HIGER [COMPLETED]

Por Harry-Kim

262K 47.4K 3.9K

He is a mess but He is a masterpiece. Más

[ 0 ]
[ 1 ]
[ 2 ]
[ 3 ]
[ 4 ]
[ 5 ]
[ 6 ]
[ 7 ]
[ 8 ]
[ 9 ]
[ 10 ]
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 16 ]
[ 17 ]
[ 18 ]
[ 19 ]
[ 20 ]
[ 21 ]
[ 22 ]
[ 23 ]
[ 24 ]
24/1
24/2
24/3
24/4
24/5
24/6
24/7
[ 25 ]
[ 26 ]
[ 27 ]
[ 28 ]
[ 29 ]
[ 30 ]
FINALE
Harry's Note

[ 15 ]

6.5K 1.3K 111
Por Harry-Kim

[ Unicode ]

" ထမင်းလည်းကောင်းကောင်းမစားပါလား?
ဟင်းတွေက အရသာမရှိလို့လား Alex?
နေမကောင်းလို့လား?  "

မလှုပ်မယှက်ငိုင်ငိုင်ကြီး စားနေသည့်
Alex၏အမူအရာကို Alex၏အမေRinaက
သတိထားမိတာကြောင့် သားဖြစ်သူရဲ့
နဖူးပြင်ပေါ်လက်ဖဝါးတင်ကာ
ကိုယ်ပူမပူစမ်းနေလေသည်။

" ကိုယ်လည်းမပူပါဘူး ဘာလို့လဲ? "

" Alexလေးက ဒီဟင်းတွေကို မကြိုက်လို့လား?
ဒါဆို ညနေကျရင် Daddyနဲ့Mommyရယ်
Alexနဲ့Chanyeol ရယ် လေးယောက်သား
အတူတူစားသောက်ဆိုင်တစ်ခုခုမှာသွားစားကြမလား? "

Chanyeolရဲ့အဖေ CEO Park၏
လောကွတ်ချော်သည့်စကားကြောင့်
Alexကထခုန်မိမတတ်ပင်ချက်ချင်းပင်
ပျော်သွားလေသည်။

ထို့နောက် Alexကချက်ချင်းခေါင်းမငြိမ့်သေးဘဲ
Chanyeolရဲ့မျက်နှာကိုအကဲခတ်သလိုပုံစံဖြင့်
လှမ်းကြည့်လိုက်သေးသည်။

ထမင်းကိုသာငုံ့ပြီးစားနေသည့်Chanyeolက
ငြင်းဆိုမည့်အရိပ်အယောင် လုံးဝမရှိတာ
သေချာတော့မှ ရှက်ပြုံးလေးဖြင့်ခေါင်းငြိမ့်ကာ
သဘောတူလိုက်လေသည်။

" ဪ မေ့တော့မလို့ ~
ဒီမှာ Alexလေး အတွက် ''

အလျားခြောက်လက်မခွဲလောက်ရှိမည့်
လက်ဆောင်ဘူးသေးသေးလေးကို
မျက်စိရှေ့မှောက်သို့အရောက်ပေးနေသည့်
Chanyeolရဲ့အဖေကြောင့်
Alexကအူတူတူပုံစံလေးဖြင့် လက်ဆောင်ဘူးလေးကို
လှမ်းယူကာဖွင့်လိုက်လေသည်။

" phone? "

" အင်း ဖုန်းအသစ်လေ
Alex လေးရဲ့ဖုန်းကကွဲသွားတယ်ဆို
အဲ့ဒါကြောင့် Daddyကဖုန်းအသစ်ဝယ်ပေးတာ ''

Alexကပြောင်လက်နေသောဖုန်း screen
ကိုကြည့်နေရင်း လက်သီးဆုပ်မိလိုက်လေသည်။
Chanyeolကမွေးနေ့လက်ဆောင်အဖြစ်
ဝယ်ပေးထားသည့်ဖုန်းကို သုံးစားလို့မရအောင်
ဖျက်ဆီးလိုက်သော Baekhyun ၏မျက်နှာက
အတွေးထဲပေါ်လာတိုင်း Baekhyun ကို
မုန်းသည့်အမုန်းတွေကပို၍ပင်တိုးတိုးလာသည်။

Byun Baekhyun ဆိုသည့်နာမည်ကိုလည်းမုန်းသည်။ByunBaekhyunဆိုသည့်လူကိုပို၍ပင်မုန်းသေးသည်။Park Chanyeol ၏ချစ်သူ Byun Baekhyun ဆိုတာကိုတော့ အမုန်းဆုံးပင်ဖြစ်သည်။

" ဒါနဲ့ အကောင်းပကတိရှိတဲ့ဖုန်းက
ဘယ်လိုလုပ်ပြီး ပျက်သွားတာလဲ Alex? "

Alexက Chanyeolရဲ့အဖေကို
မော့မကြည့်ဘဲ ခေါင်းငုံ့လျက်အနေအထားနဲ့ပင်
အံကိုကြိတ်ကာ ပြန်ဖြေလိုက်သည်။

" လူလို့မခေါ်ထိုက်တဲ့ သတ္တဝါလေးလုပ်တာ!
ကြမ်းပြင်ပေါ် ပစ်ပေါက်ပြီးဖိနပ်နဲ့ပါတက်နင်းပစ်တာ!
ကျက်သရေ တကယ်တုံးတယ် ''

" ဘယ်လို? သူများဖုန်းကိုဖိနပ်နဲ့တက်နင်းတယ် !
စရိုက်ခပ်ဆိုးဆိုးတွေပဲ။ မိဘဖြစ်သူကမသွန်သင်
မဆုံးမထားဘူးထင်တယ် ''

Chanyeol ရဲ့အဖေနဲ့ Alexက
အတိုင်အဖောက်ညီညီဖြင့် တစ်စုံတစ်ယောက်သော
သူကိုရည်ညွှန်းပြီးပြောဆိုနေကြတာကြောင့်
Chanyeol၏မျက်နှာသည် ချက်ချင်းပင်
ခက်ထန်သွားလေသည်။

" Chanyeol ဒီညနေ မင်းအမေကိုပါ
ညနေစာအတူတူစားဖို့ဖိတ်လိုက်..
သူ့ယောကျာ်းကိုခေါ်ချင်ရင်လည်းခေါ်ခဲ့လို့ပါ
ပြောလိုက်။ ''

