HIGER [COMPLETED]

Von Harry-Kim

262K 47.4K 3.9K

He is a mess but He is a masterpiece. Mehr

[ 0 ]
[ 1 ]
[ 2 ]
[ 3 ]
[ 4 ]
[ 5 ]
[ 6 ]
[ 7 ]
[ 8 ]
[ 9 ]
[ 10 ]
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15 ]
[ 16 ]
[ 18 ]
[ 19 ]
[ 20 ]
[ 21 ]
[ 22 ]
[ 23 ]
[ 24 ]
24/1
24/2
24/3
24/4
24/5
24/6
24/7
[ 25 ]
[ 26 ]
[ 27 ]
[ 28 ]
[ 29 ]
[ 30 ]
FINALE
Harry's Note

[ 17 ]

6.4K 1.2K 87
Von Harry-Kim

[ Unicode ]

" Chan! "

Chanyeolက Baekhyun လက်ကို
ဆွဲကာရုံးခန်းထဲကနေ နှစ်ယောက်သားအတူတူ
ထွက်သွားကြတာကြောင့်Alexသည်အနောက်ကနေ
အပြေးလိုက်လာလေသည်။

" ခဏလေး နေပါဦး Chan ~ Please ~ ''

Chanyeolက Baekhyun လက်ကို
တွဲထားလျက်ပင် Alex ကိုလှည့်ကြည့်လိုက်သည်။
သူတို့နှစ်ယောက်အနောက်သို့ အမှီပြေးလိုက်လာသော
Alexကအသက်ရှူသံတွေမြန်ဆန်နေပြီး ချက်ချင်း
စကားမပြောနိုင်သေးပေ။

ပြောစရာရှိတာမပြောသေးဘဲ အမောဖြေနေသော
Alexကိုကြည့်ကာBaekhyun က
စိတ်မရှည်သလိုပုံစံဖြင့် လှမ်းကြည့်လိုက်သည်။

" ဘာပြောမလို့လဲ Park Alex?
ပြောစရာရှိတာမြန်မြန်ပြော ''

Alexက Baekhyun ကိုမျက်စောင်း
မည်သောအကြည့်ဖြင့် မကျေမနပ်ကြည့်လိုက်ပြီး
Chanyeol ၏လက်တစ်ဖက်ကိုဆွဲကိုင်ရန်
ပြင်လိုက်လေသည်။

Alex ထက်ပိုလျင်သည့် Chanyeolကလည်း
ချက်ချင်းပင် ဘောင်းဘီအိတ်ထဲသို့လက်ထည့်ကာ
Alex၏ကမ်းလက်ကို မသိချင်ယောင်ဆောင်
လိုက်လေသည်။

" ကျွန်တော်ကရော Chan?
ကျွန်တော့ကိုရော ဘယ်သူကလာခေါ်မှာလဲ? "

" မင်းမေမေကို ကိုယ်ဖုန်းဆက်ထားပြီးသား။
မကြာခင် လာတော့မှာပါ ''

" ကျွန်တော်ရန်ဖြစ်တာ Mommy သိသွားရင်
ကျွန်တော့်ကိုဆူမှာပေါ့ ''

" အဲ့ဒါဆိုရင်လည်း ဘာလို့ရန်ဖြစ်သေးလဲ? "

Chanyeol၏အသံက လုံးဝမာထန်နေတာ
မဟုတ်ဘဲ ကိုယ့်ထက်ငယ်တဲ့သူတစ်ယောက်ကို
ပုံမှန်လေသံဖြင့်ဆုံးမနေခြင်းသာဖြစ်သည်။

" Chan ~ ~ ''

Alex ၏တောင်းပန်သလိုဆွဲဆွဲငင်ငင်
အခေါ်အဝေါ်ကြီးကြောင့် Baekhyunက
Chanyeol၏လက်ချောင်းတွေကို ဖျစ်ညှစ်ကာ
သူဒီမှာဆက်မနေချင်တော့ကြောင်း
အချက်ပြလိုက်လေသည်။

" ခဏလောက်စောင့်လိုက်ပါ
မကြာခင် မင်းမေမေလာတော့မှာပါ
ကိုယ်သွားပြီ ''

Chanyeol က နှစ်သိမ့်သလိုပုံစံမျိုးဖြင့်
Alexကိုအတန်ငယ်ပြုံးပြလိုက်ပြီး
Baekhyun၏အေးစက်နေသော
လက်ချောင်းလေးတွေကိုသတိထားမိတာကြောင့်
သူ့ကုတ်အကျႌရဲ့အိတ်ကပ်ထဲသို့ ပြောင်းထည့်
လိုက်လေသည်။

" အရမ်းအေးတယ် ကိုကို ''

" ဟုတ်လား? "

Chanyeolကချက်ချင်းပင်သူ့ရဲ့long coat
ကိုချွတ်လိုက်ကာ Baekhyun ၏ကိုယ်ပေါ်သို့
လွှားပေးလိုက်လေသည်။

" အခုမှပဲ အချမ်းပြေတော့တယ်

သွားတော့မယ်နော်... Alex  ''

အောင်နိုင်သူအပြုံးနဲ့ Chanyeol၏
long coatအောက်မှာမြုပ်နေသော
Baekhyun ကိုကြည့်ကာ Alexက
ခံပြင်းစွာဒေါသမျက်ရည်တွေကျနေလေသည်။

မွန်းကြပ်နေသော Alex၏ရင်ဘတ်အစုံသည်
အချစ်၊အမုန်းနဲ့ဒေါသတို့ပေါင်းဆုံသောအခါ
ပူလောင်ခြင်းတို့သာဖြစ်ပေါ်လာတာကြောင့်
မီးတောင်တစ်ခုလိုပေါက်ကွဲမတတ်ဖြစ်နေသည်။

" ချမ်းလိုက်တာ
ကိုကို ဖက်ထားပေး ~ ''

ခပ်လှမ်းလှမ်းအကွာအဝေးရောက်သွားသည့်တိုင်
ကြားနေရသော Baekhyun ၏အသံကြောင့်
Alexက နှုတ်ခမ်းကိုဖိကိုက်လိုက်လေသည်။

Baekhyun ၏အလိုကျအတိုင်းပင်
Chanyeolက Baekhyun ကို
တင်းတင်းကြပ်ကြပ်ပွေ့ဖက်ပေးကာ
သူ့ကိုတစ်ယောက်တည်း ထားခဲ့တာကြောင့်
Alex ကထိုနေရာမှာတင်ပဲ ဒူးထောက်ထိုင်ကာ
ငိုချလိုက်လေသည်။

" Chan ကိုမင်းလက်ထဲလုံးဝမပေးနိုင်ဘူး
Byun Baekhyun! "

Alex၏အော်သံက ကော်ရစ်ဒါတစ်လျှောက်
ကျယ်လောင်စွာ  မြည်ဟိန်းသွားလေသည်။

...

