HIGER [COMPLETED]

נכתב על ידי Harry-Kim

262K 47.4K 3.9K

He is a mess but He is a masterpiece. עוד

[ 0 ]
[ 1 ]
[ 2 ]
[ 3 ]
[ 4 ]
[ 5 ]
[ 6 ]
[ 7 ]
[ 8 ]
[ 9 ]
[ 10 ]
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15 ]
[ 16 ]
[ 17 ]
[ 18 ]
[ 19 ]
[ 20 ]
[ 21 ]
[ 22 ]
[ 23 ]
[ 24 ]
24/1
24/2
24/3
24/4
24/5
24/6
[ 25 ]
[ 26 ]
[ 27 ]
[ 28 ]
[ 29 ]
[ 30 ]
FINALE
Harry's Note

24/7

5.1K 1K 70
נכתב על ידי Harry-Kim

(U)

'' စကားခဏ ပြောရအောင် ''

Baekhyun ကျောင်းမတက်တဲ့ ဒီတစ်ပတ်အတွင်းမှာ Baekhyunထိုင်တဲ့နေရာကို ယောင်လို့တောင်လှည့်မကြည့်တဲ့ Alexက ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာတာကြောင့် Martin မျက်ခုံးလှုပ်သွားရသည်။

'' Baekhyun မရှိဘူး ကိုယ့်နေရာကိုပြန်တော့ ''

'' Ya !! Byun Baekhyun ကျောင်းမလာတာ ငါသိတယ်၊ သူ့နေရာလွတ်နေတာလည်း ငါမြင်တယ်၊ ငါအခုစကားပြောချင်တာ မင်းနဲ့၊ Byun Baekhyun နဲ့မဟုတ်ဘူး ''

'' ငါတို့နှစ်ယောက်ကြားမှာ စကားပြောစရာကိစ္စရှိလို့လား ''

ဖတ်လက်စ စာအုပ်ကိုပိတ်ကာ Martin မော့ကြည့်လိုက်သည်။

'' Byun Baekhyunကို လေယာဉ်လက်မှတ် စီစဉ်ပေးတာ မင်းမလား? ''

'' မသိလို့မေးတာလား ဒါမှမဟုတ် သိပြီးသားကိုအတည်ပြုချင်တာလား ''

'' တကယ်မသိလို့မေးတာပါ၊ သိပြီးသားအကြောင်းအရာကို အတည်ပြုချင်တဲ့ကိစ္စက သပ်သပ်ရှိတယ်၊ အဲဒါဘာလဲသိလား ''

Alex က လက်နှစ်ဖက်ပိုက်ပြီးရပ်ကြည့်နေရာက Martin ရဲ့စာရေးခုံပေါ် လက်နှစ်ဖက်လုံးကိုထောက်ကာ နှစ်ကိုယ်ကြားရုံလောက်လေး ခပ်တိုးတိုးပြောလိုက်သည်။

'' Byun Baekhyunကို ချစ်နေတယ်မလား
သူငယ်ချင်းထက်ပိုတဲ့ အချစ်မျိုးနဲ့လေ... ''

'' မင်း... ''

Alexက အောက်နှုတ်ခမ်းကိုဖွဖွလေးဖိကိုက်ကာ
ကျေနပ်စွာပြုံးလိုက်သည်။

'' မှန်နေတာပဲ၊ မင်း အဲ့ကောင်စုတ်လေးကို စိတ်ဝင်စားနေတာ ''

'' ဟုတ်တယ် ငါ Baekhyun ကိုချစ်တယ် ဒါပေမယ့် မင်းနဲ့တစ်လှေတည်းစီးဖို့ စိတ်ကူးလုံးဝမရှိဘူး ''

ပြုံးယောင်သမ်းနေတဲ့ Alex မျက်နှာထားသည် အနည်းငယ်တည်သွားပြီး Martin ကိုမျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။

နှစ်ဦးနှစ်ဖက်အဆင်ပြေမယ့်ကိစ္စကို စကားလမ်းကြောင်းတောင်မဖောက်ရသေးတာကို ကြိုတွေးမိပြီးငြင်းဆန်တယ်တဲ့လား။

'' မင်း ရူးနေတာလား Martin ဒါမှမဟုတ် အခွင့်အရေးကိုမမြင်တတ်တာလား? မင်းက Baekhyun ကိုချစ်တယ် ငါက Chan ကိုပိုင်ဆိုင်ချင်တယ် ငါတို့နှစ်ယောက်လုံးအတွက် အဆင်ပြေတယ်လေ ''