Chanyeol အပါအဝင် Alexနဲ့
Alex ရဲ့အမေကပါ Chanyeolအဖေ၏
မရှင်းမလင်းစကားကို သဘောမပေါက်စွာ
ဝိုင်းကြည့်နေကြလေသည်။

" သားကို နေရာချပေးဖို့ကိစ္စလေ..Chanyeolရဲ့
သားအမေကိုအသိပေးချင်တာလည်းပါတယ်
နှစ်ဖက်မိဘတွေ့ဆုံပွဲပေါ့ ဟားဟား ''

ဆိုလိုရင်းအနက်အဓိပ္ပါယ်ကိုသဘော
ပေါက်သွားသည့် Alex ကတော့ပြုံးနေပြီး Chanyeolကတော့ဘာမှမဖြစ်သလို
ပုံစံဖြင့်သာ အပြုံးမပျက်နေနေသည်။

တိုင်ပင်မည့်အဆင့်တောင်မဟုတ်ဘဲ
အသိပေးမည်ဟုဆိုကတည်းက
CEO Park သည် Alexနဲ့သူ့ကို
နေရာချပေးမည့်ကိစ္စကို အမေဖြစ်သူအား
အကြောင်းကြားရုံအဆင့်ထက်မပိုကြောင်း
အလိုလိုရိပ်မိလိုက်သည်။

အမေဖြစ်သူကကန့်ကွက်သည်ဖြစ်စေ၊
လက်ခံသည်ဖြစ်စေ Chanyeolကတော့
Alexကိုလုံးဝ လက်ထပ်မည်မဟုတ်။

" ညနေခြောက်နာရီအရောက်
Mono Restaurant ကိုအရောက်လာခဲ့နော်
Chanyeol ''

သြဇာငြိမ့်ညောင်းလှသည့် အဖေဖြစ်သူ၏
မျက်ဝန်းတွေကိုChanyeolကစူးစိုက်
ကြည့်ပြီးမှ တည်ငြိမ်ပါးနပ်စွာပြုံးပြလိုက်သည်။

" ကျွန်တော် ဆက်ဆက်လာခဲ့မှာပါ ''

Chanyeol ၏အဖေကလည်း
စိန်လိုက်လေ ဟူသောပုံစံဖြင့်မျက်ခုံးပင့်လိုက်လေသည်။

...

နောက်ဆုံးပေါ် အနက်ရောင်ကားတစ်စီးသည်
သူ့နောက်ကနေ ထပ်ကြပ်မကွာလိုက်လာသည်ဟု
Baekhyun အလိုလိုခံစားမိလိုက်သည်။

စိတ်ထဲတွင် မရှင်းမလင်းဖြစ်သွားတာကြောင့်
အနောက်ကိုလှည့်ကြည့်လိုက်တော့လည်း
ကားမောင်းသူကိုရေရေရာရာမမြင်ရ။

ကျောင်းမှာရန်ငြိုးရှိတဲ့သူဆိုလို့လည်း
Park Alex တစ်ယောက်တည်းသာ
ရှိတာကြောင့် တခြားဘယ်သူမှတော့မဖြစ်နိုင်ဟု
Baekhyun ထင်မိသည်။

ပြန်သည့်လမ်းကလည်း လူသွားလူလာပြတ်သည့်
လမ်းဖြစ်နေတာကြောင့် တစ်ခုခုဆို
ဘယ်သူ့ကိုမှအကူအညီလှမ်းတောင်း၍ရမည်မဟုတ်ပေ။

Baekhyun စဉ်းစားနေတုန်းမှာပဲ
ထိုအနက်ရောင်ကားသည် သူ့အနားသို့
တဖြည်းဖြည်းနီးကပ်လာလေသည်။
ထို့နောက် ရုတ်ချည်းမြန်ဆန်သွားသော
အရှိန်နှင့်အတူ Baekhyun ရပ်နေသည့်နေရာသို့
ဦးတည်ကာမောင်းနှင်လာလေသည်။

Baekhyun ကထွက်လည်းမပြေး၊
ရှောင်လည်းမရှောင်ဘဲထိုနေရာတွင်သာပေတေပြီး
ရပ်နေလေသည်။ အကယ်၍ကားတိုက်ပြီး
သေဆုံးသွားစေကာမူ မသေခင်မှာသူ့ကို
လုပ်ကြံသည့်သူကဘယ်သူလဲဆိုတာကို
သူ့မျက်လုံးတွေဖြင့် အတည်ပြုသွားချင်သည့်
ဆန္ဒကြောင့်ပင် ခေါင်းမာကာရပ်နေခြင်းဖြစ်သည်။

သေမှာကိုမကြောက်။
သတ်သည့်သူကို သိချင်ရုံလေးပင်။

Baekhyun စူးစိုက်ကာကြည့်နေစဉ်မှာပဲ
ဖြာခနဲထွက်လာသည့်ကားမီးရောင်တွေကြောင့်
မျက်လုံးတွေဝေဝါးသွားရလေသည်။
ကားမီးရောင်စူးစူးကို မခံနိုင်သည့်Baekhyunက
သူ့မျက်လုံးတွေကိုလက်ဖြင့်အုပ်ထားလိုက်လေသည်။

" ကျွိ! "

ထိုအနက်ရောင်ကားသည် Baekhyun
မတ်တပ်ရပ်နေသည့်နေရာကို စက်ဝိုင်းပုံစံ
လမ်းကြောင်းဖြင့် လှည့်ပတ်မောင်းနှင်လိုက်ပြီး
Baekhyun၏ရှေ့တည့်တည့်
မတိုက်မိရုံအနေအထားလောက်မှာပင်ကားကို
ဘရိတ်အုပ်လိုက်လေသည်။

" ငါ မသေသေးဘူးပဲ
ငါမသေရင် မင်းသေရမှာပေါ့ ''

လေသံတိုးတိုးလေးဖြင့်ရေရွတ်လိုက်ပြီး
ကားပေါ်ကနေဆင်းလာမည့်သူကို စောင့်နေလိုက်သည်။
သို့သော်တော်တော်နဲ့ ဆင်းမလာသည့်သူကြောင့်
Baekhyun ကစိတ်မရှည်ကာ
ကားတံခါးကို ခေါက်လိုက်လေသည်။

" ဟိုင်း ''

မှန်အနက်ရောင်တို့ချလိုက်သည့်အခါ
မြင်လိုက်ရသည့်သူက Alex မဟုတ်ဘဲ
Park Chanyeolဖြစ်နေတာကြောင့်
Baekhyun ကမျက်မှောင်ကြုတ်လိုက်လေသည်။