အသွားအလာမပြတ်သောကားလမ်းမဘေး
အုတ်ခုံတစ်ခုံတွင် Baekhyun တို့
နှစ်ယောက်တည်းရှိသည်။

" ဖြည်းဖြည်းသာသာ ဆေးထည့်ပါလား
သေတော့မယ် ဒီမှာ! အား! "

Baekhyun ၏မျက်နှာပေါ်က
ဖူးယောင်နေသော ဒဏ်ရာဒဏ်ချက်တွေကို
ဆေးလိမ်းပေးနေသော Chanyeolက
လက်ထဲကဆေးလိမ်းမပျက်ဘဲ
Baekhyun ကိုမော့ကြည့်လိုက်သည်။

စိတ်မကြည်သဖြင့် ဒီလောက်အော်ဟစ်
နေတာတောင်ဘာမှမဖြစ်သလိုပုံစံဖြင့် 
ပြုံးနေနိုင်သေးသော Chanyeolကို
ကြည့်ကာ Baekhyunပင်ကြောင်အသွားရသည်။

" ခင်ဗျားအသက်ဘယ်လောက်လဲ
Park Chanyeol? "

" မင်းထက် သုံးနှစ်ကြီးတယ် ''

" ကျွန်တော်ကခင်ဗျားထက်ငယ်လို့
ဒီလိုညှာညှာတာတာ နူးနူးညံ့ညံ့ဆက်ဆံတာမလား ?
တကယ်လို့ ကျွန်တော်ကခင်ဗျားထက်
အသက်ပိုကြီးရင် ခွန်းတုန့်မခံပြန်ပြောမှာမလား
အမှန်အတိုင်းဖြေ ''

ရစ်စရာမရှိကြံဖန်ရစ်နေသော
အဆိုးတုံးလေး၏ ရှေ့မှာထိုင်ချလိုက်ပြီး
ကျောင်းအုပ်ကြီးရှေ့မှာတော်တော်ကြာကြာ
ဒူးထောက်ထားရတာကြောင့် နီရဲနေသော
ဒူးခေါင်းလေးနှစ်ဖက်ကို ညင်ညင်သာသာလေး
ဆေးလိမ်းပေးလိုက်လေသည်။

" မင်းက ကိုယ့်ထက်အသက်ကြီးရင်
ရိုရိုသေသေဆက်ဆံမှာပေါ့ ''

" မယုံဘူး ခင်ဗျားရည်းစား Alex ကိုသွားပြော ''

မျက်နှာလေးကိုပါ တခြားဖက်သို့လှည့်သွားတာကြောင့် Chanyeolက သဘောတကျကိုပြုံးမိလိုက်သည်။

" ကိုကို့ချစ်သူလေးက ကိုကို့ရှေ့မှာလေ
ဘယ်ကိုသွားခိုင်းနေတာလဲ? "

" Alex လေ ခင်ဗျားရဲ့ချစ်သူ Park Alex ''

Chanyeolကမျက်နှာပင်အပြုံးမပျက်ဘဲ
Baekhyun ၏နှုတ်ခမ်းထောင့်က
ဒဏ်ရာသေးသေးလေးကို လက်မဖြင့်အသာ
ထိတွေ့လိုက်သည်။

" Kyoong ''

Chanyeol၏မျက်လုံးဝိုင်းဝိုင်းလေးများဖြင့်
အကြည့်ချင်းဆုံသွားသည့်တစ်ခဏ ရင်ထဲ၌
အမျိုးအမည်တပ်၍မရသောခံစားချက်တွေက
ရေလှိုင်းတွေသဖွယ် ဝုန်းဒိုင်းကြဲရိုက်ခတ်လာလေသည်။

" ကိုယ်ချစ်တယ်လို့ ပြောဖူးတာကလည်း
မင်းပဲရှိသလို ကိုယ့်ရဲ့ချစ်သူကလည်း
မင်းတစ်ယောက်တည်းပါပဲ ''

" Park Chanyeol ''

Baekhyun အရှေ့မှာဒူးထောက်ထိုင်ကာ
ဆေးလိမ်းပေးနေတဲ့ Chanyeolက
ချက်ချင်းဆိုသလိုမတ်တပ်ရပ်လိုက်ပြီး သူ့ရဲ့
မျက်နှာအနားသို့တိုးကာ ကိုယ်ကိုအနည်းငယ်
ကိုင်းလိုက်တာကြောင့် ထိုင်နေသည့် Baekhyun
ကိုယ်လေးတောင်အနောက်သို့အနည်းငယ်
ဆုတ်မိလိုက်သည်။

" scholarship ဝင်ပြိုင်မယ်ဆိုတော့
လိုအပ်တဲ့စာအုပ်တွေ note တွေရှိရင်
ကိုကို့ကိုပြော ကိုကိုရှာပေးမယ် ''

" ခင်ဗျား ခင်ဗျား..အလုပ်မအားဘူးမလား? "

" ရတယ် ကိုယ့်အားလပ်ချိန်တွေထဲက ဖဲ့ပေးမယ် ''

Baekhyun ကဘာမှထပ်မမေးတော့ဘဲ
ဖြတ်သွသည့်ကားတွေကိုသာ အကြောင်းမဲ့
ငေးမောနေလိုက်သည်။

တစ်ခါတလေ အရှိန်ပါသည့်ကားတွေ
ဖြတ်သွားသည့်အခါတိုင်း လေထဲဝဲလွင့်နေတတ်သော Baekhyun ၏ဆံနွယ်ပျော့ပျော့လေးများအား
Chanyeolသည်စိတ်ကူးလေးဖြင့်သာ
ခိုးပြီး နမ်းရှိုက်နေလေသည်။

လူကို မနမ်းရဲလို့တော့မဟုတ်။
မနမ်းသေးတာသာ ဖြစ်သည်။
Kyoong ကသူ့ကိုအခွင့်အရေးသမားဟု
ထင်သွားမှာကိုလည်း သူမလိုလား။

" ပြန်ကြရအောင် Kyoong
ရာသီဥတုကအေးနေပြီ တော်ကြာ
ဒဏ်ရာကပြန်ကိုက်လာဦးမယ် ''

ထိုနေ့ညကChanyeolသည်Baekyun၏
အိမ်အထိကားဖြင့်လိုက်ပို့ပေးခဲ့လေသည်။

...

