Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿ...

By dokkaebe

2.8M 393K 18.6K

ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ေသြးနားထင္ေရာက္ကာ ေအးစက္စက္ေနတတ္တဲ့ ေကာင္ေလးရယ္ သြက္သြက္လက္လက္ ထက္ထကျ္မက္ျမ... More

prologue
Chapter 1
Chapter 2
Chapter 3-1
Chapter 3-2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14-1
Chapter 14-2
Side story or Chapter 16
for side story
Chapter 15
Chapter 16-1
Chapter 16-2
Chapter 17
Chapter 18
Chapter 19
Chaptetr 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
အမွားျပင္ျခင္း
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
ေတာင္းပန္လႊာ - တောင်းပန်လွှာ
Chapter 56
Chapter 56.2
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
not update but please read
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79 + 80
Chapter 81
Chapter 82 + 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94 + 95
Chapter 96
Chapter 97
Chapter 98
Chapter 99 + 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114-1
Chapter 114-2
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119-1
Chapter 119-2
Chapter 120
Chapter 121

Chapter 46

23.2K 3.1K 150
By dokkaebe

က်ီးဟန္ ညလံုးေပါက္ မအိပ္ဘဲ ေမာင္းလာေပမယ့္ ရီမင့္ ေမြးရပ္ေျမက အရမ္းကို ေဝးလြန္းတယ္ ။
သူက လမ္းၫႊန္ဆိုင္းဘုတ္ေတြ လမ္းလႊဲေတြကို ၾကည့္ၿပီးသြားခဲ့ေပမယ့္ ေနရာမွန္ကို ႐ွာမေတြ႔ဘူး ။

သူ ကားကိုရပ္ ၊ တံခါးဖြင့္ ၊ ကားေအာက္ဆင္းၿပီး
ပတ္ဝန္းက်င္ကို စူးစမ္းလိုက္တယ္ ။

မိႈင္းညိဳ႕ေနတဲ့ ေတာင္စဥ္ေတာင္တန္းႀကီးေတြက အဆံုးမ႐ွိသလို ႐ွည္လ်ားလြန္းလွတယ္ ။ ျမစ္က်ဥ္းက်ဥ္းေလးတစ္စင္းကလည္း ေတာင္ေတြကို ရစ္ေခြၿပီး လမ္းမေဘးတေလ်ာက္မွာ လမ္းနဲ႔အၿပိဳင္ သြယ္တန္းစီးဆင္းၿပီး ေရတံခြန္ပမာ ေရမႈန္ေရမႊားေလးေတြ ျဖာက်လို႔ ။

ႊႊ သူ တကယ္ကို လမ္းေပ်ာက္ေနၿပီ !

က်ီးဟန္ မ်က္ေမွာင္တၾကဳတ္ၾကဳတ္နဲ႔ ကားထဲ ျပန္ဝင္ထိုင္ၿပီး လမ္းေၾကာင္းျပေျမပံုကို ျပန္ဖြင့္လိုက္တယ္ ။ ေသေသခ်ာခ်ာၾကည့္ၿပီး သူေရာက္ေနတဲ့ေနရာကို အတည္ျပဳတယ္ ။ ၿပီးေတာ့
ကားကို ျပန္ေမာင္းေလတယ္ ။

ကားထြက္ၿပီး မၾကာခင္ ဖုန္းတစ္ခု ဝင္လာတယ္ ။

ေခၚဆိုသူက ဂ်ဴလီယမ္ ။

က်ီးဟန္ တန္းမကိုင္ဘူး ။ ခဏေလး တုန္႔ဆိုင္းေနၿပီးမွ ကိုင္လိုက္တယ္ ။
"ဟယ္လို "

"ခင္ဗ်ား ဘယ္မွာလဲ? "
ဂ်ဴလီယမ္က အေမးစကားနဲ႔ စတင္တယ္ ။

က်ီးဟန္ steering wheel ကို ဆုပ္ကိုင္းရင္း ေျဖေလတယ္ ။
"ကိုယ္ လုပ္စရာေလး နည္းနည္း႐ွိလို႔ အျပင္ေရာက္ေနတယ္  "