" ခင်ဗျားကကျွန်တော့်ကို ကားနဲ့တိုက်သတ်မလို့လား? "

" ဆောရီးကွာ မင်းရင်ခုန်သွားမယ်လို့ကိုယ်မထင်ခဲ့ဘူး ''

" လူကိုအသေသတ်နေတာလား Park Chanyeol? "

" လက်တောင်မထပ်ရသေးတာ ~
မင်းကို အစောကြီးသွားခွင့်ပေးပါ့မလားကွာ ? "

ကားနောက်ခုံကိုကျောမှီကာ ပြုံးစစပြန်ဖြေလာသည့် Chanyeolကြောင့် Baekhyunပြန်မပြောနိုင်တော့။

" တက် ''

" ဘယ်ကိုလဲ? "

" Mono Restaurant ''

" ဘာလုပ်မလို့လဲ? "

" မင်းကို suprise လုပ်မလို့ ''

မေးခွန်းတွေများလွန်းသည့်Baekhyunကို
Chanyeolက ကားတံခါးဖွင့်ပေးလိုက်ပြီး
သူနှင့်အတူ ထိုင်စေလိုက်သည်။

" လွမ်းနေတာ ~ တစ်ရက်တိတိမတွေ့ရသေးတဲ့
ကိုယ့်ချစ်သူလေးကို ''

အတည်ပေါက်ကြီးပြောနေသည့် Chanyeol
၏စကားကို Baekhyunက မကြားချင်ယောင်
ဆောင်လိုက်ပြီးအပြင်ဖက်သို့ငေးနေလိုက်သည်။

" Park Chanyeolကိုမချစ်ဘူး။
  Park Chanyeolရဲ့ချစ်သူပဲဖြစ်ချင်တာ ''

" နောက်ဆို Park Chanyeolရဲ့ခင်ပွန်း
ပါဖြစ်လာတော့မှာပါ ''

...

မီးရောင်စုံတို့ထိန်လင်းနေသည့်
Mono Restaurantဟုရေးထားသော
ဆိုင်ရှေ့သို့ရောက်သည့်အခါ Baekhyunက
အနည်းငယ် လှုပ်လှုပ်ရွရွဖြစ်လာလေသည်။

Park Chanyeol ပြောသည့်
Suprise ဆိုသည့်အရာကြီးကိုလည်း
သိချင်နေပြီဖြစ်တာကြောင့် ကားပါကင်တောင်
မထိုးရသေး၊ကားပေါ်ကနေဆင်းပြီးနေပြီဖြစ်သည်။

" Let's go - baby  "

ChanyeolကBaekhyun ၏လက်ကို
ဆုပ်ကိုင်လိုက်ပြီး ကိုယ်ကိုမတ်ကာRestaurant
အတွင်းသို့အတူတူဝင်သွားကြလေသည်။

ပိုက်ဆံရှိအသိုင်းအဝိုင်းကသူတွေပဲ
ဒီဆိုင်ကိုလာတာဖြစ်တာကြောင့် လူကလည်းသိပ်မများပေ။

ဆိုင်အပြင်အဆင်ကလည်း အတော်လေး
ခေတ်မီသည့်အပြင် ဝန်ထမ်းတွေကလည်း
ဖော်ဖော်ရွေရွေရှိလှသည်။ serviceကလည်းမဆိုးဟု Baekhyun မှတ်ချက်ပေးမိလိုက်သည်။

CEO Parkနဲ့ Alexတို့သားအမိနှစ်ယောက်ရယ်၊
Chanyeolရဲ့အမေကRestaurant သို့
အရင်ရောက်နှင့်နေကြတာကြောင့် ဝိုင်းတစ်ဝိုင်းမှာ
နေရာယူထားကြသည်။ Chanyeolအမေ၏
နောက်ယောကျာ်းကလည်း မလိုက်လာတာကြောင့်
လူလေးယောက်သာရှိသည်။

" စောင့်နေရတာကြာသွားလား? "

Baekhyun ၏လက်ကိုမလွှတ်တမ်း
ဆုပ်ကိုင်ထားပြီး ဆွဲခေါ်လာသည့်
Chanyeolကြောင့် AlexရောCEO Park ပါ
မျက်နှာကွက်ခနဲပျက်သွားလေသည်။

" သူက ဘယ်သူလဲ ''

Alex ၏အမေ Rinaက Baekhyun
ကိုလက်ညှိုးထိုးကာမေးလာတာကြောင့်
Chanyeolက သူတို့နှစ်ယောက်ရဲ့
နှစ်ကိုယ်ကြားက အကွာအဝေးအနည်းငယ်ကို
Baekhyun ၏ခါးလေးကိုဆွဲဖက်ကာ
ချုံ့ပစ်လိုက်သည်။

" ကျွန်တော် လက်ထပ်မယ့်သူ ''

Baekhyun ကအနည်းငယ်အမ်းတမ်းတမ်း
ဖြစ်သွားပြီးမှ Alex ရှေ့မှာရောက်နေမှန်း
သတိထားမိသွားတာကြောင့် Chanyeolရဲ့
ရင်ခွင်ထဲကိုခေါင်းလေး လျှိုဝင်လိုက်လေသည်။

" ငါ့ပန်းပင်တွေကိုဆွဲနှုတ်ပစ်တဲ့ - ဘေးအိမ်က
ကောင်လေး ''

" မင်း မင်း - ငါ့ကို ရိုက်သွားတဲ့- ကောင်လေး ''

" ဟင်? ခေါင်းပုံဖြတ်တဲ့ဦးလေးကြီးနှင့်
ကပ်စေးနဲအဒေါ်ကြီးပါလား? "

" ဒီကောင်လေး - သူကမင်းရဲ့ချစ်သူလား
Chanyeol? "

Chanyeol၏အဖေနဲ့အမေက
သူတို့သားရဲ့ချစ်သူသည် Baekhyun
ဆိုတာမျက်မြင်တွေ့နေရသော်လည်းမယုံနိုင်သေး။
Chanyeolကိုထပ်၍မေးခွန်းထုတ်နေကြသည်။

" ဟုတ်တယ် Baekhyun ကကျွန်တော့်ချစ်သူ ''

" ဘာ! ဒီကောင်လေးကိုငါ့မိသားစုဝင်အဖြစ်
လက်ခံမယ်လို့ထင်နေတာလား? "