စာမေးပွဲနီးမှ one subject one night
ဖြင့်တစ်နှစ်တစ်တန်းမှန်မှန်အောင်လာသော
Baekhyun အတွက် Scholarship
စာမေးပွဲသည် အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ပင်
ဖြစ်သည်။ Alex ကိုတမင်သက်သက်
အရွဲ့တိုက်ချင်၍သာ စာမေးပွဲဖြေရန်
နာမည်ပေးလိုက်ချင်းပင်။စာရ၍မဟုတ်။

Baekhyun ၏ဦးနှောက်ထဲမှာလည်း
ကျောင်းစာထက် Alex ကိုအရွဲ့တိုက်ချင်စိတ်က
ပို၍နေရာယူထားလေသည်။

ကျောင်းစာကြည့်တိုက်တောင် ဘယ်နေရာမှာ
ရှိမှန်းသေချာမသိသည့်ကျောင်းသားတစ်ယောက်က
scholar ဝင်ပြိုင်သည်တဲ့။

Baekhyun သည်သူ့အဖြစ်ကိုသူ ရယ်မောမိလေသည်။

Baekhyun ၏သူငယ်ချင်း Martin
ကတော့ဒီရက်ပိုင်းအတွင်း တော်တော်ကို
အကူအညီပေးသည်။ ကျောင်းပျက်တုန်းက
သင်ခန်းစာတွေကိုလည်း နှံ့နှံ့စပ်စပ်သေချာ
ရှင်းပြသလို စာကြည့်တိုက်သွားရင်လည်း တတွဲတွဲ။

ဆရာတွေနဲ့ discussion လုပ်ရင်လည်း
သူတို့နှစ်ယောက်ကပဲ တပူးပူးတတွဲတွဲ
အမြဲတမ်းတွေ့နေရတာကြောင့် Martinနဲ့
Baekhyun တို့နှစ်ယောက်ကတွဲနေကြတာ
ဟူသောသတင်းတွေတောင် ကျောင်းမှာ
ပြန့်နေလေသည်။

သို့သော် Baekhyun တို့နှစ်ယောက်လုံးမှာ
ထိုကိစ္စကိုဖြေရှင်းဖို့အချိန်မရှိ။ နှစ်ယောက်လုံးက
စာမေးပွဲကိုသာ အဓိကထားပြီးအာရုံစိုက်နေကြ
တာကြောင့် အရေးမပါသည့်ပြဿနာတွေကို
ခေါင်းထဲမထည့်သေးတာဆိုရင် ပိုမှန်လိမ့်မည်။

Alex ကလည်းသူ့နည်းသူ့ဟန်ဖြင့်
နာမည်ကြီးဆရာတွေခေါ်ကာစာကြိုးစားနေသလို Baekhyun၏အနားမှာလည်း supportive boyfriend ဖြစ်တဲ့ Chanyeolနဲ့
best friend ဖြစ်တဲ့ Martinကလည်း
အမြဲတမ်းရှိနေပေးသည်၊

တစ်ခါတလေ ကျောင်းစာကြည့်တိုက်မှာပဲ
အိပ်ပျော်သွားသည့် ညနေခင်းတွေဆို
Chanyeolကပဲကုန်းပိုးပြီး ကားပေါ်တင်ကာ
အိမ်ပြန်လိုက်ပို့ရသည့်နေ့ပေါင်းကလည်းမနည်းပေ။

နှာခေါင်းသွေးလျှံရတဲ့အထိ အသည်းအသန်
စာလုပ်ဖူးတာလည်း Baekhyunဘဝမှာ
ဒီတစ်ကြိမ်သာရှိလေသည်။

" Martin မင်းဒီလောက်တော်တာ
ဘာလို့ scholar ဝင်မဖြေတာလဲ? "

Martin ကနှုတ်ခမ်းလှုပ်ရုံသာပြုံးလိုက်ပြီး
အဝေးတစ်နေရာကိုငေးစိုက်ကြည့်နေသည်၊၊
Martin လည်းဒီအတောအတွင်း
Baekhyun အနောက်ကိုသာလိုက်ကာ
စာတွေကူလုပ်ပေးနေရတာကြောင့် မျက်တွင်း
တွေတောင်ကျနေလေသည်။

" Alex ကိုသာ သေချာပေါက်အနိုင်ယူခဲ့ပါ
Baekhyun ''

" ပြောစမ်းပါကွာ ဘာလို့စာမေးပွဲမဖြေတာလဲလို့ ''

" ငါ မင်းရဲ့ပြိုင်ဘက်မဖြစ်ချင်ဘူး..
မင်းရဲ့သူငယ်ချင်းကောင်းပဲ ဖြစ်ချင်တာ ''

Baekhyun က တစ်ခုခုပြောရန်ကြံရွယ်
နေတုန်းမှာပဲ ဖုန်းကအချိန်ကိုက်ပင်ဝင်လာ
တာကြောင့် မြန်မြန်ဆန်ဆန်ပင်ကိုင်လိုက်လေသည်။

" hello ''

".... ''

" hello! "

ဘာအသံမှမကြားရတာကြောင့်
Baekhyun သည်ဖုန်းချရန်ရွယ်လိုက်တော့မှ
တစ်ဖက်ကသူက စပြောတော့သည်။

" ဦးက Park Chanyeolရဲ့အဖေပါ ''

Baekhyun ၏နားရွက်လေးသည်
ယုန်နားရွက်လေးလို ဆတ်ခနဲထောင်သွားတော့လေသည်။

...

မျက်စိရှေ့က အဆောက်အဦးကြီးကို
မော့ကြည့်ပြီး Baekhyun မျက်လုံးတွေတောင်
ကျိန်းစပ်သွားရသည်။

အရင်တစ်ခါက မိန်းမကခေါ်တွေ့သည်။
အခု ယောက်ျားဖြစ်သူကခေါ်တွေ့ပြန်ပြီ။

နှစ်ယောက်စလုံးသည် သူနဲ့ Park Chanyeol
လမ်းခွဲဖို့အရေး တို့အရေးဖြစ်နေကြသည်။

Baekhyun ကလည်းသူ့အပေါ်ကို
ဒီလောက်ကောင်းသည့် Chanyeolကို
ဘယ်တော့မှ လမ်းခွဲပေးမှာမဟုတ်။

" Byun Baekhyun လားမသိဘူး
ကျွန်တော့နောက်ကို လိုက်ခဲ့ပေးပါ
CEO Park စောင့်နေပါတယ် ''

အနောက်တိုင်းဝတ်စုံနဲ့လူတစ်ယောက်က
ဘယ်သွားရမလဲမသိဖြစ်နေတဲ့သူ့ကိုချက်ချင်း
လာခေါ်တာကြောင့် ထိုလူ၏နောက်ကိုသာ
ယုံကြည်စိတ်ချပြီး လိုက်လာခဲ့လေသည်။

" ဒီအခန်းပါ ဝင်သွားလို့ရပါပြီ
အခန်းထဲမှာ CEO Park စောင့်နေပါတယ် ''

Baekhyun ကထိုသူပြောသည့်အတိုင်းပင်
အခန်းတံခါးကို ဖွင့်ကာဝင်သွားလိုက်တော့
Chanyeol၏အဖေ တစ်နည်းအားဖြင့်
CEO Park ကဆိုဖာပေါ်မှာထိုင်ကာ
စာရင်းအင်းတွေနဲ့လုံးပန်းနေရှာသည်။

