HIGER [COMPLETED]

Harry-Kim द्वारा

262K 47.4K 3.9K

He is a mess but He is a masterpiece. अधिक

[ 0 ]
[ 1 ]
[ 2 ]
[ 3 ]
[ 4 ]
[ 5 ]
[ 6 ]
[ 7 ]
[ 8 ]
[ 9 ]
[ 10 ]
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15 ]
[ 16 ]
[ 17 ]
[ 18 ]
[ 19 ]
[ 20 ]
[ 21 ]
[ 22 ]
[ 23 ]
[ 24 ]
24/2
24/3
24/4
24/5
24/6
24/7
[ 25 ]
[ 26 ]
[ 27 ]
[ 28 ]
[ 29 ]
[ 30 ]
FINALE
Harry's Note

24/1

5.6K 958 39
Harry-Kim द्वारा

[ Unicode ]

'' ဟာ အကုန်မော့ချလိုက်တာလား ?
ကျွန်တော် အဆိပ်ခတ်ထားရင်ဘယ်လိုလုပ်မလဲ? ''

Chanyeol သည်ဘာမှမကျန်တော့တဲ့
အအေးခွက်ကိုကြည့်လိုက်ပြီး သံဝေဂရနေသော
အကြည့်ဖြင့် Baekhyun ကိုငဲ့ကြည့်လိုက်သည်။

'' လူဆိုတာ သေမျိုးပဲလေ ''

Baekhyun သည်ခေါင်းကိုအနည်းငယ်
ခါယမ်းလိုက်ပြီး Chanyeol ၏ဖိုင်တွဲထဲမှာ
ပါလာသည့် စာရွက်အလွတ်တွေကိုမျက်နှာပေါ်တင်ပြီး
အုပ်ထားလိုက်သည်။

Baekhyun ၏အပြုအမူတစ်ခုချင်းစီကို
အမြတ်တနိုးဖြင့်အသေးစိတ်လိုက်ကြည့်နေတဲ့
Chanyeol ကတော့နှုတ်ခမ်းတွန့်ရုံသာ
ပြုံးလိုက်သည်။

'' ကျောင်းမသွားဘဲနဲ့ ကိုယ့်နောက်ကို
လိုက်လာတာလား Kyoong? ''

Chanyeol က Baekhyun မျက်နှာပေါ်က
စာရွက်တွေကို ဖယ်ရှားရန်ပြင်လိုက်တော့
Baekhyun က အဖယ်မခံဘဲ
Chanyeol ရဲ့လက်ကို ပုတ်ထုတ်လိုက်သည်။

'' ကိုယ်မင်းကို လေယာဉ်အချိန်ပဲပြောမိတာပါ
ဘယ်သွားမယ်လို့မပြောမိပါဘူး Australia
ကိုသွားမယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ? ''

'' ကိုယ့်ကိုယ်ကို အဲ့လောက်အထင်မကြီးနဲ့
ခင်ဗျားနောက်ကိုလိုက်လာတာမဟုတ်ဘူး
Australia ကိုအလည်လာတာ ''

စာရွက်တွေအုပ်ထားသော မျက်နှာကို
အကြောင်းမဲ့ ငေးကြည့်နေပြီးမှကုတ်အကျႌကို
ချွတ်ကာwhite shirtအကျႌအပါးလေးသာ
ဝတ်လာသော Baekhyun၏ ကိုယ်ပေါ်သို့
လွှားကာခြုံပေးလိုက်သည်။

စာရွက်တွေနဲ့ မျက်နှာတစ်ခုလုံးကို
လုံအောင်ဖုံးထားသော Baekhyunကတော့
လက်ကိုပိုက်လျက် Chanyeol မမြင်အောင်
ကြိတ်ပြုံးနေလေသည်။

•••

မနေ့ညက...

မျက်လုံးကိုအတင်းမှိတ်ကာ အိပ်ပျော်အောင်အိပ်ရန်
ကြိုးစားသော်လည်း အလိုလိုပြူးကျယ်လာသော
မျက်လုံးတွေကြောင့် အိပ်ယာပေါ်မှာလှိမ့်နေရင်းဖြင့်သာ
တဖြည်းဖြည်း ဉာဥ့်နက်ချိန်သို့ကူးပြောင်းလာလေသည်။

... ကိုယ်မနက်ဖြန် ခရီးသွားမှာ!
တစ်ပတ်လောက် ကြာမယ် Kyoong ...

'' အား! Park Chanyeol! ''

သီချင်းတစ်ပုဒ်ကို repeat လုပ်ပြီးနားထောင်
နေသလို ဒီအသံကြီးပဲထပ်ခါထပ်ခါကြားနေရတာကို
သည်းမခံနိုင်တော့သည့်အဆုံး Baekhyun
ကုတင်ပေါ်မှာ ငေါက်ခနဲကောက်ထိုင်လိုက်ကာ
့မ့စာရေးခုံပေါ်ကနာရီကိုလှမ်းကြည့်လိုက်လေသည်။

အချိန်မဆွဲနေတော့ဘဲ ချက်ချင်းပင်ကုတင်ပေါ်ကဆင်းကာ
ကြမ်းပြင်ပေါ်မှာ အပုံသားကျနေသည့်ကန်ထုတ်ထား
သောစောင်တွေကို ကုတင်ပေါ်သို့ပစ်တင်လိုက်သည်။

ထို့နောက် luggage တစ်လုံးကိုဗီဒိုထဲမှထုတ်ကာ
အဝတ်အစားတွေကို သေချာရွေးထည့်လိုက်သည်။

'' သွားမယ့်အရေးကို နှုတ်ပိတ်ပြီးမသွားဘူး
တမင်သက်သက် လူကိုစိတ်ဒုက္ခပေးသွားသေးတယ်
နေပါဦး Park Chanyeol ကဘယ်ကိုသွားမှာလဲ ''

လေယာဉ်အချိန်ပဲပြောပြီး ဘယ်သွားမှာဟု
သေချာမပြောသွားသည့် Chanyeol ကြောင့်
Baekhyun မှာ ခဏတာလက်မှိုင်ချသွားရသည်။

အခုချိန်မှာ Park Chanyeol ကိုဖုန်းဆက်ပြီး
ခင်ဗျားဘယ်နိုင်ငံကိုသွားမှာလဲလို့တိုက်ရိုက်လည်း မမေးချင်။

Byun Baekhyunက သူ့ကို
စိတ်ဝင်စားနေပါပြီဆိုပြီး စိတ်ကြီးဝင်သွားမှာကိုမလိုလား။

CEO Park!