CEO Park ကခက်ထန်သောမျက်နှာထားဖြင့်
Baekhyun ကိုလှမ်းကြည့်ကာပြောလိုက်လေသည်။

တစ်ဖန် Alexကပါသူ့ကိုမနာလိုမုန်းတီးသော
မျက်ဝန်းတွေဖြင့်လှမ်းကြည့်နေတာကြောင့်
Baekhyun က Chanyeolရင်ခွင်ထဲသို့
တမင်သက်သက် ပိုပြီးတိုးဝင်လိုက်လေသည်။

" ကိုကို ကျွန်တော်ဒီဆိုင်မှာမစားချင်ဘူးနော် ''

Chanyeolကဖခင်ဖြစ်သူထံမှအကြည့်တွေကို
ရုတ်သိမ်းလိုက်ပြီး Baekhyun လက်ထဲသို့
ကားသော့ကိုပေးလိုက်လေသည်။
ထို့နောက် ကုတ်အကျႌကိုချွတ်လိုက်ပြီး
ကျောင်းယူနီဖောင်းလေးသာဝတ်ထားသော
Baekhyun၏ကိုယ်ပေါ်သို့ ထပ်ခြုံပေးလိုက်သည်။

" ကားထဲမှာ စောင့်နေနော် Kyoong ''

Baekhyun ဆိုင်ထဲကနေထွက်သွားတာကို
မျက်စိတဆုံးလိုက်ကြည့်ပြီးတော့မှ မိဘတွေကို
ပြန်ကြည့်လိုက်သည်။

" ငါလုံးဝ သဘောမတူနိုင်ဘူး! "

" အမေလည်း သဘောမတူဘူး Chanyeol ''

မိဘနှစ်ပါးလုံး၏ သဘောမတူကြောင်း
ပြောနေသည့်စကားများကို လျစ်လျူရှုကာ
Chanyeolက စားပွဲပေါ်ကဝိုင်ခွက်လေးကို
ယူလိုက်ပြီး တစ်ငုံယူသောက်လိုက်သည်။

" အဖေတို့အမေတို့ရဲ့ အချစ်ရေးမှာ
ကျွန်တော်ဘာမှ ဝင်မစွက်ဖက်ခဲ့သလို
ကျွန်တော့်ရဲ့အချစ်ရေးမှာလည်း
အဖေတို့နှစ်ယောက်လုံးဝင်မစွက်ဖက်သင့်ဘူးလို့
ကျွန်တော် ထင်တယ် ''

အမှန်တကယ်ပင် Chanyeolရဲ့
မိဘနှစ်ပါးလုံးက တားပိုင်ခွင့်လည်းမရှိတာကြောင့်
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
အဖြေရှာနေကြသည်။

" ဒါဆိုရင်လည်း မင်းရဲ့သမိုင်းကို မင်းကိုယ်တိုင်
ရေးတော့ Chanyeol! "

" ရေးနေပါပြီ -  နိဒါန်းကလည်း Baekhyunနဲ့ပဲ
စတင်သလို  နိဂုံးကလည်း Baekhyun နဲ့ပဲ
အဆုံးသတ်သွားမှာပါ ''

Chanyeolကဝိုင်ခွက်လေးကိုဖြည်းဖြည်းချင်း
လှုပ်ကာခပ်တိုးတိုးလေး ပြန်ချေပလိုက်လေသည်။

...

" ခင်ဗျား ဘာတွေလျှောက်ပြောလိုက်တာလဲ ?
ကျွန်တော့်ကိုလည်း ဘာမှမတိုင်ပင်ဘူး!
ကိုယ့်သဘောနှင့်ကိုယ် လုပ်ချလိုက်တယ်! "

ကားထဲကိုဝင်ဝင်ချင်းမှာပဲ Baekhyunက
ရန်ထောင်သံလေးဖြင့် Chanyeolကို
ကြိုဆိုလိုက်လေသည်။

" အမှန်အတိုင်းပြောတာပဲလေ
မင်းက ကိုယ်လက်ထပ်မဲ့သူ ''

" အား! Park Chanyeol!
F**k ပဲ! ကျွန်တော့်ကိုဘာမှကြိုမပြောဘူး!
သူလုပ်ချင်ရာတွေလုပ် ပြောချင်ရာတွေပြောသွားတယ် ''

ဒေါသတကြီးဖြင့် လက်ခလယ်ထောင်ပြနေသည့်
Baekhyun၏လက်ကို ဆွဲယူလိုက်ကာ
Chanyeolက လက်စွပ်ဝတ်ပေးလိုက်လေသည်။

" couple rings  ''

Baekhyun ကအော်ဟစ်နေတာကိုရပ်လိုက်ပြီး
လက်ခလယ်တွင်အသင့်နေရာယူနေသော
လက်စွပ်လေးကိုသေချာကြည့်မိလိုက်သည်။
Park Chanyeol၏လက်ကိုလှမ်းကြည့်
လိုက်တော့လည်း ပုံစံတူလက်စွပ်ဝတ်ထားလေသည်။

" amazing ''

စက်သံညက်သောကားလေးသည် mono restaurant compound ထဲကနေ
ထွက်သွားပြီး ကားလမ်းမတစ်နေရာသို့
ဦးတည်ကာမောင်းနှင်သွားသည်။စားသောက်ဆိုင်
ထဲမှာကျန်နေခဲ့သည် လူလေးယောက်ကတော့
အတွေးကိုယ်စီဖြင့်ကျန်ခဲ့ကြလေသည်။

...

မင်းက လက်ခလယ်ထောင်ပြရင်တောင်
ကိုယ်က အဲ့ဒီ့လက်ခလယ်မှာလက်စွပ်ဝတ်ပေးမဲ့
ချစ်သူမျိုး။

TBC

______________________________________

[Zawgyi]

" ထမင္းလည္းေကာင္းေကာင္းမစားပါလား?
ဟင္းေတြက အရသာမ႐ွိလို႔လား Alex?
ေနမေကာင္းလို႔လား?  "

မလႈပ္မယွက္ငိုင္ငိုင္ႀကီး စားေနသည့္
Alex၏အမူအရာကို Alex၏အေမRinaက
သတိထားမိတာေၾကာင့္ သားျဖစ္သူရဲ႕
နဖူးျပင္ေပၚလက္ဖဝါးတင္ကာ
ကိုယ္ပူမပူစမ္းေနေလသည္။

" ကိုယ္လည္းမပူပါဘူး ဘာလို႔လဲ? "

