HIGER [COMPLETED]

By Harry-Kim

262K 47.4K 3.9K

He is a mess but He is a masterpiece. More

[ 0 ]
[ 1 ]
[ 2 ]
[ 3 ]
[ 4 ]
[ 5 ]
[ 6 ]
[ 7 ]
[ 8 ]
[ 9 ]
[ 10 ]
[ 11 ]
[ 12 ]
[ 13 ]
[ 15 ]
[ 16 ]
[ 17 ]
[ 18 ]
[ 19 ]
[ 20 ]
[ 21 ]
[ 22 ]
[ 23 ]
[ 24 ]
24/1
24/2
24/3
24/4
24/5
24/6
24/7
[ 25 ]
[ 26 ]
[ 27 ]
[ 28 ]
[ 29 ]
[ 30 ]
FINALE
Harry's Note

[ 14 ]

6.2K 1.2K 139
By Harry-Kim

[ Unicode ]

မနေ့ကမှ လောလောလတ်လတ်
changeထားသည့် hair colorကြောင့်
Baekhyun ၏မျက်နှာလေးက ပို၍
ကြည်လင်တောက်ပနေသည်။

မျက်လုံးတွေကို ကျော်လွန်ကာမျက်နှာကို
တစ်စွန်းတစ်စဖုံးအုပ်နေသောရှေ့ဆံပင်တွေကို
အနည်းငယ်ညှပ်လိုက်ပြီး ပုံသွင်းထားသေးသည်။

ခါတိုင်း နားတစ်ဖက်မှာပန်ထားလေ့ရှိသည့်
နားဆွဲအရှည်ကို ဖြုတ်လိုက်ပြီး
ပလက်တီနမ်နားကွင်းသေးသေးလေးကို
နားမှာပန်လိုက်လေသည်။

လည်ပင်းမှာဆွဲထားနေကျဖြစ်တဲ့
ရှုပ်ရှုပ်ယှက်ယှက်ကြိုးအမည်းရောင်တွေကို
အကုန်ဆွဲဖြတ်လိုက်ပြီး ပြောင်ရှင်းနေအောင်
ထားလိုက်တာကြောင့် Baekhyun၏
ပုံစံလေးသည် ယခင်က Byun Baekhyun
နဲ့မတူဘဲ ကွဲပြားနေလေသည်။

နောက်ဆုံးအနေနဲ့ ခပ်သင်းသင်းရနံ့ရှိသည့်
ရေမွှေးကိုစွတ်ပြီးသည့်နောက်မှာတော့
ခန္ဓာကိုယ်တစ်ခုလုံး perfect ဖြစ်သွားသလို
သူခံစားမိလိုက်သည်။

ထုံးစံအတိုင်း လေတချွန်ချွန်နဲ့လှေကားပေါ်က
ဆင်းလာတော့ Baekhyun အမေကသူ့သားကို
အထူးအဆန်းလူတစ်ယောက်သဖွယ်ငေးကြည့်နေသည်။

" ဘာဆေးတွေမှားစားထားတာလဲ
သပ်သပ်ရပ်ရပ်ဖြစ်နေပါ့လား Baekhyun? "

Baekhyun ကမကြားချင်ယောင်ဆောင်ကာ
အိမ်ထဲကနေထွက်သွားမည်ဟုခြေလှမ်း
ပြင်လိုက်တော့ သူမကလက်မောင်းကို
ဆွဲကိုင်ထားလိုက်သည်။

" ကျောင်းသွားမှာလား? ဒါမှမဟုတ်
ရည်းစားနဲ့သွားချိန်းတွေ့မှာလား? "

" ကျောင်းမှာ ရည်းစားနဲ့သွားချိန်းတွေ့မလို့ ''

ဖြူလျော့လျော့နှုတ်ခမ်းတွေနဲ့ အညိုရောင်
ရင့်ရင့်မျက်ဝန်းတွေကို Baekhyunက
လျစ်လျူရှုကာ သူ့လက်မောင်းကိုဆုပ်ကိုင်ထားသော
အမေဖြစ်သူရဲ့လက်ထဲကနေရုန်းထွက်လိုက်သည်။

" နေမကောင်းဘူး Baekhyun ''

" ... ''

" အမေနေမကောင်းဘူး ''

Baekhyun ကလှမ်းလက်စခြေလှမ်းတွေကို
အရှိန်သတ်လိုက်ပြီး သူ့အမေရဲ့မျက်နှာကို
သေသေချာချာသတိထားပြီး ကြည့်မိလိုက်သည်။

အမြဲတစေ ပန်းနုရောင်သန်းနေသော
နှုတ်ခမ်းတစ်စုံသည် ဖြူလျော့နေပြီး စူးရှသော
အကြည့်များနဲ့ပုရိသတို့ကိုဖမ်းစားနိုင်သော
မျက်ဝန်းတစ်စုံသည် မီးစာကုန်တော့မည့်
မှောင်ပျပျအခန်းငယ်တစ်ခုလို အရောင်မှိန်နေပြီဖြစ်သည်။

" အဲ့ဒီ့တော့ ပြုစုပေးရမှာလား? "

" Kyoong ''

" မခေါ်နဲ့! မကြားချင်ဘူး!
အဖေပေးထားတဲ့နာမည်ကိုခင်ဗျားပါးစပ်က
ထုတ်ခေါ်စရာ မလိုဘူး! "

" သား ''

စကားပြောနေရင်း အမေဖြစ်သူ၏
မျက်ဝန်းအိမ်ထဲမှ စီးကျလာသောမျက်ရည်စတွေကြောင့် Baekhyun ကအော်ဟစ်ပေါက်ကွဲလိုက်ချင်သည့်
စိတ်တို့ကိုအတတ်နိုင်ဆုံးချုပ်ထိန်းလိုက်သည်။

" ကျွန်တော်သွားပြီ ''

" တောင်းပန်ပါတယ် အမေကောင်း
တစ်ယောက်မဖြစ်ခဲ့လို့ တောင်းပန်ပါတယ်Kyoongရယ် ''

Baekhyun အမေ၏ပါးပြင်တစ်ခုလုံးသည်
သိပ်မကြာခင်မှာပဲ မျက်ရည်တွေနဲ့ရွှဲနစ်သွားတော့သည်။

...