"မေန႔က ကြၽန္ေတာ့္ရဲ႕ Lake View Villa ကိုလာမယ္လို႔ ကတိေပးခဲ့တယ္ေလ"
ဂ်ဴလီယမ့္အသံက ၿငိမ္သက္ေအးေဆးေနတုန္းပဲ ။
"တစ္ညလံုး ကြၽန္ေတာ္ ေစာင့္ေနတာ မနက္ တစ္နာရီထိုးမွ ေမွးခနဲ အိပ္ေပ်ာ္သြားမိတယ္..
ကြၽန္ေတာ္ႏိုးလို႔ ခင္ဗ်ားကို႐ွာေတာ့မွ ခင္ဗ်ား လံုးဝမလာတာ သိေတာ့တယ္ "

က်ီးဟန္ မ်က္ေမွာင္အနည္းငယ္ ၾကဳတ္သြားတယ္ ။
"ကိုယ္ အလုပ္႐ွိေနလို႔ပါကြာ..မင္း စိတ္ပူမေနပါနဲ႔ "

"ဘာ အလုပ္ေတြမ်ားလဲ? "

က်ီးဟန္ မ်က္ႏွာက တစ္စထက္တစ္စ မည္းေမွာင္လို႔လာတယ္ ။
သူ႔ကို ေမးခြန္းေတြေမးတာေလာက္ မုန္းတာမ႐ွိဘူး ။

"က်ီးဟန္ ခင္ဗ်ား.............ရီမင့္ကို လိုက္႐ွာေနတာလား? "

က်ီးဟန္ အံ့ျသသြားတယ္ ။
"မင္း ဘယ္လိုသိတာလဲ?"

တျခားတစ္ဖက္က ဂ်ဴလီယမ္က ဝမ္းနည္းစြာ ျပံဳးမိတယ္ ။
"ကြၽန္ေတာ္ သိတာေပါ့..
ခင္ဗ်ားေရာက္မလာဘူးဆိုတည္းက သူ႔ကို လိုက္႐ွာေနၿပီဆိုတာ ကြၽန္ေတာ္သိတာေပါ့...
က်ီးဟန္ရယ္ ခင္ဗ်ားနဲ႔သူ လမ္းခြဲၿပီးၿပီဆိုတာေလးလည္း သတိရပါဦး..
သူ႔ကိစၥေတြတိုင္း ခင္ဗ်ားလုပ္ေပးစရာ အေၾကာင္းမ႐ွိေတာ့ဘူး မဟုတ္လား? .."

က်ီးဟန္ ႏွလံုးသားက နင့္ခနဲပဲ ။
ဘာေၾကာင့္ဆိုတဲ့ အေၾကာင္းအရင္းေတာ့မ႐ွိဘူး ။

ဟုတ္တာေပါ့ !
သူနဲ႔ ရီမင္က လမ္းခြဲၿပီးၿပီပဲ !

ဒါေၾကာင့္ အခုကစၿပီး ရီမင္နဲ႔ပတ္သတ္သမ်ွ သူ ဝင္ပါစရာမွ မလိုေတာ့တာ ။

ကဲ အခု သူ ဘာဆက္လုပ္ရမလဲ ?

က်ီးဟန္ရဲ႕ ႏွလံုးသားက တဆတ္ဆတ္တုန္ယင္လို႕လာတယ္ ။
ကားေတာင္ ဆက္ေမာင္းလို႔မရေတာ့ဘူး ။
႐ုတ္တရက္ ကားကို ထိုးရပ္လိုက္ရတယ္ ။

အဲ့ဒီခ်ိန္မွာ သူ႔မ်က္စိက ကိုယ္ဝန္ေဆာင္အားေဆးစီကိုေရာက္သြားခဲ့ၿပီး သူ႔ႏွလံုးသားက ႐ႈပ္ေထြးသြားျပန္တယ္ ။
သူ ေဝခြဲရခက္ေနတာေပါ့ ။

ျပန္လွည့္ရမွာလား ? ဆက္သြားရမွာလား ?