တံခါးဖွင့်သံကြားတော့ ချက်ချင်းမော့ကြည့်
လိုက်ပြီး ဝင်ထိုင်ရန်အမိန့်ပေးလိုက်လေသည်။

" ထိုင်ပြီးစောင့်နေ ''

Baekhyun က ဆိုဖာပေါ်မှာမထိုင်ဘဲ
CEO Park၏ ဆုံလည်ကုလားထိုင်ပေါ်မှာ
ဟန်ကျပန်ကျ ထိုင်နေလိုက်သည်။ထိုအခါမှ
ဆိုဖာပေါ်မှာထိုင်ကာ စာရင်းတွက်နေသည့်
Chanyeolရဲ့အဖေက Baekhyun
အနားကိုရောက်လာတော့လေသည်။

" မင်း - အတင့်ရဲပြီး ဘယ်နေရာမှာထိုင်နေတာလဲ? "

" တန်ရာတန်ရာ နေရာမှာထိုင်တာလေ ''

CEO ParkကBaekhyun ကို
စိတ်ပျက်စွာကြည့်လိုက်ပြီး ခါးကိုထောက်ထားလိုက်သည်။

" အန်ကယ်ကရော ဘာပြောချင်လို့လဲ?
ငါ့သားနဲ့ လမ်းခွဲပေးပါ.. ဒါပဲမလား? "

" အေး မင်းပြောတဲ့အတ်ုင်းပဲ ငါ့သားနဲ့လမ်းခွဲပေး ''

" လမ်းခွဲပေးရင် ကျွန်တော်ကဘာရမှာလဲ? "

Baekhyun ၏မျက်နှာကိုကြည့်ကာ
CEO Park ကခပ်ထေ့ထေ့ပြုံးလိုက်သည်။

" မင်းလိုချင်သလောက်တောင်း ''

" ဒီကုမ္ပဏီကို လိုချင်တယ်
Park Group ကိုလိုချင်တယ် ''

" ဘာကွ! "

Chanyeolရဲ့အဖေက အံကိုကြိတ်၊မျက်လုံးကို
ပြူးကာ ခါးထောက်ပြီးရပ်ကြည့်နေတာကြောင့် Baekhyun ကတဟားဟားအော်ရယ်လိုက်လေသည်။

" ပေးနိုင်တာလည်း မဟုတ်ဘဲနဲ့ ဟားဟား ''

Baekhyun က CEO Park ဟု
ရေးထားသောဖန်တုံးလေးကို လက်ညှိုးလေးဖြင့်
အသာထိတွေ့လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။

" အိုးဟိုး ဖုန်တွေတောင်တက်နေပါရောလား?
အန်ကယ်ဒီနေရာကို အပိုင်စီးထားတာ
တော်တော်ကြာပြီ ထင်တယ်

ကျွန်တော့်ကို CEO နေရာလွှဲပေးလိုက်ပါလား? "

Chanyeol အဖေကစားပွဲခုံကိုလက်ဖြင့်ထုလိုက်ပြီး Baekhyun ကိုစူးရဲစွာစိုက်ကြည့်လိုက်သည်။

" ငါက ငါ့သား Chanyeolကိုပဲလွှဲပေးမှာပေါ့
မင်းကို လွှဲပေးစရာလား? "

Baekhyun က Chanyeol၏အဖေ
တစ်နည်းအားဖြင့် CEO Park ၏စကားကို
ဟားတိုက်ရယ်မောပြလိုက်သည်။

" မင်းက ဘာရယ်တာလဲ ဟေ့ကောင် ? "

" အင်း..  Park Group ရဲ့ CEO
မဖြစ်နိုင်ပေမဲ့ Park Group CEO
Park Chanyeol ရဲ့ခင်ပွန်း
Park Baekhyun တော့ဖြစ်လာနိုင်တယ်လေ ''

" ဘာ ဘာ Park Park Baekhyun? "

အထေ့ထေ့အငေါ်ငေါ့ဖြစ်နေသော
ယောက္ခမလောင်းကိုကြည့်ကာBaekhyunက
ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။

" ဟုတ်တယ်လေ အန်ကယ်ရဲ့...ကျွန်တော်က
ကိုကို့ရဲ့ ခင်ပွန်းလေး Park Baekhyun ''

...

TBC

______________________________________

[ Zawgyi ]

" Chan! "

Chanyeolက Baekhyun လက္ကို
ဆဲြကာ႐ုံးခန္းထဲကေန ႏွစ္ေယာက္သားအတူတူ
ထြက္သြားၾကတာေၾကာင့္Alexသည္အေနာက္ကေန
အေျပးလိုက္လာေလသည္။

" ခဏေလး ေနပါဦး Chan ~ Please ~ ''

Chanyeolက Baekhyun လက္ကို
တဲြထားလ်က္ပင္ Alex ကိုလွည့္ၾကည့္လိုက္သည္။
သူတို႔ႏွစ္ေယာက္အေနာက္သို႔ အမွီေျပးလိုက္လာေသာ
Alexကအသက္႐ွဴသံေတြျမန္ဆန္ေနၿပီး ခ်က္ခ်င္း
စကားမေျပာႏိုင္ေသးေပ။

ေျပာစရာ႐ွိတာမေျပာေသးဘဲ အေမာေျဖေနေသာ
Alexကိုၾကည့္ကာBaekhyun က
စိတ္မ႐ွည္သလိုပံုစံျဖင့္ လွမ္းၾကည့္လိုက္သည္။

" ဘာေျပာမလို႔လဲ Park Alex?
ေျပာစရာ႐ွိတာျမန္ျမန္ေျပာ ''

Alexက Baekhyun ကိုမ်က္ေစာင္း
မည္ေသာအၾကည့္ျဖင့္ မေက်မနပ္ၾကည့္လိုက္ၿပီး
Chanyeol ၏လက္တစ္ဖက္ကိုဆဲြကိုင္ရန္
ျပင္လိုက္ေလသည္။

Alex ထက္ပိုလ်င္သည့္ Chanyeolကလည္း
ခ်က္ခ်င္းပင္ ေဘာင္းဘီအိတ္ထဲသို႔လက္ထည့္ကာ
Alex၏ကမ္းလက္ကို မသိခ်င္ေယာင္ေဆာင္
လိုက္ေလသည္။

" ကြၽန္ေတာ္ကေရာ Chan?
ကြၽန္ေတာ့ကိုေရာ ဘယ္သူကလာေခၚမွာလဲ? "

" မင္းေမေမကို ကိုယ္ဖုန္းဆက္ထားၿပီးသား။
မၾကာခင္ လာေတာ့မွာပါ ''

" ကြၽန္ေတာ္ရန္ျဖစ္တာ Mommy သိသြားရင္
ကြၽန္ေတာ့္ကိုဆူမွာေပါ့ ''

" အဲ့ဒါဆိုရင္လည္း ဘာလို႔ရန္ျဖစ္ေသးလဲ? "