အမြဲတမ်းလိုလိုဆူညံပွက်လောရိုက်နေသော
စာသင်ခန်းသည် ဘာသာရပ်ဆရာမနေမကောင်း၍
မလာနိုင်သည့်အတွက် ဝုန်းဒိုင်းကိုကြဲနေသည်။

စာသင်ခန်းရှေ့မှာထွက်ပြီး ကလူနေကြသည့်
အတွဲတွေကတစ်ဖုံ၊ ကျောင်းတစ်ကျောင်းလုံး
ကြားရလောက်တဲ့အထိ စကားကိုအကျယ်ကြီး
အော်ဟစ်ပြောနေသောမိန်းကလေးတွေကြောင့်
တစ်မျိုး၊ စာသင်ခန်းနဲ့ club မှားလာသလားလို့
မှတ်ယူရသော သီချင်းတွေအကျယ်ကြီးဖွင့်ကာ
အပီအပြင်ဟစ်နေကြသည့်အဆိုရှင်
မိုက်ခဲတွေကြောင့် ဆူညံသံတွေကရောထွေးနေသည်။

အတန်းထဲက စာကြမ်းပိုးလေးငါးယောက်သာ
တိတ်တိတ်လေးနေကာသူတို့စာသူတို့
ဲကြတ်လုပ်နေကြသည်။

Baekhyun ကတော့စာလည်းမလုပ်၊
တခြားကျောင်းသားတွေလို ဟေးလားဝါးလား
လည်းမလုပ်ဘဲ သူ့ဟာသူခုံပေါ်မှာပဲ
မှောက်အိပ်နေသည်။

" မင်းရဲ့ဖုန်းက camera ကောင်းတယ်နော် Alex ''

Alexသူငယ်ချင်းတစ်ယောက်ရဲ့အသံကို
ကြားလိုက်တာကြောင့် Baekhyunက
မှောက်အိပ်နေရင်းကနားစွင့်လိုက်လေသည်။

" အင်း Chan ဝယ်ပေးထားတာလေ ''

" ဟို... မင်းရဲ့ချစ်သူ ? "

" Yes! My love Park Chanyeol ''

Baekhyun ကလှောင်ရယ်ရယ်လိုက်ပြီး
ခုံပေါ်မှောက်အိပ်နေရာကနေဝုန်းခနဲ
ချက်ချင်းမတ်တပ်ရပ်လိုက်လေသည်။
ဘေးနားမှာစာအုပ်ဖတ်နေသည့် Martin
က Baekhyun ကိုမော့ကြည့်လိုက်ပြီး
သူ့ဟာသူခေါင်းပြန်ငုံ့သွားသည်။

Baekhyun ကအကျႌအဖြူလက်ရှည်ကို
တံတောင်ဆစ်လောက်အထိခေါက်တင်လိုက်ပြီး
ကြယ်သီးအပြည့်တပ်ထားသည့်သူ့အကျႌကိုသူ
အားနဲ့ဆွဲလိုက်တာကြောင့် အပေါ်ကြယ်သီး
နှစ်လုံးက စာသင်ခန်းရဲ့ကြမ်းပြင်ပေါ်သို့
တောက်ခနဲ ကျဆင်းသွားသည်။

တစ်လှမ်းချင်းစီလျှောက်လှမ်းနေသော
Baekhyun ၏ခြေအစုံသည်
Alex၏စာရေးခုံအနားတွင်ရပ်တန့်သွားသည်။

ထိုမြင်ကွင်းကိုသတိထားမိသည့်
ကျောင်းသားတွေကလည်းသီချင်းဖွင့်ထားသည့်
စက်တွေကို အလျင်အမြန်ပိတ်လိုက်လေသည်။
ခေါင်မိုးပွင့်လုမတတ် အပြိုင်အဆိုင်အော်ဟစ်
စကားပြောနေသည့် မိန်းကလေးတွေ၏အသံ
တွေကလည်း ရုတ်ချည်းဆိုသလိုတိုးဝင်သွားသည်။
အတန်းရှေ့မှာမတ်တပ်ရပ်နေကြသည့်
စုံတွဲတွေကလည်း သူတို့နေရာမှာသူတို့အမြန်
ဝင်ထိုင်လိုက်ကြတော့သည်။

လွန်ခဲ့သောတစ်မိနစ်လောက်ကအထိဆူညံနေသော
စာသင်ခန်းကြီးသည် အပ်ကျသံပင်မကြားရလောက်
တော့တဲ့အထိ ချက်ချင်းတိတ်ဆိတ်သွားတော့သည်။

" ဘာကိစ္စလဲ? "

Alexက Baekhyun၏မျက်နှာကို
မကြည့်ချင်သည့်ဒီဇိုင်းဖြင့် လက်ပိုက်ပြီး
မျက်နှာကိုတခြားဖက်သို့လှည့်ကာမေးလိုက်လေသည်။

Baekhyunက တော်တော်နဲ့
ဘာစကားမှမပြောသေးဘဲ
သူ့ရဲ့မျက်နှာကိုစိုက်ကြည့်နေတာကြောင့်
AlexကBaekhyun ကိုချက်ချင်းပင်
မျက်လုံးစွေကာကြည့်လိုက်လေသည်။

" ဘာရယ်တာလဲ? "

သူ မျက်လုံးစွေကြည့်လိုက်တာနှင့်တစ်ပြိုင်နက်
ထရယ်တဲ့ Baekhyunကြောင့် Alexက
ဒေါသတကြီးနဲ့ အော်ဟစ်ကာမေးလိုက်လေသည်။

" ဘာရယ်တာလဲလို့ မင်းကိုမေးနေတယ် !
Byun Baekhyun! ! "

" ငတုံး ''

" ဘာ ''

Baekhyun ၏စကားတစ်ခွန်းမှာ Alexက
မခံမရပ်နိုင်ဖြစ်သွားပြီးဒေါသအရှိန်ကြောင့်
မျက်နှာတွေကအစ ရဲတက်လာသည်။
သိပ်ကိုကြည့်ကောင်းလှပါသည်ဟုဆိုသော
ocean ရောင်colorနဲ့မျက်ဝန်းတွေကအစ
အကျည်းတန်နေသလိုပင်။