'' Park Chanyeol နဲ့ Baekhyun ဘက်ကိုရော ထည့်မစဉ်းစားပေးတော့ဘူးလား Alex ? ''

Chan ကို ချစ်တယ်၊ပိုင်ဆိုင်ချင်တယ် ။Chan ရဲ့သက်ဆိုင်သူ တစ်ယောက်ဖြစ်ချင်တယ် .. ဒီလောက်ပဲတွေးဖူးတာ။ Chan ဘက်ကနေ သူတစ်ခါမှမတွေးမိ၊ အချိန်တန်ရင် Chanက သူ့ကိုပြန်ချစ်လာလိမ့်မည်ဟုသာ တွေးထင်နေဆဲပင်ဖြစ်သည်။

Alex ခေါင်းသာခါပြလိုက်သည်။

'' ငါ Baekhyunကိုချစ်တယ်၊ အဲဒါကြောင့် ဘယ်သူမှအပေါင်းအသင်းမလုပ်တဲ့ Baekhyunကို ငါ့ဘက်ကနေ စပြီးသူငယ်ချင်းဖြစ်အောင်ကြိုးစားတယ်၊ သူငယ်ချင်းဖြစ်ပြီးတဲ့ နောက်ပိုင်းမှာလည်း Baekhyun အကြိုက်ကိုလိုက်ပြီး နေပေးတယ်၊ ဒါပေမယ့် Baekhyun ကငါ့ကိုပြန်မချစ်လာဘူးလေ ''

'' မင်းမှ ဖွင့်မပြောတာကို ငတုံးကောင်ရဲ့ ''

Alex အော်ဟစ်ကာပြောလိုက်တော့ Martinက ဣနြေ္ဒရစွာပြုံးလိုက်သည်။

'' အချစ်ဆိုတဲ့အရာက လုပ်ယူလို့မရဘူး Alex ~
Park Chanyeolက အေးအေးဆေးဆေးနေပြီး
ထက်မြက်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် ထက်မြက်တဲ့ပုံစံကို သဘောကျမယ်ထင်ပြီးမင်း စာတွေအသေအလဲကြိုးစားနေလည်း Park Chanyeol ရွေးချယ်လိုက်တာ ဘယ်သူကိုမှ ဂရုမစိုက်ဘဲ ခပ်ဆိုးဆိုးနေတတ်တဲ့ Baekhyun ကိုလေ ''

'' ဘာကိုဆိုလိုချင်တာလဲ ''

'' တစ်ဖက်လူ သဘောကျအောင်၊ချစ်လာအောင် ကိုယ့်ပုံစံကိုပြောင်းလဲပစ်စရာမလိုဘူး၊ ကိုယ့်ကိုတကယ်ချစ်တဲ့သူ၊ တန်ဖိုးထားတဲ့သူဆို ကိုယ့်ပုံစံကဘာပဲဖြစ်နေဖြစ်နေ တကယ်ချစ်ပြီး တန်ဖိုးထားနေဦးမှာပဲ ''

'' ငါ နားမထောင်ချင်တော့ဘူး ''

Alex က Martin ခုံပေါ်မှာထောက်ထားတဲ့ သူ့လက်နှစ်ဖက်လုံးကိုဖယ်လိုက်ပြီး Martin ကိုခပ်စိမ်းစိမ်းကြည့်လိုက်သည်။

'' အမှန်တရားကနေ ရှောင်မပြေးနဲ့ Alex၊ လက်ခံလိုက်စမ်းပါ! မင်း လိမ္မာပြလို့လည်း Park Chanyeol က လှည့်ကြည့်မှာမဟုတ်သလို ပေတေပြီးဆိုးပြရင်လည်း ပြန်ချစ်လာမှာမဟုတ်ဘူး ''

'' မင်း ပါးစပ်ကို ပိတ်ထား ! ! !
မင်း Baekhyun ကိုသဘောကျနေတယ်ဆိုတာကို Chan ကိုငါပြောပြလိုက်ရမလား ''

စိတ်ဆိုးမာန်ဆိုးဖြင့်ဒေါသတကြီး ခြိမ်းခြောက်နေသည့် Alex မျက်နှာကိုကြည့်ပြီး Martin ခပ်သောသောရယ်လိုက်၏။

'' Park Chan Yeol သိတာကြာပေါ့ကွာ ''

'' ဘယ်..ဘယ်လို..  Chan ကသိနေတယ် ''

ဝေခွဲမရစွာဒွိဟများနေသည့် Alex မျက်နှာကိုကြည့်ကာ Martin က မယုံလည်းနေပေါ့ဟူသော သဘောဖြင့် ပခုံးတွန့်ပြလိုက်သည်။

...