အတွေးထဲမှာပေါ်လာသည့် CEO Park ၏
မျက်နှာကိုမြင်ယောင်ကာ Baekhyun သည်
ဉာဏ်နီဉာဏ်နက်အပြည့်ပါဝင်သော အပြုံးတစ်ပွင့်ကို
ချက်ချင်းဆင်မြန်းလိုက်သည်။

CEO Park ဆိုသည့်အဖိုးကြီးနဲ့ Alexကိုစနောက်
ရတာလောက် Baekhyun ဘဝမှာပျော်ဖို့အကောင်းဆုံး
အရာမရှိသေး။

'' ဒီအချိန်ဆို အိပ်လောက်ပြီလား? ''

ဖုန်အလိမ်းလိမ်းတက်နေသောPark Group ရဲ့ visiting card ကို မနည်းရှာဖွေလိုက်ရပြီးသည့်နောက် ဖုန်းနံပါတ်ကိုနှိပ်ကာ Baekhyun ခပ်တိုးတိုးရေရွတ်လိုက်လေသည်။

စိတ်ထဲကနေလည်း ဖုန်းကိုင်ပါစေ၊ဖုန်းကိုင်ပါစေ
ဟု အကြိမ်ကြိမ်ဆုတောင်းနေလိုက်သည်။

'' Hello ''

ဆယ်စက္ကန့်လောက်ကြာပြီးသည့်နောက်တွင်
CEO Park ရဲ့ခပ်လေးလေးအသံကိုကြားလိုက်ရသည်။

'' မင်္ဂလာပါ ကျွန်တော်က MD Park Chanyeol နဲ့လုပ်ငန်းချင်းတွဲလုပ်နေတဲ့ Group က CEO ပါ ''

အသံတုလုပ်တတ်တဲ့ Baekhyun ရဲ့ပညာက ဒီနေရာတွင်အလွန်အသုံးဝင်သွားလေသည်။ တစ်မိုးအောက် CEO Park ကချိုချိုသာသာပင်ပြန်ဖြေလာသည်။

'' ဪဟုတ်ကဲ့၊ ကျွန်တော်က MD Park ရဲ့အဖေ CEO Park ပါ၊ ဒါနဲ့ဘာကိစ္စများလဲ ခင်ဗျ ''

'' အာ ဟုတ်ကဲ့ ၊ MD Park ကိုဖုန်းဆက်လို့မရလို့ပါခင်ဗျ၊ သူနဲ့အရေးကြီး အလုပ်ကိစ္စလေးဆွေးနွေးစရာရှိလို့လေ
အဟင်း  ''

'' သားက မနက်ဖြန်မနက်ကိုးနာရီ Australia ကိုသွားမှာဆိုတော့ စောစောအိပ်သွားပြီထင်တယ် ခင်ဗျ ''

အသိချင်ဆုံးအဖြေကို လွယ်လင့်တကူရလိုက်တာကြောင့် Baekhyun ကလက်ဖျောက်တီးကာ ထခုန်မိလိုက်လေသည်။

'' ဒါနဲ့ အခုဖုန်းဆက်နေတဲ့သူကိုဘယ်သူလဲပြောလိုက်ရမလဲခင်ဗျ ''

'' ဟုတ်ကဲ့ကျွန်တော်က အချစ်စစ်ဖြန့်ချိရေးကုမ္ပဏီက CEO Bobohu ပါ၊ အားရင်လာလည်ပါဦး ''

ယောက္ခမလောင်းကြီးကို စနောက်ကာပြောပြီးချက်ချင်းဖုန်းချလိုက်သည်။

'' Australia ကိုသွားမှာဆိုပဲ ''

လေယာဉ်လက်မှတ်ကိစ္စကိုတော့ စိတ်ပူစရာမလိုပါ။
Martin ရဲ့အကူအညီဖြင့် ညတွင်းချင်းတောင်ရနိုင်သည်။ သူ့အဖေက လေဆိပ်ကအကြီးအကဲတစ်ယောက်မလား။

'' see u tomorrow Park Chanyeol ''

Baekhyun က passport ကသူ့ဓာတ်ပုံကိုသူကြည့်ကာ လေချွန်နေလိုက်သည်။

...

Australia နိုင်ငံရဲ့မြို့တော် Canberra သို့ရောက်သောအခါ Chanyeol နဲ့ချိတ်ဆက်ထားပြီးသားဖြစ်သော ကားသမားက အဆင်သင့်လာကြိုလေသည်။

'' ဘဘလုပ်နေတာလဲ Kyoong ? ကားပေါ်တက်လေ ''

Chanyeol ကကားပေါ်မှာ ဝင်နေရာယူကာထိုင်ပြီးပြီ ဖြစ်ပေမဲ့ Baekhyun ကသူ့ luggage ကိုသူကိုင်ကာ ဒီတိုင်းရပ်ကြည့်နေလေသည်။

Chanyeol ရဲ့အလုပ်က တစ်ပတ်အတွင်းအပြီးသတ်ရမည်ဖြစ်တာကြောင့် အချိန်များများစားစားမရ။

ကိုရီးယားမှာရင်းနှီးမြှုပ်နှံမှုလုံးဝမလုပ်တဲ့ Alex ရဲ့အဘိုး Mr. Blake နဲ့တစ်ပါတ်အတွင်းစာချုပ်မရရအောင်ချုပ်ရမည်ဆိုတာကလည်း ထင်သလောက်မလွယ်။