" စောက်တုံး!
ရယ်မှန်းမသိ လှောင်မှန်းမသိ ''

" Byun Baekhyun! "

Baekhyun၏ပါးပြင်ပေါ်တွင်
လှောင်ပြုံးသေးသေးလေးဖြစ်ပေါ်သွားလေသည်။
သိပ်မကြာလိုက်..Baekhyunက
Alexလက်ထဲမှာကိုင်ထားတဲ့ဖုန်းကို
ကြမ်းပြင်ပေါ်သို့ပစ်ချကာ ဖိနပ်ဖြင့်မိချေလိုက်လေသည်။

" ငါ ငါ ငါ့ ဖုန်း ''

Alexက Baekhyun၏လုပ်ရပ်ကို
အကြောင်သားငေးနေရင်း အသိစိတ်ပြန်ဝင်လာသည့်
အချိန်တွင် ထိုဖုန်းမှန်သည် အစိတ်စိတ်အမြွှာမြွှာ
ပင်ဖြစ်နေလေပြီ။

" Cha ~ Chan ဝယ်ပေးထားတဲ့ ဖုန်း ~
ငါ့ဖုန်း ~ အား! Byun Baekhyun
မင်းဘာလုပ်လိုက်တာလဲ ငါ့ဖုန်းကို!
မင်းကိုသတ်မယ် မင်းကိုသတ်ပစ်မယ် ''

Alexက ချက်ချင်းထရပ်လိုက်ပြီး
Baekhyun ၏မျက်နှာကိုခွပ်ခနဲထိုးချလိုက်လေသည်။

ရုတ်တရက်ကြီးဖြစ်တာကြောင့် Baekhyun
ကလည်းရှောင်ချိန်မရလိုက်။အနည်းငယ်ကွဲသွားသော
နှုတ်ခမ်းကသွေးစတွေကို လက်ဖမိုးဖြင့်အသာလေး
သုတ်လိုက်ပြီး Alexကို မော့ကြည့်လိုက်သည်။

" ငကြွား ''

Baekhyun ကကြမ်းပြင်ပေါ်ကနေထလိုက်ပြီး
Alex ၏စာရေးခုံပေါ်တက်ထိုင်လိုက်လေသည်။
ထို့နောက် Alexနဲ့ဘေးချင်းကပ်ထိုင်သော
သူငယ်ချင်းတစ်ယောက်ရဲ့ခုံပေါ်က ပီကေ
တစ်တောင့်ကိုယူပြီး ကောက်ဝါးလိုက်သည်။

" မင်း ဘာစကားပြောတာလဲ? Byun Baekhyun! !"

စာသင်ခန်းထဲတွင် တစ်စတစ်စ
ကျယ်လောင်စွာထွက်ပေါ်လာတဲ့ရန်ဖြစ်သံတွေကြောင့်
ဘယ်သူမှ အသက်တောင်ဖြောင့်ဖြောင့်
မရှူရဲသလို မလှုပ်ရဲဖြစ်နေကြသည်။

" မင်းကဘာကောင်မို့လို့
ငါ့ရဲ့ဖုန်းကိုရိုက်ခွဲပစ်ရတာလဲ? "

အသက်ရှူသံတွေကအစပြင်းထန်နေကာ
မျက်လုံးထဲကနေအငွေ့တွေထွက်မတတ်
ဒေါသထွက်နေသော Alex ကို
ကြည့်ပြီးသူပြုံးပြလိုက်သည်။

" ဒီဖုန်းကိုဘယ်သူဝယ်ပေးထားတာလဲမင်းသိလား! "

စိတ်ဆိုးခြင်းဒီဂရီတွေမြင့်တက်နေသောအသံ
ပင်ဖြစ်သော်လည်းသူကတော့လုံးဝဂရုမစိုက်။
ပခုံးကိုတွန့်ပြလိုက်ပြီး ပေါ့ပျက်ပျက်လေသံဖြင့်
ပြန်မေးလိုက်သည်။

" မသိဘူး ပြောပြပါလား? "

" ဟာကွာ! Byun Baekhyun မင်း! "

ဆွဲထိုးရန်ကြံနေသောAlex က
သူ့ကိုလက်ရွယ်ပြီးမှ စိတ်လျှော့ကာလက်ကို
ပြန်ရုတ်သိမ်းလိုက်သည်။

သူကတော့ ပီကေကိုအဝါးမပျက်သလို
ဒူးခေါင်းတနှံ့နှံ့နဲ့ ရုပ်ရှင်ပြကွက်တစ်ခုကို
ကြည့်နေသလိုအရသာခံပြီးကြည့်နေသည်။

" မင်းကဘာကောင်လဲByun Baekhyun? "

စိမ်းသက်သက်မျက်ဝန်းများက တွန့်ချိုးကာ
အံကြိတ်ကာမေးလာတဲ့မေးခွန်းကိုဖြေရန်
ပါးစပ်ထဲက ပီကေကိုဦးစွာထွေးထုတ်လိုက်သည်။

" ငါက ကိုကိုPark Chanyeolရဲ့ကောင်လေးလေ ''

Baekhyunရဲ့စကားအဆုံးမှာ Alex လည်း
ဆွံ့အသွားရတော့သည်။

" လိမ်နေတာ ''

" that's your part! "

Baekhyun ကမယုံလည်းနေဟူသော
သဘောဖြင့်ပခုံးတွန့်ပြလိုက်ပြီး ဒူးနှံ့နေလေသည်။

" Chan ကငါ့အပိုင် - iis ''

Baekhyunကစာရေးခုံပေါ်မှာတင်ထားသည့်
ခဲတံချွန်သည့်ဓားကိုထုတ်လိုက်ပြီး Alex ရဲ့
လည်ပင်းအနားကို ရွယ်လိုက်သည်။

" B - Baek- hyunn - ''

" ဖုန်းက ကိုကို Park Chanyeol
ဝယ်ပေးတာဆိုလို့ရိုက်ခွဲလိုက်တာ!