၃ နာရီကျော်ကြာကြာ ကားစီးလာရသည့်နောက် ရွှေရောင်သဲပြင်ကြီးကို မြင်လိုက်တာကြောင့် Chanyeol ကိုပင် မစောင့်တော့ဘဲ Baekhyun ကားပေါ်ကနေအမြန်ဆင်းပြေးသွားလေသည်။

နေပူစာလှုံနေသည့်သူတွေ၊ ရေလွှာလျှောစီးနေသည့်သူတွေ ရေကစားတဲ့သူတွေနဲ့ စည်ကားနေသော Sydney က Bondi Beachကို နောက်ဆုံးတော့ သူရောက်ဖူးပြီဖြစ်သည်။

ညနေကျမှ Sydney Opera House ကိုဝင်ကြည့်တော့မည်၊ အခုတော့ ရေတစ်ဝကြီးဆော့လိုက်ဦးမည်။

'' လတ်ဆတ်လိုက်တဲ့ ပင်လယ်ရနံ့ ''

ရေထဲကိုချက်ချင်းပြေးဆင်းမည်လုပ်တော့ Chanyeol က သူ့လက်ကိုလှမ်းဆွဲထားသည်။

'' ဘာတုန်း! ''

'' sun cream အရင်လိမ်းရအောင်၊ လက်ဆန့် ''

ကိုယ့်ဘာသာကိုယ်လိမ်းရမှာပျင်းပေမယ့် အဆင်သင့်လိမ်းပေးမယ့်သူရှိတာကြောင့် Baekhyun အသာတကြည်ပင် လက်ဆန့်ပေးလိုက်သည်။

'' Kyoong အသားအရေက နူးညံ့တယ်၊
ရေအကြာကြီးမဆော့နဲ့ ''

'' ဘာမှ မဆိုင်ဘူး ''

ပြောရင်းဆိုရင်း အဝါရောင်တီရှပ်လေးကိုဆွဲချွတ်နေတာကြောင့် Baekhyun လက်ကိုကိုင်လိုက်သည်။

'' ဘာဖြစ်ရပြန်တာတုံး ''

'' တီရှပ်ကိုချွတ်ပြီး ဘာလုပ်မလို့လဲ ''

'' ရေဆော့မလို့လေ ''

'' ဒီတိုင်းဆော့၊ အဝတ်မပါတာထက်စာရင် တီရှပ်ပါသေးတော့ အသားအရေသိပ်မထိခိုက်တော့ဘူးပေါ့ ''

Baekhyun ကဂရုမစိုက်တဲ့ပုံစံဖြင့် ခါးတစ်ဝက်လောက်ပေါ်နေပြီဖြစ်တဲ့ တီရှပ်လေးကိုဆွဲချွတ်နေတာကြောင့် ဖြူဝင်းနေသည့်ထိုခါးသွယ်သွယ်လေးကို Chanyeol ဖက်ထားလိုက်သည်။

'' ရား ဘာလုပ်တာလဲ ! ယားတယ် ခစ်ခစ်..ဖယ်စမ်း! ခစ်ခစ် ''

ခါးကိုကလိထိုးနေသည်ဟုများ ထင်နေလားမသိ၊

တစ်ခါရယ်လိုက် တစ်ခါအော်လိုက်ဖြင့်သာ Baekhyun တီရှပ်အဝါလေးကို မချွတ်ပစ်တော့။

သဲသောင်ပြင်ပေါ်သို့ လှဲချလိုက်တော့ Chanyeolလည်း Baekhyun ဘေးနားမှာ ဝင်လှဲလာသည်။

'' မျက်လုံးစူးလိုက်တာ ''

အစွမ်းကုန်တောက်ပနေသော နေလုံးကိုမော့ကြည့်ပြီး မျက်စိစူးတယ်ဟုငြူစူနေတာကြောင့် Chanyeol အကောင်းဆုံး နည်းလမ်းတစ်ခုကို အကြံပေးလိုက်သည်၊၊

'' ဒါဆို ကိုယ့်မျက်နှာကိုကြည့်လေ ''

'' ခင်ဗျားကိုကြည့်မယ့်အစား သြစီသူ ချောချောလေးတွေကိုပဲ ကြည့်မှာပေါ့၊ အဟင်း ~ ကောင်လေးတွေကလည်း ချောသားပဲ ''