ဒြိဟေတြနဲ႔ စိတ္႐ႈပ္လို႔လာတယ္ ။
သူ႕စိတ္ထဲမွာ ရီမင့္ကို ေတြ႔ၿပီး ေမးခ်င္တာတစ္ခုတည္း သိတယ္ ။
သူ ခန္႔မွန္းထားသလို တကယ္ပဲ မိန္းမတစ္ေယာက္နဲ႔႐ႈပ္ၿပီး ကိုယ္ဝန္ရတဲ့အထိျဖစ္ခဲ့သလားဆိုတာ
ရီမင့္ကို မ်က္ႏွာခ်င္းဆိုင္ ေမးခ်င္ေသးတယ္ ။

ရီမင္က သူ႔စီကေန လံုးဝကို ခြဲထြက္သြားႏိုင္ခဲ့တာပဲ ။
ရီမင္က သူ႔​ေမြးရပ္ေျမကို အၿပီးျပန္သြားၿပီ ။
ေနာက္ဆိုရင္ သူတို႔ႏွစ္ေယာက္က သူစိမ္းေတြျဖစ္သြားေတာ့မွာ ။

အေတြးေတြက က်ီးဟန္ကို သတ္ေနတယ္ ။
သူ႔စိတ္ထဲမွာလည္း ထိတ္လန္႔ေၾကာက္ရြံ႕ျခင္းနဲ႔ ေဒါသထြက္ျခင္းေတြကို တၿပိဳင္နက္တည္း ခံစားလို႔ေနေလရဲ႕ ။

သူ ဆုေတာင္းတယ္ ။ ရီမင့္ကို အျမန္ဆံုး ႐ွာေတြ႔ၿပီး ႀကိဳးေတြနဲ႔ တုပ္ေႏွာင္ထားပါရေစလို႔ ။
အဲ့ဒါမွ ရီမင္ ဘယ္မွမသြားနိုင္ေတာ့မွာ ။ ဘယ္သူနဲ႔မွလည္း ကုတင္​ေပၚက ဆက္ဆံေရးမ်ိဳး လုပ္လို႔မရေတာ့ဘူး ။

သူကေရာ ဘာျဖစ္ေနတာလဲ ?

သူက တစ္ေယာက္တည္း အေတြးေတြနဲ႔ ပတ္ခ်ာ႐ိုက္ေနတာေပါ့ ။ တစ္ဖက္က ဂ်ဴလီယမ္ စိတ္မ႐ွည္ေတာ့ဘူး ။ ႂကြတ္ဆတ္ဆတ္အသံနဲ႔ ေမးေလေတာ့တယ္ ။
"က်ီးဟန္ ခင္ဗ်ား နားေထာင္ေနေသးရဲ႕လား? "

"အင္း "
က်ီးဟန္ စိတ္နဲ႔ကုိယ္ျပန္ကပ္သြားၿပီး ေခ်ာင္းဟန္႔လိုက္တယ္ ။
"ဆက္ေျပာေလ "
"ဒီလိုေတြ ထပ္ျဖစ္ေနတာမ်ိဳးကို ကြၽန္ေတာ္ မလိုခ်င္ေတာ့ဘူး "
​ေလသံက အနည္းငယ္ ေလးနက္လာတယ္ ။
"က်ီးဟန္ အခု ျပန္ခဲ့ပါေတာ့ "

က်ီးဟန္ လမ္းေၾကာင္းျပေျမပံုကို ကလစ္တစ္ခ်က္ႏွိပ္ၿပီး ခဏေလာက္ၾကည့္လိုက္တယ္ ။ သူ ရည္ရြယ္ရာကိုေရာက္ဖို႔ သိပ္မေဝးေတာ့ဘူး ။

ဂ်ဴလီယမ္ အသက္ျပင္းျပင္း႐ွဴလိုက္တယ္ ။
သူ ဆံုးျဖတ္ခ်က္ ႀကီးႀကီးမားမား ခ်ရေတာ့မယ္ ။
"ကြၽန္ေတာ့္ကို ေလဆိပ္မွာ လာႀကိဳတုန္းက ကြၽန္ေတာ္နဲ႔အတူေနခ်င္တယ္လို႔ ခင္ဗ်ားေတာင္းဆိုခဲ့တယ္ေနာ္..အဲ့ဒီတုန္းက ခင္ဗ်ားကို
ေစာင့္ၾကည့္ေနဆဲကာလမို႔ ကြၽန္ေတာ္ အမ်ားႀကီးေတြးေနခဲ့တာ... အခု ကြၽန္ေတာ္ ဆံုးျဖတ္လိုက္ၿပီ "