နောက်တစ်ခါ မင်းပါးစပ်ကနေ
ကိုကိုက မင်းအပိုင်လို့ကြားလိုက်တာနဲ့
ဒီ-လော-က-ကြီး-က-နေ-out-ပဲ ''

စကားကို တစ်လုံးချင်းရေရွတ်ပြီး
လည်ပင်းကို ဓားနဲ့မထိတထိလေးဆွဲကာ
ဆော့ကစားနေသော Baekhyun ကြောင့်
Alexက ကြောက်လန့်တကြားဖြင့်မျက်လုံးစုံမှိတ်မိလိုက်သည်။

" မှတ်ထားနော် Park Chanyeol ဆိုတာငါ့ကိုကို ''

လက်ထဲမှာရွယ်ထားသည့်ဓားကို ချလိုက်ပြီး
အောင်နိုင်သူအပြုံးဖြင့်စာသင်ခန်းထဲကနေ
ထွက်သွားတဲ့ Baekhyunကိုကြည့်ပြီး
Alex လက်သီးဆုပ်မိလိုက်သည်။

•••ငါတစ်ယောက်လုံးရှိနေသရွေ့
Chan ကိုလုံးဝမရစေဘူး Baekhyun•••

Alex၏မျက်ဝန်းတွေသည်
ကြောက်စရာကောင်းလှစွာ နီရဲနေသည်။

...

" စကားခဏလောက်ပြောမလားChan? "

Chanyeolအိမ်ပြန်လာမယ့်အချိန်အထိ
လှေကားကနေတစ်ဖဝါးမှမခွာဘဲ
ထိုင်စောင့်နေသည့် Alex ၏မျက်နှာတွင်
စိုးရိမ်ပူပင်မှုတွေကအတိုင်းသားမြင်နေရသည်။

Chanyeolက အိမ်ထဲသို့မျက်လုံးဝေ့ကြည့်
တော့လည်းဘယ်သူမှမရှိ။

" ဘာပြောမလို့လဲ?အင်း.. ဘာမေးမလို့လဲ
လို့မေးရင်ပိုမှန်မလား? "

Chanyeolက Alex ပွင့်ပွင့်လင်းလင်း
မေးနိုင်ရန်စကားလမ်းကြောင်းစဖောက်ပေးလိုက်သည်။
Alexက ချက်ချင်းမမေးသေးဘဲ
အသက်ပြင်းပြင်းရှူကာအားယူနေသည်။
ထို့နောက် Chanyeolရဲ့မျက်နှာကိုကြည့်ကာ
အရဲစွန့်ပြီးပြောလိုက်လေသည်။

" ကျွန်တော် Chan ကိုချစ်တယ် ''

Chanyeolက သုံးစက္ကန့်လောက်မျှ
ငြိမ်သက်နေပြီးမှ Alexကိုပြုံးကာကြည့်လိုက်သည်။

" Alex ''

" ဗျာ ''

" ကိုယ့်မှာချစ်သူရှိတယ် ''

" ဘယ်သူလဲ သူကဘယ်သူလဲ?
ကျွန်တော်သိတဲ့သူလား ကျွန်တော်တို့ကျောင်းကလား?
ဟုတ်လား ဖြေပေးပါဦး Chan ''

ဆောက်တည်ရာမရစွာ မေးခွန်းတွေကိုတရပ်စပ်
မေးနေသည့်Alexကိုကြည့်ပြီးChanyeolက
သူ့ဖုန်းကို ထုတ်ပေးလိုက်သည်။

" ကိုယ့်ဖုန်းမှာ password ခံထားတယ်
letter ချည်းပဲ 8 လုံး ... capital letterနဲ့ ''

Alexက Chanyeol ထုတ်ပေးနေသည့်
ဖုန်းကိုယူလိုက်ပြီး ဆက်ပြောမည့်စကားကို
နားစွင့်နေလိုက်သည်။

" အဲ့ဒီ့ capital letter 8လုံးက
Alexသိပ်သိချင်နေတဲ့ ကိုယ့်ချစ်သူရဲ့နာမည်ပဲ ''

Alexကစိတ်ထဲကနေမဟုတ်ပါစေနဲ့ဟု
ဆုတောင်းရင်း Chanyeol ဖုန်း၏
password တွင် BAEKHYUN ဟု
ရိုက်ထည့်လိုက်သည်။

တစ်စက္ကန့်တောင်မကြာလိုက်၊ချက်ချင်းပွင့်သွားကာ
မြင်လိုက်ရသည့် Home Screen ကြောင့်
Alex၏လက်တွေ တုန်လာတော့လေသည်။

" Chan Chanရဲ့ချစ်သူက ''

Chanyeolကသူ့ရဲ့ဖုန်း screen ကို
လှမ်းကြည့်ကာ လက်ဖျောက်တီးလိုက်လေသည်။

" Bingo! ကိုယ့်ရဲ့ချစ်သူက
Byun Baekhyun ဆိုတဲ့ကောင်လေးပဲ ''

Alexကတော့မယုံကြည်နိုင်စွာ
မျက်ရည်အဝဲသားနဲ့Chanyeolကို
မော့ကြည့်နေလေသည်။

မျက်ရည်ကျရမှာ သူတို့အလုပ်
ရယ်မောရမှာ ကိုကို့ရဲ့ Baekhyun အလုပ်။

...