သဲပြင်ပေါ်မှာလှဲနေရင်း Baekhyunက ကောင်မလေးလှလှလေးတွေနဲ့ ကောင်လေးချောချောလေးတွေ နေပူစာလှုံနေသည့်ဘက်သို့ လှမ်းကြည့်နေလေသည်။

'' လူဆိုတာမျောက်ကနေ ဆင်းသက်လာတာ၊ ဘယ်လောက်လှလှ ဘယ်လောက်ချောချော အဲ့လူတွေကမျောက်ကြီးတွေပဲ ''

အကန်စကားတွေပြန်ပြောနေသည့် Chanyeol ကို Baekhyun လှည့်ကြည့်လိုက်တော့ မေးထောက်ကာသူ့ကိုစိုက်ကြည့်နေလေသည်။

'' ကျွန်တော်လည်း အရမ်းချောတယ်လေ၊ ဒါဆို ကျွန်တော်လည်း မျောက်ပဲပေါ့ ''

Chanyeol က Baekhyun ရဲ့မျက်နှာကိုစိုက်ကြည့်နေရာက ခန္ဓာကိုယ်အောက်ဘက်သို့ အကြည့်ကိုစုန်ဆင်းလိုက်သည်။

ဒူးလောက်ပဲရှိတဲ့ ဘောင်းဘီတိုအနီလေး ဝတ်ထားသည့် Baekhyunကိုကြည့့်ပြီး မျက်ခုံးပင့်ပြလိုက်သည်။

'' မင်းကတော့ မျောက်ဖင်နီလေးပေါ့ Kyoong ရဲ့ ''

'' Fuck !  အကောင်းမှတ်လို့ နားထောင်နေတာကို ''

စိတ်ဆိုးမာန်ဆိုးဖြင့် တခြားဘက်သို့ ခေါင်းပြန်လှည့်သွားတဲ့ Baekhyun ရဲ့နောက်ကျောပြင်ငယ်ကို Chanyeol ခပ်ဖွဖွအနမ်းပေးလိုက်သည်။

'' စိတ်တိုနေရတဲ့အထဲ ဒီဖုန်းကတစ်မျိုး! 
ဆက် .. ဆက်နိုင်လွန်းကြတယ် ပြော!  ဟယ်လို!! ''

တစ်ဖက်ကလူတော့မသိ၊ ဘေးချင်းကပ်နေနေသည့် Chanyeol နားထဲမှာတောင် စူးခနဲဖြစ်သွားသည်။

'' ခင်ဗျာ ! ''

သဲသောင်ပြင်ပေါ်မှာလှဲနေရာက ချက်ချင်းထထိုင်လိုက်တဲ့ Baekhyun ကြောင့် Chanyeolပါ လိုက်ထိုင်မိ၏။

ဘယ်နှစက္ကန့်မျှမကြာလိုက်၊

တစ်ဖက်ကဖုန်းချသွားပေမယ့် Baekhyun ကတော့ ဖုန်းကိုရင်ဝယ်ပိုက်ကာ ငေါင်စင်းစင်းကြီး ထိုင်နေလေသည်။

'' ဘာဖြစ်လို့လဲ Kyoong ''

Baekhyun က အသက်မဲ့သောမျက်ဝန်းတို့ဖြင့် Chanyeol ကိုမော့ကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့အသံဖြင့်
ပြောသည်။

'' အမေ... အမေ ဆုံးပြီတဲ့ ''

Baekhyun ရဲ့လက်ဖဝါးလေးကို Chanyeol တင်းနေအောင် ဆုပ်ကိုင်ထားလိုက်တော့သည်။

...

သုညနောက်မှာ တစ်အမြဲတမ်းရှိသလို
အနားမှာဘယ်သူမှမရှိတော့ဘူးလို့ မတွေးပါနဲ့၊
ကိုယ်တစ်ယောက်လုံးရှိပါသေးတယ် Kyoong

...

TBC

______________________________________

(Z)

'' စကားခဏ ​ေျပာရေအာင္ ''

Baekhyun ေက်ာင္းမတက္တဲ့ ဒီတစ္ပတ္အတြင္းမွာ Baekhyunထိုင္တဲ့ေနရာကို ေယာင္လို႔ေတာင္လွည့္မၾကည့္တဲ့ Alexက ဆိုင္းမဆင့္ဗံုမဆင့္ ​ေရာက္ခ်လာတာေၾကာင့္ Martin မ်က္ခံုးလႈပ္သြားရသည္။

'' Baekhyun မ႐ွိဘူး ကိုယ့္ေနရာကိုျပန္ေတာ့ ''