က်ီးဟန္ ေတာင့္တင္းသြားတယ္ ။

"က်ီးဟန္ ကြၽန္ေတာ္ ခင္ဗ်ားနဲ႔အတူေနဖို႔ ဆႏၵ႐ွိပါတယ္ "

က်ီးဟန္ ျပန္မေျဖဘူး ။

သူ႔ေ႐ွ႕ေမွာက္မွာက ရီမင္တို႔ၿမိဳ႕ေလးရဲ႕ ေျမနီလမ္းဖုန္ဖုန္နဲ႔ ၿမိဳ႕အဝင္လမ္းေလးကို ျမင္ေနရၿပီ ။ တစ္ဖက္ကလည္း ဂ်ဴလီယမ္ရဲ႕ နွစ္လိုဖြယ္ရာအသံေလးက ႏူးညံ့ညင္သာေနခဲ့တယ္ ။

ဂ်ဴလီယမ္ကို အိမ္ျပန္ေခၚလာတုန္းက သူ ဂ်ဴလီယမ့္ကို ဝန္ခံခဲ့တယ္ ။ အဲ့ဒီတုန္းက ဂ်ဴလီယမ္က မျပတ္မသားနဲ႔ ။ က်ီးဟန္ကလည္း ဒါကို နားလည္ေနခဲ့ပါတယ္ ။ ဒါေပမယ့္ သူ မရရေအာင္ ျပန္ေခၚခဲ့ၿပီး ဂ်ဴလီယမ္ကို လိုေလေသးမ႐ွိ ထားခဲ့တယ္ ။ အလိုလိုက္အႀကိဳက္ေဆာင္ေပးခဲ့တယ္ ။
ဂ်ဴလီယမ္ လက္ညိွဳးၫႊန္ရာ ေရျဖစ္ေစခဲ့တယ္ ။
ႏူးညံ့ညင္သာစြာလည္း ဆက္ဆံေပးခဲ့တယ္ ။
ဂ်ဴလီယမ္ဘက္က သူ႔ကို လက္ခံလာေအာင္ ဘာမဆို သူလုပ္ေပးခဲ့တယ္ ။

ဒါေပမယ့္ အခုေတာ့.............

ဂ်ဴလီယမ့္အသံက အနည္းငယ္ ေဟာ့လာတယ္ ။
"က်ီးဟန္ ကြၽန္ေတာ္ေျပာတာ နားေထာင္စမ္းပါ..
အခု ေတြေဝမေနဘဲ ကြၽန္ေတာ့္ရဲ႕ Lake View Villa ကို ျပန္လာခဲ့..ကြၽန္ေတာ္ ခင္ဗ်ားကို အိပ္ခန္းထဲက ေစာင့္ေနမယ္..ခင္ဗ်ား ျပန္မလာမခ်င္း ေစာင့္ေနမယ္.."
ဂ်ဴလီယမ္ရဲ႕ အသက္႐ွဴသံေတြျပင္းလာတယ္ ။
"က်ီးဟန္ရာ လုပ္စမ္းပါဗ်ာ ! "





**************************************






ကျီးဟန် ညလုံးပေါက် မအိပ်ဘဲ မောင်းလာပေမယ့် ရီမင့် မွေးရပ်မြေက အရမ်းကို ဝေးလွန်းတယ် ။
သူက လမ်းညွှန်ဆိုင်းဘုတ်တွေ လမ်းလွှဲတွေကို ကြည့်ပြီးသွားခဲ့ပေမယ့် နေရာမှန်ကို ရှာမတွေ့ဘူး ။

သူ ကားကိုရပ် ၊ တံခါးဖွင့် ၊ ကားအောက်ဆင်းပြီး
ပတ်ဝန်းကျင်ကို စူးစမ်းလိုက်တယ် ။

မှိုင်းညို့နေတဲ့ တောင်စဉ်တောင်တန်းကြီးတွေက အဆုံးမရှိသလို ရှည်လျားလွန်းလှတယ် ။ မြစ်ကျဉ်းကျဉ်းလေးတစ်စင်းကလည်း တောင်တွေကို ရစ်ခွေပြီး လမ်းမဘေးတလျောက်မှာ လမ်းနဲ့အပြိုင် သွယ်တန်းစီးဆင်းပြီး ရေတံခွန်ပမာ ရေမှုန်ရေမွှားလေးတွေ ဖြာကျလို့ ။

ွှွှ သူ တကယ္ကို လမ်းပျောက်နေပြီ !