TBC

______________________________________

[ Zawgyi ]

မေန႔ကမွ ေလာေလာလတ္လတ္
changeထားသည့္ hair colorေၾကာင့္
Baekhyun ၏မ်က္ႏွာေလးက ပို၍
ၾကည္လင္ေတာက္ပေနသည္။

မ်က္လံုးေတြကို ​ေက်ာ္လြန္ကာမ်က္နွာကို
တစ္စြန္းတစ္စဖံုးအုပ္ေနေသာ​ေရွ႕ဆံပင္ေတြကို
အနည္းငယ္ညႇပ္လိုက္ၿပီး ပံုသြင္းထားေသးသည္။

ခါတိုင္း နားတစ္ဖက္မွာပန္ထားေလ့႐ွိသည့္
နားဆဲြအ႐ွည္ကို ျဖဳတ္လိုက္ၿပီး
ပလက္တီနမ္နားကြင္းေသးေသးေလးကို
နားမွာပန္လိုက္ေလသည္။

လည္ပင္းမွာဆဲြထားေနက်ျဖစ္တဲ့
႐ႈပ္႐ႈပ္ယွက္ယွက္ႀကိဳးအမည္းေရာင္ေတြကို
အကုန္ဆဲြျဖတ္လိုက္ၿပီး ေျပာင္႐ွင္းေနေအာင္
ထားလိုက္တာေၾကာင့္ Baekhyun၏
ပံုစံေလးသည္ ယခင္က Byun Baekhyun
နဲ႔မတူဘဲ ကဲြျပားေနေလသည္။

ေနာက္ဆံုးအေနနဲ႔ ခပ္သင္းသင္းရန႔ံ႐ွိသည့္
​ေရေမႊးကိုစြတ္ၿပီးသည့္ေနာက္မွာေတာ့
ခႏၶာကိုယ္တစ္ခုလံုး perfect ျဖစ္သြားသလို
သူခံစားမိလိုက္သည္။

ထံုးစံအတိုင္း ေလတခြၽန္ခြၽန္နဲ႔ေလွကားေပၚက
ဆင္းလာေတာ့ Baekhyun အေမကသူ႔သားကို
အထူးအဆန္းလူတစ္ေယာက္သဖြယ္ေငးၾကည့္ေနသည္။

" ဘာေဆးေတြမွားစားထားတာလဲ
သပ္သပ္ရပ္ရပ္ျဖစ္ေနပါ့လား Baekhyun? "

Baekhyun ကမၾကားခ်င္ေယာင္ေဆာင္ကာ
အိမ္ထဲကေနထြက္သြားမည္ဟုေျခလွမ္း
ျပင္လိုက္ေတာ့ သူမကလက္ေမာင္းကို
ဆဲြကိုင္ထားလိုက္သည္။

" ေက်ာင္းသြားမွာလား? ဒါမွမဟုတ္
ရည္းစားနဲ႔သြားခ်ိန္းေတြ႔မွာလား? "

" ေက်ာင္းမွာ ရည္းစားနဲ႔သြားခ်ိန္းေတြ႔မလို႔ ''

ျဖဴေလ်ာ့ေလ်ာ့ႏႈတ္ခမ္းေတြနဲ႔ အညိဳေရာင္
ရင့္ရင့္မ်က္ဝန္းေတြကို Baekhyunက
လ်စ္လ်ဴရႈကာ သူ႔လက္ေမာင္းကုိဆုပ္ကိုင္ထားေသာ
အေမျဖစ္သူရဲ႕လက္ထဲကေန႐ုန္းထြက္လိုက္သည္။

" ေနမေကာင္းဘူး Baekhyun ''

" ... ''

" အေမေနမေကာင္းဘူး ''

Baekhyun ကလွမ္းလက္စေျခလွမ္းေတြကို
အ႐ွိန္သတ္လိုက္ၿပီး သူ႔အေမရဲ႕မ်က္ႏွာကို
​ေသေသခ်ာခ်ာသတိထားၿပီး ၾကည့္မိလိုက္သည္။

အျမဲတေစ ပန္းႏုေရာင္သန္းေနေသာ
ႏႈတ္ခမ္းတစ္စံုသည္ ျဖဴေလ်ာ့ေနၿပီး စူး႐ွေသာ
အၾကည့္မ်ားနဲ႔ပုရိသတို႔ကိုဖမ္းစားႏိုင္ေသာ
မ်က္ဝန္းတစ္စံုသည္ မီးစာကုန္ေတာ့မည့္
ေမွာင္ပ်ပ်အခန္းငယ္တစ္ခုလို အေရာင္မွိန္​ေနၿပီျဖစ္သည္။

" အဲ့ဒီ့ေတာ့ ျပဳစုေပးရမွာလား? "

" Kyoong ''

" မေခၚနဲ႔! မၾကားခ်င္ဘူး!
အေဖေပးထားတဲ့နာမည္ကိုခင္ဗ်ားပါးစပ္က
ထုတ္ေခၚစရာ မလိုဘူး! "

" သား ''

စကားေျပာေနရင္း အေမျဖစ္သူ၏
မ်က္ဝန္းအိမ္ထဲမွ စီးက်လာေသာမ်က္ရည္စေတြေၾကာင့္ Baekhyun ကေအာ္ဟစ္ေပါက္ကဲြလိုက္ခ်င္သည့္
စိတ္တို႔ကိုအတတ္ႏိုင္ဆံုးခ်ဳပ္ထိန္းလိုက္သည္။

" ကြၽန္ေတာ္သြားၿပီ ''

" ေတာင္းပန္ပါတယ္ အေမေကာင္း
တစ္ေယာက္မျဖစ္ခဲ့လို႔ ေတာင္းပန္ပါတယ္Kyoongရယ္ ''

Baekhyun အေမ၏ပါးျပင္တစ္ခုလံုးသည္
သိပ္မၾကာခင္မွာပဲ မ်က္ရည္ေတြနဲ႔ရႊဲနစ္သြားေတာ့သည္။

...

အျမဲတမ္းလိုလိုဆူညံပြက္ေလာ႐ုိက္ေနေသာ
စာသင္ခန္းသည္ ဘာသာရပ္ဆရာမေနမေကာင္း၍
မလာႏိုင္သည့္အတြက္ ဝုန္းဒိုင္းကိုၾကဲေနသည္။

စာသင္ခန္းေ႐ွ႕မွာထြက္ၿပီး ကလူေနၾကသည့္
အတဲြေတြကတစ္ဖံု၊ ေက်ာင္းတစ္ေက်ာင္းလံုး
ၾကားရေလာက္တဲ့အထိ စကားကိုအက်ယ္ႀကီး
ေအာ္ဟစ္ေျပာေနေသာမိန္းကေလးေတြေၾကာင့္
တစ္မ်ိဳး၊ စာသင္ခန္းနဲ႔ club မွားလာသလားလို႔
မွတ္ယူရေသာ သီခ်င္းေတြအက်ယ္ႀကီးဖြင့္ကာ
အပီအျပင္ဟစ္ေနၾကသည့္အဆို႐ွင္
မိုက္ခဲေတြေၾကာင့္ ဆူညံသံေတြကေရာေထြးေနသည္။

