ခြွေ

由 khoe_vi

126K 14.3K 609

更多

ခြွေ - 1
ခြွေ - 2
ခြွေ - 3
ခြွေ - 4
ခြွေ - 5
ခြွေ - 6
ခြွေ - 8
ခြွေ - 9
ခြွေ - 10
ခြွေ - 11
ခြွေ - 12
ခြွေ - 13
ခြွေ - 14
ခြွေ - 15
ခြွေ - 16
ခြွေ - 17
ခြွေ - 18
ခြွေ - 19
ခြွေ - 20
ခြွေ - 21
ခြွေ - 22
ခြွေ - 23
ခြွေ - 24
ခြွေ - 25
ခြွေ - 26
ခြွေ - 27
ခြွေ - 28
ခြွေ - 29
ခြွေ - 30
ခြွေ - 31
ခြွေ - 32 Final

ခြွေ - 7

2.8K 442 2
由 khoe_vi

အချစ်​ကိုအမျိုးမျိုး အဓိပ္ပါယ်​ ဖွင့်ဆိုလို့ရ​ကောင်းရနိုင်​

လိမ့်မယ်​...။ရယူခြင်းနဲ့​ပေးဆပ်​ခြင်း​တွေ ဆိုပြီး အမျိုး
မျိုးအဖုံဖုံ သတ်​မှတ်​ခြင်း​တွေရှိ​နေတဲ့ကြားမှာ​တော့
ကိုယ်​ဟာ အချစ်​ကို ဒီလိုနည်းနဲ့ သတ်​မှတ်​ချင်​တယ်​ ။

ကိုယ့်အချစ်​ကနှုတ်​ခမ်းပါ​လေး​အောက်​ကမှဲ့နက်​​လေး
နဲ့​ကောင်​​လေး.....

"ဂျီမင်း​ဟျောင်း"

"​ပြော​လေ"

​မနက်​စာအတွက်​​ မီးဖို​ချောင်​၌ ​ကော်​ဖီ​ဖျော်​​နေ​သော
​ဂျီမင်းဆီသို့ ​ရောက်​လာကာ ​​ဂျောင်​ကုဘက်​ကလှမ်း​
​ခေါ်ခြင်းဖြစ်​သည်​ ။ဒီ​လောက်​စံအိမ်​ကြီးတမျှ ကြီးမား
တဲ့အိမ်​ထဲမှာ ဂျီမင်း ​ဟျောင်းတစ်​​ယောက်​ထဲ​နေတာ
တဲ့လား..။

"ကျွန်တော်​...အင်းဟို.."

"​ပြောစရာရှိတာပွင့်ပွင့်လင်းလင်း​ပြောပါ ​ဟျောင်းကို
အားမနာပါနဲ့"

"ဟို​လေ မင်းသမီးရှင်းအယ်​ကလာမဲ့awardပွဲ
တက်​မယ်​လို့ကြားတယ်​ အဲ့ဒါ​လေ ကျ​နော်​လဲအဲ့ပွဲ
ကို...."

"မင်းကြည့်ချင်​လို့လား..."

ကျွန်တော်စကားမဆုံးခင်​မှာပဲ ဖြတ်​ကာ​မေးလာ​သော
ဂျီမင်း​ဟျောင်း​ကြောင့် အနည်းငယ်​​တော့ စိုးထိတ်​
သွားရသည်​ ။

"ဟိုအဲ့ဒါ..ကျွန်တော့်သူငယ်​ချင်းမီဆူအာဆိုတဲ့
​ကောင်​မ​လေး​လေ သူကဂျီဟွန်းကို​​တွေ့ချင်​လို့တဲ့
အဲ့ဒါ လက်​မှတ်​​ဈေး​တွေဘာ​တွေ ဘယ်​လိုဝယ်​ရလဲ
​တွေသိချင်​လို့ ​ဟျောင်းကအဲ့ဘက်​​တွေဆိုသိ​လောက်​
မယ်​ထင်​တာနဲ့...."