'' Ya !! Byun Baekhyun ေက်ာင္းမလာတာ ငါသိတယ္၊ သူ႔ေနရာလြတ္ေနတာလည္း ငါျမင္တယ္၊ ငါအခုစကားေျပာခ်င္တာ မင္းနဲ႔၊ Byun Baekhyun နဲ႔မဟုတ္ဘူး ''

'' ငါတို႔ႏွစ္ေယာက္ၾကားမွာ စကားေျပာစရာကိစၥ႐ွိလို႔လား ''

ဖတ္လက္စ စာအုပ္ကိုပိတ္ကာ Martin ေမာ့ၾကည့္လိုက္သည္။

'' Byun Baekhyunကို ​ေလယာဥ္လက္မွတ္ စီစဥ္ေပးတာ မင္းမလား? ''

'' မသိလို႔ေမးတာလား ဒါမွမဟုတ္ သိၿပီးသားကိုအတည္ျပဳခ်င္တာလား ''

'' တကယ္မသိလို႔ေမးတာပါ၊ သိၿပီးသားအေၾကာင္းအရာကို အတည္ျပဳခ်င္တဲ့ကိစၥက သပ္သပ္႐ွိတယ္၊ အဲဒါဘာလဲသိလား ''

Alex က လက္ႏွစ္ဖက္ပိုက္ၿပီးရပ္ၾကည့္ေနရာက Martin ရဲ႕စာေရးခံုေပၚ လက္ႏွစ္ဖက္လံုးကိုေထာက္ကာ ႏွစ္ကိုယ္ၾကား႐ုံေလာက္ေလး ခပ္တိုးတိုးေျပာလိုက္သည္။

'' Byun Baekhyunကို ခ်စ္​ေနတယ္မလား
သူငယ္ခ်င္းထက္ပိုတဲ့ အခ်စ္မ်ိဳးနဲ႔ေလ... ''

'' မင္း... ''

Alexက ေအာက္ႏႈတ္ခမ္းကိုဖြဖြေလးဖိကိုက္ကာ
ေက်နပ္စြာျပံဳးလိုက္သည္။

'' မွန္ေနတာပဲ၊ မင္း အဲ့ေကာင္စုတ္ေလးကို စိတ္ဝင္စားေနတာ ''

'' ဟုတ္တယ္ ငါ Baekhyun ကိုခ်စ္တယ္ ဒါေပမယ့္ မင္းနဲ႔တစ္ေလွတည္းစီးဖို႔ စိတ္ကူးလံုးဝမ႐ွိဘူး ''

ျပံဳးေယာင္သမ္းေနတဲ့ Alex မ်က္ႏွာထားသည္ အနည္းငယ္တည္သြားၿပီး Martin ကိုမ်က္ေမွာင္ၾကဳတ္ၿပီး ၾကည့္လိုက္သည္။

ႏွစ္ဦးႏွစ္ဖက္အဆင္ေျပမယ့္ကိစၥကို စကားလမ္းေၾကာင္းေတာင္မေဖာက္ရေသးတာကို ႀကိဳေတြးမိၿပီးျငင္းဆန္တယ္တဲ့လား။

'' မင္း ႐ူးေနတာလား Martin ဒါမွမဟုတ္ အခြင့္အေရးကိုမျမင္တတ္တာလား? မင္းက Baekhyun ကိုခ်စ္တယ္ ငါက Chan ကိုပိုင္ဆိုင္ခ်င္တယ္ ငါတို႔ႏွစ္​ေယာက္လံုးအတြက္ အဆင္ေျပတယ္ေလ ''

'' Park Chanyeol နဲ႔ Baekhyun ဘက္ကိုေရာ ထည့္မစဥ္းစားေပးေတာ့ဘူးလား Alex ? ''

Chan ကို ခ်စ္တယ္၊ပိုင္ဆိုင္ခ်င္တယ္ ။Chan ရဲ႕သက္ဆိုင္သူ တစ္ေယာက္ျဖစ္ခ်င္တယ္ .. ဒီေလာက္ပဲေတြးဖူးတာ။ Chan ဘက္ကေန သူတစ္ခါမွမေတြးမိ၊ အခ်ိန္တန္ရင္ Chanက သူ႔ကိုျပန္ခ်စ္လာလိမ့္မည္ဟုသာ ေတြးထင္ေနဆဲပင္ျဖစ္သည္။