Chanyeol ထက်ပိုတော်၊ လုပ်ငန်းအတွေ့အကြုံပိုရှိပြီး မိတ်လည်းများသည့် လုပ်ငန်းရှင်တွေတောင် Mr. Blake ဆိုသည့်အဖိုးကြီးကို စည်းရုံးလို့မရကြောင်းကိုလည်း Chanyeol သိထားပြီးသားဖြစ်သည်။ ထို့ကြောင့်လည်း Mr. Blake ရဲ့အကြောင်းတွေကိုလည်း ကြိုတင်ကာနှံ့နှံ့စပ်စပ်သေချာစုံစမ်းထားရသေးသည်။

Australia သို့ရောက်ရောက်ချင်းရက်မှာတောင် ချက်ချင်းအတွေ့မခံသေးသော Mr. Blake ရဲ့ပြတ်သားမှုကြောင့် Chanyeol မှာကြိုးစားချိန်ခြောက်ရက်သာ ကျန်တော့လေသည်။ ဒုတိယနေ့မှာတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့သွားတွေ့ရမည်။

mission ကတစ်ပါတ်အတွင်းမအောင်မြင်ရင် Alex နဲ့ကျိန်းသေပေါက်ယူရဖို့က ၉၉.၉၉ ရာခိုင်နှုန်းလောက်ကသေချာနေလေသည်။

Chanyeol ကတော့ဘယ်လိုနည်းနဲ့မှ ထိုသို့အဖြစ်ခံမည်မဟုတ်။မရရတဲ့နည်းဖြင့် Mr. Blake နဲ့စာချုပ်ချုပ်ဆိုနိုင်အောင်လုပ်မည်ဖြစ်သည်။

အလုပ်ကိစ္စတွေနဲ့ခေါင်းအုံနေရသည်အထဲ Baekhyun ဆိုသည့်ကောင်လေးကလည်း ပြောမကောင်း၊ဆိုမကောင်းနဲ့ တကယ်ကိုခေါင်းမာလှပါသည်။

အခုလည်း ပေကပ်ကပ်ဖြင့်ကားပေါ်မတက်ဘဲ၊
အချေဒီဇိုင်းဖြင့် ရပ်နေလေသည်။

'' မလာဘူးလား Kyoong ''

'' ခင်ဗျားနောက်လိုက်လာတာမဟုတ်ဘူးလို့ပြောသားပဲ၊ ကျွန်တော့်ဘာသာကျွန်တော် Canberra ကိုလာလည်တာ ''

'' အခုချက်ချင်း ကိုကို့ဘေးနားလာထိုင်ရင် မင်းကို Sydney Opera House နဲ့ Harbour Bridge ကိုလိုက်ပို့မယ်၊မင်းသွားချင်တဲ့နေရာတွေကိုရောပဲ ''

Baekhyun ရဲ့မျက်ဝန်းလေးများလက်သွားသည်ကို သတိထားမိသော Chanyeol ကပြုံးကာထပ်ပြောလိုက်သည်။

'' Bondi Beach ကိုရောပဲ ''

Baekhyun ကပြုံးယောင်သန်းချင်နေသောနှုတ်ခမ်းတို့ကို
အသာဖိကိုက်ကာ ကားနောက်ခန်းထဲသို့ luggage ထည့်လိုက်ပြီး Chanyeol ရဲ့ဘေးနားမှာဝင်ထိုင်လာသည်။

Baekhyun က safety belt ကိုပတ်ပြီးမှသာ ကားသမားကို စမောင်းလို့ရပြီဖြစ်ကြောင်းမျက်စပစ်လိုက်သည်။

'' ဒါနဲ့ ခင်ဗျားဘယ်မှာတည်းမှာလဲ ''

'' Hyatt Hotel မှာလေ၊ Booking လုပ်ပြီးသား ''

Baekhyun ကခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီးတော့ ပြန်ငြိမ်ကျသွားသည်။

'' ခင်ဗျားက အလုပ်တွေအရမ်းကြိုးစားတယ်နော် Park Chanyeol. ခင်ဗျားကိုကြည့်ရင် laptop နဲ့မျက်လုံးနဲ့ခွာတယ်ဆိုတာမရှိဘူး ''

Chanyeol က ဟို File ကြည့်၊ဒီ File
ကြည့်လုပ်နေရင်းကနေ ချက်ချင်း shut down
ချကာ Baekhyun ကိုပြုံးပြလိုက်သည်။

'' OK Kyoong မကြည့်စေချင်ရင် ကိုယ်မကြည့်တော့ဘူး ''

Baekhyun က Chanyeol ကိုတစ်လှည့် ၊
Laptop ကိုကြည့်နေပြီးမှ အကြည့်လွှဲကာ ကားအပြင်ဘက်ကိုသာ ငေးနေလိုက်သည်။

'' ကျွန်တော့အဖေလည်း ငယ်ငယ်ကအရမ်းကြိုးစားရတာ၊ သူ့မိန်းမအကြိုက်ဖြုန်းဖို့၊ သူ့မိန်းမငြူစူမှာစိုးလို့၊ ~ ''

မိသားစုအကြောင်းကို တစ်ခါမှထုတ်ပြောလေ့မရှိတဲ့ Baekhyun ကထူးထူးခြားခြားစပြောလာတာကြောင့် Chanyeol သေချာအာရုံစူးစိုက်ကာ နားထောင်နေလိုက်သည်။

'' ဒါပေမဲ့ အဲ့လောက်သူကြိုးစားတာတောင်
သူ့မိန်းမဆိုတဲ့အမျိုးသမီးက သူ့ကိုသိပ်ချစ်တဲ့
သူ့ခင်ပွန်းနဲ့ကလေးကို ပစ်ပြီးနောက်ယောကျာ်း
နောက်ကို လိုက်သွားတယ်လေ ''