လက်​ဖဝါးနှစ်​ဖက်​အားပွတ်​ကာ မရဲတရဲ​ဖွင့်ဟလာ
​သော ​ဂျောင်​ကုမှာ ကျွန်တော့်အားနည်းနည်း​တော့
လန့်​နေပုံရသည်​ ။အမှန်​တိုင်း​ပြောရရင်​ ​ကောင်​​လေး
​ပျော်​ဖို့အတွက်​ ဆန္ဒ​တွေမှန်​သမျှဖြည့်ဆည်းချင်​ခဲ့တာ
ပါ..။အခုလိုကိုယ့်​အ​ပေါ် ရှိန်​ပြီး မပွင့်မလင်းဖြစ်​မှာ
မလိုလားလို့လဲ အမြဲပြုံးပြီး​ဖော်​​ဖော်​​ရွေ​ရွေဆက်​ဆံ​ပေး
ခဲ့ပါတယ်​...။

"မင်း​ရော ရှင်းအယ်​ကိုမ​တွေ့ချင်​ဘူးလား"

"ဟင်​ အဲ့ဒါက​လေ...မ​တွေ့ချင်​ပါဘူး"

"​သေချာလား"

ဒီ​ကောင်​​လေးကြည့်ရတာ ရှင်းအယ်​ကိုသ​ဘောကျတဲ့
ပုံပါပဲ..။ဟိုတစ်​ခါက​တောင်​ ရိုက်​ကွင်းမှာရှင်းအယ်​
လက်​မှတ်​လာ​တောင်းသွားတာ ဟို​​ဆော့​ပြောလို့
သိခဲ့ရတယ်...အခု​တော့မကြည့်ချင်​ဘူးဆိုတာဖြစ်​
နိုင်​ပါ့မလား..။ကိုယ်​သိပါတယ်​ မင်းလိမ်​​နေတယ်​
ဆိုတာ...။

"ငါကကွာ မင်းပါ​တွေ့ချင်​ရင်​ အ​ကောင်းဆုံးစီစဉ်​
​ပေးမလို့ သူငယ်​ချင်းကဆို​တော့ နည်းနည်းစဉ်းစားရမယ်​"

မျက်​နှာပိုးသတ်​ကာ ရုပ်​တည်​ဖြင့်စကားဆိုလာ​သော
​ကြောင့် မျက်​လုံးပြူးမျက်​ဆံပြူးဖြစ်​သွား​သော
​ဂျောင်​ကု...။

"တကယ်​​ပြောတာလား အ​ကောင်းဆုံးစီစဉ်​​ပေး
မယ်​ဆိုတာ ဘယ်​လိုမျိုးလဲ ကျွန်တော်လဲ​တွေ့ချင်​တယ်​"

"​ဟျောင်း​ပြောထားတယ်​​လေ မင်းလိုအပ်​တာ
မှန်​သမျှဖြည့်ဆည်း​ပေးမှာပါလို့"

ခပ်​သွယ်​သွယ်​ပါးတို့အား မမှီမကမ်းလှမ်းဆွဲ​သော
ဂျီမင်း​ကြောင့် ​ဂျောင်​ကုအမြန်​ပင်​မျက်​နှာလွှဲလိုက်​
​လေသည်​ ။ထိုအခါမှ ဂျီမင်းလဲကိုင်​ထား​သော
လက်​​လေးအားလွှတ်​ကာ မနက်​စာစားခြင်းဖြင့်
တစ်​​နေ့တာကိုစတင်​ခဲ့​လေသည်​။

"​အော်​ ဒါနဲ့ မင်းဒီ​နေ့​ကျောင်းပိတ်​တာပဲ
အပြင်​​တွေသွားချင်​လား "

စား​နေရင်းမှ အစီအစဉ်​မရှိဘဲ​မေးလာ​သော
ဂျီမင်း​ကြောင့် ​ဂျောင်​ကုလဲ ချက်​ချင်းအ​ဖြေပြန်​
​ပေးရန်​စဉ်းစားရ​လေသည်​ ။

"ကျွန်တော့် ​မေ​မေဆီသွားချင်​တယ်​"

"ဒါပဲလား..တခြား​ရော??"