" Alexေလးက ဒီဟင္းေတြကို မႀကိဳက္လို႔လား?
ဒါဆို ညေနက်ရင္ Daddyနဲ႔Mommyရယ္
Alexနဲ႔Chanyeol ရယ္ ေလးေယာက္သား
အတူတူစားေသာက္ဆိုင္တစ္ခုခုမွာသြားစားၾကမလား? "

Chanyeolရဲ႕အေဖ CEO Park၏
ေလာကြတ္ေခ်ာ္သည့္စကားေၾကာင့္
Alexကထခုန္မိမတတ္ပင္ခ်က္ခ်င္းပင္
ေပ်ာ္သြားေလသည္။

ထို႔ေနာက္ Alexကခ်က္ခ်င္းေခါင္းမၿငိမ့္ေသးဘဲ
Chanyeolရဲ႕မ်က္ႏွာကိုအကဲခတ္သလိုပံုစံျဖင့္
လွမ္းၾကည့္လိုက္ေသးသည္။

ထမင္းကိုသာငံု႔ၿပီးစားေနသည့္Chanyeolက
ျငင္းဆိုမည့္အရိပ္အေယာင္ လံုးဝမ႐ွိတာ
​ေသခ်ာေတာ့မွ ႐ွက္ျပံဳးေလးျဖင့္ေခါင္းၿငိမ့္ကာ
သေဘာတူလိုက္ေလသည္။

" ဪ ေမ့ေတာ့မလို႔ ~
ဒီမွာ Alexေလး အတြက္ ''

အလ်ားေျခာက္လက္မခဲြေလာက္႐ွိမည့္
လက္ေဆာင္ဘူးေသးေသးေလးကို
မ်က္စိေ႐ွ႕ေမွာက္သို႔အေရာက္​ေပးေနသည့္
Chanyeolရဲ႕အေဖေၾကာင့္
Alexကအူတူတူပံုစံေလးျဖင့္ လက္ေဆာင္ဘူးေလးကို
လွမ္းယူကာဖြင့္လိုက္ေလသည္။

" phone? "

" အင္း ဖုန္းအသစ္ေလ
Alex ေလးရဲ႕ဖုန္းကကဲြသြားတယ္ဆို
အဲ့ဒါေၾကာင့္ Daddyကဖုန္းအသစ္ဝယ္ေပးတာ ''

Alexကေျပာင္လက္ေနေသာဖုန္း screen
ကိုၾကည့္ေနရင္း လက္သီးဆုပ္မိလိုက္ေလသည္။
Chanyeolကေမြးေန႔လက္ေဆာင္အျဖစ္
ဝယ္ေပးထားသည့္ဖုန္းကို သံုးစားလို႔မရေအာင္
ဖ်က္ဆီးလိုက္ေသာ Baekhyun ၏မ်က္ႏွာက
အေတြးထဲေပၚလာတိုင္း Baekhyun ကို
မုန္းသည့္အမုန္းေတြကပို၍ပင္တိုးတိုးလာသည္။

Byun Baekhyun ဆိုသည့္နာမည္ကိုလည္းမုန္းသည္။ByunBaekhyunဆိုသည့္လူကိုပို၍ပင္မုန္းေသးသည္။Park Chanyeol ၏ခ်စ္သူ Byun Baekhyun ဆိုတာကိုေတာ့ အမုန္းဆံုးပင္ျဖစ္သည္။

" ဒါနဲ႔ အေကာင္းပကတိ႐ွိတဲ့ဖုန္းက
ဘယ္လိုလုပ္ၿပီး ပ်က္သြားတာလဲ Alex? "

Alexက Chanyeolရဲ႕အေဖကို
ေမာ့မၾကည့္ဘဲ ေခါင္းငံု႔လ်က္အေနအထားနဲ႔ပင္
အံကိုႀကိတ္ကာ ျပန္ေျဖလိုက္သည္။

" လူလို႔မေခၚထိုက္တဲ့ သတၱဝါေလးလုပ္တာ!
ၾကမ္းျပင္ေပၚ ပစ္ေပါက္ၿပီးဖိနပ္နဲ႔ပါတက္နင္းပစ္တာ!
က်က္သေရ တကယ္တံုးတယ္ ''

" ဘယ္လို? သူမ်ားဖုန္းကိုဖိနပ္နဲ႔တက္နင္းတယ္ !
စ႐ုိက္ခပ္ဆိုးဆိုးေတြပဲ။ မိဘျဖစ္သူကမသြန္သင္
မဆံုးမထားဘူးထင္တယ္ ''

Chanyeol ရဲ႕အေဖနဲ႔ Alexက
အတိုင္အေဖာက္ညီညီျဖင့္ တစ္စံုတစ္ေယာက္ေသာ
သူကိုရည္ၫႊန္းၿပီးေျပာဆိုေနၾကတာေၾကာင့္
Chanyeol၏မ်က္ႏွာသည္ ခ်က္ခ်င္းပင္
ခက္ထန္သြားေလသည္။

" Chanyeol ဒီညေန မင္းအေမကိုပါ
ညေနစာအတူတူစားဖို႔ဖိတ္လိုက္..
သူ႔ေယာက်ာ္းကိုေခၚခ်င္ရင္လည္းေခၚခဲ့လို႔ပါ
ေျပာလိုက္။ ''

Chanyeol အပါအဝင္ Alexနဲ႔
Alex ရဲ႕အေမကပါ Chanyeolအေဖ၏
မ႐ွင္းမလင္းစကားကို သေဘာမေပါက္စြာ
ဝိုင္းၾကည့္ေနၾကေလသည္။

" သားကို ေနရာခ်ေပးဖို႔ကိစၥေလ..Chanyeolရဲ႕
သားအေမကိုအသိေပးခ်င္တာလည္းပါတယ္
ႏွစ္ဖက္မိဘေတြ႔ဆံုပဲြေပါ့ ဟားဟား ''

ဆိုလိုရင္းအနက္အဓိပၸါယ္ကိုသေဘာ
​ေပါက္သြားသည့္ Alex ကေတာ့ျပံဳးေနၿပီး Chanyeolကေတာ့ဘာမွမျဖစ္သလို
ပံုစံျဖင့္သာ အျပံဳးမပ်က္ေနေနသည္။

တိုင္ပင္မည့္အဆင့္ေတာင္မဟုတ္ဘဲ
အသိေပးမည္ဟုဆိုကတည္းက
CEO Park သည္ Alexနဲ႔သူ႔ကို
ေနရာခ်ေပးမည့္ကိစၥကို အေမျဖစ္သူအား
အေၾကာင္းၾကား႐ုံအဆင့္ထက္မပိုေၾကာင္း
အလိုလိုရိပ္မိလိုက္သည္။