Baekhyun ကမငိုပေမယ့်သူ့ရဲ့အသံမှာ
ဖခင်အတွက်ယူကျုံးမရဖြစ်မှုတွေအတိုင်းအဆမရှိ
ပါဝင်နေသည်ကိုတော့ Chanyeol ခံစားမိသည်။

'' Kyoong ဖေဖေကို ကိုယ်မြင်ဖူးချင်လိုက်တာ ''

Baekhyun က Chanyeol ကိုချာကနဲလှည့်ကြည့်ကာ မကြားချင်ယောင်ဆောင်ပြီး Chanyeol နဲ့ဆန့်ကျင်ဘက်သို့ခေါင်းစောင်းထားလိုက်သည်။

'' Kyoong ဖေဖေကအလုပ်ကြိုးစားတာ
Kyoong မေမေအတွက်ဆိုသလိုပဲ၊ ကိုယ်အလုပ်ကြိုးစားနေတာလည်း Kyoong အတွက်ပဲလေ ''

တစ်ဖက်သို့ခေါင်းစောင်းထားသော Baekhyun
ရဲ့ခေါင်းလေးကိုအသာလေးထိန်းယူကာ
Chanyeol ကသူ့ရဲ့ပခုံးပေါ်သို့မှီစေလိုက်သည်။

'' ခင်ဗျား! ''

'' တိုးတိုးလေးနေ၊ ဟိုတယ်ရောက်ရင် meat pieမှာပြီး
ကျွေးမယ် ''

'' မီးပိုင်းက ဘာကြီးလဲ ''

Chanyeol ကခစ်ခနဲရယ်ကာမျက်လုံးမှိတ်လိုက်ပြီး Baekhyun ရဲ့ခေါင်းလုံးလုံးပေါ် သူ့ခေါင်းကို
ပြန်မှီထားလိုက်သည်။

Baekhyun ကရုန်းရန်ပြင်ပြီးမှ တကယ်ကြီးပင်ပန်းနေပုံရသော Chanyeol ကြောင့်အလိုက်တသိငြိမ်ငြိမ်လေးသာနေလိုက်တော့သည်။

Chanyeol ထံမှရသောကိုယ်သင်းရနံ့သင်းသင်းကိုလည်း သူသဘောကျနေမိသည်။

...

ကားပေါ်ကဆင်းပြီး Hyatt Hotel သို့ရောက်သည့်တိုင် Chanyeol သည် Baekhyun ရဲ့ကိုယ်လေးကို ပွေ့ချီထားရသည်။

လေယာဉ်စီးလာသည့်အရှိန်နဲ့ရော၊ ကားအကြာကြီးစီးရတာနဲ့ရောပေါင်းပြီး ပင်ပန်းနေပုံရတဲ့ Baekhyun သည် ကားပေါ်မှာတည်းက အိပ်ပျော်သွားကာ Hotel ထဲသို့ရောက်သည့်တိုင် မနိုးလာသေး။

'' Booking လုပ်ထားလား? ဘယ်နာမည်နဲ့လဲ? ''

'' Park Chanyeol ''

တိုတိုတုတ်တုတ်သာဖြေပြီး ပွေ့ချီထားတဲ့ Baekhyun ရဲ့မျက်နှာကို သူ့ငုံ့ကြည့်လိုက်လေသည်။

'' Single room ပဲယူထားတာနော်၊
by the way နောက်တစ်ခန်းထပ်ယူဦးမလား?
ပွေ့ထားတဲ့ တစ်ယောက်အတွက် ''

Baekhyun ကိုကြည့်ကာမေးနေသည့်
Hotel ကဝန်ထမ်းကို Chanyeol က
ခေါင်းငြိမ့်ရန်ပြင်ပြီးမှ ပြန်ငြင်းပယ်လိုက်သည်။

'' Single room မှာ 2 beds ရှိတဲ့အခန်းနဲ့
ကျွန်တော့်ကိုလဲပေးလို့ရမလား ''

'' Sure ''

နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေသည့် ကောင်ငယ်လေးရဲ့
မျက်နှာကိုငုံ့ကြည့်ကာ အခန်းသော့ကိုယူလာခဲ့လိုက်လေသည်။

အစကစိတ်ပြေလက်ပျောက် ဝိုင်သောက်ကာ
အနားယူမည်ဟုတွေးထားသော်လည်း အိပ်ပျော်နေသည့် Baekhyun ကိုတစ်ယောက်တည်းထားကာ Chanyeol ဘယ်ကိုမှလည်းမသွားချင်တော့။

...

ခဏတာ အိပ်စက်သည့်အချိန်မှစ၍
ထာဝရအိပ်စက်သွားမည့်အချိန်ရောက်သည့်တိုင်
Kyoong ရဲ့အနားမှာ ကိုယ်ရှိနေပါ့မယ်။

...

TBC

______________________________________

[ Zawgyi ]

'' ဟာ အကုန္ေမာ့ခ်လိုက္တာလား ?
ကြၽန္ေတာ္ အဆိပ္ခတ္ထားရင္ဘယ္လိုလုပ္မလဲ? ''

Chanyeol သည္ဘာမွမက်န္ေတာ့တဲ့
အေအးခြက္ကိုၾကည့္လိုက္ၿပီး သံေဝဂရေနေသာ
အၾကည့္ျဖင့္ Baekhyun ကိုငဲ့ၾကည့္လိုက္သည္။

'' လူဆိုတာ ေသမ်ိဳးပဲေလ ''

Baekhyun သည္ေခါင္းကိုအနည္းငယ္
ခါယမ္းလိုက္ၿပီး Chanyeol ၏ဖိုင္တဲြထဲမွာ
ပါလာသည့္ စာရြက္အလြတ္ေတြကိုမ်က္ႏွာေပၚတင္ၿပီး
အုပ္ထားလိုက္သည္။