ဒီ​နေ့မှပဲသ​ဘော​ကောင်း​နေတာလား..။ပင်​ကိုယ်​
စိတ်​ရင်းက သ​ဘော​ကောင်းရိုးခံရှိ​နေတာ​ကြောင့်လား
မသိ အမြဲလိုက်​​လျော​ပေးတတ်​​သော ဂျီမင်း​ကြောင့်
​ဂျောင်​ကုလဲ ဆွံ့အ​နေမိသလို မ​နေတတ်​လဲဖြစ်​​နေရ
သည်​ ။

"တခြား​တော့ ​ဟျောင်းအဆင်​​ပြေမယ်​ထင်​တဲ့​နေရာ
သွားပါ"

"အွန်း...ရုပ်​ရှင်​သွားကြည့်ချင်​တယ်​ ဘယ်​လိုလဲ
ကြိုက်​လား"

"ရပါတယ်​"

ထို့​နောက်​မှ မနက်​စာထမင်းဝိုင်း​လေးအားအမြန်​
လက်​စသတ်​ရင်း ​ဂျောင်​ကု၏ အ​မေအိမ်​သို့ ဦးစွာ
ထွက်​ခွာလာခဲ့ကြသည်​ ။

သိပ်​မကြီးကျယ်​သည်​လဲမဟုတ်​​သော အိမ်​ငယ်​​လေး
သည်​ ခြံနဲ့ဝန်းနဲ့ ပန်းပင်​အချို့​လေးတို့ဖြင့် ​နေချင့်စ
ဖွယ်​ဖြစ်​​နေသည်​ကို​တော့ ​ဂျီမင်းအခိုင်​မာဆိုနိုင်​မည်​ ။
သုံးထပ်​တိုက်​အိမ်​မှာ တစ်​​ယောက်​ထဲ အထီးကျန်​စွာ
​နေရတာထက်​စာရင်​​​ပေါ့....။

"​မေ ကျွန်တော်​ပြန်​လာပီ"

"ဟယ်​ အမ​လေး​မေ့က​လေး​လေး ကုကီး​လေး
လွမ်း​နေရတာ ကြည့်ပါအုံး မ​တွေ့ရတာဖြင့် သိပ်​မကြာ
​သေးဘူး ငါ့သား​လေးက​ချောလာလိုက်​တာ"

"​မေ​​မေက​တော့​မြှောက်​ပီ ဗျာ"

"​ဟော ​ဘေးကလူ​ချော​လေးကဘယ်​သူပါလဲ"

"Nae Park Jiminပါအန်​တီ "

နဂို​မှေး​နေ​သောမျက်​ဝန်များအား ပိတ်​သည်​အထိ
အချိုမြိန်​ဆုံးပြုံးပြလာမှုမှာ မြင်​ရသူအ​ပေါင်းအတွက်​
​တော့ ​အေးချမ်းမှုအားရရှိသွားသ​ယောင်​ပင်​ ။

"ဟုတ်​တယ်​ ​မေ​မေ ကျွန်တော့်ကုမ္ပဏီရဲ့CEOပါ"

"အို !ဒီလိုအသက်​ငယ်​ငယ်​​လေးနဲ့ CEO​တစ်​​ယောက်​
ဖြစ်​​နေတာအံ့သြစရာဘဲကွယ်​ လူ​လေးကလဲ​ချော​သေး"

"အာ ​ကျေးဇူးတင်​ပါတယ်​ အန်​တီ အဲ့​လောက်​လဲ
မဟုတ်​ပါဘူး"

​ဘေးက​ကောင်​​လေးကို​ကြည့်​တော့ အပြုံးအရယ်​ဖြင့်
သိပ်​မရှိ ခပ်​​ရေး​ရေး​လေးပြုံး​နေသည်​သာ​တွေ့ရ၍
ဂျီမင်းလဲ သက်​ပြင်းချမိသည်​ ။မင်းကလဲနားလည်​ရခက်​
တယ်​ ​ဂျောင်​ကု..။

ထို့​နောက်​ ​ဂျောင်​ကု​မေ​မေ ​မီးဖို​ချောင်​ဘက်​သို့
ထွက်​သွားအပြီး ဧည့်ခန်း​ရှေ့၌ သူနဲ့​ဂျောင်​ကုသာ
ကျန်​ခဲ့​လေသည်​ ။​ကောင်​​လေးက​တော့ ခုံ​ပေါ်မှာ
အကျအနထိုင်​ပြီး ဂိမ်း​ဆော့​နေ​လေရဲ့..။မင်းမှာလဲ
အဲ့လိုက​လေးဆန်​တဲ့အပြုအမှု​လေး​တွေရှိ​နေပါလား။

"​ဂျောင်​ကု ရုပ်​ရှင်​ကြည့်ဖို့လက်​မှတ်​ကြိုဖြတ်​ထားရ
​အောင်​​လေ"

"ဟို​ရောက်​မှ ဇာတ်​လမ်း​အေး​ဆေး​ရွေးရ​အောင်​"