Chanyeol၏အသံက လံုးဝမာထန္ေနတာ
မဟုတ္ဘဲ ကိုယ့္ထက္ငယ္တဲ့သူတစ္ေယာက္ကို
ပံုမွန္ေလသံျဖင့္ဆံုးမေနျခင္းသာျဖစ္သည္။

" Chan ~ ~ ''

Alex ၏ေတာင္းပန္သလိုဆဲြဆဲြငင္ငင္
အေခၚအေဝၚႀကီးေၾကာင့္ Baekhyunက
Chanyeol၏လက္ေခ်ာင္းေတြကို ဖ်စ္ညႇစ္ကာ
သူဒီမွာဆက္မေနခ်င္ေတာ့ေၾကာင္း
အခ်က္ျပလိုက္ေလသည္။

" ခဏေလာက္ေစာင့္လိုက္ပါ
မၾကာခင္ မင္းေမေမလာေတာ့မွာပါ
ကိုယ္သြားၿပီ ''

Chanyeol က ႏွစ္သိမ့္သလိုပံုစံမ်ိဳးျဖင့္
Alexကိုအတန္ငယ္ျပံဳးျပလိုက္ၿပီး
Baekhyun၏ေအးစက္ေနေသာ
လက္ေခ်ာင္းေလးေတြကိုသတိထားမိတာေၾကာင့္
သူ႔ကုတ္အက်ႌရဲ႕အိတ္ကပ္ထဲသို႔ ေျပာင္းထည့္
လိုက္ေလသည္။

" အရမ္းေအးတယ္ ကိုကို ''

" ဟုတ္လား? "

Chanyeolကခ်က္ခ်င္းပင္သူ႔ရဲ႕long coat
ကိုခြၽတ္လိုက္ကာ Baekhyun ၏ကိုယ္ေပၚသို႔
လႊားေပးလိုက္ေလသည္။

" အခုမွပဲ အခ်မ္းေျပေတာ့တယ္

သြားေတာ့မယ္ေနာ္... Alex  ''

ေအာင္ႏိုင္သူအျပံဳးနဲ႔ Chanyeol၏
long coatေအာက္မွာျမဳပ္ေနေသာ
Baekhyun ကိုၾကည့္ကာ Alexက
ခံျပင္းစြာေဒါသမ်က္ရည္ေတြက်ေနေလသည္။

မြန္းၾကပ္ေနေသာ Alex၏ရင္ဘတ္အစံုသည္
အခ်စ္၊အမုန္းနဲ႔ေဒါသတို႔ေပါင္းဆံုေသာအခါ
ပူေလာင္ျခင္းတို႔သာျဖစ္ေပၚလာတာေၾကာင့္
မီးေတာင္တစ္ခုလိုေပါက္ကဲြမတတ္ျဖစ္ေနသည္။

" ခ်မ္းလိုက္တာ
ကိုကို ဖက္ထားေပး ~ ''

ခပ္လွမ္းလွမ္းအကြာအေဝးေရာက္သြားသည့္တိုင္
ၾကားေနရေသာ Baekhyun ၏အသံေၾကာင့္
Alexက ႏႈတ္ခမ္းကိုဖိကိုက္လိုက္ေလသည္။

Baekhyun ၏အလိုက်အတိုင္းပင္
Chanyeolက Baekhyun ကို
တင္းတင္းၾကပ္ၾကပ္ေပြ႔ဖက္ေပးကာ
သူ႔ကိုတစ္ေယာက္တည္း ထားခဲ့တာေၾကာင့္
Alex ကထိုေနရာမွာတင္ပဲ ဒူးေထာက္ထိုင္ကာ
ငိုခ်လိုက္ေလသည္။

" Chan ကိုမင္းလက္ထဲလံုးဝမေပးႏိုင္ဘူး
Byun Baekhyun! "

Alex၏ေအာ္သံက ေကာ္ရစ္ဒါတစ္ေလ်ွာက္
က်ယ္ေလာင္စြာ  ျမည္ဟိန္းသြားေလသည္။

...

အသြားအလာမျပတ္ေသာကားလမ္းမေဘး
အုတ္ခံုတစ္ခုံတြင္ Baekhyun တို႔
ႏွစ္ေယာက္တည္း႐ွိသည္။

" ျဖည္းျဖည္းသာသာ ေဆးထည့္ပါလား
ေသေတာ့မယ္ ဒီမွာ! အား! "

Baekhyun ၏မ်က္ႏွာေပၚက
ဖူးေယာင္ေနေသာ ဒဏ္ရာဒဏ္ခ်က္ေတြကို
ေဆးလိမ္းေပးေနေသာ Chanyeolက
လက္ထဲက​ေဆးလိမ္းမပ်က္ဘဲ
Baekhyun ကိုေမာ့ၾကည့္လိုက္သည္။

စိတ္မၾကည္သျဖင့္ ဒီေလာက္ေအာ္ဟစ္
​ေနတာေတာင္ဘာမွမျဖစ္သလိုပံုစံျဖင့္ 
ျပံဳးေနႏိုင္ေသးေသာ Chanyeolကို
ၾကည့္ကာ Baekhyunပင္​ေၾကာင္အသြားရသည္။

" ခင္ဗ်ားအသက္ဘယ္ေလာက္လဲ
Park Chanyeol? "

" မင္းထက္ သံုးႏွစ္ႀကီးတယ္ ''

" ကြၽန္ေတာ္ကခင္ဗ်ားထက္ငယ္လို႔
ဒီလိုညႇာညႇာတာတာ ႏူးႏူးညံ့ညံ့ဆက္ဆံတာမလား ?
တကယ္လို႔ ကြၽန္ေတာ္ကခင္ဗ်ားထက္
အသက္ပိုႀကီးရင္ ခြန္းတုန္႔မခံျပန္ေျပာမွာမလား
အမွန္အတိုင္းေျဖ ''

ရစ္စရာမ႐ွိၾကံဖန္ရစ္ေနေသာ
အဆိုးတံုးေလး၏ ေ႐ွ႕မွာထိုင္ခ်လိုက္ၿပီး
ေက်ာင္းအုပ္ႀကီးေ႐ွ႕မွာေတာ္ေတာ္ၾကာၾကာ
ဒူးေထာက္ထားရတာေၾကာင့္ နီရဲေနေသာ
ဒူးေခါင္းေလးႏွစ္ဖက္ကို ညင္ညင္သာသာေလး
ေဆးလိမ္းေပးလိုက္ေလသည္။

" မင္းက ကိုယ့္ထက္အသက္ႀကီးရင္
႐ုိ႐ုိေသေသဆက္ဆံမွာေပါ့ ''

" မယံုဘူး ခင္ဗ်ားရည္းစား Alex ကိုသြားေျပာ ''

မ်က္နွာေလးကိုပါ တျခားဖက္သို႔လွည့္သြားတာေၾကာင့္ Chanyeolက သေဘာတက်ကိုျပံဳးမိလိုက္သည္။