Alex ေခါင္းသာခါျပလိုက္သည္။

'' ငါ Baekhyunကိုခ်စ္တယ္၊ အဲဒါေၾကာင့္ ဘယ္သူမွအေပါင္းအသင္းမလုပ္တဲ့ Baekhyunကို ငါ့ဘက္ကေန စၿပီးသူငယ္ခ်င္းျဖစ္ေအာင္ႀကိဳးစားတယ္၊ သူငယ္ခ်င္းျဖစ္ၿပီးတဲ့ ေနာက္ပိုင္းမွာလည္း Baekhyun အႀကိဳက္ကိုလိုက္ၿပီး ေနေပးတယ္၊ ဒါေပမယ့္ Baekhyun ကငါ့ကိုျပန္မခ်စ္လာဘူးေလ ''

'' မင္းမွ ဖြင့္မေျပာတာကို ငတံုးေကာင္ရဲ႕ ''

Alex ေအာ္ဟစ္ကာေျပာလိုက္ေတာ့ Martinက ဣေျႏၵရစြာျပံဳးလိုက္သည္။

'' အခ်စ္ဆိုတဲ့အရာက လုပ္ယူလို႔မရဘူး Alex ~
Park Chanyeolက ​ေအးေအးေဆးေဆးေနၿပီး
ထက္ျမက္တဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္ ထက္ျမက္တဲ့ပံုစံကို သေဘာက်မယ္ထင္ၿပီးမင္း စာေတြအေသအလဲႀကိဳးစားေနလည္း Park Chanyeol ေရြးခ်ယ္လိုက္တာ ဘယ္သူကိုမွ ဂ႐ုမစိုက္ဘဲ ခပ္ဆိုးဆိုးေနတတ္တဲ့ Baekhyun ကိုေလ ''

'' ဘာကိုဆိုလိုခ်င္တာလဲ ''

'' တစ္ဖက္လူ သေဘာက်ေအာင္၊ခ်စ္လာေအာင္ ကိုယ့္ပံုစံကိုေျပာင္းလဲပစ္စရာမလိုဘူး၊ ကိုယ့္ကိုတကယ္ခ်စ္တဲ့သူ၊ တန္ဖိုးထားတဲ့သူဆို ကိုယ့္ပံုစံကဘာပဲျဖစ္ေနျဖစ္ေန တကယ္ခ်စ္ၿပီး တန္ဖိုးထားေနဦးမွာပဲ ''

'' ငါ နားမေထာင္ခ်င္ေတာ့ဘူး ''

Alex က Martin ခံုေပၚမွာေထာက္ထားတဲ့ သူ႔လက္ႏွစ္ဖက္လံုးကိုဖယ္လိုက္ၿပီး Martin ကိုခပ္စိမ္းစိမ္းၾကည့္လိုက္သည္။

'' အမွန္တရားကေန ေ႐ွာင္မေျပးနဲ႔ Alex၊ လက္ခံလိုက္စမ္းပါ! မင္း လိမၼာျပလို႔လည္း Park Chanyeol က လွည့္ၾကည့္မွာမဟုတ္သလို ေပေတၿပီးဆိုးျပရင္လည္း ျပန္ခ်စ္လာမွာမဟုတ္ဘူး ''

'' မင္း ပါးစပ္ကို ပိတ္ထား ! ! !
မင္း Baekhyun ကိုသေဘာက်ေနတယ္ဆိုတာကို Chan ကိုငါေျပာျပလိုက္ရမလား ''

စိတ္ဆိုးမာန္ဆိုးျဖင့္ေဒါသတႀကီး ၿခိမ္းေျခာက္ေနသည့္ Alex မ်က္ႏွာကိုၾကည့္ၿပီး Martin ခပ္ေသာေသာရယ္လိုက္၏။

'' Park Chan Yeol သိတာၾကာေပါ့ကြာ ''

'' ဘယ္..ဘယ္လို..  Chan ကသိေနတယ္ ''

ေဝခဲြမရစြာဒြိဟမ်ားေနသည့္ Alex မ်က္ႏွာကိုၾကည့္ကာ Martin က မယံုလည္းေနေပါ့ဟူေသာ သေဘာျဖင့္ ပခံုးတြန္႔ျပလိုက္သည္။

...