Baekhyun ၏အျပဳအမူတစ္ခုခ်င္းစီကို
အျမတ္တႏိုးျဖင့္အေသးစိတ္လိုက္ၾကည့္ေနတဲ့
Chanyeol ကေတာ့ႏႈတ္ခမ္းတြန္႔႐ုံသာ
ျပံဳးလိုက္သည္။

'' ေက်ာင္းမသြားဘဲနဲ႔ ကိုယ့္ေနာက္ကို
လိုက္လာတာလား Kyoong? ''

Chanyeol က Baekhyun မ်က္နွာေပၚက
စာရြက္ေတြကို ဖယ္႐ွားရန္ျပင္လိုက္ေတာ့
Baekhyun က အဖယ္မခံဘဲ
Chanyeol ရဲ႕လက္ကို ပုတ္ထုတ္လိုက္သည္။

'' ကိုယ္မင္းကို ေလယာဥ္အခ်ိန္ပဲေျပာမိတာပါ
ဘယ္သြားမယ္လို႔မေျပာမိပါဘူး Australia
ကိုသြားမယ္ဆိုတာ ဘယ္လိုလုပ္သိတာလဲ? ''

'' ကိုယ့္ကိုယ္ကို အဲ့ေလာက္အထင္မႀကီးနဲ႔
ခင္ဗ်ားေနာက္ကိုလိုက္လာတာမဟုတ္ဘူး
Australia ကိုအလည္လာတာ ''

စာရြက္ေတြအုပ္ထားေသာ မ်က္ႏွာကို
အေၾကာင္းမဲ့ ေငးၾကည့္ေနၿပီးမွကုတ္အက်ႌကို
ခြၽတ္ကာwhite shirtအက်ႌအပါးေလးသာ
ဝတ္လာေသာ Baekhyun၏ ကိုယ္ေပၚသို႔
လႊားကာျခံဳေပးလိုက္သည္။

စာရြက္ေတြနဲ႔ မ်က္ႏွာတစ္ခုလံုးကို
လံုေအာင္ဖံုးထားေသာ Baekhyunကေတာ့
လက္ကိုပိုက္လ်က္ Chanyeol မျမင္ေအာင္
ႀကိတ္ျပံဳးေနေလသည္။

•••

မေန႔ညက...

မ်က္လံုးကိုအတင္းမွိတ္ကာ အိပ္ေပ်ာ္ေအာင္အိပ္ရန္
ႀကိဳးစားေသာ္လည္း အလိုလိုျပဴးက်ယ္လာေသာ
မ်က္လံုးေတြေၾကာင့္ အိပ္ယာေပၚမွာလွိမ့္ေနရင္းျဖင့္သာ
တျဖည္းျဖည္း ဥာဥ့္နက္ခ်ိန္သို႔ကူးေျပာင္းလာေလသည္။

... ကိုယ္မနက္ျဖန္ ခရီးသြားမွာ!
တစ္ပတ္ေလာက္ ၾကာမယ္ Kyoong ...

'' အား! Park Chanyeol! ''

သီခ်င္းတစ္ပုဒ္ကို repeat လုပ္ၿပီးနားေထာင္
​ေနသလို ဒီအသံႀကီးပဲထပ္ခါထပ္ခါၾကားေနရတာကို
သည္းမခံႏိုင္ေတာ့သည့္အဆံုး Baekhyun
ကုတင္ေပၚမွာ ေငါက္ခနဲေကာက္ထိုင္လိုက္ကာ
့မ့စာေရးခံုေပၚကနာရီကိုလွမ္းၾကည့္လိုက္ေလသည္။

အခ်ိန္မဆဲြေနေတာ့ဘဲ ခ်က္ခ်င္းပင္ကုတင္ေပၚကဆင္းကာ
ၾကမ္းျပင္ေပၚမွာ အပံုသားက်ေနသည့္ကန္ထုတ္ထား
ေသာေစာင္ေတြကို ကုတင္ေပၚသို႔ပစ္တင္လိုက္သည္။

ထို႔ေနာက္ luggage တစ္လံုးကိုဗီဒိုထဲမွထုတ္ကာ
အဝတ္အစားေတြကို ​ေသခ်ာေရြးထည့္လိုက္သည္။

'' သြားမယ့္အေရးကို ႏႈတ္ပိတ္ၿပီးမသြားဘူး
တမင္သက္သက္ လူကိုစိတ္ဒုကၡေပးသြားေသးတယ္
ေနပါဦး Park Chanyeol ကဘယ္ကိုသြားမွာလဲ ''

ေလယာဥ္အခ်ိန္ပဲေျပာၿပီး ဘယ္သြားမွာဟု
ေသခ်ာမေျပာသြားသည့္ Chanyeol ေၾကာင့္
Baekhyun မွာ ခဏတာလက္မိႈင္ခ်သြားရသည္။

အခုခ်ိန္မွာ Park Chanyeol ကိုဖုန္းဆက္ၿပီး
ခင္ဗ်ားဘယ္ႏိုင္ငံကိုသြားမွာလဲလို႔တိုက္႐ုိက္လည္း မေမးခ်င္။

Byun Baekhyunက သူ႔ကို
စိတ္ဝင္စားေနပါၿပီဆိုၿပီး စိတ္ႀကီးဝင္သြားမွာကိုမလိုလား။

CEO Park!