အေမျဖစ္သူကကန္႔ကြက္သည္ျဖစ္ေစ၊
လက္ခံသည္ျဖစ္ေစ Chanyeolကေတာ့
Alexကိုလံုးဝ လက္ထပ္မည္မဟုတ္။

" ညေနေျခာက္နာရီအေရာက္
Mono Restaurant ကုိအေရာက္လာခဲ့ေနာ္
Chanyeol ''

ျသဇာၿငိမ့္ေညာင္းလွသည့္ အေဖျဖစ္သူ၏
မ်က္ဝန္းေတြကိုChanyeolကစူးစိုက္
ၾကည့္ၿပီးမွ တည္ၿငိမ္ပါးနပ္စြာျပံဳးျပလိုက္သည္။

" ကြၽန္ေတာ္ ဆက္ဆက္လာခဲ့မွာပါ ''

Chanyeol ၏အေဖကလည္း
စိန္လိုက္ေလ ဟူေသာပံုစံျဖင့္မ်က္ခံုးပင့္လိုက္ေလသည္။

...

ေနာက္ဆံုးေပၚ အနက္​ေရာင္ကားတစ္စီးသည္
သူ႔ေနာက္ကေန ထပ္ၾကပ္မကြာလိုက္လာသည္ဟု
Baekhyun အလိုလိုခံစားမိလိုက္သည္။

စိတ္ထဲတြင္ မ႐ွင္းမလင္းျဖစ္သြားတာေၾကာင့္
အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့လည္း
ကားေမာင္းသူကိုေရေရရာရာမျမင္ရ။

ေက်ာင္းမွာရန္ၿငိဳး႐ွိတဲ့သူဆိုလို႔လည္း
Park Alex တစ္ေယာက္တည္းသာ
႐ွိတာေၾကာင့္ တျခားဘယ္သူမွေတာ့မျဖစ္ႏိုင္ဟု
Baekhyun ထင္မိသည္။

ျပန္သည့္လမ္းကလည္း လူသြားလူလာျပတ္သည့္
လမ္းျဖစ္ေနတာေၾကာင့္ တစ္ခုခုဆို
ဘယ္သူ႔ကိုမွအကူအညီလွမ္းေတာင္း၍ရမည္မဟုတ္ေပ။

Baekhyun စဥ္းစားေနတုန္းမွာပဲ
ထိုအနက္ေရာင္ကားသည္ သူ႔အနားသို႔
တျဖည္းျဖည္းနီးကပ္လာေလသည္။
ထို႔ေနာက္ ႐ုတ္ခ်ည္းျမန္ဆန္သြားေသာ
အ႐ွိန္ႏွင့္အတူ Baekhyun ရပ္ေနသည့္ေနရာသို႔
ဦးတည္ကာေမာင္းႏွင္လာေလသည္။

Baekhyun ကထြက္လည္းမေျပး၊
ေရွာင္လည္းမေ႐ွာင္ဘဲထိုေနရာတြင္သာေပေတၿပီး
ရပ္ေနေလသည္။ အကယ္၍ကားတိုက္ၿပီး
ေသဆံုးသြားေစကာမူ မေသခင္မွာသူ႔ကို
လုပ္ၾကံသည့္သူကဘယ္သူလဲဆိုတာကို
သူ႔မ်က္လံုးေတြျဖင့္ အတည္ျပဳသြားခ်င္သည့္
ဆႏၵေၾကာင့္ပင္ ေခါင္းမာကာရပ္ေနျခင္းျဖစ္သည္။

ေသမွာကိုမေၾကာက္။
သတ္သည့္သူကို သိခ်င္႐ုံေလးပင္။

Baekhyun စူးစို္က္ကာၾကည့္ေနစဥ္မွာပဲ
ျဖာခနဲထြက္လာသည့္ကားမီးေရာင္ေတြေၾကာင့္
မ်က္လံုးေတြေဝဝါးသြားရေလသည္။
ကားမီးေရာင္စူးစူးကို မခံႏိုင္သည့္Baekhyunက
သူ႔မ်က္လံုးေတြကိုလက္ျဖင့္အုပ္ထားလိုက္ေလသည္။

" ကြၽိ! "

ထိုအနက္ေရာင္ကားသည္ Baekhyun
မတ္တပ္ရပ္ေနသည့္ေနရာကို စက္ဝိုင္းပံုစံ
လမ္းေၾကာင္းျဖင့္ လွည့္ပတ္ေမာင္းနွင္လိုက္ၿပီး
Baekhyun၏ေ႐ွ႕တည့္တည့္
မတိုက္မိ႐ုံအေနအထားေလာက္မွာပင္ကားကို
ဘရိတ္အုပ္လိုက္ေလသည္။

" ငါ မေသေသးဘူးပဲ
ငါမေသရင္ မင္းေသရမွာေပါ့ ''

ေလသံတိုးတိုးေလးျဖင့္ေရရြတ္လိုက္ၿပီး
ကားေပၚကေနဆင္းလာမည့္သူကို ေစာင့္ေနလိုက္သည္။
သို႔ေသာ္ေတာ္ေတာ္နဲ႔ ဆင္းမလာသည့္သူေၾကာင့္
Baekhyun ကစိတ္မ႐ွည္ကာ
ကားတံခါးကို ေခါက္လိုက္ေလသည္။

" ဟိုင္း ''

မွန္အနက္ေရာင္တို႔ခ်လိုက္သည့္အခါ
ျမင္လိုက္ရသည့္သူက Alex မဟုတ္ဘဲ
Park Chanyeolျဖစ္ေနတာေၾကာင့္
Baekhyun ကမ်က္ေမွာင္ၾကဳတ္လိုက္ေလသည္။

" ခင္ဗ်ားကကြၽန္ေတာ့္ကို ကားနဲ႔တိုက္သတ္မလို႔လား? "

" ေဆာရီးကြာ မင္းရင္ခုန္သြားမယ္လို႔ကိုယ္မထင္ခဲ့ဘူး ''

" လူကိုအေသသတ္ေနတာလား Park Chanyeol? "

" လက္ေတာင္မထပ္ရေသးတာ ~
မင္းကို အေစာႀကီးသြားခြင့္ေပးပါ့မလားကြာ ? "

ကားေနာက္ခံုကိုေက်ာမွီကာ ျပံဳးစစျပန္ေျဖလာသည့္ Chanyeolေၾကာင့္ Baekhyunျပန္မေျပာႏိုင္ေတာ့။