"​ကောင်းပီ​လေ"

တစ်​ဖန်​ပြန်​ငြိမ်​သက်​သွားပြီး​နောက်​ နှစ်​​ယောက်​
ကြား​ပြောစရာစကားမရှိ​တော့၍ ​ခေါင်းအား​​အ​နောက်​
သို့မှီချကာ ​လေပူတစ်​ချက်​မှုတ်​ထုတ်​မိသည်​ ။

​ဂျောင်​ကု​ရေ မင်းဒီလိုလူမှု​ရေး​ခေါင်းပါးမှုနဲ့ဧည့်
သည်​​တွေကိုမဆက်​ဆံမိပါ​စေနဲ့အုံး...ကိုယ့်အ​ပေါ်
​ပဲရမယ်​..ဘာလို့လဲဆို​တော့ကိုယ့်​လောက်​မင်း
အ​ပေါ်နားလည်​​ပေးနိုင်​မဲ့လူ ဒီကမာ္ဘမှာရှိ​တော့မယ်​
မထင်​လို့....။

"သားတို့ စားပြီးမှပြန်​ကြမလား"

"​နေပါ​စေ အန်​တီကျ​နော်​တို့စားလာခဲ့ပါတယ်​"

"ဟုတ်​တယ်​ ​မေ​မေ..ကျွန်တော်​တို့သွားစရာ​လေး
ထပ်​ရှိ​သေးလ်ို​..​နောက်​ကျရင်​မကြာမကြာထပ်​လာ
မှာ​နော်​..ကျွန်တော်လဲ​မေ​မေ့ကိုအမြဲလွမ်း​နေခဲ့တာ"

မိခင်​ဖြစ်​သူရင်​ခွင်​ထဲသို့တိုးဝင်​ကာ ဖက်​လိုက်​​သော
ထိုအချွဲ​လေးမှာ တကယ့်ကိုချစ်​စဖွယ်​ပင်​..။ကိုယ်​လဲ
ကိုယ့်မာမီနဲ့အဲ့လို​လေး​နေချင်​မိခဲ့တာပါ...။
​ဝေ့တက်​လာ​သောမျက်​ရည်​စတို့အားထိန်း
ချုပ်​ရင်း အ​တွေးတို့အား တစ်​ခဏမျှအတိတ်​ကာလ
ဆီသို့....။

"ဂျီမင်း မင်းကိုမာမီ​ပြောစရာရှိတယ်​"

အသက်​၁၂နှစ်​အရွယ်​သာသာ​လောက်​ရှိမည့်
က​လေးငယ်​ဂျီမင်းသည်​ စာလုပ်​ရာမှအသံလာရာ
မိခင်​ထံသို့​စောင်းငဲ့ကြည့်မိသည်​ ။

"မာမီ ​နောက်​​အိမ်​​ထောင်​ပြု​တော့မယ်​"

"သားခွင့်မပြုဘူး​မာမီ ​ပါပါး​နေရာမှာဘယ်​သူ့မှ
အစားမထိုးနိုင်​ဘူး ပီး​တော့ ပီး​တော့...မာမီနဲ့
သားနဲ့ပဲနှစ်​​ယောက်​အတူတူ​နေသွားကြမယ်​​လေ"

"အဓိပ္ပါယ်​ မရှိတာ​တွေ​ပြောမ​နေစမ်းနဲ့ဂျီမင်း
ပြီး​တော့ မင်းခွင့်ပြုချက်​လဲလာ​တောင်း​နေတာ
မဟုတ်​ဘူး မင်းဘက်​ကလဲငါဆုံးဖြတ်​ထားသမျှကို
ဆရာဝင်​လုပ်​ခွင့်မရှိဘူး က​လေးက က​လေးလို​နေ"

'ဂျိမ်း' ခနဲ​ဆောင့်ပိတ်​သွား​သော တံခါး​၏​နောက်​ကွယ်​
၌ မျက်​ရည်​စတို့ကထိန်းမရစွာကျဆင်း​နေသည့်
​ကောင်​​လေးတစ်​​ယောက်​ရှိ​နေခဲ့သည်​ ။

"ပါပါး..မာမီက​လေ တခြားလူနဲ့​ပျော်​​နေ​တော့မှာ
သားတို့ဘဝထဲကိုလူစိမ်းဝင်​လာ​တော့မှာ
ပါပါး​နေရာမှာလဲ...အ..အစားထိုး​တော့မယ်​
သားမကြိုက်​ဘူး ဘယ်​လိုလုပ်​ရမလဲပါပါး အီးဟီး ဟီး"