အေတြးထဲမွာေပၚလာသည့္ CEO Park ၏
မ်က္ႏွာကိုျမင္ေယာင္ကာ Baekhyun သည္
ဥာဏ္နီဥာဏ္နက္အျပည့္ပါဝင္ေသာ အျပံဳးတစ္ပြင့္ကို
ခ်က္ခ်င္းဆင္ျမန္းလိုက္သည္။

CEO Park ဆိုသည့္အဖိုးႀကီးနဲ႔ Alexကိုစေနာက္
ရတာေလာက္ Baekhyun ဘဝမွာေပ်ာ္ဖို႔အေကာင္းဆံုး
အရာမ႐ွိေသး။

'' ဒီအခ်ိန္ဆို အိပ္ေလာက္ၿပီလား? ''

ဖုန္အလိမ္းလိမ္းတက္ေနေသာPark Group ရဲ႕ visiting card ကို မနည္း႐ွာေဖြလိုက္ရၿပီးသည့္ေနာက္ ဖုန္းနံပါတ္ကိုႏွိပ္ကာ Baekhyun ခပ္တိုးတိုးေရရြတ္လိုက္ေလသည္။

စိတ္ထဲကေနလည္း ဖုန္းကိုင္ပါေစ၊ဖုန္းကိုင္ပါေစ
ဟု အႀကိမ္ႀကိမ္ဆု​ေတာင္းေနလိုက္သည္။

'' Hello ''

ဆယ္စကၠန္႔ေလာက္ၾကာၿပီးသည့္ေနာက္တြင္
CEO Park ရဲ႕ခပ္ေလးေလးအသံကိုၾကားလိုက္ရသည္။

'' မဂၤလာပါ ကြၽန္ေတာ္က MD Park Chanyeol နဲ႔လုပ္ငန္းခ်င္းတဲြလုပ္ေနတဲ့ Group က CEO ပါ ''

အသံတုလုပ္တတ္တဲ့ Baekhyun ရဲ႕ပညာက ဒီေနရာတြင္အလြန္အသံုးဝင္သြားေလသည္။ တစ္မိုးေအာက္ CEO Park ကခ်ိဳခ်ိဳသာသာပင္ျပန္ေျဖလာသည္။

'' ဪဟုတ္ကဲ့၊ ကြၽန္ေတာ္က MD Park ရဲ႕အေဖ CEO Park ပါ၊ ဒါနဲ႔ဘာကိစၥမ်ားလဲ ခင္ဗ် ''

'' အာ ဟုတ္ကဲ့ ၊ MD Park ကိုဖုန္းဆက္လို႔မရလို႔ပါခင္ဗ်၊ သူနဲ႔အေရးႀကီး အလုပ္ကိစၥေလးေဆြးေႏြးစရာ႐ွိလို႔ေလ
အဟင္း  ''

'' သားက မနက္ျဖန္မနက္ကိုးနာရီ Australia ကိုသြားမွာဆိုေတာ့ ေစာေစာအိပ္သြားၿပီထင္တယ္ ခင္ဗ် ''

အသိခ်င္ဆံုးအေျဖကို လြယ္လင့္တကူရလိုက္တာေၾကာင့္ Baekhyun ကလက္ေဖ်ာက္တီးကာ ထခုန္မိလိုက္ေလသည္။

'' ဒါနဲ႔ အခုဖုန္းဆက္ေနတဲ့သူကိုဘယ္သူလဲေျပာလိုက္ရမလဲခင္ဗ် ''

'' ဟုတ္ကဲ့ကြၽန္ေတာ္က အခ်စ္စစ္ျဖန္႔ခ်ိေရးကုမၸဏီက CEO Bobohu ပါ၊ အားရင္လာလည္ပါဦး ''

ေယာကၡမေလာင္းၾကီးကို စေနာက္ကာေျပာၿပီးခ်က္ခ်င္းဖုန္းခ်လိုက္သည္။

'' Australia ကိုသြားမွာဆိုပဲ ''

ေလယာဥ္လက္မွတ္ကိစၥကိုေတာ့ စိတ္ပူစရာမလိုပါ။
Martin ရဲ႕အကူအညီျဖင့္ ညတြင္းခ်င္းေတာင္ရႏိုင္သည္။ သူ႔အေဖက ေလဆိပ္ကအႀကီးအကဲတစ္ေယာက္မလား။

'' see u tomorrow Park Chanyeol ''

Baekhyun က passport ကသူ႔ဓာတ္ပံုကိုသူၾကည့္ကာ ေလခြၽန္ေနလိုက္သည္။

...

Australia ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ Canberra သို႔ေရာက္ေသာအခါ Chanyeol နဲ႔ခ်ိတ္ဆက္ထားၿပီးသားျဖစ္ေသာ ကားသမားက အဆင္သင့္လာႀကိဳေလသည္။

'' ဘဘလုပ္ေနတာလဲ Kyoong ? ကားေပၚတက္ေလ ''

Chanyeol ကကားေပၚမွာ ဝင္ေနရာယူကာထိုင္ၿပီးၿပီ ျဖစ္ေပမဲ့ Baekhyun ကသူ႔ luggage ကိုသူကိုင္ကာ ဒီတိုင္းရပ္ၾကည့္ေနေလသည္။

Chanyeol ရဲ႕အလုပ္က တစ္ပတ္အတြင္းအၿပီးသတ္ရမည္ျဖစ္တာေၾကာင့္ အခ်ိန္မ်ားမ်ားစားစားမရ။

ကိုရီးယားမွာရင္းႏွီးျမႇဳပ္ႏွံမႈလံုးဝမလုပ္တဲ့ Alex ရဲ႕အဘိုး Mr. Blake နဲ႔တစ္ပါတ္အတြင္းစာခ်ဳပ္မရရေအာင္ခ်ဳပ္ရမည္ဆိုတာကလည္း ထင္သေလာက္မလြယ္။

Chanyeol ထက္ပိုေတာ္၊ လုပ္ငန္းအေတြ႔အၾကံဳပို႐ွိၿပီး မိတ္လည္းမ်ားသည့္ လုပ္ငန္း႐ွင္ေတြေတာင္ Mr. Blake ဆိုသည့္အဖိုးႀကီးကို စည္း႐ုံးလို႔မရေၾကာင္းကိုလည္း Chanyeol သိထားၿပီးသားျဖစ္သည္။ ထို႔ေၾကာင့္လည္း Mr. Blake ရဲ႕အေၾကာင္းေတြကိုလည္း ႀကိဳတင္ကာ
ႏွံ႔ႏွံ႔စပ္စပ္ေသခ်ာစံုစမ္းထားရေသးသည္။