အတန္းထဲက စာၾကမ္းပိုးေလးငါးေယာက္သာ
တိတ္တိတ္ေလးေနကာသူတို႔စာသူတို႔
ဲၾကတ္လုပ္ေနၾကသည္။

Baekhyun ကေတာ့စာလည္းမလုပ္၊
တျခားေက်ာင္းသားေတြလို ေဟးလားဝါးလား
လည္းမလုပ္ဘဲ သူ႔ဟာသူခံုေပၚမွာပဲ
ေမွာက္အိပ္ေနသည္။

" မင္းရဲ႕ဖုန္းက camera ေကာင္းတယ္ေနာ္ Alex ''

Alexသူငယ္ခ်င္းတစ္ေယာက္ရဲ႕အသံကို
ၾကားလိုက္တာေၾကာင့္ Baekhyunက
​ေမွာက္အိပ္ေနရင္းကနားစြင့္လိုက္ေလသည္။

" အင္း Chan ဝယ္ေပးထားတာေလ ''

" ဟို... မင္းရဲ႕ခ်စ္သူ ? "

" Yes! My love Park Chanyeol ''

Baekhyun က​ေလွာင္ရယ္ရယ္လိုက္ၿပီး
ခံုေပၚေမွာက္အိပ္ေနရာကေနဝုန္းခနဲ
ခ်က္ခ်င္းမတ္တပ္ရပ္လိုက္ေလသည္။
ေဘးနားမွာစာအုပ္ဖတ္ေနသည့္ Martin
က Baekhyun ကိုေမာ့ၾကည့္လိုက္ၿပီး
သူ႔ဟာသူေခါင္းျပန္ငံု႔သြားသည္။

Baekhyun ကအက်ႌအျဖဴလက္႐ွည္ကို
တံေတာင္ဆစ္ေလာက္အထိေခါက္တင္လိုက္ၿပီး
ၾကယ္သီးအျပည့္တပ္ထားသည့္သူ႕အက်ႌကိုသူ
အားနဲ႔ဆဲြလိုက္တာေၾကာင့္ အေပၚၾကယ္သီး
ႏွစ္လံုးက စာသင္ခန္းရဲ႕ၾကမ္းျပင္ေပၚသို႔
ေတာက္ခနဲ က်ဆင္းသြားသည္။

တစ္လွမ္းခ်င္းစီေလ်ွာက္လွမ္းေနေသာ
Baekhyun ၏ေျခအစံုသည္
Alex၏စာေရးခံုအနားတြင္ရပ္တန္႔သြားသည္။

ထိုျမင္ကြင္းကိုသတိထားမိသည့္
ေက်ာင္းသားေတြကလည္းသီခ်င္းဖြင့္ထားသည့္
စက္​ေတြကို အလ်င္အျမန္ပိတ္လိုက္ေလသည္။
ေခါင္မိုးပြင့္လုမတတ္ အၿပိဳင္အဆိုင္ေအာ္ဟစ္
စကားေျပာေနသည့္ မိန္းကေလးေတြ၏အသံ
ေတြကလည္း ႐ုတ္ခ်ည္းဆိုသလိုတိုးဝင္သြားသည္။
အတန္းေ႐ွ႕မွာမတ္တပ္ရပ္ေနၾကသည့္
စံုတဲြေတြကလည္း သူတို႔ေနရာမွာသူတို႔အျမန္
ဝင္ထိုင္လိုက္ၾကေတာ့သည္။

လြန္ခဲ့ေသာတစ္မိနစ္ေလာက္ကအထိဆူညံေနေသာ
စာသင္ခန္းႀကီးသည္ အပ္က်သံပင္မၾကားရေလာက္
​ေတာ့တဲ့အထိ ခ်က္ခ်င္းတိတ္ဆိတ္သြားေတာ့သည္။

" ဘာကိစၥလဲ? "

Alexက Baekhyun၏မ်က္ႏွာကို
မၾကည့္ခ်င္သည့္ဒီဇိုင္းျဖင့္ လက္ပိုက္ၿပီး
မ်က္ႏွာကိုတျခားဖက္သို႔လွည့္ကာေမးလုိက္ေလသည္။

Baekhyunက ေတာ္ေတာ္နဲ႔
ဘာစကားမွမေျပာ​ေသးဘဲ
သူ႔ရဲ႕မ်က္ႏွာကိုစိုက္ၾကည့္ေနတာေၾကာင့္
AlexကBaekhyun ကိုခ်က္ခ်င္းပင္
မ်က္လံုးေစြကာၾကည့္လိုက္ေလသည္။

" ဘာရယ္တာလဲ? "

သူ မ်က္လံုးေစြၾကည့္လိုက္တာႏွင့္တစ္ၿပိဳင္နက္
ထရယ္တဲ့ Baekhyunေၾကာင့္ Alexက
ေဒါသတႀကီးနဲ႔ ေအာ္ဟစ္ကာေမးလိုက္ေလသည္။

" ဘာရယ္တာလဲလို႔ မင္းကိုေမးေနတယ္ !
Byun Baekhyun! ! "

" ငတံုး ''

" ဘာ ''

Baekhyun ၏စကားတစ္ခြန္းမွာ Alexက
မခံမရပ္ႏိုင္ျဖစ္သြားၿပီး​ေဒါသအ႐ွိန္ေၾကာင့္
မ်က္ႏွာေတြကအစ ရဲတက္လာသည္။
သိပ္ကိုၾကည့္ေကာင္းလွပါသည္ဟုဆိုေသာ
ocean ေရာင္colorနဲ႔မ်က္ဝန္းေတြကအစ
အက်ည္းတန္ေနသလိုပင္။

" ေစာက္တံုး!
ရယ္မွန္းမသိ ေလွာင္မွန္းမသိ ''

" Byun Baekhyun! "