" တက္ ''

" ဘယ္ကိုလဲ? "

" Mono Restaurant ''

" ဘာလုပ္မလို႔လဲ? "

" မင္းကို suprise လုပ္မလို႔ ''

ေမးခြန္းေတြမ်ားလြန္းသည့္Baekhyunကို
Chanyeolက ကားတံခါးဖြင့္ေပးလိုက္ၿပီး
သူႏွင့္အတူ ထိုင္ေစလိုက္သည္။

" လြမ္းေနတာ ~ တစ္ရက္တိတိမေတြ႔ရေသးတဲ့
ကိုယ့္ခ်စ္သူေလးကို ''

အတည္ေပါက္ႀကီးေျပာေနသည့္ Chanyeol
၏စကားကို Baekhyunက မၾကားခ်င္ေယာင္
​ေဆာင္လိုက္ၿပီးအျပင္ဖက္သို႔ေငးေနလိုက္သည္။

" Park Chanyeolကိုမခ်စ္ဘူး။
  Park Chanyeolရဲ႕ခ်စ္သူပဲျဖစ္ခ်င္တာ ''

" ေနာက္ဆို Park Chanyeolရဲ႕ခင္ပြန္း
ပါျဖစ္လာေတာ့မွာပါ ''

...

မီးေရာင္စံုတို႔ထိန္လင္းေနသည့္
Mono Restaurantဟုေရးထားေသာ
ဆိုင္ေ႐ွ႕သို႔ေရာက္သည့္အခါ Baekhyunက
အနည္းငယ္ လႈပ္လႈပ္ရြရြျဖစ္လာေလသည္။

Park Chanyeol ေျပာသည့္
Suprise ဆိုသည့္အရာႀကီးကိုလည္း
သိခ်င္ေနၿပီျဖစ္တာေၾကာင့္ ကားပါကင္ေတာင္
မထိုးရေသး၊ကားေပၚကေနဆင္းၿပီးေနၿပီျဖစ္သည္။

" Let's go - baby  "

ChanyeolကBaekhyun ၏လက္ကို
ဆုပ္ကိုင္လိုက္ၿပီး ကိုယ္ကိုမတ္ကာRestaurant
အတြင္းသို႔အတူတူဝင္သြားၾကေလသည္။

ပိုက္ဆံ႐ွိအသိုင္းအဝိုင္းကသူေတြပဲ
ဒီဆိုင္ကိုလာတာျဖစ္တာေၾကာင့္ လူကလည္းသိပ္မမ်ားေပ။

ဆိုင္အျပင္အဆင္ကလည္း အေတာ္ေလး
ေခတ္မီသည့္အျပင္ ဝန္ထမ္းေတြကလည္း
ေဖာ္ေဖာ္ေရြေရြ႐ွိလွသည္။ serviceကလည္းမဆိုးဟု Baekhyun မွတ္ခ်က္ေပးမိလိုက္သည္။

CEO Parkနဲ႔ Alexတို႔သားအမိႏွစ္ေယာက္ရယ္၊
Chanyeolရဲ႕အေမကRestaurant သို႔
အရင္ေရာက္ႏွင့္ေနၾကတာေၾကာင့္ ဝိုင္းတစ္ဝိုင္းမွာ
ေနရာယူထားၾကသည္။ Chanyeolအေမ၏
ေနာက္ေယာက်ာ္းကလည္း မလိုက္လာတာေၾကာင့္
လူေလးေယာက္သာ႐ွိသည္။

" ေစာင့္ေနရတာၾကာသြားလား? "

Baekhyun ၏လက္ကိုမလႊတ္တမ္း
ဆုပ္ကိုင္ထားၿပီး ဆဲြေခၚလာသည့္
Chanyeolေၾကာင့္ AlexေရာCEO Park ပါ
မ်က္နွာကြက္ခနဲပ်က္သြားေလသည္။

" သူက ဘယ္သူလဲ ''

Alex ၏အေမ Rinaက Baekhyun
ကိုလက္ညႇိဳးထိုးကာေမးလာတာေၾကာင့္
Chanyeolက သူတို႔ႏွစ္ေယာက္ရဲ႕
ႏွစ္ကိုယ္ၾကားက အကြာအေဝးအနည္းငယ္ကို
Baekhyun ၏ခါးေလးကိုဆဲြဖက္ကာ
ခ်ံဳ႕ပစ္လိုက္သည္။

" ကြၽန္ေတာ္ လက္ထပ္မယ့္သူ ''

Baekhyun ကအနည္းငယ္အမ္းတမ္းတမ္း
ျဖစ္သြားၿပီးမွ Alex ေ႐ွ႕မွာေရာက္ေနမွန္း
သတိထားမိသြားတာေၾကာင့္ Chanyeolရဲ႕
ရင္ခြင္ထဲကို​ေခါင္းေလး လ်ိွဳဝင္လိုက္ေလသည္။

" ငါ့ပန္းပင္ေတြကိုဆဲြႏႈတ္ပစ္တဲ့ - ေဘးအိမ္က
ေကာင္ေလး ''

" မင္း မင္း - ငါ့ကို ႐ုိက္သြားတဲ့- ေကာင္ေလး ''

" ဟင္? ေခါင္းပံုျဖတ္တဲ့ဦးေလးႀကီးႏွင့္
ကပ္ေစးနဲအေဒၚႀကီးပါလား? "

" ဒီေကာင္ေလး - သူကမင္းရဲ႕ခ်စ္သူလား
Chanyeol? "

Chanyeol၏အေဖနဲ႔အေမက
သူတို႔သားရဲ႕ခ်စ္သူသည္ Baekhyun
ဆိုတာမ်က္ျမင္ေတြ႔ေနရေသာ္လည္းမယံုႏိုင္ေသး။
Chanyeolကိုထပ္၍ေမးခြန္းထုတ္ေနၾကသည္။

" ဟုတ္တယ္ Baekhyun ကကြၽန္ေတာ့္ခ်စ္သူ ''

" ဘာ! ဒီေကာင္ေလးကိုငါ့မိသားစုဝင္အျဖစ္
လက္ခံမယ္လို႔ထင္ေနတာလား? "