Australia သို႔ေရာက္ေရာက္ခ်င္းရက္မွာေတာင္ ခ်က္ခ်င္းအေတြ႔မခံေသးေသာ Mr. Blake ရဲ႕ျပတ္သားမႈေၾကာင့္ Chanyeol မွာႀကိဳးစားခ်ိန္ေျခာက္ရက္သာ က်န္ေတာ့ေလသည္။ ဒုတိယေန႔မွာေတာ့ မျဖစ္ျဖစ္တဲ့နည္းနဲ႔သြားေတြ႔ရမည္။

mission ကတစ္ပါတ္အတြင္းမေအာင္ျမင္ရင္ Alex နဲ႔က်ိန္းေသေပါက္ယူရဖို႔က ၉၉.၉၉ ရာခိုင္ႏႈန္းေလာက္ကေသခ်ာေနေလသည္။

Chanyeol ကေတာ့ဘယ္လိုနည္းနဲ႔မွ ထိုသို႔အျဖစ္ခံမည္မဟုတ္။မရရတဲ့နည္းျဖင့္ Mr. Blake နဲ႔စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ေအာင္လုပ္မည္ျဖစ္သည္။

အလုပ္ကိစၥေတြနဲ႔ေခါင္းအံုေနရသည္အထဲ Baekhyun ဆိုသည့္ေကာင္ေလးကလည္း ေျပာမေကာင္း၊ဆိုမေကာင္းနဲ႔ တကယ္ကိုေခါင္းမာလွပါသည္။

အခုလည္း ေပကပ္ကပ္ျဖင့္ကားေပၚမတက္ဘဲ၊
အေခ်ဒီဇိုင္းျဖင့္ ရပ္ေနေလသည္။

'' မလာဘူးလား Kyoong ''

'' ခင္ဗ်ားေနာက္လိုက္လာတာမဟုတ္ဘူးလို႔ေျပာသားပဲ၊ ကြၽန္ေတာ့္ဘာသာကြၽန္ေတာ္ Canberra ကိုလာလည္တာ ''

'' အခုခ်က္ခ်င္း ကိုကို႔ေဘးနားလာထိုင္ရင္ မင္းကို Sydney Opera House နဲ႔ Harbour Bridge ကိုလိုက္ပို႔မယ္၊မင္းသြားခ်င္တဲ့ေနရာေတြကိုေရာပဲ ''

Baekhyun ရဲ႕မ်က္ဝန္းေလးမ်ားလက္သြားသည္ကို သတိထားမိေသာ Chanyeol ကျပံဳးကာထပ္ေျပာလိုက္သည္။

'' Bondi Beach ကိုေရာပဲ ''

Baekhyun ကျပံဳးေယာင္သန္းခ်င္ေနေသာႏႈတ္ခမ္းတို႔ကို
အသာဖိကိုက္ကာ ကားေနာက္ခန္းထဲသို႔ luggage ထည့္လိုက္ၿပီး Chanyeol ရဲ႕ေဘးနားမွာဝင္ထိုင္လာသည္။

Baekhyun က safety belt ကိုပတ္ၿပီးမွသာ ကားသမားကို စေမာင္းလို႔ရၿပီျဖစ္ေၾကာင္းမ်က္စပစ္လိုက္သည္။

'' ဒါနဲ႔ ခင္ဗ်ားဘယ္မွာတည္းမွာလဲ ''

'' Hyatt Hotel မွာေလ၊ Booking လုပ္ၿပီးသား ''

Baekhyun ကေခါင္းတစ္ခ်က္ၿငိမ့္ျပလိုက္ၿပီးေတာ့ ျပန္ၿငိမ္က်သြားသည္။

'' ခင္ဗ်ားက အလုပ္ေတြအရမ္းႀကိဳးစားတယ္ေနာ္ Park Chanyeol. ခင္ဗ်ားကိုၾကည့္ရင္ laptop နဲ႔မ်က္လံုးနဲ႔ခြာတယ္ဆိုတာမ႐ွိဘူး ''

Chanyeol က ဟို File ၾကည့္၊ဒီ File
ၾကည့္လုပ္ေနရင္းကေန ခ်က္ခ်င္း shut down
ခ်ကာ Baekhyun ကိုျပံဳးျပလိုက္သည္။

'' OK Kyoong မၾကည့္ေစခ်င္ရင္ ကိုယ္မၾကည့္ေတာ့ဘူး ''

Baekhyun က Chanyeol ကိုတစ္လွည့္ ၊
Laptop ကိုၾကည့္ေနၿပီးမွ အၾကည့္လႊဲကာ ကားအျပင္ဘက္ကိုသာ ေငးေနလိုက္သည္။

'' ကြၽန္ေတာ့အေဖလည္း ငယ္ငယ္ကအရမ္းႀကိဳးစားရတာ၊ သူ႔မိန္းမအႀကိဳက္ျဖဳန္းဖို႔၊ သူ႔မိန္းမျငဴစူမွာစိုးလို႔၊ ~ ''

မိသားစုအေၾကာင္းကို တစ္ခါမွထုတ္ေျပာေလ့မ႐ွိတဲ့ Baekhyun ကထူးထူးျခားျခားစေျပာလာတာေၾကာင့္ Chanyeol ေသခ်ာအာ႐ုံစူးစိုက္ကာ နားေထာင္ေနလိုက္သည္။

'' ဒါေပမဲ့ အဲ့ေလာက္သူႀကိဳးစားတာေတာင္
သူ႔မိန္းမဆိုတဲ့အမ်ိဳးသမီးက သူ႔ကိုသိပ္ခ်စ္တဲ့
သူ႔ခင္ပြန္းနဲ႔ကေလးကို ပစ္ၿပီးေနာက္ေယာက်ာ္း
​ေနာက္ကို လိုက္သြားတယ္ေလ ''