" ကိုကို႔ခ်စ္သူေလးက ကိုကို႔ေ႐ွ႕မွာေလ
ဘယ္ကိုသြားခိုင္းေနတာလဲ? "

" Alex ေလ ခင္ဗ်ားရဲ႕ခ်စ္သူ Park Alex ''

Chanyeolကမ်က္ႏွာပင္အျပံဳးမပ်က္ဘဲ
Baekhyun ၏ႏႈတ္ခမ္းေထာင့္က
ဒဏ္ရာေသးေသးေလးကို လက္မျဖင့္အသာ
ထိေတြ႔လိုက္သည္။

" Kyoong ''

Chanyeol၏မ်က္လံုးဝိုင္းဝိုင္းေလးမ်ားျဖင့္
အၾကည့္ခ်င္းဆံုသြားသည့္တစ္ခဏ ရင္ထဲ၌
အမ်ိဳးအမည္တပ္၍မရေသာခံစားခ်က္ေတြက
ေရလိႈင္းေတြသဖြယ္ ဝုန္းဒိုင္းၾကဲ႐ုိက္ခတ္လာေလသည္။

" ကိုယ္ခ်စ္တယ္လို႔ ေျပာဖူးတာကလည္း
မင္းပဲ႐ွိသလို ကိုယ့္ရဲ႕ခ်စ္သူကလည္း
မင္းတစ္ေယာက္တည္းပါပဲ ''

" Park Chanyeol ''

Baekhyun အေ႐ွ႕မွာဒူးေထာက္ထိုင္ကာ
​ေဆးလိမ္းေပးေနတဲ့ Chanyeolက
ခ်က္ခ်င္းဆိုသလိုမတ္တပ္ရပ္လိုက္ၿပီး သူ႔ရဲ႕
မ်က္ႏွာအနားသို႔တိုးကာ ကိုယ္ကိုအနည္းငယ္
ကိုင္းလိုက္တာေၾကာင့္ ထိုင္ေနသည့္ Baekhyun
ကိုယ္ေလးေတာင္အ​ေနာက္သို႔အနည္းငယ္
ဆုတ္မိလိုက္သည္။

" scholarship ဝင္ၿပိဳင္မယ္ဆိုေတာ့
လိုအပ္တဲ့စာအုပ္ေတြ note ေတြ႐ွိရင္
ကိုကို႔ကိုေျပာ ကိုကို႐ွာေပးမယ္ ''

" ခင္ဗ်ား ခင္ဗ်ား..အလုပ္မအားဘူးမလား? "

" ရတယ္ ကိုယ့္အားလပ္ခ်ိန္ေတြထဲက ဖဲ့ေပးမယ္ ''

Baekhyun ကဘာမွထပ္မေမးေတာ့ဘဲ
ျဖတ္သြသည့္ကားေတြကိုသာ အေၾကာင္းမဲ့
ေငးေမာေနလိုက္သည္။

တစ္ခါတေလ အ႐ွိန္ပါသည့္ကားေတြ
ျဖတ္သြားသည့္အခါတိုင္း ေလထဲဝဲလြင့္ေနတတ္ေသာ Baekhyun ၏ဆံႏြယ္ေပ်ာ့ေပ်ာ့ေလးမ်ားအား
Chanyeolသည္စိတ္ကူးေလးျဖင့္သာ
ခိုးၿပီး နမ္း႐ႈိက္ေနေလသည္။

လူကို မနမ္းရဲလို႔ေတာ့မဟုတ္။
မနမ္းေသးတာသာ ျဖစ္သည္။
Kyoong ကသူ႔ကိုအခြင့္အေရးသမားဟု
ထင္သြားမွာကိုလည္း သူမလိုလား။

" ျပန္ၾကရေအာင္ Kyoong
ရာသီဥတုကေအးေနၿပီ ေတာ္ၾကာ
ဒဏ္ရာကျပန္ကိုက္လာဦးမယ္ ''

ထိုေန႔ညကChanyeolသည္Baekyun၏
အိမ္အထိကားျဖင့္လိုက္ပို႔ေပးခဲ့ေလသည္။

...

စာေမးပြဲနီးမွ one subject one night
ျဖင့္တစ္ႏွစ္တစ္တန္းမွန္မွန္ေအာင္လာေသာ
Baekhyun အတြက္ Scholarship
စာေမးပြဲသည္ အႀကီးမားဆံုးစိန္ေခၚမႈတစ္ရပ္ပင္
ျဖစ္သည္။ Alex ကိုတမင္သက္သက္
အရြဲ႔တိုက္ခ်င္၍သာ စာေမးပြဲေျဖရန္
နာမည္ေပးလိုက္ခ်င္းပင္။စာရ၍မဟုတ္။

Baekhyun ၏ဦးေႏွာက္ထဲမွာလည္း
ေက်ာင္းစာထက္ Alex ကိုအရြဲ႔တိုက္ခ်င္စိတ္က
ပို၍ေနရာယူထားေလသည္။

ေက်ာင္းစာၾကည့္တိုက္ေတာင္ ဘယ္ေနရာမွာ
႐ွိမွန္းေသခ်ာမသိသည့္ေက်ာင္းသားတစ္ေယာက္က
scholar ဝင္ၿပိဳင္သည္တဲ့။

Baekhyun သည္သူ႔အျဖစ္ကိုသူ ရယ္ေမာမိေလသည္။

Baekhyun ၏သူငယ္ခ်င္း Martin
ကေတာ့ဒီရက္ပိုင္းအတြင္း ေတာ္ေတာ္ကို
အကူအညီေပးသည္။ ေက်ာင္းပ်က္တုန္းက
သင္ခန္းစာေတြကိုလည္း ႏွံ႔ႏွံ႔စပ္စပ္ေသခ်ာ
႐ွင္းျပသလို စာၾကည့္တိုက္သြားရင္လည္း တတဲြတဲြ။

ဆရာေတြနဲ႔ discussion လုပ္ရင္လည္း
သူတို႔ႏွစ္ေယာက္ကပဲ တပူးပူးတတဲြတဲြ
အျမဲတမ္းေတြ႔ေနရတာေၾကာင့္ Martinနဲ႔
Baekhyun တို႔ႏွစ္ေယာက္ကတဲြေနၾကတာ
ဟူေသာသတင္းေတြေတာင္ ​ေက်ာင္းမွာ
ျပန္႔ေနေလသည္။

သို႔ေသာ္ Baekhyun တို႔ႏွစ္ေယာက္လံုးမွာ
ထိုကိစၥကိုေျဖ႐ွင္းဖို႔အခ်ိန္မ႐ွိ။ ႏွစ္ေယာက္လံုးက
စာေမးပြဲကိုသာ အဓိကထားၿပီးအာ႐ုံစိုက္ေနၾက
တာေၾကာင့္ အေရးမပါသည့္ျပႆနာေတြကို
ေခါင္းထဲမထည့္ေသးတာဆိုရင္ ပိုမွန္လိမ့္မည္။