ထိုအချိန်​ထဲကစပြီး ​မာမီဟာ​နောက်​အိမ်​​ထောင်​ပြု
ပြီး ​ယောက်ျားဖြစ်​သူကိုအိမ်​​ခေါ်လာခဲ့တယ်​..။
ပါပါးသိလား..အဲ့လူက​လေ ပါပါး​နေရာမှာဝင်​​နေရုံတင်​
မကဘူး စိတ်ဓာတ်​ကလဲအရမ်းယုတ်​မာတာ...။
သားဘက်​မှာ မရှိဘဲ အဲ့လူဘက်​ကိုအမြဲလိုက်​ခဲ့
တဲ့မာမီကိုလဲမုန်းတယ်​...။အရမ်းမုန်းတယ်​...။

☘︎

Movieကြည့်ရန်​နှစ်​​ယောက်​သားဇာတ်​လမ်းအ​ရွေး
မှာအ​တော်​ကြာခဲ့​လေသည်​ ။တကယ်​​တော့ ကိုယ်​က
ပြိုင်​ငြင်း​နေတာမဟုတ်​...​ကောင်​​လေးသ​ဘောဟူ၍
သာစိတ်​ကြိုက်​​ရွေးချယ်​ခွင့်​ပေးထားခဲ့သည်​ ။သို့​သော်​
ဒီက​လေးကိုယ်​တိုင်​ကကို စိတ်​မကြိုက်​နိုင်​ဖြစ်​​နေတာ။

"အာ ဒါမဆိုးဘူးပဲ"

'The Nightmare Before Chirstmas'
ဆိုတဲ့ ကာတွန်းကားတဲ့...။ဂျွန်​​ဂျောင်​ကု တို့က​တော့
က​လေး​လေးပါပဲလားကွာ...။

"ဟင်​ ကာတွန်းကြီး"

"အင်း​လေ ​ရွေးစရာမှာမရှိတာ ဒါ​ပေမဲ့လဲ​ကောင်းမဲ့
ပုံပါပဲ လူကြည့်များတယ်​​လေ"

ထို့​နောက်​ ဂျီမင်းလဲဘာမျှမ​ပြောဘဲ ရုံထဲသို့သာ
နှစ်​​ယောက်​သားဝင်​သွား​လေ​တော့သည်​ ။
ဇာတ်​လမ်းစပြသည်​နှင့် ဇာတ်​လမ်းထဲအာရုံမရနိုင်​
သည်​က ဂျီမင်းပင်​ ။အ​မှောင်​ရိပ်​၌ ထင်း​နေ​သော
တစ်​စုံတစ်​ဦး၏ ​ချော​မောမှု​အောက်​၌ လုံးလုံးလျား
လျား ကျ​ရောက်​​နေခြင်း​ကြောင့်ဖြစ်​သည်​ ။

အင်း..မင်းကငါထင်​တာထက်​ကို ​ချောတယ်​​ဂျောင်​ကု။

ကိုယ့်ထက်​မဆိုသ​လောက်​​လေး မြင့်​သော​ကြောင့်
အနည်းငယ်​​တော့ ​မော့ကြည့်​နေရသည်​ ။ပတ်​ခ်​ဂျီမင်း
​ရေ မင်း​ဘေးမှာဝိုင်း​နေတဲ့ မဒီ​တွေသာ​တွေ့ရင်​ ဒီ​
​ကောင်​​လေး​နောက်​ ​သေချာ​ပေါက်​ပါသွားကြမှာ ။

"ပြီးပြီ​လေ ဘာကြည့်​နေတာလဲ
ရုပ်​ရှင်​ထဲ​မျောသွားလို့လား"

"ဟမ်​ ပြီး..ပြီးသွားတာလား ဘယ်​တုန်းကလဲ"

"အ​ဟော ​သေချာပါတယ်​ ​မျောသွားပီဆိုတာ"

ရုပ်​ရှင်​ပြီးလို့ပြီးမှန်းမသိ​အောင်​ကို ကျွန်တော်​​ငေး​နေမိ
တာလား..။နှစ်​နာရီ​ကျော်​​ကျော်​ ဇာတ်​လမ်းကို တစက်​
​လေးမှသတိထားမိ​ဘဲနဲ့​လေ..။

