိကြောက်
ပါတယ်ဆိုတဲ့သူက စကားသွားပြော
နေတယ်လို့ ငါ့ကို Hannaပြောတယ်
ဘာစကားတွေပြောနိုင်လဲ....
ငါ့လည်ပင်းကိုကြိုးကွင်းစွတ်မဲ့စကား
တွေမဟုတ်ပါဘူးလို့ နင်အာမခံနိုင်လား..."
အောက်ထပ်ကိုဆင်းလာခဲ့တာလား...။
သူအကြာကြီးပျောက်သွားလို့လိုက်ရှာ
နေတာဖြစ်လောက်ပါမည်..။
ParkJimin နဲ့မှတိုက်တိုက်ဆိုင်ဆိုင်
တွေ့ရလေခြင်း...
"အာမ မခံနိုင်ပါဘူး..."
"သေသေချာချာထိန်းထားပေးပါ
နင့်ဘက်ကသူ့ကိုထိန်းဖို့အဆင်မပြေတော့
ဘူးဆိုရင် ငါအဝေးကိုပို့ပစ်လိုက်ဖို့လည်း
ဝန်မလေးဘူးနော်..."
"သူ့မှာဘာအပြစ်များရှိခဲ့လို့
ဒီလောက်ရက်စက်နိုင်ရတာလဲ...
နေ့တိုင်းနေ့တိုင်းလည်းနှိပ်စက်လာလို့
ခုလိုအခြေအနေအထိရောက်ခဲ့တာ
မစာနာနိုင်တော့ဘူးလား...."
"နင်ကဘာမလို့...ငါ့ကိုလာဝေဖန်နေတာလဲ..."
"Jungkook က မမကြီးရဲ့သားအရင်းပါ
Hannaဆိုတာကအဝေးကြီးပါ..."
"ရင်းတော့ဘာဖြစ်လဲ...
ဝေးတော့ရော ဘာဖြစ်လဲ
အဓိကက ငါချမှတ်ထားတဲ့Planတွေ
ပြီးပြည့်စုံဖို့ပဲလေ..."
"သွားတော့...."
ယောကျ်ားဖြစ်သူပြန်လာပြီဖြစ်တာကြောင့်
သူ့အားချက်ချင်းပထုတ်လိုက်မှန်း
သိလိုက်တာကြောင့်ထွက်သွားလိုက်သည်။
စကားတွေလည်းဆက်မပြောချင်တော့
လောက်အောင်Jungkook နဲ့ထပ်တူ
သူမကိုသိပ်မုန်းခဲ့မိလို့....။
ရီရီမောမောစကားပြောသံတချို့နဲ့
JeonJungMi သည်Lee Hannaအဖေကို
သိပ်ချစ်ပုံရပါသည်....။
LeeHannaအဖေအတွက်ရင်းခဲ့ရတာတွေလည်း
နည်းမှမနည်းဘဲ....။
.....................
အခန်းတံခါးလေးဟကြည့်မိတော့
ဖန်လုံးလေးထဲမွေးထားသော
လိပ်ပြာလေးတွေအားကြည့်နေသည်...။
ပါးတဖက်သည်နီရဲနေကာအရိုက်ခံထားရ
ပုံရတာကြောင့် ရင်ထဲနာရပြန်ပါသည်။
ဝဋ်ကြွေးတွေပါဆိုလည်း...
ဒီကလေးက ဘဝအစထဲက ဘာအပြစ်မှမရှိခဲ့
တာကြောင်မြန်မြန်ကြေပါစေတော့။
"Kookie....မျက်နှာကအိပ်ရင်းထိမိပြန်ပီ
ထင်တယ် ဆေးလိမ်းရအောင်..."
ဘယ်သူလုပ်တာလဲ ဘာလို့လုပ်တာလဲ
ဘယ်သူရိုက်တာမလား
ဒီလိုမျိုးတွေမေး၍မရပါ...။
သူပြန်ဖြေရင်း စိတ်လွတ်လွတ်သွား
တတ်၍ထိုမှတ်ဥာဏ်တွေကိုချက်ချင်း
အစားထိုးပစ်ရပါသည်။
ဒါဆို သူသည် အမှန်ဖြစ်ရပ်အား
မေ့သွားတတ်သည်...။
"ကိတ်ပါလားလား Hyung..."
"ပါတာပေါ့...စားချင်ရင်
ဆေးအရင်လိမ်းရမယ်..."