Alex ကလည္းသူ႔နည္းသူ႔ဟန္ျဖင့္
နာမည္ႀကီးဆရာေတြေခၚကာစာႀကိဳးစားေနသလို Baekhyun၏အနားမွာလည္း supportive boyfriend ျဖစ္တဲ့ Chanyeolနဲ႔
best friend ျဖစ္တဲ့ Martinကလည္း
အျမဲတမ္း႐ွိေနေပးသည္၊

တစ္ခါတေလ ေက်ာင္းစာၾကည့္တိုက္မွာပဲ
အိပ္ေပ်ာ္သြားသည့္ ညေနခင္းေတြဆို
Chanyeolကပဲကုန္းပိုးၿပီး ကားေပၚတင္ကာ
အိမ္ျပန္လိုက္ပို႔ရသည့္ေန႔ေပါင္းကလည္းမနည္းေပ။

ႏွာေခါင္းေသြးလ်ွံရတဲ့အထိ အသည္းအသန္
စာလုပ္ဖူးတာလည္း Baekhyunဘဝမွာ
ဒီတစ္ႀကိမ္သာ႐ွိေလသည္။

" Martin မင္းဒီေလာက္ေတာ္တာ
ဘာလို႔ scholar ဝင္မေျဖတာလဲ? "

Martin ကႏႈတ္ခမ္းလႈပ္႐ုံသာျပံဳးလိုက္ၿပီး
အေဝးတစ္ေနရာကိုေငးစိုက္ၾကည့္ေနသည္၊၊
Martin လည္းဒီအေတာအတြင္း
Baekhyun အေနာက္ကိုသာလိုက္ကာ
စာေတြကူလုပ္ေပးေနရတာေၾကာင့္ မ်က္တြင္း
ေတြေတာင္က်ေနေလသည္။

" Alex ကိုသာ ေသခ်ာေပါက္အႏိုင္ယူခဲ့ပါ
Baekhyun ''

" ေျပာစမ္းပါကြာ ဘာလို႔စာေမးပဲြမေျဖတာလဲလို႔ ''

" ငါ မင္းရဲ႕ၿပိဳင္ဘက္မျဖစ္ခ်င္ဘူး..
မင္းရဲ႕သူငယ္ခ်င္းေကာင္းပဲ ျဖစ္ခ်င္တာ ''

Baekhyun က တစ္ခုခုေျပာရန္ၾကံရြယ္
​ေနတုန္းမွာပဲ ဖုန္းကအခ်ိန္ကိုက္ပင္ဝင္လာ
တာေၾကာင့္ ျမန္ျမန္ဆန္ဆန္ပင္ကိုင္လိုက္ေလသည္။

" hello ''

".... ''

" hello! "

ဘာအသံမွမၾကားရတာေၾကာင့္
Baekhyun သည္ဖုန္းခ်ရန္ရြယ္လိုက္ေတာ့မွ
တစ္ဖက္ကသူက စေျပာေတာ့သည္။

" ဦးက Park Chanyeolရဲ႕အေဖပါ ''

Baekhyun ၏နားရြက္ေလးသည္
ယုန္နားရြက္ေလးလို ဆတ္ခနဲေထာင္သြားေတာ့ေလသည္။

...

မ်က္စိေ႐ွ႕က အေဆာက္အဦးႀကီးကို
ေမာ့ၾကည့္ၿပီး Baekhyun မ်က္လံုးေတြေတာင္
က်ိန္းစပ္သြားရသည္။

အရင္တစ္ခါက မိန္းမကေခၚေတြ႔သည္။
အခု ေယာက္်ားျဖစ္သူကေခၚေတြ႔ျပန္ၿပီ။

ႏွစ္ေယာက္စလံုးသည္ သူနဲ႔ Park Chanyeol
လမ္းခဲြဖို႔အေရး တို႔အေရးျဖစ္ေနၾကသည္။

Baekhyun ကလည္းသူ႔အေပၚကို
ဒီေလာက္ေကာင္းသည့္ Chanyeolကို
ဘယ္ေတာ့မွ လမ္းခဲြေပးမွာမဟုတ္။

" Byun Baekhyun လားမသိဘူး
ကြၽန္ေတာ့ေနာက္ကို လိုက္ခဲ့ေပးပါ
CEO Park ေစာင့္ေနပါတယ္ ''

အေနာက္တိုင္းဝတ္စံုနဲ႔လူတစ္ေယာက္က
ဘယ္သြားရမလဲမသိျဖစ္ေနတဲ့သူ႔ကိုခ်က္ခ်င္း
လာေခၚတာေၾကာင့္ ထိုလူ၏ေနာက္ကိုသာ
ယံုၾကည္စိတ္ခ်ၿပီး လိုက္လာခဲ့ေလသည္။

" ဒီအခန္းပါ ဝင္သြားလို႔ရပါၿပီ
အခန္းထဲမွာ CEO Park ေစာင့္ေနပါတယ္ ''

Baekhyun ကထိုသူေျပာသည့္အတိုင္းပင္
အခန္းတံခါးကို ဖြင့္ကာဝင္သြားလိုက္ေတာ့
Chanyeol၏အေဖ တစ္နည္းအားျဖင့္
CEO Park ကဆိုဖာေပၚမွာထိုင္ကာ
စာရင္းအင္းေတြနဲ႔လံုးပန္းေန႐ွာသည္။

တံခါးဖြင့္သံၾကားေတာ့ ခ်က္ခ်င္းေမာ့ၾကည့္
လိုက္ၿပီး ဝင္ထိုင္ရန္အမိန္႔ေပးလိုက္ေလသည္။

" ထိုင္ၿပီးေစာင့္ေန ''

Baekhyun က ဆိုဖာေပၚမွာမထိုင္ဘဲ
CEO Park၏ ဆံုလည္ကုလားထိုင္ေပၚမွာ
ဟန္က်ပန္က် ထိုင္ေနလိုက္သည္။ထိုအခါမွ
ဆိုဖာေပၚမွာထိုင္ကာ စာရင္းတြက္ေနသည့္
Chanyeolရဲ႕အေဖက Baekhyun
အနားကိုေရာက္လာေတာ့ေလသည္။

" မင္း - အတင့္ရဲၿပီး ဘယ္ေနရာမွာထိုင္ေနတာလဲ? "

" တန္ရာတန္ရာ ေနရာမွာထိုင္တာေလ ''

CEO ParkကBaekhyun ကို
စိတ္ပ်က္စြာၾကည့္လိုက္ၿပီး ခါးကိုေထာက္ထားလိုက္သည္။

" အန္ကယ္ကေရာ ဘာေျပာခ်င္လို႔လဲ?
ငါ့သားနဲ႔ လမ္းခဲြေပးပါ.. ဒါပဲမလား? "