ကိုယ့်ဟာကိုယ်​မလုံမလဲဖြစ်​​နေမိတာနဲ့ပဲ ​ဂျောင်​ကု​ရှေ့
ကအမြန်​​ကျော်​တက်​ရင်း ကားဆီသို့သာခပ်​သုတ်​
သုတ်​​လျှောက်​ခဲ့လိုက်​သည်​ ။

"ဘယ်​လိုလဲ ဇာတ်​လမ်းက​ကောင်းရဲ့လား"

"အမ်​ ​အော်​ အရမ်း​ကောင်းတာ​ပေါ့ ​ဂျောင်​ကုရဲ့
​တစ်​ခန်းမှ​တောင်​မလွှတ်​တမ်းကြည့်ခဲ့တာ ကြိုက်​လွန်း
လို့..."

​တကယ်​ကိုမလွယ်​ပါလား​နော်​...ငါ့နှယ်​..။

"အဆုံးနား​လေးဘာဖြစ်​သွားလဲ​ဟျောင်း..ကျွန်တော်
အဲ့နား​လေးအာရုံသိပ်မရခဲ့လို့"

ခါးပတ်​​ ပတ်​​နေ​သောလက်​တို့ တုံ့ခနဲပင်​ဖြစ်​လျက်​ ။
​ဂျောင်​ကု သူ့ကိုဇာတ်​လမ်းအ​ကြောင်း​မေးလိုက်​တာ
လား..။အဲ့မှာ ပတ်​ခ်​ဂျီမင်းတို့ဒုက္ခ​ရောက်​တာပဲ။
​စောန​လေးတင်​ တစ်​ခန်းမှမလွှတ်​ခဲ့ဘူး​ပြောတာ..
အခု​တော့ဘယ်​လို​လုပ်​ရပါ​တော့မလဲ..။

"ဟို​လေ အဲ့..အဲ့ဒါက"

"Jackနဲ့ Sallyကနှစ်​​ယောက်​​ပေါင်းရရဲ့လား
မသိလိုက်​လို့"

အမှန်​တိုင်း​ပြောရရင်​ ကိုယ်​လုံးဝမသိတာ​ကောင်​​လေး
​ကိုယ်​သိတာ​ပြောရရင်​ မင်းအလှပဲ..။မင်း​ပြောတဲ့
Jackနဲ့sallyမှာ ဘယ်​ဟာအထီးဘယ်​အမ မှန်း
​တောင်​ကိုယ်​သိတာမဟုတ်​ဘူး..။

"အာဟုတ်​တယ်​​လေ ​နောက်​ဆုံးsallyက​သေ
သွားတာ"

"ဟင်​ ဟုတ်​လား..ဇာတ်​လမ်းကဇာတ်​နာကြီးဖြစ်​ပြီး
ကြည့်​နေတဲ့လူက​ပြုံး​နေလို့ပါလား အဆန်းပဲ​နော်​"

"​အော်​ အဲ့ဒါကsallyကသူ့အချစ်​ကိုထုတ်​ပြခဲ့ရလို့
​နေမှာ​ပေါ့"

​ပြောသာ​ပြော​နေရတာ အသံ​တွေကလဲတုန်​လို့...။
ဒီအ​ကြောင်းကို ဒီမှာလက်​စသတ်​ရင်​​ကောင်းမယ်​
ထင်​တယ်​...။

"ဟို​လေ ​ဂျောင်​ကု
Awardပွဲကိစ္စက မင်းတို့ပိုက်​ဆံအကုန်​ခံပြီး
လက်​မှတ်​ဖြတ်​စရာမလိုဘူး..​ဟျောင်းတို့ရဲ့
ကုမ္ပဏီ ကသင်​တန်းသားတစ်​​ယောက်​အ​နေနဲ့
​ခေါ်လာ​ပေးလို့ရတယ်​"

"ဒါဆို ကျွန်တော်​ပဲရမှာ​ပေါ့ မီဆူအာက​ရော"

"​ဂျောင်​ကုရယ်​ ​ဟျောင်းထက်​ ရာထူးမြင့်တဲ့လူ
ဘယ်​သူရှိ​သေးလဲ...ငါခွင့်ပြုရင်​ဘာမဆိုလုပ်​လို့
ရတယ်​ ....
အဲ တစ်​ခု​တော့ရှိတယ်​​နော်​ အဲ့လိုလိုက်​ရမယ်​ဆိုရင်​
​တော့ သူတို့​ဖျော်​​ဖြေပွဲ​တွေကို ​စင်​​နောက်​ကTVက​နေ
တဆင့်ပဲကြည့်ရမှာ"