Baekhyun ကမငိုေပမယ့္သူ႔ရဲ႕အသံမွာ
ဖခင္အတြက္ယူက်ံဳးမရျဖစ္မႈေတြအတိုင္းအဆမ႐ွိ
ပါဝင္ေနသည္ကိုေတာ့ Chanyeol ခံစားမိသည္။

'' Kyoong ေဖေဖကို ကိုယ္ျမင္ဖူးခ်င္လိုက္တာ ''

Baekhyun က Chanyeol ကိုခ်ာကနဲလွည့္ၾကည့္ကာ မၾကားခ်င္ေယာင္ေဆာင္ၿပီး Chanyeol နဲ႔ဆန္႔က်င္ဘက္သို႔ေခါင္းေစာင္းထားလိုက္သည္။

'' Kyoong ေဖေဖကအလုပ္ႀကိဳးစားတာ
Kyoong ေမေမအတြက္ဆိုသလိုပဲ၊ ကိုယ္အလုပ္ႀကိဳးစားေနတာလည္း Kyoong အတြက္ပဲေလ ''

တစ္ဖက္သို႔ေခါင္းေစာင္းထားေသာ Baekhyun
ရဲ႕ေခါင္းေလးကိုအသာေလးထိန္းယူကာ
Chanyeol ကသူ႔ရဲ႕ပခံုးေပၚသို႔မွီေစလိုက္သည္။

'' ခင္ဗ်ား! ''

'' တိုးတိုးေလးေန၊ ဟိုတယ္ေရာက္ရင္ meat pieမွာၿပီး
ေကြၽးမယ္ ''

'' မီးပိုင္းက ဘာႀကီးလဲ ''

Chanyeol ကခစ္ခနဲရယ္ကာမ်က္လံုးမွိတ္လိုက္ၿပီး Baekhyun ရဲ႕ေခါင္းလံုးလံုးေပၚ သူ႔ေခါင္းကို
ျပန္မွီထားလိုက္သည္။

Baekhyun က႐ုန္းရန္ျပင္ၿပီးမွ တကယ္ႀကီးပင္ပန္းေနပံုရေသာ Chanyeol ေၾကာင့္အလိုက္တသိၿငိမ္ၿငိမ္ေလးသာေနလိုက္ေတာ့သည္။

Chanyeol ထံမွရေသာကိုယ္သင္းရနံ႔သင္းသင္းကိုလည္း သူသေဘာက်ေနမိသည္။

...

ကားေပၚကဆင္းၿပီး Hyatt Hotel သို႔ေရာက္သည့္တိုင္ Chanyeol သည္ Baekhyun ရဲ႕ကိုယ္ေလးကို ေပြ႔ခ်ီထားရသည္။

ေလယာဥ္စီးလာသည့္အ႐ွိန္နဲ႔ေရာ၊ ကားအၾကာႀကီးစီးရတာနဲ႔ေရာေပါင္းၿပီး ပင္ပန္းေနပံုရတဲ့ Baekhyun သည္ ကားေပၚမွာတည္းက အိပ္ေပ်ာ္သြားကာ Hotel ထဲသို႔ေရာက္သည့္တိုင္ မႏိုးလာေသး။

'' Booking လုပ္ထားလား? ဘယ္နာမည္နဲ႔လဲ? ''

'' Park Chanyeol ''

တိုတိုတုတ္တုတ္သာေျဖၿပီး ေပြ႔ခ်ီထားတဲ့ Baekhyun ရဲ႕မ်က္ႏွာကို သူ႔ငံု႔ၾကည့္လိုက္ေလသည္။

'' Single room ပဲယူထားတာေနာ္၊
by the way ေနာက္တစ္ခန္းထပ္ယူဦးမလား?
ေပြ႔ထားတဲ့ တစ္ေယာက္အတြက္ ''

Baekhyun ကိုၾကည့္ကာေမးေနသည့္
Hotel ကဝန္ထမ္းကို Chanyeol က
ေခါင္းၿငိမ့္ရန္ျပင္ၿပီးမွ ျပန္ျငင္းပယ္လိုက္သည္။

'' Single room မွာ 2 beds ႐ွိတဲ့အခန္းနဲ႔
ကြၽန္ေတာ့္ကိုလဲေပးလို႔ရမလား ''

'' Sure ''

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကိုအိပ္ေပ်ာ္ေနသည့္ ေကာင္ငယ္ေလးရဲ႕
မ်က္ႏွာကိုငံု႔ၾကည့္ကာ အခန္းေသာ့ကိုယူလာခဲ့လိုက္ေလသည္။

အစကစိတ္ေျပလက္ေပ်ာက္ ဝိုင္ေသာက္ကာ
အနားယူမည္ဟုေတြးထားေသာ္လည္း အိပ္ေပ်ာ္ေနသည့္ Baekhyun ကိုတစ္ေယာက္တည္းထားကာ Chanyeol ဘယ္ကိုမွလည္းမသြားခ်င္ေတာ့။

...

ခဏတာ အိပ္စက္သည့္အခ်ိန္မွစ၍
ထာဝရအိပ္စက္သြားမည့္အခ်ိန္ေရာက္သည့္တိုင္
Kyoong ရဲ႕အနားမွာ ကိုယ္႐ွိေနပါ့မယ္။

...

TBC

______________________________________

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

407K 56.5K 37
Overprotective big brothers fall for each other's little brothers. (Nov 6th, 2018 - May 7th 2020)
156K 9.8K 20
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
45.4K 3.5K 45
အဖေနဲ့ မတည့်တဲ့ သားငယ်ဖြစ်သူဟာ accidentဖြစ်ပြီး အဖေဖြစ်သူ၏ ငယ်ရွယ်စဉ် အချိန်ဖြစ်တဲ့ ၁၉၉၀ဆီသို့ ရောက်သွားသောအခါ။ ဘယ်လို အခက်အခဲတွေ ကြုံ‌တွေ့ရမလဲဆိုတာ...
94.7K 12.6K 46
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]