Baekhyun၏ပါးျပင္ေပၚတြင္
ေလွာင္ျပံဳးေသးေသးေလးျဖစ္ေပၚသြားေလသည္။
သိပ္မၾကာလိုက္..Baekhyunက
Alexလက္ထဲမွာကိုင္ထားတဲ့ဖုန္းကို
ၾကမ္းျပင္ေပၚသို႔ပစ္ခ်ကာ ဖိနပ္ျဖင့္မိေခ်လိုက္ေလသည္။

" ငါ ငါ ငါ့ ဖုန္း ''

Alexက Baekhyun၏လုပ္ရပ္ကို
အေၾကာင္သားေငးေနရင္း အသိစိတ္ျပန္ဝင္လာသည့္
အခ်ိန္တြင္ ထိုဖုန္းမွန္သည္ အစိတ္စိတ္အႁမႊာႁမႊာ
ပင္ျဖစ္ေနေလၿပီ။

" Cha ~ Chan ဝယ္ေပးထားတဲ့ ဖုန္း ~
ငါ့ဖုန္း ~ အား! Byun Baekhyun
မင္းဘာလုပ္လိုက္တာလဲ ငါ့ဖုန္းကို!
မင္းကိုသတ္မယ္ မင္းကိုသတ္ပစ္မယ္ ''

Alexက ခ်က္ခ်င္းထရပ္လိုက္ၿပီး
Baekhyun ၏မ်က္ႏွာကိုခြပ္ခနဲထိုးခ်လိုက္ေလသည္။

႐ုတ္တရက္ႀကီးျဖစ္တာေၾကာင့္ Baekhyun
ကလည္းေ႐ွာင္ခ်ိန္မရလိုက္။အနည္းငယ္ကဲြသြားေသာ
ႏႈတ္ခမ္းကေသြးစေတြကို လက္ဖမိုးျဖင့္အသာေလး
သုတ္လိုက္ၿပီး Alexကို ေမာ့ၾကည့္လိုက္သည္။

" ငႂကြား ''

Baekhyun ကၾကမ္းျပင္ေပၚကေနထလိုက္ၿပီး
Alex ၏စာေရးခံုေပၚတက္ထိုင္လိုက္ေလသည္။
ထို႔ေနာက္ Alexနဲ႔ေဘးခ်င္းကပ္ထိုင္ေသာ
သူငယ္ခ်င္းတစ္ေယာက္ရဲ႕ခံုေပၚက ပီေက
တစ္ေတာင့္ကိုယူၿပီး ေကာက္ဝါးလိုက္သည္။

" မင္း ဘာစကားေျပာတာလဲ? Byun Baekhyun! !"

စာသင္ခန္းထဲတြင္ တစ္စတစ္စ
က်ယ္ေလာင္စြာထြက္ေပၚလာတဲ့ရန္ျဖစ္သံေတြေၾကာင့္
ဘယ္သူမွ အသက္ေတာင္ေျဖာင့္ေျဖာင့္
မ႐ွဴရဲသလို မလႈပ္ရဲျဖစ္ေနျကသည္။

" မင္းကဘာေကာင္မို႔လို႔
ငါ့ရဲ႕ဖုန္းကို႐ုိက္ခဲြပစ္ရတာလဲ? "

အသက္႐ွဴသံေတြကအစျပင္းထန္ေနကာ
မ်က္လံုးထဲကေနအေငြ႔ေတြထြက္မတတ္
ေဒါသထြက္ေနေသာ Alex ကို
ၾကည့္ၿပီးသူျပံဳးျပလိုက္သည္။

" ဒီဖုန္းကိုဘယ္သူဝယ္ေပးထားတာလဲမင္းသိလား! "

စိတ္ဆိုးျခင္းဒီဂရီေတြျမင့္တက္ေနေသာအသံ
ပင္ျဖစ္ေသာ္လည္းသူကေတာ့လံုးဝဂ႐ုမစိုက္။
ပခံုးကိုတြန္႔ျပလိုက္ၿပီး ေပါ့ပ်က္ပ်က္ေလသံျဖင့္
ျပန္ေမးလိုက္သည္။

" မသိဘူး ေျပာျပပါလား? "

" ဟာကြာ! Byun Baekhyun မင္း! "

ဆဲြထိုးရန္ၾကံေနေသာAlex က
သူ့ကိုလက္ရြယ္ၿပီးမွ စိတ္ေလ်ွာ့ကာလက္ကို
ျပန္႐ုတ္သိမ္းလိုက္သည္။

သူကေတာ့ ပီေကကိုအဝါးမပ်က္သလို
ဒူးေခါင္းတႏွံ႔ႏွံ႔နဲ႔ ႐ုပ္႐ွင္ျပကြက္တစ္ခုကို
ၾကည့္ေနသလိုအရသာခံၿပီးၾကည့္ေနသည္။

" မင္းကဘာေကာင္လဲByun Baekhyun? "

စိမ္းသက္သက္မ်က္ဝန္းမ်ားက တြန္႔ခ်ိဳးကာ
အံႀကိတ္ကာေမးလာတဲ့ေမးခြန္းကိုေျဖရန္
ပါးစပ္ထဲက ပီေကကိုဦးစြာေထြးထုတ္လိုက္သည္။

" ငါက ကိုကိုPark Chanyeolရဲ႕ေကာင္ေလးေလ ''

Baekhyunရဲ႕စကားအဆံုးမွာ Alex လည္း
ဆြံ႔အသြားရေတာ့သည္။

" လိမ္ေနတာ ''

" that's your part! "

Baekhyun ကမယံုလည္းေနဟူေသာ
သေဘာျဖင့္ပခံုးတြန္႔ျပလိုက္ၿပီး ဒူးႏွံ႕ေနေလသည္။

" Chan ကငါ့အပိုင္ - iis ''

Baekhyunကစာေရးခံုေပၚမွာတင္ထားသည့္
ခဲတံခြၽန္သည့္ဓားကိုထုတ္လိုက္ၿပီး Alex ရဲ႕
လည္ပင္းအနားကို ရြယ္လိုက္သည္။

" B - Baek- hyunn - ''

" ဖုန္းက ကိုကို Park Chanyeol
ဝယ္ေပးတာဆိုလို႔႐ုိက္ခဲြလိုက္တာ!