ကျီးဟန် မျက်မှောင်တကြုတ်ကြုတ်နဲ့ ကားထဲ ပြန်ဝင်ထိုင်ပြီး လမ်းကြောင်းပြမြေပုံကို ပြန်ဖွင့်လိုက်တယ် ။ သေသေချာချာကြည့်ပြီး သူရောက်နေတဲ့နေရာကို အတည်ပြုတယ် ။ ပြီးတော့
ကားကို ပြန်မောင်းလေတယ် ။

ကားထွက်ပြီး မကြာခင် ဖုန်းတစ်ခု ဝင်လာတယ် ။

ခေါ်ဆိုသူက ဂျူလီယမ် ။

ကျီးဟန် တန်းမကိုင်ဘူး ။ ခဏေလး တုန့်ဆိုင်းနေပြီးမှ ကိုင်လိုက်တယ် ။
"ဟယ္လို "

"ခင်ဗျား ဘယ်မှာလဲ? "
ဂျူလီယမ်က အမေးစကားနဲ့ စတင်တယ် ။

ကျီးဟန် steering wheel ကို ဆုပ်ကိုင်းရင်း ဖြေလေတယ် ။
"ကိုယ် လုပ်စရာလေး နည်းနည်းရှိလို့ အပြင်ရောက်နေတယ် "

"မနေ့က ကျွန်တော့်ရဲ့ Lake View Villa ကိုလာမယ်လို့ ကတိပေးခဲ့တယ်လေ"
ဂျူလီယမ့်အသံက ငြိမ်သက်အေးဆေးနေတုန်းပဲ ။
"တစ်ညလုံး ကျွန်တော် စောင့်နေတာ မနက် တစ္နာရီထိုးမွ မှေးခနဲ အိပ်ပျော်သွားမိတယ်..
ကျွန်တော်နိုးလို့ ခင်ဗျားကိုရှာတော့မှ ခင်ဗျား လုံးဝမလာတာ သိတော့တယ် "

ကျီးဟန် မျက်မှောင်အနည်းငယ် ကြုတ်သွားတယ် ။
"ကိုယ် အလုပ်ရှိနေလို့ပါကွာ..မင်း စိတ်ပူမနေပါနဲ့ "

"ဘာ အလုပ်တွေများလဲ? "

ကျီးဟန် မျက်နှာက တစ္စထက္တစ္စ မည်းမှောင်လို့လာတယ် ။
သူ့ကို မေးခွန်းတွေမေးတာလောက် မုန်းတာမရှိဘူး ။

"ကျီးဟန် ခင်ဗျား.............ရီမင့်ကို လိုက်ရှာနေတာလား? "

ကျီးဟန် အံ့သြသွားတယ် ။
"မင်း ဘယ္လိုသိတာလဲ?"

တျခားတစ္ဖက္က ဂျူလီယမ်က ဝမ်းနည်းစွာ ပြုံးမိတယ် ။
"ကျွန်တော် သိတာပေါ့..
ခင်ဗျားရောက်မလာဘူးဆိုတည်းက သူ့ကို လိုက်ရှာနေပြီဆိုတာ ကျွန်တော်သိတာပေါ့...
ကျီးဟန်ရယ် ခင်ဗျားနဲ့သူ လမ်းခွဲပြီးပြီဆိုတာလေးလည်း သတိရပါဦး..
သူ့ကိစ္စတွေတိုင်း ခင်ဗျားလုပ်ပေးစရာ အကြောင်းမရှိတော့ဘူး မဟုတ္လား? .."

ကျီးဟန် နှလုံးသားက နင့်ခနဲပဲ ။
ဘာကြောင့်ဆိုတဲ့ အကြောင်းအရင်းတော့မရှိဘူး ။

ဟုတ်တာပေါ့ !
သူနဲ့ ရီမင်က လမ်းခွဲပြီးပြီပဲ !