၃ နာရီေက်ာ္ၾကာၾကာ ကားစီးလာရသည့္ေနာက္ ေရႊေရာင္သဲျပင္ႀကီးကို ျမင္လိုက္တာေၾကာင့္ Chanyeol ကိုပင္ မေစာင့္ေတာ့ဘဲ Baekhyun ကားေပၚကေနအျမန္ဆင္းေျပးသြားေလသည္။

ေနပူစာလႈံေနသည့္သူေတြ၊ ေရလႊာေလ်ွာစီးေနသည့္သူေတြ ေရကစားတဲ့သူေတြနဲ႔ စည္ကားေနေသာ Sydney က Bondi Beachကို ေနာက္ဆံုးေတာ့ သူေရာက္ဖူးၿပီျဖစ္သည္။

ညေနက်မွ Sydney Opera House ကိုဝင္ၾကည့္ေတာ့မည္၊ အခုေတာ့ ေရတစ္ဝႀကီးေဆာ့လိုက္ဦးမည္။

'' လတ္ဆတ္လိုက္တဲ့ ပင္လယ္ရနံ႔ ''

ေရထဲကိုခ်က္ခ်င္းေျပးဆင္းမည္လုပ္ေတာ့ Chanyeol က သူ႔လက္ကိုလွမ္းဆဲြထားသည္။

'' ဘာတုန္း! ''

'' sun cream အရင္လိမ္းရေအာင္၊ လက္ဆန္႔ ''

ကိုယ့္ဘာသာကိုယ္လိမ္းရမွာပ်င္းေပမယ့္ အဆင္သင့္လိမ္းေပးမယ့္သူ႐ွိတာေၾကာင့္ Baekhyun အသာတၾကည္ပင္ လက္ဆန္႔ေပးလိုက္သည္။

'' Kyoong အသားအေရက ႏူးညံ့တယ္၊
ေရအၾကာၾကီးမေဆာ့နဲ႔ ''

'' ဘာမွ မဆိုင္ဘူး ''

ေျပာရင္းဆိုရင္း အဝါေရာင္တီ႐ွပ္ေလးကိုဆဲြခြၽတ္ေနတာေၾကာင့္ Baekhyun လက္ကိုကိုင္လိုက္သည္။

'' ဘာျဖစ္ရျပန္တာတံုး ''

'' တီ႐ွပ္ကိုခြၽတ္ၿပီး ဘာလုပ္မလို႔လဲ ''

'' ေရေဆာ့မလို႔ေလ ''

'' ဒီတိုင္းေဆာ့၊ အဝတ္မပါတာထက္စာရင္ တီ႐ွပ္ပါေသးေတာ့ အသားအေရသိပ္မထိခိုက္ေတာ့ဘူးေပါ့ ''

Baekhyun ကဂ႐ုမစိုက္တဲ့ပံုစံျဖင့္ ခါးတစ္ဝက္ေလာက္ေပၚေနၿပီျဖစ္တဲ့ တီ႐ွပ္ေလးကိုဆဲြခြၽတ္ေနတာေၾကာင့္ ျဖဴဝင္းေနသည့္ထိုခါးသြယ္သြယ္ေလးကို Chanyeol ဖက္ထားလိုက္သည္။

'' ရား ဘာလုပ္တာလဲ ! ယားတယ္ ခစ္ခစ္..ဖယ္စမ္း! ခစ္ခစ္ ''

ခါးကိုကလိထိုးေနသည္ဟုမ်ား ထင္ေနလားမသိ၊

တစ္ခါရယ္လိုက္ တစ္ခါေအာ္လိုက္ျဖင့္သာ Baekhyun တီ႐ွပ္အဝါေလးကို မခြၽတ္ပစ္ေတာ့။

သဲေသာင္ျပင္ေပၚသို႔ လွဲခ်လိုက္ေတာ့ Chanyeolလည္း Baekhyun ေဘးနားမွာ ဝင္လွဲလာသည္။

'' မ်က္လံုးစူးလိုက္တာ ''

အစြမ္းကုန္ေတာက္ပေနေသာ ေနလံုးကိုေမာ့ၾကည့္ၿပီး မ်က္စိစူးတယ္ဟုျငဴစူေနတာေၾကာင့္ Chanyeol အေကာင္းဆံုး နည္းလမ္းတစ္ခုကို အၾကံေပးလိုက္သည္၊၊

'' ဒါဆို ကိုယ့္မ်က္ႏွာကိုၾကည့္ေလ ''

'' ခင္ဗ်ားကိုၾကည့္မယ့္အစား ျသစီသူ ​ေခ်ာေခ်ာေလးေတြကိုပဲ ၾကည့္မွာေပါ့၊ အဟင္း ~ ေကာင္ေလးေတြကလည္း ေခ်ာသားပဲ ''

သဲျပင္ေပၚမွာလွဲေနရင္း Baekhyunက ေကာင္မေလးလွလွေလးေတြနဲ႔ ေကာင္ေလးေခ်ာေခ်ာေလးေတြ ေနပူစာလႈံေနသည့္ဘက္သို႔ လွမ္းၾကည့္ေနေလသည္။