ေနာက္တစ္ခါ မင္းပါးစပ္ကေန
ကိုကိုက မင္းအပိုင္လို႔ၾကားလိုက္တာနဲ႔
ဒီ-ေလာ-က-ၾကီး-က-ေန-out-ပဲ ''

စကားကို တစ္လံုးခ်င္းေရရြတ္ၿပီး
လည္ပင္းကို ဓားနဲ႔မထိတထိေလးဆဲြကာ
ေဆာ့ကစားေနေသာ Baekhyun ေၾကာင့္
Alexက ေၾကာက္လန္႔တၾကားျဖင့္မ်က္လံုးစံုမွိတ္မိလိုက္သည္။

" မွတ္ထားေနာ္ Park Chanyeol ဆိုတာငါ့ကိုကို ''

လက္ထဲမွာရြယ္ထားသည့္ဓားကို ခ်လိုက္ၿပီး
ေအာင္ႏိုင္သူအျပံဳးျဖင့္စာသင္ခန္းထဲကေန
ထြက္သြားတဲ့ Baekhyunကိုၾကည့္ၿပီး
Alex လက္သီးဆုပ္မိလိုက္သည္။

•••ငါတစ္ေယာက္လံုး႐ွိေနသေရြ႔
Chan ကိုလံုးဝမရေစဘူး Baekhyun•••

Alex၏မ်က္ဝန္းေတြသည္
ေၾကာက္စရာေကာင္းလွစြာ နီရဲေနသည္။

...

" စကားခဏေလာက္ေျပာမလားChan? "

Chanyeolအိမ္ျပန္လာမယ့္အခ်ိန္အထိ
​ေလွကားကေနတစ္ဖဝါးမွမခြာဘဲ
ထိုင္ေစာင့္ေနသည့္ Alex ၏မ်က္ႏွာတြင္
စိုးရိမ္ပူပင္မႈေတြကအတိုင္းသားျမင္ေနရသည္။

Chanyeolက အိမ္ထဲသို႔မ်က္လံုးေဝ့ၾကည့္
​ေတာ့လည္းဘယ္သူမွမ႐ွိ။

" ဘာေျပာမလို႔လဲ?အင္း.. ဘာေမးမလို႔လဲ
လို႔ေမးရင္ပိုမွန္မလား? "

Chanyeolက Alex ပြင့္ပြင့္လင္းလင္း
ေမးႏိုင္ရန္စကားလမ္းေၾကာင္းစေဖာက္ေပးလိုက္သည္။
Alexက ခ်က္ခ်င္းမေမးေသးဘဲ
အသက္ျပင္းျပင္း႐ွဴကာအားယူေနသည္။
ထို႔ေနာက္ Chanyeolရဲ႕မ်က္ႏွာကိုၾကည့္ကာ
အရဲစြန္႔ၿပီးေျပာလိုက္ေလသည္။

" ကြၽန္ေတာ္ Chan ကိုခ်စ္တယ္ ''

Chanyeolက သံုးစကၠန္႔ေလာက္မ်ွ
ၿငိမ္သက္ေနၿပီးမွ Alexကိုျပံဳးကာၾကည့္လိုက္သည္။

" Alex ''

" ဗ်ာ ''

" ကိုယ့္မွာခ်စ္သူ႐ွိတယ္ ''

" ဘယ္သူလဲ သူကဘယ္သူလဲ?
ကြၽန္ေတာ္သိတဲ့သူလား ကြၽန္ေတာ္တို႔ေက်ာင္းကလား?
ဟုတ္လား ေျဖေပးပါဦး Chan ''

ေဆာက္တည္ရာမရစြာ ေမးခြန္းေတြကိုတရပ္စပ္
​ေမးေနသည့္Alexကိုၾကည့္ၿပီးChanyeolက
သူ႔ဖုန္းကို ထုတ္ေပးလိုက္သည္။

" ကိုယ့္ဖုန္းမွာ password ခံထားတယ္
letter ခ်ည္းပဲ 8 လံုး ... capital letterနဲ႔ ''

Alexက Chanyeol ထုတ္ေပးေနသည့္
ဖုန္းကိုယူလိုက္ၿပီး ဆက္ေျပာမည့္စကားကို
နားစြင့္ေနလိုက္သည္။

" အဲ့ဒီ့ capital letter 8လံုးက
Alexသိပ္သိခ်င္ေနတဲ့ ကိုယ့္ခ်စ္သူရဲ႕နာမည္ပဲ ''

Alexကစိတ္ထဲကေနမဟုတ္ပါေစနဲ႔ဟု
ဆုေတာင္းရင္း Chanyeol ဖုန္း၏
password တြင္ BAEKHYUN ဟု
႐ုိက္ထည့္လိုက္သည္။

တစ္စကၠန္႔ေတာင္မၾကာလိုက္၊ခ်က္ခ်င္းပြင့္သြားကာ
ျမင္လိုက္ရသည့္ Home Screen ေၾကာင့္
Alex၏လက္ေတြ တုန္လာေတာ့ေလသည္။

" Chan Chanရဲ႕ခ်စ္သူက ''

Chanyeolကသူ႔ရဲ႕ဖုန္း screen ကို
လွမ္းၾကည့္ကာ လက္ေဖ်ာက္တီးလိုက္ေလသည္။

" Bingo! ကိုယ့္ရဲ႕ခ်စ္သူက
Byun Baekhyun ဆိုတဲ့ေကာင္ေလးပဲ ''

Alexကေတာ့မယံုၾကည္ႏိုင္စြာ
မ်က္ရည္အဝဲသားနဲ႔Chanyeolကို
ေမာ့ၾကည့္ေနေလသည္။

မ်က္ရည္က်ရမွာ သူတို႔အလုပ္
ရယ္ေမာရမွာ ကိုကို႔ရဲ႕ Baekhyun အလုပ္။

...

TBC

______________________________________

Continue Reading

You'll Also Like

179K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
587K 89.3K 69
He is meaning of my story (Dictionary)
67.1K 5K 65
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
328K 8.5K 5
Cover by @byunasunapark00 ❤