ဒါကြောင့် အခုကစပြီး ရီမင်နဲ့ပတ်သတ်သမျှ သူ ဝင်ပါစရာမှ မလိုတော့တာ ။

ကဲ အခု သူ ဘာဆက်လုပ်ရမလဲ ?

ကျီးဟန်ရဲ့ နှလုံးသားက တဆတ်ဆတ်တုန်ယင်လို့လာတယ် ။
ကားတောင် ဆက်မောင်းလို့မရတော့ဘူး ။
ရုတ်တရက် ကားကို ထိုးရပ်လိုက်ရတယ် ။

အဲ့ဒီချိန်မှာ သူ့မျက်စိက ကိုယ်ဝန်ဆောင်အားဆေးစီကိုရောက်သွားခဲ့ပြီး သူ့နှလုံးသားက ရှုပ်ထွေးသွားပြန်တယ် ။
သူ ဝေခွဲရခက်နေတာပေါ့ ။

ပြန်လှည့်ရမှာလား ? ဆက္သြားရမွာလား ?

ဒွိဟတွေနဲ့ စိတ်ရှုပ်လို့လာတယ် ။
သူ့စိတ်ထဲမှာ ရီမင့်ကို တွေ့ပြီး မေးချင်တာတစ်ခုတည်း သိတယ် ။
သူ ခန့်မှန်းထားသလို တကယ်ပဲ မိန်းမတစ်ယောက်နဲ့ရှုပ်ပြီး ကိုယ်ဝန်ရတဲ့အထိဖြစ်ခဲ့သလားဆိုတာ
ရီမင့်ကို မျက်နှာချင်းဆိုင် မေးချင်သေးတယ် ။

ရီမင်က သူ့စီကနေ လုံးဝကို ခွဲထွက်သွားနိုင်ခဲ့တာပဲ ။
ရီမင်က သူ့မွေးရပ်မြေကို အပြီးပြန်သွားပြီ ။
နောက်ဆိုရင် သူတို့နှစ်ယောက်က သူစိမ်းတွေဖြစ်သွားတော့မှာ ။

အတွေးတွေက ကျီးဟန်ကို သတ်နေတယ် ။
သူ့စိတ်ထဲမှာလည်း ထိတ်လန့်ကြောက်ရွံ့ခြင်းနဲ့ ဒေါသထွက်ခြင်းတွေကို တပြိုင်နက်တည်း ခံစားလို့နေလေရဲ့ ။

သူ ဆုတောင်းတယ် ။ ရီမင့်ကို အမြန်ဆုံး ရှာတွေ့ပြီး ကြိုးတွေနဲ့ တုပ်နှောင်ထားပါရစေလို့ ။
အဲ့ဒါမွ ရီမင် ဘယ်မှမသွားနိုင်တော့မှာ ။ ဘယ်သူနဲ့မှလည်း ကုတင်ပေါ်က ဆက်ဆံရေးမျိုး လုပ်လို့မရတော့ဘူး ။

သူကေရာ ဘာဖြစ်နေတာလဲ ?

သူက တစ်ယောက်တည်း အတွေးတွေနဲ့ ပတ်ချာရိုက်နေတာပေါ့ ။ တစ္ဖက္က ဂျူလီယမ် စိတ်မရှည်တော့ဘူး ။ ကြွတ်ဆတ်ဆတ်အသံနဲ့ မေးလေတော့တယ် ။
"ကျီးဟန် ခင်ဗျား နားထောင်နေသေးရဲ့လား? "

"အင်း "
ကျီးဟန် စိတ်နဲ့ကိုယ်ပြန်ကပ်သွားပြီး ချောင်းဟန့်လိုက်တယ် ။
"ဆက်ပြောလေ "
"ဒီလိုတွေ ထပ်ဖြစ်နေတာမျိုးကို ကျွန်တော် မလိုချင်တော့ဘူး "
လေသံက အနည်းငယ် လေးနက်လာတယ် ။
"ကျီးဟန် အခု ပြန်ခဲ့ပါတော့ "

ကျီးဟန် လမ်းကြောင်းပြမြေပုံကို ကလစ်တစ်ချက်နှိပ်ပြီး ခဏလောက်ကြည့်လိုက်တယ် ။ သူ ရည်ရွယ်ရာကိုရောက်ဖို့ သိပ်မဝေးတော့ဘူး ။