CEO Park ကခက္ထန္ေသာမ်က္ႏွာထားျဖင့္
Baekhyun ကိုလွမ္းၾကည့္ကာေျပာလိုက္ေလသည္။

တစ္ဖန္ Alexကပါသူ႔ကိုမနာလိုမုန္းတီးေသာ
မ်က္ဝန္းေတြျဖင့္လွမ္းၾကည့္ေနတာေၾကာင့္
Baekhyun က Chanyeolရင္ခြင္ထဲသို႔
တမင္သက္သက္ ပိုၿပီးတိုးဝင္လိုက္ေလသည္။

" ကိုကို ကြၽန္ေတာ္ဒီဆိုင္မွာမစားခ်င္ဘူးေနာ္ ''

Chanyeolကဖခင္ျဖစ္သူထံမွအၾကည့္ေတြကို
႐ုတ္သိမ္းလိုက္ၿပီး Baekhyun လက္ထဲသို႔
ကားေသာ့ကိုေပးလိုက္ေလသည္။
ထို႔ေနာက္ ကုတ္အက်ႌကိုခြၽတ္လိုက္ၿပီး
ေက်ာင္းယူနီေဖာင္းေလးသာဝတ္ထားေသာ
Baekhyun၏ကိုယ္ေပၚသို႔ ထပ္ျခံဳေပးလိုက္သည္။

" ကားထဲမွာ ေစာင့္ေနေနာ္ Kyoong ''

Baekhyun ဆိုင္ထဲကေနထြက္သြားတာကို
မ်က္စိတဆံုးလိုက္ၾကည့္ၿပီးေတာ့မွ မိဘေတြကို
ျပန္ၾကည့္လိုက္သည္။

" ငါလံုးဝ သေဘာမတူႏိုင္ဘူး! "

" အေမလည္း သေဘာမတူဘူး Chanyeol ''

မိဘႏွစ္ပါးလံုး၏ သေဘာမတူေၾကာင္း
ေျပာေနသည့္စကားမ်ားကို လ်စ္လ်ဴရႈကာ
Chanyeolက စားပဲြေပၚကဝိုင္ခြက္ေလးကို
ယူလိုက္ၿပီး တစ္ငံုယူေသာက္လိုက္သည္။

" အေဖတို႔အေမတို႔ရဲ႕ အခ်စ္ေရးမွာ
ကြၽန္ေတာ္ဘာမွ ဝင္မစြက္ဖက္ခဲ့သလို
ကြၽန္ေတာ့္ရဲ႕အခ်စ္ေရးမွာလည္း
အေဖတို႔ႏွစ္ေယာက္လံုးဝင္မစြက္ဖက္သင့္ဘူးလို႔
ကြၽန္ေတာ္ ထင္တယ္ ''

အမွန္တကယ္ပင္ Chanyeolရဲ႕
မိဘႏွစ္ပါးလံုးက တားပိုင္ခြင့္လည္းမ႐ွိတာေၾကာင့္
တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ
အေျဖ႐ွာေနၾကသည္။

" ဒါဆိုရင္လည္း မင္းရဲ႕သမိုင္းကို မင္းကိုယ္တိုင္
​ေရးေတာ့ Chanyeol! "

" ေရးေနပါၿပီ -  နိဒါန္းကလည္း Baekhyunနဲ႔ပဲ
စတင္သလို  နိဂံုးကလည္း Baekhyun နဲ႔ပဲ
အဆံုးသတ္သြားမွာပါ ''

Chanyeolကဝိုင္ခြက္ေလးကိုျဖည္းျဖည္းခ်င္း
လႈပ္ကာခပ္တိုးတိုးေလး ျပန္ေခ်ပလိုက္ေလသည္။

...

" ခင္ဗ်ား ဘာေတြေလ်ွာက္ေျပာလိုက္တာလဲ ?
ကြၽန္ေတာ့္ကိုလည္း ဘာမွမတိုင္ပင္ဘူး!
ကိုယ့္သေဘာႏွင့္ကိုယ္ လုပ္ခ်လိုက္တယ္! "

ကားထဲကိုဝင္ဝင္ခ်င္းမွာပဲ Baekhyunက
ရန္ေထာင္သံေလးျဖင့္ Chanyeolကို
ႀကိဳဆိုလိုက္ေလသည္။

" အမွန္အတိုင္းေျပာတာပဲေလ
မင္းက ကိုယ္လက္ထပ္မဲ့သူ ''

" အား! Park Chanyeol!
F**k ပဲ! ကြၽန္ေတာ့္ကိုဘာမွႀကိဳမေျပာဘူး!
သူလုပ္ခ်င္ရာေတြလုပ္ ေျပာခ်င္ရာေတြေျပာသြားတယ္ ''

ေဒါသတႀကီးျဖင့္ လက္ခလယ္ေထာင္ျပေနသည့္
Baekhyun၏လက္ကို ဆဲြယူလိုက္ကာ
Chanyeolက လက္စြပ္ဝတ္ေပးလိုက္ေလသည္။

" couple rings  ''

Baekhyun ကေအာ္ဟစ္ေနတာကိုရပ္လိုက္ၿပီး
လက္ခလယ္တြင္အသင့္ေနရာယူေနေသာ
လက္စြပ္ေလးကိုေသခ်ာၾကည့္မိလိုက္သည္။
Park Chanyeol၏လက္ကိုလွမ္းၾကည့္
လိုက္ေတာ့လည္း ပံုစံတူလက္စြပ္ဝတ္ထားေလသည္။

" amazing ''

စက္သံညက္ေသာကားေလးသည္ mono restaurant compound ထဲကေန
ထြက္သြားၿပီး ကားလမ္းမတစ္ေနရာသို႔
ဦးတည္ကာေမာင္းႏွင္သြားသည္။စားေသာက္ဆိုင္
ထဲမွာက်န္ေနခဲ့သည္ လူေလးေယာက္ကေတာ့
အေတြးကိုယ္စီျဖင့္က်န္ခဲ့ၾကေလသည္။

...

မင္းက လက္ခလယ္ေထာင္ျပရင္ေတာင္
ကိုယ္က အဲ့ဒီ့လက္ခလယ္မွာလက္စြပ္ဝတ္ေပးမဲ့
ခ်စ္သူမ်ိဳး။

TBC

______________________________________

Seguir leyendo

También te gustarán

17.7K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
302K 51.8K 64
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
394K 46.5K 67
Warning:This is not a translation!!! Characters and plot are all mine. It's my Own Creation. ယီကွမ်းသည် ထိုစဥ်က အလွန်ငယ်ရွယ်ခဲ့သည်။ သူသည် မစဥ်းစားပဲ...
407K 56.5K 37
Overprotective big brothers fall for each other's little brothers. (Nov 6th, 2018 - May 7th 2020)