" ေအး မင္းေျပာတဲ့အတ္ုင္းပဲ ငါ့သားနဲ႔လမ္းခဲြေပး ''

" လမ္းခဲြေပးရင္ ကြၽန္ေတာ္ကဘာရမွာလဲ? "

Baekhyun ၏မ်က္ႏွာကိုၾကည့္ကာ
CEO Park ကခပ္ေထ့ေထ့ျပံဳးလိုက္သည္။

" မင္းလိုခ်င္သေလာက္ေတာင္း ''

" ဒီကုမၸဏီကို လိုခ်င္တယ္
Park Group ကိုလိုခ်င္တယ္ ''

" ဘာကြ! "

Chanyeolရဲ႕အေဖက အံကိုႀကိတ္၊မ်က္လံုးကို
ျပဴးကာ ခါးေထာက္ၿပီးရပ္ၾကည့္ေနတာေၾကာင့္ Baekhyun ကတဟားဟားေအာ္ရယ္လိုက္ေလသည္။

" ေပးႏိုင္တာလည္း မဟုတ္ဘဲနဲ႔ ဟားဟား ''

Baekhyun က CEO Park ဟု
ေရးထားေသာဖန္တံုးေလးကို လက္ညႇိဳးေလးျဖင့္
အသာထိေတြ႔လိုက္ၿပီး ႏွာေခါင္း႐ႈံ႕လိုက္သည္။

" အိုးဟိုး ဖုန္ေတြေတာင္တက္ေနပါေရာလား?
အန္ကယ္ဒီေနရာကို အပိုင္စီးထားတာ
ေတာ္ေတာ္ၾကာၿပီ ထင္တယ္

ကြၽန္ေတာ့္ကို CEO ေနရာလႊဲေပးလိုက္ပါလား? "

Chanyeol အေဖကစားပဲြခံုကိုလက္ျဖင့္ထုလိုက္ၿပီး Baekhyun ကိုစူးရဲစြာစိုက္ၾကည့္လိုက္သည္။

" ငါက ငါ့သား Chanyeolကိုပဲလႊဲေပးမွာေပါ့
မင္းကို လႊဲေပးစရာလား? "

Baekhyun က Chanyeol၏အေဖ
တစ္နည္းအားျဖင့္ CEO Park ၏စကားကို
ဟားတိုက္ရယ္ေမာျပလိုက္သည္။

" မင္းက ဘာရယ္တာလဲ ေဟ့ေကာင္ ? "

" အင္း..  Park Group ရဲ႕ CEO
မျဖစ္ႏိုင္ေပမဲ့ Park Group CEO
Park Chanyeol ရဲ႕ခင္ပြန္း
Park Baekhyun ေတာ့ျဖစ္လာႏိုင္တယ္ေလ ''

" ဘာ ဘာ Park Park Baekhyun? "

အေထ့ေထ့အေငၚေငါ့ျဖစ္ေနေသာ
ေယာကၡမေလာင္းကိုၾကည့္ကာBaekhyunက
ေခါင္းတဆတ္ဆတ္ၿငိမ့္ျပလိုက္သည္။

" ဟုတ္တယ္ေလ အန္ကယ္ရဲ႕...ကြၽန္ေတာ္က
ကိုကို႔ရဲ႕ ခင္ပြန္းေလး Park Baekhyun ''

...

TBC

______________________________________

Weiterlesen

Das wird dir gefallen

67.3K 5K 65
αž•αŸ‚αž“αžŠαžΈαž€αŸ’αžšαž‘αžΆαž”αŸ‹αž…αžΆαž€αŸ‹ αž˜αž“αž»αžŸαŸ’αžŸαžŸαŸ’αž’αžΈαžαžΆαŸ†αž„αž–αžΈαž€αŸ†αž›αŸ„αŸ‡αž˜αž€αžŠαž›αŸ‹αž–αŸ„αŸ‡αž˜αŸ‰αžΆαž™αž€αžΌαž“αž”αŸ’αžšαžΆαŸ†αž αžΎαž™ αžšαž€αž”αŸ’αžšαž–αž“αŸ’αž’αž‡αžΆαž”αŸ‹αž›αžΆαž”αŸ‹αž“αž·αž„αž‚αŸαŸ‘αž€αŸαž‚αŸ’αž˜αžΆαž“ αž˜αž·αž“αž˜αŸ‚αž“αž›αŸ‚αž„αž›αŸ‡αž‘αŸ…αž―αžŽαžΆαž‘αŸ αž‚αžΊαž–αž½αž€αž‚αŸαž“αž·αž„αžŸαŸ’αž›αžΆαž”αŸ‹αžŠαŸ„αž™αž‚αŸ’αž˜αžΆαž“αž˜αžΌαž›αž αŸαžαž»αž“αŸ…αžŠαŸ‚αž›...
302K 51.8K 64
ࢩේ ΰΆ…ΰΆΈΰ·ŠΰΆΈΰ·”.... ࢱා ΰΆ‹ΰΆ±ΰ·ŠΰΆ±ΰ·™ΰΆΊΰ·’ ΰΆšΰ·ΰΆ―ΰ·’ΰΆ½ΰ·’ΰΆšΰ·ŠΰΆšΰ·’ΰΆ»ΰ·šΰΆ±ΰ·Š ❀ (ΰΆ΄ΰΆ»ΰ·’ΰΆ±ΰΆ­ ΰΆ…ΰΆ±ΰ·ŠΰΆ­ΰΆ»ΰ·ŠΰΆœΰΆ­ΰΆΊΰΆšΰ·’...)
104K 16K 20
Human & merman love story
44.9K 6.5K 40
"αž αž„αŸ’αžŸαž˜αŸ‚αž“αž‘αŸ?β€‹αžαŸ’αžšαžΉαž˜αžαŸ‚αž˜αž½αž™αž”αŸ‰αž”αŸ’αžšαž·αž…αž—αŸ’αž“αŸ‚αž€αž™αžΎαž„αž“αžΉαž„αž’αŸ’αžœαžΎαž’αŸ„αž™αž αž„αŸ’αžŸαž˜αž½αž™αž“αŸ„αŸ‡αž”αžΆαž€αŸ‹αžŸαŸ’αž›αžΆαž” αž αžΎαž™αž αž„αŸ’αžŸαžŠαŸαžŸαŸ’αžšαžŸαŸ‹αžŸαŸ’αž’αžΆαžαž“αŸ„αŸ‡αžαŸ’αžšαžΌαžœαžŸαŸ’αžαž·αžαž€αŸ’αž“αž»αž„αž€αž˜αŸ’αž˜αžŸαž·αž‘αŸ’αž’αž™αžΎαž„αž˜αŸ’αž“αžΆαž€αŸ‹αž‚αžαŸ‹"αž‡αž»αž„αž αŸ’αž‚αž»αž€ "αž™αžΎαž„αžŠαžΉαž„αž–αžΈαž’αŸ’αžœαžΈαž‘...