ဂျူလီယမ် အသက်ပြင်းပြင်းရှူလိုက်တယ် ။
သူ ဆုံးဖြတ်ချက် ကြီးကြီးမားမား ချရတော့မယ် ။
"ကျွန်တော့်ကို လေဆိပ်မှာ လာကြိုတုန်းက ကျွန်တော်နဲ့အတူနေချင်တယ်လို့ ခင်ဗျားတောင်းဆိုခဲ့တယ်နော်..အဲ့ဒီတုန်းက ခင်ဗျားကို
စောင့်ကြည့်နေဆဲကာလမို့ ကျွန်တော် အများကြီးတွေးနေခဲ့တာ... အခု ကျွန်တော် ဆုံးဖြတ်လိုက်ပြီ "

ကျီးဟန် တောင့်တင်းသွားတယ် ။

"ကျီးဟန် ကျွန်တော် ခင်ဗျားနဲ့အတူနေဖို့ ဆန္ဒရှိပါတယ် "

ကျီးဟန် ပြန်မဖြေဘူး ။

သူ့ရှေ့မှောက်မှာက ရီမင်တို့မြို့လေးရဲ့ မြေနီလမ်းဖုန်ဖုန်နဲ့ မြို့အဝင်လမ်းလေးကို မြင်နေရပြီ ။ တစ်ဖက်ကလည်း ဂျူလီယမ်ရဲ့ နှစ်လိုဖွယ်ရာအသံလေးက နူးညံ့ညင်သာနေခဲ့တယ် ။

ဂျူလီယမ်ကို အိမ်ပြန်ခေါ်လာတုန်းက သူ ဂျူလီယမ့်ကို ဝန်ခံခဲ့တယ် ။ အဲ့ဒီတုန်းက ဂျူလီယမ်က မပြတ်မသားနဲ့ ။ ကျီးဟန်ကလည်း ဒါကို နားလည်နေခဲ့ပါတယ် ။ ဒါပေမယ့် သူ မရရအောင် ပြန်ခေါ်ခဲ့ပြီး ဂျူလီယမ်ကို လိုလေသေးမရှိ ထားခဲ့တယ် ။ အလိုလိုက်အကြိုက်ဆောင်ပေးခဲ့တယ် ။
ဂျူလီယမ် လက်ညှိုးညွှန်ရာ ရေဖြစ်စေခဲ့တယ် ။
နူးညံ့ညင်သာစွာလည်း ဆက်ဆံပေးခဲ့တယ် ။
ဂျူလီယမ်ဘက်က သူ့ကို လက်ခံလာအောင် ဘာမဆို သူလုပ်ပေးခဲ့တယ် ။

ဒါပေမယ့် အခုတော့.............

ဂျူလီယမ့်အသံက အနည်းငယ် ဟော့လာတယ် ။
"ကျီးဟန် ကျွန်တော်ပြောတာ နားထောင်စမ်းပါ..
အခု တွေဝေမနေဘဲ ကျွန်တော့်ရဲ့ Lake View Villa ကို ပြန်လာခဲ့..ကျွန်တော် ခင်ဗျားကို အိပ်ခန်းထဲက စောင့်နေမယ်..ခင်ဗျား ပြန်မလာမချင်း စောင့်နေမယ်.."
ဂျူလီယမ်ရဲ့ အသက်ရှူသံတွေပြင်းလာတယ် ။
"ကျီးဟန်ရာ လုပ်စမ်းပါဗျာ ! "






















Continue Reading

You'll Also Like

165K 14.9K 39
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Imaginary Heaven and imaginary Characte...
19.9K 3.3K 42
ဘာသာပြန်သူ - စွဲညို့အသင်း
308K 30.7K 62
CHAPTERS 148 (completed) ကွကိုဖတ်ချင်လို့ ဘာသာပြန်တာပါ..ဘယ်သူ့ဆီမှ ခွင့်ပြုချက် မတောင်းထားပါဘူး..တခြားလူပြန်ထားတာတွေ့ရင် ပြောပါ..ချက်ချင်းပြန်ဖျက်ပေး...