'' လူဆိုတာေမ်ာက္ကေန ဆင္းသက္လာတာ၊ ဘယ္ေလာက္လွလွ ဘယ္ေလာက္ေခ်ာေခ်ာ အဲ့လူေတြကေမ်ာက္ႀကီးေတြပဲ ''

အကန္စကားေတြျပန္ေျပာေနသည့္ Chanyeol ကို Baekhyun လွည့္ၾကည့္လိုက္ေတာ့ ေမးေထာက္ကာသူ႔ကိုစိုက္ၾကည့္ေနေလသည္။

'' ကြၽန္ေတာ္လည္း အရမ္းေခ်ာတယ္ေလ၊ ဒါဆို ကြၽန္ေတာ္လည္း ေမ်ာက္ပဲေပါ့ ''

Chanyeol က Baekhyun ရဲ႕မ်က္ႏွာကိုစိုက္ၾကည့္ေနရာက ခႏၶာကိုယ္ေအာက္ဘက္သို႔ အၾကည့္ကိုစုန္ဆင္းလိုက္သည္။

ဒူးေလာက္ပဲ႐ွိတဲ့ ​ေဘာင္းဘီတိုအနီေလး ဝတ္ထားသည့္ Baekhyunကိုၾကည့့္ၿပီး မ်က္ခံုးပင့္ျပလိုက္သည္။

'' မင္းကေတာ့ ေမ်ာက္ဖင္နီေလးေပါ့ Kyoong ရဲ႕ ''

'' Fuck !  အေကာင္းမွတ္လို႔ နားေထာင္ေနတာကို ''

စိတ္ဆိုးမာန္ဆိုးျဖင့္ တျခားဘက္သို႔ ေခါင္းျပန္လွည့္သြားတဲ့ Baekhyun ရဲ႕ေနာက္ေက်ာျပင္ငယ္ကို Chanyeol ခပ္ဖြဖြအနမ္းေပးလိုက္သည္။

'' စိတ္တိုေနရတဲ့အထဲ ဒီဖုန္းကတစ္မ်ိဳး! 
ဆက္ .. ဆက္ႏိုင္လြန္းၾကတယ္ ေျပာ!  ဟယ္လို!! ''

တစ္ဖက္ကလူေတာ့မသိ၊ ေဘးခ်င္းကပ္ေနေနသည့္ Chanyeol နားထဲမွာေတာင္ စူးခနဲျဖစ္သြားသည္။

'' ခင္ဗ်ာ ! ''

သဲေသာင္ျပင္ေပၚမွာလွဲေနရာက ခ်က္ခ်င္းထထိုင္လိုက္တဲ့ Baekhyun ေၾကာင့္ Chanyeolပါ လိုက္ထိုင္မိ၏။

ဘယ္ႏွစကၠန္႔မ်ွမၾကာလိုက္၊

တစ္ဖက္ကဖုန္းခ်သြားေပမယ့္ Baekhyun ကေတာ့ ဖုန္းကိုရင္ဝယ္ပိုက္ကာ ေငါင္စင္းစင္းႀကီး ထိုင္ေနေလသည္။

'' ဘာျဖစ္လို႔လဲ Kyoong ''

Baekhyun က အသက္မဲ့ေသာမ်က္ဝန္းတို႔ျဖင့္ Chanyeol ကိုေမာ့ၾကည့္လိုက္ၿပီး ခပ္ေဖ်ာ့ေဖ်ာ့အသံျဖင့္
ေျပာသည္။

'' အေမ... အေမ ဆံုးၿပီတဲ့ ''

Baekhyun ရဲ႕လက္ဖဝါးေလးကို Chanyeol တင္းေနေအာင္ ဆုပ္ကိုင္ထားလိုက္ေတာ့သည္။

...

သုညေနာက္မွာ တစ္အျမဲတမ္း႐ွိသလို
အနားမွာဘယ္သူမွမ႐ွိေတာ့ဘူးလို႔ မေတြးပါနဲ႔၊
ကိုယ္တစ္ေယာက္လံုး႐ွိပါေသးတယ္ Kyoong

...

TBC

______________________________________

המשך קריאה

You'll Also Like

298K 51K 63
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
104K 16K 20
Human & merman love story
393K 46.5K 67
Warning:This is not a translation!!! Characters and plot are all mine. It's my Own Creation. ယီကွမ်းသည် ထိုစဥ်က အလွန်ငယ်ရွယ်ခဲ့သည်။ သူသည် မစဥ်းစားပဲ...
155K 9.2K 19
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။