"ဟာ အဲ့ဒါ​တော့ဘယ်​​ကောင်းမလဲ ​ဖျော်​​ဖြေတာကိုအဲ့
လိုကြည့်ရ​တော့ဘာထူးမှာလဲဗျာ..အိမ်​ကပဲထိုင်​
ကြည့်​တော့မှာ​ပေါ့.."

"အဲ့လိုလဲမဟုတ်​ဘူး​လေ ​မင်းက​ဖျော်​​ဖြေတာကြည့်
ချင်​တာလား..အနီးကပ်​ကြည့်ချင်​တာလား"

"အနီးကပ်​​ပေါ့"

"ဒါဆို ငါစီစဉ်​တဲ့အတိုင်းလက်​ခံမယ်​ဟုတ်​"

"အွန်း....ဒါနဲ့ သင်​တန်းသားသာ​ပြောတယ်​
ကျွန်တော်​အခုထိဘာမှ ​လေ့ကျင့်တာ​တွေမလုပ်​ရ
​သေးဘူး​နော်​ ကျွန်တော့်ကိုပွဲဦးထွက်​​ပေးဖို့ အစီစဉ်​​ရော
ရှိရဲ့လား.."

​ဂျောင်​ကု၏ ခပ်​​ငေါ့​ငေါ့အ​မေးအား သ​ဘောကျစွာ
ဂျီမင်း ရယ်​မိသည်​ ။

"မင်းစာ​မေးပွဲရှိ​နေလို့ပါ..ပြီးတာနဲ့ ​ဟျောင်းရယ်​ ခဏ
နားပါအုံးဆိုပြီး​ပြောယူရတဲ့အထိ ​လေ့ကျင့်ရမှာ"

"​အေး​ဆေးပါဗျာ"

ဒီ​ကောင်​​လေး၏ ​'​အေး​ဆေး'ဟူ​သောစကားမှာ
​ပေါ့ပျက်​ပျက်​မဟုတ်​ဘဲ တကယ့်ကိုပင်​​လေးနက်​
သည်​။ အနုပညာနဲ့ပတ်​သက်​လို့က​တော့...ဘယ်​
​လောက်​ပင်​ပန်း​နေပါ​စေ ခံနိုင်​ရည်​ရှိတယ်​ဆို​သော
စကားအား မျက်​လုံးများကအခိုင်​အမာကို​ပြောဆို
​နေ​လေသည်​ ။မင်းက ပတ်​ခ်​ဂျီမင်းဆိုတဲ့ ငါငယ်​ငယ်​
ကအတိုင်းပါပဲလား..။

ထို့​နောက်​ ​မောင်းထွက်​သွား​သော ကား​လေးတစ်​စီး
နှင့်အတူ ကားထဲမှ လူနှစ်​​ယောက်​သည်​လဲ စကား
​ပြောခြင်းအလျဉ်းမရှိခဲ့...။

ထိုအထဲမှတစ်​စံတစ်​ဦးသည်​ ကား၏တစ်​ဖက်​မှန်​သို့
လှည့်ကာပြုံးရင်း ​ဘေးလူမကြား​အောင်​ တိတ်​တဆိတ်​
​ရေရွတ်​မိ​လေသည်​မှာ.....။

ခင်ဗျားကပျော်ရွင်စရာဇာတ်လမ်းကို နာကျင်စရာအ
ဖြစ်ပြောင်းခဲ့တာပဲ ပတ်ခ်ဂျီမင်းရှီ....။
တကယ်တော့ Jackနဲ့Sallyကပေါင်းဖက်ခဲ့ကြပါတယ်..။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

继续阅读

You'll Also Like

11.3K 842 26
Ha pasado ya algo de tiempo desde que los monstruos fueron liberados del subsuelo. Vives una vida tranquila junto a muchos de los amigos que hiciste...
2K 125 24
Innocent face with her angelic voice and gestures but behind those characteristics there's an evil hiding. A famous Races and a Badass Business man...
1M 43.1K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
541K 11.7K 38
In wich a one night stand turns out to be a lot more than that.