"Jungkookဒီနေ့ ပန်းပွင့်လေးကို
တွေ့ခဲ့တယ်....မွှေးနေတာပဲ
Hyung နေရာသိရင် သွားခေါ်ပေးပါလား
ထပ်မြင်ချင်လို့...."
ဘယ်သူလဲ....သူ့ပန်းပွင့်ဆိုသောစကား
သည်သိပ်အန္တရာယ်များလွန်းပါသည်။
သူ့ကိုယ်သူလိပ်ပြာတစ်ကောင်ဟု
သတ်မှတ်ထားတာမို့ ပန်းပွင့်ဆိုသော
စကားသည် SeokJin အား
တော်တော်လေးလန့်သွားစေပါသည်။
Jimin ကိုစကားတွေသွားပြောတယ်....။
ပိုလန့်သွားတာကြောင့်Jungkook ဆီသို့
မြန်မြန်လျှောက်သွားလိုက်ပြီး
"သူကပန်းပွင့်မဟုတ်ဘူး Kookie....
လုံးဝမဟုတ်ဘူးနော်..."
"လူပါ... Jungkook သိပါတယ်
သိပ်လှတဲ့ ဆံပင်အညိုရောင်လေးတွေ
ရှိတယ် ခဲရောင်မျက်လုံးအရောင်လှလှလေး
တွေရှိတယ်...နူတ်ခမ်းတွေလည်းထူးဆန်းတယ်
ပြီးတော့အရမ်းမွှေးတယ်
သူပန်းလေးနဲ့မတူဘူးလား Hyung..."
"သူက Hanna ရဲ့ချစ်သူ
လက်ထပ်ကြမှာ....Kookie
ပန်းပွင့်တွေလို သဘောထားလို့မရဘူးနော်..."
"ချစ်သူ......"
"ဟုတ်တယ်....ချစ်သူတွေမလို့
Kookie က Hannaကိုကြောက်ရင်
သူ့ချစ်သူကိုနောက်တစ်ခါစကားမပြော
ရဘူးနော်..."
မှန်လုံအိမ်အားဖွင့်ပေးလိုက်သောသူ...
ဖမ်းဆီးထားသောလိပ်ပြာလေးတွေသည်
အလုအယက်ပြတင်းပေါက်မှတဆင့်
အပြင်သို့ဝဲပျံသွားခဲ့ပါသည်...။
"Hannaချစ်သူဆိုရင်တော့...
Jungkook....ပန်းကလေး မဖြစ်နိုင်တော့ပါဘူး
လိပ်ပြာတွေရဲ့ ရန်သူပဲဖြစ်မှာ......"
"အဲ့တာကြောင့်မလို့ Kookie
က နောက်တခါထပ်ဆုံဖြစ်ရင်တောင်
မခေါ်ရဘူးနော်...."
"သူကလာခေါ်ရင်ရော....."
"Hannaချစ်သူက Kookie
ကိုခေါ်ပါ့မလား..."
"သူ့နာမည်ဘယ်လိုခေါ်လဲHyung..."
"Jimin လို့ခေါ်တယ်...Kookieထက်
အသက်လည်းကြီးတယ် ပီးတော့ဆရာဝန်
Kookie ဆရာဝန်တွေကိုသဘောမကျဘူး
မလား...."
"ဟုတ်တယ် ဆေးထိုးလို့...."
"ဒါဆိုလိမ်မာမယ်နော်....."
ခေါင်းညိတ်ပြကာလက်ချောင်းတွေသည်
မွှေးပျံ့နေသော အသစ်စက်စက်ပန်းအိုး
ထဲကပန်းပွင့်တွေဆီရောက်သွားရင်
အကြာကြီးမွှေးနေခဲ့ပါသည်...။
မျက်လုံးတွေမှိတ်ချကာအချိန်တော်တော်ကြာကြာ
ကိုမွှေးကြူနေသည်။
မျက်တောင်ရှည်ရှည်လေးတွေသည်
စင်းဖြောင့်နေပြီး..မှဲ့နက်လေးတလုံးရှိသော
နူတ်ခမ်းပါးလေးတွေသည် ကွေးညွှတ်နေပါသည်။
နိဒါန်းသည်...ထိုကဲ့သို့ပျိုးခဲ့ရပါသည်ဆို
နိဂုံးသည်.....